Kill Bookson
=============
အခုတစ်ခါမှာတော့ အက်ရှင်ဇာတ်ကား ချစ်သူတွေအတွက် နာမည်ကျော် Kill Bill ကို မှီငြမ်းရိုက်ကူးထားပြီး၊ ၂၀၂၃ ခုနှစ်အတွင်း ပူပူနွေးနွေး ထွက်ရှိထားတဲ့ ကိုရီးယား အက်ရှင်ဇာတ်ကားသစ် "Kill Booksoon" နဲ့ မိတ်ဆက်ပေးပါရစေ။ ကြေးစားလောကမှာ 'Kill Bookson' ရယ်လို နာမည်တစ်လုံးနဲ့ ကျော်ကြားတဲ့ လက်မရွံ လုပ်ကြံရေးသမား "ဂီဘိုဆွန်း".... Killer တစ်ယောက် ဖြစ်နေခဲ့ပေမဲ့ သမီးဖြစ်သူ "ဂီဂျယ်ယောင်း"အတွက်တော့ သူ(မ)ဟာ မိခင်ကောင်းဖြစ်ဖို ကြိုးစားနေသူ။ သမီးဖြစ်သူကို သူ(မ)လို မဖြစ်စေချင်တဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာကို နားမလည်တဲ့ "ဂျယ်ယောင်း"နဲ့ ဂျယ်ယောင်းရဲ့ သဘောသဘာဝကို နားမလည်ခဲ့တဲ့ "ဘိုဆွန်း"တို သားအမိကြားက ဆက်ဆံရေး တဖြည်းဖြည်း အေးစက်လာခဲ့သလို.....။ လူ့အသက်တွေကို မျက်တောင်တစ်ချက် မခတ်ဘဲ နုတ်ယူတတ်တဲ့ သွေးအေးရက်စက်သူတွေနဲ့ အသက်ချင်း ယှဉ်လုရမယ့် "k*llဘိုဆွန်း" နဲ့ သမီးဖြစ်သူဆီက နားလည်မှုရဖို ကြိုးစားနေတဲ့ ဂျယ်ယောင်းအမေ "ဂီဘိုဆွန်း" ကျင်လည်တဲ့ မတူညီတဲ့ လောကနှစ်ခု.....။ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ပရိသတ်ကြီးကပဲ ဆက်လက်ရှုစားပေးပါဦး။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak
#New ပြသမည့်ရက်။ ။ ၂၉.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍9😁1🍌1
ဇူလိုင်လ( ၂၉ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
========================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စစ်ကောင်စီက မကြာမီခေါ်ယူမယ့် ကာလုံအစည်းအဝေးကို ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ တက်ရောက်ဖွယ်ရှိတဲ့သတင်းနဲ့အတူ မြင်းမူမြို့နယ်မှာ ဇူလိုင်လ ၂၇ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တွေက တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးခဲ့တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။
https://youtu.be/xQjK5CL8_Kw
#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇူလိုင်လ( ၂၉ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စစ်ကောင်စီက မကြာမီခေါ်ယူမယ့် ကာလုံအစည်းအဝေးကို ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ တက်ရောက်ဖွယ်ရှိတဲ့သတင်းနဲ့အတူ မြင်းမူမြို့နယ်မှာ ဇူလိုင်လ ၂၇ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တွေက …

👍5😁4🍌1
29.7.2023 (Saturday)တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
==================
Highlight
Cele City (ညနေ- ၄နာရီခွဲ)
Jimmy Fallen Show ( ညနေ- ၆ နာရီ ၁၅ မိနစ်)
Korea Movie -Kill Boksoon (ည - ၁၀ နာရီခွဲ)
Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
#mizzimatv
#dailyschedule

😁3🤮1
Art of Revolution #119 (July 28, 2023)
==============
(သီချင်း) ချိုချိုအေး - “ယောသူတို့ရွာ” (တေးရေး၊ စိန်မောင်မြင့် )
အရှင်တေဇာနန္ဒ (တန့်ဆည်) - “လူမှန်နေရာမှန်”။ (ကိုယ်တိုင်ရေးကဗျာ)
ဝေမှူးသွင် - “ဆွဲငင်ထားတဲ့ ဇူလိုင်မိုးစက်တွေ”။ (ကိုယ်တိုင်ရေး)
(အသံဖိုင်) ကဗျာဆရာမ လမင်းညို (အင်းလေး)၏ “သွေးမျက်ရည်”။ (ကိုယ်တိုင်ရေး)
မောင်စိုးချိန် - “ကရင်နီ ပြည်ပေါ်က နေဝန်းနီ”။ (ကိုယ်တိုင်ရေး)
(ကဗျာ) ပန်းတော်ဆက် - “ဘုံရန်သူ”။ (ကိုယ်တိုင်ရေး)
ဘုန်းဝေလူ - “ပွဲပယ်”။ (ကိုယ်တိုင်ရေး)
(သမိုင်းအက်ဆေး) “ဘလက်ဇူလှိုင်”။ (ရွတ်ဖတ်သူ၊ ပျိုဇန်)
ကိုအောင်မှိုင်း - “အနီထဲက ကြယ်ဖြူပွင့်”။ (ကိုယ်တိုင်ရေး)
Rပြဲ - “မိစ္ဆာကို လိပ်ပြာနှုတ်ပြီး သမိုင်းအံချော်ကို ပြန်တည့်မယ်”။ (ကိုယ်တိုင်ရေး)
အောင်ဝေး - “လေဆန်မြစ်”။ (ကိုယ်တိုင်ရေး)

👍8🔥1😁1
My india အစီအစဉ်
==============
ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာ
-ဂူဂျာရတ်ရှိ Bilmora မှWaghai သို့ ပြေးဆွဲပေးနေသည့် ရထားဖြင့် သဘာဝရဲ့ အကောင်းဆုံးအတွေ့အကြုံကို ခံစားနိုင်တဲ့ ခရီးမြင်ကွင်း
-အိန္ဒိယနိုင်ငံရဲ့ ဂျမ်းမူနဲ့ ကတ်ရှ်မီးယား ဖက်ဒရယ်နယ်မြေက နွေရာသီမြို့တော်ဖြစ်တဲ့ စရီနာဂါမြို့တော်မှာ G 20 ခရီးသွားလုပ်ငန်း အမှုဆောင်အစည်းအဝေးကို ဧည့်ခံကျင်းပမှာဖြစ်သောကြောင့် ပြင်ဆင်မှုတွေ စတင်
-အိန္ဒိယနိုင်ငံမြောက်ပိုင်း Dharamsala တောင်ပေါ်မြို့မှာ နေထိုင်ကြတဲ့ နယ်နှင်ဒဏ်ခံထားရတဲ့ ထောင်ပေါင်းများစွာသော တိဘက်လူမျိုးများက ဘာသာရေးခေါင်းဆောင် Dalai Lama ထံမှာ ပူဇော်ဆုတောင်းဖို့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ စုရုံးခဲ့ကြ
-အိန္ဒိယနိုင်ငံက တိုင်းပြည်ရဲ့ ဂေဟစနစ်ကို မြှင့်တင်ဖို့နဲ့ ပြည်နယ်အသီးသီးတို့မှာ ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေး ကောင်းမွန်စေဖို့ ရည်ရွယ်ကာ ကျားအမ၃ကောင်ကို နေရာရွှေ့ပြောင်းပေးခဲ့
-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။
https://youtu.be/nf3WkX-VkaI
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

-အိန္ဒိယနိုင်ငံရဲ့ ဂျမ်းမူနဲ့ ကတ်ရှ်မီးယား ဖက်ဒရယ်နယ်မြေက နွေရာသီမြို့တော်ဖြစ်တဲ့ စရီနာဂါမြို့တော်မှာ G 20 ခရီးသွားလုပ်ငန်း အမှုဆောင်အစည်းအဝေးကို…

👍9😁3
ပုလဲမြို့ပေါ် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်
👍13🔥3❤1😁1
ပုလဲမြို့ပေါ် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်
=====================
လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ပေါ် တွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေသည့် ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်း ၁ နာရီ အချိန်တွင် လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းတိုးနယား တပ်ဖွဲ့ထံမှ သိရပါသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်မှု ရှိခဲ့တယ်ဟု ချင်းတွင်းတိုးနယားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးက မဇ္ဈိမကို ယခုလိုပြောသည်။
“ ပုလဲမြို့ပေါ်မှာ စစ်အင်အား ၁၀၀ လောက်နဲ့ ရဲစခန်း နှင့် ထွေအုပ်ရုံးတို့မှာ ခွဲပြီးနေကြတာ ဖြစ်ပါတယ်။ လက်နက်ကြီး ၆၀ မမ နှင့် ၉၀ မမ တို့ကို အများဆုံးသုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီ တပ်ဘက်ကလည်း ၆၀ တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပါတယ် ။ ရဲစခန်း နှင့် ထွေအုပ်ရုံး ရှိ အဆောက်အဦတွေ လက်နက်ကြီးထိမှန် ပျက်စီးသွားတာရှိပါတယ်။ စစ်သားထိခိုက်မှု ရှိပေမဲ့ အသေးစိတ် မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
ထိုတိုက်ခိုက်မှုကို ချင်းတွင်းတိုးနယား ၊ ဒေါင်းမင်းတပ်ဖွဲ့ ၊ စွန်ရဲ တပ်ဖွဲ့ နှင့် Brave Eagle Revolution Force တပ်ဖွဲ့ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေး ရဲဘော်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ် က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် လှော်ကား ၊ နွယ်ရှောက် ၊ အင်ကြင်းစု ကျေးရွာများမှ ဒေသခံပြည်သူ ၁,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
“ စစ်ကြောင်းထိုးနေတာကို အခွင့်ကောင်းယူပြီး အင်မထီး ပျူရွာက ပျူစောထီးတွေက နွားလှည်းတွေနဲ့ လှော်ကားကျေးရွာက ပြည်သူပိုင်ပစ္စည်းတွေ ၊ နွားတွေ ၊ ဝက်တွေကို ခိုးယူသွားတယ်။ ရွာက အင်မထီး ပျူရွာနဲ့ နီးတော့ အကြိမ်ကြိမ် လုယက်ခံနေရတယ်” လို့ လှော်ကားဒေသခံ တစ်ဦးက ဆိုသည်။
အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ယခု အချိန်တွင် အင်မထီးပျူရွာကို ရောက်ရှိနေပြီး ယင်းကျေးရွာ နှင့် နီးစပ်သည့် ကျေးရွာများမှာ ယခုအချိန်ထိ နေရပ်ကို မပြန်ရဲသေးဘဲ ရှောင်တိမ်းနေရကြောင်း သိရသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်
#ပုလဲမြို့
#ရဲစခန်း
#ထွေအုပ်ရုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍16❤3🔥1👏1😁1
တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား ၉,၀၀၀ ကျော် ထိုင်းနိုင်ငံ မယ်ဟောင်ဆန်ပြည်နယ်သို့ ထွက်ပြေးခိုလှုံ
=====================
မြန်မာနိုင်ငံတွင်းက စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များ၏ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆန်ပြည်နယ်သို့ မြန်မာနိုင်ငံသား ၉,၀၀၀ ကျော် ထွက်ပြေးခိုလှုံကြောင်း ထိုင်းမီဒီယာက သတင်းဖော်ပြသည်။
ကရင်နီပြည်နယ်၏ တစ်ဖက်တစ်ချက် မယ်ဟောင်ဆန်ပြည်နယ်၏ မယ်ဆာရီအန်း၊ ခွန်ယုအမ်နှင့် မောင်မယ်ဟောင်ဆန်ခရိုင်သုံးခု၌ ခိုလှုံနေသူ မြန်မာဒုက္ခသည် ၉,၀၆၄ ဦး ရှိကြောင်း Thaiger ဝက်ဘ်ဆိုက်က ဇူလိုင် ၂၅ ရက်တွင် ဖော်ပြသည်။
လက်ရှိ၌ ထိုင်းအာဏာပိုင်များသည် ဒုက္ခသည်များကို အကူအညီအချို့ ပေးလျက် ရှိသည်။
နယ်စပ်မြန်မာဘက်တွင် တိုက်ပွဲများ တိုး၍ ဖြစ်ပွားနေခြင်းကြောင့် မယ်ဆာရီအန်းနှင့် ခွန်ယုအမ်ခရိုင်များက နယ်စပ်ဧရိယာများသို့ မသွားလာကြရန် ထိုင်းနိုင်ငံသားများအား ထိုင်းနိုင်ငံရှိ ထိုင်း-မြန်မာ နယ်စပ်ကွပ်ကဲရေးဌာနက ဇွန်လအတွင်းက အကြံပြုထားသည်။
ကရင်နီပြည်နယ်တွင် မြန်မာစစ်ကောင်စီတပ်သည် FTC-200G နှင့် K-8 လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများကို ဆင်နွှဲနေကြောင်း Thaiger သတင်းအရ သိရသည်။
ကရင်နီပြည်နယ်အတွင်း ပဋိပက္ခများကြောင့် အပြစ်မဲ့ပြည်သူများအတွက် ဘေးအန္တရာယ်များ ရှိနေကာ ဒုက္ခသည်အဖြစ် ခိုလှုံရန် ကြိုးစားခြင်းများကြောင့် ထိုင်းဒေသတွင် အာဏာပိုင်များနှင့် လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်းများအတွက် စိန်ခေါ်မှုများ ဖြစ်လျက် ရှိသည်။

😢9👍3🔥3😁1🤬1
ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူရဲ့နောက်ဆက်တွဲ ဂယက် (weekly interview)
=====================
ဂျူချန်း
(မဇ္ဈိမ)။ ။ စစ်ကောင်စီက ကျပ်၂၀,၀၀၀ တန်ငွေစက္ကူကို ဇူလိုင်လ ၃၁ ရက်နေ့မှာ စတင်ထုတ်ဝေမယ်လို့ ကြေငြာခဲ့ပြီးနောက် ကုန်ဈေးနှုန်းတွေနဲ့ ငွေဈေးတွေ ထိုးတက်သွားခဲ့ပါတယ်။
စစ်ကောင်စီက အခုအချိန်မှာ ငွေစက္ကူအသစ်တွေရိုက်ထုတ်တာဟာ ဘဏ္ဍာရေးယိုင်နဲ့နေတာကို ဖော်ပြနေတာဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် မနိုးနိုးထက်စံက ပြောပါတယ်။
နောက်ဆက်တွဲအနေနဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကို အခြေခံလူတန်းစားတွေ အလူးအလဲ ခံစားရမှာဖြစ်သလို ရင်းနှီးမြှပ်နှံသူတွေနဲ့ လူငယ်တွေဟာ ပိုပြီးအကျိုးအမြတ်ရတဲ့ ပြည်ပမှာပဲ သွားရောက်လုပ်ကိုင်ကြမှာဖြစ်တာကြောင့် နိုင်ငံအတွက်ရော
စစ်ကောင်စီအတွက်ပါ လူ့စွမ်းအားအရင်းမြစ်တွေကိုပါ ဆုံးရှုံးနိုင်ဖွယ်ရှိတယ်လို့ ဒေါ်နိုးနိုးထက်စံက ဆိုပါတယ်။
https://youtu.be/nwLLYMa108E
#Weeklyinterview
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ဂျူချန်း
(မဇ္ဈိမ)။ ။ စစ်ကောင်စီက ကျပ်၂၀,၀၀၀ တန်ငွေစက္ကူကို ဇူလိုင်လ ၃၁ ရက်နေ့မှာ စတင်ထုတ်ဝေမယ်လို့ ကြေငြာခဲ့ပြီးနောက် ကုန်ဈေးနှုန်းတွေနဲ့ ငွေဈေးတွေ ထိုးတက်သွားခဲ့ပါတယ်။
စစ်ကောင်စီက အခုအချိန်မှာ ငွေစက္ကူအသစ်တွေရိုက်ထုတ်တာဟာ ဘဏ္ဍာရေးယိုင်နဲ့နေတာကို ဖော်ပြနေတာဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် မနိုးနိုးထက်စံက ပြောပါတယ်။
နောက်ဆက်တွဲအနေနဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကို အခြေခံလူတန်းစားတွေ အလူးအလဲ ခံစားရမှာဖြစ်သလို ရင်းနှီးမြှပ်နှံသူတွေနဲ့ လူငယ်တွေဟာ ပိုပြီးအကျိုးအမြတ်ရတဲ့ ပြည်ပမှာပဲ သွားရောက်လုပ်ကိုင်ကြမှာဖြစ်တာကြောင့် နိုင်ငံအတွက်ရော
စစ်ကောင်စီအတွက်ပါ လူ့စွမ်းအားအရင်းမြစ်တွေကိုပါ ဆုံးရှုံးနိုင်ဖွယ်ရှိတယ်လို့ ဒေါ်နိုးနိုးထက်စံက ဆိုပါတယ်။
https://youtu.be/nwLLYMa108E
#Weeklyinterview
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူရဲ့နောက်ဆက်တွဲ ဂယက် (weekly interview)
ဂျူချန်း (မဇ္ဈိမ)။ ။ စစ်ကောင်စီက ကျပ်၂၀,၀၀၀ တန်ငွေစက္ကူကို ဇူလိုင်လ ၃၁ ရက်နေ့မှာ စတင်ထုတ်ဝေမယ်လို့ ကြေငြာခဲ့ပြီးနောက် ကုန်ဈေးနှုန်းတွေနဲ့ ငွေဈေးတွေ ထိုးတက်သွားခဲ့ပါတယ်။
စစ်ကောင်စီက အခုအချိန်မှာ ငွေစက္ကူအသစ်တွေရိုက်ထုတ်တာဟာ ဘဏ္ဍာရေးယိုင်နဲ့နေတာကို ဖော်ပ…

🍌5👍4❤2😁1
တရုတ်အာရှရေးရာအထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီခေါင်းဆောင်တို့ နေပြည်တော်တွင် တွေ့ဆုံ
=================
001
(မဇ္စျိမ)။ ။ တရုတ်နိုင်ငံရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းနှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ယမန့်နေ့ ဇူလိုင်လ ၂၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။
အဆိုပါ တွေ့ဆုံမှုတွင် မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိသည့်အခြေအနေများကို ဆွေးနွေးခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိမှုများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။
ထို့ပြင် နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ မိုခါမုန်တိုင်းကိစ္စတွင် တရုတ်နိုင်ငံမှ အကူအညီပေးခဲ့သည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ကိစ္စ၊ အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းမှ လိမ်လည်မှုများ လျော့နည်းပပျောက်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စတို့နှင့် ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းအနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သည့်အပြင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဉက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တွေ့ဆုံခဲ့ပြီး ဇူလိုင် ၂၈ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မစ္စတာ တိန့်ရှီကျွင်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းနှင့် ယခု ၂၀၂၃ခုနှစ် မတ်လ ပထမပတ်တို့တွင်လည်း မြန်မာနိုင်ငံသို့လာရောက်ခဲ့ဖူးပြီး ယခုခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့လိုက်ကြောင်း သတင်းထွက်ပေါ်နေချိန်တွင် နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

🤮12💩4👍3👏3😁1
စစ်ကောင်စီတပ်၏ စစ်ကြောင်း သတင်းများ ပေးခြင်းဖြင့် အာဏာရှင်အဆုံးသတ်ရေးတွင် ပါဝင်ရန် တိုက်တွန်း
==================
007
(မဇ္ဈိမ) ။ ။ တော်လှန်ရေးအရှိန်မြှင့်နေချိန် စစ်ကောင်စီတပ်၏ စစ်ကြောင်းလှုပ်ရှားမှု သတင်းများပေးခြင်းဖြင့် စစ်အာဏာရှင် ဖြုတ်ချရေး တော်လှန်ရေးတွင် ဆက်လက်ပူးပေါင်းပါဝင်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းပြောဆိုသည်။
နွေဦးတော်လှန်ရေး အမြန်ဆုံး ပြီးမြောက်စေရန်အတွက် ထိုသို့သတင်းများပေးပို့ခြင်းဖြင့် ကူညီကြရန် စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Shwebo Justice Force)တာ၀န်ရှိသူက မဇ္ဈိမကို ပြောသည်။
“အများကြီး မတောင်းဆိုပါဘူး။ ပြည်သူတွေအနေနဲ့၊ လက်ရှိတော်လှန်ရေးကာလမှာ အဆင်ပြေသလိုနေကြပါ။ ကိုယ့်အတွက် ဘာဒုက္ခမှ မဖြစ်စေတဲ့ ကိစ္စလေးတွေကိုတော့ ပူးပေါင်းပေးကြပါလို့ တောင်းဆိုပါရစေ။ အဲဒါဘာလဲဆိုတော့ စစ်ကောင်စီရဲ့တပ်လှုပ် သတင်းတွေကို Page Messenger ကိုပို့ပေးဖို့ပါ။ အဲဒါလေးအကူအညီတောင်းဆိုချင်တာပါ” ဟု Shwebo Justice Force တာ၀န်ရှိသူက ပြောသည်။
သတင်းပေးပို့ခြင်းအားဖြင့် စစ်ကြောင်းဝင်ရောက်နိုင်သည့် ကျေးရွာမှ ဒေသခံများ ကြိုတင်ရှောင်တိမ်းနိုင်မည့် အခွင့်အလမ်းများ ရနိုင်မည်ဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့များအတွက်လည်း စစ်နည်းဗျူဟာကြိုတင်တွက်ချက်နိုင်ခြင်းကြောင့် စစ်ရေးတွင်အသာစီးရရှိနိုင်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
လက်နက်ကိုင် တော်လှန်ရေးအားကောင်းသော စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအပါအဝင် တိုက်ပွဲဖြစ်ပွားရာ နေရာများတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းနှင့် စာသင်ကျောင်းများနှင့် ကျေးရွာများအပေါ် ရုတ်တရက် လေကြောင်း တိုက်ခိုက်မှုများ ကို ပြုလုပ်နေသည်။
မန္တလေးတိုင်းအခြေစိုက် မြနန္ဒာစစ်ဆင်ရေး(မန္တလေး)မှ တာ၀န်ရှိသူတစ်ဦးကမူ စစ်ကောင်စီတပ်၏ မြေပြင်တပ်လှုပ်ရှားမှုနှင့် လေကြောင်း သတင်းများကို ပေးပို့ကြရန် တိုက်တွန်းသည်။
“သတင်းတစ်ခုစီတိုင်းက ရန်သူရဲ့ လှုပ်ရှားမှုကိုသိနိုင်ပြီး ဗျူဟာရေးဆွဲရာမှာ အများကြီး အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။ ထိရောက်တဲ့သတင်းတွေက စစ်ရေးမှာ အသာစီးရစေပါတယ်။ မန္တလေး၊ မတ္တရာ၊ စဉ့်ကူး အစရှိတဲ့မြို့တွေက စကစရဲ့ ရေကြောင်း လေကြောင်းနဲ့ မြေပြင်လှုပ်ရှားမှု တွေကို သတင်းပေးပို့ပြီး တော်လှန်ရေးမှာပါ၀င်ပေးကြပါလို့ တောင်းဆိုပါရစေ” ဟု မန္တလေးတိုင်းအခြေစိုက် မြနန္ဒာစစ်ဆင်ရေး(မန္တလေး)၏ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
ဇူလိုင်လ ၂၆ ရက်နေ့က၊ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်သွားသော စစ်ကောင်စီတပ်၏ သင်္ဘော ကိုးစီးသည် မြစ်ကမ်းဘေးတစ်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဦးတည်ရာမဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာနေ ဒေသခံအချို့ ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားများ လက်နက်ခိုင်ခုခံသော တော်လှန်တိုက်ပွဲများ ပြင်းထန်နေပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်း စစ်တပ်ကို ဖြုတ်ချရေးနှင့် အာဏာရှင် အဆုံးသတ်ရေး ကြိုးပမ်းနေကြသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#သတင်းပေးကြရန်
#တော်လှန်ရေး
#ခုခံတိုက်ပွဲ

👍17👏4❤2😁2👎1
အာဏာရှင်အသက်သွင်းတဲ့ ကျွန်စနစ် သို့မဟုတ် ပိုဆိုးလာတဲ့လူကုန်ကူးမှုများ
=====================
မောင်ကြီး
ကွန်ပြူတာဖန်သားပြင်မှာ တိုက်ရိုက်စကားပြောနေရတဲ့ နိုင်ငံခြားသားတယောက်ကို လိင်စိတ် နိုးကြွလာအောင် မဖွယ်မရာပုံတွေပြခဲ့ရတဲ့ အတိတ်ကာလလုပ်ငန်းခွင်နဲ့ ညှဥ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေဟာ သူ့စိတ်ကို ထမင်းလုံးတစ္ဆေခြောက်သလို ခြောက်လှန့်နေတယ်လို့ အညာသူမိန်းမပျိုက ရင်ဖွင့်ပါတယ်။ သူတို့ခိုင်းတဲ့အတိုင်းမလုပ်ရင် သာမန်မ ဟုတ်တဲ့ ပြစ်ဒဏ်တွေပေးပြီး ဓားမိုးမိုး ခြိမ်းခြောက်ခံခဲ့ရတဲ့ ဟီရိသြတပ္ပတရား ကင်းမဲ့လွန်းတဲ့ အဲဒီလိုလုပ်ငန်းခွင်မျိုးကို အင်မတန် ကြောက်ရွံ့လှပါပြီလို့ မိန်းမပျိုက ပြောပြပါတယ်။
မျက်ခုံးမျက်လုံးကောင်းကောင်းနဲ့ အညာသူပီပီ ညိုချောချောတဲ့ အဲဒီမိန်းမပျိုဟာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ကျေးရွာတရွာမှာ နေထိုင်သူပါ။ အသက် ၂ဝ ကျော်အရွယ် ဘွဲ့ရပညာတတ် အညာသူမလေးတဦးပါ။ တရွာလုံးက သူ့ကို လုံမလေးလို့ ခေါ်ကြပါတယ်။
သူက ဖေနဲ့ မေလို့ အဖျားဆွတ်ခေါ်တဲ့ သူ့အဖေ၊ အမေနဲ့အတူ ရွာမှာနေပါတယ်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ လူထုခုခံတော်လှန်စစ်မှာ ရွှေဘိုသားတွေ ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ ပါဝင်လာကြတဲ့အခါ စစ်တိုင်းတိုင်းထဲကတခြားမြို့နယ်တွေလိုပဲ ရွှေဘိုမြို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ လုံမလေးတို့ရဲ့ ယာခင်းအပါအဝင် ရွာပတ်ချာလည်ဟာ မီးထဲ ပါသွားခဲ့ပါတယ်။မိသားစုပိုင်ယာခင်း မီးတိုက်ခံရပြီးနောက်မှာတော့ အလုပ်ရော ဝင်ငွေပါ မရှိတော့တဲ့အခါ အခြားမြို့တမြို့မှာ အလုပ်သွားလုပ်ဖို့ လုံမလေး ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့်ပဲ သူလူကုန်ကူးခံလိုက်ရပြီး ဇာတိမြေရဲ့ အဝေးတနေရာက ငရဲခန်းထဲ ရောက်သွားပါတော့တယ်။
-အပစ်ပယ်ခံဘဝ
"ညီမတို့အတွက်က အိပ်မက်ဆိုးတခုလိုပဲ။ တချို့ဆို မသေရုံအသက်လေးတွေနဲ့ ပြန်ခဲ့ကြရတယ်"
'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသက အုပ်စုဖွဲ့ ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတခုမှာ ရောင်းစားခံရပြီးတဲ့နောက် လေးလကြာ ရင်ဆိုင်ခဲ့ရတဲ့ ငရဲခန်းအတွေ့အကြုံရဲ့ နာကျင်မှုကို လုံမလေးက ရင်ဖွင့်တာပါ။ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ရွှေဘိုမြို့မှာ စစ်ကောင်စီရန်ကြောင့် လုံခြုံမှုမရှိတော့လို့ ရွာကိုစွန့်ခွာခဲ့တဲ့ အညာသူ မိန်းမပျိုတယောက်ရဲ့ ကြမ်းတမ်းလွန်းလှတဲ့ ခရောင်းလမ်းလို့ဆိုရင် မှားမယ်မထင်ပါဘူး။
လုံမလေးဟာ ၂၀၂၃ နှစ်စပိုင်းမှာ ရွာကနေထွက်ပြီး အလုပ်ရှာနေတုန်း အသိတယောက်က ချိတ်ဆက်ပေးတဲ့ လူတချို့နဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ ကွန်ပြူတာနဲ့ အင်္ဂလိပ်ဘာသာစကား အခြေခံရရင် လစာကောင်းကောင်းရမယ်လို့ ပြောတာကြောင့် ရုံးအလုပ်ထင်ပြီး လက်ခံခဲ့ပါတယ်။ဇာတိရွာကနေ ရှမ်းပြည် နယ်မြောက်ပိုင်း လားရှိုးမြို့အထိ ကိုယ့်စားရိတ်နဲ့ကိုယ် ထွက်လာခဲ့ပါတယ်။ လားရှိုးမြို့ကိုရောက်တဲ့အခါ အလုပ်ချိတ်ဆက်ပေးသူက 'ဝ' ဒေသ၊ ပန်ဆန်းမြို့ကို ပို့ပါတယ်။ ပန်ဆန်းမြို့ရောက်လို့ အလုပ်ဝင်ရတဲ့အခါကျမှ သူတို့ရောက်နေတဲ့နေရာဟာ ကျားဖြန့်လို့ နာမည်ကြီးနေတဲ့ အင်တာနက်ကနေ ငွေလိမ်နေတဲ့ဂိုဏ်းတခုရဲ့ အဆောက်အဦးထဲကို ရောက်နေတယ်ဆိုတာ သိလိုက်ရတာပါ။ အခြေအနေကို သံသ ယရှိလို့ စကားပြန်ကတဆင့် မေးတဲ့အခါမှပဲ ရောင်း စားခံရမှန်း သိခဲ့ရတော့တာပါပဲ။
"နင်တို့ကို တရုတ်ငွေ ၃၀,၀၀၀ နဲ့ဝယ်ထားတာ။ နင်တို့ အလုပ်ကောင်းကောင်းလုပ်ကြလို့ တရုတ်တယောက်က စကားပြန်နဲ့ပြောတယ်။ အဲ့ကျမှ လူကုန် ကူးခံရတာသိတာ" လို့ လုံမလေးကပြောပါတယ်။
သူအပါအဝင် မြန်မာမိန်းကလေးနဲ့ ယောက်ျားလေး စုစုပေါင်း ၁၂ ဉီး တပြိုက်နက် ရောင်းစားခံခဲ့ရတာပါ။ ယွမ်ငွေ ၃၀,၀၀၀ဆိုတာ အဲဒီအချိန်က မြန်မာငွေ ကျပ် သိန်း ၁၂ဝ လောက် ပေါက်ပါတယ်။ လူကုန်ကူးတဲ့သူက တကြိမ်တည်းနဲ့ ကျပ် သိန်းထောင်ချီယူ သွားပြီး စုပ်စမြုပ်စ ပျောက်သွားပါတယ်။ လုံမလေးတို့တသိုက်ကတော့ အဲဒီအချိန်ကစပြီး တရုတ်နိုင်ငံသားတွေ ရာချီရှ်ိနေတဲ့ အခန်းကျယ်ကြီးထဲမှာ လုံခြုံရေးအစောင့်အထပ်ထပ်နဲ့ ပိတ်ခံလိုက်ရပါတော့တယ်။
လုံမလေးတို့ဟာ အင်တာနက်ကတဆင့် သားကောင်ရှာရပါတယ်။ အကောင့်အတုတွေသုံးပြီး အနောက် နိုင်ငံတွေက အမျိုးသားတွေ၊ အမျိုးသမီးတွေကို စည်းရုံးရေးဆင်းကြရတယ်။ တဘက်က လိင်မှုကိစ္စ တောင်းဆိုလာရင် တရုတ်တွေက သူတို့ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေကို ပို့ခိုင်းတယ်။ လိင်ကိစ္စ အသားပေးပြောပြီး စည်းရုံးကြရတယ်။ တနေ့ကို သားကောင်ငါးယောက်ရအောင် ရှာရတယ်။ မရရင် နေပူထဲလှန်းတယ်။ ထိုင်ထ အခါ ၄၀၀ ကနေ ၁,၀၀၀ အထိ လုပ်ကြရတယ်။ အေးပြီး နံစော်နေတဲ့ အမှောင်ခန်းထဲ ပိတ်ထားတယ်။ လုံမလေးကိုယ်တိုင် အမှောင်ခန်းထဲမှာ နှစ်ရက် အချုပ်ခံရတယ်လို့ ပြောပါတယ်။

🤬11👍9🔥3👎1
ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာ ၃၀ ကျော်အား စစ်ကောင်စီက လျှပ်စစ်မီးဖြတ်
====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ကျောက်တံခါးမြို့နယ် ၊ ကျေးရွာအုပ်စု ခြောက်စုရှိ ကျေးရွာ ၃၁ ရွာအား စစ်ကောင်စီက ဇူလိုင်လ ၂၇ ရက်နေ့ နေ့လယ် ၁၂နာရီ ၃၀ မိနစ်ခန့်မှစတင်၍ လျှပ်စစ်မီးဖြတ်တောက်ထားကြောင်း ဒေသခံက မဇ္ဈိမကိုပြောသည်။
ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာအုပ်စုများဖြစ်သော ကညင်ကျိုး၊ တောင်ခင်၊ သမင်အင်းကုန်း၊ ဗောဓိကွင်း၊ နံဇနှင့် လက်ခံကျေးရွာအုပ်စုများရှိ ကျေးရွာများ လျှပ်စစ်မီးဖြတ်တောက်ခံထားရသည်။
" ဒီရွာတွေအကုန်လုံးက စစ်ဘေးသင့် စစ်ရှောင်ရွာတွေပါ။ ရွာလုံးကျွတ်ပြေးတာလည်း ရှိတယ်။ စစ်ကြောင်းမရှိရင် ရွာထဲပြန်ဝင်ကြတဲ့ရွာတွေလည်း ရှိတယ်။ အဓိက မီးဖြတ်တာကတော့ ညဘက်တွေ သူတို့(စစ်ကောင်စီတပ်သားများ) ရွာတွေထဲကဖြတ်ပြီးဝင်ထွက်ချင်တာလည်းရှိတယ်။ နောက်တစ်ခုကတော့ ရွာခံတွေနဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေကြား သတင်းအချက်အလတ်ဖြတ်တောက်ချင်တာလည်းဖြစ်မယ်လို့ ယူဆပါတယ်” ဟု ကျောက်တံခါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။
နံဇကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား ဇူလိုင်လ ၁၉ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိနာကာ ကျောက်တံခါးမြို့ပေါ်သို့ တပ်ပြန်ဆုတ်သွားခဲ့ကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိုဖြစ်ရပ်အပြီးတွင် စစ်ကောင်စီတပ်သည် ကျောက်တံခါးမြို့ပေါ် အရှေ့ဘက်ခြမ်းရှိကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ လျှပ်စစ်မီးပါဖြတ်တောက်လိုက်ခြင်းဖြစ်သည်ဟု ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
"မနေ့ညကတော့ ပစ်ခတ်မှုမရှိဘူး။ နေ့ပိုင်းမှာတော့ ပစ်ခတ်မှုရှိတယ်။ ၂၅ ရက်နေ့တိုက်ပွဲပြီးတော့ သူတို့ဘက်က ကျဆုံးများတဲ့အတွက် အလောင်းတွေသယ်ပြီး မြို့ပေါ်ပြန်တက်သွားတယ်။ အဲ့နောက်ပိုင်းမှ လုံးဝမလာတော့ဘူး လက်နက်ကြီးနဲ့ပဲရမ်းပစ်နေတာ။ ခုတော့မီးဖြတ်ထားတာပေါ့။ ဒီမနက်မှာတော့ သူဌေးကုန်းဘက်က စစ်ကောင်စီတပ်သားတွေ တောင်ခင်လမ်းဘက်ပြန်ထွက်လာပြီ” ဟု ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
ကျောက်တံခါးမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလပ်နေ၍ မြို့အရှေ့ဘက်ခြမ်းမှ ဒေသခံ ပြည်သူ ၈,၀၀၀ သည် စစ်ရှောင်နေရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကျောက်တံခါးမြို့နယ်
#လျှပ်စစ်မီးဖြတ်

🤬13👍7🔥2😁1
မုပ္ပလင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ ထိခိုက်သေဆုံးမှုရှိ
===================
YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်စခန်းအား ယမန်နေ့ ဇူလိုင်လ ၂၈ရက် မွန်းလွဲ ၁နာရီအချိန်ခန့်တွင် တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ (၁) သတင်းရင်းမြစ်ထံက သိရသည်။
"မုပ္ပလင်လမ်းဆုံဂိတ်ကို ကျွန်တော်တို့ဘက်ကနေ စပြီးတော့ RPG၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ သွားပစ်တာပေါ့၊ အဲ့ဒီမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်၊ ၁၅ မိနစ်လောက်တော့ ရှိမယ်" ဟု တပ်မဟာ (၁) မှ သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမသို့ပြောသည်။
မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်အား တပ်မဟာ (၁) KNLA၊ ကျောင်းသားတပ်မတော်( ABSDF)၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း မုပ္ပလင်လမ်းဆုံ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်ဘက်မှလည်း ၆၀မမ၊ ၈၁ မမ ကဲ့သို့သော လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
"ကျွန်တော်တို့ဘက်က နှစ်ဦး မစိုးရိမ်ရဒဏ်ရာ ရပါတယ်၊ ဆေးကုသမှု ခံယူပြီး အခြေအနေကောင်းပါတယ်။ သူတို့ဘက်က ခုနစ်ယောက်ထက်မနည်း ကျတယ်၊ ခုနစ်ယောက်ဒဏ်ရာရထားတယ်၊ သူတို့ဘက်က ဒဏ်ရာရတဲ့သူတွေ၊ သေဆုံးတွေကို အိမ်စီးကားတွေနဲ့ သယ်ထုတ်သွားတယ်၊ ဒါကတော့ မျက်မြင်တွေ့သူတွေဆီကနေ သိရတာပေါ့" ဟု ABSDF သထုံခရိုင်အလုပ်အဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါ တိုက်ပွဲအပြီး မုပ္ပလင်လမ်းဆုံးရှိ စစ်ကောင်စီတပ်ဖွဲ့၏ ဂိတ်စခန်းမှ ပျဉ်းကတိုးကုန်းကျေးရွာ၊ မုပ္ပလင်ကျေးရွာနှင့် အင်္ဂဘိုကျေးရွာများဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်ရင်း၊ တပ်စခန်း၊ စစ်ဆေးရေးဂိတ်တို့အား တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ကလည်း မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်အား တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး နေရာ၌ပင် သေဆုံးခဲ့ကြောင်း KRF ထံက သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#မုပ္ပလင်စစ်ဆေးရေးဂိတ်
#တိုက်ခိုက်မှု

👍12👏5😁2