Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တနင်္သာရီတိုင်း နယ်လုံဝန်ကြီးဖမ်းဆီးမှုနောက်ဆက်တွဲ လုပ်ငန်းရှင်ကြီး ၆ ဦး စစ်ဆေးခံရ
👍9😁2🔥1
တနင်္သာရီတိုင်း နယ်လုံဝန်ကြီးဖမ်းဆီးမှုနောက်ဆက်တွဲ လုပ်ငန်းရှင်ကြီး ၆ ဦး စစ်ဆေးခံရ
===================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်းအတွင်းအခြေစိုက် စစ်ကောင်စီတပ်မှ ထိပ်တန်းအရာရှိနှစ်ဦးနှင့် တိုင်းအစိုးရ အဖွဲ့ နယ်လုံဝန်ကြီးတို့ကို နေပြည်တော်ကစစ်ဆေးမှုများပြုလုပ်ပြီး နောက်ဆက်တွဲအဖြစ် မြိတ်မြို့မှ လုပ်ငန်းရှင်ခြောက်ဦးကို စစ်ဆေးမှုများပြုလုပ်နေခဲ့သည်ဟု လုပ်ငန်းရှင်များက မဇ္ဈိမသို့ပြောသည်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး၊အမှတ်(၂၀)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူနှင့် တနင်္သာရီတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းတို့ကို ဇူလိုင်လ ၂၆ ရက်နေ့က နေပြည်တော်မှလာသော အထူးအဖွဲ့က ဖမ်းဆီးအရေးယူမှုများပြုပြီးနောက် လုပ်ငန်းရှင်များကို အဂတိလိုက်စားမှုသံသယဖြင့် စစ်ဆေးနေခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်တခုက ပြောသည်။

စစ်ဆေးခံရသော လုပ်ငန်းရှင်ခြောက်ဦးမှာ မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်မှ ဥက္ကဋ္ဌ ဦးလှသန်း၊ ဖိုးလမင်းကုမ္ပဏီမှ ဦးဖိုးစိန်၊ မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့မှ ဦးသက်စိုး၊ OK ဆန်ရောင်းဝယ်ရေးမှ ဦးမောင်ထွေး၊ ဦးမင်းသူရနှင့် ဦးဝင်းထိန်တို့ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် စစ်ကောင်စီတပ် အရာရှိ များနှင့်လည်း ရင်းနှီးကျွမ်းဝင်သူများဖြစ်သည်ဟု လူသိများသည်။

လုံခြံရေးစိုးရိမ်ကာ အမည်မဖော်လိုသူသတင်းရင်းမြစ်တခုက “ မြိတ်က ထိပ်တန်းလုပ်ငန်းရှင် ခရိုနီ အကြီးစား ဦးလှသန်း အပါအဝင် ခြောက်ဦး ပါဝင်တယ်”ဟု ပြောသည်။

“အဓိက ကတော့ သူတို့ခြောက်ယောက်က (လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး) နယ်လုံနဲ့ အဓိကပတ် သက်တာဖြစ်တယ်။ တလောက ဖမ်းဆီးစစ်ဆေးမှုမှာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေ သိန်းသောင်းချီ သိမ်းဆည်းခံရတော့ နယ်လုံကိုလာဘ်ထိုးတဲ့ကိစ္စနဲ့ ခေါ်ယူစစ်ဆေးခံနေရတာ ဖြစ် တယ်”ဟု ထပ်ပြောသည်။

ထားဝယ်မြို့တွင် စစ်ဆေးမှုများပြုလုပ်နေခဲ့ပြီး အချို့ကိုတော့ နေအိမ်ပြန်လွှတ်လိုက်သည်ဟု သိရပြီး ကာယကံရှင်များကို မဇ္ဈိမက ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမပြုပါ။
နေပြည်တော်က အစောပိုင်းတွင် ဖမ်းဆီးခဲ့သောစစ်အရာရှိများအနက် ဗိုလ်မှူးချုပ်သစ်လွင်ထူးကို ဒုတိုင်းမှူးရာထူးမှ ဖယ်ရှားကာ အရန်အင်အားအဖြစ် နေအိမ်တွင်ထားပြီး နယ်လုံဝန်ကြီးကိုလည်း ဆက် လက်ဖမ်းဆီးထားပြီး သူ၏မိသားစု ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ထားသည်။

နယ်လုံဝန်ကြီးမှာ ဇူလိုင်လဆန်းပိုင်းက ကော့သောင်းခရိုင်နှင့် မြိတ်ခရိုင်တို့တွင် နယ်စပ်ကုန်သည်များက ထိုင်းနိုင်ငံဘက်မှ တရားမဝင်သွင်းလာသော ကုန်ပစ္စည်းများဖမ်းဆီးမှုတွင် အလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#ဒုတိုင်းမှူး
#နယ်လုံဝန်ကြီး
#အဂတိလိုက်စားမှု
Photo - တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8👏4😁2
ဒေါ်လာနှင့် ရွှေဈေး ခုန်တက်ခဲ့ပြီးနောက် အမြင့်ဈေးမှာပဲ ဆက်ရှိနေ | Business Round Up (31.7.2023)
==================

- ဒေါ်လာနှင့် ရွှေဈေး ခုန်တက်ခဲ့ပြီးနောက် အမြင့်ဈေးမှာပဲ ဆက်ရှိနေ

- ထိုင်းကုမ္ပဏီ Scan Inter က တစ်လ ဒေါ်လာ ၇ သိန်း ဝင်ငွေရရှိနေတဲ့ မင်းဘူးဆိုလာစီမံကိန်းကို တိုးချဲ့

- ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့ အရန်ဆန်ထုတ်ရောင်းမယ်လို့ ဆန်စပါးအသင်းချုပ် ထုတ်ပြန်

- မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့ အချက်အလက်ကောက်ခံနေတာတွေကို ရပ်ဖို့ အိန္ဒိယကို တောင်းဆို

https://youtu.be/T1Yn7GOtyRk

#BusinessRoundUp
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤2🔥2
This media is not supported in your browser
VIEW IN TELEGRAM
ဟေတီအတွက် နိုင်ငံစုံငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ထူထောင်ဖို့ တိုးတက်မှုရှိလာပြီဖြစ်ကြောင်း ဘလင်ကင်ပြော

#InternationalNews #reels #shorts #Mizzima
🔥3👍1
ဇူလိုင်လ (၃၁)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

01:05 − မျိုးတုံး ပျောက်ကွယ် လုနီးပါး ဖြစ်နေတဲ့ အင်ဒိုချိုင်းနား ကျားကို မြန်မာနိုင်ငံမှာတွေ့ရှိတဲ့သတင်း

03:05 − ယင်းမာပင်နယ် ချင်းတွင်းမြစ်ဘေးရွာများကို စစ်ကောင်စီစစ်ကြောင်းထိုးနေတာ ကြောင့် ဒေသခံ ၁၀,၀၀၀ ကျော်ထွက်ပြေးနေရတဲ့အကြောင်း

04:46 − အစစ်အဆေးကြမ်းတဲ့ သံလွင်တံတားစစ်ဆေးရေးဂိတ် ဗုံးခွဲခံရပြီး စစ်ကောင်စီတပ်သားတွေအပါအဝင် အရပ်သားအချို့ပါ ထိခိုက်တဲ့သတင်းနဲ့

07:32 − ရုရှားရဲ့စီးပွားရေးကို တရုတ်ကအသက်ဆက်ပေးနေကြောင်း အမေရိကန်ထောက်လှမ်းရေးရဲ့အစီရင်ခံစာအပေါ် ဘေဂျင်းကငြင်းဆိုလိုက် တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/doykympLbK8

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🍌2
Media is too big
VIEW IN TELEGRAM
ရုရှားမှာ ဟာရီကိန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ကလေးငယ်တွေအပါအဝင် လူ ၈ ဦးသေဆုံး

#InternationalNews #reels #shorts #Russia #Mizzima
🔥3👏2😁1
This media is not supported in your browser
VIEW IN TELEGRAM
ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွင်း ပျက်ကျခဲ့တဲ့ ဩစတြေးလျ စစ်ဘက်ရဟတ်ယာဉ်မှ အပျက်အစီးများတွေ့ရှိ

#InternationalNews #reels #shorts #Austria #Mizzima
👍4😁2
မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေသည့် အင်ဒိုချိုင်းနားကျားကို မြန်မာနိုင်ငံတွင် တွေ့ရှိ
=======================

KMN
(မဇ္ဈိမ)။ ။ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေသည့် အင်ဒိုချိုင်းနားကျားတကောင်ကို တနင်္သာရီတိုင်း၊ ရွာဟီးလူဒေသတွင် ကင်မရာထောင်ချောက်မှတဆင့်တွေ့ရှိခဲ့ကြောင်း နိုင်ငံတကာ သဘာဝထိန်းသိမ်းရေးပရဟိတအဖွဲ့တခုဖြစ်သည့် Fauna & Flora International (FFI) မှ ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

မေလ ၁၆ ရက်နေ့တွင် ကင်မရာထောင်ချောက်မှ မှတ်တမ်းတင်နိုင်ခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျ ရောက်သည့် ကမ္ဘာ့ကျားနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗီဒီယိုဖိုင်ကို FFI မှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဘင်္ဂလားကျား (အိန္ဒိယကျား)နှင့် အင်ဒိုချိုင်းနားကျားဟူ၍ ကျားမျိုးစိတ်နှစ်မျိုးနေထိုင် ကျက်စားကြပြီး မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် အင်ဒိုချိုင်းနာမျိုးစိတ် ကျားတကောင်ကို ရွာဟီးလူဒေသ တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Fauna & Flora အဖွဲ့၏ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ရွာဟီးလူဒေသတွင် အင်ဒိုချိုင်းနား ကျားမျိုးစိတ် ၂၂ ကောင်ခန့်သာ ကျန်ရှိနိုင်ကြောင်းသိရသည်။

‘‘တောထဲမှာ အရင်ကမတွေ့ဖူးသေးတဲ့ ကျားတကောင်ကိုတွေ့ရတာ အရမ်းကောင်းပါတယ်။ ကံ မကောင်းစွာနဲ့ပဲ ဒီကျားမျိုးစိတ်တွေရဲ့အနာဂတ်ဟာ ဆိုးရွားတဲ့ခြိမ်းခြောက်မှု ခံနေရပါတယ်။ သူ့တို့ရဲ့ ရှင်သန်မှု လုံခြုံဖို့ အရေးတကြီးလုပ်ဆောင်မှုတွေလိုအပ်နေပါတယ်’’ ဟု Fauna & Flora ၏ ခေတ္တ ပရိုဂရမ်မန်နေဂျာက ယူကေနိုင်ငံအခြေစိုက် Geographical ဝက်ဘ်ဆိုက်သို့ ပြောကြားသည်။
ရွာဟီးလူဒေသတွင်တွေ့ရှိခဲ့သည့် အင်ဒိုချိုင်းနားကျားမျိုးစိတ်သည် နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့် ရှောက်ရေးအသင်း (IUCN) ၏ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေသည့် အနီရောင်အဆင့်မျိုးစိတ်တွင် ပါဝင်ပြီး မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် ၁၉၆ ကောင်ခန့်သာရှိနိုင် သည်ဟု FFI မှ ထုတ်ပြန်ထားသည်။

ကျားမျိုးစိတ်များသည် တိုင်းရင်းဆေးဖော်စပ် စားသောက်ရန် မှောင်ခိုရောင်းချခြင်း၊ ဖမ်းဆီးသတ်ဖြတ် ခြင်းခံနေရပြီး ဒေသခံပြည်သူများနှင့် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း Fauna & Flora အဖွဲ့ကဆိုသည်။

၂ဝ၁၈ ခုနှစ်ကလည်း အင်ဒိုချိုင်းနားကျားမျိုးစိတ်ကို တနင်္သာရီသဘာဝ ကြိုးဝိုင်းအတွင်းရှိ ကလုန်းထာ စခန်းခွဲဧရိယာ၊ ဟိန္ဇဲစခန်းခွဲဧရိယာအတွင်း၌ ကင်မရာထောင်ချောက်များမှတဆင့် တွေ့ရှိခဲ့ကြောင်း သစ်တောဌာန၏မှတ်တမ်းများတွင် ဖော်ပြထားသည်။

https://youtu.be/8zn06HDSJKY

#Mizzima
#အင်ဒိုချိုင်းနား
#ကျား
#မြန်မာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10👏2❤1🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဩစတြေးလျရဲ့ ဒုံးကျည်တိုးမြှင့်ထုတ်လုပ်ဖို့ အမေရိကန်ကူညီမည်

#InternationalNews #reels #shorts #Austria #American #Mizzima
👍7🔥2
​​ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်း နေပြည်တော်အချုပ်ထောင်တွင် ဆက်လက်လက်ခံ
=================

001
(မဇ္ဈိမ)။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှသည် နေအိမ်အကျယ် ချုပ်သို့ပြောင်းရွှေ့ထားသည်ဆိုသော်လည်း ထောင်ဝင်စာပစ္စည်းများကိုမူ နေပြည်တော်အချုပ်ထောင်မှာ ပင် စစ်ကောင်စီက ဆက်လက် လက်ခံယူပေးလျှက်ရှိသည်ဟု တရားရုံးနှင့်နီးစပ်သူများက မဇ္ဈိမသို့ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်အား ဇူလိုင်လ ၂၄ ရက်နေ့က နေပြည်တော်အချုပ်ထောင်မှ နေပြည်တော်အတွင်း ဒုဝန်ကြီးအဆင့်နေထိုင်သည့်အိမ်ရာသို့ အကျယ်ချုပ်ပြောင်းရွှေ့လိုက်ကြောင်း သတင်းဌာနများက ကျယ် ကျယ်ပြန့်ပြန့်ရေးသားကြသည်။

သို့သော် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် ထောင်ဝင်စာပစ္စည်းပေးပို့သူများအနေဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်းပေးပို့ရာတွင် ယနေ့ ဇူလိုင် ၃၁ ရက်နေ့ကပေးပို့မှုတွင် နေပြည်တော်အချုပ်ထောင်တွင် သာပေးပို့ခဲ့ရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တဦးက ပြောသည်။

အသက် ၇၈ နှစ်အရွယ် အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ကျန်းမာရေးလည်း ကောင်းမွန်သည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ဇမ္မူသီရိမြို့နယ်၊ မြနန်းဘုံသာလမ်းရှိ ခြံအမှတ် A 33 မှ နေပြည်တော်အတွင်း လျှို့ဝှက်နေရာတခုကို ပြောင်းရွှေ့ထားခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန်လ အတွင်း နေပြည်တော်အချုပ်ထောင်သို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒုဝန်ကြီးအိမ်ရာတွင် ရွှေ့ပြောင်းထားသည်ဟု ဘီဘီစီမြန်မာပိုင်းအစီအစဉ်က ဇူလိုင် ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သတင်းရင်းမြစ်တခုကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နေပြည်တော်ရှိ ဝန်ကြီးများအိမ်ရာသို့ စစ်ကောင်စီက ပြောင်းရွှေ့လိုက်ကြောင်း မဇ္ဈိမသို့ပြောခဲ့သည်။
သို့သော် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ဒေါ်အောင်ဆန်းစုကြည်၏ နေရာပြောင်းရွှေ့ မှုနှင့်ပတ်သက်ပြီး ၎င်းအနေဖြင့် “တစုံတရာကြားသိရခြင်းမရှိကြောင်း” VOA မြန်မာပိုင်းကို ဇူလိုင်လ ၂၈ ရက်နေ့က ပြောသည်။

စာမူတည်းဖြတ်။ ။စောဖေ

#ဒေါ်အောင်ဆန်းစုကြည်
#ထောင်ဝင်စာ
#နေအိမ်အကျယ်ချုပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁5❤1😢1🤡1
စစ်ရေယာဉ်တန်းကို ကင်းပုန်းဝပ် လုံခြုံရေးယူနေတဲ့ စကစတပ်ဖွဲ့ တိုက်ခိုက်ခံရလို့ ၁ ဦး သေဆုံး
========================

MTO(မဇ္ဈိမ) ။ ။ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောရေယာဉ်တန်းကို စစ်ကိုင်းတိုင်း၊ မြောင်မြို့ နယ်၊ ကျောက်တန်းကျေးရွာအနီးမှာ ကင်းပုန်းဝပ် လုံခြုံရေး ယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ကြပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းမှာ ပူးပေါင်းတပ်ဖွဲ့တွေက သွားတိုက်ခဲ့တာဖြစ်ပြီး ၁ ဦး သေဆုံးသွားတယ်လို့ Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မဇ္ဈိမကို ပြောပါတယ်။

တည်းဖြတ် ၊ တင်ဆက် = MTO

https://youtu.be/9fWpB3MMMl8

#Mizzima
#ချင်းတွင်းမြစ်
#ရေယာဉ်တန်း
#စစ်ကောင်စီ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14😁2❤1
This media is not supported in your browser
VIEW IN TELEGRAM
တပတ်အတွင်း ဖော်ထုတ်ထားတဲ့ သတင်းတု/မှား တွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။

အပြည့်အစုံကြည့်ရန် - https://youtu.be/G70UFUcvZks

#Misinformation_Buster #Fake_News #reels #shorts #Package
😁2👍1
​​ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ် ၇ ခု မိုးကြီးမည့် သတိပေးချက် NUG ထုတ်ပြန်
======================

ရောင်နီ
(မဇ္စျိမ)။ ။ ရခိုင်ပြည်နယ်အပါအဝင်တိုင်းနှင့်ပြည်နယ် ခုနစ်ခု၌ မိုးကြီးနိုင်သောကြောင့် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုဘေးသတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတိပေးချက်ထုတ်ပြန်သည်။

ဩဂုတ်လ ၆ရက်အထိ ဖြစ်နိုင်ဖွယ် မိုးလေဝသအခြေအနေကို MOHADM က ယမန်နေ့ ဇူလိုင်လ ၃၀ရက်က ထုတ်ပြန်ရာတွင် မိုးလယ်ကာလအတွင်းရေကြီးရေလျှံမှုနှင့်မြေပြိုမှုဘေးကို အထူးသတိပေးထားသည်။

လာမည့်ရက်သတ္တပတ်အတွင်း ကမ်းရိုးတန်းနှင့် ကုန်းတွင်းဒေသတချို့တွင် မိုးဆက်လက် ပိုနေမည်ဖြစ်ပြီး မွန်ပြည်နယ်၊ တနင်္သာရီတိုင်းအပြင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်တို့၌ မိုးသည်းထန်နိုင်သည်ဟု သတိပေးထားသည်။အထူးသဖြင့် ရခိုင်ပြည်နယ်ဂွမြို့၊ တောင်ကုတ်မြို့၊ သံတွဲမြို့နှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ယနေ့ ဇူလိုင်လ ၃၁ရက်မှ ဩဂုတ်လ ၂ရက်နေ့အထိ မိုးကြီးနိုင်သည်ဟုဆိုသည်။

" မိုးက မရပ်မနားရွာနေပါတယ်။ ရေနစ်မြုပ်တဲ့ ရွာတွေလည်း ရှိနေပါတယ်။ ရှေ့ဆက်မိုးရွာမယ်ဆို စိုးရိမ်စရာပဲ"ဟုသံတွဲမြို့မှ လူမှုကူညီရေးလုပ်ဆောင်သူတဦးကပြောသည်။

စစ်ကောင်စီ၏ မိုးဇလဌာနကလည်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး မကြာမီမုန်တိုင်းငယ်ဖြစ်လာနိုင်သည်ဟု ယနေ့နေ့လယ်တွင် သတင်း ထုတ်ပြန်သည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့်ရခိုင်ပြည်နယ်၌ မိုးကြီးခဲ့ပြီး ရန်ကုန်မြို့အပါအဝင် မြို့နယ် ၁၅ခု၌ ပုံမှန်မိုးရေချိန်ထက် ပိုခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အထက်ပါတိုင်းနှင့်ပြည်နယ်များတွင် မိုးဆက်လက်အားကောင်းနိုင်ကြောင်း သတိပေးထားသည်။

ရခိုင်ပြည်နယ်သည် ပြီးခဲ့သည့်မေလအတွင်းက ရင်ဆိုင်ခဲ့ရသည် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် အကူအညီများလိုအပ်နေသော ဒေသဖြစ် သည်။ မွန်ပြည်နယ်တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လလယ်က မိုးကောင်းခဲ့ရာမော်လမြိုင်၊ ပေါင်၊ ချောင်းဆုံမြို့တို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည်။ ‌မော်လမြိုင်မြို့တွင် ရေဘေးကြောင့် ကလေးငယ်သုံးဦး သေဆုံးခဲ့ပြီး ပေါင်မြို့နယ်တွင် ‌အမျိုးသားတဦး တောင်ကျရေ၌ မျောပါပျောက်ဆုံးခဲ့သည်။ ယခုအခါ ယင်းဒေသများ၌ မိုးကောင်းနိုင်သည့်အခြေအနေကြောင့် ရေဘေးအန္တရာယ် အထူးသတိပြုရန် လိုအပ်နေသည်ဟု ဒေသအခြေစိုက် လူမှုကူညီရေးအဖွဲ့များကပြောသည်။

ရန်ကုန် -မော်လမြိုင်ကားလမ်း၊ သထုံလမ်းပိုင်း၌ ယနေ့ ရေကျော်နေစဉ်

Photo/CJ
စာတည်း - မောင်ကြီး

#mizzima
#ရခိုင်ပြည်နယ်
#တိုင်းနှင့်ပြည်နယ်ခုနစ်ခု
#ရေကြီးရေလျှံမှုနှင့်မြေပြိုမှုဘေး
#MOHADM
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20😁3❤1
ဗေဒင်ဟောခွင့်လိုင်စင် လျှောက်ထားရမယ်ဆိုတဲ့ ထုတ်ပြန်ချက်အတု | Misinformation Buster S3| Ep.78
=====================

မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့

- KNU တပ်မဟာ(၃)နဲ့ KNLA ၊ PDF ကျောက်ကြီးအမည်တွေနဲ့ သတင်းအမှားဖြန့်ဝေပြီး အလှူငွေကောက်ခံနေတဲ့အကြောင်း နဲ့အတူ

- ကျောက်ကြီး၊ ရွှေကျင်၊ မုန်းဒေသ စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ အမည်နဲ့ အလှူငွေလိမ်နေတဲ့ ပေ့ချ်အကြောင်း

- ဖေ့စ်ဘုတ်မှာ @highlights လို့ မှတ်ချက်ရေးရုံနဲ့ ကိုယ့်ကို ခြေရာခံနေသူတွေကို မသိနိုင်တဲ့အကြောင်း နဲ့

- ဗေဒင်ဟောခွင့်လိုင်စင် လျှောက်ထားရမယ်ဆိုတဲ့ ထုတ်ပြန်ချက်အတု စတဲ့ တစ်ပတ်အတွင်းပျံ့နှံ့နေခဲ့တဲ့ သတင်းတုသတင်းမှားတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

https://www.youtube.com/watch?v=G70UFUcvZks

#Misinformation_Buster
#Weekly_Package
#Fake_News
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9❤1🤮1
​​“နိုင်ငံရေးအခြေအနေအရ” ဟုဆိုကာ စစ်ကောင်စီက သက်တမ်း ၆ လ ထပ်တိုး
=====================

(မဇ္ဈိမ) ။ ။ စစ်ကောင်စီက ယနေ့ ဇူလိုင် ၃၁ ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (ကာလုံ အစည်းအဝေး) ခေါ်ပြီး အာဏာသိမ်းသက်တမ်း ခြောက်လ ထပ်တိုးလိုက်သည်။

ပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတော်၏ “နိုင်ငံရေးအခြေအနေ” အရ နိုင်ငံတဝှမ်းလုံး အရေးပေါ် အခြေအနေကြေညာထားသည့် ကာလကို ၂၀၂၃ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ ခြောက်လတိုးမြှင့်သတ်မှတ်ကြောင်း ယာယီသမ္မတက ကြေညာခဲ့သည်။

ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၄ နာရီတွင် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသည့် ရုပ်သံလိုင်းများမှ တဆင့်ကြေညာသွားခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတိုးခဲ့သော အရေးပေါ်ကာလ ခြောက်လ သက်တမ်းသည် ယနေ့ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြီးဆုံးပြီးနောက် စစ်ကောင်စီက ခြောက်လသက်တမ်း ထပ်တိုးလိုက်ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ၊ ပုဒ်မ ၄၂၅ တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ၎င်းအားပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်း မပြုနိုင်သေးပါက သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးရန် အကျိုးအကြောင်း ဖော်ပြလျက် တင်ပြလာပါက သာမန်အားဖြင့်တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီက ၂၀၂၃ ဖေဖော်ဝါရီလ ၁ ရက်နေ့က ခြောက်လသက်တမ်း ထပ်တိုးမှုတွင် “သာမန်မဟုတ်သည့် အခြေအနေ” ဟု သုံးနှုန်းကာ သက်တမ်းထပ်တိုးခဲ့ခြင်း ဖြစ်သည်။

ယနေ့ ပြုလုပ်သည့် အစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေက ဦးဆောင်ခဲ့ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကြောင်း သိရသည်။

#သက်တမ်း၆လတိုး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮16👍8😁7❤1