Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​အိန္ဒိယက မြန်မာဒုက္ခသည်များကို Biometrics ကောက်ယူမည်
===================

အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံမှ ဝင်ရောက်လာသူ မည်သူကိုမဆို Biometrics (ဇီဝဆိုင်ရာအချက်အလက်) ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရင်မြစ်များက India Today သတင်းဌာနသို့ ကြာသပတေးနေ့တွင် ပြောသည်။

Biometrics (ဇီဝဆိုင်ရာ အချက်အလက်) ဆိုသည်မှာ လူများ၏ ထူးခြားသော ရုပ်ပိုင်းဆိုင်ရာနှင့် အမူအကျင့်ဆိုင်ရာ ထူးခြားလက္ခဏာများကို တိုင်းတာစိစစ် မှတ်သားထားသည့် စနစ် ဖြစ်သည်။ စောင့်ကြည်မှုအောက်ရှိ လူများအား မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားသိရှိရန်၊ ဝင်ထွက်သွားလာခွင့် ထိန်းချုပ်ရန်နှင့် ခွဲခြားဖော်ထုတ်ရန်တို့အတွက် ယင်း နည်းပညာစနစ်အား အသုံးပြုသည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းအားဖြင့် ဗဟိုအစိုးရအနေဖြင့် မြန်မာဘက်မှ ဝင်ရောက်လာသူများကို ခွဲခြားဖော်ထုတ်ထားနိုင်မည် ဖြစ်ကာ “သင့်တော်မှု မရှိသည့် biometric စာရင်း” (negative biometric list) တွင် သွင်းထားနိုင်မည်ဖြစ်ပြီး ထိုသို့ စာရင်းသွင်းခံထားရသူများအနေဖြင့် နောက်ပိုင်း၌ အိန္ဒိယနိုင်ငံသား ဖြစ်လာနိုင်မည် မဟုတ်ပေ။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကလေးငယ် ၃၀၀ ကျော် အပါအဝင် မြန်မာနိုင်ငံသား ၇၀၀ ကျော်ထက်မနည်းအား အိန္ဒိယ-မြန်မာနယ်စပ်ကို ဖြတ်သန်းခွင့်ပြုကာ မဏိပူရ်ပြည်နယ်ထဲ ဝင်ရောက်လာခဲ့ကြရာမှ ယခုကဲ့သို့ လုပ်ဆောင်လာခြင်းပဲ ဖြစ်သည်။

၂၀၂၁ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ် ဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် နယ်စပ်တစ်ဖက်နိုင်ငံများသို့ မြန်မာပြည်သူများ တိမ်းရှောင်ထွက်ပြေးကြသည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က စစ်တပ်၏ ဖြိုခွင်းမှုများကြောင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ၂၀,၀၀၀ နီးပါး အိန္ဒိယနိုင်ငံတွင် ခိုလှုံနေကြရသည်။

အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ စီးဝင်မှုအတွက် biometric ကောက်ယူခြင်းအပြင် အိန္ဒိယ-မြန်မာ နယ်စပ်ကိုလည်း အပြီးသတ် စည်းရိုးကာနိုင်ရေး လက်ရှိ၌ လုပ်ဆောင်လျက် ရှိသည်။
သတင်းများအရ မီဇိုရမ်-မဏိပူရ်နယ်စပ်၏ ၁၀ ကီလိုမီတာတစ်လျှောက်ကို စည်းရိုးကာထားပြီး ဖြစ်သည်။

အဆိုပါ နယ်စပ်စည်းရိုးကာသည့် စီမံကိန်းအား တာဝန်ယူထားရသည့် ဌာနများကိုလည်း တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် နယ်စပ်တစ်လျှောက် စည်းရိုး အပြီးသတ် ကာနိုင်ရေးကို တိုက်တွန်းထားသည်။
😁4👍3🤬2😢1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈ ဇူလိုင် ၂၀၂၃)
===================

အမျိုးသားညီညွတ်ရေး အစိုးရ

• ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် နှင့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) တို့အကြား ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြသည်။

• တော်လှန်ရေးတွင် စစ်အုပ်စု ရှုံးနေပြီဆိုတာပေါ်လွင်နေပြီး ၎င်းတို့ မတရားဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်း စုကြည်ကိုလဲ အင်မတန် အခုအချိန်မှာ အားကိုးနေရကြောင်း အရပ်သားစကားပြောမယ်ဆိုရင် ထမီနားခိုနေ ရပြီ ဆိုတာ ဝန်ခံရာရောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေ ကပြောပါတယ်။

• အမျိုးသား ညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ Dallas မြို့ နှင့် Houston မြို့တွေကို၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နှင့် (၂၃) ရက်နေ့များတွင် သွားရောက်ခဲ့ပြီး ရိုဟင်ဂျာ မိသားစုများ တခြား မြန်မာနွယ်ဖွား၊ တိုင်းရင်းသား လူမျိုးများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

• မွန်ပြည်နယ်အတွင်းက KNU တပ်မဟာ ၆ ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ များကို CDM ဆရာဝန်ကြီများ၊ ကျန်းမာရေးဝန်ထမ်းများ အကူအညီဖြင့် ဇူလိုင် ၂၇ ရက်၌ ကျန်မာရေး စောင့် ရှောက်မှုပြုလုပ်ပေးခြင်းနှင့် ဆေးကုပေးများ ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒုစစ်ဒေသမှူးရုံးက သတင်းထုတ်ပြန်သည်။

• အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၀/၂၀၂၃) ကို ဇူလိုင် ၂၇ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

• ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(၂၅/၂၀၂၃)ကို ဇူလိုင် ၂၇ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

• တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာ ရန်သူ့ဂိတ်ကို PDF ပူးပေါင်းတပ်က သွားရောက် ပစ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ (စစ်ရုံးချုပ်) ကထုတ်ပြန်သည်။
👍9😁2❤1
​​ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်ဝာာဇော်မြင့်မောင်ကို နေပြည်တော် ဝန်ကြီးများအိမ်ရာသို့ပြောင်းရွှေ့ထား
==================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နေပြည်တော်ရှိ ဝန်ကြီးများအိမ်ရာသို့ စစ်ကောင်စီက ပြောင်းရွှေ့လိုက်ကြောင်း အမည်မဖော်လိုသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သတင်းရင်းမြစ်တခုကပြောသည်။

အသက် ၇၈ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်ကို နေပြည်တော်အချုပ်ထောင်မှသည် ဇူလိုင် ၂၄ ရက်နေ့တွင် ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပြီး အသက် ၇၁ နှစ်အရွယ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကို မန္တလေးအိုးဘိုထောင်မှသည် ဇူလိုင် ၂၇ ရက်နေ့တွင် ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်ဟု သတင်းပြောကြားသူကဆိုသည်။
မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းက ကြိုတင်ကြေညာထားခြင်းမရှိသော ဇူလိုင် ၉ ရက်နေ့ တွေ့ဆုံမှုဖြစ်ခဲ့သည်။ စစ်ကောင်စီ၏ခွင့်ပြုချက်ဖြင့် နေပြည်တော်ထောင်တွင်းတွေ့ဆုံမှုမှာ ၁ နာရီကျော်ကြာမြင့်ခဲ့သည်ဟု နောက်ပိုင်းတွင် စစ်ကောင်စီကဝန်ခံသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒုဝန်ကြီးအိမ်ရာတွင် ရွှေ့ပြောင်းထားသည်ဟု ဘီဘီစီမြန်မာပိုင်းအစီအစဉ်က ဇူလိုင် ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ယခုသတင်းနှင့်ပတ်သက်၍ ကြားသိမထားကြောင်း ဗွီအိုအေမြန်မာပိုင်းသို့ ပြောကြားသည်ကိုလည်း တွေ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ (၂) များဖြစ်ကြသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာဇော်မြင့်မောင်တို့ကို VIP အိမ်ရာဟုလည်း လူသိများသည့် ဝန်ကြီးဟောင်းများနှင့် စစ်ဗိုလ်ချုပ်ဟောင်းများနေထိုင်ရာ နေပြည်တော်၊ဥတ္တရသီရိမြို့နယ်၊ရာဇသင်္ဂဟအိမ်ရာတွင်းသို့ ရွှေ့ပြောင်းထားသည်ဟု ပါတီသတင်းရင်းမြစ်က မဇ္ဈိမသို့ပြောသည်။ ပြောရေးဆိုခွင့်ရှိသူမဟုတ်၍ အမည်ကိုထုတ်ပြောရန် ငြင်းဆန်သည်။

“အမေစုကို အခုထားတဲ့အိမ်မှာ ဆက်ထားဖို့ အတည်ဖြစ်သွားပြီ။ အဲ့အနားက နောက်တလုံးမှာ ဒေါက်တာ ဇော်မြင့်မောင် ထားမယ်”ဟု သူက ပြောသည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုဖြင့်စွဲဆိုခဲ့ပြီး ၎င်းတို့ထိန်းချုပ်ထားသော တရားရုံးများက ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခဲ့ကာ ဒေါက်တာဇော်မြင့်မောင်ကို အမှုကိုးမှုစွဲဆိုကာ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခဲ့သည်။ ဩဇာရှိ ခေါင်းဆောင်နှစ်ဦးမှာ အကျဉ်းထောင်အသီးသီးတွင် ၁၃ လနှင့် ၁၉ လအသီးသီးနေခဲ့ကြရသည်။

နိုင်ငံရေးအသိုင်းအဝိုင်းတွင်လှုပ်လှုပ်ခတ်ခတ်ဖြင့် အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်လျက်ရှိရာ သတင်းတခုကတော့ သြဂုတ်လ ၁ ရက်နေ့နောက်ပိုင်း သမ္မတဦးသိန်းစိန်ဦးဆောင်သော ကြားကာလ အစိုးရဖွဲ့မည့်အကြောင်းနှင့် တနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဆိုခြင်းလည်းပါသည်။

နိုင်ငံတော်သမ္မတလည်းဖြစ်ကာ ပါတီ၏ဒုဥက္ကဋ္ဌ (၁)လည်းဖြစ်သူ အသက် ၇၁ နှစ်အရွယ် ဦးဝင်းမြင့်ကို စစ်ကောင်စီက တောင်ငူထောင်မှ ထုတ်ကာ နေပြည်တော်ရှိ အိမ်ရာတခုတွင် ထားရှိမည်ဟူသော သတင်းများထွက်ပေါ်နေသည်။ သို့သော် အကျဉ်းဦးစီးဌာနမှ သတင်းရင်းမြစ်တဦးကို မဇ္ဈိမမှ ယနေ့ နံနက်ထိ ဆက်သွယ်မေးမြန်းရာတွင် သမ္မတဦးဝင်းမြင့်သည် တောင်ငူထောင်တွင် ရှိနေဆဲဖြစ်သည်ဟုဆိုသည်။

စာတည်း - မောင်ကြီး

#mizzima
#ဒေါ်အောင်ဆန်းစုကြည်
#ဒေါက်တာဇော်မြင့်မောင်
# ရာဇသင်္ဂဟ
#စစ်ကောင်စီ
----------------------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11👍9👏1😢1🤮1
စစ်ကောင်စီ သင်္ဘော ၉ စီး ဧရာဝတီမြစ်ရိုး တလျှောက် ရမ်းသန်းပစ်ခတ်နေ
===================

KMN (မဇ္ဈိမ) ။ ။ မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းကနေ ဇူလိုင် ၂၆ ရက်ကစပြီး ကချင်ပြည်နယ် ၊ဗန်းမော်မြို့ကို ဆန်တက်နေတဲ့ စစ်ကောင်စီ သင်္ဘော ကိုးစီး တန်းဟာ ဧရာဝတီမြစ်ရိုးတစ်လျှောက် ကျေးရွာတွေကို စက်သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီစစ်သင်္ဘော ရေယာဉ်တန်းဟာ ဇူလိုင်လ ၂၆ ရက်နေ့၊ နေလယ် ၁နာရီခွဲခန့်မှာ မတ္တရာမြို့နယ် ပိုဝတောင်ရွာနား ရောက်ရှိချိန်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး
စိန်ပန်းကုန်းရွာ အနီးနားမှာ နေထိုင်တဲ့ အသက် ၄ဝ အရွယ် အမျိုးသမီးနဲ့ သူရဲ့ အသက် လေး နှစ်ရွယ်ကလေးငယ် ကျည်ထိမှန်ခဲ့တယ်လို့ Wetlet Informational Network ကသတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီ သင်္ဘော ကိုစီး တန်းကို ဇူလိုင် ၂၇ ရက်နေ့ နေ့လည်ပိုင်းကကျောက်မြောင်းမြို့အထက်နားမှာ ဒေသကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သင်္ဘော နှစ်စီးထိမှန်ကာ တစ်စီး နစ်မြုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေ အရသိရပါတယ်။ သင်္ဘော တစ်စီး နစ်မြုပ်မူနဲ့ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်တွေ ကို မဇ္ဈိမက ဆက်သွယ် အတည်ပြုလို့ မရသေးပါဘူး။

ဒီစစ်ကောင်စီ ရေယာဉ်တန်းဟာ မနေ့ညကစပြီး ဒီကနေ့ ဇူလိုင် ၂၈ ရက်နေ့ အထိ သပိတ်ကျင်းမြို့ ဆိပ်ကမ်းမှာ ဆက်လက် ရပ်နားနေတယ်လို့ ထီချိုင်းမြို့ ဒေသခံတစ်ဦးကပြောပါတယ်။

https://youtu.be/4jBMYXIVMF4

တင်ဆက်၊တည်းဖြတ် - KMN

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12🤬10😁3😢2
​​ကန့်ဘလူတွင် ဇူလိုင်လအတွင်း စစ်ရှောင် ၁၁ ဦးမြွေကိုက်ခံရပြီး သေဆုံးမှုရှိ
====================

ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဇူလိုင်တစ်လတာအတွင်း စစ်ဘေးရှောင် ၁၁ ဦး မြွေဆိုးကိုက်ခံရပြီး တစ်ဦးသည် အချိန်မီ ကုသမှုမရရှိခဲ့သဖြင့် သေဆုံးသွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့( ကန့်ဘလူခရိုင်) မှ ယမန့်နေ့ ဇူလိုင် ၂၇ရက်တွင် သတင်းထုတ်ပြန်သည်။

မြွေဆိုးကိုက်ခံရသူများတွင် ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်မှ သုံးဦး၊ ချပ်သင်းတိုက်နယ်မှ လေးဦး၊ ဇီးကုန်းတိုက်နယ်မှ နှစ်ဦး၊ ပင့်သာတိုက်နယ်နှင့် ကန့်ဘလူတိုက်နယ်တို့မှ တစ်ဦးစီဖြစ်ပြီး စုစုပေါင်း အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ဖြစ်ကြောင်း ယင်းအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

လက်ရှိတွင် ကန့်ဘလူခရိုင်အတွင်းရှိ မြွေဆိုးကိုက်ခံရသည့် ဒေသခံပြည်သူများအား ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) နှင့် ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များက မြွေဆိပ်ဖြေဆေးများ ကူညီနေသော်လည်း ဆေးဝါးလိုအပ်ချက်များရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

“စစ်ကောင်စီဘက်က အကုန်ပိတ်ပင်ပြီး ထိန်းချုပ်ထားတော့ မြန်မာထုတ် BPI မြွေဆပ်ဖြေဆေးက ဈေးများသလို ဝယ်ရခက်တယ်ဗျ၊ အိန္ဒိယမြွေဆိပ်ဖြေဆေးလည်း ဝယ်ရခက်ပါတယ်။ မြေပြင်မှာ လိုအပ်ချက်ရှိတော့ အတတ်နိုင်ဆုံး ရှာဝယ်ကြရတာပါပဲ။မြွေဆိပ်ဖြေဆေးကတော့ လိုအပ်နေဆဲပါ” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့( ကန့်ဘလူခရိုင်)မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ဇူလိုင်လ ၁၄ ရက်တွင် ချပ်သင်းတိုက်နယ်မှ မြွေဆိုးကိုက်ခံရသော ဦးစိန်ချို (အသက်၅၀နှစ်)သည် ဆေးကုသမှုအချိန်မီ မရရှိခဲ့၍ ကုသမှုပေးခဲ့သော်လည်း သေဆုံးသွားသည်ဟု ဆိုသည်။

"ရောက်လာတဲ့အချိန်က နောက်ကျတယ်။ BPI မြွေဆိပ်ဖြေဆေး ၁၇ လုံးနဲ့ အိန္ဒိယမြွေဆိပ်ဖြေဆေး ၂၃ လုံးထိ ထိုးခဲ့ရတယ်။ စုစုပေါင်း မြွေဆိပ်ဖြေဆေး အလုံး ၄၀ ထိုးပေးခဲ့ရတယ်။ ဒါပေမဲ့ အသက်တော့ မကယ်နိုင်ခဲ့ဘူး" ဟု မြေပြင်၌ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းက ပြောသည်။
ဇူလိုင်လအတွင်း မြွေဆိုးကိုက်ခံရသူအချို့သည် ‌အသက်အန္တရာယ် မစိုးရိမ်ကြရသော်လည်း အချို့မှာ အသက်အန္တရာယ်စိုးရိမ်ရ၍ ကုသမှုပေးသည့်နေရာ လွှဲပြောင်းထားရပြီး လုံခြုံရေးအရ နေရာဒေသများအား ထုတ်ပြောရန် အဆင်မပြေကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

ကန့်ဘလူမြို့နယ်တွင်း ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ မြွေဆိုးကိုက်ခံရ၍ သေဆုံးသူ ဒေသခံပြည်သူ သုံးဦးအထိ ရှိလာပြီဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ များမှ ရွာစဉ်လှည့် မီးရှို့ဖျက်ဆီးမှုများကြောင့် ဆေးကုသမှုပေးရသည့်အခါ ကျန်းမာရေးဝန်းထမ်းများနှင့် လူနာများအတွင်း စိတ်ချလုံခြုံသည့် နေရာမရှိသေးကြောင်း ဆိုသည်။

ဒေသခံပြည်သူများ မြွေကိုက်ခံရပါက ဆေးရုံးဆေးခန်းများသို့ ပြသရန် ခက်ခဲခြင်း၊ ငွေကုန်ကြေးကျခံ ကုသနိုင်ခြင်း မရှိသဖြင့် ရိုးရာဆေးမြီးတိုဖြင့် ကုသခြင်း၊ စုပ်ပေါက်ခြင်း စသည့် နည်းလမ်းများဖြင့် ဖြစ်သလို ကုသနေကြသူများလည်း ရှိနေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်များက မကြာခဏဆိုသလို ရွာစဉ်လှည့် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူများထဲမှ အချို့သည် အမြဲလိုစစ်ရှောင်နေကြရကာ သက်မွေးဝမ်းကြောင်းလုပ်ငန်းများဖြစ်သည့် တောင်ယာနှင့် လယ်ယာလုပ်ငန်းများကိုပင် မလုပ်နိုင်သည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ရှောင်
#ကန့်ဘလူမြို့နယ်
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9👍2🔥1🤬1
ဇူလိုင်လ (၂၈) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
======================

-ငွေကြေးတန်ဖိုးကျဆင်းနေချိန်မှာပဲ ပြည်တွင်းစီးပွားရေး ‌၄ ရာခိုင်နှုန်း တိုးတက်လာဖို့ စစ်‌ခေါင်းဆောင် မျှော်မှန်းတဲ့သတင်း

- ကျောင်းသားများသမဂ္ဂ ရုံးခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် ၃ ဦးအသတ်ခံရတဲ့သတင်း

-နိုင်ဂျာအာဏာသိမ်းမှုကို ထောက်ခံကြောင်း စစ်တပ်အကြီးအကဲပြော တဲ့သတင်း

- ၂၀၂၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄ ဘီလီယံခန့် တန်ဖိုးရှိ ကျောက်စိမ်းများ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့တဲ့သတင်း

- ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။

https://www.youtube.com/live/hFt8jDUs4c8?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🌭2
​​ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနှင့် ဝန်ကြီးဦးမင်းသူတို့၏ အထူးအယူခံအမှုများ ပယ်ချခံရ
=======================

001
(မဇ္စျိမ) ။ ။ NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့၏ အထူးအယူခံအမှုများကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့တွင် ပယ်ချလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။

ယနေ့ ပယ်ချခံလိုက်ရသည့်အမှု စုစုပေါင်း ၁၁ မှုရှိပြီး ဒေါက်တာမျိုးအောင်၏ အမှု ငါးမှု၊ ဦးရဲမင်းဦး၏ အမှုငါးမှု၊ နှင့် ဝန်ကြီး ဦးမင်းသူ၏ အမှု တစ်မှုတို့ဖြစ်သည်။

အဆိုပါ အမှုများမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် စွပ်စွဲခံခဲ့ရသည့်အမှုများဖြစ်ပြီး ကနဦးအယူခံတက်ရာ ပယ်ချခံခဲ့ရသည့် အတွက် စွပ်စွဲခံရသူများက အထူးအယူခံ ဆက်တက်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“ပယ်တဲ့အခါ နောက်ဆုံး နောက်ထပ်တစ်ဆင့်ရှိသေးတယ်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂၀ အရ တရားသူကြီးဆီမှာ ပြန်လည်ကြားနာပေးဖို့တင်တဲ့ဟာပေါ့။ သူကတော့ ကန့်သတ်ချက်မရှိဘူး။ အဲ့ဒီအဆင့်အထိ ဆက်သွားဖို့စီစဉ်နေတဲ့ အနေအထားရှိတယ်”ဟု တရားရုံးနှင့် နီးစပ်သူကပြောသည်။

ယခု ပယ်ချခံရသည့်အမှုများတွင် ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးကို နေပြည်တော်တွင် အထူးမြေကွက်ဖော်ထုတ်သည့်ကိစ္စ၊ ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္မူသီရိမြို့နယ်တို့ရှိ မြေကွက်တစ်ကွက်စီကို လုပ်ငန်းရှင်အချို့ထံ ရောင်းချမှုတို့အပေါ် စစ်ကောင်စီက အဂတိဖြင့် စွပ်စွဲခဲ့သည့် အမှုများလည်းပါဝင်သည်။

လက်ရှိတွင် ဒေါက်တာမျိုးအောင်အနေဖြင့် စစ်ကောင်စီဘက်က စွပ်စွဲထားသည့်အမှုများအတွက် ထောင်ဒဏ် အနှစ် ၂၀ ကျော်ချမှတ်ခံထားရပြီး ဦးရဲမင်းဦးအနေဖြင့် နှစ် ၃၀ ထက်မနည်း ချမှတ်ခံထားရကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။
ထို့ပြင်ဝန်ကြီး ဦးမင်းသူအ​နေဖြင့်လည်း ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၃၀ - က အပါအဝင် အမှုသုံးမှုအတွက် ထောင်ဒဏ် ရှစ်နှစ် ခြောက်လ ချမှတ်ခံထားရသည်။

စစ်အာဏာသိမ်းပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ၇၇ ဦးအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင် ၁,၂၀၀ ဦး ဖမ်းဆီးခံထားရကြောင်း NLDပါတီက ပြီးခဲ့သည့် ဇွန်လအတွင်းက ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#NLD
#နေပြည်တော်မြို့တော်ဝန်
#တရားရုံး
Photo - U Ye Min Oo facebook, U Min Thu facebook, Nay Pyi Taw Council

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬6❤2😁2
Media is too big
VIEW IN TELEGRAM
July - 28 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍5🌭1🍌1
​​နိုင်ငံအများအပြားက တရုတ်ကို ဘာကြောင့် ဆန့်ကျင်ကန့်ကွက်နေကြလဲ 
=======================

မကြာသေးမီက ဂျာမနီနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဆဗန်ဂျာ ချက်စ်လ်ဇ် က လုပ်ငန်းခွင် စည်းကမ်းများနှင့် ကိုက်ညီသော သတ္တုတူးဖော်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သတ္တုတွင်း လုပ်သားများ အတွက် တရားမျှတသော လုပ်ငန်းခွင်အခြေအနေများ ရရှိရန်နှင့် အလုပ်သမား အခွင့်အရေးများကို အလွဲသုံးစားမပြုရန် လိုအပ်ကြောင်း အလေးပေးပြောကြားလိုက်သည်။ သို့သော် “အရေးကြီးသော” ဓာတ်သတ္တု လုပ်ငန်း အများစုကို တရုတ်နိုင်ငံမှ စီမံဆောင်ရွက်လျက်ရှိပြီး အဓမ္မလုပ်အားပေးခိုင်းစေမှု များနှင့် အခြားအလွဲသုံးစားပြုမှုများအတွက် ထောက်ပံ့ရေးကွင်းဆက်များကို စစ်ဆေးလုပ်ဆောင်ခြင်း မရှိပေ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥4
​​ကန်ပက်လက်မြို့နယ် ၁၁ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံး ဟုဆို
==========================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်အတွင်းသို့ စစ်ကြောင်း နှစ်ကြောင်းဖြင့် ဝင်ရောက်လာသည့် တပ်ဖွဲ့ကို ၁၁ရက်အကြာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅၂ဦးသေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိကြောင်း CDF – Kanpetlet တပ်မဟာမှူးထံက သိရသည်။

မကွေးတိုင်းလောင်းရှည်မြို့မှ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ ရိက္ခာပို့ရန် ထွက်ခွာလာသည့် ယာဉ်တန်း ၂၇ စီးနှင့် အင်အား ၃၀၀ ကျော်ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့နှင့် ဇူလိုင်လ ၁၄ရက်မှ ဇူလိုင် ၂၅ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းစစ်ကြောင်းနှင့် အကြိမ်ကြိမ်ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၀ သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

တဖန် မကွေးတိုင်း ကျောက်ထုမှ ကန်ပက်လက်မြို့သို့ အင်အား ၁၅၀ ကျော်ဖြင့် တပ်ချိန်းရန်လာသော စစ်ကြောင်းနှင့် အသွားအပြန်ထိတွေ့မှုများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ယောက်သေဆုံးကာ ဒဏ်ရာရရှိသူများရှိကြောင်းဆိုသည်။

ယခုအခါ တပ်ချိန်းလာသည့် စစ်ကြောင်းမှာ ကျောက်ထုတပ်ထဲသို့ ပြန်လည် ဝင်ရောက်သွားပြီး ရိက္ခာတင်ဆောင်လာသည့် ထောက်ပို့ယာဉ် ၂၅ စီးနှင့် စစ်ကြောင်းမှာ ဇူလိုင်လ ၂၇ရက် ညနေ၆နာရီခန့်တွင် ကျင်ဒွေးမြို့အတွင်း သို့ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

“အဓိက ရဲဘော်တွေရဲ့ သတ္တိဗျတ္တိကြောင့်ရယ်၊ နယ်မြေပိုင်နိုင်မှု တောင်ကုန်းတောင်တန်းပေါများမှုရယ်၊ ဗျူဟာအားသာမှုကြောင့် စစ်ကောင်စီအကျအဆုံးများရတာပါ” ဟု စစ်ကောင်စီတပ်သား အကျအဆုံးများခြင်းနှင့်ပါတ်သက်ပြီး CDF – Kanpetlet တပ်မဟာမှူး ဆလိုင်းထွန်းလိန်း က မဇ္စျိမကိုပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးပြီး ဒဏ်ရာရရှိသူ ၁၁ဦးရှိကာ ပြည်သူတစ်ဦး စစ်ကောင်စီတပ်၏မိုင်းနင်းမိပြီး သေဆုံးခဲ့၍ တစ်ဦးပျောက်ဆုံးနေကြောင်း ဆိုသည်။

စစ်ကြောင်းယာဉ်တန်းတွင် ဂျန်မာ(ဖုန်းလိုင်းဖျက်ကရိယာ)ပါသော်လည်း လက်လုပ်နင်းမိုင်း အလုံး ၂၀ကျော် ပေါက်ကွဲခဲ့သဖြင့် အရေအတွက်မခန့်မှန်းနိုင်သော်လည်း စစ်ကောင်စီတပ်မှ ဒဏ်ရာရရှိသူ အများအပြားရှိနိုင်ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲများအတွင်း ကုန်ကျငွေ ကျပ် ၁၀၀,၀၀၀,၀၀၀ (သိန်းတစ်ထောင်) ကျော်ကုန်ကြခဲ့ကြောင်း တပ်မဟာမှူးက ထုတ်ဖော်ပြောဆိုထားသည်။

ကျင်းဒွေးမြို့တွင်ရှိသောစစ်ကြောင်းသည် ပြန်လည်ထွက်ခွာလာမည်ဖြစ်သဖြင့် ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ကျည်မျိုးစုံလိုအပ်နေ၍ မိဘပြည်သူများမှ အကူအညီပေးရန်နှင့် NUG အစိုးရဘက်မှလည်း ဂရုစိုက်ပေးရန်လိုအပ်ကြောင်း ဆိုသည်။

ယခုစစ်ကောင်စီတပ်သည် ပြန်လည်ထွက်ခွာလာနိုင်ပြီး နယ်မြေမရှင်းလင်းရသေးသဖြင့် ကျင်ဒွေး - လောင်းရှည်းလမ်းပိုင်းကို အများပြည်သူများ လုံးဝ အသုံးမပြုကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။

ထို့အပြင် ကာကွယ်ရေးတပ်ဖွဲ့များ၏ အရေးပေါ်ထုတ်ပြန်ချက်များကို တိတိကျကျလိုက်နာပေးကြပါရန် တပ်မဟာမှူးက သတိပေးပြောကြားခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#Mizzima
#ကာကွယ်ရေးတပ်ဖွဲ့
#NUG
#ကန်ပက်လက်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍26😁3❤2👏2
​​မင်္ဂလာဒုံရဲစခန်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား
================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မြို့မရဲစခန်းအနီးတွင် ယမန်နေ့ ဇူလိုင် ၂၇ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

"ဗုံးပေါက်တဲ့ဖြစ်စဉ်က ဟုတ်တယ်။ ဒါပေမယ့် အဖွဲ့တွေကလည်း ထုတ်ပြန်မှာမဟုတ်သလို သိရမှာလည်းမဟုတ်ဘူး။ စစ်ကောင်စီဘက်ကျ ဘယ်လောက်ထိလဲ အတိအကျမသိရတဲ့အတွက် မပြော‌ပေးနိုင်ဘူး၊ တိုက်ခိုက်ခဲ့တာတော့မှန်ပါတယ်။" ဟု ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန် တော်လှန်ရေးအင်အားစုတစ်ခုက ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတချို့ ထိခိုက်မှုကာ ၎င်းတို့အသုံးပြုသည့်ကားဖြင့် ပြန်လည်သယ်ယူသွားသည်ဆိုသည့် သတင်းအား Z-Fighter တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် သိရသည်။
အဆိုပါတိုက်ခိုက်မှုအား လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ Yangon Guardian Army(YGA) နှင့် Eagle Urban Guerilla Force(EUGF) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Z-Fighter တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြသည်။
သို့သော် တိုက်ခိုက်သည့်အဖွဲ့အစည်းဖက်မှ အတည်ပြုထုတ်ပြန်ထားခြင်း မတွေ့ရသလို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကလည်း မင်္ဂလာဒုံရဲစခန်းအား ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မင်္ဂလာဒုံရဲစခန်း
#ဗုံးခွဲတိုက်ခိုက်
#YGA
#EUGF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤8👍6👏3😁2
​​ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ကာလုံအစည်းအဝေးတက်ဖွယ်ရှိ
=====================

(မဇ္ဈိမ) ။ ။ စစ်ကောင်စီက မကြာမီခေါ်ယူမည့် ကာလုံအစည်းအဝေးသို့ ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ တက်ရောက်ရဖွယ်ရှိသည်ဟု နေပြည်တော်မှသတင်းရင်းမြစ်တဦးက‌ ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဖြစ်သော ဦးဟင်နရီဗန်ထီးယူသည် အာဏာသိမ်းစစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့နှင့် ဇူလိုင်လ ၃၁ ရက်နေ့က ခေါ်ယူခဲ့သော အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးများကို ကျန်းမာရေးအကြောင်းပြချက်ဖြင့် ခွင့်ပန်ကြားရှောင်လွှဲခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသိမ်းပြီး နှစ်နှစ်ပြည့်မြောက်ပြီး အရေးပေါ်အခြေအနေဖြစ်ပွားလျှင် ခြောက်လသက်တမ်း နှစ်ကြိမ်တိုးနိုင်သည်။ ဇူလိုင်လကုန်တွင် ခြောက်လသက်တမ်းထကုန်ဆုံးမည်ဖြစ်ရာ ကာလုံအစည်းအဝေးထပ်ခေါ်ရမည်ဖြစ်သည်။

စစ်ကောင်စီလက်ရှိဆွဲကိုင်ထားသော အခြေခံဥပဒေအရ ကာလုံတွင် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ပြည်ထဲရေးဝန်ကြီးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့ပါဝင်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ခံအရပ်သားအစိုးရထံမှ အာဏာသိမ်းပြီး သမ္မတဦးဝင်းမြင့်ကိုပါ အခြားသော ထိပ်တန်းခေါင်းဆောင်များနှင့်အတူ ဖမ်းဆီးခဲ့သည်။ထို့နောက် ကာလုံကိုဦးဆောင်ရန် စစ်ဗိုလ်ချုပ်ဟောင်းဒုသမ္မတဦးမြင့်ဆွေကို ရွေးချယ်ခဲ့သည်။ အသက် ၆၅ နှစ်အရွယ် ဦးဟင်နရီဗန်ထီးယူသည် ဒုသမ္မတအဖြစ်ဆက်လက်တည်ရှိနေပြီး ကာလုံတွင်အဖွဲ့ဝင်အဖြစ်ရှိနေသည်။

စာတည်း-မောင်ကြီး

#mizzima
#စစ်ကောင်စီ
#ကာလုံအစည်းအဝေး
#ဦးဟင်နရီဗန်ထီးယူ
ဦးဟင်နရီဗန်ထီးယူ( ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🤮4🔥3❤1😁1
ဇူလိုင်လ( ၂၈ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
============================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ဇူလိုင် ၂၄ ရက်နဲ့ ၂၆ ရက်အတွင်း စစ်ကောင်စီ တပ်သား ၂၄ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ မြန်မာနိုင်ငံက အလုပ်သမားတွေ ကိုဗစ်ကပ် ရောဂါနဲ့ ၂ဝ၂၁ စစ်အာဏာသိမ်းမှုဆိုးကျိုးတွေနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ လူမှုစီးပွားပြဿနာတွေကို တွေ့ကြုံခံစားနေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/6iG8g8wvt-c

#Eveningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁2
​​ရွှေပြည်သာတွင် ဆိုင်ကယ်စီးအမျိုးသမီး စစ်ကားတိုက်ခံရပြီး သေဆုံး
===================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ဆိုင်ကယ်မောင်းနှင်လာသည့်အမျိုးသမီးတဦး စစ်ကောင်စီ လှည့်ကင်းကားဖြင့် တိုက်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
အထက်ပါ ဖြစ်ရပ်သည် ရွှေပြည်သာမြို့နယ်၊ (၃) ထိပ်ရပ်ကွက်တွင် ယမန်နေ့ ဇူလိုင် ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဟု ဒေသခံများကပြောသည်။

သေဆုံးသူအမျိုးသမီးသည် အသက် ၂၇နှစ်အရွယ်ပြီးဆိုင်ကယ်လိုက်ဖမ်းသည့် စစ်ကောင်စီစစ်ကားနှင့် တိုးကာ လိုက်လံဖမ်းဆီးခံရခြင်းဟု သိရသည်။

" သေဆုံးတဲ့အမျိုးသမီးက ဒီနေ့ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့သွားရမှာ။ အလုပ်အတွက်ပြင်ဆင်စရာရှိတာတွေလိုက်လုပ်ရင်းဆိုင်ကယ်ဖမ်းတယ်ဆိုလို့ပြေးတာ။ ပြေးလို့ဆိုပြီး စစ်ကား​က နောက်ကလိုက်ဖမ်းတယ်။ အဲ့ဒီအမျိုးသမီးကကြောက်လန့်ပြီး မောင်းတော့(၃)ထိပ်ဘက်ကိုရောက်လာတယ်။ အဲ့ဒီဘက်ကလမ်းကြမ်းတော့ ဆိုင်ကယ်ကမှောက်သွားတယ်။ အဲ့ဒါနဲ့ကားနဲ့တက်ကြိတ်မိတယ်။ နှစ်ခါ။ အမျိုးသမီးက အဲ့နားမှာတင် ပွဲချင်းပြီးဆုံးသွားတယ်" ဟု ဖြစ်စဉ်ကိုသိသည့် ဒေသခံက မဇ္ဈိမ ကို ပြောသည်။

ရွှေပြည်သာမြို့ကို စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာထားကာ လူထုအပေါ် ဥပဒေမဲ့ လုပ်ရပ်များကျူးလွန်နေသည်ဟု မြို့ခံများကပြောသည်။ သေဆုံးသူအမျိုးသမီးမှာ မိသားစုကို ရှာဖွေလုပ်ကျွေးနေသူဖြစ်ပြီး ယခုဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဒေသခံများကပြောသည်။

" မတော်တဆဖြစ်စေ၊ တမင်သက်သက်ဖြစ်စေ၊ အညွန့်တက်နေတဲ့ လူ့တယောက်အဖို့ကတော့ သူတို့မိသားစုတွေရင်နာရုံကလွဲလို့ ဘာများတတ်နိုင်မှာလဲ" ဟု ‌(၃) ထိပ်ရပ်ကွက်တွင် နေထိုင်သူတဦးကပြောသည်။

အဆိုပါအမျိုးသမီးသည် ကားဖြင့် တိုက်မိကာစတွင် ချက်ချင်း မသေဆုံးသေးဘဲ ဒဏ်ရာများနှင့်လဲကျနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အခင်းဖြစ်ရာ‌နေရာတွင်ထားခဲ့ပြီး ဆိုင်ကယ်ကို သိမ်းဆည်းသွားကြောင်း ဒေသခံများကပြောသည်။ မိနစ်အနည်းငယ်အကြာတွင် သေဆုံးသွားပြီး ရပ်ကွက်ဒေသခံများက အုပ်ချုပ်ရေးမှူးနှင့်လူမှု‌ရေးအသင်းကားအား ခေါ်ကာ အင်းစိန်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီသည် ရန်ကုန်တိုင်းအတွင်း လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့်မြောက်ဥက္ကလာပမြို့နယ်တို့ကို ၂၀၂၁ခုနှစ်၊မတ်လ ၁၅ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။

စာတည်း - မောင်ကြီး

#mizzima
#ရွှေပြည်သာ
#စစ်ကောင်စီလှည့်ကင်းကား
#စစ်အုပ်ချုပ်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢18👍9🤬6🔥3
သဘာဝတရားရိပ်သာဘုန်းကြီးကို အမေရိကန်ရောက် မြန်မာတွေ ဆန္ဒပြ
======================

မောင်ခက်နွေ (မဇ္ဈိမ)။ ။ ဇူလိုင်လ ၂၇ ရက်က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ကို ရောက်ရှိလာတဲ့ သဘာဝတရားရိပ်သာဘုန်းကြီးရဲ့ စစ်ကောင်စီအပေါ်ထောက်ခံတဲ့ လုပ်ရပ်တွေကို အမေရိကန်ရောက် မြန်မာပြည်သူတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။

ဒီကနေ့ ဇူလိုင်လ ၂၈ ရက် မနက်ပိုင်းမှာလည်း သဘာဝတရားရိပ်သာဘုန်းကြီး သီတင်းသုံးတဲ့ အိမ်ရှေ့မှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက ဆန္ဒပြခဲ့ကြပါတယ်။


သဘာဝတရားရိပ်သာဘုန်းကြီးဟာ ပြည်ပမှာရောက်နေတဲ့ တော်လှန်ရေးထောက်ပို့တွေကြားမှာ ဘာသာရေးနဲ့ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး သွေးထိုးလှုံဆော်ဖို့အတွက်လာရောက်တာဖြစ်တဲ့ အတွက် လက်ခံစရာမရှိဘူးလို့ နွေဦးတော်လှန်ရေးရဲ့ ထောက်ပို့တစ်ဦးဖြစ်တဲ့ ပန်ဆယ်လိုက ပြောပါတယ်။

https://youtu.be/UtYhjNR2Ubo

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#သဘာဝတရားရိပ်သာဘုန်းကြီး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍29👏3🤮1🥱1
မိတ်ဆွေများလေ၊ ပိုကောင်းလေ ... ရန်သူနည်းလေ ၊ ပိုကောင်းလေ | Friday Analysis
====================

စစ်ကောင်စီဟာ UWSA ၊ MNDAA ၊ SSPP တို့နဲ့တွေ့ဆုံဆွေးနွေးပြီး ဇူလိုင်လ ၂၁ ရက်နေ့မှာ ဒေသဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

စစ်ရေးပဋိပက္ခပြင်းထန်ချိန်မှာ မိတ်ဆွေများအောင်ဘောင်ချဲ့ပြီး ရန်သူနည်းအောင်လျှော့ချလေ့ရှိကြပါတယ်။

ဒါပေမဲ့ NUG အစိုးရလက်အောက်ခံ PDF တွေစိုးမိုးထားတဲ့ စစ်ကိုင်း၊ မကွေးဒေသတွေမှာတော့ NUG လက်အောက်ခံ မဟုတ်ရင် သူပုန်လို့သတ်မှတ်ပြီး ဖိအားအမျိုးမျိုးပေးနေပါတယ်။

ဒီတပတ်သုံးသပ်ချက်အစီအစဉ်မှာကိုသိမ်းမြတ်တင်ပြထားပါတယ်။

https://youtu.be/vL2KG_-elG0

----------------------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1😁1
​​Kill Bookson
=============

အခုတစ်ခါမှာတော့ အက်ရှင်ဇာတ်ကား ချစ်သူတွေအတွက် နာမည်ကျော် Kill Bill ကို မှီငြမ်းရိုက်ကူးထားပြီး၊ ၂၀၂၃ ခုနှစ်အတွင်း ပူပူနွေးနွေး ထွက်ရှိထားတဲ့ ကိုရီးယား အက်ရှင်ဇာတ်ကားသစ် "Kill Booksoon" နဲ့ မိတ်ဆက်ပေးပါရစေ။ ကြေးစားလောကမှာ 'Kill Bookson' ရယ်လို နာမည်တစ်လုံးနဲ့ ကျော်ကြားတဲ့ လက်မရွံ လုပ်ကြံ‌ရေးသမား "ဂီဘိုဆွန်း".... Killer တစ်ယောက် ဖြစ်နေခဲ့ပေမဲ့ သမီးဖြစ်သူ "ဂီဂျယ်ယောင်း"အတွက်တော့ သူ(မ)ဟာ မိခင်ကောင်းဖြစ်ဖို ကြိုးစားနေသူ။ သမီးဖြစ်သူကို သူ(မ)လို မဖြစ်စေချင်တဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာကို နားမလည်တဲ့ "ဂျယ်ယောင်း"နဲ့ ဂျယ်ယောင်းရဲ့ သဘောသဘာဝကို နားမလည်ခဲ့တဲ့ "ဘိုဆွန်း"တို သားအမိကြားက ဆက်ဆံရေး တဖြည်းဖြည်း အေးစက်လာခဲ့သလို.....။ လူ့အသက်တွေကို မျက်တောင်တစ်ချက် မခတ်ဘဲ နုတ်ယူတတ်တဲ့ သွေးအေးရက်စက်သူတွေနဲ့ အသက်ချင်း ယှဉ်လုရမယ့် "k*llဘိုဆွန်း" နဲ့ သမီးဖြစ်သူဆီက နားလည်မှုရဖို ကြိုးစားနေတဲ့ ဂျယ်ယောင်းအမေ "ဂီဘိုဆွန်း" ကျင်လည်တဲ့ မတူညီတဲ့ လောကနှစ်ခု.....။ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ပရိသတ်ကြီးကပဲ ဆက်လက်ရှုစားပေးပါဦး။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၂၉.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍9😁1🍌1
ဇူလိုင်လ( ၂၉ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
========================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကောင်စီက မကြာမီခေါ်ယူမယ့် ကာလုံအစည်းအဝေးကို ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ တက်ရောက်ဖွယ်ရှိတဲ့သတင်းနဲ့အတူ မြင်းမူမြို့နယ်မှာ ဇူလိုင်လ ၂၇ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တွေက တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးခဲ့တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/xQjK5CL8_Kw

#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁4🍌1
​​29.7.2023 (Saturday)တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
==================

Highlight

Cele City (ညနေ- ၄နာရီခွဲ)
Jimmy Fallen Show ( ညနေ- ၆ နာရီ ၁၅ မိနစ်)
Korea Movie -Kill Boksoon (ည - ၁၀ နာရီခွဲ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
#dailyschedule
😁3🤮1