ချင်းတွင်း မြစ်ကြောင်းတွင် ရိက္ခာနှင့် လက်နက် သယ်လာသည့် စစ်ကောင်စီရေယာဉ်များ တိုက်ခိုက်ခံရ
====================
လွှမ်းမိုး
(မဇ္ဈိမ)။ ။ ဆားလင်းကြီးမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်း ကျဉ်းတစ်နေရာတွင် စစ်ကောင်စီတပ်၏ ရိက္ခာ နှင့် လက်နက်များ သယ်လာသည့် ဖလပ်ခွံ ရေယာဥ် သုံးစီးနှင့် စစ်သင်္ဘော တစ်စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း Hero Fighter (Salingyi) တပ်ဖွဲ့ထံက သိရသည်။
ထိုရေယာဥ်များသည် ရန်ကုန် - ဒလဆိပ်ကမ်းမှ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ( န.မ.ခ) သို့ ထွက်ခွာလာခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်က ရှေ့ထွက်ပြောင်းများဖြင့် တိုက်ခိုက်ပြီးနောက် မိနစ် ၄၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောာင်း Hero Fighter တပ်ဖွဲ့မှ ဗိုလ်သူရိန်က ပြောသည်။
“ ကျနော်တို့ဘက်က ရှေ့ထွက်ပြောင်းတိုက်တွေ အများဆုံးသုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကြီး လက်နက်ငယ်တွေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။ စစ်သား ထိခိုက်သေဆုံးမှူ နဲ့ ပတ်သက်ပြီး အတိအကျ မသိရသေးပါဘူး” ဟု ၎င်း ကဆိုသည်။
Hero Fighter (Salingyi) ၊ Chindwin Dynamite (Salingyi) ၊ Fighter 9 Force ၊ တောင်ပံနီ ပြောက်ကျားတပ်ဖွဲ့ နှင့် ဒေသတွင်း မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော် နှစ်ဦး (မစိုးရိမ်ရ ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိသည်။
စစ်ကောင်စီတပ် စစ်သင်္ဘောက ချင်းတွင်း မြစ်ကြောင်းတစ်လျှောက် ရမ်းသန်းပစ်ခတ်ခဲ့၍ ဒေသခံ ပြည်သူ သုံးဦး လက်နက်ကြီးအစ ထိမှန်ဒဏ်ရာရခဲ့ကြောင်း Hero Fighter တပ်ဖွဲ့ထံက သိရပါသည်။
စစ်ကောင်စီတပ်ဖွဲ့ သည် ချင်းတွင်းမြစ်ကြောင်း ရေတိုးလာချိန်တွင် ရေကြောင်း အသုံးပြု၍ ရိက္ခာ နှင့် စစ်သုံးပစ္စည်းများ သယ်ယူကာ စစ်ကိုင်းတိုင်း အထက်ပိုင်းသို့ စစ်အင်အား ဖြည့်တင်းလျက်ရှိသည်။
ဇူလိုင်လ ၇ ရက်ကလည်း စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့ နယ် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် စစ်ကောင်စီတပ် အမြန်ရေယာဉ်များ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ တို့ သုံးရက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
https://youtu.be/MTpesnobgWU
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#Hero Fighter (Salingyi)
#ချင်းတွင်းမြစ်ကြောင်း
#စစ်ကောင်စီတပ်ရေယာဥ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
ချင်းတွင်း မြစ်ကြောင်းတွင် ရိက္ခာနှင့် လက်နက် သယ်လာသည့် စစ်ကောင်စီရေယာဉ်များ တိုက်ခိုက်ခံရ
လွှမ်းမိုး (မဇ္ဈိမ)။ ။ ဆားလင်းကြီးမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်း ကျဉ်းတစ်နေရာတွင် စစ်ကောင်စီတပ်၏ ရိက္ခာ နှင့် လက်နက်များ သယ်လာသည့် ဖလပ်ခွံ ရေယာဥ် သုံးစီးနှင့် စစ်သင်္ဘော တစ်စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း Hero Fighter (Salingyi) တပ်ဖွဲ့ထံက သိရသည်။…
👍23❤2😁2👏1
မုံရွာမြို့နယ်က န.မ.ခ ဝန်းထဲသို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်
===================
လွှမ်းမိုး(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က စစ်ကောင်စီလက်အောက်ခံ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (န.မ.ခ)ဝန်းထဲသို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်သည်ဟု မုံရွာခရိုင်အမှတ်(၅)တပ်ရင်းထံက သိရသည်။
ဇူလိုင်လ ၂၈ ရက် နေ့လယ် ၂ နာရီ အချိန်တွင် ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု မုံရွာခရိုင်အမှတ်(၅) တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။
“သတိပေးတဲ့အနေနဲ့ သူတို့ကို ပစ်ခတ်တိုက်ခိုက်တာပါ။ထိခိုက်သေဆုံးမှု ရှိနိုင်ပေမဲ့ အသေးစိတ်တော့ မသိရသေးဘူး” ဟု မုံရွာခရိုင် အမှတ်(၅) တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးပါက အနောက်မြောက်တိုင်းစစ်ဌာနချုပ်(န.မ.ခ)မှ စီစဉ်နေသည့်အပြင် လက်နက်ကြီးများပါ ပစ်ခတ်မှုပြုလုပ်နေသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၅) တပ်ရင်း ( Aung San Force ) ၊ မုံရွာ ပ.က.ဖ နှင့်အတူ မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ န.မ.ခ ကို တိုက်ခိုက်မှုမှာ မုံရွာခရိုင် အမှတ်(၅)တပ်ရင်းအနေဖြင့် သုံးကြိမ်မြောက် ဖြစ်ပြီး ယခင်တိုက်ခိုက်မှုများတွင် စစ်ရေးအရ ထုတ်ပြန်ရန် ခရိုင်ကွပ်ကဲရေးမှူးများ၏ အမိန့်မရရှိခဲ့သည့်အတွက် မထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း Aung San Force တပ်ဖွဲ့ထံက သိရသည်။
မုံရွာခရိုင်အမှတ်(၅) တပ်ရင်းအနေဖြင့် မြို့တွင်းစစ်ဆင်ရေးများနှင့် အခြားသော စစ်ဆင်ရေးများ ကိုဆက်လက် လုပ်ဆောင်နိုင်ရေးအတွက် ခဲယမ်းဝယ်ယူရန် ငွေကြေးအခက်အခဲရှိနေကြောင်း ယင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
https://youtu.be/6wCbNL2yvIA
စာတည်း။ ။ ဖူးသိမ်ကျ
#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#အရာရှိလိုင်းခန်း
#တိုက်ခိုက်မှု

ဇူလိုင်လ ၂၈…
ဇူလိုင်လ ၂၈…
👍21❤3😁3👏1
ထိုင်းတွင် မီးရှူးမီးပန်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် လူ ၉ ဦး သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရ
==========================
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဇူလိုင် ၂၉ ရက်က မီးရှူးမီးပန်းဂိုဒေါင်တစ်ခု၌ ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွား၍ လူ ကိုးဦး သေဆုံးပြီး အခြားလူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာများ ရသွားကြောင်း အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ အနီးအနားရှိ လူနေအိမ်တချို့လည်း ပြိုကျ သို့မဟုတ် ထိခိုက်ပျက်စီးသွားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==========================
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဇူလိုင် ၂၉ ရက်က မီးရှူးမီးပန်းဂိုဒေါင်တစ်ခု၌ ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွား၍ လူ ကိုးဦး သေဆုံးပြီး အခြားလူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာများ ရသွားကြောင်း အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ အနီးအနားရှိ လူနေအိမ်တချို့လည်း ပြိုကျ သို့မဟုတ် ထိခိုက်ပျက်စီးသွားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤1🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဗေဒင်ဟောခွင့်လိုင်စင် လျှောက်ထားရမည်ဆိုသည့် ထုတ်ပြန်ချက်အတု
သတင်းအပြည့်အစုံဖတ်ရန် - https://bit.ly/3Qlkvbd
#Misinformation_Buster #Fake_News #shorts
#reels #လိုင်စင် #ဗေဒင် #အကြားအမြင်

👍7❤1🔥1
မအူကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်၊ အသက် ၁၅ နှစ်အရွယ် မိန်းကလေး သေဆုံး
===================
MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ တောင်ဘက်ရှိ တင်ဝင်းထွန်းခြံဝင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ က မအူကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အသက် ၁၅ နှစ်အရွယ် မထက်အိကို ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသမီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဇူလိုင်လ ၂၉ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၆၀ မမ လက်နက်ကြီးဖြင့် မအူကျေးရွာအတွင်းသို့ တစ်ကြိမ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက် လုပ်ငန်းအဖွဲ့ ခေါင်းဆောင် ကိုစိုးဝင်းဆွေက ပြောသည်။
၎င်းက “ ပစ်တာက ၆၀ မမ လက်နက်ကြီးနဲ့ တစ်ချက်ပစ်ခတ်ခဲ့တာ အရပ်သားပြည်သူတွေနေတဲ့ အိမ်ပေါ်ကျပြီး သမီးလေး ထက်အိကို နေအိမ်ထဲမှာပဲ သေဆုံးသွားတယ် ။ အသက် ၄၀ ကျော် အမျိုးသမီး သုံးဦး ဒဏ်ရာရရှိသွားတယ်” ဟုပြောသည်
ဒဏ်ရာရရှိသွားသည့် အမျိုးသမီး သုံးဦးကို ဆေးကုသမှုခံယူနေပြီး နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေ ဖြစ်ကြောင်းဒေသခံများထံက သိရသည်။
ထိုစစ်ကောင်စီတပ်ဖွဲ့ သည် တပ်စု တစ်စု ( ဦးရေ ၃၀)ခန့် အင်အားရှိပြီး အနီးအနားရှိ ကျေးရွာများ ၊ ကွမ်းခြံများ နှင့် စိုက်ခင်းများ ဘက်သို့ မကြာခဏဆိုသလို လက်နက်ကြီး ဖြင့် ပစ်ခတ်လေ့ရှိကြောင်း ကိုစိုးဝင်းဆွေက ဆိုသည်။
“ လက်နက်ကြီးနဲ့ မကြာခဏ ပတ်ဝန်းကျင်ကို လိုက်ပစ်တာတွေ ဘာတိုက်ပွဲမှ မရှိဘဲ အကြောင်းမဲ့ သက်သက်ပစ်ခတ်တာတွေ ။ နောက်တစ်ခါ လမ်းပေါ်မှာသွားနေတဲ့ခရီးသွားပြည်သူတွေကို တားပြီးတော့ စစ်ဆေးတာတွေ။ နောက်ဆုံးဗျာ အမျိုးသမီးတွေ ညနေပိုင်း အလုပ်သွား၊ အလုပ်ပြန် ၊ ကျောင်းသွား၊ ကျောင်းပြန် ရှိတုဲ့ အမျိုးသမီးတွေကို ကာယိန္ဒြေ ပျက်ပြားအောင်ဆောင်ရွက်တာတွေ ရှိတယ်” ဟုပြောသည်။
ထိုစစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်ကလည်း မအူကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အသက် ၄၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မအူကျေးရွာ
#တင်ဝင်းထွန်းခြံ

😢13👍6🤬6😁2
ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ်နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြသူများနှင့် ရဲများ ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်
=====================
ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးမှ နုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြပွဲတစ်ခုအတွင်း ဆန္ဒပြသူများက ယမန်နေ့ ဇူလိုင် ၂၉ ရက်တွင် မြို့တော် ဒါကာရှိ အဓိကလမ်းမကြီးများကို ပိတ်ဆို့ဆန္ဒပြခဲ့ကြစဉ် ရဲများနှင့် ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ခဲ့ကြသည်။ ဆန္ဒပြသူများက ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရဲများက မျက်ရည်ယိုဓာတ်ငွေ့၊ ရာဘာကျည်များဖြင့် ပစ်ခတ်ပြီး ဆန္ဒပြသူများကို လူစုခွဲခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးမှ နုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြပွဲတစ်ခုအတွင်း ဆန္ဒပြသူများက ယမန်နေ့ ဇူလိုင် ၂၉ ရက်တွင် မြို့တော် ဒါကာရှိ အဓိကလမ်းမကြီးများကို ပိတ်ဆို့ဆန္ဒပြခဲ့ကြစဉ် ရဲများနှင့် ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ခဲ့ကြသည်။ ဆန္ဒပြသူများက ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရဲများက မျက်ရည်ယိုဓာတ်ငွေ့၊ ရာဘာကျည်များဖြင့် ပစ်ခတ်ပြီး ဆန္ဒပြသူများကို လူစုခွဲခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8👏8🔥1
Media is too big
VIEW IN TELEGRAM
ဖေ့စ်ဘုတ်တွင် @highlights ဟု မှတ်ချက်ရေးရုံဖြင့် မိမိကိုခြေရာခံသူများအား မသိနိုင်ပါ
သတင်းအပြည့်အစုံဖတ်ရန် - https://bit.ly/3OyCTfl
#Misinformation_Buster #Fake_News #Shorts #reels
#highlights #facebook #profile

❤11😁2👍1
ချင်းတွင်မြစ်အတွင်း လက်နက်ခဲယမ်းများသယ်ဆောင်လာသည့် စစ်ကောင်စီရေယာဉ်တန်း တိုက်ခိုက် ခံရ
====================
ပါခွီး
(မဇ္စျိမ)။ ။ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင် လာသော စစ်ကောင်စီရေယာဉ်တန်းကိုတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group က ထုတ်ပြန် သည်။
စစ်ကောင်စီရေယာဉ်ခုနစ်စီးအနက် နောက်ဆုံးမှရေယာဉ်ကို ဇူလိုင်လ ၂၉ ရက် မွန်းလွဲ ၂ နာရီ ၂၁ မိနစ်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရေယာဉ်တန်းအား နေရာသုံးနေရာတွင် မိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ် များဖြင့်လည်း အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ကျနော်တို့ မိနစ် ၂၀ ကြာ ပစ်ခတ်ခဲ့ပါတယ်။ စစ်ကောင်စီဖက်က သေဆုံးဒဏ်ရာရတဲ့ စာရင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး” ဟု Chindwin Fighter Group တာဝန်ခံငှက်ခါးက မဇ္စျိမကိုပြောသည်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရအရေအတွက်ကို မသိရှိရသော်လည်း ရေယာဉ်ပေါ်မှ ရမ်းသန်းပစ်ခတ်မှုကြောင့် ကလေးငယ်တဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Chindwin Fighter Group ဦးဆောင်၍ Farmers Revolution Force -3 မုံရွာခရိုင် တပ်ရင်း (၁၀) ၊ Brave Heart Army (BHA) မုံရွာခရိုင်တပ်ရင်း(၉) တပ်ခွဲ(၃) နှင့် ဗန္ဓုလနှင့် အဖွဲ့သားများမှ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
စစ်အာဏာရှင်စနစ်ကျဆုံးစေရေအတွက် တိုက်ပွဲဝင်ရာတွင် လိုအပ်သော လက်နက်ခဲယမ်းများ ဝယ်ယူ ရန်အတွက် မိဘပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းပေးကြပါရန် Chindwin Fighter Group က အသိပေး မေတ္တာရပ်ခံထားသည်။
ပြီးခဲ့သော ဇူလိုင်လ ၂၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ် ကလည်း လက်နက်ခဲယမ်း၊ ရိက္ခာများ တင်ဆောင် လာသောရေယာဉ်နှစ်စီးကို ချင်းတွင်းမြစ်ကြောင်းတနေရာတွင် Chindwin Fighter Group နှင့် မဟာမိတ် များက မိုင်း ၁၀ လုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ဒဏ်ရာရှိသူများရှိကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
https://youtu.be/S-sDzgsnUu4
#ချင်းတွင်းမြစ်
#စစ်ကောင်စီရေယာဉ်တန်း
#Chindwin_Fighter_Group

ပါခွီး(မဇ္စျိမ)။ ။ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင် လာသော စစ်ကောင်စီရေယာဉ်တန်းကိုတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group က ထုတ်ပြန် သည်။
စစ်ကောင်စီရေယာဉ်ခုနစ်စီးအနက် နောက်ဆုံးမှရေယာဉ်ကို ဇူလိုင်လ ၂၉ ရက်…

👏16👍13❤2😁2🥱1
ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးထား
🤬18❤1😁1

======================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ဇာဒီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဒေသခံများ အားဖမ်းဆီးထားပြီး ဖမ်းဆီးခံရသူ ၄၈ ဦးအထိရှိသည်ဟု ဒေသခံများပေးပို့ထားသည့် စာရင်းအားကိုးကား ၍ ၎င်းကပြောသည်။
“တောနင်း ရှာဖွေတာတွေလုပ်ရင် ဖမ်းထားတဲ့သူတွေကို ယူနီဖောင်း(စစ်ကောင်စီတပ်ဖွဲ့၏ဝတ်စုံ) ဝတ် ခိုင်းပြီး လက်နက်ခဲယမ်းတွေကို သယ်ခိုင်းတယ်။ ဖမ်းထားသူတွေ ပြန်မလွှတ်ပေးသေးဘူး”ဟု အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြေသယ်ကားငါးစီးနှင့်အတူ အင်အား ၁၅၀ ဖြင့် ဇူလိုင်လ ၂၇ ရက် နံနက် ၅ နာရီခန့်မှစ၍ ရေဖြူမြို့နယ် ကံပေါက်ဒေသ ဇာဒီကျေးရွာအုပ်စုသို့ရောက်ရှိလာကာ စစ်ကြောင်းထိုး တောနင်းရှာဖွေမှုများပြုလုပ်နေပြီး ယင်းနေ့တွင် ဒေသခံ ၃၀ ဦးကို စတင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
“စစ်တပ်က အခု တပ်ဖြန့်ပြီးစစ်ကြောင်းထိုးနေပါတယ်။ ဒေသခံတွေကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်”ဟု ကံပေါက်ဒေသခံတဦးကပြောသည်။
ဖမ်းဆီးခံရသူများမှာ ကံပေါက်ဒေသရှိ ခေါင်ပြန်၊ ဒိုက်တဂေါ်၊ ခရင်းချောင်းနှင့် ထွက်ဝရွာများမှဖြစ်ပြီး အသက် ၁၈ နှစ်မှ ၆၀ နှစ်အထိရှိ အမျိုးသား၊ အမျိုးသမီးများ ပါဝင်ကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင်လ ၂၇ ရက်မှစ၍ ယနေ့ ဇူလိုင်လ ၃၀ ရက် လက်ရှိအချိန်အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ စုစုပေါင်း ၄၈ ဦး ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“အခု စစ်ကောင်စီတပ်ကတပ်ဖြန့်ပြီးစစ်ကြောင်းထိုးနေလို့ ရွာလေးရွာလူတွေ ရှောင်နေရတယ်”ဟု ဒေသခံတဦးက ပြောသည်။
ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့တွင် ကံပေါက်အခြေ စိုက် မောရဝတီရေတပ်နှင့် ခလရ(၂၇၃)အပြင် အခြားတပ်ရင်းတပ်ဖွဲ့များမှတပ်ဖွဲ့ဝင်များပါဝင်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#ရေဖြူမြို့နယ်
#စစ်ကောင်စီတပ်
#ဖမ်းဆီးမှု
ပုံစာ။ ။ရေဖြူနှင့်မြိတ်မြို့တွင် ဒေသခံများ ဖမ်းဆီးခံရပုံ(ပုံဟောင်း)

🤬13👍6❤1🔥1😁1
Bitcoin ၀ယ်ယူခဲ့တယ်လို့ ၀န်ခံခဲ့သည့် ဒီမိုကရက်တစ်သမ္မတလောင်း Robert F. Kennedy Jr.
===================
(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)
https://www.facebook.com/bitcoin.MM.initiatve
ဒီမိုကရက်တစ်သမ္မတလောင်းဟာ ယခင်က Bitcoin ကို ထောက်ခံခဲ့ပြီးယခုအခါ အရင်းအနှီးအမြတ်ခွန်များမှ crypto ကို ကင်းလွတ်ခွင့်ပေးမည်ဟု ထပ်ပြီးကတိပြုခဲ့ပါတယ်။ Robert F. Kennedy Jr. ဟာ ယခင်က အငြင်းပွားခဲ့ဖူးသော အရာတစ်ခုဖြစ်တဲ့ Bitcoin (BTC) ကို ပိုင်ဆိုင်ကြောင်း ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပြောကြားခဲ့ပြီး ငွေကြေးထုတ်ဖော်မှုပုံစံဖြင့် မှတ်တမ်းတင်ထားခဲ့ပါတယ်။ Robert F. Kennedy Jr. ဟာ အမေရိကန် အထက်လွှတ်တော်အမတ်ဟောင်း Robert F. Kennedy ၏သားဖြစ်ပြီး ရှေ့နေနှင့် သဘာဝပတ်ဝန်းကျင်အရေးကိစ္စ များတွင်လည်း တက်ကြွလှုပ်ရှားသူဖြစ်ပါတယ်။ သူဟာ Bitcoin ကို "ဒီမိုကရေစီနှင့်လွတ်လပ်မှု၏သင်္ကေတ" ဟုခေါ်ဆိုခဲ့ပြီး Kennedy က သူရဲ့ရွေးကောက်ပွဲ campaign အတွက် လှူဒါန်းမှုများကိုလည်း Bitcoin လက်ခံနေသူတစ််ဦးလည်းဖြစ်ပါတယ်။ The Wolf of Wall Street ပေါ့တ်ကာစ် အစီအစဉ်တင်ဆက်သူ Scott Melker နှင့်အတူ ဗုဒ္ဓဟူးနေ့က Twitter Spaces တွင် အဆိုပါ အတည်ပြုကို ရရှိခဲ့တာဖြစ်ပါတယ်။ Bitcoin အစည်းအ၀ေးပြီးပြီးချင်းမှာပဲ၊ ကျုပ်ဆီမှာရှိတဲ့ ပိုက်ဆံတွေကို ကျုပ်ကလေး ခုနစ်ယောက်စီအတွက် တစ်ယောက်ဆီအတွက် Bitcoin နှစ်ခုဝယ်ဖို့ ဆုံးဖြတ်ခဲ့တယ်" လို့ Kennedy က ပြောကြားခဲ့ပါတယ်။ Kennedy က Bitcoin အကြောင်းကို သဘောကျနှစ်ခြိုက်စွာ ပြောဆိုခဲ့တာပါ။ Bitcoin စျေးဟာ ဆွေးနွေးပွဲအပြီး ရက်ပိုင်းအတွင်း $27,000 ဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး လက်ရှိပေါက်စျေးမှာ အကြမ်းဖျင်းအားဖြင့် $29,500 ရှိပြီး14 Bitcoin ဟာ ယခုတန်ဖိုးအရ $414,000 နီးပါးတန်ဖိုးရှိပါတယ်။ Kennedy ဟာ ပြီးခဲ့သည့်အပတ်က Bitcoin ရဲ့ ပံ့ပိုးမှုအပေါ် နှစ်ဆတိုးကာ သမ္မတရာထူးရပါက အရင်းအနှီးအမြတ်ခွန်များမှ ကင်းလွတ်ခွင့်နှင့် Bitcoin ကဲ့သို့သော ခက်ခဲသောပိုင်ဆိုင်မှုများဖြင့် US ဒေါ်လာကို ကျောထောက်နောက်ခံပြုဖို့ ရည်ရွယ်ချက်ဖြင့် ကတိပြုခဲ့တာပါ။
“ခိုင်မာသောပိုင်ဆိုင်မှုများဖြင့် ဒေါ်လာနှင့် အမေရိကန်ကြွေးမြီများကို ကျောထောက်နောက်ခံပြုခြင်းဟာ ဒေါ်လာကို ပြန်လည်ခိုင်မာစေပြီး ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်နှင့် အမေရိကန်ဘဏ္ဍာရေးတည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနှင့် သာယာဝပြောရေးခေတ်သစ်ကို ပို့ဆောင်နိုင်ပါတယ်” ဟု Kennedy ကကြေညာခဲ့ပါတယ်။
CNBC မှ ယခုလအစောပိုင်းတွင်Kennedy က Bitcoin တွင် "ရင်းနှီးမြှုပ်နှံသူမဟုတ်ပါ" ဟုဆိုကာ ဇွန် 30 ရက်စွဲပါ ငွေကြေးထုတ်ဖော်မှုပုံစံကို ဆန့်ကျင်ကာ cryptocurrency $100,001 နှင့် $250,000 ကြား ပိုင်ဆိုင်ကြောင်းဖော်ပြခဲ့ပါတယ််။ မဲဆွယ်စည်းရုံးရေးတွင် ဦးစွာ ကိုင်ဆောင်ထားသည့် ပိုင်ဆိုင်မှုများဟာကိုယ်စားလှယ်လောင်း ပိုင်ဆိုင်မှုမဟုတ်ကြောင်း မရှင်းလင်းမီ RFK ရဲ့ ဇနီးမှ ပိုင်ဆိုင်တာပါ ဟုဆို ဦးစွာပြောကြားခဲ့ပါတယ်။ Robert F. Kennedy Jr က မြန်မာနိုင်ငံရဲ့ ဒီီမိုကရေစီကြိုးပမ်းမှုတွင်လည်း Bitcoin က အရေးကြီးနေရာမှပါ၀င်ကြောင်း သူရဲ့ Twitter Post တစ်ခုမှ သီီးခြားဖော်ပြခဲ့ဖူးပါတယ်။
Ref ; RFK Jr Says He Purchased Bitcoin For His Kids - Watcher.guru Coin desk ; RFK Jr. Confirms Recent Bitcoin Purchases (ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)
Telegram တွင် စောင့်ဖတ်ရန် →
https://t.me/BitcoinMyanmarEDU

👍15🤮1
တော်လှန်ရေးအင်အားစုများ လမ်းမပေါ် အလှူခံခြင်းမပြုလုပ်ရန် ပအဖ သတိပေး
====================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများအား လမ်းမပေါ်အလှူခံခြင်း ၊ ငွေကြေးကောက်ခံခြင်းများ မပြုလုပ်ကြရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(မြင်းမူမြို့နယ်) က ဇူလိုင်လ ၂၈ရက်တွင် ထုတ်ပြန်သည်။
မြင်းမူမြို့နယ်အတွင်း မုံရွာ - မန္တလေး အဝေးပြေးကားလမ်းမကြီးအပါအဝင် ထီးဆောင်း - အရာတော်လမ်းပိုင်း အချို့နေရာများတွင် တော်လှန်ရေးအင်အားစုအချို့သည် ကာကွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ပေးချက်မရှိဘဲ လမ်းမပေါ်တွင်အလှူခံခြင်း ၊ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်လာသည်ကို စီစစ်တွေ့ရှိရကြောင်း ဆိုသည်။
တော်လှန်ရေးအင်အားစုများ အနေဖြင့် လမ်းမပေါ်တွင် အလှူခံခြင်း ၊ ငွေကြေးကောက်ခံခြင်း၊ စစ်ကောင်စီနှင့်မပတ်သက်သော ပစ္စည်းများအားသိမ်းဆည်းပြီး ငွေဖြင့်ပြန်လည်ရွေးခိုင်းခြင်းများ မပြုလုပ်ကြရန်နှင့် ဆက်လက်လုပ်ဆောင်ပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။
“ကျနော်တို့ကတော့ ကြိုဆိုပါတယ် ။ အဲလိုငွေကောက်တာမျိုးက မလုပ်သင့်ဘူးလေ ။ ပြည်သူတွေ အမြင်မကြည်လင်လို့ မရဘူးဗျ ။ ကျနော်တို့ တော်လှန်ရေးလုပ်နေတာ ပြည်သူအတွက်ဆို ပြည်သူတွေကို မငြိုငြင်စေချင်ဘူး ။ နောက်ပြီး ကာကွယ်ရေးဝန်းကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းအောက် မြို့နယ် ပကဖ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) COC လမ်းစဉ်အောက်မှာ အလုပ်လုပ်တာ ပိုပြီးတော့ကောင်းပါတယ်” ဟု အမည်မဖော်လိုသည့် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက မဇ္စျိမကိုပြောသည်။
ပြည်သူကျွေးတဲ့ထမင်းစားပြီး ပြည်သူအပေါ်မှာ မတရားလုပ်ခြင်းသည် မသင့်တော် ကြောင်းနှင့် မြို့နယ် ပအဖ(ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)က ယခုကဲ့သို့ ထိန်းသိမ်းမည့်အပေါ် ၎င်းတို့အနေဖြင့် ထောက်ခံကြောင်းဆိုသည်။
တော်လှန်ရေးအချိန် ကြာလာသည့်အမျှ ပြည်သူလူထု၏ ယုံကြည်မှုကို ပိုမိုရရှိလာ အောင်စွမ်းဆောင်သင့်ပြီး ယုံကြည်မှုကင်းမဲ့သွားစေနိုင်သည့် အလုပ်မျိုး ရှောင်ရှားသင့်ကြောင်း အဆိုပါ အဖွဲ့ခေါင်းဆောင်က ဆက်ပြောသည်။
“ကျနော်တို့ လမ်းမှာကာကွယ်ရေးအဖွဲ့က လူငယ်လေးတွေကို ပေးရပါတယ် ။ တချို့နေရာမှာဆို စေတနာရှိသလောက်မဟုတ်ဘဲ ၅၀၀၀ မပေးမနေရပေးရတယ် ။ လမ်းတလျောက်ဆိုတော့ဗျာ တော်တော်ကုန်တယ် ။ စကစ(စစ်ကောင်စီ) ဂိတ်တွေကိုလည်း ပေးရတယ် အခုလို ထိန်းသိမ်းနိုင်တယ်ဆိုရင် ကောင်းပါတယ်” ဟု မုံရွာ - မန္တလေး လမ်းပိုင်းကိုယ်ပိုင်ကားဖြင့် သွားလာသူတစ်ဦးက ပြောသည်။
ငွေကြေးတောင်းခံမှုသာမက မလိုအပ်သောစစ်ဆေးမှုများလည်း ကြာမြင့်စွာပြုလုပ်ပြီး မသင်္ကာသောစစ်ဆေးမေးမြန်းမှုများဖြင့်လည်း ကြုံတွေ့ခဲ့ရခြင်းများရှိကြောင်း ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဒေသ ကွပ်ကဲမှုကောက်ရှိ တော်လှန်ရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများအနေဖြင့် ညွှန်ကြား ချက်မရှိဘဲ ဂိတ်စခန်းများဖွင့်လှစ်ခြင်း ၊ ငွေကြေးကောက်ခံခြင်းများ မပြုလုပ်ရန် NUGက အမိန့်စာထုတ်ပြန်ထားကြောင်း သိရှိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#မြင်းမူမြို့နယ်
#တော်လှန်ရေးအင်အားစုများ

👍23😁3
၈၆၀ ရက်မြောက်အဖြစ် ကျေးရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ
=====================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ် ကော်မတီက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ ၃၀ ရက် ယနေ့တွင် ချီတက်ခဲ့ကြသည်။
ယနေ့ချီတက်ပွဲသည် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၆၀ ရက် မြောက်အဖြစ် ချီတက်ခဲ့ကြခြင်းဖြစ်သည်။
သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး ကျဆုံးခဲ့သည့် အာဇာနည်များကိုအလေးပြုခဲ့ကြကာ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကြောင်းသိရ သည်။
ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး

❤24🔥1😁1
ချင်းတွင်းမြစ် ဆန်တက်လာသည့် စစ်ရေယာဉ်တန်း မြစ်နံဘေးကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်၊ ၅ ဦး ဒဏ်ရာရ
=========================
MTO
ချင်းတွင်းမြစ်ကို ဆန်တက်လာသည့် စစ်ကောင်စီ စစ်ရေယာဉ်တန်းသည် ဆားလင်းကြီးမြို့နယ် မြစ်ကမ်းနံဘေးရှိ ရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ ရွေကုန်းရွာ ဒေသခံ နှစ်ဦးနှင့် ဒေသကာကွယ်ရေးရဲဘော် သုံးဦးထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ထိုရေယာဉ်တန်းသည် ဇူလိုင်လ ၂၉ ရက် မနက်ပိုင်းက ဆားလင်းကြီးမြို့နယ်အတွင်း ဝင်ရောက်လာချိန်မှစ၍ မြစ်ကမ်းနံဘေးကျေးရွာများကို ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
၎င်းက “ ရွှေကုန်းရွာက ပြည်သူ နှစ်ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်။ မြစ်ကမ်းတစ်လျှောက် မှာ ရှိတဲ့ ရွာတွေ ကတော့ အကုန်ရှောင်ရတာပဲ “ ဟု ပြောသည်။
ကျေးရွာအချို့မှ နေအိမ်များ ပျက်စီးခဲ့ပြီး အိမ်ခေါင်မိုးနှင့် နံရံများတွင် ကျည်ပေါက်ရာများ တွေ့ရှိရကြောင်း ၎င်းကဆိုသည်။
ရိက္ခာ ၊ စစ်လက်နက်ပစ္စည်းများနှင့် ဆီပေပါများ တင်ဆောင်လာသည့် သင်္ဘော ၆ စီး ၏ နောက်တွင် စစ်သင်္ဘော တစ်စီးက အကာအကွယ်ပေးလိုက်ပါလာပြီး စစ်ကိုင်းတိုင်း ခန္တီးမြို့ အထိသွားနိုင် ကြောင်း ဆားလင်းကြီး ပအဖ အဖွဲ့ ဝင် က ဆိုသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ သည် ချင်းတွင်းမြစ်ကြောင်းမှတစ်ဆင့် ရိက္ခာ ပို့ဆောင်နေပြီး မြစ်ကမ်းနံဘေး ကျေးရွာများကို ပစ်ခတ်သွား၍ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများ စစ်ရှောင်နေရကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ရေယာဥ်တန်း
#လက်နက်ကြီးဖြင့် ပစ်ခတ်

👍12🤬7👏3❤1
စစ်ကောင်စီအာဏာသိမ်းသည့် ကာလအတွင်း နေအိမ်၊ အဆောက်အအုံပေါင်း ၈ သောင်းကျော် မီးရှို့ဖျက်ဆီးခံရ
🤬13🔥2😁1😢1