ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှေ့လထဲ နိုင်ငံသို့ ပြန်လာမည်ဟု သမီးဖြစ်သူ ပြော
===================
ထိုင်းနိုင်ငံ၏ ဘီလျံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာသည် ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်နေထိုင်ရာမှ လာမည့် ဩဂုတ်လ ၁၀ ရက်တွင် နိုင်ငံသို့ ပြန်လာလိမ့်မည် ဖြစ်ကြောင်း ၎င်း၏ သမီးဖြစ်သူက ဇူလိုင် ၂၆ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍10😁4
ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===================
https://youtu.be/3wCWhkcjwvo
---------------------

YouTube
ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

🔥3
ကန်ပိုက်တီနယ်စပ်ဂိတ် ဗျူဟာမှူးကို နေပြည်တော်အမိန့်နဲ့ ဖမ်းဆီး
===============
အဂမ်
(မဇ္ဈိမ)။ ။ တရုတ် - မြန်မာနယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဇုန် ကန်ပိုက်တီနယ်စပ်ဂိတ်ကို အဓိက တာဝန်ယူကွပ်ကဲနေသည့် ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး လှမိုးကို နေပြည်တော်က ညွှန်ကြားလာသည့်အမိန့်ဖြင့် ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ရေးရုံး၏ အမည်မဖော်လိုသော သတင်းရင်းမြစ်တွေက ဆိုသည်။
ဆဒုံးမြို့အခြေစိုက် ဆဒုံးဗျူဟာကုန်းမှ ခြေမြန်တပ်ရင်း (၃၈၉) စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး လှမိုး ကို ဇူလိုင်လ ၂၄ ရက်နေ့တွင် ဆဒုံးမြို့သို့ ရောက်ရှိလာသည့် ထောက်ပို့စစ်ကြောင်းအဖွဲ့က နေပြည်တော်အမိန့်ဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။
ဖားကန့်ဒေသဘက်သို့ တရုတ်ပြည်မှတင်သွင်းလာသည့် ယမ်းများနှင့် အခြား စစ်လက်နက်ပစ္စည်းများကြောင့် မြောက်ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင် ထိန်းသိမ်းခံလိုက်ရအပြီးတွင် ယမ်းကားများဝင်ရောက်လာသည့် ကန်ပိုက်တီနယ်စပ်ဂိတ်မှ အဓိကတာဝန်ရှိသူဖြစ်သည့် စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး လှမိုး အခုလို ထိန်းသိမ်းဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု မပခ စစ်ရေးရုံး သတင်းရင်းမြစ်က သိရသည်။
" အဘ(တိုင်းမှူးကြီး)တို့ ထိန်းသိမ်းခံရတဲ့ အဓိကလမ်းကြောင်းကို လိုက်နေတာလို့ ပြောတယ်၊ တကယ်က ယမ်းကိစ္စက အဲ့လောက်မဟုတ်ဘူး၊ တရုတ်က ကယ်ရီလုပ်တဲ့ လက်နက်ကိစ္စကြောင့် အခုလို ကိစ္စတွေရှုပ်ထွေးကုန်တာ ဟုတ်တယ်။ ဒီလက်နက်တွေက တစ်ဖက်တော် လှန်ရေးအဖွဲ့တွေ ရသွားတာရှိတယ် အဲ့တာကြောင့်ပဲ" လို့ ပြောသည်။
ကန်ပိုက်တီနယ်စပ်ဂိတ်သည် ကချင်ပြည်နယ်တွင် တရုတ် - မြန်မာကုန်သွယ်ရေးအတွက် အဓိကကျသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်သည်။
နယ်စပ်ဂိတ်မှ ဖြတ်ကျော်သယ်ယူလာသည့် ယမ်းနှင့် အခြားစစ်လက်နက် ပစ္စည်းများကြောင့် မပခတိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်အပြင် ဒုတိယတိုင်းမှူး ဗိုလ်ချုပ် အောင်မျိုးဦး၊ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ ဖားကန့် တပ်မမှူးနှင့် ကာမိုင်း(မြို့)ဗျူဟာကုန်း ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးမြင့်ထွန်းတို့ကို နေပြည်တော်စစ်ခေါင်းဆောင်အသိုင်းအဝိုင်းက ယခုရက်ပိုင်းအတွင် တစ်ဆက်တည်း ဖမ်းဆီးထိန်းသိမ်းနေခြင်း ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ထိပ်သီးပိုင်းခေါင်းဆောင်များကို အပြောင်းအလဲများစွာပြုလုပ်နေပြီး၊ မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့ကလည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
ဓါတ်ပုံ - ပုံဟောင်း
#mizzima
#မြောက်ပိုင်းတိုင်း
#စစ်ဌာနချုပ်
#နှစ်နိုင်ငံကုန်သွယ်ရေးဇုန်
#ကန်ပိုက်တီနယ်စပ်ဂိတ်

👍18👏6🥰3😁2❤1
ဖိလစ်ပိုင်တွင် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်၍ လူ ၁ ဦး သေဆုံးကာ ထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်း
===================
ဖိလစ်ပိုင်မြောက်ပိုင်းတွင် ယနေ့၌ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်သဖြင့် လူတစ်ဦး သေဆုံးကာ သစ်ပင်များ ပြိုလဲပြီး လျှပ်စစ်မီးများ ပြတ်တောက်ရကာ ဒေသခံ ထောင်ပေါင်းများစွာသည် ဘေးလွတ်ရာ အရပ်များနှင့် အရေးပေါ်ခိုလှုံရေးစင်တာများသို့ ရွှေ့ပြောင်းကြရသည်။

😢13🔥2👍1
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ရာထူးမှ ဆင်းမည်
===================
ကမ္ဘာ့ သက်တမ်းအကြာဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံတွင် ဆယ်စုနှစ် လေးစုနီးပါးကြာ တရားသေအယူ စွဲကိုင် အုပ်ချုပ်ပြီးနောက် ယခုအခါ ရာထူးမှ ဆင်းပေးတော့မည် ဖြစ်ပြီး ၎င်း၏ အကြီးဆုံးသားဖြစ်သူထံ အာဏာလွှဲပြောင်းပေးသွားမည်ဟု ဇူလိုင် ၂၆ ရက်တွင် ပြောသည်။

👍11👎2❤1🤔1🤮1
This media is not supported in your browser
VIEW IN TELEGRAM
တောမီးလောင်မှုကြောင့် လေဆိပ်ကိုပိတ်ထားရတဲ့ စစ္စလီကျွန်းမှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် ၂ ဦးသေဆုံး
#InternationalNews #reels #shorts
#InternationalNews #reels #shorts
🔥5👍1😢1
ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူဟာ တော်လှန်ရေးအဖွဲ့တွေကို ဘဏ္ဍာရေးအရ ချည့်နဲ့သွားအောင် ထိုးနှက် ချက်ဖြစ်တယ်လို့ စစ်ကိုင်းဖိုရမ် သုံးသပ် (ရုပ်သံ)
==================
မဇ္ဈိမ။ ။ဇူလိုင် ၃၁ ရက်နေ့ကစပြီး ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူထုတ်ဝေမယ်လို့ အာဏသိမ်းစစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်က ဇူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ကြေညာခဲ့ပါတယ်။
ပြည်သူက တရားဝင်အပ်နှင်းထားတဲ့အစိုးရကပဲ ဒီလိုငွေစက္ကူထုတ်ပိုင်ခွင့်ရှိတာဖြစ်ပြီး အာဏာသိမ်း စစ်တပ်ကနေထုတ်တယ်ဆိုတာဟာ တရားဝင်ငွေကြေးဖြစ်မလာဘူးလို့ စကိုင်းဖိုရမ်က တုံ့ပြန်ပါတယ်။
ဒီသတင်း အပြည့်အစုံကိုတော့ မဇ္ဈိမရဲ့ သတင်းထောက် မောင်ခက်နွေက ပေးပို့တင်ဆက်ထားပါတယ်။
သတင်း၊ ရုပ်သံတည်းဖြတ် - မောင်ခက်နွေ
https://youtu.be/-aM5ms44Hk4
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
မဇ္ဈိမ။ ။ဇူလိုင် ၃၁ ရက်နေ့ကစပြီး ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူထုတ်ဝေမယ်လို့ အာဏသိမ်းစစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်က ဇူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ကြေညာခဲ့ပါတယ်။
ပြည်သူက တရားဝင်အပ်နှင်းထားတဲ့အစိုးရကပဲ ဒီလိုငွေစက္ကူထုတ်ပိုင်ခွင့်ရှိတာဖြစ်ပြီး အာဏာသိမ်း စစ်တပ်ကနေထုတ်တယ်ဆိုတာဟာ တရားဝင်ငွေကြေးဖြစ်မလာဘူးလို့ စကိုင်းဖိုရမ်က တုံ့ပြန်ပါတယ်။
ဒီသတင်း အပြည့်အစုံကိုတော့ မဇ္ဈိမရဲ့ သတင်းထောက် မောင်ခက်နွေက ပေးပို့တင်ဆက်ထားပါတယ်။
သတင်း၊ ရုပ်သံတည်းဖြတ် - မောင်ခက်နွေ
https://youtu.be/-aM5ms44Hk4
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
၂၀,၀၀၀တန်ငွေစက္ကူဟာတော်လှန်ရေးအဖွဲ့ကိုဘဏ္ဍာရေးအရချည့်နဲ့အောင် ထိုးနှက်ချက်လို့စစ်ကိုင်းဖိုရမ်သုံးသပ်
မဇ္ဈိမ။ ။ဇူလိုင် ၃၁ ရက်နေ့ကစပြီး ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူထုတ်ဝေမယ်လို့ အာဏသိမ်းစစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်က ဇူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ကြေညာခဲ့ပါတယ်။
ပြည်သူက တရားဝင်အပ်နှင်းထားတဲ့အစိုးရကပဲ ဒီလိုငွေစက္ကူထုတ်ပိုင်ခွင့်ရှိတာဖြစ်ပြီး အာဏာသိမ်း စစ်တပ်…

👍18😁4🫡1
ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးကြောင့် လူသေဆုံးမှု စံချိန်တင်များပြားမည်ကို စိုးရိမ်ပူပန်နေရ
===============
ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ် မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေသည်ဖြစ်ရာ ယင်းနိုင်ငံ၌ အဆိုပါ ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါကြောင့် နှစ်နှစ်ဆက်တိုက် သေဆုံးမှုနှင့် ကူးစက်မှုအရေအတွက် စံချိန်တင် များပြားမှု ဖြစ်နိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက် ရှိသည်။

😁4👍3❤2🔥1👏1
ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များတွင် မှတ်ပုံတင်အစား Smart Card ပြုလုပ်ပေး နေ
=================
မဇ္ဈိမ။ ။ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)အစား စမတ်ကတ် (Smart Card)များ စတင်ပြုလုပ်ပေးနေကြောင်း တပ်တွင်းနှင့်နီးစပ်သူ များထံမှ သိရသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေး စမတ်ကတ်များကို တပ်တွင်းစစ်သည်နှင့် ရဲမေများကိုသာ အဓိကဦးစားပေး လုပ်ဆောင်ပေးနေခြင်းဖြစ်ပြီး နှစ်နှစ်အတွင်း စမတ်ကတ်များရရှိမည်ဖြစ်ကြောင်း သိရသည်။
“တပ်ထဲကို လဝကရုံးက ဝန်ထမ်းလေးယောက်လာပြီး စမတ်ကတ်တွေ စပြီးလုပ်ပေးနေတယ်။ အခု လောလောဆယ်တော့ ကိုယ်ရေးအချက်အလက်တွေအားလုံး ဖြည့်ရတယ်။ အခုဖြည့်တဲ့ဟာက အတည် လို့လည်းပြောတယ်။ သူတို့မှာ ကွန်ပျူတာပါလာတယ်၊ အဲဒီထဲမှာ အချက်အလက်ရိုက်ထည့်လို့ကျလာရင် အဖေနာမည် မှားနေလား၊ အမေနာမည် မှားနေလား၊ ဘယ်ကနေ ဒီမှတ်ပုံတင်ကို ထုတ်ပေးတာလဲဆိုတာ အားလုံးကျလာတယ်။ အဲဒီမှာလွဲနေတယ်ဆိုရင် မြို့နယ်ရုံးနဲ့တခါတည်းတိုက်စစ်ပြီး ပြင်ပေးတယ်။ ပြီး တော့ စလစ်ထုတ်ပေးတယ်။ အဲဒါနဲ့စမတ်ကတ်ပြန်လဲရမယ်၊ ပျောက်လို့မရဘူးဆိုပြီး ပြောသွားတယ်’’ဟု လည်း တပ်တွင်းမှရဲမေတဦးက ပြောသည်။
လက်တလောတွင် ဌာနဆိုင်ရာများနှင့် ကုမ္ပဏီဝန်ထမ်းများကိုစာရင်းကောက်ယူပြီး စမတ်ကတ်များကို သက်ဆိုင်ရာကုမ္ပဏီအချို့တွင် စတင်လုပ်ဆောင်ပေးနေပြီး အဆိုပါစမတ်ကတ်ရရှိရန် နှစ်နှစ်နီးပါးကြာ မြင့်ဦးမည်ဟုလည်း သိရသည်။
“လဝကရုံးကလာတဲ့ဝန်ထမ်းက နည်းနည်းလေး၊ အဲဒါကို မနက်ကတည်းကခေါ်ထားပြီး တန်းစီ စောင့်နေ ရတာ။ လက် ၁၀ ချောင်းလုံး လက်ဗွေနှိပ်ရတယ်၊ မျက်လုံးကို စကင်ဖတ်တယ်။ ကိုယ်ရေးအချက်အလက် ထည့်သွင်းတာတွေ လုပ်ရတယ်။ အင်တာနက်လိုင်းမကောင်းတော့ တယောက်တယောက် အကြာကြီး စောင့်နေရတယ်။ အခုပေးထားတဲ့စလစ်ကို မပျောက်စေနဲ့ ဒါနဲ့စမတ်ကတ်ထုတ်ရမှာဆိုပြီးပြောတယ်” ဟုလည်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်များကို စမတ်ကတ်အဖြစ်ပြောင်းလဲရန် စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ရှေ့ပြေးအနေဖြင့် အချက် အလက်ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း စစ်ကောင်စီက ၂၀၂၀ မဲရလဒ် ကို မဲလိမ်ခဲ့သည်ဆိုသည့်အကြောင်းပြချက်ဖြင့် အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။
လက်ရှိ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိထားသည့် လူဦး ရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်ထားရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်၏ နှစ်လယ်ဖြစ်သော ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင်ရှိသည့် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၅ ဒသမ ၈ သန်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#နိုင်ငံသားစိစစ်ရေးကတ်
#မှတ်ပုံတင်
#စမတ်ကတ်

👍14😁6💩4❤1🤮1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၆ ဇူလိုင် ၂၀၂၃)
=================
အမျိုးသားညီညွတ်ရေး အစိုးရ
• အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဦးဆောင်ကာ မန္တလေး တိုင်းဒေသကြီးရှိ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များအား Conflict Management Training ကို ဇူလိုင် ၂၄ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
• အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်း တိုင်း၊ မကွေးတိုင်းတို့မှာရှိသည့် ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၂၅ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
• အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းအတွင်းက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁၄/၂၀၂၃)ကို ဇူလိုင် ၂၅ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
• အမှတ်(၁) စစ်ဒေသမှာ ဇွန်လ တလတာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုက ရန်သူ ၄၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီး ဌာနက အသိပေးထုတ်ပြန်လိုက်သည်။
• ပြည်သူလူထုကို ကာကွယ်ရန်အတွက်စစ်အာဏာရှင်တော်လှန်ရေးလုပ်ငန်းစဥ်များကို ချဲ့ထွင်ရန်နှင့် လူထု၏ လုပ်အားတန်ဖိုးများဆုံးရှုံးမှုမဖြစ်စေရေးအတွက် ကျပ်ငွေအပေါ် အမှီသဟဲမပြုသည့် ဘဏ္ဍာရေးစနစ်မျိုးကို စနစ်တကျတည်ဆောက်ပေးရလိမ့်မည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ယာယီသမ္မတဒူ၀ါလရှီးလက ပြောကြားသည်။
• ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် အင်အား ၁၀၀ ခန့် စစ်တပ် စစ် ကြောင်း ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ စစ် တပ်ဘက်မှ ၂၀ ဦးသေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

👍16😁3
ရှူးဂါး သာသနာ | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၆၃)
……………………………………
‘ဝါသဝ’ရဲ့ အဓိပ္ပါယ်က ‘သိကြားမင်း’ တဲ့၊ ဝါသဝဟာ ရှူးဂါးကင်း ( Sugar King ) ကြီးပါ။
❝ ငါသာငါထက် မာန်တွေတက်ပြီး၊စစ်ခွေးဇာတ်ခင်း လေးကျွန်းချဉ်းလည်း၊ မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏ ❞
အရှင်မဟာသီလဝံသ သာ သက်တော်ထင်ရှားရှိရင် ‘ မိုက်လိုက်တာ ဝါသဝရယ်’ လို့…။
လူသတ်ပြီး သာသနာပြုတာ ဘယ်သောအခါမှ မလင်းပါဘူး ဦးရှူးဂါး..။
... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/_ZGHi15fXzA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
……………………………………
‘ဝါသဝ’ရဲ့ အဓိပ္ပါယ်က ‘သိကြားမင်း’ တဲ့၊ ဝါသဝဟာ ရှူးဂါးကင်း ( Sugar King ) ကြီးပါ။
❝ ငါသာငါထက် မာန်တွေတက်ပြီး၊စစ်ခွေးဇာတ်ခင်း လေးကျွန်းချဉ်းလည်း၊ မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏ ❞
အရှင်မဟာသီလဝံသ သာ သက်တော်ထင်ရှားရှိရင် ‘ မိုက်လိုက်တာ ဝါသဝရယ်’ လို့…။
လူသတ်ပြီး သာသနာပြုတာ ဘယ်သောအခါမှ မလင်းပါဘူး ဦးရှူးဂါး..။
... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/_ZGHi15fXzA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ရှူးဂါး သာသနာ | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၆၃)
‘ဝါသဝ’ရဲ့ အဓိပ္ပါယ်က ‘သိကြားမင်း’ တဲ့၊ ဝါသဝဟာ ရှူးဂါးကင်း ( Sugar King ) ကြီးပါ။
❝ ငါသာငါထက် မာန်တွေတက်ပြီး၊စစ်ခွေးဇာတ်ခင်း လေးကျွန်းချဉ်းလည်း၊ မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏ ❞
အရှင်မဟာသီလဝံသ သာ သက်တော်ထင်ရှားရှိရင် ‘ မိုက်လိုက်တာ ဝါသဝရယ်’ လို့…။
လူသတ်ပြီး…

❤9👍2😁2🍌1
This media is not supported in your browser
VIEW IN TELEGRAM
ဆွေးမြေ့နေတဲ့ ယီမင်ရေနံတင်သင်္ဘောပေါ်က ဆီဟောင်းတွေကို ကုလအစီအစဉ်နဲ့ စတင်ကဲ့ယူရှင်းလင်း
#InternationalNews #reels #shorts
#InternationalNews #reels #shorts
🔥3👍1😁1
ဇူလိုင်လ (၂၆) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
===========================
-ကျပ်ငွေအပေါ် မမှီခိုသည့် ဘဏ္ဍာရေးစနစ်တည်ဆောက်ရန် NUG ယာယီသမ္မတတိုက်တွန်းလိုက်တဲ့သတင်း
-စစ်ကောင်စီတပ်က ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်ရှိသူ ၄၀ နီးပါးကို အရပ်ဘက်ဌာနတွေကို ပြောင်းရွှေ့လိုက်တဲ့အကြောင်း
-ကန်ပိုက်တီနယ်စပ်ဂိတ်မှာ ဗျုဟာမှူးကို နေပြည်တော်စစ်မိန့်နဲ့ ဖမ်းဆီးထားတဲ့သတင်း
-စစ်ကောင်စီနဲ့ UWSA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း
-ကျွန်းစုမြို့ ရှော်တောမော်ကျေးရွာ ရဲစခန်း တိုက်ခိုက်ခံရတဲ့ သတင်းနဲ့
-အီလွန်မတ်စ်က တွစ်တာရဲ့ ငှက်ပုံတံဆိပ်ကို X သင်္ကတနဲ့အစားထိုးဖို့ စီစဉ်နေတဲ့ သတင်းအပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://www.youtube.com/live/-9TEf5_dFYg?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

-ကန်ပိုက်တီနယ်စပ်ဂိတ်မှာ ဗျုဟာမှူးကို နေပြည်တော်စစ်မိန့်နဲ့…

👍7🍌2
တနင်္သာရီမြို့နယ် စစ်ကောင်စီတပ်မှပစ်သော လက်နက်ကြီးထိမှန်ပြီး ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရ
🤬8😢4🔥2🤩1
တနင်္သာရီမြို့နယ် စစ်ကောင်စီတပ်မှပစ်သော လက်နက်ကြီးထိမှန်ပြီး ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရ
=================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ထိမှန်မှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီမြို့နယ် စတိန်သောင်ဘက်မှ စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည်မှာ ဘန်လော အရှေ့ရွာ ၅ မိုင်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဘန်လောရွာခံနှစ်ဦး ဒဏ်ရာရတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ် ရပါဘူး၊ ဆေးကုသမှု ခံယူနေရတယ်”ဟု တနင်္သာရီမြို့နယ်မှ ဒေသခံတဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေမှုအခြေအနေအား ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ဆက်သွယ်မေးမြန်းခဲ့သော်လည်း လုံခြုံ ရေးအခြေအနေကြောင့် သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း တာဝန်ရှိသူများက ပြောဆိုသည်။
တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့်မြို့နယ်ဖြစ်ပြီး နှစ်ဖက်ပစ်ခတ် မှုများ မကြာခဏ ဖြစ်ပွားနေသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီမြို့နယ်
#စစ်အုပ်ချုပ်ရေး
#တိုက်ပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ထိမှန်မှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီမြို့နယ် စတိန်သောင်ဘက်မှ စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည်မှာ ဘန်လော အရှေ့ရွာ ၅ မိုင်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဘန်လောရွာခံနှစ်ဦး ဒဏ်ရာရတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ် ရပါဘူး၊ ဆေးကုသမှု ခံယူနေရတယ်”ဟု တနင်္သာရီမြို့နယ်မှ ဒေသခံတဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေမှုအခြေအနေအား ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ဆက်သွယ်မေးမြန်းခဲ့သော်လည်း လုံခြုံ ရေးအခြေအနေကြောင့် သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း တာဝန်ရှိသူများက ပြောဆိုသည်။
တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့်မြို့နယ်ဖြစ်ပြီး နှစ်ဖက်ပစ်ခတ် မှုများ မကြာခဏ ဖြစ်ပွားနေသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီမြို့နယ်
#စစ်အုပ်ချုပ်ရေး
#တိုက်ပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤬4😁2😢2🤩1
ဆားလင်းကြီးတွင် စစ်ကောင်စီတပ်က ၆ ရက်ဆက်တိုက် စစ်ကြောင်းထိုးနေ၍ ဒေသခံများ မိုးထဲရေထဲ ထွက်ပြေးနေရ
==================
ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်က ခြောက်ရက်ဆက်တိုက် စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
မုံရွာမြို့မှ ထွက်ခွာလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဇူလိုင်လ ၂၁ ရက်နေ့က စပြီး ချင်းတွင်းမြစ်ကိုဖြတ်ကူးပြီး ဆားလင်းကြီးမြို့နယ်အတွင်း ၀င်ရောက်လာခြင်းဖြစ်သည်။
“မုံရွာကနေလာတယ်။ ပြီးတော့ ဆားလင်းကြီးမြို့ရဲ့အရှေ့ဘက်ကို ထိုးတယ်၊ အဲဒီနောက် ၀ိုက်ပြီးတော့ တောင်ဘက်ကိုထိုးတယ်၊ ပ ပုံစံ စစ်ကြောင်းထိုးနေတာပါ” ဟု ယင်းမာပင်ခရိုင် တပ်ရင်း(၂၈) ဓားမဆိုင်း တပ်မတော်မှ ဗိုလ်စွမ်းက မဇ္စျိမကို ပြောသည်။
ယင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ဆားလင်းကြီးမြို့နယ် ရွှေလှေ၊ လက်ပံတောင်း၊ ၀ဲကွဲ၊ ထန်းတောကြီး၊ ရင်ပေါင်ရွာအပါအ၀င် လမ်းတစ်လျှောက်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုး၀င် ရောက်ခဲ့ခြင်း ဖြစ်သည်။
ထို့သို့၀င်ရောက်ရာတွင် စစ်ကောင်စီတပ်က နေအိမ်များကိုမီးရှို့ခြင်း၊ ပြည်သူများ၏ပစ္စည်းများကို ယူ ဆောင်ခြင်းများပြုလုပ်နေသည့်အတွက် ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ စစ်ကြောင်းက ပြည်သူတွေကို သတ်တာဖြတ်တာတော့ မရှိသေးဘူး။ ဇူလိုင် ၂၃ ၊ ၂၄ ရက်တွေမှာတော့ ဒေသခံသုံးဦးကို ဖမ်းသွားတာရှိတယ်” ဟု ဓားမဆိုင်းတပ်မတော်မှ ဗိုလ်စွမ်းက ဆိုသည်။
ဆားလင်းကြီးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းနေသည့်အတွက် ရေကြီးရေလျှံ မှုများဖြစ်ပေါ်နေကာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးမှုကြောင့် ပြည်သူများမှာ မိုးရေထဲတွင် ထွက် ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့်ပြည်သူများကို ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသအခြေစိုက် လူမှုကူညီ ရေးအသင်းအဖွဲ့များက ကူညီကယ်ဆယ်မှုများပြုလုပ်ပေးကာ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးလျက်ရှိ ကြောင်း သိရသည်။
“ဆားလင်းကြီးတမြို့နယ်လုံးကို စစ်ကြောင်း၀င်နေတော့ တိမ်းရှောင်နေရတဲ့သူအရေအတွက်ကို အတိ အကျ မသိရသေးဘူး။ ပြည်သူတွေကတော့ မိုးထဲရေထဲ စစ်ဘေးရှောင်နေရတယ်။ ဒီဘက်မှာ တချို့နေရာ တွေက ရေတွေလည်းကြီးနေတယ်၊ ကျန်းမာရေးရော သွားရေးလာရေးရော ခက်ခဲနေပါတယ်” ဟု ဒေသခံ တဦးက ပြောသည်။
လက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများပြုလုပ်နေဆဲဖြစ်သည့်အတွက် ဒေသခံ များမှမိမိတို့နေထိုင်ရာ ကျေးရွာများအတွင်း ပြန်လည်၀င်ရောက်နိုင်ခြင်းမရှိသေးဘဲ ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။
ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာနှင့် အနီးနားရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၀င်ရောက်ကာ စားနပ်ရိက္ခာများကို သယ်ဆောင်နေကြောင်း ကာကွယ်ရေး တပ်ဖွဲ့များနှင့် ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်စစ်ကြောင်းထိုး၀င်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဆားလင်းကြီးမြို့နယ်မှ ပြည်သူများ။ (ဗီဒီယို-Bo Swan)
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
https://youtu.be/Ygf8oajRtDs
#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#စစ်ကြောင်းထိုး
#ထွက်ပြေးနေရ

ရောင်နီ (မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်က ခြောက်ရက်ဆက်တိုက် စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
မုံရွာမြို့မှ ထွက်ခွာလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည်…

🤬8😢5👍3❤2😁2
ဇူလိုင်လ (၂၆) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က အိမ်တစ်လုံးဆီ ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ သတင်းနဲ့အတူ စစ်ကောင်စီနဲ့ UWSA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ တွေ့ဆုံခဲ့တဲ့သတင်း အပါအဝင် ပြည်တွင်းသတင်းတွေကိုနားဆင်ရပါမယ်။ နိုင်ငံတကာဘက်မှာတော့ ဒိန်းမတ်မှာ ကိုရမ်းကျမ်းကို ထပ်ခါတလဲလဲဖျက်ဆီးဆန္ဒပြမှုအတွက် အီရတ်ကရှုတ်ချတာ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်ကို ရာထူးကထုတ်ပယ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာကကြေညာတာ စတဲ့ နောက်ဆုံးရသတင်းတွေနဲ့အတူ စီးပွားရေးသတင်းတွေနဲ့ အားကစားကဏ္ဍကိုလည်းနားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်၊ သတင်းဆောင်းပါးနဲ့ ကုန်ဈေးနှုန်းတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။
အဲဒါပြီးရင်တော့ အပတ်စဉ် ကဏ္ဍတွေအဖြစ် မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍကို နားဆင်ရမှာဖြစ်ပြီးတော့ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်ဖို့ရှိပါတယ်။
https://youtu.be/pRw6KeyT2r0
#Mizzimaradio
#Eveningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က အိမ်တစ်လုံးဆီ ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ သတင်းနဲ့အတူ စစ်ကောင်စီနဲ့ UWSA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ တွေ့ဆုံခဲ့တဲ့သတင်း အပါအဝင် ပြည်တွင်းသတင်းတွေကိုနားဆင်ရပါမယ်။ နိုင်ငံတကာဘက်မှာတော့ ဒိန်းမတ်မှာ ကိုရမ်းကျမ်းကို ထပ်ခါတလဲလဲဖျက်ဆီးဆန္ဒပြမှုအတွက် အီရတ်ကရှုတ်ချတာ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်ကို ရာထူးကထုတ်ပယ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာကကြေညာတာ စတဲ့ နောက်ဆုံးရသတင်းတွေနဲ့အတူ စီးပွားရေးသတင်းတွေနဲ့ အားကစားကဏ္ဍကိုလည်းနားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်၊ သတင်းဆောင်းပါးနဲ့ ကုန်ဈေးနှုန်းတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။
အဲဒါပြီးရင်တော့ အပတ်စဉ် ကဏ္ဍတွေအဖြစ် မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍကို နားဆင်ရမှာဖြစ်ပြီးတော့ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်ဖို့ရှိပါတယ်။
https://youtu.be/pRw6KeyT2r0
#Mizzimaradio
#Eveningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ (၂၆) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က အိမ်တစ်လုံးဆီ ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ သတင်းနဲ့အတူ စစ်ကောင်စီနဲ့ UWSA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ တွေ့ဆုံခဲ့တဲ့သတင်း အပါအဝင် ပြည်တွင်းသတင်းတွေကိုနားဆင်ရပါမယ်။ နိုင်ငံတကာဘက်မှာတော့ ဒိန်းမတ်မှာ ကိုရမ်းကျမ်းကို ထပ်ခါတလဲလ…
👍9😁2
UNHCHR for Myanmar discusses rights crisis with Mizzima
==================
https://youtu.be/JscuuK8tbnk
==================
https://youtu.be/JscuuK8tbnk
YouTube
UNHCHR for Myanmar discusses rights crisis with Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
Subscribe now and join the Mizzima TV family…

🔥1😁1
ကင်ဆာဝေါဒနာကို ကြံ့ကြံ့ခံ ကျော်ဖြတ်နေသူ အသက် ၁၈ နှစ်အရွယ် ကိုင်စီဒို
==================
ရီးယဲလ်မက်ဒရစ်ကစားသမားဖြစ်ပြီး အခု အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူမရဲ့ ပွဲဦးထွက်မှာ ဂိုးသွင်းသူ ကင်ဆာရောဂါသယ် လင်ဒါ ကိုင်စီဒိုဟာ အသက် ၁၈ နှစ်အရွယ်မှာပဲ လှုံ့ဆော်ပေးသူ တစ်ဦးဖြစ်နေပြီးဖြစ်ပါတယ်။

👍4🔥1