Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​Kai Po Che
==============

“အီရှန်” ၊ “ ဂိုဗင် “၊ “ အိုမီ “ တို့ဟာ ညီအစ်ကိုအရင်းအချာကဲ့သို့ အရမ်းခင်မင်ကြတဲ့ သူငယ်ချင်း ၃ ယောက်ပါ…သူတို့ထဲမှာ “ အီရှန်” ဟာ ခရစ်ကတ် ကစားနည်းကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်…
သူတို့ အိပ်မက်ကတော့ ရှော့ပင်းစင်တာမှာ အားကစားဆိုင်ကြီး ဖွင့်ချင်ကြတာပါ…သူတို့ရဲ့ အိမ်မက်အတိုင်း ရှော့ပင်းစင်တာမှာ ဆိုင်မဖွင့်နိုင်သေးတဲ့ သူတို့သုံးယောက်ဟာ “ အိုမီ “ဦးလေးဆီက ပိုက်ဆံချေးပြီး ဘုရားကျောင်းအနီးမှာပဲ အားကစားပစ္စည်းရောင်းကြပါတော့တယ် …

ခရစ်ကတ်ကို ရူးသွပ်လွန်းသူ အီရှန်ကတော့ ခရစ်ကတ်ကစားတဲ့ ကလေးတွေကို နည်းပြအနေနဲ့ သင်ကြားပေးပါတယ်….
ဒီလိုနဲ့ တစ်နေ့မှာတော့ ခရစ်ကတ်ကစားတာ အရမ်းတော်တဲ့ “အလီ” လို့ခေါ်တဲ့ ကလေးတစ်ယောက်ကို အီရှန် တွေ့ခဲ့တယ်…
“အီရှန်”ဟာ “အလီ” ကို အရမ်းထူးချွန်တဲ့ ခရစ်ကတ်ချန်ပီယံ တစ်ယောက်ဖြစ်အောင် မြေတောင်မြှောက်ပေးချင်ခဲ့တယ်…အီရှန်ရဲ့မြေတောင်မြှောက်မှုတွေကရော အလီအတွက် အရာထင်စေခဲ့မလား ?

ဒီဇာတ်ကားမှာတော့ သူငယ်ချင်းတွေရဲ့ မေတ္တာတရားတွေ ၊ဆရာတစ်ယောက်ရဲ့ မေတ္တာတွေနဲ့ ခရစ်ကတ်ရဲ့ အားကစားနည်း အကြောင်းတွေကို အပြည့်အဝ ခံစားကြည့်ရူရမှာပဲ ဖြစ်ပါတယ် ။
ကဲ ...ပရိသတ်တွေ အနေနဲ့လည်း ဒီဇာတ်ကားကောင်းလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်ရူနိုင်ပါပြီ ။
Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက် ။ ။31.7.2023
ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ
#Replay ပြန်လည်ပြသမည့်အချိန် ။ ။1.8.2023
ပြသမည့်အချိန်။ ။နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥2❤1😁1
ရေကြောင်းလမ်းဖောက်ခဲ့ကြတဲ့ Viking ရွက်သင်္ဘောများ | VOA On Mizzima
====================

ကမ္ဘာ့ရေကြောင်းသွားလာရေးမှာ စွန့်ဦးသူတွေလို့ ပြောနိုင်တဲ့ ဥရောပတိုက်မြောက်ပိုင်းသား Viking တွေ လွန်ခဲ့တဲ့ နှစ် ၁၀၀၀ လောက်က သစ်သား ရွက်သင်္ဘောတွေနဲ့ ရွက်လွှင့်သွားခဲ့ကြပါတယ်။ အဲဒီသစ်လှေကြီးတွေ ရွက်သင်္ဘောတွေအကြောင်း အနီးကပ်လေ့လာနိုင်အောင် မစုမြတ်မွန်က ဒိန်းမတ်နိုင်ငံကို ခေါ်သွားပါလိမ့်မယ်။

https://youtu.be/rcxQXwC5nAM

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥2
သတင်းထဲက အင်္ဂလိပ်စာ | VOA On Mizzima
==================

ဒီတပတ်ရဲ့ သတင်းထဲကအင်္ဂလိပ်စာအစီအစဉ်မှာ သတင်းတွေထဲ ဖော်ပြပါရှိတဲ့ လွတ်လပ်ရေးနေ့နဲ့ ဆိုင်တဲ့ စကားလုံး၊ အသုံးအနှုန်းတွေကို ကောက်နှုတ်တင်ပြထားပါတယ်။ မမြသဇင်အောင်နဲ့ ကိုအောင်လွင်ဦးတို့က စီစဉ် တင်ဆက်ပေးထားပါတယ်။

https://youtu.be/3rGPP2SySfA

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥3
တရုတ်၊ နေပြည်တော်နဲ့ မြောက်ပိုင်းအဖွဲ့ကြားမှာ ဘာတွေခြေရှုပ်နေသလဲ
===================

တရုတ်အကူအညီယူပြီး မြောက်ပိုင်းအဖွဲ့တွေကို အိတ်ထဲထည့်ထားနိုင်ဖို့ကြိုးစားလာတဲ့ စစ်ကောင်စီရဲ့ခြေလှမ်း တွေကို မကြာခဏတွေ့နေရပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး မြန်မာ့အရေးမှာ တရုတ် ထဲထဲဝင်ဝင်ပါဝင်လာ ပြီးနောက် မြောက်ပိုင်းအဖွဲ့တွေနဲ့ စစ်ကောင်စီကြား ပြန်လည်စေ့စပ်ရေးတွေကို ဦးစားပေးလုပ်ဆောင်လာခဲ့တာ တွေ့ရပါတယ်။ တရုတ်အစိုးရဟာ မြောက်ပိုင်းအဖွဲ့တွေနဲ့ သီးသန့်တွေ့ဆုံခဲ့သလို စစ်ကောင်စီနဲ့လည်း တွေ့ဆုံမှု တွေလုပ်ခဲ့တာဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။

မြန်မာ့အရေးဖြေရှင်းပေးဖို့ဆိုတာ ထက် သူတို့အကျိုးစီးပွားကာကွယ်ရေးအတွက် နယ်စပ်ဒေသတွေပြန်လည်တည်ငြိမ်းရေး လုပ်ဆောင်နိုင်ဖို့ကြိုး စားလာတာဆို ပိုမှန်ပါလိမ့်မယ်။ ဒါကိုစစ်ကောင်စီကလည်း မသိတာတော့ မဟုတ်ပါဘူး။ မြောက်ပိုင်းအဖွဲ့တွေ အနေနဲ့ တရုတ်ဩဇာ လုံးဝမလွန်ဆန်နိုင်တဲ့ အခြေအနေမျိုးရှိနေတာကို စစ်ကောင်စီဘက်ကလည်း အပိုင်အသုံး ချဖို့ တွက်ချက်ထားပုံရပါတယ်။

https://youtu.be/Jpo_DMazxFk

#politics
#newsfeature
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁5❤1👍1🔥1🤬1
အာရှစီးပွားရေး | VOA On Mizzima
===================

ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ ကမ္ဘာမှာ ဆန်တင်ပို့မှု အများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံက နိုင်ငံခြား တင်ပို့မှုတွေကို ယာယီ ရပ်ဆိုင်းထားတဲ့အကြောင်းနဲ့ နှစ်ပေါင်းအတော်ကြာ ရပ်နားထားခဲ့ရတဲ့ အီရန်−အာဖဂန်နစ္စတန် အဝေးပြေး ရထားလမ်းတည်ဆောက်မှု စီမံကိန်း ပြန်လည်စတင်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

https://youtu.be/a7ZNP8H2zpM

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥3
ဇူလိုင်လ (၃၁)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================

01:00 − တရုတ်အစိုးရအကြီးအကဲ ဝမ်ယိနဲ့ ထိုင်းဒုဝန်ကြီးချုပ်တို့ ဂျကာတာမှာ မြန်မာအရေးဆွေးနွေးတဲ့သတင်း

03:05 − ကရင်နီစစ်ရှောင် ၁၄၀၀ ကျော်ထံ အာဆီယံ AHA Centre အကူအညီ ပထမဆုံးပေးအပ်တဲ့အကြောင်း

06:17 − ပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်းတွေဆက်တိုက်မြင့်တက်နေပြီး ဇူလိုင်လအတွင်း တလီတာကို ကျပ် ၃၀၀ လောက်အထိ ဈေးမြင့်တက်တဲ့သတင်းနဲ့

10:13 − ထိုင်းနိုင်ငံရှိ မီးရှူးမီးပန်းသိုလှောင်ရာဂိုဒေါင်တစ်ခုပေါက်ကွဲမှုမှာ ၉ ဦးထက်မနည်းသေဆုံးသွားတဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/ptY6yn2pPu8

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍7🔥2
ရုရှားရဲ့စီးပွားရေးကို တရုတ်ကအသက်ဆက်ပေးနေကြောင်း အမေရိကန်ထောက်လှမ်းရေးရဲ့အစီရင်ခံစာအပေါ် ဘေဂျင်းကငြင်းဆို
====================

https://youtu.be/a789sHs_u2I

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁3
ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၃ ဦး သေဆုံးကြောင်း PDF ပြော
👍15👏4😁2
ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၃ ဦး သေဆုံးကြောင်း PDF ပြော
================

001

(မဇ္စျိမ)။   ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ဇူလိုင်လ ၂၁ ရက်မှ ၂၈ ရက်နေ့အထိ ဖြစ်ပွားခဲ့ သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိတဦးအပါအဝင် ၁၃ ဦးသေဆုံးကြောင်း ဖယ်ခုံ PDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်က အင်အား ၅၀ ဝန်းကျင်ဖြင့် ဖယ်ခုံမြို့နယ် စက်တော်ရွာမှ ခေါင်းအိစေတီကုန်းသို့ စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အလောင်းတွေ တွေ့တာပါ။ သင်္ဂြိုဟ်ထားတဲ့ အလောင်းတွေတွေ့တယ်၊ သူတို့မြှုပ်ထားတဲ့ အလောင်း တွေက ကောင်းကောင်းဖုံးမထားတဲ့အခါကျတော့ သေသေချာချာပြန်ဖုံးလိုက်တယ်၊ လုံးဝမမြှုပ်ထားတဲ့ အလောင်းကျတော့ ကျွန်တော်တို့ မီးရှို့ပေးလိုက်တယ်”ဟု ဖယ်ခုံ PDF တပ်ရင်း (၁၀၀၂) မှ တာဝန်ရှိသူ တဦးက ပြောသည်။

စစ်ကောင်စီဘက်ကမူ တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်လေ့ မရှိပေ။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ ၅၀ ကျော်ပစ်ခတ်ခဲ့ပြီး ကရင်နီပူးပေါင်းကာကွယ်ရေးအဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရသူ အချို့ရှိခဲ့ကြောင်း သိရသည်။

တစ်ပကျော် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဇူလိုင်လ ၂၈ ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စက်တော်ရွာသို့ ပြန်လည်ဆုတ်ခွာသွားပြီး လက်ရှိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဖယ်ခုံ PDF တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲကို ဖယ်ခုံ PDF တပ်ရင်း (၁၀၀၂)၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)၊ 1009 (IPDF) ၊ 1008 ၊1005၊ 1003၊ DMO 1006 နှင့် ရှမ်းတောင် Drone တပ်ဖွဲ့ SSDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဖယ်ခုံတိုက်ပွဲ
#Mizzima
#ရှမ်းတောင်ပိုင်း

Photo - ဖယ်ခုံ pdf , IPDF

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21👏4😁2❤1
ဒီမိုကရေစီရေးဆန္ဒပြပွဲသီချင်းကို အစိုးရကတားမြစ်ပိတ်ပင်မှုအား ဟောင်ကောင်တရားရုံးပယ်ချ
=====================

https://youtu.be/8E4JLIdRfFM

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁2❤1
ယင်းမာပင်နယ် ချင်းတွင်းမြစ်ဘေးရွာများကို စစ်ကောင်စီစစ်ကြောင်းထိုး၊ ဒေသခံ ၁၀,၀၀၀ ကျော်ထွက်ပြေးနေရ
🤬6😢3👍2🔥2😁1
ယင်းမာပင်နယ် ချင်းတွင်းမြစ်ဘေးရွာများကို စစ်ကောင်စီစစ်ကြောင်းထိုး၊ ဒေသခံ ၁၀,၀၀၀ ကျော်ထွက်ပြေးနေရ
=================

လွှမ်းမိုး

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများကို စစ်ကောင်စီတပ်က ယနေ့ ဇူလိုင်လ ၃၁ ရက် နံနက် ၇ နာရီခန့်မှစကာ စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံပြည်သူ ၁၀,၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ချင်းတွင်းမြစ်အတွင်းရှိ စစ်ကောင်စီတပ်ရိက္ခာတင် ရေယာဉ်များကို လုံခြုံရေးယူပေးနေသည့် အင်အား ၁၅၀ခန့်ပါသော ခြေလျင်စစ်ကြောင်းနှစ်‌ကြောင်း က မြစ်ကမ်း‌ဘေးရှိ ကျေးရွာများကို ဝင်ရောက်နေခြင်းဟု ဒေသခံများက ပြောသည်။

“ရွာတွေဝင်ပြီဆို သေနတ်တွေ ဆက်တိုက်ပစ်ပြီး ဝင်လာကြတာပါ။ အခုအချိန်ကတော့ ဝရုန်းသုန်းကား ထွက်ပြေးနေရတုန်းပါပဲ” ဟု ဒေသခံတစ်ဦးက ယနေ့ နံနက် ၉ နာရီခန့်တွင် ပြောသည်။

စစ်ကြောင်းကြောင့် ယင်းမာပင်မြို့နယ် မြောက်ခြမ်းရှိ စုန်းချောင်း၊ သံဗိုလ်၊ ကျောက်မှော်၊ ပန်းတိမ်ပြင်၊ စေသူ၊ ကျောက်ကုန်းကျေးရွာများမှ ဒေသခံများ ထွက်ပြေးနေရကြောင်း သိရသည်။စုန်းချောင်းရွာသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်က စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ကာကွယ်ရေးရဲဘော်သုံးဦးနှင့် ဒေသခံ၁၁ဦး၊ စုစုပေါင်း ၁၄ဦး သေဆုံးခဲ့ရသည့် ကျေးရွာဖြစ်သည်။

" စစ်ကြောင်းက ဝင်လာတယ်။ ဘာပြင်ဆင်ချိန်မှ မရဘူး။ တော်တော်လေး ဒုက္ခကြုံရတယ်"ဟု စုန်းချောင်းရွာ ဒေသခံတဦးကပြောသည်။

စစ်ကောင်စီရေယာဉ်အချို့ရှိနေစဉ် ပြည်သူပိုင်မော်တော်ရေယာဥ်များအနေဖြင့် ချင်းတွင်းမြစ်အတွင်း မောင်းနှင်သွားလာခြင်းမပြုကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးချက်ထုတ်ပြန်ထားသည်။

ယနေ့ မှစ၍ နောက်ထပ် အကြောင်းမထုတ်ပြန်မချင်းမောင်းနှင်သွားလာခြင်းမပြုလုပ်ကြရန် ယင်းမာပင်မြို့အခြေစိုက် နဂါးညီနောင်အထူးတပ်ဖွဲ့ (Dragon Brothers Task Force- DBTF)က မှသတိပေးထားသည်။ စစ်ကောင်စီရေယာဉ်နှစ်စီးသည် ကျောက်မှော်ရွာသို့ရောက်ရှိနေပြီဟု ပြည်‌ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)က ယနေ့ နံနက် ၁၀နာရီခန့်တွင် ထုတ်ပြန်ထားသည်။ 

အဆိုပါစစ်ကောင်စီရိက္ခာတင်ရေယာဉ်များနှင့် စစ်ကြောင်းသည် ချင်းတွင်းမြစ်အတိုင်း အထက်သို့ဆန်တက်ပါက ကနီ၊မင်းကင်းနှင့် ကလေးဝမြို့များသို့ ရောက်မည်ဖြစ်၍ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများ ကြိုတင်သတိရှိကြရန် ယင်းမာပင်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်အချ်ို့ကသတိပေးသည်။

စာတည်း - မောင်ကြီး

#mizzima
#ယင်းမာပင်မြို့နယ်
#ချင်းတွင်းမြစ်ဘေးရွာများ
#စစ်ကောင်စီစစ်ကြောင်းထိုး

Photo - စစ်ဘေးရှောင်ပြည်သူများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8👍4🔥2😢2😁1