Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​အိန္ဒိယနိုင်ငံသို့ ဝင်ရောက်နိုင်သည့် မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံတွင် ထပ်မံမိုးကြီးနိုင်
================

ဂျူချန်း

(မဇ္ဈိမ)။ ။ အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ၊အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်း၊ ဩရိဿပြည်နယ် တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးဇလမှ ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့တွင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ တနင်္သာတိုင်း၊ မန္တလေးတိုင်း၊​ စစ်ကိုင်းတိုင်းဒေသ၊ မကွေးတိုင်း နှင့် နေပြည်တော်တို့တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှ ဖော်ပြထားသည်။ 

ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်ကာ မုတ်သုံမုန်တိုင်းငယ်သည် အန္ဒိယနိုင်ငံ ဩရိဿကမ်းခြေအနီးသို့ စတင်ဖြတ်ကျော်နိုင်ပြီး ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့တွင် ဇူလိုင်လ ၃၀ ရက်နေ့အထိ ဆက်လက်မိုးကြီးနိုင်သဖြင့် ထိုဒေသများတွင် ရေဘေးအပြင် မြေပြိုခြင်း ဘေးအန္တရာယ်ကိုပါ အထူးသတိထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန (NUG-MOHADM) မှ သတိပေးထားသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၁ ရက်နေ့အထိ မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး စသည့် မြို့များတွင် မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံ ဖြစ်ပွားခဲ့ရာ အချို့နေရာတွင် အုတ်တံတိုင်းပြိုကျခြင်း၊ လမ်းတံတား မြေပြိုခြင်းနှင့် ရေနစ်သဖြင့် လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့သည်။ 

လတ်တလောတွင် မိုးအနည်းငယ် လျော့နေပြီး အများအားဖြင့် ညပိုင်းတွင်သာ မိုးကြီးတတ်ရာ နေ့ပိုင်းတွင် နေသာလေ့ရှိကြောင်း မော်လမြိုင်၊ ပေါင်၊ မုဒုံနှင့် ရေးမြို့မှ ဒေသခံများက ပြောသည်။

“ညက မိုးကြီးတယ်။ ဒီနေ့တော့ နေသာနေတယ်။ အရင်ကလည်း ညဘက်တွေပဲ ရွာတာများတယ်။ ဟိုတလောကတုန်းကပဲ မိုးကြီးတာပါ” ဟု ရေးမြို့မှ ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ဇူလိုင်လ နောက်ဆုံးအပတ်တွင် မုတ်သုံလေအားကောင်းမှုကြောင့် မိုးပိုနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးများပြီး ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိထားကြရန် NUG-MOHADM မှ သတိပေးထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)
ဓါတ်ပုံ-ဘိုဘိုဝင်း (ဇူလိုင် ၁၉ ရက်နေ့ မော်လမြိုင်မြို့)

#mizzima
#NUG
#MOHADM
#မုန်တိုင်းငယ်h

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤1🔥1🤯1
ဇူလိုင်လ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
============

-ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့တွေမှာ မှတ်ပုံတင်အစား Smart Card ပြုလုပ်ပေး နေတဲ့သတင်း

- ဗြိတိန်နာမည်ကျော်ကုန်တိုက်က မြန်မာ့ကျောက်မျက်ရတနာ ရောင်းချမှု ရပ်ဆိုင်းတဲ့သတင်း

-ငွေကျပ်သိန်းပေါင်း ၉ ထောင်ကျော် ကိုယ်ကျိုးသုံးစွဲမှုနဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရတဲ့သတင်း

- နိုင်ငံခြားရေးဝန်ကြီးချင်းဂန်ကို ရာထူးကဘာကြောင့်ထုတ်ပယ်ခဲ့တာလဲဆိုတဲ့ မေးခွန်းတွေကို ဖြေကြားဖို့ တရုတ်ငြင်းဆန်တဲ့သတင်းအပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/mtr1S8-RLJ8

#2pmnews
#Mizzimanewshour
#MizzimaTV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁3🍌1
ဗြိတိန်နာမည်ကျော်ကုန်တိုက် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းချမှု ရပ်ဆိုင်း
===============

ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် နာမည်ကျော်ကုန်တိုက်ကြီးတစ်ခုဖြစ်တဲ့ John Lewis Partnership ကုန်တိုက်က မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို ရောင်းချတာ ရပ်ဆိုင်းတော့မယ်လို့ ပြောလိုက်ပါတယ်။

ဗြိတိန်အခြေစိုက် ရတနာကုမ္ပဏီတွေအနေနဲ့ သူတို့ ရောင်းချနေတဲ့ ကျောက်မျက်ရတနာပစ္စည်းတွေဟာ မြန်မာ စစ်တပ်အတွက် ဝင်ငွေရှာပေးနေတဲ့ မြန်မာနိုင်ငံထွက် ကျောက်မျက်တွေမဟုတ်ကြောင်း သက်သေပြဖို့ မြန်မာ့ကျောက်မျက်ရတနာတွေကို ဝယ်ယူရောင်းချပြီး စစ်ကောင်စီကို ထောက်ပံ့သလို မဖြစ်စေဖို့ John Lewis ကုန်တိုက်အပါအဝင် ကုမ္ပဏီ ၄ဝ ကိုBurma Campaign UK အဖွဲ့က မေလ ၃ဝ ရက်နေ့က စာရေးသားတောင်းဆိုခဲ့တာပါ။

အဲ့ဒီနောက် ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ John Lewis Partnership ကုန်တိုက်က အခုလို အကြောင်းပြန်ကြားလာတာဖြစ်ကြောင်း Burma Campaign UK အဖွဲ့က ဇူလိုင် ၂၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေအတွက် စိုးရိမ်ပူပန်ကြောင်း၊ သူတို့ကုန်တိုက်အနေနဲ့ ကျောက်မျက်ရတနာ အနည်းအကျဉ်းကိုပဲ ဝယ်ယူခဲ့တာဖြစ်ပေမဲ့ စစ်ကောင်စီကို ထောက်ပံ့တဲ့ လမ်းကြောင်းထဲ ရောက်နေဆဲဖြစ်ကြောင်း" John Lewis Partnership ကုန်တိုက်က Burma Campaign UK အဖွဲ့ကို ပြန်ကြားတဲ့စာမှာ ဖော်ပြပါရှိပါတယ်။

အလားတူ တခြားကျောက်မျက်ကုမ္ပဏီတွေအနေနဲ့လည်း ကျောက်မျက်တွေ ဝယ်ယူရောင်းချပြီး မြန်မာစစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လက်နက်ဝယ်ယူရေးမှာ ကူညီပေးတဲ့ အရင်းအမြစ်မဖြစ်ကြစေဖို့ တောင်းဆိုတယ်လို့ Burma Campaign UK ကဆိုပါတယ်။
ဗြိတိန်အခြေစိုက် TJC ကျောက်မျက်ကုမ္ပဏီကလည်း မြန်မာ့ပတ္တမြားနဲ့ ကျောက်မျက်ရတနာတွေ ရောင်းချနေတာတွေကို ရပ်တန့်လိုက်ကြောင်း ဇွန်လထဲမှာ ပြောဆိုခဲ့ပါတယ်။

နှစ်စဉ် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ဝင်ငွေရနေတဲ့ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ တပ်ပိုင်ကုမ္ပဏီတွေ၊ နိုင်ငံပိုင်လုပ်ငန်းတွေ၊ အစိုးရဝန်ကြီးဌာနတွေအပြင် စစ်တပ်ခေါင်း ဆောင်တွေနဲ့ မိသားစုဝင်တွေပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကတစ်ဆင့် ကျောက်မျက်ရတနာ ရောင်းချမှုတွေကို တရားဝင်အပြင် တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ပါ ထိန်းချုပ်ထားပြီး ကျောက်မျက်လုပ်ငန်းကနေ ပုံစံအမျိုးမျိုးနဲ့ ဝင်ငွေရနေတယ်လို့ Burma Campaign UK အဖွဲ့ရဲ့ မေလ ၃၀ ရက်ထုတ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 မြန်မာစစ်တပ်ဟာ ဒီကျောက်မျက်လုပ်ငန်းကနေ ရတဲ့ဝင်ငွေတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနေနိုင်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

https://youtu.be/bUDc4qcwMpY

#Political News
#MizzimaTV
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24🔥2😁2
မြင်းမူမြို့နယ်တွင် လမ်းပေါ်တက်ငွေတောင်းသည့်စစ်တပ် ပစ်ခတ်ခံရ ၂ ဦးသေဆုံး
==============

ပါခွီး

(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင် ခရီးသွားပြည်သူများကို စစ်ဆေးပြီးငွေတောင်းခံနေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးသွားကြောင်း Black Eagle Defence Force (MMU) က ဇူလိုင်လ ၂၇ရက် ယနေ့တွင်ထုတ်ပြန်သည်။

မြောင်လမ်းခွဲတွင် အထိုင်ချထားသည့် စခန်းမှ စစ်ကောင်စီတပ်သား ရှစ်ဦးခန့်သည် လမ်းပေါ်သို့ထွက်နေချိန် ဇူလိုင်လ ၂၅ရက် နေ့လယ် ၁နာရီအချိန်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ကျနော်တို့ နာရီဝက်လောက်အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ် ၊ ပြည်သူ့ကားတွေကို ကာဗာလုပ်တာရယ်၊ အထိုင်စခန်းနဲ့ နီးနေတဲ့အတွက် ပြန်ဆုတ်လာခဲ့ရတယ်” ဟု Black Eagle Defence Force အဖွဲ့ တာဝန်ခံ ဗိုလ်စံရှား က မဇ္စျိမ ကို ပြောသည်။

တိုက်ခိုက်မှု မိနစ် ၃၀အတွင်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်းနှင့် လမ်းပေါ်တွင်ဖြတ်သန်းသည့် ပြည်သူ့ကားများကို ရပ်တန့်၍ အကာကွယ်အဖြစ် အသုံးပြုသည့်အတွက် ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Black Eagle Defence Force နှင့်အတူ T.R.G People Defense Force , T.R.G Women Drone Force နှင့် ကျောက်ဆည်ခရိုင် တပ်ရင်း (၂) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင် စစ်ကောင်စီတပ်သည် အင်အား ၁၀၀ခန့်ဖြင့် အထိုင်ချထားပြီး လမ်းသွားပြည်သူများကို စစ်ဆေးခြင်းနှင့် ဒေသတွင်းကျေးရွာများကို စစ်ကြောင်းထိုးလေ့ရှိကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၂၇ရက်ယနေ့တွင် မြင်းမူမြို့နယ် မြောင်လမ်းခွဲ အထိုင်စခန်းမှ အင်အား ၅၀ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် မြင်းမူမြို့နယ် လက္ကပင်ရွာကို လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

https://youtu.be/Uzq1bDEmTrQ

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မြင်းမူမြို့နယ် 
#မြောင်လမ်းခွဲ
#BlackEagleDefenceForce 
#စစ်ကောင်စီတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25👏5❤4🤣2
ယင်းမာပင်မြို့နယ်တွင်းရှိ သပိတ်စစ်ကြောင်းများ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
================

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်အတွင်းရှိ သပိတ်စစ်ကြောင်းများ ပူးပေါင်းပါဝင်သည့် ရွာပေါင်းစုံသပိတ်ကော်မတီက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ဇူလိုင်လ၂၇ရက်တွင် ပြုလုပ်ခဲ့ကြသည်။ 

စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများဖြင့် ဟစ်ကြွေးချီတက်ခဲ့ကြပြီး ကျဆုံးခဲ့သည့် အာဇာနည်များကို အလေးပြုခဲ့ကြကြောင်း သိရသည်။

 ရွာပေါင်းစုံသပိတ်ကော်မတီတာဝန်ရှိသူက လူထုအား “ ရန်သူစစ်အုပ်စုက ဘာတွေလုပ်နေလဲ ၊ ဘယ်လို တော်လှန်ကြမလဲ ၊ ဘယ်လို ကြုံတွေ့နိုင်လဲ “ စသည့် ခေါင်းစဥ်များဖြင့် နိုင်ငံရေး တရား ဟောပြောမှုများ ပြုလုပ်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ယင်းမာပင်မြို့နယ်
#သပိတ်စစ်ကြောင်း

website link >>> http://www.mizzimaburmese.com/article/131347
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍9🔥1😁1
​​အိန္ဒိယဘက်မှ မြန်မာနိုင်ငံသား ၇၀၀ ကျော်ကို ပြန်မပို့နိုင်သေး
=================

ကလေး ၃၀၁ ဦးအပါအဝင် မြန်မာနိုင်ငံသား ၇၁၈ ဦးကို ပြန်ပို့ရေးအတွက် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အစိုးရက နယ်စပ်လုံခြုံရေးကွပ်ကဲရသော Assam Rifles တပ်သို့ တိုက်တွန်းပြီးနောက်တစ်နေ့တွင် အဆိုပါ “တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူများ”အား မြန်မာနိုင်ငံဆီ ပြန်မပို့ရသေးကြောင်း တာဝန်ရှိသူတစ်ဦးက အင်္ဂလိပ်လို ထုတ်ဝေသော The Hindu နေ့စဉ်သတင်းစာသို့ အင်္ဂါနေ့က ပြောသည်။
❤11👍5🔥2
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အလွတ်သဘော ဆွေးနွေးဖို့ မလေးရှားအကြံပြု

Watch more detail - https://youtu.be/MCDzMkpgDpY

#စစ်ကောင်စီနဲ့ #အာဆီယံ#ဆွေးနွေး#VideoNews #shorts #reels
🤣13👍3
​​သရက်ချောင်းမြို့နယ် ပိန်းတောရွာတွင် ဗုံးပေါက်ကွဲ
===============

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပိန်းတောရွာတွင် ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် ၆ နာရီခွဲအချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ပိန်းတောကျေးရွာရှိ အထက်တန်းစာသင်ကျောင်းရှေ့ ကျောင်းခြံစည်းရိုးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသံကို ကျယ်လောင်စွာ ကြားရကြောင်း ၎င်းတို့က ဆိုသည်။

ဗုံးဖောက်ခွဲမှုကို မည်သူတို့က လုပ်ဆောင်ခဲ့ကြောင်း မသိရသော်လည်း ပေါက်ကွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ကာ ရမ်းသန်းပစ်ခတ်မှုအချို့ ပြုလုပ်ခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

“ဗုံးက ဘယ်အဖွဲ့က ဖောက်ခွဲတယ် ဆိုတာ မသိရသေးဘူး၊ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရတယ်”ဟု သရက်ချောင်းမြို့ခံ တစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုသည် စာသင်ကျောင်းအတွင်း ကျောင်းသူ၊ ကျောင်းသားများ မရှိချိန် နံနက်အစောပိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာတွင် ယခုနှစ် ဧပြီလ ၂၄ ရက် ည ၆ နာရီကလည်း လယ်ကွက်အနီး ကားလမ်းမဘေးတွင် မြက်ခြောက်များ မီးရှို့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#သရက်ချောင်း
#ပိန်းတော
#ဗုံးပေါက်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤬3🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
July - 27 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #Shorts
👍3😁1🍌1
မြိတ် ခလရ (၁၀၃) တပ်ကြပ်ကြီး PDF တွင် သင်တန်းနည်းပြဖြစ်လာ
👍14😁4❤3
မြိတ် ခလရ (၁၀၃) တပ်ကြပ်ကြီး PDF တွင် သင်တန်းနည်းပြဖြစ်လာ
====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ မြိတ်မြို့နယ် ခလရ (၁၀၃) မှ လက်နက်နှင့်အတူ အလင်းဝင်လာသည့် တပ်ကြပ်ကြီးတစ်ဦးမှာ ဒေသန္တရ ပြည်သူ့ကာကွယ်ရေးတပ်တွင် သင်တန်းဆရာဖြစ်လာသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ခြေစိုက် ခြေလျင်တပ်တပ်ရင်း (၁၀၃) မှ အလင်းဝင်လာသော တပ်ကြပ်ပြီး ဝင်းနိုင်သည် မြိတ်ခရိုင် ပုလောပြည်သူ့ကာကွယ်ရေးတပ် (PPDF) တွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ သုံးလဝန်းကျင်ရှိပြီဖြစ်ကြောင်း သတင်းနှင့် ပြန်ကြားရေးဌာနအပြောအရသိရသည်။

“သူက စစ်ကောင်စီရဲ့ လုပ်ရပ် မမှန်ဘူး ဆိုတာ သိလို့၊ သူလုပ်နေတာတွေ အဓိပ္ပာယ် မရှိတော့ဘူးဆိုတော့၊ စိတ်ညစ်လာလို့၊ ရအောင်ပြေးလာခဲ့တယ်ပြောတယ်။ တောထဲမှာတင် နှစ်ပတ်လောက်ကြာပြီး နောက်မှ ကျွန်တော်တို့နဲ့ ချိတ်ဆက်မိပြီး ရောက်လာတာ ဖြစ်တယ်”ဟု ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက မဇ္ဈိမကိုပြောသည်။
တပ်ကြပ်ကြီးဝင်းနိုင်သည် MA (3) သေနတ်တစ်လက်၊ ကျည်ဘောက်နှစ်ခု နှင့် 5.56 ကျည် ၃၁၇ တောင့်နှင့်အတူ ခိုလှုံလာသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကျပ် ၄၄ သိန်း ချီးမြှင့်ခဲ့သည်။

၎င်းသည် PPDF သို့ ဝင်ရောက်ခဲ့သည်မှာ ငါးလခန့်ရှိပြီဖြစ်သော်လည်း ယနေ့ (ဇူလိုင် ၂၇ ရက်နေ့)တွင်မှ သတင်းထုတ်ပြန်သည်။

ဆက်သွယ်ရေး တပ်ကြပ်ကြီးဝင်းနိုင်သည် PPDFတွင် စစ်ဗျူဟာ အဓိက သင်ကြားပေးနေသည်ဟု ကိုအာနိုးက ပြောသည်။
ခလရ (၁၀၃) သည် မြိတ်ခရိုင်၊ စန္ဒဝတ်ကျေးရွာအုပ်စုတွင် အခြေစိုက်သည့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်(ကရခ) လက်အောက်ခံတပ်ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ခလရ (၁၀၃)
#အလင်းဝင်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😁2
Media is too big
VIEW IN TELEGRAM
မြန်မာစစ်ကောင်စီထံ တရုတ်လက်နက်ရောင်းချကြောင်း ကုလအစီရင်ခံစာကို အမေရိကန် ထောက်ခံ

Watch more detail - https://youtu.be/WwTt18Gsojw

#စစ်ကောင်စီနဲ့ #တရုတ်#လက်နက်ရောင်းချ#VideoNews #shorts #reels
👍16😁2
နိုင်ငံဖြတ်ကျော်မှုခင်းပြဿနာတွေကို ဖြေရှင်းဖို့ ထိုင်းနှင့် စစ်ကောင်စီတို့ ဆွေးနွေး | Business Round Up (27.7.2023)
================

- နိုင်ငံဖြတ်ကျော်မှုခင်းပြဿနာတွေကို ဖြေရှင်းဖို့ ထိုင်းနှင့် စစ်ကောင်စီတို့ ဆွေးနွေး

- မြန်မာနိုင်ငံကို ကူညီပေးနေတဲ့ ODA စီမံကိန်းတွေကို ချက်ချင်းရပ်တန့်ရန်မဖြစ်နိုင်ဟု ဂျပန်အစိုးရ ပြော

- ကျပ်နှစ်သောင်းတန်ဂယက်ကြောင့် စက်သုံးဆီဈေး အပါအဝင် ကုန်ဈေးနှုန်းများ အတက်ကြမ်း

- ပဲခူးတိုင်း၊ ကျောက်ကြီး - နတ်သံကွင်းလမ်းပိုင်း သွားလာခြင်းမပြုရန် KNDO သတိပေး

- အမေရိကန်နိုင်ငံရှိ credit card ကြွေးမြီးက နှစ်ပေါင်း(၂ဝ)ကျော်အတွင်း အမြင့်ဆုံးကို ရောက်ရှိလာ

https://youtu.be/4lrUJF_ix0o


#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6👏2🤮2🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ဗြိတိန်နာမည်ကျော်ကုန်တိုက် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းချမှု ရပ်ဆိုင်း

Watch more detail - https://youtu.be/bUDc4qcwMpY

#ဗြိတိန် #ရောင်းချမှုရပ်ဆိုင်း #မြန်မာ့ကျောက်မျက် #VideoNews #Shorts #reels
👍13👏3🔥2
ဇူလိုင်လ (၂၇)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

-စစ်ကောင်စီရဲ့ အာဏာလုလုပ်ရပ် တည်မြဲအောင် သက်တမ်းတိုးဖို့ ကြိုးစားနေတာလို့ NUG ပြောတဲ့သတင်း

-မြန်မာစစ်ကောင်စီထံ တရုတ်လက်နက်ရောင်းချကြောင်း ကုလအစီရင်ခံစာကို အမေရိကန် ထောက်ခံတဲ့သတင်း

-စစ်ကောင်စီတပ်က ညောင်ပင်သာရွာအတွင်း တပ်စွဲနေလို့ ဒေသခံ ၁,၅၀၀ ကျော် စစ်ရှောင်နေရတဲ့သတင်း

_အိန္ဒိယနိုင်ငံသို့ ဝင်ရောက်နိုင်သည့် မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံတွင် ထပ်မံမိုးကြီးနိုင်တဲ့သတင်း
အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/LWdBAbQNOxQ

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍8😁1🍌1