Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​လှိုင်သာယာ (၂၀) ရပ်ကွက်ရုံးအနီး ဗုံး ၂လုံးပေါက်ကွဲ
==================

ကီရာ
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အနော်ရထာ လမ်းမကြီးပေါ်ရှိ အမှတ်( ၂၀ )ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဇူလိုင်လ ၃၀ရက် ညနေ ၆နာရီကျော် ဝန်းကျင်တွင် ဗုံး ၂ လုံး ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ကြောင်း အနီးအနားရှိ ဒေသခံများထံမှ သိရသည်။
လက်တလောတွင် အဆိုပါရုံးအနီးရှိ လမ်းသွယ်များကို ပိတ်ထားပြီး လမ်းမကြီးပေါ် သွားလာနေသည့် ကားများကို စစ်ကောင်စီမှ တားဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

“ လူထိခိုက်မှုတော့ မသိသေးဘူးဗျ။ လမ်းသွယ်တွေကတော့ ပိတ်ထားတယ် ရုံးနောက်ဘက်က လမ်းသွယ်တွေကောပဲ။ လမ်းမကြီးကတော့ ဖွင့်ထားပြီး လာတဲ့ကားမှန်သမျှ အကုန်စစ်နေတယ်။ စစ်ကားတွေ အဲ့ဘက်သွားနေကြတာ တွေ့တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

၂၀၂၃ခုနှစ် ဇန်နဝါရီ ၁ရက်နေ့တွင် အမှတ် ( ၂၀) ရပ်ကွက်ရုံး၏ စစ်ကောင်စီမှ ခန့်အပ်ထားသည့် ကြံ့ခိုင်ရေးအဖွဲ့ဝင် အုပ်ချုပ်ရေးမှူးသည် ရုံးအနီးရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု အဆိုပါ ဒေသခံက ဆက်လက် ပြောသည်။

“ပထမအုပ်ကြီးကတော့ ပစ်သတ်လို့ သေပြီ အခုရှိနေတာကတော့ နောက်အုပ်ကြီးပေါ့ ။ အဲ့လမ်းနားမှာကလဲ သူတို့နဲ့ပတ်သက်တဲ့သူတွေပဲ ဆိုင်ကယ်စီးခွင့်ရှိတယ် စီးလို့ရတယ်။ပြီးတော့ အဲ့ရုံးကို စစ်ကောင်စီက လူတွေ ခဏခဏ လာတတ်တယ် ။ တစ်ခါဆိုရင် ကားပေါ်ကဆင်းပြီး ဆိုင်ကယ်တွေနဲ့ အဲ့ဘက်ကို အဲ့ကောင်တွေ နှစ်ယောက်စီ သွားနေတာတွေ့ဖူးတယ်” ဟု ၎င်းက ပြောသည်။

လှိုင်သာယာ မြို့နယ်သည် စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မြို့နယ်တစ်ခုဖြစ်ပြီး လက်ရှိအချိန်ထိ ဧည့်စာရင်းစစ်ဆေးခြင်းများ လုပ်ဆောင်၍ မြို့နေ လူငယ်များကို စစ်ကောင်စီမှ ဖမ်းဆီးခြင်းနှင့် ဆိုင်ကယ်များ ၊ဘေးတွဲဆိုင်ကယ်များကို နေအိမ်အတွင်းထဲအထိ ဝင်ရောက်ဖမ်းဆီးခြင်းများကို လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25😁3👏2❤1
​​တရုတ်အစိုးရအကြီးအကဲ ဝမ်ယိနှင့် ထိုင်းဒုဝန်ကြီးချုပ်တို့ ဂျကာတာတွင် မြန်မာအရေးဆွေးနွေးကြောင်း ဗြိတိန်ရှိ တရုတ်သံရုံး သတင်းထုတ်ပြန်
=======================

တရုတ်နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဝမ်ယိက ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒွင်နိုင်းအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဇူလိုင် ၁၄ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း ဗြိတိန်နိုင်ငံ တရုတ်သံရုံးက သတင်းထုတ်ပြန်လိုက်သည်။

ထိုသို့တွေ့ဆုံရာတွင် ဒွန်ပရာမူဒွင်နိုင်းက မကြာမသေးမီက မြန်မာနိုင်ငံသို့ သွားရောက် ဆက်သွယ်ဆောင်ရွက်ခဲ့သည့် ခရီးစဉ်းအား ရှင်းလင်းပြောကြားကာ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ နိုင်ငံရေးအရ ဖြေရှင်းမှု တိုးမြှင့် လုပ်ဆောင်ရာတွင် တရုတ်အစိုးရသည် အရေးပါသော အခန်းကဏ္ဍတွင် ဆက်လက်ရှိနေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ယိကလည်း မြန်မာနိုင်ငံအရေးအား အာဆီယံ၏ နည်းလမ်းဖြင့် ဖြေရှင်းခြင်း၊ အခြားပြင်ပမှ ကြားဝင်မစွက်ဖက်စေခြင်း၊ သက်ဆိုင်ရာအုပ်စုများအားလုံးက လက်ခံနိုင်သည့် လမ်းပြမြေပုံတစ်ခုအား ဖော်ဆောင်ရေးတို့ကို တရုတ်နိုင်ငံက သဘောတူထောက်ခံကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာအရေးနှင့် ပတ်သက်၍ ထိုင်းအစိုးရ၏ အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်များ၊ တိုးတက်အောင် လုပ် ဆောင်မှုများကို တရုတ်အစိုးရက အသိအမှတ်ပြုကြောင်း ဝမ်ယိက ပြောကြားသည်။ အာဆီယံ၏ ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထောက်ခံကြောင်း၊ အာဆီယံအသိုက်အဝန်း ထူထောင်မှုကို အားပေးကြောင်းနှင့် ကိုယ်ပိုင်နည်းလမ်းဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

ဝမ်ယိနှင့် ဒွန်တို့သည် တရုတ်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ မဟာဗျူဟာကျသည့် ဆက်သွယ် ဆောင်ရွက်ရေး၊ ဆက်ဆံရေးတိုးချဲ့ရေး၊ နှစ်နိုင်ငံ ဘုံအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ နိုင်ငံတကာဆက်ဆံရေးတွင် အရေးပါသည် အခြေခံစံနှုန်းများကို ဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံ နေပြည်တော်သို့ သွားရောက်ကာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၊ ဖမ်းဆီးအကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် မကြာသေးမီ ရက်ပိုင်းက တွေ့ဆုံခဲ့ကြောင်း အင်ဒိုနီးနားရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် ‘အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး’ ၏ သီးခြား ဆွေးနွေးပွဲတွင် သတင်းထောက်များအား ဇူလိုင် ၁၂ ရက်က အတည်ပြု ပြောကြားခဲ့သည်။ ဝမ်ယိသည် တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန် ရာထူးမှ နုတ်ထွက်ပြီးနောက် ဒုတိယအကြိမ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးရာထူးကို ဇူလိုင် ၂၅ ရက်တွင် ပြန်လည်ထမ်းဆောင်ခဲ့သည်။
😁21👍9🖕5🤬3🤮2
ဇူလိုင်လ (၃၁) ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=============================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကောင်စီအာဏာသိမ်းတဲ့ ကာလအတွင်း နေအိမ်၊ အ​ဆောက်အအုံပေါင်း ၈ သောင်းကျော် မီးရှို့ဖျက်ဆီးခံရတဲ့သတင်းနဲ့အတူ

ဇူလိုင်လအတွင်း စက်သုံးဆီဈေး ကျပ် ၃၀၀ ခန့် တက်သွားတဲ့အကြောင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့
တပတ်အတွင်း အားကစားသတင်း၊ စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ "နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်" အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။

https://youtu.be/IqPRsM1Zl2E

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
​​Exit 2019
===========

ယောင်နမ်ဟာ ကောလိပ်မှာတုန်းက အတော်ဆုံးတောင်တက်သမားတစ်ယောက် ဖြစ်ခဲ့ပေမဲ့ ဘွဲ့ရပြီးတဲ့အခါမှာတော့ ကံသိပ်မကောင်းခဲ့ပါဘူး

သူဟာ နှစ်နဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်လာကာ သူ့ရဲ့မိဘတွေကိုပဲ ပြန်လည်မှီခိုနေရပါတယ်

သူ့အမေရဲ့ အသက် ၇၀နှစ်ပြည့်မွေးနေ့မှာတော့ သူ့ရဲ့ ငယ်ချစ်ဟောင်း အူဂျီအလုပ်လုပ်နေတဲ့ ခန်းမမှာကျင်းပဖို့ စည်းရုံးခဲ့ပါတယ်..
ယောင်နမ်တို့ မိသားစုနဲ့ ဆွေမျိုးတစ်သိုက်မွေးနေ့ပွဲကျင်းပနေစဥ်မှာ ဆိုးလ်မြို့တစ်ခုလုံး ဆန်းကျယ်တဲ့ အဆိပ်ဓာတ်ငွေ့တွေ ပျံ့နှံ့လာပါတော့တယ်

မိသားစုဝင်တွေ ဒုက္ခနဲ့ ကြုံတွေ့ရချိန်မှာတော့ ယောင်နမ်ဟာသူ့ရဲ့ တောင်တက်စွမ်းရည်တွေကို အသုံးချပြီး လူတွေကိုကယ်ဆယ်ပေးခဲ့ပါတယ်။
သူကိုယ်တိုင်လည်း အူဂျူနဲ့အတူ အသက်ဘေးကလွတ်ဖို့ စွန့်စွန့်စားစားကြိုးစားရပုံတွေကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ခုဖြစ်ပါတယ်

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၃၁.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
🔥2👍1😁1
​​31.7.2023 (Monday)တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
===============

Highlight

Korea Movie -Exit(မနက်- ၁၀ နာရီ)
ပန်ချရက် ( ညနေ- ၆ နာရီ)
ကြယ်ပွင့်လေးရဲ့ သက်သေ (ညနေ - ၇ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
#dailyschedule
🔥2😁1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်) | VOA On Mizzima
====================

ရေကြောင်းလမ်းဖောက်ခဲ့ကြတဲ့ Viking ရွက်သင်္ဘောများအကြောင်း ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ တင်ဆက်ပေးမယ့်အပြင် သတင်းထဲက အင်္ဂလိပ်စာ၊ အာရှစီးပွားရေးကဏ္ဍမှာ တင်ဆက်ထားတာကို ဇူလိုင်လ ၃၁ ရက်၊ တနင်္လာနေ့ မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ အစီအစဉ်မှာ အပတ်စဉ်ကဏ္ဍတွေအဖြစ် ရှုစားကြရမှာ ဖြစ်ပါတယ်။

https://youtu.be/OxFxUX1MHdY

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥2
​​Kai Po Che
==============

“အီရှန်” ၊ “ ဂိုဗင် “၊ “ အိုမီ “ တို့ဟာ ညီအစ်ကိုအရင်းအချာကဲ့သို့ အရမ်းခင်မင်ကြတဲ့ သူငယ်ချင်း ၃ ယောက်ပါ…သူတို့ထဲမှာ “ အီရှန်” ဟာ ခရစ်ကတ် ကစားနည်းကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်…
သူတို့ အိပ်မက်ကတော့ ရှော့ပင်းစင်တာမှာ အားကစားဆိုင်ကြီး ဖွင့်ချင်ကြတာပါ…သူတို့ရဲ့ အိမ်မက်အတိုင်း ရှော့ပင်းစင်တာမှာ ဆိုင်မဖွင့်နိုင်သေးတဲ့ သူတို့သုံးယောက်ဟာ “ အိုမီ “ဦးလေးဆီက ပိုက်ဆံချေးပြီး ဘုရားကျောင်းအနီးမှာပဲ အားကစားပစ္စည်းရောင်းကြပါတော့တယ် …

ခရစ်ကတ်ကို ရူးသွပ်လွန်းသူ အီရှန်ကတော့ ခရစ်ကတ်ကစားတဲ့ ကလေးတွေကို နည်းပြအနေနဲ့ သင်ကြားပေးပါတယ်….
ဒီလိုနဲ့ တစ်နေ့မှာတော့ ခရစ်ကတ်ကစားတာ အရမ်းတော်တဲ့ “အလီ” လို့ခေါ်တဲ့ ကလေးတစ်ယောက်ကို အီရှန် တွေ့ခဲ့တယ်…
“အီရှန်”ဟာ “အလီ” ကို အရမ်းထူးချွန်တဲ့ ခရစ်ကတ်ချန်ပီယံ တစ်ယောက်ဖြစ်အောင် မြေတောင်မြှောက်ပေးချင်ခဲ့တယ်…အီရှန်ရဲ့မြေတောင်မြှောက်မှုတွေကရော အလီအတွက် အရာထင်စေခဲ့မလား ?

ဒီဇာတ်ကားမှာတော့ သူငယ်ချင်းတွေရဲ့ မေတ္တာတရားတွေ ၊ဆရာတစ်ယောက်ရဲ့ မေတ္တာတွေနဲ့ ခရစ်ကတ်ရဲ့ အားကစားနည်း အကြောင်းတွေကို အပြည့်အဝ ခံစားကြည့်ရူရမှာပဲ ဖြစ်ပါတယ် ။
ကဲ ...ပရိသတ်တွေ အနေနဲ့လည်း ဒီဇာတ်ကားကောင်းလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်ရူနိုင်ပါပြီ ။
Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက် ။ ။31.7.2023
ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ
#Replay ပြန်လည်ပြသမည့်အချိန် ။ ။1.8.2023
ပြသမည့်အချိန်။ ။နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥2❤1😁1
ရေကြောင်းလမ်းဖောက်ခဲ့ကြတဲ့ Viking ရွက်သင်္ဘောများ | VOA On Mizzima
====================

ကမ္ဘာ့ရေကြောင်းသွားလာရေးမှာ စွန့်ဦးသူတွေလို့ ပြောနိုင်တဲ့ ဥရောပတိုက်မြောက်ပိုင်းသား Viking တွေ လွန်ခဲ့တဲ့ နှစ် ၁၀၀၀ လောက်က သစ်သား ရွက်သင်္ဘောတွေနဲ့ ရွက်လွှင့်သွားခဲ့ကြပါတယ်။ အဲဒီသစ်လှေကြီးတွေ ရွက်သင်္ဘောတွေအကြောင်း အနီးကပ်လေ့လာနိုင်အောင် မစုမြတ်မွန်က ဒိန်းမတ်နိုင်ငံကို ခေါ်သွားပါလိမ့်မယ်။

https://youtu.be/rcxQXwC5nAM

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥2
သတင်းထဲက အင်္ဂလိပ်စာ | VOA On Mizzima
==================

ဒီတပတ်ရဲ့ သတင်းထဲကအင်္ဂလိပ်စာအစီအစဉ်မှာ သတင်းတွေထဲ ဖော်ပြပါရှိတဲ့ လွတ်လပ်ရေးနေ့နဲ့ ဆိုင်တဲ့ စကားလုံး၊ အသုံးအနှုန်းတွေကို ကောက်နှုတ်တင်ပြထားပါတယ်။ မမြသဇင်အောင်နဲ့ ကိုအောင်လွင်ဦးတို့က စီစဉ် တင်ဆက်ပေးထားပါတယ်။

https://youtu.be/3rGPP2SySfA

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥3
တရုတ်၊ နေပြည်တော်နဲ့ မြောက်ပိုင်းအဖွဲ့ကြားမှာ ဘာတွေခြေရှုပ်နေသလဲ
===================

တရုတ်အကူအညီယူပြီး မြောက်ပိုင်းအဖွဲ့တွေကို အိတ်ထဲထည့်ထားနိုင်ဖို့ကြိုးစားလာတဲ့ စစ်ကောင်စီရဲ့ခြေလှမ်း တွေကို မကြာခဏတွေ့နေရပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး မြန်မာ့အရေးမှာ တရုတ် ထဲထဲဝင်ဝင်ပါဝင်လာ ပြီးနောက် မြောက်ပိုင်းအဖွဲ့တွေနဲ့ စစ်ကောင်စီကြား ပြန်လည်စေ့စပ်ရေးတွေကို ဦးစားပေးလုပ်ဆောင်လာခဲ့တာ တွေ့ရပါတယ်။ တရုတ်အစိုးရဟာ မြောက်ပိုင်းအဖွဲ့တွေနဲ့ သီးသန့်တွေ့ဆုံခဲ့သလို စစ်ကောင်စီနဲ့လည်း တွေ့ဆုံမှု တွေလုပ်ခဲ့တာဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။

မြန်မာ့အရေးဖြေရှင်းပေးဖို့ဆိုတာ ထက် သူတို့အကျိုးစီးပွားကာကွယ်ရေးအတွက် နယ်စပ်ဒေသတွေပြန်လည်တည်ငြိမ်းရေး လုပ်ဆောင်နိုင်ဖို့ကြိုး စားလာတာဆို ပိုမှန်ပါလိမ့်မယ်။ ဒါကိုစစ်ကောင်စီကလည်း မသိတာတော့ မဟုတ်ပါဘူး။ မြောက်ပိုင်းအဖွဲ့တွေ အနေနဲ့ တရုတ်ဩဇာ လုံးဝမလွန်ဆန်နိုင်တဲ့ အခြေအနေမျိုးရှိနေတာကို စစ်ကောင်စီဘက်ကလည်း အပိုင်အသုံး ချဖို့ တွက်ချက်ထားပုံရပါတယ်။

https://youtu.be/Jpo_DMazxFk

#politics
#newsfeature
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁5❤1👍1🔥1🤬1
အာရှစီးပွားရေး | VOA On Mizzima
===================

ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ ကမ္ဘာမှာ ဆန်တင်ပို့မှု အများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံက နိုင်ငံခြား တင်ပို့မှုတွေကို ယာယီ ရပ်ဆိုင်းထားတဲ့အကြောင်းနဲ့ နှစ်ပေါင်းအတော်ကြာ ရပ်နားထားခဲ့ရတဲ့ အီရန်−အာဖဂန်နစ္စတန် အဝေးပြေး ရထားလမ်းတည်ဆောက်မှု စီမံကိန်း ပြန်လည်စတင်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

https://youtu.be/a7ZNP8H2zpM

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥3
ဇူလိုင်လ (၃၁)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================

01:00 − တရုတ်အစိုးရအကြီးအကဲ ဝမ်ယိနဲ့ ထိုင်းဒုဝန်ကြီးချုပ်တို့ ဂျကာတာမှာ မြန်မာအရေးဆွေးနွေးတဲ့သတင်း

03:05 − ကရင်နီစစ်ရှောင် ၁၄၀၀ ကျော်ထံ အာဆီယံ AHA Centre အကူအညီ ပထမဆုံးပေးအပ်တဲ့အကြောင်း

06:17 − ပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်းတွေဆက်တိုက်မြင့်တက်နေပြီး ဇူလိုင်လအတွင်း တလီတာကို ကျပ် ၃၀၀ လောက်အထိ ဈေးမြင့်တက်တဲ့သတင်းနဲ့

10:13 − ထိုင်းနိုင်ငံရှိ မီးရှူးမီးပန်းသိုလှောင်ရာဂိုဒေါင်တစ်ခုပေါက်ကွဲမှုမှာ ၉ ဦးထက်မနည်းသေဆုံးသွားတဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/ptY6yn2pPu8

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍7🔥2
ရုရှားရဲ့စီးပွားရေးကို တရုတ်ကအသက်ဆက်ပေးနေကြောင်း အမေရိကန်ထောက်လှမ်းရေးရဲ့အစီရင်ခံစာအပေါ် ဘေဂျင်းကငြင်းဆို
====================

https://youtu.be/a789sHs_u2I

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁3
ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၃ ဦး သေဆုံးကြောင်း PDF ပြော
👍15👏4😁2
ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၃ ဦး သေဆုံးကြောင်း PDF ပြော
================

001

(မဇ္စျိမ)။   ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ဇူလိုင်လ ၂၁ ရက်မှ ၂၈ ရက်နေ့အထိ ဖြစ်ပွားခဲ့ သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိတဦးအပါအဝင် ၁၃ ဦးသေဆုံးကြောင်း ဖယ်ခုံ PDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်က အင်အား ၅၀ ဝန်းကျင်ဖြင့် ဖယ်ခုံမြို့နယ် စက်တော်ရွာမှ ခေါင်းအိစေတီကုန်းသို့ စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အလောင်းတွေ တွေ့တာပါ။ သင်္ဂြိုဟ်ထားတဲ့ အလောင်းတွေတွေ့တယ်၊ သူတို့မြှုပ်ထားတဲ့ အလောင်း တွေက ကောင်းကောင်းဖုံးမထားတဲ့အခါကျတော့ သေသေချာချာပြန်ဖုံးလိုက်တယ်၊ လုံးဝမမြှုပ်ထားတဲ့ အလောင်းကျတော့ ကျွန်တော်တို့ မီးရှို့ပေးလိုက်တယ်”ဟု ဖယ်ခုံ PDF တပ်ရင်း (၁၀၀၂) မှ တာဝန်ရှိသူ တဦးက ပြောသည်။

စစ်ကောင်စီဘက်ကမူ တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်လေ့ မရှိပေ။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ ၅၀ ကျော်ပစ်ခတ်ခဲ့ပြီး ကရင်နီပူးပေါင်းကာကွယ်ရေးအဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရသူ အချို့ရှိခဲ့ကြောင်း သိရသည်။

တစ်ပကျော် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဇူလိုင်လ ၂၈ ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စက်တော်ရွာသို့ ပြန်လည်ဆုတ်ခွာသွားပြီး လက်ရှိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဖယ်ခုံ PDF တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲကို ဖယ်ခုံ PDF တပ်ရင်း (၁၀၀၂)၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)၊ 1009 (IPDF) ၊ 1008 ၊1005၊ 1003၊ DMO 1006 နှင့် ရှမ်းတောင် Drone တပ်ဖွဲ့ SSDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဖယ်ခုံတိုက်ပွဲ
#Mizzima
#ရှမ်းတောင်ပိုင်း

Photo - ဖယ်ခုံ pdf , IPDF

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21👏4😁2❤1