ပုသိမ်တံတား သံဘောင်အမြင့်ဆုံး နေရာသို့ အမျိုးသား ၁ ဦးတက်ပြီး ပြေးလွှားနေ
======================
မင်းထက်
(မဇ္စျိမ)။ ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ အမှတ် (၂) တံတား၏ သံဘောင်အမြင့်ဆုံးနေရာသို့ အမည်မသိ အမျိုးသားတစ်ဦးတက်ကာ ပြေးလွှားနေကြောင်း ပုသိမ်ကမ်းနားလမ်းနေ ဒေသခံများက မဇ္ဈိမကို ပြောသည်။
ထိုအမျိုးသားသည် ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့် အချိန်မှစကာ တံတားသံဘောင်ပေါ်သို့ တက်သွားခဲ့ခြင်းဖြစ်ပြီး စိတ်မနှံ့သူတစ်ဦး ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
"တံတားသံဘောင်ပေါ်ကိုတက်သွားတဲ့လူက အရူး (စိတ်မနှံ့သူ) လို့ပြောတယ်၊ ဒါပေမဲ့ အဲ့ဒီလူကို ပုသိမ်မှာ တစ်ခါမှမမြင်ဖူးဘူး၊ ကျန်ခဲ့တဲ့နာရီဝက်လောက်က တံတားသံဘောင် ပေါ်ကို ကယ်ဆယ်ရေးလုပ်တဲ့လူတစ်ယောက်တက်ပြီး ဖျောင်းဖျနေတယ်၊ အရူး(စိတ်မနှံ့သူ) က တံတားသံဘောင်ပေါ်မှာ ပြေးလိုက်၊ ထိုင်နေလိုက်၊ ပက်လက်လှန်လိုက် လုပ်နေတယ်၊ အခုထိတော့ ဆင်းမလာသေးဘူး"ဟု ၎င်းက ဆိုသည်။
အမည်မသိအမျိုးသားသည် တံတားသံဘောင်ပေါ်သို့တက်ပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများတံတားပေါ်သို့ ရောက်ရှိလာပြီး လမ်းများပိတ်ထားသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် ပုသိမ်တံတား အမှတ်(၂) ပေါ်သို့ ကယ်ဆယ်ရေးအဖွဲ့များနှင့် မီးသတ်များရောက်ရှိနေပြီး အမည်မသိအမျိုးသားအား ကယ်တင်ရန်ကြိုးပမ်းနေကြသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ကလည်း ပုသိမ်မြို့ အမှတ်(၁)ရပ်ကွက် ကိုးသောင်း (၅)လမ်းတွင် နေထိုင်သည့် အသက် (၂၂) နှစ်အရွယ် အမျိုးသားတစ်ဦး ပုသိမ်တံတားပေါ်မှ ခုန်ချပြီး အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။
၎င်း၏ ရုပ်အလောင်းကို ပုသိမ်-ငပုတော လမ်းမကြီးပေါ်ရှိ သက်ကယ်ချောင်း တံ တားအောက်တွင် ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းအချိန်က ပြန်လည်တွေ့ရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။
စာတည်း။ ။ နောင်နောင်
#ပုသိမ်တံတား
#သံဘောင်ပေါ်တက်ပြေး
#စိတ်မနှံ့သူ
#Mizzima
ဓာတ်ပုံ- တံတားသံဘောင်ပေါ်တွင် တက်ပြီးပြေးလွှားနေသူကို တွေ့ရစဉ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍7🔥3😁3
This media is not supported in your browser
VIEW IN TELEGRAM
အသေအပျောက်များခဲ့တဲ့ အကျဉ်းထောင်အဓိကရုဏ်းကို အီကွေဒေါတပ်ဖွဲ့တွေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့
#Internationalnews #Reels #Shorts #Mizzima

👍6🔥2
ဘီးလင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံး
=====================
YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ကျိုက်ထိုမြို့နယ်ဘက်မှ လာသည့် စစ်ကောင်စီယာဉ်တန်းအား တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားနေကြောင်း တပ်မဟာ (၁) KNLA သတင်းရင်းမြစ်ထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက် ၈ နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်ဘက်မှ ဘီးလင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် အင်အား ၆၀ ဝန်းကျင် စီးနင်းလာသည့် သုံးစီးပါ စစ်ယာဉ်တန်းအား အလူးလေးကျေးရွာအနီးတွင် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်ထံက သိရသည်။
" မနက်ပိုင်းမှာ သုံးစီးပါတဲ့ ယာဉ်တန်းကို အလူးနားမှာ တိုက်တာရှိတယ်၊ အဲ့ဒီမှာတော့ သူတို့ဘက်ကလည်း ပစ်တော့ ပစ်ခတ်မှုတော့ ဖြစ်သွားတယ်၊ ခဏပဲ အရမ်းမကြာဘူး ၁၀ မိနစ်လောက်ပေါ့။ သူတို့ဘက်က သုံးယောက်သေ လေးဦးဒဏ်ရာရလို့ ကနဦးသိထားရတယ်၊ ညနေပိုင်းမှာလည်း ပစ်ခတ်မှုရှိတယ် " ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှလည်း ပြန်လည်ပစ်ခတ်မှုပြုလုပ်ခဲ့သဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွင် သုံးဦးသေဆုံး၍ လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ တပ်မဟာ (၁) KNLA၊ PDF ဘက်တွင် အထိအခိုက်မရှိကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်က အင်အား ၆၀ ဝန်းကျင်ဖြင့် ဘီးလင်းမြို့နယ်၊ ခလောက်အင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သဖြင့် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က မြေပြင်မှသာမက ဒရုန်းဖြင့်ပါ သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း၊ ပျက်စီး အခြေအနေအား မသိရသေးကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ဘက်သို့ စစ်ကူသွားရန်လာသည့် ဖောကား ၁၂ စီးပါ စစ်ကောင်စီယာဉ်တန်းအား တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်မှု၊ လက်နက်ကြီး၊ သေနတ်များဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ဘီးလင်းမြို့နယ် ပ.က.ဖ ခေါင်းဆောင်ထံက သိရသည်။
" ကျွန်တော်တို့ဘက်က ၁၇ ယောက်နဲ့သွားလုပ်တာပါ။ ရန်သူ့ယာဉ်တန်းက ၁၂ စီးသွားတဲ့အချိန်မှာ မိုင်းသုံးလုံးဆွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တယ်။ အဲ့ဒီမှာ သူတို့ဘက်က ရှစ်ယောက်ကျတယ်။ ၂၁ ယောက်ဒဏ်ရာရတယ်။ အဲ့ဒီယာဉ်တန်းက မြဝတီဘက်ကို တက်မှာ ကျွန်တော်တို့က သတင်းရလို့ ကြိုစောင့်ပြီး တိုက်ခိုက်တာဖြစ်ပါတယ်" ဟု ဘီးလင်း ပ.က.ဖ ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများကလည်း စစ်ကားပေါ်မှ ပြန်လည်ပစ်ခတ်မှုများကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုဖြစ်စဉ် တစ်ခုလုံးအတွင်း စစ်ကောင်စီယာဥ်တန်းပါ ကားသုံးစီး ပျက်စီး၍ စစ်ကောင်စီတပ်သားရှစ်ဦးသေဆုံးကာ ၂၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဆိုသည်။
ထို့အတူ ဇူလိုင်လ ၂၃ ရက်နေ့၊ ညနေပိုင်းကလည်း ဘီးလင်းမြို့နယ်၊ အစူးချောင်းကျေးရွာနှင့် ခေါ်ထီးခီးကျေးရွာအကြား မဲပလီစခန်းမှ စစ်ကောင်စီတပ်သား အင်အား ၆၀ ကျော်နှင့် တပ်မဟာ (၁) ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း (၂) တို့အကြား ငါးမိနစ်ခန့် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးတစ်ဦးသေ၍ ၎င်းကိုင်ဆောင်သည့် လက်နက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။
ဘီးလင်းမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နယ်မြေသက်မှတ်ချက်အရ တပ်မဟာ (၁) နယ်မြေအတွင်း တည်ရှိပြီး တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီယာဉ်တန်းများအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်ရင်းများအား ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့အပြင် နှစ်ဖက်ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိသော နယ်မြေဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
ဓါတ်ပုံ- (KNU) KNLA ရဲဘော်တစ်ဦး
#mizzima
#ဘီးလင်းမြို့နယ်
#ကရင်အမျိုးသားအစည်းအရုံး
#KNLA
#PDF
---------------------

👍13❤4👏3🔥1😁1
မြန်မာနယ်စပ် အိန္ဒိယ၊ မိုရေးမြို့တွင် မီးရှို့မှုများ၊ ပစ်ခတ်မှုများနှင့်အတူ မငြိမ်မသက်ဖြစ်
========================
အိန္ဒိယ-မြန်မာ နယ်စပ်၊ မဏိပူရ်ပြည်နယ်၏ မိုရေးမြို့တွင် လက်နက်ကိုင်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ပြင်းထန်သည့် အပြန်အလှန် ထိပ်တိုက်တွေ့ ပစ်ခတ်မှုတို့ ဖြစ်ပွားခဲ့ပြီး ယင်းမြို့သည် စစ်ဇုန်တစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ မေလ ၃ ရက်က စတင်ပေါ်ပေါက်သည့် မဏိပူရ်ပြည်နယ်ရှိ လူမျိုးစုရေး ပဋိပက္ခနောက်ပိုင်း လူသူစွန့်ပစ်ထားခဲ့သော နေအိမ်နှင့် ဈေးဆိုင်အလုံး ၃၀ ခန့်ကို ယမန်နေ့ ဇူလိုင် ၂၆ ရက် မနက်ပိုင်းက လူအုပ်စုတစ်စုက မီးရှို့ခဲ့ကြသည်။

😢5🔥4👍2
This media is not supported in your browser
VIEW IN TELEGRAM
တာလီဘန်တွေရဲ့ အမိန့်နောက်ဆုံးရက်မတိုင်မီ အာဖဂန်ရှိအလှပြင်ဆိုင်တွေ ထောင်နဲ့ချီပိတ်သိမ်းခဲ့ရ
#Internationalnews #Taliban #Reels #Shorts #Afgan #Mizzima

😢4🔥2👍1😁1
မြန်မာအလုပ်သမားဈေးကွက်က စိန်ခေါ်မှု အခြေအနေတွင်း ရှိနေဆဲဟု ILO ထုတ်ပြန်
=======================
မြန်မာနိုင်ငံ၏ အလုပ်သမားဈေးကွက်သည် COVID-19 ကပ်ဘေး၊ ၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ လူမှု-စီးပွား ဝရုန်းသုန်းကား အခြေအနေမှ သက်ရောက်မှုများကို ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း ILO ၏ အလုပ်သမားဈေးကွက် နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။
တိုင်းတာမှု မှန်သမျှသည် မြန်မာနိုင်ငံ၏ အလုပ်သမားဈေးကွက်က စိန်ခေါ်မှု အခြေအနေအတွင်း ရှိနေဆဲ ဖြစ်သည်ဟု ILO ၏ ထုတ်ပြန်ချက်၌ ဖော်ထုတ်ထားသည်။
အချို့သော ကဏ္ဍများ၌ အလုပ်ခန့်အပ်ခြင်း အရေအတွက် မကြာသေးမီက ပြန်လည်ဦးမော့သော်လည်း လူဦးရေဖွံ့ဖြိုးမှုနှုန်းထားအရ ဆိုပါက အချိုးမညီဘဲ ရှိနေဆဲ ဖြစ်သည်။ ထိုအတွက် ရလဒ်အားဖြင့် အလုပ်အကိုင်နှင့် လူဦးရေ အချိုးတွင် သိသိသာသာ ကျဆင်းနေပြီး ၂၀၂၂ ခုနှစ်က ၅၄ ဒသမ ၅ ရာခိုင်နှုန်း ရှိရာ ၂၀၁၇ နှုန်းထားထက် ၈ ဒသမ ၂ ရာခိုင်နှုန်း နိမ့်ကျခြင်းပဲ ဖြစ်သည်။
အလုပ်အကိုင် အဆင့်အတန်းမှာလည်း ကျဆင်းနေပြီး အလုပ်သမားအများစုမှာ ရရာအလုပ်အကိုင်များ လုပ်ကိုင်ကြရသည်။ အလုပ်သမား ကုန်ထုတ်စွမ်းအားသည် ၂၀၂၁ အတွင်းက ၈ ရာခိုင်နှုန်း ကျဆင်းပြီး ၂၀၂၂ ပထမနှစ်ဝက်တွင် နောက်ထပ် ၂ ရာခိုင်နှုန်း ကျဆင်းသည်။
အလုပ်အကိုင် ရရှိမှု အချိုးအစား မညီခြင်းသည် အမျိုးသမီးများအပေါ်ကိုပါ သက်ရောက်ပြီး နိုင်ငံတွင်းက အမျိုးသမီးများ၏ အလုပ်အကိုင်နှင့် လူဦးရေအချိုးသည် အမျိုးသားများ အချိုးထက် နှစ်ဆကျော်မျှ ကျဆင်းသည်။
“မြန်မာနိုင်ငံက အလုပ်အကိုင်အခြေအနေဟာ အထိမခံ ရှိနေတုန်းပဲ၊ အလုပ်သမား တော်တော်များများက အတော်လေး မရေရာတဲ့ အနာဂတ်ကို ရင်ဆိုင်နေရတာနဲ့အတူ စိန်ခေါ်မှုတွေ ရှိနေဆဲပဲ ဖြစ်တယ်၊ ဒီမိုကရေစီ ပြန်လည်ဖြစ်ထွန်းရေးက နိုင်ငံနဲ့ ပြည်သူတွေရဲ့ အနာဂတ်အလားအလာအတွက် အသက်တမျှ အရေးကြီးတယ်”ဟု ILO Myanmar မှ ဆက်ဆံရေး အရာရှိ ဒေါင်လင်းလီက ပြောခဲ့သည်။

👍6🔥3😢3
This media is not supported in your browser
VIEW IN TELEGRAM
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံး
#Internationalnews #Philipine #Mizzima #Reels #Shorts

😢4🔥3👍1
ရွှေဘိုတွင် မိုင်းမတော်တဆမှုကြောင့် တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး
====================
ရောင်နီ
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် တော်လှန်ရေး ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
ရွှေဘိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်ကို ဇူလိုင်လ ၂၃ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်နေစဥ် မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားကာ နဂါးနီ - အာဠာဝက ShweBo PDF မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ခြင်း ဖြစ်သည်။
“ရွှေဘိုမြို့ အနောက်ဖက် သုံးမိုင်အကွာမှာရှိတဲ့ မြင်းချင်း၊ ဇီးကုန်း၊ သီးလုံး၊ ဇီးဖြူကုန်း စတဲ့ ပျူရွာတွေက ရွှေဘိုနယ်ထဲ စစ်ကြောင်းထိုးမယ်ဆိုတာ သတင်းရလို့ သူတို့ လာမယ့် လမ်းကြောင်းတွေကို မိုင်းထောင် ဖောက်ခွဲဖို့ ပြင်ဆင်ရင်း မိုင်းမတော်တဆမှု ဖြစ်ပွားခဲ့ရတာပါ” ဟု တပ်ဖွဲ့ တာ၀န်ခံ ဗိုလ်လမင်းက ပြောသည်။
အဆိုပါ မိုင်းမတော်တဆမှု ဖြစ်စဥ်ကြောင့် နဂါးနီ - အာဠာဝက ShweBo PDF တပ်ဖွဲ့မှ ရဲဘော်ရွှေဘ နှင့် ရဲဘော်လူပေတို့ နှစ်ဦး နောက်ကျောပြင်နှင့် မျက်နှာများတွင် ထိိခိုက်ဒဏ်ရာများရရှိကာ ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦးသည် အသက် နှစ်ဆယ်၀န်းကျင်သာရှိသေးပြီး စစ်ကောင်စီတပ်အာဏာသိမ်းစဥ်ကတည်းက ဆန္ဒပြဆန့်ကျင်မှုနှင့် လက်နက်ကိုင်တော်လှန်မှုများတွင် တက်ကြွစွာပါ၀င်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
“ အဖွဲ့အတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုပါ။ တိုက်ခိုက်ရေးနဲ့ ဖောက်ခွဲရေးအပိုင်းမှာ သူတို့ နှစ်ဦးရဲ့ စွမ်းဆောင်အားတွေ ကျွန်တော်တို့ တပ်ဖွဲ့မှာ လျော့နည်းခဲ့ရပါပြီ။ သူတို့က အဖွဲ့အတွက် အနေအထား အတိုင်းအတာတစ်ခုအထိ အားကိုးရတဲ့သူတွေပါ” ဟု နဂါးနီ - အာဠာဝက ShweBo PDF တာ၀န်ခံက ဆက်ပြောသည်။
တပ်ဖွဲ့အနေဖြင့် ကျဆုံးခဲ့ရသည့် ရဲဘော်နှစ်ဦးအတွက် တော်လှန်ရေးတာ၀န်များကို စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ပိုတိုးလုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်းအတွင်းတွင် စစ်ကြောင်းထိုးလှုပ်ရှားမှုများ ရှိနေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် ခုခံတိုက်ခိုက်လျက်ရှိသည်။
ထ်ိုသို့ တိုက်ခိုက်မှုများတွင် ကာကွယ်ရေးတပ်ဖွဲ့များက ကိုယ်တိုင်တီထွင်ထားသည့် လက်လုပ်မိုင်းများ အသုံးပြုတိုက်ခိုက်ရာတွင် မတော်တဆပေါက်ကွဲမှုများကြောင့် ထိခိုက် သေဆုံးမှုများလည်း ဖြစ်ပွားနေသည်။
နဂါးနီ - အာဠာဝက ShweBo PDF တပ်ဖွဲ့သည် ရွှေဘိုမြို့နယ်နှင့် အနီးတစ်၀ိုက်တွင် စစ်ကြောင်းထိုး လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို နည်းလမ်းမျိုးစုံဖြင့် ခုခံတိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည်။
လက်ရှိအချိန်တွင် ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လှုပ်ရှားမှုများ မရှိသော်လည်း ပျူစောထီးကြီးစိုးအားကောင်းသည့် ကျေးရွာများတွင် အင်အားဖြန့်ကြက်ချထားမှုများရှိနေကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ShweBoPDF
#ရွှေဘိုမြို့နယ်
#မိုင်းမတော်တဆ
ပုံစာ - မိုင်းမတော်တဆမှုကြောင့် ကျဆုံးခဲ့ရသည့် ရဲဘော်နှစ်ဦး။

Facebook
#mizzima – Explore
explore #mizzima at Facebook
😢13👍5🔥2👏1
ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
==================
https://youtu.be/giJugPPCjl0
==================
https://youtu.be/giJugPPCjl0
YouTube
ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍4🔥3
ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ခြုံခိုက်တိုက်ခံရ ၃ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ
=====================
MTO
(မဇ္ဈိမ)။ ။ ရေစကြိုမြို့နယ်တွင်း စစ်ကောင်စီတပ်ကို ဒေသန္တရကာကွယ်ရေးတပ်က ယမန်နေ့ (ဇူလိုင် ၂၆ ရက်)က အလစ်အငိုက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေ၍ အနည်းဆုံး ၁၀ ဦး ဒဏ်ရာ ရသည်ဟု သိရသည်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရှင်မတောင်ပေါ်ရှိ ဆက်သွယ်ရေးတာဝါတိုင်အစောင့်တပ်ဖွဲ့ကို ရိက္ခာပို့ ပြန် လာသော ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရေစကြိုပကဖ) က အသင့်စောင့်ဆိုင်းတိုက်ခိုက်ခြင်းဖြစ်သည်။
ရိက္ခာတင်ကားနှစ်စီးကို အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှစစ်သည်များက ခြေလျင်လျှောက်စောင့် ကြပ်ကာ တောင်ပေါ်မှပြန်ဆင်းလာစဉ် ရေစကြိုပကဖကတိုက်ခိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်သော သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။
“ကျနော်တို့ထောင်ထားတဲ့ မိုင်းပွိုင့်ကိုမြင်သွားပြီး ရှေ့ဆုံးသုံးယောက်က လာဖြုတ်တာ။ အဲဒီသုံးယောက် ကို ပစ်ခတ်ခဲ့တာ နေရာမှာပဲ လဲကျသွားတယ်” ဟု ၎င်းကပြောသည်။
“ကျနော်တို့ ရဲဘော်တွေလက်ဦးခဲ့လို့ သူတို့(စစ်ကောင်စီတပ်)အနည်းငယ်ပဲ ပြန်ပစ်နိုင်တယ်။ ၄၀ မမ နှစ်လုံးပြန်ပစ်တာ ကျနော်တို့ကို မထိဘူး။ သူတို့ဘက်က သုံးဦးသေပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရတယ် လို့ သိရတယ်” ဟု သူက ဆက်ပြောသည်။
သေဆုံးဒဏ်ရာရမှုနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ။
ယခုတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပခုက္ကူခရိုင်တပ်ရင်း အမှတ်(၉)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မကွေးတိုင်း
#ရေစကြိုမြို့နယ်
#ရှင်မတောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
MTO
(မဇ္ဈိမ)။ ။ ရေစကြိုမြို့နယ်တွင်း စစ်ကောင်စီတပ်ကို ဒေသန္တရကာကွယ်ရေးတပ်က ယမန်နေ့ (ဇူလိုင် ၂၆ ရက်)က အလစ်အငိုက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေ၍ အနည်းဆုံး ၁၀ ဦး ဒဏ်ရာ ရသည်ဟု သိရသည်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရှင်မတောင်ပေါ်ရှိ ဆက်သွယ်ရေးတာဝါတိုင်အစောင့်တပ်ဖွဲ့ကို ရိက္ခာပို့ ပြန် လာသော ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရေစကြိုပကဖ) က အသင့်စောင့်ဆိုင်းတိုက်ခိုက်ခြင်းဖြစ်သည်။
ရိက္ခာတင်ကားနှစ်စီးကို အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှစစ်သည်များက ခြေလျင်လျှောက်စောင့် ကြပ်ကာ တောင်ပေါ်မှပြန်ဆင်းလာစဉ် ရေစကြိုပကဖကတိုက်ခိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်သော သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။
“ကျနော်တို့ထောင်ထားတဲ့ မိုင်းပွိုင့်ကိုမြင်သွားပြီး ရှေ့ဆုံးသုံးယောက်က လာဖြုတ်တာ။ အဲဒီသုံးယောက် ကို ပစ်ခတ်ခဲ့တာ နေရာမှာပဲ လဲကျသွားတယ်” ဟု ၎င်းကပြောသည်။
“ကျနော်တို့ ရဲဘော်တွေလက်ဦးခဲ့လို့ သူတို့(စစ်ကောင်စီတပ်)အနည်းငယ်ပဲ ပြန်ပစ်နိုင်တယ်။ ၄၀ မမ နှစ်လုံးပြန်ပစ်တာ ကျနော်တို့ကို မထိဘူး။ သူတို့ဘက်က သုံးဦးသေပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရတယ် လို့ သိရတယ်” ဟု သူက ဆက်ပြောသည်။
သေဆုံးဒဏ်ရာရမှုနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ။
ယခုတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပခုက္ကူခရိုင်တပ်ရင်း အမှတ်(၉)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မကွေးတိုင်း
#ရေစကြိုမြို့နယ်
#ရှင်မတောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏4❤3🔥1😁1
ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးတိုက်ပွဲတွင် စစ်ကောင်စီတပ် ၁၀ ဦး သေဆုံး
=======================
YT
(မဇ္ဈိမ)။ ။ညောင်လေးပင်မြို့နယ်အနီးတဝိုက် ရန်ကုန်-မန္တလေးလမ်းဟောင်းနံဘေး နှစ်ရက်ဆက်တိုက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးသေဆုံးသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထုတ်ပြန် ချက်အရသိရသည်။
ဇူလိုင်လ ၂၅ ရက် နှင့် ၂၆ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပိန်းဇလုပ်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ် အကြား ရေတွင်းကုန်းနှင့် ယောက်သွားကုန်းကျေးရွာများအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ ပူးပေါင်းထားသော တော်ဝင်ဒေါင်း စစ်ကြောင်းတို့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၁၀ ဦးသေ၍ ၃၀ ကျော်ဒဏ်ရာရသည်ဟု ဆိုသည်။ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်ရှစ်ဦး ဒဏ်ရာရခဲ့သည်ဟု မဇ္ဈိမစုံစမ်းသိရသည်။
ကရင်နယ်ခြားစောင့်တပ်(BGF)များလည်းပါဝင်သော စစ်ကောင်စီတပ် အင်အား ၈၀ ကျော်သည် ဇူလိုင် လ ၂၅ ရက်နေ့ ညနေပိုင်းတွင် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ထိုးစစ်ဆင်ရာက တိုက်ပွဲစခဲ့သည်။
တိုက်ပွဲများအပြီးတွင် စစ်ကောင်စီတပ်သား အလောင်းတလောင်းနှင့်အတူ G-3 တလက်၊ ကျည်အိမ် လေး ခု၊ ကျည်ဆန် ၁၅၀ တောင့်၊ ၆၀ မမ ဗုံးသီးတလုံးကို တွေ့ရှိသိမ်းဆည်းရခဲ့သည်ဟု တော်ဝင်ဒေါင်း စစ်ကြောင်းက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းကြောင့် ကျောင်းကုန်း၊ ရေတွင်းကုန်းနှင့် ယောက်သွားကုန်းကျေးရွာ များမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။
“အကုန်လုံးက နီးစပ်ရာဘုန်းကြီးကျောင်းတို့ဘာတို့ကို ထွက်ပြေးကြတာပေါ့။ ရွာသားတွေကို ရိုက်တဲ့ ကောင်ကရိုက်၊ နှိပ်စက်တဲ့အကောင်က နှိပ်စက်နဲ့။ ရွာသားတယောက်အဖမ်းခံရတာ ကရင်လူမျိုးဖြစ်နေ တော့ BGF က အရာရှိကသနားလို့ လွှတ်ပေးလိုက်တာ။ မဟုတ်ရင် စစ်ကောင်စီတပ်က သတ်တော့မှာ” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
ညောင်လေးပင်မြို့နယ်သည် KNLA တပ်မဟာ (၃) ၏ နယ်မြေတခုဖြစ်ပြီး ဇူလိုင်လအတွင်း တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်နေခဲ့သည်။
ဇူလိုင်လ ၁၄ ရက်မှ ၁၉ ရက်နေ့အတွင်း ကောက်မယ်သူနှင့် တော်ဝိကျေးရွာအနီးတို့တွင် နှစ်ဘက်တပ် များ တိုက်ပွဲကိုးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၃ ဦးသေဆုံး၍ ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ဇူလိုင်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ညောင်လေးပင်မြို့နယ်
#ရန်ကုန်-မန္တလေးလမ်းဟောင်း
#တိုက်ပွဲ

👍19👏6😁2🔥1
မဇ္စျိမပရိသတ်များအတွက် စစ်တမ်းတစ်ခု ပြုလုပ်ပါရစေ.
=============
ပရိသတ်ရဲ့ထင်မြင်ယူဆချက်များသည် မဇ္စျိမအဖွဲ့သားများအတွက် နိစ္စဓူဝအစီအစဥ်များကို ထုတ်လုပ်ရာတွင် အလွန်အကျိုးပြုပေးနေကြောင်းကို အသိပေးလိုပါသည်။
ဒါဆို ဘာကြောင့် ဒီစစ်တမ်းကို ကောက်ယူနေတာလဲ? ပရိသတ်အဖြေများသည် မဇ္စျိမ၏တင်ဆက်မှုအပေါ် နှစ်သက်မှု၊ စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များကို ပိုမိုနားလည်သဘောပေါက်ရန် ကူညီပေးပါသည်။ အကြံပြုချက်များကို တိုက်ရိုက်ကြားသိရခြင်းဖြင့် ပရိသတ်ရဲ့ထင်မြင်ယူဆချက်တွေမှတဆင့် ဆွဲဆောင်မှုအရှိဆုံးအကြောင်းအရာများ၊ သင်နှစ်သက်သော အစီအစဥ်များနှင့် အနာဂတ်တွင် မည်သည့်အစီအစဥ်မျိုးကို ကြည့်လိုကြောင်းကို မဇ္စျိမအဖွဲ့သားများက သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။
ဒါကြောင့် - စစ်တမ်းတွင်ပါဝင်ခြင်းဖြင့် သင်၏ထင်မြင်ယူဆချက်တွေကို မဇ္စျိမအဖွဲ့သားများအား ပြောပြပေးလိုက်ပါ.
စစ်တမ်းတွင် ၀င်ရောက်ဖြေဆိုရန်
https://www.surveymonkey.com/r/25JR9Z3
#mizzimasurvey
#mizzimaudiencesurvey

👍8😁1🤮1