အမျိုးသမီးအသင်းအပေါ် အာရုံစိုက်မှု တိုးမြှင့်မယ့် Adidas နဲ့ မန်ယူတို့ရဲ့ စာချုပ်သစ်
====================
မန်ချက်စတာယူနိုက်တက်အသင်းက သူတို့ဟာ ဂျာမန်အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကြီး Adidas နဲ့ အနည်းဆုံး ပေါင် သန်း ၉၀၀ (ဒေါ်လာ ၁.၁၅ ဘီလီယံ) တန်ကြေးရှိတဲ့ ၁၀ နှစ်စာချုပ်သစ်ကို တနင်္လာနေ့မှာ လက်မှတ်ရေးထိုးလိုက်တယ်လို့ ပြောကြောင်း BBC အရ သိရပါတယ်။
နှစ်ဦးနှစ်ဖက်ဟာ ၂၀၁၅-၁၆ ရာသီကတည်းက လက်တွဲခဲ့ကြပြီး ၂၃ နှစ်ကြာ ရပ်နားထားပြီးတဲ့နောက် ပြန်လည်ပေါင်းစည်းခဲ့ကြကာ စာချုပ်သစ်ဟာ "မန်ချက်စတာယူနိုက်တက် အမျိုးသမီးအသင်း"အပေါ် အဓိက အာရုံစိုက်သွားမှာဖြစ်တယ်လို့ နှစ်ဖက်စလုံးက ပြောကြားခဲ့သည်။
"၂၀၁၈ မှာ ပြန်လည်မိတ်ဆက်ပြီးနောက်ပိုင်း စာချုပ်သစ်က မန်ချက်စတာယူနိုက်တက်အမျိုးသမီးအသင်းအပေါ် အာရုံစိုက်မှု တိုးမြှင့်လာစေပြီး အမျိုးသမီးဘောလုံးပြိုင်ပွဲကို ရှေ့ဆက်ဖို့ မန်ချက်စတာယူနိုက်တက်နဲ့ adidas တို့ရဲ့ ကတိကဝတ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ"လို့ ယူနိုက်တက်ရဲ့ ဝက်ဘ်ဆိုဒ်မှာ ကြေညာချက်တစ်စောင်ထုတ်ပြန်ပါတယ်။
ယူနိုက်တက်ဟာ စာချုပ်သစ်အတွက် ကိန်းဂဏန်းကို မဖော်ပြထားပေမယ့် အနည်းဆုံး ပေါင် သန်း ၉၀၀ တန်ကြေးရှိတယ်လို့ BBC က ဆိုပါတယ်။
နှစ်ရာသီဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့် မရပါက နှစ်စဉ်ပေးချေမှုတွေကို ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့လည်း BBC က ဖော်ပြပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်မှာ ကစားမှာဖြစ်ပါတယ်။

👍9🔥1
စစ်အာဏာသိမ်း နောက်ခြောက်လသက်တမ်းထပ်တိုးမှု အမေရိကန်နဲ့ကုလ စိုးရိမ်တကြီးတုံ့ပြန်
======================
နိုင်ငံအတွင်း အကြမ်းဖက်သတ်ဖြတ်တာတွေ ပိုဆိုးလာနေတယ်၊ လုံခြုံရေးဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းအရေးပေါ်ကာလကို နောက်ထပ် ခြောက်လထပ်တိုးပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်က ကာလုံအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
အခုလို စစ်အုပ်ချုပ်မှု သက်တမ်းတိုးတဲ့အပေါ် ကုလသမဂ္ဂရော အမေရိကန်ပြည်ထောင်စုကပါ စိုးရိမ်တကြီးတုံ့ပြန်လာပါတယ်။
မြန်မာနိုင်ငံကို ဖြစ်နိုင်သမျှ မြန်မြန် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးပြန်သွားဖို့ လိုလားပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရသူ Farhan Haq က ပြောပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရပ်တည်ပြောဆိုထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
အလားတူ မြန်မာစစ်အစိုးရမှ အရေးပေါ်အခြေအနေအား ခြောက်လသက်တမ်းတိုးရန်ဆုံးဖြတ်ချက်အပေါ် အမေရိကန်ပြည်ထောင်စုက အလွန်စိုးရိမ်မိကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
စစ်တပ်က တိုင်းပြည်ကို အကြမ်းဖက်မှုနဲ့ မတည်မငြိမ်ဖြစ်အောင် ပိုလုပ်လာမှာကို စိုးရိမ်ပါတယ်လို့ ပြောရေးဆိုခွင့်ရှိသူ Matthew Miller က ပြောပါတယ်။
စစ်ကောင်စီရဲ့ ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ လိုလားချက်တွေကို လျစ်လျူရှုတာဟာ အကျပ်အတည်းကို ဆက်လက် ရှည်လျားစေပါတယ်လို့လည်း မီလာက ပြောပါတယ်။
အကြောင်းအမျိုးမျိုးပြကာ ဆွဲဆန့်ထားတဲ့ အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးပြီးနောက် စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင်ကာ နေပြည်တော်မှာ ဇူလိုင် ၃၁ ပြုလုပ်ခဲ့တဲ့ ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီအစည်းအဝေးခေါ်ကာ စစ်ကောင်စီရဲ့ သက်တမ်းကို နောက်ထပ် ၆ လထပ်တိုးလိုက်တာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလကို နှစ်နှစ်အထိသာ သတ်မှတ်နိုင်တာဖြစ်ပေမယ့် တိုင်းပြည်အတွင်း “သာမာန်မဟုတ်သော” အခြေအနေဖြစ်ပေါ်နေသည်ဆိုကာ ယခုနှစ် ဇန်နဝါ ရီ ၃၁ ရက်မှာ ခြောက်လသက်တမ်းတိုးခဲ့တဲ့ စစ်ကောင်စီက နောက်ထပ်အကြောင်းပြချက်တွေနဲ့ သက်တမ်းထပ်တိုးလိုက်တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဒေသခံခုခံကာကွယ်ရေးတပ်ဖွဲ့ (PDFs) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေ ဆက်ရှိနေသေးတာကြောင့် အရေးပေါ်ကာလသက်တမ်း ထပ်တိုးပေးဖို့လိုတယ်လို့ စစ်ခေါင်းဆောင်က အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းယူပြီး ရွေးချယ်ခံအရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့တာပါ။
အရေးပေါ်ကာလ ကြေညာပြီး အာဏာသိမ်းယူလာခဲ့တာ အခု ဒီတကြိမ်ဟာ လေးကြိမ်မြောက်သက်တမ်းတိုးတာဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကန့်ကွက်ဆန္ဒပြမှုတွေကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းခဲ့ ပြီး လက်နက်ကိုင်ခုခံမှုတွေ နိုင်ငံအဝှမ်းဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံကပဋိပက္ခကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာက တောင်းဆိုတိုက်တွန်းနေသလို တဖက်မှာလည်း အထူးသဖြင့် အနောက်နိုင်ငံတွေက စစ်ကောင်စီကို အရေးယူဒဏ်ခတ်မှုတွေ တိုးသထက် တိုး လုပ်ဆောင်လာနေပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီးကတည်းက စစ်တပ်က ရာနဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အိုးအိမ်ထောင်ပေါင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး လူပေါင်း ၁.၆ သန်းကျော်ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့တယ်လို့လည်း မီလာက ပြောကြားခဲ့ပါတယ်။
ဒီတစ်ခေါက် အရေးပေါ်ကာလသက်တမ်းဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
https://youtu.be/NdHI8LvjLNg
#politicalnews
#newsfeature
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
စစ်အာဏာသိမ်း နောက်ခြောက်လသက်တမ်းထပ်တိုးမှု အမေရိကန်နဲ့ကုလ စိုးရိမ်တကြီးတုံ့ပြန်
နိုင်ငံအတွင်း အကြမ်းဖက်သတ်ဖြတ်တာတွေ ပိုဆိုးလာနေတယ်၊ လုံခြုံရေးဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းအရေးပေါ်ကာလကို နောက်ထပ် ခြောက်လထပ်တိုးပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်က ကာလုံအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
အခုလို…
အခုလို…
👍10😁4
စစ်ရေးလေ့ကျင့်မှုအားလုံးမှာ တရားမဝင် စစ်ကောင်စီကို ချန်လှပ်ထားဖို့ အာဆီယံ လွှတ်တော်အမတ်တွေ တောင်းဆို
===================
အာဆီယံအဖွဲ့ကပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအားလုံးမှာ တရားမဝင် အာဏာသိမ်းစစ်ကောင်စီကို ချန်လှပ်ထားဖို့ အာဆီယံလွှတ်တော်အမတ်တွေက အာဆီယံကို တောင်းဆိုလိုက်ပါတယ်။
အာဆီယံနိုင်ငံတွေက သြဂုတ်လနဲ့ စက်တင်ဘာလအတွင်း မြန်မာစစ်ကောင်စီနဲ့ တန်ပြန်အကြမ်းဖက်မှု စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ စီစဉ်ထားတဲ့အပေါ် အလွန်အမင်း စိုးရိမ်မိတယ်လို့ အာဆီယံ လွှတ်တော်အမတ် တွေက ထုတ်ဖော်ပြောပါတယ်။
အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်မယ့် ဘုံသဘောတူညီချက် ၅ ရပ်ကိုလိုက်နာဖို့ စစ်ကောင်စီက နိုင်ငံရေးဆန္ဒမရှိတာကို စဉ်ဆက်မပြတ် ပြသခဲ့တာကြောင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအားလုံးမှာ စစ်ကောင်စီကို ချန် လှပ်ထားဖို့ အာဆီယံအဖွဲ့ကို တောင်းဆိုပါတယ်” လို့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအ ဖွဲ့ (APHR) ဥက္ကဌနဲ့ အင်ဒိုနီးရှား အောက်လွှတ်တော်အမတ် မာစီဘာရန်းစ်က ပြောပါတယ်။
တန်ပြန်အကြမ်းဖက်မှုဆိုင်ရာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM+) ကို သြဂုတ် လနဲ့ စက်တင်ဘာလအတွင်း မြန်မာနဲ့ရုရှားနိုင်ငံမှာ ပြုလုပ်မယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန် ချက်တွေနဲ့ အာဆီယံဝဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မြန်မာနဲ့ရုရှားဟာ ၂၀၂၁ ခုနှစ်ကတည်းက အဆိုပါလုပ်ငန်းကော်မတီရဲ့ ဉက္ကဌအဖြစ် တာဝန်ယူခဲ့တာလို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ဒီမိုကရေစီရွေးကောက်ခံ NUG၊ CRPH၊ PDF နဲ့ အခြားဒီမိုကရေစီအဖွဲ့အ စည်းတွေကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ပြီး တန်ပြန်အကြမ်းဖက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဒီစစ်ရေး လေ့ကျင့်မှုတွေမှာ ပါဝင်တာလို့ ဆိုပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုတွေကြောင့် စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ တိုးမြှင့် လုပ်ဆောင်လာနိုင်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချကြောင်းနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ကို လက်သင့်မခံကြောင်း ထုတ်ဖော်ပြောရာမှာ အာဆီယံအဖွဲ့က ညီညွတ်မှုရှိရမှာဖြစ်တယ်လို့ဆိုပါတယ်။
ဒါကြောင့် ဒီလိုမျိုး စစ်ရေး လေ့ကျင့်မှုအားလုံးကို ဖျက်သိမ်းပြီး စစ်ကောင်စီကို အနာဂတ် စစ်ရေးလေ့ကျင့်မှုနဲ့ ကာကွယ်ရေးဆိုင်ရာ အစည်း အဝေးတွေမှာ ပါဝင်ခွင့်မပြုဖို့ လိုအပ်ပါတယ်လို့ လည်း အင်ဒိုနီးရှား အောက်လွှတ်တော်အမတ် မာစီဘာရန်းစ်ကပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ပင်လယ်ပြင်မှာ ကျင်းပမယ့် အာဆီယံနိုင်ငံများရဲ့ စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်ကို မြန်မာစစ်တပ် အပါအဝင် အာဆီယံနိုင်ငံများရဲ့ စစ်တပ်များ ပူးပေါင်းလေ့ကျင့်သွားဖွယ်ရှိနေကြောင်း ပြီးခဲ့တဲ့ ဇွန်လ အတွင်းက အင်ဒိုနီးရှားရေတပ်ဦးစီးချုပ် Admiral Yudo Margono က ပြောကြားထားတာဖြစ်ပါတယ်။
https://youtu.be/P4-6xWkSOA4
#politicalnews
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

ပူးတွဲစစ်ရေးလေ့ကျင့်မှုအားလုံးမှာ တရားမဝင် စစ်ကောင်စီကို ချန်လှပ်ထားဖို့ အာဆီယံ လွှတ်တော်အမတ်တွေ တောင်းဆို
အာဆီယံအဖွဲ့ကပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအားလုံးမှာ တရားမဝင် အာဏာသိမ်းစစ်ကောင်စီကို ချန်လှပ်ထားဖို့ အာဆီယံလွှတ်တော်အမတ်တွေက အာဆီယံကို တောင်းဆိုလိုက်ပါတယ်။…

👍16🔥1👏1😁1
ဩဂုတ်လ (၁) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
========================
00:58- စစ်အာဏာသိမ်း နောက်ခြောက်လသက်တမ်းထပ်တိုးမှု အမေရိကန်နဲ့ကုလ စိုးရိမ်တကြီးတုံ့ပြန်တဲ့သတင်း
03:40- ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ် ၇ ခု မိုးကြီးမည့် သတိပေးချက် NUG ထုတ်ပြန်တဲ့သတင်း
04:57- ဆေးရုံအနီးဗုံးပေါက်ကွဲပြီးနောက် မူဆယ်မြို့ကို စစ်ကောင်စီက မာရှယ်လောထုတ်တဲ့သတင်းနဲ့
07:16- ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွင်း ပျက်ကျခဲ့တဲ့ ဩစတြေးလျ စစ်ဘက်ရဟတ်ယာဉ်မှ အပျက်အစီးများတွေ့ရှိ တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/0Z6_FTDMwRM
Photo - CJ
#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
========================
00:58- စစ်အာဏာသိမ်း နောက်ခြောက်လသက်တမ်းထပ်တိုးမှု အမေရိကန်နဲ့ကုလ စိုးရိမ်တကြီးတုံ့ပြန်တဲ့သတင်း
03:40- ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ် ၇ ခု မိုးကြီးမည့် သတိပေးချက် NUG ထုတ်ပြန်တဲ့သတင်း
04:57- ဆေးရုံအနီးဗုံးပေါက်ကွဲပြီးနောက် မူဆယ်မြို့ကို စစ်ကောင်စီက မာရှယ်လောထုတ်တဲ့သတင်းနဲ့
07:16- ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွင်း ပျက်ကျခဲ့တဲ့ ဩစတြေးလျ စစ်ဘက်ရဟတ်ယာဉ်မှ အပျက်အစီးများတွေ့ရှိ တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/0Z6_FTDMwRM
Photo - CJ
#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
ဩဂုတ်လ (၁) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:58- စစ်အာဏာသိမ်း နောက်ခြောက်လသက်တမ်းထပ်တိုးမှု အမေရိကန်နဲ့ကုလ စိုးရိမ်တကြီးတုံ့ပြန်တဲ့သတင်း
03:40- ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ် ၇ ခု မိုးကြီးမည့် သတိပေးချက် NUG ထုတ်ပြန်တဲ့သတင်း
04:57- ဆေးရုံအနီးဗုံးပေါက်ကွဲပြီးနောက် မူဆယ်မြို့ကို စစ်ကောင်စီက မ…

🔥2😁1
အကြမ်းဖက် စစ်တပ်နှင့် စေ့စပ်ရေးလုပ်သူ မှန်သမျှ ပြည်ပြတ်သားသား ဆန့်ကျင်ရှုတ်ချကြောင်း တော်လှန်ရေး ၁၁ ဖွဲ့ထုတ်ပြန်
======================
အကြမ်းဖက်စစ်တပ်နဲ့ စေ့စပ်ရေးလျှောက်လှမ်းသူ မည်သူမဆို မည်သည့် အဖွဲ့အစည်းကို မဆို ပြတ်ပြတ်သားသား ဆန့်ကျင့်ရှုတ်ချကြောင်း တော်လှန် ရေး အဖွဲ့ ၁၁ ဖွဲ့က ဇူလိုင် ၃၁ ရက်နေ့မှာ ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီဟာ လူထုတစ်ရပ်လုံးအပေါ် အခုချိန်အထိ ရက်ရက်စက်စက် သတ်ဖြတ်နေတာကြောင့် စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရားစတဲ့ စစ်သုံးစစ်နဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးဟာ တော်လှန်ရေးရဲ့ သမိုင်းပေးတာဝန်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ခေတ်အဆက်ဆက် ဆင်နွဲလာခဲ့တဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတိုက်ပွဲမှာ လူမျိုးပေါင်းစုံ လူထုတစ်ရပ်လုံး ပါဝင်မှုမြင့်မားနေချိန် ဘုံရန်သူကိုဆန့်ကျင်တဲ့ ဘယ်အဖွဲ့ကိုမဆို မိတ်ဆွေအဖြစ် သဘောထားရမယ်လို့လည်း ပူးတွဲထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း တိုက်ခိုက်ရန်လိုတဲ့ အပြုအမူအားလုံးကို ချေမှုန်းတိုက်ဖျက် သွားမှာ ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တော်လှန်ရေးအဖွဲ့ ၁၁ ခုဖြစ်တဲ့ Ayeyarwaddy Federal School Students Union၊ Ayeyarwaddy Youths' Union (AYU)၊ Power Of Education Students Union၊ Political Prisoners Network (Myanmar)၊ UCY Foundation၊ Youths' Force in Ayeyarwaddy Region (YFAR)၊ ကြယ်နီတပ်ဦး၊ တိုးတက်သောလူငယ်အစည်းအရုံး (ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသ)၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂ၊ ဧရာဝတီ တော်လှန်တပ်ဦး၊ ဧရာဝတီတိုင်းလယ်သမားအင်အားစုများက ထိုသို့ ကြေညာခြင်းဖြစ်ပါတယ်။
စစ်သုံးစစ်အမြစ်ဖြတ်ရေးအတွက် “တူတာတွဲလုပ်၊ မတူတာခွဲလုပ်” ဆိုတဲံ အခြေခံပေါ်မှာ တပ်ပေါင်းစုဖွဲ့စည်းရေး ကြိုးပမ်းဆောင်ရွက်သွားရန် အထူးလိုအပ်ကြောင်း တော်လှန်ရေးအဖွဲ့ ၁၁ ခုက ကြေညာထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်လာသည့်တိုင် အကြမ်းဖက် စစ်အုပ်စု ပြုတ်ကျရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး လမ်းကြောင်းကို ပြောင်းလဲစရာ မရှိကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ပြောဆိုလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအပြောင်းအလဲများနဲ့ ပတ်သက်ပြီး အထူးအစည်းအဝေးတရပ်ကို ကျင်းပစဉ် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အထက်ပါအတိုင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။
နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလကလည်း အကြမ်းဖက်စစ်အုပ်စု အကွက်ဆင်မှုအပေါ် လိုက်မသွားရန် အရေးကြီးတယ်လို့ ထောက်ပြထားပါတယ်။
https://youtu.be/h16Wv3p4B1s

စေ့စပ်ရေးလုပ်သူ မှန်သမျှ ပြည်ပြတ်သားသား ဆန့်ကျင်ရှုတ်ချကြောင်း တော်လှန်ရေး ၁၁ ဖွဲ့ထုတ်ပြန်
အကြမ်းဖက် စစ်တပ်နှင့် စေ့စပ်ရေးလုပ်သူ မှန်သမျှ ပြည်ပြတ်သားသား ဆန့်ကျင်ရှုတ်ချကြောင်း တော်လှန်ရေး ၁၁ ဖွဲ့ထုတ်ပြန်
အကြမ်းဖက်စစ်တပ်နဲ့ စေ့စပ်ရေးလျှောက်လှမ်းသူ မည်သူမဆို မည်သည့် အဖွဲ့အစည်းကို မဆို ပြတ်ပြတ်သားသား ဆန့်ကျင့်ရှုတ်ချကြောင်း တော်လှန် ရေး အဖွဲ့ ၁၁…

👍19❤1🔥1👏1😁1
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အမှုတစ်ချို့ စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေး
=======================
001
(မဇ္စျိမ)။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အမှုတစ်ချို့အား စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့် မြဝတီရုပ်သံက ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်လွှင့်သည်။
ဒေါ်အောင်ဆန်းစုကြည်အားချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ် ၃၅/ ၂၀၂၁၊ ၃၇/၂၀၂၁၊ ၇၁/ ၂၀၂၁၊ ၃၈/၂၀၂၁၊ ၄၅/ ၂၀၂၁ စသည့် အမှုငါးမှုကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိအမှုများ အပါအဝင် အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိ လွတ်ငြိမ်းခွင့်ပေးလိုက်သည့် အမှုများနှင့် ပတ်သက်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းဆဲဖြစ်သည်။
သမ္မတဦးဝင်းမြင့်မှာလည်း အမှုပေါင်းရှစ်မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရပြီး ထိုအထဲမှ အမှုနှစ်ခုကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ သူ ၇၇၄၉ ဦးကို နောက်တကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသည့် စည်းကမ်းချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီက အထိမ်းအမှတ်နေ့များတွင် နိုင်ငံရေးအကျဉ်းသား ထောင်နှင့်ချီလွှတ်ပေးတတ်ရှိသော်လည်း နိုင်ငံရေးအကျဉ်းသား အနည်းအကျဉ်းသား ပါဝင်လေ့ရှိသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
001
(မဇ္စျိမ)။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အမှုတစ်ချို့အား စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့် မြဝတီရုပ်သံက ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်လွှင့်သည်။
ဒေါ်အောင်ဆန်းစုကြည်အားချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ် ၃၅/ ၂၀၂၁၊ ၃၇/၂၀၂၁၊ ၇၁/ ၂၀၂၁၊ ၃၈/၂၀၂၁၊ ၄၅/ ၂၀၂၁ စသည့် အမှုငါးမှုကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိအမှုများ အပါအဝင် အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိ လွတ်ငြိမ်းခွင့်ပေးလိုက်သည့် အမှုများနှင့် ပတ်သက်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းဆဲဖြစ်သည်။
သမ္မတဦးဝင်းမြင့်မှာလည်း အမှုပေါင်းရှစ်မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရပြီး ထိုအထဲမှ အမှုနှစ်ခုကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ သူ ၇၇၄၉ ဦးကို နောက်တကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသည့် စည်းကမ်းချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီက အထိမ်းအမှတ်နေ့များတွင် နိုင်ငံရေးအကျဉ်းသား ထောင်နှင့်ချီလွှတ်ပေးတတ်ရှိသော်လည်း နိုင်ငံရေးအကျဉ်းသား အနည်းအကျဉ်းသား ပါဝင်လေ့ရှိသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮12👍8😢1
မိုးဗြဲ-လွိုင်ကော်လမ်းတွင် စစ်ကောင်စီတပ်အား ကရင်နီပူးပေါင်းတပ်မှတိုက်ခိုက်မှု ဗိုလ်ကြီးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးကြောင်း KNDF ပြော
👍20❤2👎1😁1

=================
ဂျူချန်း
မဇ္ဈိမ။ ။ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်သို့ ဆက်သွယ်ထားသည့် မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကရင်နီပူးပေါင်းတပ်တို့ကြား တပတ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗိုလ်ကြီး တဦးအပါအဝင် စစ်ကောင်စီတပ်သား ၂၀ ဦး ထက်မနည်း သေဆုံးကြောင်း KNDF ထံမှ သိရသည်။
မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် ဇူလိုင်လ ၂၀ ရက်မှ ၂၈ ရက်နေ့အထိ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူများအနက် ဗိုလ်ကြီးကျော်ကျော်နိုင် ပြန်တန်းဝင်အမှတ်(ကြည်း) (၄၉---)လည်း ပါဝင်ကြောင်း မြေပြင်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။
“ကားပေါ်မှာ ပက်လက်လန်သေနေတာ အဲဒါသူတို့ဗိုလ်။ ဗိုလ်တွေပဲ ပစ်နေတာ၊ ဒါတောင် မမှတ်ဘူး သူတို့ က လာချင်သေးတယ်။ သူတို့စစ်ကြောင်းမှူးတွေဆို တကောင်ပြီးတကောင် သေနေတာ” ဟု ကာကွယ် ရေးတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။
ဇူလိုင်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် မိုးဗြဲမြို့မှထွက်လာသည့် တပ်မ(၅၅)နှင့် တပ်မ(၆၆) ပါ စစ်ကောင်စီယာဉ်တန်းသည် လွယ်ထွဲရွာသစ်ကျေးရွာနှင့် မော်ချီးစုစည်းကျေးရွာကြားတွင် တော်လှန်ရေး ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။
တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦး ထက်မနည်း သေဆုံးကြောင်း KNDF B02 မှ ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ထို့ပြင် တိုက်ပွဲအတွင်း စစ်ကားတစီးကိုလည်း ဖျက်ဆီး နိုင်ခဲ့ကြောင်း ဆိုသည်။
“ယာဉ်တန်းက ကားအစီး ၆၀ လောက်ရှိတယ်၊ နှစ်စီးက မီးလောင်သွားတယ်။ တစီးက သူတို့ ကရိန်းနဲ့ ပြန်သယ်သွားတယ်” ဟု မြေပြင်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
မိုးဗြဲ-လွိုင်ကော်လမ်းပိုင်း တစ်ပတ်တာတိုက်ပွဲတွင် ဇူလိုင်လ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့သည် အပြင်းထန် ဆုံးဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်းသေဆုံးသည့်အပြင် MA-1 ငါးလက်၊ MA-2 တလက်၊ MA-3 နှစ်လက်၊ ခဲယမ်းမီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲကို KA၊ KNDF B-02 ၊ KNDF B-03၊ KNDF B-14 ၊ KNDF B-12 ၊ KNDF ETD နှင့် Loikaw PDF တို့ ပူးပေါင်းကာ စစ်ကြောင်းများခွဲ၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဖယ်ခုံမှမိုးဗြဲမြို့သို့ ထိုးလာသည့်စစ်ကြောင်းဖြစ်ပြီး မိုးဗြဲ-လွိုင်ကော် လမ်းပိုင်း၌ ဖယ်ခုံ PDF တပ်ရင်း(၂)၊ KNDF B03 ၊ URF တို့နှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
၎င်းစစ်ကြောင်းသည် မိုးဗြဲမြို့တွင် အင်အားဖြည့်တင်းပြီးန လွိုင်ကော်မြို့ဘက်သို့ ဆက်လက် စစ်ကြောင်း ထိုးလာခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
လက်ရှိတွင် တိုက်ပွဲများ ငြိမ်နေသဖြင့် လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းအား သွားလာခွင့် ပြုကြောင်း KNDF B02 မှ ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
သို့သော်လည်း လွိုင်ကော် - မိုးဗြဲ - ဖယ်ခုံ လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများ ဆက်ရှိနေသေးသောကြောင့် အဆိုပါလမ်းပိုင်းအား အသုံးပြုမည့် ပြည်သူများအနေဖြင့် သတိထား သွား လာကြရန် KNDF မှ သတိပေးထားသည်။
ဓါတ်ပုံ- လွိုင်ကော်မြို့အနီး မော်ချီးစုစည်းရွာတွင် ဇူလိုင် ၂၄၊၂၅ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှ သိမ်းဆည်းရမိသည့် ပစ္စည်းများ (ပုံ- ပေးပို့)
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#မိုးဗြဲ
#လွိုင်ကော်

👍20👏4❤3🔥1
အင်အားပြန်စုပြီး လက်ခတ်တောင် စခန်းကုန်းကို ထိုးစစ်ဆင်ဆင်ရန် စစ်ကောင်စီတပ် ပြင်ဆင်နေ
======================
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်နိုင်ရန်အတွက် အင်အားပြန်စုပြီး လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ကော်ဘရာစစ်ကြောင်းနှင့် ဒေသသတွင်း စစ်ရေးသတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။
ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်က စတင်ကာ ညနေ ၃နာရီဝန်းကျင်အထိ လက်နက်ကြီးများဖြစ်သည့် ၈၁ မမ၊ ၁၂၀မမ၊ ဟောက်ဝစ်ဇာအမြောက်များကို အကြိမ်ရေ ၃၀ ကျော် ပစ်ခတ်ခဲ့ကြောင်း Cobra စစ်ကြောင်းက ပြောသည်။
စစ်ကောင်စီတပ်၏ ကြက်ကင်ကုန်း၊ ခမရ (၂၇၅) ၊ခလရ (၃၅၅) နှင့် မေတ္တာလင်းမြိုင်ကျေးရွာအနီးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။
“စစ်ကောင်စီဘက်က ထိုးစစ်ဆင်ဖို့ လက်နက်ကြီးပစ်ကူပေးတဲ့သဘောပေါ့၊ စကစဘက်က အင်အားများတယ်၊ သုံးနေရာလောက် ထိုးစစ်ဆင်မယ်လို့ ယူဆရတယ်၊ ဗျူဟာခင်းနေတဲ့ သဘောပေါ့၊ တစ်နေရာကို ၃၀၀ ကျော်လောက် ရောက်နေတယ်၊ စောချစ်သူဦးဆောင်တဲ့ BGF တွေလည်းပါတယ်၊ ထိုးစစ်ဆင်မယ့်ကိစ္စ သူတို့ ပါမှာလားဆိုတာတော့ မသိသေးဘူး” ဟု စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ကဘက်က လက်ခတ်တောင်ကုန်းတစ်လျှောက် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေ ကြောင်း သိရသည်။
စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လက်ခတ်တောင်စခန်းကို ပြန်လည်သိမ်းယူနိုင်ရန်အတွက် စစ်ကောင်စီတပ်မှ အင်အားအများပြားစုဆောင်းပြီး ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသည်ကို တွေ့ရကြောင်း CDM ဗိုလ်ကြီးတစ်ဦးက ပြောသည်။
“မြဝတီ - ဝေါ်လေကားလမ်းက စခန်းတွေထဲက အင်အားတွေကို သူတို့ထုတ်နုတ်ထားတယ်၊ သေ့ဘောဘိုးစခန်းကုန်းက အင်အားတွေပါလာတယ်၊ ဒီဘက်စစ်ကြောင်းထိုးဖို့ သူတို့ အင်းအားအတော်ပြန်စုနေရတယ်၊ တပ်မ (၄၄) လက်အောက်ခံတပ်က အမည်ပဲ ရှိတော့တာ၊ အင်အားမရှိတော့ဘူး”ဟု CDM ဗိုလ်ကြီးတစ်ဦးမှ ပြောသည်။
လက်ခတ်တောင်စခန်းကုန်းကို ထိုးစစ်ဆင်နိုင်ရန်အတွက် စစ်ကောင်စီတပ်စစ်ကူများလာသည့် လမ်းတစ်လျှောက်ကို တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများမှ ကြားဖြတ်တိုက်ခိုက်နေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ၂၅ ရက်နေ့တွင် လက်ခတ်တောင်စခန်းကုန်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး အထိနာကာ ဆုတ်ခွာသွားခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ လက်ခတ်တောင်စခန်းကုန်းသည် မြဝတီမြို့ ခံစစ်စည်းဖြစ်ကာ စစ်ရေးဗျူဟာမြောက်သည့် နေရာဖြစ်ပြီး ဇူလိုင်လ၂၁ ရက်နေ့တွင် ကော်ဘရာစစ်ကြောင်း (၁) နှင့် ကျားသစ်နက်စစ်ကြောင်းတို့မှ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
လက်ခတ်တောင်တိုက်ပွဲတွင် ဆုတ်မိန့်မရဘဲ တပ်ဆုတ်ပြေးခဲ့သည့် ကျိုက်ထို အခြေစိုက် တပ်မ (၄၄) လက်အောက်ခံ ခလရ (၂)မှ တပ်ရင်းမှူး အာကာအောင်နှင့် ဒုတပ်ရင်းမှူး ကျော်သူမောင်တို့ကို အမိန့်ဖီဆန်သဖြင့် စစ်ကောင်စီတပ်က ထောင်ချထားသည်။
ဓာတ်ပုံ- ပုံဟောင်း
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#Mizzima
#လက်ခတ်တောင်
#KNLA

👍23🥰3🔥1😁1🤬1