Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အသစ် လိုအပ်ပြီလား” | Editors’ Talk Episode-18

https://youtu.be/xPBEw1etjEg#စကားဝိုင်း

#shorts #reels #EditorsTalk #Mizzima
👍1🔥1😁1
ဇူလိုင်လ (၃၀) ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေကဒေသခံအများအပြားကို လူသားဒိုင်းအဖြစ်ဖမ်းဆီးထားတဲ့သတင်းနဲ့အတူ

"ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး" ဖွဲ့စည်းထားတဲ့အကြောင်း သတင်းလွှာအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း အားကစားသတင်း၊ စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ Spring University ကပေးပို့တင်ဆက်ထားတဲ့ လူထုဦးလှရဲ့ “အချိန်အရင်းအနှီး” ဆိုတဲ့ အကြောင်းကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ “နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်” အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/OTr3YS2u39g

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍13🔥1😁1🤬1
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အသစ် လိုအပ်ပြီလား” | Editors’ Talk Episode-18
=====================

ဘယ်အချိန်ကာလကမှ ငြိမ်းချမ်းမှုမရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက လုပ်နေတယ်ဆိုတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဆိုတာဟာ တကယ်တမ်း ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်ကြပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အသစ် လိုနေပါပြီလား၊ ဘယ်လို ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မျိုး လိုအပ်နေပါသလဲ၊ အဲဒီလို ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မျိုးကိုအကောင်အထည်ဖော်ဖို့ ဘယ်လိုအခြေအနေတွေ လိုအပ်ပြီး ဘယ်သူတွေက ကမကထပြု စတင် လုပ်ဆောင်သင့်ပါသလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ နားဆင်ကြရပါမယ်။

တော်လှန်လူငယ်တဦးလည်းဖြစ်၊ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာ လေ့လာသူတဦးလည်းဖြစ်တဲ့ မဟင်္သာ၊ မြန်မာပြည်ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးလေ့လာသူ ကိုအောင်ကိုကိုတို့နဲ့အတူ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။

လုံခြုံရေးအခြေအနေအရ မဟင်္သာက အသံနဲ့ပဲ ပါဝင်ဆွေးနွေးထားပါကြောင်း ကြိုတင် အသိပေးလိုပါတယ်။

https://youtu.be/xPBEw1etjEg

#Editors’Talk
#ငြိမ်းချမ်းရေး
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍8🔥2
​​လောကဓံ အတက်အကျမြန်သော တရုတ်နိုင်ငံခြားရေး ဝန်ကြီး ကျင်ဂန်း 
====================

တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းအား ရာထူးမှ ဖယ်ရှားလိုက်ခြင်းသည် တရုတ် ကမ္ဘာ့နိုင်ငံရေးတွင် ထွန်းတောက်လာခဲ့သော ကြယ်တစ်ပွင့်၏ သံတမန်ရေးခရီး ရုတ်ခြည်းအဆုံးသတ်ခြင်းကို ကမ္ဘာက မြင်တွေ့လိုက်ရသည်။ သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် တွင် ဂုဏ်သိက္ခာ ထိန်းသိမ်းသူ တစ်ဦး အဖြစ် သတ်မှတ်ခံရသည်။ အဆိုပါ ဖြစ်ရပ်သည် တရုတ်တွင် အသစ်အဆန်း မဟုတ်သော်လည်း ရှီ၏ ခေါင်းဆောင်မှုပုံစံ အပြင် ပါတီကို ချုပ်ကိုင်ထားမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာနိုင်သည်။

ကျင်ဂန်း ကို ဇူလိုင် ၂၅ ရက်က ရာထူးမှဖယ်ရှားခဲ့ပြီး ယခင်နိုင်ငံခြားရေး ဝန်ကြီး‌‌‌ဟောင်း ဝမ်ယိ နှင့် အစားထိုးခဲ့သည်။ ပြီးခဲ့သည့် ၁ လတာ လုံး ကျင်ဂန်း သည် လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်း ကို ဖယ်ရှားပြီး ဝမ်ယိ ကို ခန့်အပ်ကြောင်း ၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်ကို ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ ဇူလိုင် ၂၅ ရက် တွင် အစည်းအ ဝေးကျင်းပနေစဉ် တရုတ်နိုင်ငံ ထိပ်တန်းဥပဒေပြုလွှတ်တော်က ဝမ်ယိ အား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် မဲခွဲဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။
👍9🔥1😁1
​​Alive
========

တစ်ကမ္ဘာလုံးသာ Zombie ဖြစ်သွားခဲ့ရင် ဘယ်လိုအသက်ရှင်ကြမလဲ?

ကိုရီးယားနိုင်ငံမှာ ကူးစက်ရောဂါတစ်ခုဖြစ်သွားခဲ့ပြီး ရောဂါလက္ခဏာအနေနဲ့ အကြမ်းဖက်ခြင်းနဲ့လူသားစားခြင်းတွေကို လုပ်ဆောင်လာကြပါတယ်...

ရုတ်ချည်းဖြစ်သွားတဲ့ ကူးစက်ရောဂါဟာ ရောဂါရှိသူရဲ့ အကိုက်ခံရမှုကနေတစ်ဆင့် လူအယောက်ပေါင်းများစွာကို အလျင်အမြန်ကူးစက်သွားခဲ့တယ်...

မနက်နောက်ကျမှနိုးလာတဲ့ Jun-U ဆိုတဲ့ကောင်လေးကတော့ ဂိမ်းကစားနေရင်းကနေ တီဗီကလာတဲ့သတင်းကြောင့်အပြင်လောကကို ကြည့်မိချိန်မှာတော့....

တစ်အိမ်လုံးမှာ သူတစ်ယောက်တည်းကျန်ခဲ့ရာကနေ ဘ​ယ်နှရက်အထိ တောင့်ခံနိုင်မှာလဲ

သတင်းထဲမှာတော့ အပြင်မထွက်ဖို့ အထပ်ထပ်သတိပေးထားပေမဲ့ စားနပ်ရိက္ခာကုန်သွားချိန်မှာတော့အသက်ရှင်ကျန်ရစ်သူများလည်း အပြင်ထွက်ပြီး အသက်စွန့်ကာ ရိက္ခာရှာရပါတော့တယ်...

ဒီလိုနဲ့ ကိုယ့်လိုအသက်ရှင်တဲ့လူအချင်းချင်းတွေ့ပြီး အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာစိတ်ဝင်တစား ကြည့်ရှုရမယ့်ကားပဲဖြစ်ပါတယ်
..
Mizzima + HD တွင် ပြသနေသည့် ည ၁၀နာရီခွဲ အချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။
Mizzima+HD Channel တွင် ပြသသည့်အချိန်မှာပဲ Mizzima App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့Mizzima Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

ပြသမည့်ရက်။ ။ 30.7.2023
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥2❤1😁1
​​ရွှေဆိုင်များပြန်ဖွင့်သော်လည်း အခေါက်‌ရွှေ မရောင်း
=================

007
(မဇ္စျိမ)။ ။ ရွှေဈေး မတည်ငြိမ်မှုကြောင့် ဆိုင်ပိတ်ကာအရောင်းအဝယ်ရပ်ထားသည့် ရွှေဆိုင်များ ယနေ့ ဇူလိုင်လ ၃၀ ရက်တွင် ပြန်ဖွင့်ပြီဖြစ်သည်။

သိုသော် အခေါက်ရွှေ အရောင်း၊အဝယ် မပြုလုပ်ဘဲ ၁၅ ပဲရည်ရွှေထည်များနှင့် ကျောက်ထည်များကိုသာ ရောင်းပေးနေကြောင်း စျေးကွက်စောင့်ကြည့်သူများထံက သိရသည်။

“ တော်တော်များများတော့ပြန်ဖွင့်လာကြပြီ။ အရောင်းအ၀ယ်စုံစမ်းကြည့်တော့ အဲဒီဖွင့်ထားတဲ့ဆိုင်တွေမှာ အခေါက်အတုံး လုံး၀အရောင်းအ၀ယ်မလုပ်ကြဘူးတဲ့ဗျာ။ အလျော့တွက်လက်ခရတဲ့ အထည်တော့ရောင်းပေးတယ် ” ဟု မန္တလေးမြို့က ပြည်တွင်းရွှေစျေးကွက်စောင့်ကြည့်လေ့လာသူတစ်ဦးကပြောသည်။
၂၀,၀၀၀ တန် ငွေစက္ကူကျပ်ထုတ်ဝေမည့်နောက်ဆက်တွဲအဖြစ် ရွှေဈေးတက်ခဲ့၍ ရွှေဆိုင်များ ပိတ်ထားသည်မှာ တစ်ပတ်ခန့်ရှိပြီ ဖြစ်သည်။

“၁၅ ပဲရည်ကို ၃၂ သိန်းနဲ့၀ယ်ပြီး ၃၃ သိန်းနဲ့ပြန်ရောင်းတယ်။ ဘောက်ချာမှာတော့ ၂၉ သိန်း၀န်းကျင်ပဲစျေးဖွင့်တယ်။ ဒါတောင် တစ်နေ့၀ယ်ထားသ လောက်ပဲ ပြန်ရောင်းပေးတာလို့ပြောတယ်။ အလျော့တွက် လက်ခ အဆင်မပြေလို့ မ၀ယ်ခဲ့ရဘူး” ဟု ရွှေဝယ်ရန် စုံစမ်းမေးမြန်းခဲ့သူတစ်ဦးကပြောသည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂,၃၀၆,၇၀၀ ကျပ်၊ ၁၅ ပဲရည်တစ်ကျပ်သားလျှင် ၂,၁၇၁,၀၀၀ ကျပ်ဖြင့်ရောင်းချရန်ကြေညာထားပြီး၊ အလျော့တွက်လက်ခ ထပ်ဆောင်း ပေါင်းထည့်ခြင်း၊ ရွှေစျေးကစားခြင်း၊ စျေးတင်ရောင်း ချခြင်းများအား ရှောင်တခင် စစ်ဆေးအရေးယူနေကြောင်းသတိပေးထားသည်။

ပြီးခဲ့သည့်ဇူလိုင်လ ၂၃ ရက်က ၂၀,၀၀၀ ကျပ်တန်ငွေစက္ကူထုတ်ဝေမည့်သတင်းကြေညာခဲ့ပြီးနောက် ပြည်တွင်းရွှေစျေးနှုန်း ရုတ်တရက် ထိုးတက်သွားပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅ သိန်းနှင့်အထက်အထိ ဈေးမြင့်တက်ခဲ့သည်။

ပြည်တွင်းရွှေစျေးကွက်တွင် ယမန်နှစ် သြဂုတ်လကစျေးနှုန်းစံချိန်တင်မြင့်တက်မှုဖြစ်ခဲ့ဖူးပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၈ သိန်းကျပ် အထိ စံချိန်တင်မြင့်တက်ခဲ့ဖူးကြောင်း ရွှေစျေးကွက်စောင့်ကြည့်လေ့လာသူများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း - ၁၆ ပဲရည် အကယ်ဒမီအခေါက်ရွှေများ( ဓာတ်ပုံ- CJ)

#Mizzima
#ရွှေဈေး
#ကျပ် နှစ်သောင်းတန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥3
This media is not supported in your browser
VIEW IN TELEGRAM
ဖားကန့်မြို့နယ် ၊ မရှိကထောင်ရပ်ကွက်ရှိ ကြံ့ခိုင်ရေးရုံးမီးလောင်မှု မြင်ကွင်း
👍13👏9🔥3
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၀ ရက်ထုတ်လွှင့်မှုများ
=====================

https://youtu.be/AQQ_-myU-eI

#PVTV
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၀ ဇူလိုင် ၂၀၂၃)
===================

အမျိုးသားညီညွတ်ရေး အစိုးရ

• အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနနှင့် မြေပြင်တရားရုံး(၂၈)ရုံးက တရားသူကြီးတွေ(သီးသန့်) တွေ့ဆုံဆွေးနွေးသည့် အစည်း အဝေးအမှတ်စဉ် (၂/၂၀၂၃)ကို ဇူလိုင် ၂၉ရက်မနက် ၁၀နာရီမှာ ပြုလုပ်ခဲ့သည်။

• ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ပညာရေးကော်မတီနဲ့ ကရင်နီပြည်နယ်ရှိ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ပညာရေးကော်မတီဝင်များ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံကာ မြေပြင်မှာ ဆောင်ရွက်ထားရှိတဲ့ပညာရေးဆိုင်ရာအခြေအနေများနှင့် စပ်လျဥ်းပြီး တွေ့ဆုံဆွေး နွေး ခြင်း အစီအစဥ်ကို ဇူလိုင်လ ၂၉ ရက်၊ မနက် ၁၀ နာရီအချိန်မှာ ဗီဒီယိုကွန်ဖရင့်က တစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

• တော်လှန်ရေးကာလအတွင်း တော်လှန်ရေးအင်အားစုများ၏ လုံခြုံရေးနှင့် တော်လှန်ရေးကို ထိခိုက်စေ နိုင်သည့် အသွင်ယူ စိမ့်ဝင်မှုများနှင့် လိမ်လည်မှုများကို တားဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း NUGPayက အသိပေးထုတ်ပြန်ထားသည်။
👍21🔥1😁1
​​လှိုင်သာယာ (၂၀) ရပ်ကွက်ရုံးအနီး ဗုံး ၂လုံးပေါက်ကွဲ
==================

ကီရာ
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အနော်ရထာ လမ်းမကြီးပေါ်ရှိ အမှတ်( ၂၀ )ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဇူလိုင်လ ၃၀ရက် ညနေ ၆နာရီကျော် ဝန်းကျင်တွင် ဗုံး ၂ လုံး ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း အနီးအနားရှိ ဒေသခံများထံမှ သိရသည်။
လက်တလောတွင် အဆိုပါရုံးအနီးရှိ လမ်းသွယ်များကို ပိတ်ထားပြီး လမ်းမကြီးပေါ် သွားလာနေသည့် ကားများကို စစ်ကောင်စီမှ တားဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

“ လူထိခိုက်မှုတော့ မသိသေးဘူးဗျ။ လမ်းသွယ်တွေကတော့ ပိတ်ထားတယ် ရုံးနောက်ဘက်က လမ်းသွယ်တွေကောပဲ။ လမ်းမကြီးကတော့ ဖွင့်ထားပြီး လာတဲ့ကားမှန်သမျှ အကုန်စစ်နေတယ်။ စစ်ကားတွေ အဲ့ဘက်သွားနေကြတာ တွေ့တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

၂၀၂၃ခုနှစ် ဇန်နဝါရီ ၁ရက်နေ့တွင် အမှတ် ( ၂၀) ရပ်ကွက်ရုံး၏ စစ်ကောင်စီမှ ခန့်အပ်ထားသည့် ကြံ့ခိုင်ရေးအဖွဲ့ဝင် အုပ်ချုပ်ရေးမှူးသည် ရုံးအနီးရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု အဆိုပါ ဒေသခံက ဆက်လက် ပြောသည်။

“ပထမအုပ်ကြီးကတော့ ပစ်သတ်လို့ သေပြီ အခုရှိနေတာကတော့ နောက်အုပ်ကြီးပေါ့ ။ အဲ့လမ်းနားမှာကလဲ သူတို့နဲ့ပတ်သက်တဲ့သူတွေပဲ ဆိုင်ကယ်စီးခွင့်ရှိတယ် စီးလို့ရတယ်။ပြီးတော့ အဲ့ရုံးကို စစ်ကောင်စီက လူတွေ ခဏခဏ လာတတ်တယ် ။ တစ်ခါဆိုရင် ကားပေါ်ကဆင်းပြီး ဆိုင်ကယ်တွေနဲ့ အဲ့ဘက်ကို အဲ့ကောင်တွေ နှစ်ယောက်စီ သွားနေတာတွေ့ဖူးတယ်” ဟု ၎င်းက ပြောသည်။

လှိုင်သာယာ မြို့နယ်သည် စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မြို့နယ်တစ်ခုဖြစ်ပြီး လက်ရှိအချိန်ထိ ဧည့်စာရင်းစစ်ဆေးခြင်းများ လုပ်ဆောင်၍ မြို့နေ လူငယ်များကို စစ်ကောင်စီမှ ဖမ်းဆီးခြင်းနှင့် ဆိုင်ကယ်များ ၊ဘေးတွဲဆိုင်ကယ်များကို နေအိမ်အတွင်းထဲအထိ ဝင်ရောက်ဖမ်းဆီးခြင်းများကို လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25😁3👏2❤1
​​တရုတ်အစိုးရအကြီးအကဲ ဝမ်ယိနှင့် ထိုင်းဒုဝန်ကြီးချုပ်တို့ ဂျကာတာတွင် မြန်မာအရေးဆွေးနွေးကြောင်း ဗြိတိန်ရှိ တရုတ်သံရုံး သတင်းထုတ်ပြန်
=======================

တရုတ်နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဝမ်ယိက ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒွင်နိုင်းအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဇူလိုင် ၁၄ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း ဗြိတိန်နိုင်ငံ တရုတ်သံရုံးက သတင်းထုတ်ပြန်လိုက်သည်။

ထိုသို့တွေ့ဆုံရာတွင် ဒွန်ပရာမူဒွင်နိုင်းက မကြာမသေးမီက မြန်မာနိုင်ငံသို့ သွားရောက် ဆက်သွယ်ဆောင်ရွက်ခဲ့သည့် ခရီးစဉ်းအား ရှင်းလင်းပြောကြားကာ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ နိုင်ငံရေးအရ ဖြေရှင်းမှု တိုးမြှင့် လုပ်ဆောင်ရာတွင် တရုတ်အစိုးရသည် အရေးပါသော အခန်းကဏ္ဍတွင် ဆက်လက်ရှိနေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ယိကလည်း မြန်မာနိုင်ငံအရေးအား အာဆီယံ၏ နည်းလမ်းဖြင့် ဖြေရှင်းခြင်း၊ အခြားပြင်ပမှ ကြားဝင်မစွက်ဖက်စေခြင်း၊ သက်ဆိုင်ရာအုပ်စုများအားလုံးက လက်ခံနိုင်သည့် လမ်းပြမြေပုံတစ်ခုအား ဖော်ဆောင်ရေးတို့ကို တရုတ်နိုင်ငံက သဘောတူထောက်ခံကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာအရေးနှင့် ပတ်သက်၍ ထိုင်းအစိုးရ၏ အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်များ၊ တိုးတက်အောင် လုပ် ဆောင်မှုများကို တရုတ်အစိုးရက အသိအမှတ်ပြုကြောင်း ဝမ်ယိက ပြောကြားသည်။ အာဆီယံ၏ ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထောက်ခံကြောင်း၊ အာဆီယံအသိုက်အဝန်း ထူထောင်မှုကို အားပေးကြောင်းနှင့် ကိုယ်ပိုင်နည်းလမ်းဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

ဝမ်ယိနှင့် ဒွန်တို့သည် တရုတ်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ မဟာဗျူဟာကျသည့် ဆက်သွယ် ဆောင်ရွက်ရေး၊ ဆက်ဆံရေးတိုးချဲ့ရေး၊ နှစ်နိုင်ငံ ဘုံအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ နိုင်ငံတကာဆက်ဆံရေးတွင် အရေးပါသည် အခြေခံစံနှုန်းများကို ဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံ နေပြည်တော်သို့ သွားရောက်ကာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၊ ဖမ်းဆီးအကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် မကြာသေးမီ ရက်ပိုင်းက တွေ့ဆုံခဲ့ကြောင်း အင်ဒိုနီးနားရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် ‘အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး’ ၏ သီးခြား ဆွေးနွေးပွဲတွင် သတင်းထောက်များအား ဇူလိုင် ၁၂ ရက်က အတည်ပြု ပြောကြားခဲ့သည်။ ဝမ်ယိသည် တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန် ရာထူးမှ နုတ်ထွက်ပြီးနောက် ဒုတိယအကြိမ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးရာထူးကို ဇူလိုင် ၂၅ ရက်တွင် ပြန်လည်ထမ်းဆောင်ခဲ့သည်။
😁21👍9🖕5🤬3🤮2
ဇူလိုင်လ (၃၁) ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=============================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကောင်စီအာဏာသိမ်းတဲ့ ကာလအတွင်း နေအိမ်၊ အ​ဆောက်အအုံပေါင်း ၈ သောင်းကျော် မီးရှို့ဖျက်ဆီးခံရတဲ့သတင်းနဲ့အတူ

ဇူလိုင်လအတွင်း စက်သုံးဆီဈေး ကျပ် ၃၀၀ ခန့် တက်သွားတဲ့အကြောင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့
တပတ်အတွင်း အားကစားသတင်း၊ စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ "နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်" အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။

https://youtu.be/IqPRsM1Zl2E

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
​​Exit 2019
===========

ယောင်နမ်ဟာ ကောလိပ်မှာတုန်းက အတော်ဆုံးတောင်တက်သမားတစ်ယောက် ဖြစ်ခဲ့ပေမဲ့ ဘွဲ့ရပြီးတဲ့အခါမှာတော့ ကံသိပ်မကောင်းခဲ့ပါဘူး

သူဟာ နှစ်နဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်လာကာ သူ့ရဲ့မိဘတွေကိုပဲ ပြန်လည်မှီခိုနေရပါတယ်

သူ့အမေရဲ့ အသက် ၇၀နှစ်ပြည့်မွေးနေ့မှာတော့ သူ့ရဲ့ ငယ်ချစ်ဟောင်း အူဂျီအလုပ်လုပ်နေတဲ့ ခန်းမမှာကျင်းပဖို့ စည်းရုံးခဲ့ပါတယ်..
ယောင်နမ်တို့ မိသားစုနဲ့ ဆွေမျိုးတစ်သိုက်မွေးနေ့ပွဲကျင်းပနေစဥ်မှာ ဆိုးလ်မြို့တစ်ခုလုံး ဆန်းကျယ်တဲ့ အဆိပ်ဓာတ်ငွေ့တွေ ပျံ့နှံ့လာပါတော့တယ်

မိသားစုဝင်တွေ ဒုက္ခနဲ့ ကြုံတွေ့ရချိန်မှာတော့ ယောင်နမ်ဟာသူ့ရဲ့ တောင်တက်စွမ်းရည်တွေကို အသုံးချပြီး လူတွေကိုကယ်ဆယ်ပေးခဲ့ပါတယ်။
သူကိုယ်တိုင်လည်း အူဂျူနဲ့အတူ အသက်ဘေးကလွတ်ဖို့ စွန့်စွန့်စားစားကြိုးစားရပုံတွေကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ခုဖြစ်ပါတယ်

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၃၁.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
🔥2👍1😁1
​​31.7.2023 (Monday)တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
===============

Highlight

Korea Movie -Exit(မနက်- ၁၀ နာရီ)
ပန်ချရက် ( ညနေ- ၆ နာရီ)
ကြယ်ပွင့်လေးရဲ့ သက်သေ (ညနေ - ၇ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
#dailyschedule
🔥2😁1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်) | VOA On Mizzima
====================

ရေကြောင်းလမ်းဖောက်ခဲ့ကြတဲ့ Viking ရွက်သင်္ဘောများအကြောင်း ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ တင်ဆက်ပေးမယ့်အပြင် သတင်းထဲက အင်္ဂလိပ်စာ၊ အာရှစီးပွားရေးကဏ္ဍမှာ တင်ဆက်ထားတာကို ဇူလိုင်လ ၃၁ ရက်၊ တနင်္လာနေ့ မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ အစီအစဉ်မှာ အပတ်စဉ်ကဏ္ဍတွေအဖြစ် ရှုစားကြရမှာ ဖြစ်ပါတယ်။

https://youtu.be/OxFxUX1MHdY

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥2
​​Kai Po Che
==============

“အီရှန်” ၊ “ ဂိုဗင် “၊ “ အိုမီ “ တို့ဟာ ညီအစ်ကိုအရင်းအချာကဲ့သို့ အရမ်းခင်မင်ကြတဲ့ သူငယ်ချင်း ၃ ယောက်ပါ…သူတို့ထဲမှာ “ အီရှန်” ဟာ ခရစ်ကတ် ကစားနည်းကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်…
သူတို့ အိပ်မက်ကတော့ ရှော့ပင်းစင်တာမှာ အားကစားဆိုင်ကြီး ဖွင့်ချင်ကြတာပါ…သူတို့ရဲ့ အိမ်မက်အတိုင်း ရှော့ပင်းစင်တာမှာ ဆိုင်မဖွင့်နိုင်သေးတဲ့ သူတို့သုံးယောက်ဟာ “ အိုမီ “ဦးလေးဆီက ပိုက်ဆံချေးပြီး ဘုရားကျောင်းအနီးမှာပဲ အားကစားပစ္စည်းရောင်းကြပါတော့တယ် …

ခရစ်ကတ်ကို ရူးသွပ်လွန်းသူ အီရှန်ကတော့ ခရစ်ကတ်ကစားတဲ့ ကလေးတွေကို နည်းပြအနေနဲ့ သင်ကြားပေးပါတယ်….
ဒီလိုနဲ့ တစ်နေ့မှာတော့ ခရစ်ကတ်ကစားတာ အရမ်းတော်တဲ့ “အလီ” လို့ခေါ်တဲ့ ကလေးတစ်ယောက်ကို အီရှန် တွေ့ခဲ့တယ်…
“အီရှန်”ဟာ “အလီ” ကို အရမ်းထူးချွန်တဲ့ ခရစ်ကတ်ချန်ပီယံ တစ်ယောက်ဖြစ်အောင် မြေတောင်မြှောက်ပေးချင်ခဲ့တယ်…အီရှန်ရဲ့မြေတောင်မြှောက်မှုတွေကရော အလီအတွက် အရာထင်စေခဲ့မလား ?

ဒီဇာတ်ကားမှာတော့ သူငယ်ချင်းတွေရဲ့ မေတ္တာတရားတွေ ၊ဆရာတစ်ယောက်ရဲ့ မေတ္တာတွေနဲ့ ခရစ်ကတ်ရဲ့ အားကစားနည်း အကြောင်းတွေကို အပြည့်အဝ ခံစားကြည့်ရူရမှာပဲ ဖြစ်ပါတယ် ။
ကဲ ...ပရိသတ်တွေ အနေနဲ့လည်း ဒီဇာတ်ကားကောင်းလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်ရူနိုင်ပါပြီ ။
Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက် ။ ။31.7.2023
ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ
#Replay ပြန်လည်ပြသမည့်အချိန် ။ ။1.8.2023
ပြသမည့်အချိန်။ ။နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥2❤1😁1
ရေကြောင်းလမ်းဖောက်ခဲ့ကြတဲ့ Viking ရွက်သင်္ဘောများ | VOA On Mizzima
====================

ကမ္ဘာ့ရေကြောင်းသွားလာရေးမှာ စွန့်ဦးသူတွေလို့ ပြောနိုင်တဲ့ ဥရောပတိုက်မြောက်ပိုင်းသား Viking တွေ လွန်ခဲ့တဲ့ နှစ် ၁၀၀၀ လောက်က သစ်သား ရွက်သင်္ဘောတွေနဲ့ ရွက်လွှင့်သွားခဲ့ကြပါတယ်။ အဲဒီသစ်လှေကြီးတွေ ရွက်သင်္ဘောတွေအကြောင်း အနီးကပ်လေ့လာနိုင်အောင် မစုမြတ်မွန်က ဒိန်းမတ်နိုင်ငံကို ခေါ်သွားပါလိမ့်မယ်။

https://youtu.be/rcxQXwC5nAM

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥2
သတင်းထဲက အင်္ဂလိပ်စာ | VOA On Mizzima
==================

ဒီတပတ်ရဲ့ သတင်းထဲကအင်္ဂလိပ်စာအစီအစဉ်မှာ သတင်းတွေထဲ ဖော်ပြပါရှိတဲ့ လွတ်လပ်ရေးနေ့နဲ့ ဆိုင်တဲ့ စကားလုံး၊ အသုံးအနှုန်းတွေကို ကောက်နှုတ်တင်ပြထားပါတယ်။ မမြသဇင်အောင်နဲ့ ကိုအောင်လွင်ဦးတို့က စီစဉ် တင်ဆက်ပေးထားပါတယ်။

https://youtu.be/3rGPP2SySfA

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥3
တရုတ်၊ နေပြည်တော်နဲ့ မြောက်ပိုင်းအဖွဲ့ကြားမှာ ဘာတွေခြေရှုပ်နေသလဲ
===================

တရုတ်အကူအညီယူပြီး မြောက်ပိုင်းအဖွဲ့တွေကို အိတ်ထဲထည့်ထားနိုင်ဖို့ကြိုးစားလာတဲ့ စစ်ကောင်စီရဲ့ခြေလှမ်း တွေကို မကြာခဏတွေ့နေရပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး မြန်မာ့အရေးမှာ တရုတ် ထဲထဲဝင်ဝင်ပါဝင်လာ ပြီးနောက် မြောက်ပိုင်းအဖွဲ့တွေနဲ့ စစ်ကောင်စီကြား ပြန်လည်စေ့စပ်ရေးတွေကို ဦးစားပေးလုပ်ဆောင်လာခဲ့တာ တွေ့ရပါတယ်။ တရုတ်အစိုးရဟာ မြောက်ပိုင်းအဖွဲ့တွေနဲ့ သီးသန့်တွေ့ဆုံခဲ့သလို စစ်ကောင်စီနဲ့လည်း တွေ့ဆုံမှု တွေလုပ်ခဲ့တာဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။

မြန်မာ့အရေးဖြေရှင်းပေးဖို့ဆိုတာ ထက် သူတို့အကျိုးစီးပွားကာကွယ်ရေးအတွက် နယ်စပ်ဒေသတွေပြန်လည်တည်ငြိမ်းရေး လုပ်ဆောင်နိုင်ဖို့ကြိုး စားလာတာဆို ပိုမှန်ပါလိမ့်မယ်။ ဒါကိုစစ်ကောင်စီကလည်း မသိတာတော့ မဟုတ်ပါဘူး။ မြောက်ပိုင်းအဖွဲ့တွေ အနေနဲ့ တရုတ်ဩဇာ လုံးဝမလွန်ဆန်နိုင်တဲ့ အခြေအနေမျိုးရှိနေတာကို စစ်ကောင်စီဘက်ကလည်း အပိုင်အသုံး ချဖို့ တွက်ချက်ထားပုံရပါတယ်။

https://youtu.be/Jpo_DMazxFk

#politics
#newsfeature
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁5❤1👍1🔥1🤬1
အာရှစီးပွားရေး | VOA On Mizzima
===================

ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ ကမ္ဘာမှာ ဆန်တင်ပို့မှု အများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံက နိုင်ငံခြား တင်ပို့မှုတွေကို ယာယီ ရပ်ဆိုင်းထားတဲ့အကြောင်းနဲ့ နှစ်ပေါင်းအတော်ကြာ ရပ်နားထားခဲ့ရတဲ့ အီရန်−အာဖဂန်နစ္စတန် အဝေးပြေး ရထားလမ်းတည်ဆောက်မှု စီမံကိန်း ပြန်လည်စတင်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

https://youtu.be/a7ZNP8H2zpM

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥3