Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဆက်သွယ်ရေးလိမ်လည်မှုများကို နှိမ်နင်းဖို့ တရုတ်-မြန်မာပူးပေါင်း ဆွေးနွေး | Business Round Up (26.7.2023)
=====================

- စင်ကာပူရှိဘဏ် (၃)ခုမှာ အပ်ထားတဲ့ ဒေါ်လာ(၄)ဘီလီယံကျော်ကို စစ်ကောင်စီ ထုတ်သုံးမရအောင် NUG ကြိုးပမ်းနေ

- ဆက်သွယ်ရေးလိမ်လည်မှုများကို နှိမ်နင်းဖို့ တရုတ်-မြန်မာပူးပေါင်း ဆွေးနွေး

- ငွေကြေးဖောင်းပွမှုကြောင့် အတိုးနှုန်းလျှော့ချရမည့် အစီအစဉ်မရှိသေးဟု စစ်ကောင်စီ ဗဟိုဘဏ်ပြော

- နိုင်ငံအတွင်း ရုပ်ရှင်ရိုက်ကူးမယ့် ပြည်ပထုတ်လုပ်ရေးတွေကို အခွန်နှုန်းထားလျှော့ချပေးမယ် လို့ ထိုင်းအစိုးရ မက်လုံးပေး
 
https://youtu.be/YrISXLkbZXE
 
#BusinessRoundUp
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁5👏1
အင်းလေး ပြည်သူလူထု၏ ၉၀ ရာခိုင်နှုန်းကျော်သည် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်းထမ်းများ၏ မောက်မာစွာ ဆက်ဆံခြင်းကို ကြုံတွေ့နေရ 
=================

ဂျူချန်း
(မဇ္ဈိမ)။ ။ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်းထမ်းများ၏ မောက်မာစွာ ဆက်ဆံခြင်း၊ အရည်အချင်း မပြည့်မှီ၍ မယုံကြည်ရခြင်း၊ ဆေးကုသမှု စားရိတ် မြင့်မားခြင်း၊ အရည်အသွေးမပြည့်မှီသည့် ဆေးဝါးပစ္စည်းများ မလုံလောက်ခြင်းကိုအင်းလေးဒေသရှိ ပြည်သူလူထု၏ ၉၆ ရာခိုင်နှုန်းသည် ကြုံတွေ့နေရကြောင်း Justice Movement for Community-Innlay ( JMC-Innlay )က ပြုလုပ်သည့် စစ်တမ်းအရ သိရသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကောက်ယူထားသည့် ထိုစစ်တမ်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ ဇူလိုင်လ ၂၆ ရက်တွင် JMC-Innlay အဖွဲ့က ပြုလုပ်ခဲ့သည်။ 

“တာဝန်အရ စစ်ကောင်စီကခိုင်းလို့သာ လုပ်နေရတဲ့ ဝန်ထမ်းတွေကို လူထုက ဘယ်လိုမှ ယုံကြည်လို့မရတော့ဘူး။ စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ ဆေးရုံဆေးခန်းတွေကို အားလုံးနီးပါး မသွားရဲကြတော့ဘူး။ အစိုးရဆေးရုံတွေမှာ ထောက်ခံစာအကြောင်းပြပြီး လက်မခံတာတွေရှိနေတယ်” ဟု JMC-Innlay မှ မမေယုက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
 

အင်းလေးဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်ခြင်း အမျိုးမျိုးကို ကြုံတွေ့ခံစားနေရသည့် ဒေသခံများအား ကောက်ယူခဲ့သည့် ထိုစစ်တမ်းအရ အာဏာသိမ်းပြီးနောက် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လုံခြုံရေး၊ လူမှုရေးတို့တွင် အဘက်ဘက်မှ ယိုယွင်းလာကြောင်း ၎င်းက ပြောသည်။

ထို့ပြင် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကလေးငယ်များသည် ပြည့်ဝသည့် ပညာရေးစနစ်များ မရရှိခြင်း၊ ကျောင်းတွင်း အကြမ်းဖက်ခံရခြင်းများရှိကြောင်း ထိုသတင်းစာရှင်းလင်းပွဲက သိရသည်။ 

အင်းလေးဒေသအတွင်းတွင် စစ်ကောင်စီတပ်သားများအပြင် ပျူစောထီးများနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO/PNA) တို့ ပူးပေါင်းပြီး ဒေသခံများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများ လုပ်ဆောင်လေ့ရှိသည်ဟုလည်း စစ်တမ်းတွင် ဖော်ပြထားသည်။ 

စစ်ကောင်စီကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်မပြုရန်၊ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ ဖိအားပေးရန်၊ စစ်ကောင်စီ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC (Iternational Criminal Court) တွင် တရားစွဲတင်ရန် အင်းလေးဒေသ အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ချိုးဖောက်ခံနေရသည့် လူ့အခွင့်အရေးများအား နိုင်ငံတကာမှ အရေးယူဆောင်ရွက်ပေးရန် JMC-Innlay က တောင်းဆိုထားသည်။

အင်းလေးဒေသတွင် ကျေးရွာအုပ်စု ၃၅စု၌ ကျေးရွာပေါင်း ၄၄၇ ရွာရှိပြီး နေထိုင်သည့် ဒေသခံ ဦးရေ ၁၈၇,၁၅၇ ရှိကြောင်း သိရသည်။

ယနေ့ ကျင်းပသည့် အင်းလေးဒေသ သုတေသန သတင်းစာရှင်းလင်းပွဲသို့ NGO, INGO , Myanmar CSO, Thail CSO, Medias, JMC_Innlay အဖွဲ့ဝင်များ၊ နိုင်ငံခြားသားများ၊ CMU မှ ကျောင်းသားများ၊ Political Science ပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

https://youtu.be/Y6eR3kGaZ-s

Video- JMC-Innlay
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အင်းလေး
# ကျန်းမာရေးဝန်းထမ်းများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🤬5❤3🔥1🤩1
Media is too big
VIEW IN TELEGRAM
လွတ်လပ်ရေးမရလိုကြောင်းမဲပေးခဲ့တဲ့ မြောက်ကယ်လီဒိုးနီးယားအား ဘုံအနာဂါတ်ကိုတည်ဆောက်ဖို့ မက်ခရွန်တိုက်တွန်း

#InternationalNews #reels #shorts
👍8🔥3
​​ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က အိမ်တစ်လုံးဆီ ပြောင်းရွှေ့သည့်သတင်းမှာ မှန်ကန်ကြောင်း သိရ
===================

မောင်ခက်နွေ 

(မဇ္ဈိမ)။ ။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က အိမ်တစ်လုံးဆီ ပြောင်းရွှေ့လိုက်သည်ဆိုသည့်သတင်းမှာ မှန်ကန်ကြောင်း စိတ်ချယုံကြည်ရသည့် မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

"အခုလေးတင် သံအမတ်ကြီးတစ်ယောက်က confirmed လုပ်ပါတယ်။ အန်တီကို နေပြည်တော်က အိမ်တစ်လုံးဆီကို ရွေ့လိုက်ပါတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းရွှေ့ရသည့် အကြောင်းအရင်းနှင့် နေရာကိုတော့ မဇ္ဈိမ အနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ဖို့ အာဏာသိမ်းစစ်ကောင်စီက စီစဉ်နေတယ်လို့ လုံခြုံရေးတာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး AP သတင်းဌာနက ဖော်ပြထားသည်။ 

ပြီးခဲ့သည့် ဇူလိုင် ၉ ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့် နှစ်ဦးတည်းတွေ့ဆုံခွင့်ရခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ထားတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက်၊ အစိုးရနောက်သက်တမ်းအတွက် လွှတ်တော်ခေါ်ယူမည့်အချိန်တွင် စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်အားလုံးနီးပါးကို ဖမ်းဆီးထောင်ချခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မမျိုးစုံနှင့် တရားစွဲခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ တရားရုံးမှ စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားသည်။ 

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းရွှေ့လိုက်သည့် သတင်းနှင့်ပတ်သက်၍ တစ်စုံတရာ တုံ့ပြန်ထားခြင်း မရှိသေးပေ။

စာတည်း - သန့်ဇော်(သန်လျင်)

ပုံစာ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံးတွင် တွေ့ဆုံစဉ် (ဓာတ်ပုံ - AFP)

#mizzima
#စစ်ကောင်စီ
#အတိုင်ပင်ခံပုဂ္ဂိုလ်
#ဒေါ်အောင်ဆန်းစုကြည်
#ထိုင်းနိုင်ငံခြားရေးဝန်ကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20🤮4😁2❤1😭1
ဇူလိုင်လ ၂၆ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:00-စစ်ကောင်စီနှင့် UWSA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ တွေ့ဆုံခဲ့တဲ့သတင်း

04:06-ကျောက်တံခါးမြို့နယ်က တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးအပါအဝင် ၅ ဦးသေဆုံးတဲ့သတင်း

05:30-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းဖို့ စီစဥ်နေတဲ့သတင်း

08:03-ဘုတလင်မြို့နယ်အတွင်းက တရားမဝင် သစ်တန်ချိန် ၃၀ နီးပါးကို ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးတဲ့သတင်း အပါအဝင် အခြားစိတ်ဝင်စားဖွယ်သတင်းတွေနဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/7cjQpXeMk_I

#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍14🔥2😁1🍌1
Media is too big
VIEW IN TELEGRAM
ဂရိမှာ တောမီးလောင်ကျွမ်းမှုကြောင့် လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရ

#InternationalNews #reels #shorts
👍8🔥2
This media is not supported in your browser
VIEW IN TELEGRAM
July - 26 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍1😁1🍌1
​​နေ့စဉ် ရုန်းကန်နေရသည့် အိန္ဒိယက ရိုဟင်ဂျာ အမျိုးသမီးများ
======================

အမီနာ၏ တစ်နေ့တာမှာ နံနက် ၄ နာရီတွင် အစပြုသည်။ သူနှင့် သူ့သမီးနှစ်ယောက်တို့က ရေပုံးကိုယ်ဆီ ဆွဲပြီး အပြင်ဘက် ကွင်းပြင်သို့ သွားကြကာ အလေးအပေါ့ စွန့်ကြသည်။ တစ်နေ့တာအတွက် ကိုယ်လက်သန့်စင်ကြသည်။ ယင်းနောက်တွင် နံနက်ခင်း ဝတ်ပြုရန်၊ နံနက်စာ ချက်ရန်နှင့် ကလေးများကို ကျောင်းပို့ရန် ပြင်ဆင်ရတော့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5👍1
​​ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှေ့လထဲ နိုင်ငံသို့ ပြန်လာမည်ဟု သမီးဖြစ်သူ ပြော
===================

ထိုင်းနိုင်ငံ၏ ဘီလျံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာသည် ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်နေထိုင်ရာမှ လာမည့် ဩဂုတ်လ ၁၀ ရက်တွင် နိုင်ငံသို့ ပြန်လာလိမ့်မည် ဖြစ်ကြောင်း ၎င်း၏ သမီးဖြစ်သူက ဇူလိုင် ၂၆ ရက်တွင် ပြောသည်။


------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁4
ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===================

https://youtu.be/3wCWhkcjwvo

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3
​​ကန်ပိုက်တီနယ်စပ်ဂိတ် ဗျူဟာမှူးကို နေပြည်တော်အမိန့်နဲ့ ဖမ်းဆီး
===============

အဂမ်

(မဇ္ဈိမ)။   ။ တရုတ် - မြန်မာနယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဇုန် ကန်ပိုက်တီနယ်စပ်ဂိတ်ကို အဓိက တာဝန်ယူကွပ်ကဲနေသည့် ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး လှမိုးကို နေပြည်တော်က ညွှန်ကြားလာသည့်အမိန့်ဖြင့် ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ရေးရုံး၏ အမည်မဖော်လိုသော သတင်းရင်းမြစ်တွေက ဆိုသည်။

ဆဒုံးမြို့အခြေစိုက် ဆဒုံးဗျူဟာကုန်းမှ ခြေမြန်တပ်ရင်း (၃၈၉) စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး လှမိုး ကို ဇူလိုင်လ ၂၄ ရက်နေ့တွင် ဆဒုံးမြို့သို့ ရောက်ရှိလာသည့် ထောက်ပို့စစ်ကြောင်းအဖွဲ့က နေပြည်တော်အမိန့်ဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။

ဖားကန့်ဒေသဘက်သို့ တရုတ်ပြည်မှတင်သွင်းလာသည့် ယမ်းများနှင့် အခြား စစ်လက်နက်ပစ္စည်းများကြောင့် မြောက်ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင် ထိန်းသိမ်းခံလိုက်ရအပြီးတွင် ယမ်းကားများဝင်ရောက်လာသည့် ကန်ပိုက်တီနယ်စပ်ဂိတ်မှ အဓိကတာဝန်ရှိသူဖြစ်သည့် စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး လှမိုး အခုလို ထိန်းသိမ်းဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု မပခ စစ်ရေးရုံး သတင်းရင်းမြစ်က သိရသည်။

" အဘ(တိုင်းမှူးကြီး)တို့ ထိန်းသိမ်းခံရတဲ့ အဓိကလမ်းကြောင်းကို လိုက်နေတာလို့ ပြောတယ်၊ တကယ်က ယမ်းကိစ္စက အဲ့လောက်မဟုတ်ဘူး၊ တရုတ်က ကယ်ရီလုပ်တဲ့ လက်နက်ကိစ္စကြောင့် အခုလို ကိစ္စတွေရှုပ်ထွေးကုန်တာ ဟုတ်တယ်။ ဒီလက်နက်တွေက တစ်ဖက်တော် လှန်ရေးအဖွဲ့တွေ ရသွားတာရှိတယ် အဲ့တာကြောင့်ပဲ" လို့ ပြောသည်။

ကန်ပိုက်တီနယ်စပ်ဂိတ်သည် ကချင်ပြည်နယ်တွင် တရုတ် - မြန်မာကုန်သွယ်ရေးအတွက် အဓိကကျသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်သည်။

နယ်စပ်ဂိတ်မှ ဖြတ်ကျော်သယ်ယူလာသည့် ယမ်းနှင့် အခြားစစ်လက်နက် ပစ္စည်းများကြောင့် မပခတိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အပြင် ဒုတိယတိုင်းမှူး ဗိုလ်ချုပ် အောင်မျိုးဦး၊ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ ဖားကန့် တပ်မမှူးနှင့် ကာမိုင်း(မြို့)ဗျူဟာကုန်း ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးမြင့်ထွန်းတို့ကို နေပြည်တော်စစ်ခေါင်းဆောင်အသိုင်းအဝိုင်းက ယခုရက်ပိုင်းအတွင် တစ်ဆက်တည်း ဖမ်းဆီးထိန်းသိမ်းနေခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ထိပ်သီးပိုင်းခေါင်းဆောင်များကို အပြောင်းအလဲများစွာပြုလုပ်နေပြီး၊ မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့ကလည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)
ဓါတ်ပုံ - ပုံဟောင်း

#mizzima
#မြောက်ပိုင်းတိုင်း 
#စစ်ဌာနချုပ်
#နှစ်နိုင်ငံကုန်သွယ်ရေးဇုန် 
#ကန်ပိုက်တီနယ်စပ်ဂိတ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏6🥰3😁2❤1
​​ဖိလစ်ပိုင်တွင် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်၍ လူ ၁ ဦး သေဆုံးကာ ထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်း
===================

ဖိလစ်ပိုင်မြောက်ပိုင်းတွင် ယနေ့၌ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်သဖြင့် လူတစ်ဦး သေဆုံးကာ သစ်ပင်များ ပြိုလဲပြီး လျှပ်စစ်မီးများ ပြတ်တောက်ရကာ ဒေသခံ ထောင်ပေါင်းများစွာသည် ဘေးလွတ်ရာ အရပ်များနှင့် အရေးပေါ်ခိုလှုံရေးစင်တာများသို့ ရွှေ့ပြောင်းကြရသည်။
😢13🔥2👍1
​​ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ရာထူးမှ ဆင်းမည်
===================

ကမ္ဘာ့ သက်တမ်းအကြာဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံတွင် ဆယ်စုနှစ် လေးစုနီးပါးကြာ တရားသေအယူ စွဲကိုင် အုပ်ချုပ်ပြီးနောက် ယခုအခါ ရာထူးမှ ဆင်းပေးတော့မည် ဖြစ်ပြီး ၎င်း၏ အကြီးဆုံးသားဖြစ်သူထံ အာဏာလွှဲပြောင်းပေးသွားမည်ဟု ဇူလိုင် ၂၆ ရက်တွင် ပြောသည်။
👍11👎2❤1🤔1🤮1
This media is not supported in your browser
VIEW IN TELEGRAM
တောမီးလောင်မှုကြောင့် လေဆိပ်ကိုပိတ်ထားရတဲ့ စစ္စလီကျွန်းမှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် ၂ ဦးသေဆုံး

#InternationalNews #reels #shorts
🔥5👍1😢1
ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူဟာ တော်လှန်ရေးအဖွဲ့တွေကို ဘဏ္ဍာရေးအရ ချည့်နဲ့သွားအောင် ထိုးနှက် ချက်ဖြစ်တယ်လို့ စစ်ကိုင်းဖိုရမ် သုံးသပ် (ရုပ်သံ)
==================

မဇ္ဈိမ။ ။ဇူလိုင် ၃၁ ရက်နေ့ကစပြီး ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူထုတ်ဝေမယ်လို့ အာဏသိမ်းစစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်က ဇူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ကြေညာခဲ့ပါတယ်။ 

ပြည်သူက တရားဝင်အပ်နှင်းထားတဲ့အစိုးရကပဲ ဒီလိုငွေစက္ကူထုတ်ပိုင်ခွင့်ရှိတာဖြစ်ပြီး အာဏာသိမ်း စစ်တပ်ကနေထုတ်တယ်ဆိုတာဟာ တရားဝင်ငွေကြေးဖြစ်မလာဘူးလို့ စကိုင်းဖိုရမ်က တုံ့ပြန်ပါတယ်။ 

ဒီသတင်း အပြည့်အစုံကိုတော့ မဇ္ဈိမရဲ့ သတင်းထောက် မောင်ခက်နွေက ပေးပို့တင်ဆက်ထားပါတယ်။

သတင်း၊ ရုပ်သံတည်းဖြတ် - မောင်ခက်နွေ

https://youtu.be/-aM5ms44Hk4

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😁4🫡1
​​ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးကြောင့် လူသေဆုံးမှု စံချိန်တင်များပြားမည်ကို စိုးရိမ်ပူပန်နေရ
===============

ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ် မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေသည်ဖြစ်ရာ ယင်းနိုင်ငံ၌ အဆိုပါ ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါကြောင့် နှစ်နှစ်ဆက်တိုက် သေဆုံးမှုနှင့် ကူးစက်မှုအရေအတွက် စံချိန်တင် များပြားမှု ဖြစ်နိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက် ရှိသည်။
😁4👍3❤2🔥1👏1
​​ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များတွင် မှတ်ပုံတင်အစား Smart Card ပြုလုပ်ပေး နေ
=================

မဇ္ဈိမ။ ။ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)အစား စမတ်ကတ် (Smart Card)များ စတင်ပြုလုပ်ပေးနေကြောင်း တပ်တွင်းနှင့်နီးစပ်သူ များထံမှ သိရသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေး စမတ်ကတ်များကို တပ်တွင်းစစ်သည်နှင့် ရဲမေများကိုသာ အဓိကဦးစားပေး လုပ်ဆောင်ပေးနေခြင်းဖြစ်ပြီး နှစ်နှစ်အတွင်း စမတ်ကတ်များရရှိမည်ဖြစ်ကြောင်း သိရသည်။

“တပ်ထဲကို လဝကရုံးက ဝန်ထမ်းလေးယောက်လာပြီး စမတ်ကတ်တွေ စပြီးလုပ်ပေးနေတယ်။ အခု လောလောဆယ်တော့ ကိုယ်ရေးအချက်အလက်တွေအားလုံး ဖြည့်ရတယ်။ အခုဖြည့်တဲ့ဟာက အတည် လို့လည်းပြောတယ်။ သူတို့မှာ ကွန်ပျူတာပါလာတယ်၊ အဲဒီထဲမှာ အချက်အလက်ရိုက်ထည့်လို့ကျလာရင် အဖေနာမည် မှားနေလား၊ အမေနာမည် မှားနေလား၊ ဘယ်ကနေ ဒီမှတ်ပုံတင်ကို ထုတ်ပေးတာလဲဆိုတာ အားလုံးကျလာတယ်။ အဲဒီမှာလွဲနေတယ်ဆိုရင် မြို့နယ်ရုံးနဲ့တခါတည်းတိုက်စစ်ပြီး ပြင်ပေးတယ်။ ပြီး တော့ စလစ်ထုတ်ပေးတယ်။ အဲဒါနဲ့စမတ်ကတ်ပြန်လဲရမယ်၊ ပျောက်လို့မရဘူးဆိုပြီး ပြောသွားတယ်’’ဟု လည်း တပ်တွင်းမှရဲမေတဦးက ပြောသည်။

လက်တလောတွင် ဌာနဆိုင်ရာများနှင့် ကုမ္ပဏီဝန်ထမ်းများကိုစာရင်းကောက်ယူပြီး စမတ်ကတ်များကို သက်ဆိုင်ရာကုမ္ပဏီအချို့တွင် စတင်လုပ်ဆောင်ပေးနေပြီး အဆိုပါစမတ်ကတ်ရရှိရန် နှစ်နှစ်နီးပါးကြာ မြင့်ဦးမည်ဟုလည်း သိရသည်။

“လဝကရုံးကလာတဲ့ဝန်ထမ်းက နည်းနည်းလေး၊ အဲဒါကို မနက်ကတည်းကခေါ်ထားပြီး တန်းစီ စောင့်နေ ရတာ။ လက် ၁၀ ချောင်းလုံး လက်ဗွေနှိပ်ရတယ်၊ မျက်လုံးကို စကင်ဖတ်တယ်။ ကိုယ်ရေးအချက်အလက် ထည့်သွင်းတာတွေ လုပ်ရတယ်။ အင်တာနက်လိုင်းမကောင်းတော့ တယောက်တယောက် အကြာကြီး စောင့်နေရတယ်။ အခုပေးထားတဲ့စလစ်ကို မပျောက်စေနဲ့ ဒါနဲ့စမတ်ကတ်ထုတ်ရမှာဆိုပြီးပြောတယ်” ဟုလည်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်များကို စမတ်ကတ်အဖြစ်ပြောင်းလဲရန် စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ရှေ့ပြေးအနေဖြင့် အချက် အလက်ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း စစ်ကောင်စီက ၂၀၂၀ မဲရလဒ် ကို မဲလိမ်ခဲ့သည်ဆိုသည့်အကြောင်းပြချက်ဖြင့် အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။

လက်ရှိ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိထားသည့် လူဦး ရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်ထားရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်၏ နှစ်လယ်ဖြစ်သော ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင်ရှိသည့် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၅ ဒသမ ၈ သန်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#နိုင်ငံသားစိစစ်ရေးကတ်
#မှတ်ပုံတင်
#စမတ်ကတ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁6💩4❤1🤮1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၆ ဇူလိုင် ၂၀၂၃)
=================

အမျိုးသားညီညွတ်ရေး အစိုးရ
•   အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဦးဆောင်ကာ မန္တလေး တိုင်းဒေသကြီးရှိ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များအား Conflict Management Training ကို ဇူလိုင် ၂၄ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

•   အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်း တိုင်း၊ မကွေးတိုင်းတို့မှာရှိသည့် ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၂၅ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

•   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းအတွင်းက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁၄/၂၀၂၃)ကို ဇူလိုင် ၂၅ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

•   အမှတ်(၁) စစ်ဒေသမှာ ဇွန်လ တလတာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုက ရန်သူ ၄၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီး ဌာနက အသိပေးထုတ်ပြန်လိုက်သည်။

•   ပြည်သူလူထုကို ကာကွယ်ရန်အတွက်စစ်အာဏာရှင်တော်လှန်ရေးလုပ်ငန်းစဥ်များကို ချဲ့ထွင်ရန်နှင့် လူထု၏ လုပ်အားတန်ဖိုးများဆုံးရှုံးမှုမဖြစ်စေရေးအတွက် ကျပ်ငွေအပေါ် အမှီသဟဲမပြုသည့် ဘဏ္ဍာရေးစနစ်မျိုးကို စနစ်တကျတည်ဆောက်ပေးရလိမ့်မည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ယာယီသမ္မတဒူ၀ါလရှီးလက ပြောကြားသည်။

•   ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် အင်အား ၁၀၀ ခန့် စစ်တပ် စစ် ကြောင်း ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ စစ် တပ်ဘက်မှ ၂၀ ဦးသေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
👍16😁3
ရှူးဂါး သာသနာ | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၆၃)
……………………………………

‘ဝါသဝ’ရဲ့ အဓိပ္ပါယ်က ‘သိကြားမင်း’ တဲ့၊ ဝါသဝဟာ ရှူးဂါးကင်း ( Sugar King ) ကြီးပါ။
❝ ငါသာငါထက် မာန်တွေတက်ပြီး၊စစ်ခွေးဇာတ်ခင်း လေးကျွန်းချဉ်းလည်း၊ မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏ ❞
အရှင်မဟာသီလဝံသ သာ သက်တော်ထင်ရှားရှိရင် ‘ မိုက်လိုက်တာ ဝါသဝရယ်’ လို့…။
လူသတ်ပြီး သာသနာပြုတာ ဘယ်သောအခါမှ မလင်းပါဘူး ဦးရှူးဂါး..။

... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/_ZGHi15fXzA

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍2😁2🍌1