Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကပ်ရောဂါကာလအလွန် စီးပွားရေး ပြန်လည် နာလန်ထမှု အားနည်းသည့် တရုတ်ထက် အိန္ဒိယ၏ အလားအလာ ကို IMF က ပိုမို မျှော်လင့်
====================

ANI
အိန္ဒိယ စီးပွားရေးအခြေအနေသည် ပိုမိုကောင်းမွန်လာဖွယ်ရှိကြောင်း ကမ္ဘာ့စီးပွားရေး တိုးတက်မှု အနည်းငယ် မြင့်တက်လာသည့်အချက်ကို ကိုးကား၍ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ထုတ်ပြန်လိုက်ပြီး ကပ်ရောဂါကာလအလွန်တွင် တရုတ် ပြန်လည်နာလန်ထမှုမှာ နှေးကွေးသွားကြောင်း သတိပေးလိုက်သည်ဟု Nikkei Asia က ဖော်ပြသည်။

IMF ၏ ဇူလိုင် အတွက် ကမ္ဘာ့စီးပွားရေးမျှော်မှန်းချက် အရ အိန္ဒိယသည် ယခုနှစ်တွင် စီးပွားရေး တိုးတက်မှု ၆ ဒသမ ၁ ရာခိုင်နှုန်း ဖြင့် ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးဖြစ်နေဆဲဖြစ်ပြီး ဧပြီလ ခန့်မှန်းချက်မှ ၀ ဒသမ၂ ရာခိုင်နှုန်း အထိ တိုးလာသည်။

ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ ၆ ပုံ ၁ ပုံခန့်ကို အိန္ဒိယက ပံ့ပိုးပေးမည် ဟု IMF က ခန့်မှန်းထားသည်။ ခိုင်မာသော ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမှ ၂၀၂၂ အထိ မျှော်မှန်းထားသည်ထက် ပိုမိုအားကောင်းလာကြောင်း Nikkei Asia က ဇူလိုင် ၂၅ တွင် ထုတ်ပြန်သည်။

တရုတ်သည် ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ဒုတိယအတိုးတက်ဆုံး အဖြစ် ၅ ဒသမ ၂ ရာခိုင်နှုန်း ရှိလာမည် ဖြစ်သော်လည်း ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် နာလန်ထမှု နှေးကွေးနေကြောင်း IMF က ဖော်ပြသည်။

IMF က ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုနှုန်း ကို ၃ ရာခိုင်နှုန်း မျှော်မှန်းခဲ့ရာတွင် ဧပြီ မှ စ၍ ၀ ဒသမ ၂ ရာခိုင်နှုန်း အထိ တက်လာသော်လည်း ၂၀၂၂ ခုနှစ်တွင် မှတ်တမ်းတင်ထားသည့် ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်မှုထက် လျော့နည်းနေသေးသည်။

IMF က စွန့်စားရမှုများကြောင်း အသိအမှတ်ပြုထားသော အိမ်ခြံမြေလုပ်ငန်းကို ကူညီပေးရန် တရုတ်ပေါ်လစ်ဗျူရိုက အရိပ်အမြွက်ပြောပြီး နောက်တစ်နေ့တွင် ယခုကဲ့သို့ သတင်းအချက်အလက် များ ထွက်ပေါ်လာခြင်းဖြစ်သည်။ "တရုတ်က စီးပွားရေးပြန်ဖွင့်ပြီးနောက် ပြန်လည်နာလန်ထူလာမှု နှေးကွေးသွားတဲ့ အရိပ်အယောင်တွေ ပြသနေပြီး အိမ်ခြံမြေကဏ္ဍနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်တယ်” ဟု IMF မှ စီးပွားရေးပညာရှင် ပီးယား အိုလီဗီယား ဂူရင်းချက်စ် က ပြောကြားသည်။

အိမ်ခြံမြေပြဿနာများအပြင် ကမ္ဘာ့စီးပွားရေး နှေးကွေးခြင်းကြောင့် တရုတ်ကုန်ပစ္စည်းဝယ်လိုအား လျော့နည်းလာ၍ တိုးတက်မှု အလားအလာကို ပိုမိုကျဆင်းစေသည်။

"အထူးသဖြင့် ကြိုတင်ရောင်းချထားတဲ့ အိမ်ခြံမြေတွေကို မိသားစုတွေကို ပေးအပ်လိုက်တာက သူတို့ကို ပိုပြီး ပံ့ပိုးကူညီ ရာ ရောက်တယ်။ အဲ့လိုလုပ်တာက အမှန်တကယ်ယုံကြည်မှုတွေကို မြှင့်တင်နိုင်ပြီး ပြည်သူတွေရဲ့ သုံးစွဲမှုတွေကို ပိုမိုအားကောင်းစေလာမယ်။ ဒေသတွင်း အတွက် အပြုသဘောဆောင်တဲ့ သက်ရောက်မှု တွေ အမှန်တကယ်ဖြစ်လာနိုင်တယ်" ဟု IMF သုတေသန ဌာနမှ လေ့ဖ် က ပြောသည်။

အဆင့်မြင့် စီးပွားရေး ကဏ္ဍများ တိုးတက်မှု နှေးကွေးနေသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုအတွက် ယခုနှစ်အတွင်း အထူးသဖြင့် အာရှရှိ ထွန်းသစ်စနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် မောင်းနှင်အား ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း IMF က ဖော်ပြခဲ့သည်။

IMF သည် ယခုနှစ် အာရှတွင် ထွန်းသစ်စနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေး တိုးနှုန်း ၅ ဒသမ ၃ ရာခိုင်နှုန်း တိုးလာရန် လျာထားပြီး ၂၀၂၂ ခုနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက အာဆီယံ ၅ နိုင်ငံ ဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းတို့ သည် ၄ ဒသမ ၆ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားသည်။

ထို့အတူ အမေရိကန်သည် ၂၀၂၂ ခုနှစ်တွင် ၂ ဒသမ ၁ ရာခိုင်နှုန်းမှ ယခုနှစ်တွင် ၁ ဒသမ ၈ ရာခိုင်နှုန်း တိုးလာမည်ဟု မျှော်လင့်ရပြီး အီးယူ နိုင်ငံများ သည် ၂၀၂၂ ခုနှစ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ယခုနှစ်တွင် ၀ ဒသမ ၉ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားမည်ဖြစ်သည်။ ဂျပန်နိုင်ငံသည် ယခုနှစ်တွင် ၁ ဒသမ ၄ ရာခိုင်နှုန်း တိုးလာရန် မျှော်မှန်းထားပြီး ၎င်းသည် ၂၀၂၃ တွင် အဆင့်မြင့် စီးပွားရေး ကဏ္ဍများထဲမှ တစ်ခု တိုးတက်လာနိုင်မည် ဟု မျှော်လင့်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုဗစ် - ၁၉ ကျန်းမာရေး အရေးပေါ်အခြေအနေ ပြီးဆုံးသွားပြီဟု ကြေညာထားပြီး စီးပွားရေးလုပ်ငန်းများသည် ခန့်မှန်းထားသည်ထက် ပိုမိုကောင်းမွန်လာ၍ အမေရိကန်နှင့် ဆွစ်ဇာလန် တွင် အလျှင်အမြန် ကြိုးစား လုပ်ဆောင်မှုကြောင့် ဘဏ်လုပ်ငန်း အကျပ်အတည်း အပေါ် စိုးရိမ်မှုများ လျော့ကျသွားခဲ့ ကြောင်း IMF က ဧပြီ တွင် ထုတ်ပြန်သည်။

"ဒါပေမယ့် ယခင် စံနှုန်း တွေ အရဆိုရင် တိုးတက်မှုနှုန်းက နိမ့်ကျနေသေးတယ်။ အချို့ ဆိုးရွားတဲ့ စွန့်စားရမှု အန္တရာယ် တွေက နေ အတိုင်းအတာတစ်ခုအထိ လျော့ကျသွားပေမယ့် အကျဘက်ကို ဟန်ချက်က စောင်းနေသေးပြီး ဂုဏ်ပြုရန် စောလွန်းသေးတယ်" ဟု ဂူရင်းချက်စ် က ပြောကြားခဲ့သည်။
👍5🔥1
Media is too big
VIEW IN TELEGRAM
👉 သူမရဲ့ ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ထုတ်ပြလာတဲ့ ကိုရီးယားမင်းသမီး Uhm Jung-hwa

Full Video Link - https://youtu.be/rNbypy9X6qE

#entertainmentnews
#celecity #mizzimaplus
#internationalnews #reels #shorts
👍4🍌1
​​ရေစကြိုမှာ လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်
=====================

MTO
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ ရေယာဉ်တန်းကို လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ဆိုသည်။

“ တပ်မ (၁၀၁)က စစ်သားတွေနဲ့ ဆင်ချောင်းက ပျူတွေ အင်အား ၂၀ လောက်နဲ့ စစ်သင်္ဘော ငါးစီးကို ကာဗာပေးပြီး အပြန်မှာ ငါးလုံးတွဲမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ နှစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာ ရတယ်လို့ သိရတယ်” ဟု ရေစကြို ပကဖ မှ တာဝန်ရှိသူက ပြောသည်

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့သည် ပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ များဘက်တွင် အထိအခိုက်မရှိကြောင်း ရေစကြို ပကဖ ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဒဏ်ရာရရှိသည့် ၎င်းတို့၏တပ်ဖွဲ့ဝင်များအား ဆင်ချောင်းကျေးရွာအတွင်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ စစ်ရေယာဥ် ငါးစီးသည် ပခုက္ကူမြို့မှ ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီးနောက် ချင်းတွင်းမြစ်အတွင်းသို့ ဝင်ရောက်ကာ အထက်သို့ ဆန်တက်လာနေခြင်းဖြစ်ကြောင်း ရေစကြို ပြည်သူ ကာကွယ်ရေးတပ်ဖွဲ့ က ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့ကလည်း ရေစကြိုမြို့နယ်ရှိ ရှင်မတောင် တောင်ပေါ်တပ်စခန်းသို့ ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် သုံးဦးသေဆုံးသွားကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)
ဓါတ်ပုံ - Wetlet Information Network
ချင်းတွင်းမြစ်အတွင်းသွားလာနေသည့် စစ်ရေယာဉ်တန်းကိုတွေ့ ရစဉ်

ပုံဟောင်း
#mizzima
#ရေစကြိုမြို့နယ်
#ချင်းတွင်းမြစ်
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤7👏3😁2
​​ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဉ်းများအားလုံး လွတ်မြောက်ရန်နှင့် တိုင်းရင်းသားရေးရာကော်မတီ တိုးချဲ့ဖွဲ့စည်းရန် NLD လုပ်ဆောင်မည်
========================

မဇ္ဈိမ
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးကျဉ်းသားများအားလုံး အမြန်လွတ်မြောက်ရန် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ကြိုးပမ်းမည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။

ဇူလိုင် ၂၉ ရက် နံနက် ၉ နာရီတွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီ၏ ကြားကာလ ဒုတိယအကြိမ် အစည်းအဝေးကို Zoom မှတစ်ဆင့်ကျင်းပရာ ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်တစ်စုက တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အဓမ္မအာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချန်လှပ်ထား၍မရနိုင်သည့် အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု အလေးအနက် ယုံကြည်သဖြင့် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဟု NLD ဗဟိုအလုပ် ကော်မတီက ထုတ်ပြန်သည်။

ထို့ပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရာတွင် တိုင်းရင်းသားများနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုင်းရင်းသားရေးရာ ကော်မတီကို အင်အားတိုးချဲ့ဖွဲ့စည်းရန် စသည့်အချက်များ အပါအဝင် ဆုံးဖြတ်ချက် ခုနစ်ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

ဗဟိုအလုပ်ကော်မတီ အစည်းအဝေးကို NLD သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဗဟိုကော်မတီဝင် ၄၄ ဦး၊ အရံဗဟိုကော်မတီဝင် ၁၀ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင် ၂၀ ဦး၊ ဗဟိုရေးရာကော်မတီများမှ ၁၈ ဦး စုစုပေါင်း ၉၂ ဦး တက်ရောက်ခဲ့သည်ဟု NLD က ထုတ်ပြန်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဗဟိုအလုပ်ကော်မတီ
#အစည်းအဝေး
#NLD
#တိုင်းရင်းသား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤4🔥1
This media is not supported in your browser
VIEW IN TELEGRAM
👉 အနုပညာသာမက စီးပွားရေးမှာပါ အောင်မြင်မှု ရရှိလာတဲ့ အဆိုတော် Selena Gomez

Full Video Link - https://youtu.be/rNbypy9X6qE

#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
👍2🍌1
ကနီမြို့နယ် စစ်ရှောင် ကလေးငယ် အချို့ဖျားနာပြီး ဆေးဝါးလိုအပ်နေ
🔥5💊4😢1
ကနီမြို့နယ် စစ်ရှောင် ကလေးငယ် အချို့ဖျားနာပြီး ဆေးဝါးလိုအပ်နေ
====================

KMN
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တွင် စစ်ကောင်စီ စစ်ကြောင်းများကြောင့် တိမ်းရှောင်နေရသည့် ကလေးငယ် အချို့ဖျားနာပြီး ဆေးဝါးလိုအပ်နေကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစု ဦးဆောင်သူက ပြောကြားသည်။

"ကလေးတွေမှာဖျားနာတာ အဖြစ်များတယ်။ အဓိကတော့ ဆေးဝါးလိုတယ် ။ ဘယ်အဖွဲ့က ဘာထောက်ပံ့ထားလို့ လုပ်နေတာမဟုတ်ပါဘူး။ ဟိုအလှူရှင် ဒီအလှူရှင်က နည်းနည်းစီ လှူတာလေးတွေ ဆေးဝယ် စုဆောင်းပြီးမှ ဆေးဝါးဝယ်ပြီး ကိုယ်တိုင်ပဲ ရပ်တည်နေကြတာ" ဟု ကနီမြို့နယ်သပိတ်အင်အားစု ဦးဆောင်သူက မဇ္ဈိမကို ပြောသည်။

စစ်ဘေးရှောင်များသည် ရာသီအကူးအပြောင်းကြောင့် နှာစေးဖျားနာခြင်း၊ ယားနားပေါက်ခြင်းများ ဖြစ်နေကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၂၉ရက်တွင် စစ်ရှောင် ၆၃ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ရာမှ ကလေးငယ်များ ဖျားနာနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့တွင် ကနီမြို့နယ် တောတွင်းတစ်နေရာ စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်ပြည်သူ ၈၆ ဦးအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်ခဲ့ကြောင်း
ကနီမြို့နယ် သပိတ်အင်အားစု ဦးဆောင်သူက ပြောကြားသည်။

ဓာတ်ပုံ - ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု(ပေးပို့)
(ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသည့် ကနီမြို့နယ်စစ်ရှောင်များ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9👍3🔥2💊2
အနုပညာသာမက စီးပွားရေးမှာပါ အောင်မြင်မှု ရရှိလာတဲ့ Selena Gomez | Cele City - Episode 29
====================

🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..

ဒီအပတ်မှာဆိုရင်

👉 Spice Girls အဖွဲ့နှစ် ၃၀ ပြည့်ပွဲမှာ ပြန်လည် ပါဝင်လာမယ့် Victoria Beckham

👉 - K pop လို့အမည်ပေးထားတဲ့ Travis scott ရဲ့ new collaboration သီချင်း

👉 ဘယ်ဘက်လက်သန်းကြွယ်မှာ လက်စွပ်၀တ်ထားကြောင့်စေ့စပ်လိုက်တာလားဆိုပြီး မေးခွန်ထုတ်ခံလိုက်ရတဲ့ ထိုင်းမင်းသမီး Mai Davika


အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

https://www.youtube.com/watch?v=rNbypy9X6qE

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍5🍌1
​​ဆက်ဆံရေး မြှင့်တင်ရန် ဗီယက်နမ်က တွေ့ဆုံလိုဟု ဂျိုးဘိုင်ဒင် ပြော
====================

အမေရိကန်-ဗီယက်နမ် ဆက်ဆံရေး မြှင့်တင်နိုင်ရေး ဆွေးနွေးရန်အတွက် နယူးဒေလီတွင် စက်တင်ဘာလ၌ ကျင်းပမည်ဖြစ်သော ဂျီ ၂၀ အစည်းအဝေး၌ ဆွေးနွေးပြောဆိုရန် ဗီယက်နမ်ခေါင်းဆောင်က တွေ့ဆုံချင်နေသည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဇူလိုင် ၂၈ ရက်တွင် ပြောသည်။

“ဗီယက်နမ်အကြီးအကဲဆီက ကျွန်တော်ဆီ ဖုန်းခေါ်ဆိုပါတယ်၊ ဂျီ ၂၀ ကို ကျွန်တော် တက်ရောက်တဲ့အခါ သူက ကျွန်တော်နဲ့ တော်တော်လေး တွေ့ဆုံချင်နေတယ်၊ ရုရှနဲ့ တရုတ်တို့နဲ့အတူ ကျွန်တော်တို့ကိုလည်း အဓိကမိတ်ဖက်အဖြစ် ဆက်ဆံရေးမြှင့်တင်ဖို့ သူက လိုလားနေတယ်”ဟု မိန်းပြည်နယ် ဖရီးပို့၌ ၂၀၂၄ ရွေးကောက်ပွဲ ပြန်လည်အရွေးခံရရေး စည်းရုံးလှုံ့ဆော်မှုအတွက် အလှူရှင် ဒါဇင်များစွာကို ဘိုင်ဒင်က ပြောခြင်း ဖြစ်သည်။

ငါတကောကောနေသော တရုတ်အား တန်ပြန်ရန် အာရှ၌ မိတ်ဖက်များနှင့် ခိုင်မြဲသော ဆက်ဆံရေးအတွက် အမေရိကန်က ကြိုးပမ်းနေချိန်၌ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင်းနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကင်တို့ ဧပြီလအတွင်းက တွေ့ဆုံရာတွင် နှစ်နိုင်ငံကြား ဆက်ဆံရေး နက်ရှိုင်းရေးကို စိတ်ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြသည်။

ယင်းနောက်၌ ဘလင့်ကင်က နှစ်နိုင်ငံ ဆက်ဆံရေးအတွက် “သီတင်းပတ်များ သို့မဟုတ် လပိုင်းအတွင်း” ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ကြောင်းလည်း ဖော်ပြခဲ့သည်။

ယခု ဘိုင်ဒင်၏ ပြောဆိုချက်နှင့် ပတ်သက်ကာ မှတ်ချက်ပြုရန် ဝါရှင်တန်ရှိ ဗီယက်နမ်သံရုံးက ချက်ချင်း မတုံ့ပြန်ပေ။
ဗီယက်နမ်အနေဖြင့် ပို့ကုန်အတွက် အဓိကတင်သွင်းသည့် အိမ်နီးချင်းနိုင်ငံကြီးဖြစ်သော ရန်လိုသည့် တရုတ်နှင့် အခြား အစဉ်အလာမိတ်ဖက်ဖြစ်သော ရုရှတို့ထံမှ ဘေးအန္တရာယ်များကို သတိထားလျက် ရှိနေရသည့် နိုင်ငံဖြစ်လင့်ကစား အမေရိကန်သည် “မဟာဗျူဟာ” မိတ်ဖက်အဖြစ် ဗီယက်နမ်နှင့် ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းလျက် ရှိနေသည်။

နှစ်နိုင်ငံအနေဖြင့် ရင်းနှီးသော ဆက်ဆံရေး လိုအပ်လိမ့်မည်ဟု တာဝန်ရှိသူများက မပြောကြသော်လည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် အမေရိကန်က လက်နက်ထောက်ပံ့ခြင်းများ တိုးမြင့်လာနိုင်သည်ဟု အကဲဖြတ်များက ပြောသည်။

အဓိက လက်နက်ထောက်ပံ့သည့် ရုရှထံမှ မှီခိုရမှု လျှော့ချရန် ကြိုးပမ်းနေသော ဗီယက်နမ်အတွက် စစ်ရေးထောက်ပံ့မှုများ မြှင့်တင်ရန် လိုလားကြောင်း အမေရိကန်နှင့် အမေရိကန် ကာကွယ်ရေးကုမ္ပဏီကြီးများက ပွင့်ပွင့်လင်းလင်း ပြောထားသည်။

သို့ရာတွင် ဗီယက်နမ်၏ လူ့အခွင့်အရေး စံနှုန်းကို ဝေဖန်သော အမေရိကန်လွှတ်တော်အမတ်များ၏ ဖြစ်လာနိုင်သော ကန့်ကွက်မှုများအားဖြင့် နှစ်နိုင်ငံကြားက စစ်ရေးသဘောတူညီချက်သည် အခက်အခဲ ရှိနိုင်ဖွယ် ရှိသည်။
👍14💩1
Media is too big
VIEW IN TELEGRAM
သုံးထပ်သားစတူးအချိုကြော် | Chef Eve's Easy Thai Cooking Show

Watch more detail- https://youtu.be/tuvZNqK1nXU

#reels #shorts #သုံးထပ်သားစတူးအချိုကြော် #ChefEve’s
👍3❤1🤮1
ရေးမြို့နယ်၊သံဖြူဇရပ်မြို့နယ်နှင့် ပေါင်မြို့နယ် တို့တွင် ရေကြီးရေလျှံမှု ထပ်ကြုံရ
😢4🔥3😱2
ရေးမြို့နယ်၊သံဖြူဇရပ်မြို့နယ်နှင့် ပေါင်မြို့နယ် တို့တွင် ရေကြီးရေလျှံမှု ထပ်ကြုံရ
======================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်အတွင်းရှိ ရေးမြို့နယ်၊သံဖြူဇရပ်မြို့နယ် နှင့် ပေါင်မြို့နယ် တို့တွင် ယနေ့ ဇူလိုင်လ ၂၉ ရက်၌ မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံခြင်း ထပ်မံဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။

ရေးမြို့နယ်၊ ဟံဂံကျေးရွာတွင် ယမန့်နေ့ ဇူလိုင်လ ၂၈ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ယနေ့ နံနက် ၄နာရီခန့်တွင် ရေစတင်မြင့်တက်လာကာ လက်ရှိ ညနေ ၃နာရီအချိန်တွင် အချို့နေရာများ၌ လူအရပ်တစ်ရပ်စာ နစ်မြုပ်နေပြီဖြစ်ကြောင်း ဟံဂံကျေးရွာနေထိုင်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

“ရေက အများကြီးဖြစ်နေပြီ။ ရင်ညွန့်လောက်ရှိတယ်။ အနိမ့်ပိုင်းတွေမှာ လူတောင်မြုပ်တယ်။ မနေ့က မိုးတနေကုန်ရွာတယ်။ အခုလည်း မိုးကြီးနေတယ်။ ဒီအတိုင်းဆက်ကြီးနေရင်မလွယ်ဘူး။ အခုရေမြုပ်တဲ့အိမ်တွေလည်း အများကြီးရှိတယ်” ဟု ဟံဂံရွာနေထိုင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဟံဂံကျေးရွာ၏ အနိမ့်ပိုင်းနေရာများတွင် နေအိမ်အပေါ်ထပ်အထိ ရေရောက်နေပြီဖြစ်ပြီး ဒေသခံများသည် ထိုင်ခုံများနှင့် စားပွဲခုံများပေါ်တွင် တက်နေကြရကာ ပြောင်းရွှေ့ခြင်းကိုမူ မပြုလုပ်ကြသေးကြောင်း သိရသည်။

အလားတူ သံဖြူဇရပ်မြို့ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် (၁၁) ရပ်ကွက် ကိုးနဝင်းပိုင်း၊ ကျောင်းပိုင်းရပ်ကွက် တို့တွင်လည်း ရေကြီးရေလျှံခြင်း ဖြစ်ပွားနေပြီး သံဖြူဇရပ်-ကျိုက်ခမီ ကားလမ်း ကွာန်သတ် ကျေးရွာအနီး အဇင်းပေါင်းတံတားတွင် တောင်ကျရေကြောင့် ကားလမ်းရေကျော်သဖြင့် ယနေ့ နံနက် ၁၁နာရီခန့်အထိ ကားများ သွားလာ၍ မရကြောင်း သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

“အဇင်းတံတားမှာ ကားတွေဖြတ်မရလို့ ကယ်ဆယ်ရေးတွေ ကူရတယ်။ မနက်ပိုင်းက ကားတွေဖြတ်နေကြတာ ရေတွေဝင်တော့ ရပ်ရပ်သွားတယ်။ ကားမကောင်းတဲ့သူကတော့ မဖြတ်ဘူးပြန်သွားကြတယ်။ ၁၁နာရီဝန်းကျင်လောက်မှ စိတ်ချလက်ချ ဖြတ်ရဲကြတယ်” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ယနေ့မနက်အခြေအနေကို မဇ္ဈိမကိုပြောသည်။

အလားတူ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်ကြားရှိ သိမ်ဆိပ်ရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းမတွင်လည်း ကားလမ်းရေကျော်နေကြောင်း ခရီးသွားတစ်ဦးထံက သိရသည်။

မိုးသည်းထန်မှုကြောင့် ယနေ့တွင် ပေါင်မြို့နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့တို့၌ ရေကြီးရေလျှံခြင်းများ ဖြစ်ပွားနေသဖြင့် ဈေးဆိုင်အချို့ ပိတ်ထားရကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်ကလည်း မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ မုဒုံ၊ ရေး တို့တွင် မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားကာ ဒေသခံလေးဦး ရေနစ်သေဆုံးခဲ့ရပြီး မွန်ပြည်နယ်အတွင်းရှိ အချို့နေရာများတွင် လမ်းတံတားပြိုခြင်း၊ အုတ်တံတိုင်းပြိုကျခြင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့‌ သေးသည်။

ဇူလိုင်လ နောက်ဆုံးအပတ်တွင် မုတ်သုံလေအားကောင်းမှုကြောင့် မိုးပိုနိုင်ပြီး မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိထားကြရန် NUG-MOHADM က သတိပေးထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

#မွန်ပြည်နယ်
#မိုးရွာသွန်း
#ရေကြီးရေလျှံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9🔥2👍1👎1
Media is too big
VIEW IN TELEGRAM
တောကြက်စပါးလင်ချက် | Chef Eve's Easy Thai Cooking Show

Watch more detail- https://youtu.be/tuvZNqK1nXU

#reels #shorts #တောကြက်စပါးလင်ချက် #ChefEve’s
👍1🖕1