Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
"ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး" ဖွဲ့စည်း
=================

ရွှေနွယ်
(မဇ္ဈိမ) ။ ။ စစ်အာဏာရှင်စနစ်ကျဆုံး၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရန်အတွက် ဓနုလူငယ်များနှင့်အတူ ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များ စုပေါင်း၍ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front) ကိုဖွဲ့စည်းထားကြောင်း ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြည်သူများသို့ အသိပေးကြေညာသည်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front) အား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဓနုလူငယ်များနှင့် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များမှ ညီနောင်တိုင်းရင်းသား လက်နက်ကိုင်ဒေသတွင် သွားရောက်စစ်ပညာသင်ယူကာ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
👍26❤3😁2🔥1👏1
"ဓနုလူမျိုးက လက်ရှိမှာ လူဦးရေ တစ်သန်းဝန်းကျင်ရှိတယ်။ ပထဝီအနေအထားအရလည်း လူမျိုးစုလက်နက်ကိုင် မဖြစ်မနေလိုအပ်ပါတယ်။ Army အနေနဲ့ မလုပ်ရသေးချိန်ကလည်း PDF၊ LPDF အနေနဲ့ လှုပ်ရှားခဲ့ပါတယ်" ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူထားသူ ဦးထွန်းထွန်းနိုင်(၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(ပင်းတယ)မှ မဇ္ဈိမကိုပြောသည်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး၏ ဦးတည်ချက်မှာ ဓနုတစ်မျိုးသားလုံးနှင့်အတူ ဒေသတွင်းအတူနေ ညီနောင်တိုင်းရင်းသားများအားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန်၊ ဒီမိုကရေစီနှင့် လူအခွင့်အရေးကို အာမခံသည့် ဓနုပြည်နယ်တည်ဆောက်ရန်နှင့် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ဆောက်ရန်တို့ဖြစ်ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် ဓနုလူထုနှင့် အတူနေညီနောင်တိုင်းရင်းသားများကို ကာကွယ်ရန်၊ စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒီများကို ဆန့်ကျင်တိုက်ဖျက်ရန်၊ ပိုမိုထွန်းကားသော လူ့ဘောင်အသိုင်းအဝိုင်းကို တည်ဆောက်ရန်နှင့် ဓနုတိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာများအား ထိန်းသိမ်းဖော်ထုတ်ရန်တို့ကိုလည်း ရည်ရွယ်ကြောင်း သိရသည်။
"ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလအတွင်းက နောင်ချိုမှာဖြစ်ခဲ့တဲ့ တိုက်ပွဲမှာလည်း MDY-PDF နဲ့အတူ ပူးပေါင်းပြီး တိုက်ပွဲဝင်ခဲ့ပါတယ်။ တိုက်ပွဲတွင်း ရဲဘော်နှစ်ဦးကျဆုံးခဲ့တာလည်း ရှိတယ်။ NUG နဲ့လည်း ပုံမှန်ဆက်ဆံရေးရှိပါတယ်" ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက နောင်ချိုမြို့နယ်အနီးတွင် အာဏာသိမ်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား ၁၀ ရက်ခန့်ကြာမြင့်အောင် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းစုတပ်ဖွဲ့ဘက်မှ သပြေညိုစစ်ဆင်ရေးအဖြစ် လှုပ်ရှားဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က အထိနာခဲ့သည့် တိုက်ပွဲလည်းဖြစ်သည်။
လက်ရှိတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးအနေဖြင့် စစ်သင်တန်းအပတ်စဉ် လေးခု သင်တန်းဆင်းပြီးဖြစ်ကြောင်း သိရသည်။

ဓနုလူမျိုးများသည် လက်ရှိတွင် ဓနုဒေသများဖြစ်သည့် နောင်ချို၊ ရပ်စောက်၊ ပင်းတယ၊ ရွာငံ၊ ကလောနှင့် တောင်ကြီးတို့တွင် အဓိကနေထိုင်ကြပြီး မိုးကုတ်၊ ပြင်ဦးလွင်၊ သာစည်၊ ကျောက်ဆည်၊ ညောင်ရွှေ၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ပျံ့နှံ့နေထိုင်နေကြကြောင်း၊ ရှေးယခင်ကမူ စော်ဘွား၊ ငွေခွန်မှူး၊ မြို့စားစသဖြင့် မြေလတ်ဒေသဖြစ်သော ပင်မှီ၊ သာမိုင်းခမ်း၊ ကျုံး၊ ရွာငံ၊ ပင်းတယနှင့် ပွေးလှတို့တွင် အဓိကနေထိုင်ကာ စစ်ကိုမလိုလားသည့် လူမျိုးများဖြစ်ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကိုမလိုလားကြသော်လည်း နယ်ချဲ့အင်္ဂလိပ်ကို တွန်းလှန်တိုက်ခိုက်ချိန်တွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည့် သမိုင်းကြောင်းများရှိကြောင်းနှင့် ပင်လုံစာချုပ် ချုပ်ဆိုရာတွင်လည်း ဓနုလူမျိုးများဖြစ်သည့် သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေးနှင့် လူထုကိုယ်စားလှယ် ဦးခွန်စောတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ဓနုတိုင်းရင်းသားလူမျိုးများသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ ဖိနှိပ်ချုပ်ချယ်မှုများအောက်မှ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသည့်ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ပါးခဲ့ရကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့အား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ခဲ့သော်လည်း အမည်ခံအခွင့်အရေးသာဖြစ်ပြီး အဓိကအရေးပါသော လုပ်ပိုင်ခွင့်များကိုမူ မြန်မာစစ်တပ်မှသာ ချုပ်ကိုင်ချယ်လှယ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှဆိုသည်။

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခုတွင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများခန့်အပ်ခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ပင်းတယ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအာကာလင်းကို ခန့်အပ်ထားခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
#ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး
#ဖွဲ့စည်း
#NUG

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး၏ အပတ်စဥ် (၃) သင်တန်းဆင်းပွဲ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28🔥2❤1👎1👏1
စစ်ရှောင်နှင့် CDM ကျောင်သား ကျောင်းသူတို့၏ လိုအပ်ချက်များကို ထောက်ပံ့ရန် ရန်ပုံငွေရှာ
👍14🔥1😁1
​​စစ်ရှောင်နှင့် CDM ကျောင်သား ကျောင်းသူတို့၏ လိုအပ်ချက်များကို ထောက်ပံ့ရန် ရန်ပုံငွေရှာ
=====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ စစ်ဘေးရှောင်များနှင့် CDM ကျောင်သား/သူ တို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် Vitamins ရန်ပုံငွေ ရှာဖွေရေးအဖွဲ့မှ စီစဉ်နေကြောင်း တာဝန်ရှိသူထံမှ သိရသည်။

"ကန့်ဘလူဘက်က စစ်ရှောင်ကလေးတွေရဲ့ ပညာရေးလိုအပ်ချက်တွေအတွက်ရယ်၊ စစ်ရှောင်ဆေးရုံမှာသုံးဖို့နဲ့ လက်နက်ထုတ်လုပ်ရေးပိုင်းမှာ လိုအပ်နေတဲ့ ဘက်ထရီအိုးတွေ၊ မီးစက်တွေကို ထောက်ပံ့ပေးဖို့လိုအပ်နေလို့ပါ၊ စခန်းအများကြီးကို ခွဲဝေပေးမှာပါ၊" ဟု Vitamins - Monthly Program မှ မုန်လာဥနီက ပြောသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDM ကျောင်းသား/သူများအတွက် Vitamins - Monthly Progam မှ Graphic Design Class ကို ဖွင့်လှစ်ရန်ရှိသော်လည်း ၎င်းတို့တွင် Laptop မရှိကြသည့်အတွက် သင်တန်းစတင်ရန် ခက်ခဲနေကြောင်း သိရသည်။
ယင်းကြောင့် Vitamins - Monthly Progam မှ တာဝန်ရှိသူတစ်ဦး၏ Laptop အား မဲ‌ရောင်းချကာ ရန်ပုံငွေရှာဖွေရန် စီစဉ်နေကြောင်း ဆိုသည်။

"ပထမဆုံး ဒီ laptop လေးက ဥနီ အာဏာသိမ်းကာစမှာ ဝယ်ထားတာပါ၊ နောက်ပိုင်း ကိုယ်က ပြောင်းရရွှေ့ရနဲ့ ကျောင်းလည်း မတက်ဖြစ်တော့ သိပ်မသုံးဖြစ်တော့ဘူး၊ သင်တန်းတက်မယ့် ကလေးတွေရဲ့ သူတို့ရဲ့အဓိကပြဿနာက Laptop မရှိကြတာပေါ့၊ အဲ့ကလေးတွေအတွက် ရည်ရွယ်ပြီး ဥနီရဲ့ laptop လေးကိုအခု Project အနေနဲ့ထုတ်ပြီး မဲလုပ်ဖြစ်တာပါ" ဟု မုန်လာဥနီက ဆိုသည်။

စစ်ဘေးဒုက္ခသည်အရေးနှင့် ကျောင်းသူ၊ ကျောင်းသားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ထိုရန်ပုံငွေရှာဖွေပွဲအတွက် မဲအစောင်ရေ ၁,၀၀၀ ရောင်းချရန် စီစဉ်ထားသည်။

Vitamins ရန်ပုံငွေရှာဖွေရေး အဖွဲ့အစည်းမှ စီးဆင်းလာသည့် ဘဏ္ဍာငွေများကို မြန်မာပြည်တစ်ဝန်းက စစ်ရှောင်ကလေးများ၏ ပညာရေးနှင့် တော်လှန်ရေးလိုအပ်ချက်များတွင် ပြန်လည်ထောက်ပံ့ အသုံးပြုနေကြောင်း တာဝန်ရှိသူများက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ရှောင်
#ရန်ပုံငွေ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23❤4🔥1😁1
ဇူလိုင်လ (၃၀) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=========================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဉ်းအားလုံး လွတ်မြောက်ဖို့နဲ့ တိုင်းရင်းသားရေးရာကော်မတီ တိုးချဲ့ဖွဲ့စည်းဖို့ NLD လုပ်ဆောင်မယ့်သတင်းနဲ့အတူ

လားရှိုးက တရုတ်စီးပွားရေးသမား အပါအဝင် လုပ်ငန်းရှင် ၃ ဦး ဖမ်းဆီးခံရတဲ့အကြောင်းအပါအဝင်

နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်း၊ စီးပွားရေးသတင်းနဲ့ အားကစား သတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏဖြစ်တဲ့ “သံစဉ့်အိမ်” အစီအစဉ်ကို နားဆင်ကြရပါမယ်။

https://youtu.be/GYobcK2Xsps

#Morningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁1🤮1
​​Alive
==========

တစ်ကမ္ဘာလုံးသာ Zombie ဖြစ်သွားခဲ့ရင် ဘယ်လိုအသက်ရှင်ကြမလဲ?

ကိုရီးယားနိုင်ငံမှာ ကူးစက်ရောဂါတစ်ခုဖြစ်သွားခဲ့ပြီး ရောဂါလက္ခဏာအနေနဲ့ အကြမ်းဖက်ခြင်းနဲ့လူသားစားခြင်းတွေကို လုပ်ဆောင်လာကြပါတယ်...

ရုတ်ချည်းဖြစ်သွားတဲ့ ကူးစက်ရောဂါဟာ ရောဂါရှိသူရဲ့ အကိုက်ခံရမှုကနေတစ်ဆင့် လူအယောက်ပေါင်းများစွာကို အလျင်အမြန်ကူးစက်သွားခဲ့တယ်...

မနက်နောက်ကျမှနိုးလာတဲ့ Jun-U ဆိုတဲ့ကောင်လေးကတော့ ဂိမ်းကစားနေရင်းကနေ တီဗီကလာတဲ့သတင်းကြောင့်အပြင်လောကကို ကြည့်မိချိန်မှာတော့....

တစ်အိမ်လုံးမှာ သူတစ်ယောက်တည်းကျန်ခဲ့ရာကနေ ဘ​ယ်နှရက်အထိ တောင့်ခံနိုင်မှာလဲ သတင်းထဲမှာတော့ အပြင်မထွက်ဖို့ အထပ်ထပ်သတိပေးထားပေမဲ့ စားနပ်ရိက္ခာကုန်သွားချိန်မှာတော့အသက်ရှင်ကျန်ရစ်သူများလည်း အပြင်ထွက်ပြီး အသက်စွန့်ကာ ရိက္ခာရှာရပါတော့တယ်...

ဒီလိုနဲ့ ကိုယ့်လိုအသက်ရှင်တဲ့လူအချင်းချင်းတွေ့ပြီး အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာစိတ်ဝင်တစား ကြည့်ရှုရမယ့်ကားပဲဖြစ်ပါတယ်
..

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။၃၀.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍8😁2
ဇူလိုင်လ ၃၀ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
===================

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၃၀ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။

https://youtu.be/r4hNFxU8S8w

#ရန်ကုန်ခေတ်သစ်
#thisweek
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11😁2
​​30.7.2023 (Sunday) ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
==================

Highlight

ကျန်းမာသုတ လူမှုဘဝ (နေ့လည်- ၁၂ နာရီ)
ကြယ်ပွင့်လေးရဲ့ သက်သေ(ညနေ - ၇ နာရီ)
India Movie -Shehzada( ည -၈ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
#dailyschedule
👍5🔥1
South Asia Today အစီအစဉ်
====================

ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့

-အိန္ဒိယနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အစားထိုးလောင်စာအသုံးပြု

-ပါကစ္စတန်နိုင်ငံ ပီရှဝါမြို့တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုမှ နှစ်ဦးသေ ခုနှစ်ဦး ဒဏ်ရာရ

-ပါကစ္စတန် ထိန်းချုပ်နယ်မြေ ကက်ရှမီးယားတွင်တယ်ရိခ်−အီး−အီတာဖက်−အီး−ရိုင်အဖွဲ့မှ ဆန္ဒပြ

-ဂျီ ၂၀ နိုင်ငံများရဲ့ဘဏ္ဍာရေးဝန်ကြီးများဟာ အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ

ဂူဂျာရက်ပြည်နယ်မှာ တတိယအကြိမ်မြောက်ဘဏ္ဍာရေးအစည်းအဝေးအတွက် စုဝေးခဲ့

အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/J2VTOFDyFTQ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥3👏2
ချင်းတွင်း မြစ်ကြောင်းတွင် ရိက္ခာနှင့် လက်နက် သယ်လာသည့် စစ်ကောင်စီရေယာဉ်များ တိုက်ခိုက်ခံရ
====================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ ဆားလင်းကြီးမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်း ကျဉ်းတစ်နေရာတွင် စစ်ကောင်စီတပ်၏ ရိက္ခာ နှင့် လက်နက်များ သယ်လာသည့် ဖလပ်ခွံ ရေယာဥ် သုံးစီးနှင့် စစ်သင်္ဘော တစ်စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း Hero Fighter (Salingyi) တပ်ဖွဲ့ထံက သိရသည်။

ထိုရေယာဥ်များသည် ရန်ကုန် - ဒလဆိပ်ကမ်းမှ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ( န.မ.ခ) သို့ ထွက်ခွာလာခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်က ရှေ့ထွက်ပြောင်းများဖြင့် တိုက်ခိုက်ပြီးနောက် မိနစ် ၄၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောာင်း Hero Fighter တပ်ဖွဲ့မှ ဗိုလ်သူရိန်က ပြောသည်။

“ ကျနော်တို့ဘက်က ရှေ့ထွက်ပြောင်းတိုက်တွေ အများဆုံးသုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကြီး လက်နက်ငယ်တွေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။ စစ်သား ထိခိုက်သေဆုံးမှူ နဲ့ ပတ်သက်ပြီး အတိအကျ မသိရသေးပါဘူး” ဟု ၎င်း ကဆိုသည်။
Hero Fighter (Salingyi) ၊ Chindwin Dynamite (Salingyi) ၊ Fighter 9 Force ၊ တောင်ပံနီ ပြောက်ကျားတပ်ဖွဲ့ နှင့် ဒေသတွင်း မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော် နှစ်ဦး (မစိုးရိမ်ရ ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိသည်။

စစ်ကောင်စီတပ် စစ်သင်္ဘောက ချင်းတွင်း မြစ်ကြောင်းတစ်လျှောက် ရမ်းသန်းပစ်ခတ်ခဲ့၍ ဒေသခံ ပြည်သူ သုံးဦး လက်နက်ကြီးအစ ထိမှန်ဒဏ်ရာရခဲ့ကြောင်း Hero Fighter တပ်ဖွဲ့ထံက သိရပါသည်။

စစ်ကောင်စီတပ်ဖွဲ့ သည် ချင်းတွင်းမြစ်ကြောင်း ရေတိုးလာချိန်တွင် ရေကြောင်း အသုံးပြု၍ ရိက္ခာ နှင့် စစ်သုံးပစ္စည်းများ သယ်ယူကာ စစ်ကိုင်းတိုင်း အထက်ပိုင်းသို့ စစ်အင်အား ဖြည့်တင်းလျက်ရှိသည်။
ဇူလိုင်လ ၇ ရက်ကလည်း စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့ နယ် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် စစ်ကောင်စီတပ် အမြန်ရေယာဉ်များ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ တို့ သုံးရက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

https://youtu.be/MTpesnobgWU

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#Hero Fighter (Salingyi)
#ချင်းတွင်းမြစ်ကြောင်း
#စစ်ကောင်စီတပ်ရေယာဥ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23❤2😁2👏1
မုံရွာမြို့နယ်က န.မ.ခ ဝန်းထဲသို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်
===================

လွှမ်းမိုး(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က စစ်ကောင်စီလက်အောက်ခံ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (န.မ.ခ)ဝန်းထဲသို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်သည်ဟု မုံရွာခရိုင်အမှတ်(၅)တပ်ရင်းထံက သိရသည်။

ဇူလိုင်လ ၂၈ ရက် နေ့လယ် ၂ နာရီ အချိန်တွင် ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု မုံရွာခရိုင်အမှတ်(၅) တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။

“သတိပေးတဲ့အနေနဲ့ သူတို့ကို ပစ်ခတ်တိုက်ခိုက်တာပါ။ထိခိုက်သေဆုံးမှု ရှိနိုင်ပေမဲ့ အသေးစိတ်တော့ မသိရသေးဘူး” ဟု မုံရွာခရိုင် အမှတ်(၅) တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးပါက အနောက်မြောက်တိုင်းစစ်ဌာနချုပ်(န.မ.ခ)မှ စီစဉ်နေသည့်အပြင် လက်နက်ကြီးများပါ ပစ်ခတ်မှုပြုလုပ်နေသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၅) တပ်ရင်း ( Aung San Force ) ၊ မုံရွာ ပ.က.ဖ နှင့်အတူ မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ န.မ.ခ ကို တိုက်ခိုက်မှုမှာ မုံရွာခရိုင် အမှတ်(၅)တပ်ရင်းအနေဖြင့် သုံးကြိမ်မြောက် ဖြစ်ပြီး ယခင်တိုက်ခိုက်မှုများတွင် စစ်ရေးအရ ထုတ်ပြန်ရန် ခရိုင်ကွပ်ကဲရေးမှူးများ၏ အမိန့်မရရှိခဲ့သည့်အတွက် မထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း Aung San Force တပ်ဖွဲ့ထံက သိရသည်။

မုံရွာခရိုင်အမှတ်(၅) တပ်ရင်းအနေဖြင့် မြို့တွင်းစစ်ဆင်ရေးများနှင့် အခြားသော စစ်ဆင်ရေးများ ကိုဆက်လက် လုပ်ဆောင်နိုင်ရေးအတွက် ခဲယမ်းဝယ်ယူရန် ငွေကြေးအခက်အခဲရှိနေကြောင်း ယင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

https://youtu.be/6wCbNL2yvIA

စာတည်း။ ။ ဖူးသိမ်ကျ

#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#အရာရှိလိုင်းခန်း
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤3😁3👏1
​​ထိုင်းတွင် မီးရှူးမီးပန်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် လူ ၉ ဦး သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရ
==========================

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဇူလိုင် ၂၉ ရက်က မီးရှူးမီးပန်းဂိုဒေါင်တစ်ခု၌ ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွား၍ လူ ကိုးဦး သေဆုံးပြီး အခြားလူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာများ ရသွားကြောင်း အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ အနီးအနားရှိ လူနေအိမ်တချို့လည်း ပြိုကျ သို့မဟုတ် ထိခိုက်ပျက်စီးသွားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤1🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဗေဒင်ဟောခွင့်လိုင်စင် လျှောက်ထားရမည်ဆိုသည့် ထုတ်ပြန်ချက်အတု

သတင်းအပြည့်အစုံဖတ်ရန် - https://bit.ly/3Qlkvbd

#Misinformation_Buster #Fake_News #shorts
#reels #လိုင်စင် #ဗေဒင် #အကြားအမြင်
👍7❤1🔥1
​​မအူကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်၊ အသက် ၁၅ နှစ်အရွယ် မိန်းကလေး သေဆုံး
===================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ တောင်ဘက်ရှိ တင်ဝင်းထွန်းခြံဝင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ က မအူကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အသက် ၁၅ နှစ်အရွယ် မထက်အိကို ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသမီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဇူလိုင်လ ၂၉ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၆၀ မမ လက်နက်ကြီးဖြင့် မအူကျေးရွာအတွင်းသို့ တစ်ကြိမ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက် လုပ်ငန်းအဖွဲ့ ခေါင်းဆောင် ကိုစိုးဝင်းဆွေက ပြောသည်။
၎င်းက “ ပစ်တာက ၆၀ မမ လက်နက်ကြီးနဲ့ တစ်ချက်ပစ်ခတ်ခဲ့တာ အရပ်သားပြည်သူတွေနေတဲ့ အိမ်ပေါ်ကျပြီး သမီးလေး ထက်အိကို နေအိမ်ထဲမှာပဲ သေဆုံးသွားတယ် ။ အသက် ၄၀ ကျော် အမျိုးသမီး သုံးဦး ဒဏ်ရာရရှိသွားတယ်” ဟုပြောသည်

ဒဏ်ရာရရှိသွားသည့် အမျိုးသမီး သုံးဦးကို ဆေးကုသမှုခံယူနေပြီး နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေ ဖြစ်ကြောင်းဒေသခံများထံက သိရသည်။

ထိုစစ်ကောင်စီတပ်ဖွဲ့ သည် တပ်စု တစ်စု ( ဦးရေ ၃၀)ခန့် အင်အားရှိပြီး အနီးအနားရှိ ကျေးရွာများ ၊ ကွမ်းခြံများ နှင့် စိုက်ခင်းများ ဘက်သို့ မကြာခဏဆိုသလို လက်နက်ကြီး ဖြင့် ပစ်ခတ်လေ့ရှိကြောင်း ကိုစိုးဝင်းဆွေက ဆိုသည်။

“ လက်နက်ကြီးနဲ့ မကြာခဏ ပတ်ဝန်းကျင်ကို လိုက်ပစ်တာတွေ ဘာတိုက်ပွဲမှ မရှိဘဲ အကြောင်းမဲ့ သက်သက်ပစ်ခတ်တာတွေ ။ နောက်တစ်ခါ လမ်းပေါ်မှာသွားနေတဲ့ခရီးသွားပြည်သူတွေကို တားပြီးတော့ စစ်ဆေးတာတွေ။ နောက်ဆုံးဗျာ အမျိုးသမီးတွေ ညနေပိုင်း အလုပ်သွား၊ အလုပ်ပြန် ၊ ကျောင်းသွား၊ ကျောင်းပြန် ရှိတုဲ့ အမျိုးသမီးတွေကို ကာယိန္ဒြေ ပျက်ပြားအောင်ဆောင်ရွက်တာတွေ ရှိတယ်” ဟုပြောသည်။

ထိုစစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်ကလည်း မအူကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အသက် ၄၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မအူကျေးရွာ
#တင်ဝင်းထွန်းခြံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢13👍6🤬6😁2
​​ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ်နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြသူများနှင့် ရဲများ ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်
=====================

ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးမှ နုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြပွဲတစ်ခုအတွင်း ဆန္ဒပြသူများက ယမန်နေ့ ဇူလိုင် ၂၉ ရက်တွင် မြို့တော် ဒါကာရှိ အဓိကလမ်းမကြီးများကို ပိတ်ဆို့ဆန္ဒပြခဲ့ကြစဉ် ရဲများနှင့် ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ခဲ့ကြသည်။ ဆန္ဒပြသူများက ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရဲများက မျက်ရည်ယိုဓာတ်ငွေ့၊ ရာဘာကျည်များဖြင့် ပစ်ခတ်ပြီး ဆန္ဒပြသူများကို လူစုခွဲခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8👏8🔥1
Media is too big
VIEW IN TELEGRAM
ဖေ့စ်ဘုတ်တွင် @highlights ဟု မှတ်ချက်ရေးရုံဖြင့် မိမိကိုခြေရာခံသူများအား မသိနိုင်ပါ

သတင်းအပြည့်အစုံဖတ်ရန် - https://bit.ly/3OyCTfl

#Misinformation_Buster #Fake_News #Shorts #reels
#highlights #facebook #profile
❤11😁2👍1
ချင်းတွင်မြစ်အတွင်း လက်နက်ခဲယမ်းများသယ်ဆောင်လာသည့် စစ်ကောင်စီရေယာဉ်တန်း တိုက်ခိုက် ခံရ
====================

ပါခွီး
(မဇ္စျိမ)။ ။ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင် လာသော စစ်ကောင်စီရေယာဉ်တန်းကိုတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group က ထုတ်ပြန် သည်။

စစ်ကောင်စီရေယာဉ်ခုနစ်စီးအနက် နောက်ဆုံးမှရေယာဉ်ကို ဇူလိုင်လ ၂၉ ရက် မွန်းလွဲ ၂ နာရီ ၂၁ မိနစ်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရေယာဉ်တန်းအား နေရာသုံးနေရာတွင် မိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ် များဖြင့်လည်း အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ကျနော်တို့ မိနစ် ၂၀ ကြာ ပစ်ခတ်ခဲ့ပါတယ်။ စစ်ကောင်စီဖက်က သေဆုံးဒဏ်ရာရတဲ့ စာရင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး” ဟု Chindwin Fighter Group တာဝန်ခံငှက်ခါးက မဇ္စျိမကိုပြောသည်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရအရေအတွက်ကို မသိရှိရသော်လည်း ရေယာဉ်ပေါ်မှ ရမ်းသန်းပစ်ခတ်မှုကြောင့် ကလေးငယ်တဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Chindwin Fighter Group ဦးဆောင်၍ Farmers Revolution Force -3 မုံရွာခရိုင် တပ်ရင်း (၁၀) ၊ Brave Heart Army (BHA) မုံရွာခရိုင်တပ်ရင်း(၉) တပ်ခွဲ(၃) နှင့် ဗန္ဓုလနှင့် အဖွဲ့သားများမှ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

စစ်အာဏာရှင်စနစ်ကျဆုံးစေရေအတွက် တိုက်ပွဲဝင်ရာတွင် လိုအပ်သော လက်နက်ခဲယမ်းများ ဝယ်ယူ ရန်အတွက် မိဘပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းပေးကြပါရန် Chindwin Fighter Group က အသိပေး မေတ္တာရပ်ခံထားသည်။

ပြီးခဲ့သော ဇူလိုင်လ ၂၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ် ကလည်း လက်နက်ခဲယမ်း၊ ရိက္ခာများ တင်ဆောင် လာသောရေယာဉ်နှစ်စီးကို ချင်းတွင်းမြစ်ကြောင်းတနေရာတွင် Chindwin Fighter Group နှင့် မဟာမိတ် များက မိုင်း ၁၀ လုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ဒဏ်ရာရှိသူများရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

https://youtu.be/S-sDzgsnUu4

#ချင်းတွင်းမြစ်
#စစ်ကောင်စီရေယာဉ်တန်း
#Chindwin_Fighter_Group
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏16👍13❤2😁2🥱1