Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒိန်းမတ်မှာ ကိုရမ်းကျမ်းကို ထပ်ခါတလဲလဲဖျက်ဆီးဆန္ဒပြမှုအတွက် အီရတ်ရှုတ်ချ
===============

https://youtu.be/TNag5_JKdmY

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက ကြေညာ

#internationalnews #reels #short #mizzima
👍5🔥1🫡1
ဇူလိုင်လ ၂၆ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
==================

01:02-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းဖို့ စီစဉ်နေတဲ့သတင်း

03:35-စစ်ကောင်စီတပ်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်ရှိသူ ၄၀ နီးပါးကို အရပ်ဘက်ဌာနတွေမှာ ပြောင်းရွှေ့တဲ့သတင်း

05:21-တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်းဂန်းကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာကကြေညာတဲ့သတင်း

06:47-သဲကုန်းမြို့မှာ စစ်အင်အားမလုံလောက်လို့ ပျူသင်တန်းပေးနေတဲ့သတင်း
အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/RbEVy1sOg0E

#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍8🔥1😁1
Media is too big
VIEW IN TELEGRAM
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းဖို့အစီအစဉ်ရှိ

Watch more detail - https://youtu.be/pb9KD2VVfFw

#reels #PoliticalNews #shorts #MizzimaTV
👍10😁2😢1🤮1
This media is not supported in your browser
VIEW IN TELEGRAM
July - 26 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍2😁1🍌1
Media is too big
VIEW IN TELEGRAM
ဒိန်းမတ်မှာ ကိုရမ်းကျမ်းကို ထပ်ခါတလဲလဲဖျက်ဆီးဆန္ဒပြမှုအတွက် အီရတ်ရှုတ်ချ

#InternationalNews #reels #shorts
🔥4❤‍🔥2👍2😁1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီနှင့် UWSA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ တွေ့ဆုံခဲ့

Watch more detail - https://youtu.be/rrpaCZ-bm-k

#reels #PoliticalNews #shorts #MizzimaTV
🤣11🤮3😱1
Media is too big
VIEW IN TELEGRAM
အီလွန်မတ်စ်က တွစ်တာရဲ့ ငှက်ပုံတံဆိပ်ကို X သင်္ကတနဲ့အစားထိုး

#InternationalNews #reels #shorts
👍4👎2🔥1
Media is too big
VIEW IN TELEGRAM
လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်နီပြည်သူ အများအပြား ထွက်ပြေး တိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေ

Watch more detail - https://youtu.be/VCkbYibVDXU

#PoliticalNews #reels #shorts #MizzimaTV
🤬12🔥2
​​ကျောက်တံခါးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ၅ ဦးသေဆုံး
==================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအနီးတွင် ဇူလိုင်လ ၂၅ ရက်နေ့ ညပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၅ ရက်နေ့ ည ၉ နာရီခန့်က ကားကြီးတစီး၊ ဘေးတွဲနှစ်စီးဖြင့် နံဇကျေးရွာဘက်သို့ ရောက်ရှိ လာသော စစ်ကောင်စီတပ်မှအင်အား ၄၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရှေ့ထွက်မိုင်း ဖြင့် အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အပြန်အလှန်ထိတွေ့မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတဦး အပါအဝင် ငါးဦးသေဆုံးကာ ခုနစ်ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့သဖြင့် တောင်ငူဆေးရုံသို့ အတွင်းလူနာအဖြစ် ပို့ ဆောင်ထားရကြောင်း ကျောက်တံခါး ပ.က.ဖ မှပြောကြားသည်။

“တိုက်ပွဲကနေ BA-94 တလက်ရတယ်။ ဒီမနက်မှာလည်း ရေတွင်းကုန်းရွာဘက်ကို လူနာတင်ယာဉ်တွေ ရောက်နေတယ်ကြားတယ်” ဟု ကျောက်တံခါး ပ.က.ဖ မှ ဆိုသည်။

ကျောက်တံခါးမြို့နယ် နံဇကျေးရွာတွင် ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် EAO ၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီ တပ် ဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် ၄၁ ဦးသေဆုံးကာ ၄၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အမျိုး သားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ဇူလိုင်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် နံဇကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ ပြီး ပြည်သူများ၏ပစ္စည်းများကိုလည်းယူဆောင်သွားသည်ဟု ကျောက်တံခါးမြို့နယ်အတွင်းမှ တော်လှန် ရေးတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြောသည်။

“နံဇရွာကို စစ်ကောင်စီတပ်က မီးအကြိမ်ကြိမ်ရှို့လို့ နေအိမ်ကိုလုံးမီးလောင်ပျက်စီးခဲ့ရပါတယ်။ စပါးရိတ် ခြွေစက်၊ ဆိုင်ကယ်တွေနဲ့ အခြားအဖိုးတန်ပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်သားတွေ သယ်ယူသွား တယ်” ဟု ဆိုသည်။

လက်ရှိတွင် ကျောက်တံခါးမြို့နယ်အတွင်း စစ်ရေးအခြေအနေတင်းမာနေပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ရမ်းသန်ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် နံဇ၊ စဉ့်အိုးလှ၊ တလိုင်းခင်၊ ဖိုးတ၊ ချောင်း ဝ၊ တောင်ခင်၊ အလှိုင်နှင့် နွားရေချောင်း စသည့်ကျေးရွာများမှ ဒေသခံ ၈,၀၀၀ ခန့်သည် အိုးအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်သည် ရန်ကုန်−မန္တလေးအမြန်လမ်းပေါ်တွင်တည်ရှိသည့် မြို့နယ်ဖြစ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ “လမ်းများအားလုံးနေပြည်တော်သို့” စစ်ဆင်ရေးကြေ ညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း စစ်ရေးအခြေအနေတင်းမာနေခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက ရန်ကုန်−မန္တလေး အမြန်လမ်းတစ်လျှောက်နှင့်အတူ ရန်ကုန်မှ နေပြည်တော် သို့သွားရာလမ်းများတွင် လုံခြုံရေးများတိုးမြှင့်ချထားပြီး အထူးကြပ်မတ်နေကြောင်း ပဲခူးတိုင်း မြေပြင် တော်လှန်ရေးအင်အားစုများ၏ ပြောဆိုချက်အရသိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

ပုံစာ- ဇူလိုင် ၂၅ရက်တိုက်ပွဲတွင်စစ်ကောင်စီတပ်ထံမှရရှိသော BA94 သေနတ်

#ပဲခူးတိုင်း
#ကျောက်တံခါးမြို့နယ်
#စစ်ရေးတင်းမာ
#လမ်းများအားလုံးနေပြည်တော်သို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍30😁5👏3❤2
​​စစ်ကောင်စီ၏ စက်ဆုပ်ဖွယ် တိုက်ခိုက်မှုများအောက် ကလေးငယ်များပါ ပစ်မှတ်ထားခံနေရ
===================

ဗီဒီယိုရုပ်သံက ကြည့်ရှုရသည်မှာ အလွန်ပင် စိတ်မချမ်းမြေ့စရာ ကောင်းသည်။ မြန်မာနိုင်ငံ၏ မပြီးနိုင် မဆုံးနိုင်သော ယခုပြည်တွင်းစစ်အတွင်း အာဏာသိမ်းစစ်တပ်၏ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များက အရပ်သားပြည်သူများကို ဗုံးကြဲတိုက်ခိုက်နေချိန် ကလေးငယ်များ အထိတ်တလန့်ဖြင့် ပြေးလွှားနေရသည့် သို့မဟုတ် ဝပ်နေရသည့် စိတ်မချမ်းမြေ့စရာ မြင်ကွင်းများကို ပြီးခဲ့သည့် သီတင်းပတ်က မဇ္ဈိမ ၊ ဘီဘီစီ ၊ Sky News နှင့် DW တို့၏ မီဒီယာရုပ်သံတစ်ခုထဲတွင် တွေ့ရသည်။
🤬17👍4🔥3
ဇူလိုင်လ ၂၆ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=================

-ကျပ်၂၀,၀၀၀တန်ဂယက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းကြီးတချို့ ဝယ်ရောင်းခေတ္တရပ်ဆိုင်းပြီး အရောင်းပြခန်းပါပိတ်တဲ့သတင်း 

-လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကရင်နီပြည်သူတွေ တိမ်းရှောင်နေရပြီး
အကူအညီလိုအပ်နေတဲ့သတင်း 

-ထိုင်းနိုင်ငံရေး ဂယက်ကြောင့် ရနောင်းကို တင်ပို့နေတဲ့ ငါးဈေး ထက်ဝက်ခန့် ထိုးကျလို့ လုပ်ငန်းရှင်တွေ အရှုံးပေါ်တဲ့သတင်း

-ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတဲ့သတင်းအပါအဝင် တခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/_ANGnliIFtw

#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁4
This media is not supported in your browser
VIEW IN TELEGRAM
July - 26 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews
#mizzimanewshour
#reels
#shorts
👍5🍌2😁1
ကျွန်းစုမြို့ ရှော်တောမော်ကျေးရွာ ရဲစခန်း တိုက်ခိုက်ခံရ
👍10👏4🔥2🥱1
ကျွန်းစုမြို့ ရှော်တောမော်ကျေးရွာ ရဲစခန်း တိုက်ခိုက်ခံရ
==================

ကိုရွှေမြိတ် 

(မဇ္ဈိမ) ။  ။ တနင်္သာရီတိုင်း ၊ မြိတ်ခရိုင် ၊ ကျွန်းစုမြို့နယ် ၊ ဘဒ္ဒနဲကျေးရွာအုပ်စု၊ ရှော်တောမော် ကျေးရွာ ရဲစခန်းကို ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ် အချိန်တွင် သွားရောက် အလစ်အငိုက် ပစ်ခတ်ခဲ့ကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) ကထုတ်ပြန်ထားသည်။

အဆိုပါ ကျေးရွာ ရဲစခန်းတွင် ရေတပ်အရာရှိ တစ်ဦး ရောက်ရှိနေသည်ဟု သတင်း သိရှိရ၍ သွားရောက် ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ ပြန်ကြားရေး တာဝန်ခံထံက သိရသည်။

“စကစ ရေတပ်က CO အဆင့်ရှိ အရာရှိ တစ်ဦး ခုရက်ပိုင်း ရောက်ရှိ နေတယ်လို့ သိရလို့ လျှပ်တစ်ပြက် ဝင်ပစ်တယ် ဆိုတော့ ထိဖို့က ရာခိုင်နှုန်း နည်းပါလိမ့်မယ် ထိခိုက်သေဆုံးမှုတော့ မကြားရသေးဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ထိခိုက်မှု မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်သည် ပင်လယ်ပိုင်း ဒေသဖြစ်ပြီး စစ်ကောင်စီ၏ ရေတပ်စခန်း အခြေစိုက်ရာ မြို့လည်း ဖြစ်ကာ ကျေးရွာ အများစုတွင် ပျူစောထီး အင်အား အားကောင်းသည့် မြို့လည်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ရှော်တောမော်ကျေးရွာ
#မြိတ်ခရိုင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥1😁1
​​ကျပ်ငွေအပေါ် မမှီခိုသည့် ဘဏ္ဍာရေးစနစ်တည်ဆောက်ရန် NUG ယာယီသမ္မတတိုက်တွန်း
==================

ရောင်နီ

(မဇ္စျိမ)။ ။ ပြည်သူလူထုကို ကာကွယ်ရန်အတွက်စစ်အာဏာရှင်တော်လှန်ရေးလုပ်ငန်းစဥ်များကို ချဲ့ထွင်ရန်နှင့် လူထု၏ လုပ်အားတန်ဖိုးများဆုံးရှုံးမှုမဖြစ်စေရေးအတွက် ကျပ်ငွေအပေါ် အမှီသဟဲမပြုသည့် ဘဏ္ဍာရေးစနစ်မျိုးကို စနစ်တကျတည်ဆောက်ပေးရလိမ့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ယာယီသမ္မတဒူ၀ါလရှီးလက ပြောကြားသည်။ 

ဇူလိုင်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတဒူဝါလရှီးလက အစိုးရအဖွဲ့၀င်များကို မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ 

" လူထုဟာ သူတို့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးသူကိုသာ ယုံကြည်စွာ အပ်နှံလေ့ရှိပါတယ်။ ဒါ့ကြောင့် လူထုရဲ့လုပ်အားတန်ဖိုးတွေကို လေထဲမှာ အလိုအလျောက် ဆုံးရှုံးတာမျိုး မဖြစ်စေဖို့၊ ကျပ်ငွေအပေါ် အမှီသဟဲမပြုတဲ့ ဘဏ္ဍာရေးစနစ်မျိုးကို ကျွန်တော်တို့ အနေနဲ့ စနစ်တကျ တည်ဆောက်ပေးရပါလိမ့်မယ်။ ဒါမှသာလျှင် စစ်ကောင်စီရဲ့ လက်အောက်ကလွတ်တဲ့ ဘဏ္ဍာရေးရပ်ဝန်းကို ပြည်သူတွေက ခံစားခွင့်ရမှာ ဖြစ်ပါတယ်" ဟု ယာယီသမ္မတဒူ၀ါလရှီးလက ပြောသည်။ 

လက်ရှိတွင် NUG အစိုးရအနေဖြင့် “နွေဦးဖွံ့ဖြိုးရေးဘဏ်” ကို တရားဝင်ဖွင့်လှစ်ထားပြီး နွေဦးဖွံ့ဖြိုးရေးဘဏ်၏ ဖြစ်တည်မှုသည် မြန်မာကျပ်ငွေ၏ မခိုင်မာမှုကို အစားထိုးပေးနိုင်မည့် လူထုမျှော်လင့် ချက်ဖြစ်သင့်ကြောင်း တိုက်တွန်းပြောကြားသည်။ 

 “ တကယ်တော့ လူထုဟာ ကျပ်ငွေအပေါ်မှာ မှီခိုအားထားနေရပါတယ်။ ဒါ့ကြောင့် လူထုလုပ်အားတွေကို ကျပ်ငွေ မတည်ငြိမ်မှုက ဖျက်စီးလိုက်သလိုမျိုး မဖြစ်အောင် ကျွန်တော်တို့ ဘက်က ခေတ်မှီဘဏ္ဍာရေးမဟာဗျူဟာတွေနဲ့ အကာအကွယ်ပြုပေးဖို့ လိုပါတယ်။ အဲသည့်လို အကာအကွယ် ပြုနိုင်ဖို့အတွက် ယခုလက်ရှိ နွေဦးဖွံ့ဖြိုးရေးဘဏ်က တည်ဆောက်နေတဲ့ ဘဏ္ဍာရေးစနစ်အပေါ်ကို လူထုယုံကြည်မှု ပိုရလာဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။

ပြည်သူလူထုအား နိုင်ငံရေးအရ စည်းရုံးလှုံ့ဆော်ရန် လိုအပ်သလို လက်တွေ့ အကျိုးခံစားခွင့်ကို သိသိသာသာ ပြနိုင်ရန်လည်း ကြိုးစားသင့်ကြောင်းလည်း ယာယီသမ္မတဒူ၀ါလရှီးလက တိုက်တွန်းသည်။ 

စစ်ကောင်စီရိုက်နှိပ်ဖြန့်‌ဝေမည့် ကျပ် ၂၀,၀၀၀တန် ငွေစက္ကူကိစ္စနှင့် ပတ်သက်ပြီး လတ်တလောကာလတွင် ပြည်သူလူထုကြား စိုးရိမ်ပူပန်နေရကြောင်းလည်း ယာယီသမ္မတဒူ၀ါလရှီးလ၏ မိန့်ခွန်းတွင်ထည့်သွင်းပြောကြားသွားသည်။ 

စစ်အာဏာရှင်များလက်ထက်တွင် တိုင်းပြည်အတွင်း ငွေကြေးဖောင်းပွမှုဒဏ်ကို လူထုက အလူးအလဲ ခံရပြီး လူထု၏လုပ်အားများသည် သွယ်ဝိုက်သည့်နည်းဖြင့် စစ်အာဏာရှင်အဆက် ဆက်၏ ဂုတ်သွေးစုတ်အမြတ်ထုတ်ခံနေရကြောင်း၊ စစ်ကောင်စီသည် နိုင်ငံခြားငွေ ဖြည့်တင်းရေးကိစ္စကို နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေပြီး ထိုသို့လုပ်ဆောင်မှုသည် တိုင်းပြည်တိုးတက်ရန်မဟုတ်ဘဲ စစ်လက်နက်အင်အား ဖြည့်တင်းကာ ပြည်သူကို ဖိနှိပ်ရန် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်းသတိပေးထားသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၏ အဓိကတာဝန်သည် ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရန်ဖြစ်ပြီး စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်ကြောင်းလည်း ယာယီသမ္မတက ပြောကြားသွားသည်။

ထို့အပြင်နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီကို တော်လှန်သည့် ထိုးနှက်ချက်များကိုကြည့်ပါက သိပ္ပံနှင့် နည်းပညာ၏ အခန်းကဏ္ဍကြီးမားပြီး ခေတ်၏ အားသာချက်ကို ကောင်းကောင်းအသုံးချ ကိုင်တွယ်နိုင်သည့် ခေါင်းဆောင်မှုအရည်အသွေး ရှိမှသာ လူထုအတွက် တော်လှန်ရေးရလဒ်လက်တွေ့ အကျိုးဖြစ်စေမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ဝင်များအား ယာယီသမ္မတက ပြောကြားထားသည်။

" လူထုဟာ နေ့စဉ် စားဝတ်နေရေး စရိတ်စက ကြီးမားတဲ့ ဝန်ကို ထမ်းနေရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေအနေနဲ့ ပိုပြီး အမြင်ကျယ်ကျယ်နဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ချဲ့ထွင်ဖို့ လိုပါတယ်” ဟု ယာယီသမ္မတဒူ၀ါလရှီးလက ပြောသည်။ 

စာတည်း - မောင်ကြီး
ကုန်ဈေးနှုန်းများ မြင့်တက်နေချိန် စစ်ကောင်စီက ခွဲတမ်းဖြင့်ရောင်းချသည့် ဆီဝယ်ယူရန် တန်းစီးနေသူများ 
- Photo/Mizzima

#mizzima
#အမျိုးသားညီညွတ်ရေးအစိုးရ
#ယာယီသမ္မတ
#အစိုးရအဖွဲ့အစည်းအဝေး
#ဘဏ္ဍာရေးစနစ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍29👏4❤2😁1🤮1