မကြာခဏစစ်ဘေးရှောင်ရသည့် မွန်ပြည်နယ် ဒေသအချို့၌ ရေကြီးရေလျှံမှုဖြစ်၍ အကူအညီလိုအပ်
😢6😁4

==================
YT
(မဇ္ဈိမ)။ ။တိုက်ပွဲများကြောင့် မကြာခဏစစ်ဘေးရှောင်ရလေ့ရှိသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်ရှိ ကျေးရွာအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
“ရေကြီးတာကတော့ မြစ်ရေတက်လာတာရော မိုးများလို့ရောပေါ့။ မိုးက တပတ်ကျော်ပြီ လုံးဝမရပ်သေး ဘူး ဆက်ရွာနေတုန်းပဲ။ လယ်ကွက်တွေထဲလည်း ရေမြုပ်ကုန်တော့ စပါးတွေလည်း ပျက်စီးကုန်ပြီ။ အိမ် အနိမ့်တွေဆိုလည်း ရေဝင်ပြီး ပစ္စည်းတွေပျက်စီးတယ်” ဟု ဘီးလင်းမြို့နယ်မှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
ဇူလိုင်လနောက်ဆုံးပတ်မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်လာမှု၊ တောင်ကျရေ စီးဆင်းမှုတို့ကြောင့် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအလယ်ပိုင်းနှင့် အရှေ့ပိုင်း၊ ဒေါက်ရပ်ကျေးရွာ၊ ရွှေလှေကျေးရွာတို့အပြင် ဘီးလင်းမြစ်ကမ်းဘေးရှိ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ၊ အစူးချောင်းကျေးရွာ အနိမ့်ပိုင်းဒေသများတွင် ဩဂုတ်လ ၁ ရက်နေ့မှစ၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။
ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် အဆိုပါဒေသများတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ ကရင် နယ်ခြားစောင့်တပ်(BGF)များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများ ဖြင့်ပစ်ခတ်သောကြောင့် မကြာခဏ ထွက်ပြေးတိမ်းရှောင်ကြနေရသည့် ဒေသများဖြစ်သည်။
ယခုအခါ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မိုးဆက်တိုက်ရွာသွန်း၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ သဖြင့် ဒေသခံများမှာ သွားရေးလာရေး၊ အစားအသောက်၊ ရေ အခက်အခဲဖြစ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံက သိရသည်။
“ဘီးလင်း ဒေါက်ရပ်ကနေဝင်လာတာနဲ့ နေရာစုံပဲ ရေကြီးနေတာက။ ကယ်ဆယ်ရေးတွေက သူတို့ဟာ သူတို့ ကယ်ဖို့တောင် အနိုင်နိုင်ပဲ။ မြို့ပေါ်တော့ သိပ်ပြဿနာမရှိပေမယ့် ရွာတွေတော့ အစားသောက်နဲ့ ရေ အခက်ခဲရှိတယ်။ ရေလျှံရေကြီးနေတော့ ရေကအဓိကပဲ။ ရေလွတ်တဲ့အိမ်တွေမှာ ရှိတာနဲ့ ကြံဖန်ချက် စားကြရတာပေါ့။ ဆန်တွေကတော့ မျှဝေစားနေရတယ်။ နောက်တခုက အိမ်သာအခက်အခဲရှိတယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများမှလည်း ၎င်းတို့တတ်နိုင်သည့် အစားအသောက်နှင့် ဆေးဝါး ကုသမှုအချို့ ကူညီလုပ်ဆောင်ပေးလျက်ရှိကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆက်ပြောသည်။
ဒေသတွင်း လူမှုကူညီရေးဆောင်ရွက်နေသူများကလည်း ၎င်းတို့အနေဖြင့် ချိတ်ဆက်ပြီး ကယ်ဆယ်မှုများ ပြုလုပ်နေသော်လည်း လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ဆိုသည်။
“ရေ ဆက်တက်လာမယ်ဆိုရင် ပြောင်းရွှေ့ဖို့နေရာ၊ စားစရာ၊ သောက်ရေ အဲဒါတွေ အဓိကလိုအပ်နေပါ သေးတယ်။ ရသလောက် ချိတ်ဆက်ပြီး လုပ်နေပေမယ့် လိုအပ်နေသေးတယ်” ဟု ရေဘေးသင့်ပြည်သူ များအား အကူအညီပေးနေသည့်လူငယ်တဦးက မဇ္ဈိမကိုပြောသည်။
ဩဂုတ်လ ၂ ရက်နေ့ ညနေပိုင်းအထိ မိုးဆက်လက် ရွာသွန်းနေဆဲဖြစ်ပြီး တောင်ကျရေစီးဆင်းမှု အနည်း ငယ်လျော့နည်းလာကြောင်း သိရသည်။
စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၂ ရက်နေ့တွင် ဘီးလင်းမြစ်ရေ သည် စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်မြင့်တက်နေပြီး ဩဂုတ်လ ၃ ရက်နေ့တွင် တပေအထိမြင့်တက် နိုင်ကြောင်းနှင့် ဘီးလင်းမြို့နယ် မြေနိမ့်ပိုင်းနှင့်မြစ်ကမ်းအနီးနေထိုင်သူများ သတိပြုနေထိုင်ရန် အသိပေး ချက်ထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
ဓါတ်ပုံ- (Kyaikhto Information Organization) ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ ရေကြီးရေလျှံမှု အခြေအနေ
#မွန်ပြည်နယ်
#ရေကြီးရေလျှံ
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍14😁2
မော်လမြိုင် သံလွင်တံတားပေါ်မှ သံဃာတော်တစ်ပါး ခုန်ချ
===================
ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် မုတ္တမမြို့ကို ဆက်သွယ်ထားသည့် သံလွင်တံတားပေါ်မှ သံဃာတော်တစ်ပါး ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံမှ သိရသည်။
“ပြုတ်ကျတာမဟုတ်ဘူး၊ ခုန်ချသွားတာ။ ကျနော့်စိတ်ထင် ဆေးရုံဆေးခန်းစရိတ်တွေ စဉ်းစားပြီး ခုန်ဆင်းသွားတာလားမပြောတတ်ဘူး။ အမှန်ကတံတားပေါ်မှာ ကားရပ်လို့မရဘူး။ အလေးစွန့်လို့လည်းမရဘူးလေ။ သုံးဘီးသမားကလည်း ကားပေါ်မှ စွန့်ချသွားမယ်ဆိုလို့ RP 11 နားလောက်မှာ ရပ်ပေးလိုက်တာပါ” ဟု မုတ္တမမြို့နေထိုင်သူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့ နံနက် ၁၀နာရီခွဲကျော်ခန့်တွင် မုတ္တမမြို့မှ ဥူးဇင်း ဥူးကောသလ္လ (ခ) ဦးကံဖန် သည် အဖော်ဥူးဇင်းတစ်ပါးနှင့်အတူ သုံးဘီးယာဉ်ဖြင့် မော်လမြိုင်မြို့သို့ ဆေးခန်းပြရန် ထွက်ခွာလာစဉ် သံလွင်တံတားပေါ်ရှိ RP 11နှင့် RP 12 အကြားနေရာ၌ အလေးစွန့်ချင်ကြောင်း သုံးဘီးယာဥ်မောင်းကိုပြောရာ ယာဥ်မောင်းမှ ရပ်ပေးခဲ့သည်။ ထို့နောက် တံတား၏ တစ်ဖက်ခြမ်းသို့ ကူးသွားပြီး လူသွားလမ်းစင်္ကြံ၏ တံတားဘောင်ကိုကျော်ကာ ခုန်ချသွားခဲ့ကြောင်း ဒေသခံက ပြောသည်။
တံတားပေါ်မှ ခုန်ချသတ်သေသွားသည့် ဥူးဇင်းသည် ပေါင်မြိုနယ်၊ မုတ္တမမြို့၊ ရွှေရေးကျောင်းတွင် သီတင်းသုံးနေထိုင်ခဲ့ပြီး သက်တော် ၄၉ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
ဥူးဇင်းသည် စိတ်ကျန်းမာရေးချွတ်ယွင်းနေသူမဟုတ်ဘဲ ဆေးရုံကုန်ကျစားရိတ်များကြောင့် တံတားပေါ်မှ ခုန်ချသွားသည်ဟု ဒေခံများမှ ပြောသော်လည်း ဥူးဇင်း၏ ခုန်ချသွားသည့် အကြောင်းအရင်းကိုမူ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
တံတားပေါ်မှ ခုန်ချသွားသည့် ဥူးဇင်း၏ ရုပ်ကလာပ်ကို ခုန်ချပြီးချိန်မှစ၍ ညနေပိုင်းအထိ ကယ်ဆယ်ရေးသမားများနှင့် မီးသတ်သမားများမှ ရှာဖွေခဲ့ကြသော်လည်း ယနေ့အထိ မတွေ့ရကြောင်းနှင့် ရေစီးသန်သဖြင့် ရုပ်ကလာပ် ပြန်တွေ့နိုင်ဖွယ်မရှိနိုင်ကြောင်း ဒေသခံက ပြောသည်။
“ရေစီးလည်းတအားသန်တာ။ တံတားအောက်မှာ ရေဆင်းကူးလို့ ရေမျောသွားရင်တောင် ရှာမရဘူး၊ အောက်မှ ကျွန်းနှစ်ခုရှိတယ်၊ အဲ့ကျွန်းတွေမှာ ငြိရင်တော့ရင်တောင်မှ လိုက်ရှာရင် တွေ့နိုင်ခြေရှိတယ်၊ မဟုတ်ဘူးဆိုရင်တော့ ပင်လယ်ဝ ရောက်သွားမယ်။ မနေ့ညနေက ဖြတ်သွားတာတော့ ရှာဖွေတာမရှိကြတော့ဘူး” ဟု ဒေသခံက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးပြဿနာများကြောင့် စိတ်ကျရောဂါများဖြစ်ကာ မွန်ပြည်နယ်အတွင်း မိမိကိုယ်မိမိ အဆုံးစီရင်မှုများ ခပ်စိတ်စိတ် ဖြစ်ပွားလာသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#အဆုံးစီရင်မှု
#မော်လမြိုင်
#သံလွင်တံတား
#သံဃာတော်

😢5😁4👍2
တနင်္သာရီမြို့နယ်တွင် ဒေသခံ ၂ ဦးအား PDF အဖွဲ့ကို ထောက်ပံ့သည်ဟုစွပ်စွဲကာ စစ်ကောင်စီဖမ်းဆီး
===================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် PDF အဖွဲ့ကို ငွေကြေးထောက်ပံ့ပေးနေသည် ဟုစွပ်စွဲချက်ဖြင့် အမျိုးသားနှစ်ဦးကို ဇူလိုင်လ ၃၁ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဖမ်းဆီးခံရသောအမျိုးသားနှစ်ဦးမှာ တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်းကုန်းကျေးရွာနေ အသက် ၄၄ နှစ် အရွယ် ဦးဇော်မင်း(ခ)လင်းလင်းနှင့် ဆင်ခြေဖုံးကျေးရွာအုပ်စု၊ လယ်တောင်ယာကျေး ရွာနေ အသက် ၆၆ နှစ် အရွယ် ဦးမောင်ဆန်းတို့ဖြစ်ကြသည်။
ဦးဇော်မင်း(ခ)လင်းလင်းအား PDF အဖွဲ့ဝင်များကို ဆေးဝါးများဝယ်ယူထောက်ပံ့ခြင်း၊ ဆေးကုသပေးခြင်း နှင့် PDF ဆေးမှူးအဖြစ်ဆောင်ရွက်ခဲ့သည်ဟုဆိုကာဖမ်းဆီးပြီး တနင်္သာရီရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)/၅၂(က) ဖြင့် အရေးယူထားကြောင်း စစ်ကောင်စီထောက်ခံသူများ၏ တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖော်ပြထားသည်။
အလားတူ တနင်္သာရီမြိုနယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ လယ်တောင်ယာကျေးရွာနေ ဦးမောင်ဆန်းအား PDF အဖွဲ့ကို ငွေကြေးနှင့် စက်သုံးဆီများထောက်ပံ့ပေးနေကြောင်းစွပ်စွဲချက်ဖြင့် ဖမ်းဆီးအရေးယူထား ကြောင်း ဒေသခံများကပြောသည်။
တနင်္သာရီမြို့တွင် ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ဒေသခံ ၃၀ နီးပါးကို PDF အဖွဲ့နှင့်ဆက်သွယ် သည်ဟုဆိုကာဖမ်းဆီးခဲ့ပြီး ၁၀ ဦးခန့်ကို အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူခဲ့ကာ အချို့ကို ရိုက်နှက်စစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့သည်။
တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ မကြာခဏ တိုက်ပွဲဖြစ်ပွားနေ ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီမြို့နယ်
#စစ်အုပ်ချုပ်ရေး
#စွပ်စွဲဖမ်းဆီး

🤬9👍3👏2
ဘေဂျင်းမှာ နှစ်ပေါင်း ၁၄၀ အတွင်း စံချိန်တင်မိုးရွာသွန်းမှုကြောင့် လမ်းမတွေကမြစ်တွေဖြစ်လာ
=================
https://youtu.be/4A7GWJRLqCY
#International
#MizzimaTV

YouTube
ဘေဂျင်းမှာ နှစ်ပေါင်း ၁၄၀ အတွင်း စံချိန်တင်မိုးရွာသွန်းမှုကြောင့် လမ်းမတွေကမြစ်တွေဖြစ်လာ
ဘေဂျင်းမှာ နှစ်ပေါင်း ၁၄၀ အတွင်း စံချိန်တင်မိုးရွာသွန်းမှုကြောင့် လမ်းမတွေကမြစ်တွေဖြစ်လာ
#international
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👏6😁1
TNLA တပ်သား ၁၆ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့သော်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ပြင်းထန်
====================
ဂျူချန်း
(မဇ္ဈိမ)။ ။ စစ်ကောင်စီမှ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် TNLA တပ်သား ၁၆ ဦးကို လွှတ်ပေးခဲ့သော်လည်း ရှမ်းမြောက်တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း TNLA ထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၂ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် လားရှိုးမြို့တို့တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော် က မဇ္ဈိမ ကို ပြောသည်။
“မနေ့က တိုက်ပွဲနှစ်နေရာဖြစ်တယ်၊ အဓိကက ကျနော်တို့ ရှိတဲ့ဘက်ခြမ်းကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လာလို့ တိုက်ပွဲဖြစ်တာပါ၊ အဲ့ဒီမှာ စစ်တပ်ဘက်က နမ့်ခမ်းမြို့မ ပြည်သူ့စစ်ဘက်ကပါတယ်လို့တော့ သိရတယ်” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။
မူဆယ်မြို့နှင့် နမ့်ခမ်းမြို့ကြားရှိ စယ်လန့်ကျေးရွာအုပ်စု၊ နာထန်နှင့် ဂေါင်ရာကျေးရွာအနီးတွင် ခလရ(၂၆၁) နှင့် မြို့မ(၂)ပြည်သူ့စစ်များပါဝင်သည့် စစ်ကောင်စီကား ၁၀ စီးခန့်သည့် TNLA တပ်ရှိရာသို့ စစ်ကြောင်းထိုးလာသောကြောင့် နံနက် ၁၀နာရီမှ ညနေ ၄နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ (၁၀၅) မိုင် တပ်စခန်းနှင့် နမ့်ဖတ်ကာ တပ်စခန်းမှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ လားရှိုးမြို့နယ်မှ စကခ (၁၆)၊ ခလရ(၆၈) မှစစ်ကောင်စီတပ်သား အင်အား ၅၀ခန့်ဖြင့် လားရှိုးမြို့ရှောင်လမ်းမှတစ်ဆင့် TNLA တပ်များရှိရာ တောင်တလောင်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသဖြင့် နံနက် ၁၀နာရီမှ ညနေ ၃နာရီခွဲခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တဲ့အချိန်ရော တိုက်ပွဲဖြစ်တဲ့ နောက်ပိုင်းရော (၁၀၅) မိုင် တပ်စခန်းနဲ့ နမ့်ဖတ်ကာတပ်စခန်းကရော တိုက်ပွဲဖြစ်တဲ့ဘက်ကို လက်နက်ကြီးပစ်ကူပေးတယ်။ တချို့လည်း ကျေးရွာပတ်ဝန်းကျင်ကျတယ်၊ တချို့ ကျေးရွာထဲကျတယ်။ သူတို့(စစ်ကောင်စီ)ဘက်က ထိခိုက်မှုက ရှိတော့ ရှိတယ် အသေးစိတ်တော့ ကျနော်တို့ မသိရသေးဘူး” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျောက ပြောသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် မူဆယ်မြို့ စယ်လန့်ကျေးရွာအနီးရှိ ဒေသခံများနှင့် လားရှိုးမြို့ မန်ဂန်ကျေးရွာ နှင့် တောင်တလောင်ကျေးရွာမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
တိုက်ပွဲမဖြစ်ပွားမီ တစ်ရက်အလိုဖြစ်သည့် ဩဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီမှ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင် ၂၂ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ရာ ထိုအထဲတွင် TNLA တပ်သား ၁၆ ဦး ပါဝင်ခဲ့သည်။ စစ်ကောင်စီမှ TNLA တပ်ဖွဲ့ဝင်များဟုဆိုကာ စွပ်စွဲဖမ်းဆီးထောင်ချထားသူ ၁၀၀ ကျော်ရှိရာ လက်ရှိအချိန်အထိ ပြန်လွှတ်ပေးလိုက်သူများသည့် မည်သည့်အဆင့်ရှိသည့်သူများ ဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း ဒုဗိုလ်မှူးကြီး တားအိုက်ကျောက ပြောသည်။
စစ်ကောင်စီအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ရှေးရှုကာ ပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁) အရ တိုင်းရင်းသားလက်နက်ကိုင်များကို လွှတ်ပေးသည်ဟု ကြေညာသော်လည်း စစ်ကောင်စီ၏ သဘောထားအမှန်ကို သတိကြီးကြီးနှင့် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဆိုသည်။
“ငြိမ်းချမ်းရေး ရှေးရှုတယ်လို့ သူတို့ ထုတ်ပြန်ထားတာ ရှိတာပေါ့။ ဒါပေမယ့် အရင်ကလည်း NCA မူကြမ်းရေးဆွဲခဲ့တုန်းက ကျနော်တို့အဖွဲ့က ဆွေးနွေးမှုတိုင်းမှာ ပူးပေါင်းပါဝင်ခဲ့တယ်။ တကယ့်တကယ် လက်မှတ်ရေးထိုးမယ့်အချိန်မှာ ကျနော်တို့အဖွဲ့သုံးဖွဲ့ (TNLA, MNDAA, AA) ကို စစ်တပ်က လက်မှတ်ရေးထိုးခွင့်မပြုဘူးဆိုပြီး ပယ်ရှားခဲ့တယ်။ ဒီဟာကတော့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့အဖွဲ့အနေနဲ့ သတိကြီးကြီးထား စောင့်ကြည့်ရမယ့် အနေအထားရှိပါတယ်” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၊ လားရှိုးမြို့နှင့် ကျောက်မဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ကြား ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ တိုက်ပွဲများ ခပ်စိတ်စိတ် ပြန်လည်ဖြစ်ပွားနေခဲ့ပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၏ ညှိနှိုင်းမှုအရ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး အဖွဲ့(NSPNC)နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ မိုင်းလားမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး မည်သည့်သဘော တူညီချက်မျှမရဘဲ သတ်မှတ်ရက်မတိုင်မီ ပြီးဆုံးသွားခဲ့သည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်လာခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည့်သူများမှ သုံးသပ်ထားကြသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#TNLA
#NSPNC
#ဓမ္မစကြာအခါတော်နေ့

👍19😁2❤1👏1
မြန်မာနိုင်ငံအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌပြော
==================
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အမေရိကန်နိုင်ငံကဆောင်ရွက်မှာဖြစ်ပြီး ဒီကာလအတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေအပါအဝင် နိုင်ငံတကာက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အလေးပေးဆောင်ရွက်သွားမယ်လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ် (Linda Thomas-Greenfield) က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
အခု သြဂုတ်လအတွက် လုံခြုံရေးကောင်စီဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်းမှာ ဘာတွေလုပ်သွားမယ်ဆိုတာနဲ့ပတ်သက်လို့ သြဂုတ်လ ၁ သတင်းစာရှင်းလင်းပွဲပြုလုပ်ချိန်မှာ သံအမတ်ကြီးက အခုလိုပြောသွားတာပါ။
ယူကရိန်းကိုပဲ ကြည့်ကြည့်၊ ယီမင်ကိုပဲ ကြည့်ကြည့်၊ ကမ္ဘာတဝန်းမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရကြောင်း၊ ဆူဒန်မှာ လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရမ်း စိုးရိမ်မိကြောင်း သူကပြောပါတယ်။.
အမေရိကန်ပြည်ထောင်စုအနေနဲ့ ရိုဟင်ဂျာတွေရဲ့အခြေအနေကို ကောင်းကောင်း သိရှိပြီး ရိုဟင်ဂျာအရေးဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂနဲ့ လက်တွဲလုပ်ဆောင်နေကြောင်းသံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေး အပါအဝင် မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအရေးကိုလည်း အလေးထား လုပ်သွားမှာဖြစ်သလို သူကိုယ်တိုင်လည်း ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့လည်းရှိတာကြောင့် ဒီခရီးစဉ်ကနေ လုံခြုံရေးကောင်စီကို ရိုဟင်ဂျာအရေး မီးမောင်းထိုး တင်ပြနိုင်ဖို့ မျှော်လင့်တယ်လို့လည်း အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။
လက်ရှိမှာ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့တဲ့အလှူရှင်တွေထဲမှာ အမေရိကန်က ပမာဏအများဆုံးထည့်ဝင်ထားတဲ့အလှူရှင်နိုင်ငံဖြစ်တာကြောင့် အလှူငွေပိုမိုရရှိဖို့ ဦးဆောင်သွားဖို့ရှိသလို ကုလသမဂ္ဂ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့လည်း လက်တွဲလုပ်သွားမယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
ရိုဟင်ဂျာတွေကို လက်ခံပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေနဲ့လည်း လက်တွဲပြီး ရိုဟင်ဂျာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေအပါအဝင် ယူကရိန်း၊ ယီမင်၊ ဆူဒန် အစရှိတဲ့ ကမ္ဘာ့တဝန်းက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ အကြောင်းကို ဩဂုတ်လ ၂၁ ရက်နေ့မှာ ကျင်းပမယ့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာတင်မဟုတ်ဘဲ တခြား ဆွေးနွေးပွဲတွေမှာလည်း ထည့်သွင်း ဆွေးနွေးသွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ်က ပြောသွားပါတယ်။
https://youtu.be/Hm4kYTbEk6A
#Political News

မြန်မာအပါဝင်လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလုပ်ဆောင်သွားမယ်လို့လုံခြုံရေးကောင်စီအလှည့်ကျဥက္ကဋ္ဌပြော
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အမေရိကန်နိုင်ငံကဆောင်ရွက်မှာဖြစ်ပြီး ဒီကာလအတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေအပါအဝင် နိုင်ငံတကာက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အလေးပေးဆောင်ရွက်သွားမယ်လို့ ကုလဆိုင်ရာ အ…
👍11🤣5👏1
သြဂုတ်လ ၃ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===================
-စစ်ကောင်စီခေါင်းဆောင်တည်တဲ့ ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပြီး နောက်၁ရက်မှာ သာ/ယဉ်ဝန်ကြီး အလုပ်ပြုတ်တဲ့သတင်း
-ရုရှားနဲ့ မြန်မာစစ်တပ်ဦးဆောင်ကာ အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် ဆွေးနွေးပွဲလုပ်တဲ့သတင်း
-ထိုင်းရွေးကောက်ပွဲအနိုင်ရပါတီ ညွန့်ပေါင်းအဖွဲ့မှ ဖယ်ထုတ်ခံရတဲ့သတင်း
-တွန်းဇံမြို့ ၂ ရက်တာ တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ ဒေသခံ ကျဆုံးတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/W-7ZNpt4Ox4
#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
-စစ်ကောင်စီခေါင်းဆောင်တည်တဲ့ ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပြီး နောက်၁ရက်မှာ သာ/ယဉ်ဝန်ကြီး အလုပ်ပြုတ်တဲ့သတင်း
-ရုရှားနဲ့ မြန်မာစစ်တပ်ဦးဆောင်ကာ အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် ဆွေးနွေးပွဲလုပ်တဲ့သတင်း
-ထိုင်းရွေးကောက်ပွဲအနိုင်ရပါတီ ညွန့်ပေါင်းအဖွဲ့မှ ဖယ်ထုတ်ခံရတဲ့သတင်း
-တွန်းဇံမြို့ ၂ ရက်တာ တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ ဒေသခံ ကျဆုံးတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/W-7ZNpt4Ox4
#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
သြဂုတ်လ ၃ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:02-စစ်ကောင်စီခေါင်းဆောင်တည်တဲ့ ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပြီး နောက်၁ရက်မှာ သာ/ယဉ်ဝန်ကြီး အလုပ်ပြုတ်တဲ့သတင်း
02:40-ရုရှားနဲ့ မြန်မာစစ်တပ်ဦးဆောင်ကာ အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် ဆွေးနွေးပွဲလုပ်တဲ့သတင်း
05:28-ထိုင်းရွေးကောက်ပွဲအနိုင်ရပါတီ ညွန့်ပေါင်းအဖွဲ့မှ…

😁4👍2
တရုတ်နဲ့ပဋိပက္ခဖြစ်ရင် ဆိုးရွားတဲ့ရလဒ်တွေဖြစ်လာနိုင်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးပြော
================
https://youtu.be/4lThHe4lI9k
#International
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
https://youtu.be/4lThHe4lI9k
#International
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
တရုတ်နဲ့ပဋိပက္ခဖြစ်ရင် ဆိုးရွားတဲ့ရလဒ်တွေဖြစ်လာနိုင်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးပြော
တရုတ်နဲ့ပဋိပက္ခဖြစ်ရင် ဆိုးရွားတဲ့ရလဒ်တွေဖြစ်လာနိုင်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးပြော
#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…
#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…
👍3🔥1
အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်၏နေအိမ်ကို စစ်ကောင်စီအင်အားသုံးချိပ်ပိတ်
===================
ရွှေနွယ်
(မဇ္ဈိမ)။ ။ရွှေတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြခွာညိုဦး၏နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက ယနေ့ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လာရောက်ချိပ်ပိတ်သွားခဲ့သည်။
ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ကြာနီကန်ရပ်ကွက်ရှိ မိသားစုပိုင်နေအိမ်ကို စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင်အများအပြားက သေနတ်များနှင့်ချိန်ပြီးချိပ်ပိတ်သွားခြင်းဟု ဒေါ်မြခွာညိုဦးက မဇ္ဈိမကိုပြောသည်။
" အိမ်မှာက ဘယ်သူမှမနေတော့တာ အာဏာသိမ်းပြီးကတည်းကပါ။ ကျွန်မတို့မိသားစုက ကျန်မိသားစုဝင်တွေကလည်း CDM ဝန်ထမ်းတွေ နောက်ပြီး အဖေကလည်း နိုင်ကျဉ်းဟောင်း။ မောင်တွေကလည်း ၈၈ ကျောင်းသားဟောင်းတွေဆိုတော့ အစဉ်အဆက် နိုင်ငံရေးနဲ့မကင်းဘူး။ အာဏာသိမ်းပြီးနောက် ကျွန်မ ရွှေတောင်အိမ်ခဏပြန်ပစ္စည်းယူတာပဲရှိခဲ့တယ်။ အကုန်အိမ်မှာမနေပါဘူး” ဟု ဒေါ်မြခွာညိုဦးကပြောသည်။
ဒေါ်မြခွာညိုဦးသည် အသက် ၅၆နှစ်အရွယ် တက္ကသိုလ်ကထိကဟောင်းဖြစ်သည်။၂၀၁၅နှင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရွှေတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ကာ နှစ်ကြိမ်ဆက် အနိုင်ရရှိခဲ့သည်။
စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက် မိသားစုလိုက် တိမ်းရှောင်ခဲ့ကြသည်။လက်ရှိတွင် မိသားစုဝင်အားလုံး လွတ်မြောက်နယ်မြေသို့ရောက်ရှိနေသည်ဟု သိရသည်။
ချိပ်ပိတ်သွားသည့်အိမ်သည် ဒေါ်မြခွာညိုဦး ပိုင်ဆိုင်သည့် အိမ်မဟုတ်ဘဲ မိသားစုပိုင်ဖြစ်ကြောင်းသိရသည်။အိမ်တွင် တင်ထားသော NLD ဆိုင်းဘုတ်ကိုမူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းကပင် စစ်တပ်ကလာရောက်ဖြုတ်ချသွားခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
ဒေါ်မြခွာညိုဦးတို့မိသားစုသည် ရွှေတောင်မြို့တွင် နိုင်ငံရေးဂုဏ်သိက္ခာကြီးမားပြီး အများ၏လေးစားမှုကို ရရှိထားသည်ဟု မြို့ခံများကပြောသည်။
" ဆရာမက အာဏာသိမ်းမှုဖြစ်ကတည်းက သူတို့လိုက်ဖမ်းနေတော့ ရှောင်းတိမ်းနေရတယ်ထင်ပါတယ်။ ဒါကိုပဲ သူတို့ဘက်က ခေါင်းစဉ်အမျိုးမျိုးတတ်ပြီး လိုသလိုပုဒ်မက တက်မှာ။ ဆရာမဆို တမြို့လုံးက လေးစားချစ်ခင်ကြတယ်။ နိုင်ငံရေးမှာလဲ ပုံရိပ်ကောင်းတယ်။ စကစက သူတို့နဲ့ မပူးပေါင်းတဲ့ ကိုယ်စားလှယ်တွေဆို ဒီလိုပဲ အကျင့်ယုတ်နေကြပါ" ဟု အဆိုပါ မြို့ခံကပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ် ၁၇၁ ဦး၊ ပါတီဝင် ၃၃၃ ဦးတို့၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ချိပ်ပိတ်သိမ်းဆည်းထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စာတည်း - မောင်ကြီး
ပုံစာ - ချိပ်ပိတ်ခံရသည့်နေအိမ်နှင့် ဒေါ်မြခွာညိုဦး(ပုံဟောင်း)
#mizzima
#ရွှေတောင်မြို့နယ်
#ဒေါ်မြခွာညိုဦး
#နေအိမ်ချိပ်ပိတ်

👍6🤬5🔥4
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌပြော
Watch more detail - https://youtu.be/Hm4kYTbEk6A
#လူ့အခွင့်အရေး#လုံခြုံရေးကောင်စီ #မြန်မာ#VideoNews #shorts #reels

👍3🔥2😁2
စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေဖို့ မဟာမိတ်တွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ အမေရိကန်ပြော
==================
စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေမယ့် နိုင်ငံရေးနဲ့ စီးပွားရေးနည်းလမ်းတွေ အသုံးချနိုင်ဖို့ အမေရိကန်နိုင်ငံက မိတ်ဖက်တွေ၊ မဟာမိတ်တွေနဲ့ ဆက်လက်ပြီး လက်တွဲဆောင်ရွက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်းဖော်ပြထားပါတယ်။
မတရား ထိန်းသိမ်းခံရသူတွေကို လွှတ် ပေးရေး၊ အကြမ်းဖက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးသတ်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရေး၊ အသက်ရှင်ကျန်ရစ်သူတွေအ တွက် တရားမျှတမှုရရှိရေးနဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသော ဒီမိုကရေစီအနာဂတ် ဖော်ဆောင်ဖို့ သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ အမေရိကန်နိုင်ငံက ဆက်လက် တောင်းဆိုမယ်လို့ အဆိုပါထုတ်ပြန်ချက်က ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီမျှော်မှန်းချက်ကို ပမာမ ခန့်ပြုမှုက ပဋိပက္ခကို တာရှည်စေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
လွန်ခဲ့သောနှစ်နှစ်ခွဲကျော်က ဒီမိုကရေစီနည်းကျ အစိုးရတစ်ရပ်ကို ဖြုတ်ချပြီးနောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီဟာ ရာနဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ကာ ထောင်ပေါင်းများစွာသော နေအိမ်များကို မီးရှို့ခဲ့ပြီး ပြည်သူ ၁ ဒသမ ၆ သန်းကို အိုးအိမ်စွန့်ခွာစေခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
မြန်မာနိုင်ငံက အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေ ပိုဖြစ်လာချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အရေး ပေါ်အခြေအနေ ခြောက်လသက်တမ်းတိုးတာနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်တယ်လို့လည်း အမေရိကန်နိုင်ငံက ပြောပါတယ်။
ဖမ်းဆီးထောင်ချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နှစ်အနည်းငယ် လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တာကြောင့်တော့ မြန်မာနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်မှု ပြောင်းလဲလာစရာမရှိပဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးခံရသူအားလုံး ကို အမြန်ဆုံးပြန်လွှတ်ဖို့ တောင်းဆိုတယ်လို့ အမေရိကန်ပြည်ထောင်စုက တုန့်ပြန်ထားပါတယ်။
ဒါကိုတော့ အမေရိကန်နိုင်ငံခြားဝန်ကြီးရေးဌာန ပြောခွင့်ရသူ Matthew Miller က အင်္ဂါနေ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားတာပါ။
စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်ဖို့၊ လူသားချင်းစာနာကူညီမှုတွေ ခွင့်ပြုဖို့၊ နစ်နာခံစားရသူတွေအတွက် တရားမျှတမှုရှာဖွေဖို့၊ ငြိမ်းချမ်းပြီး တရားမျှတတဲ့ အနာဂတ် ဒီမိုကရက်တစ် မြန်မာနိုင်ငံအတွက် အစုအဖွဲ့အားလုံး ထိစပ်ညှိုနှိုင်းဆောင်ရွက်ဖို့ ဆက်ပြီးတိုက်တွန်းသွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကတည်းက မတည်ငြိမ်မှုတွေ၊ လက်နက်ကိုင်ပုန်ကန်မှုတွေ အခုအချိန်အထိ ရှိနေပါတယ်။
စစ်ကောင်စီဟာ နိုင်ငံအတွင်း အကြမ်းဖက်သတ်ဖြတ်တာတွေ ပိုဆိုးလာနေတယ်၊ လုံခြုံရေးဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းအရေးပေါ်ကာလကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နောက်ထပ် ခြောက်လထပ်တိုးခဲ့တာဖြစ်ပါတယ်။
https://youtu.be/pF-teMATwdM

စစ်ကောင်စီကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ခံစေဖို့မဟာမိတ်တွေနဲ့လက်တွဲဆောင်ရွက်မယ်လို့အမေရိကန်ပြော
စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေမယ့် နိုင်ငံရေးနဲ့ စီးပွားရေးနည်းလမ်းတွေ အသုံးချနိုင်ဖို့ အမေရိကန်နိုင်ငံက မိတ်ဖက်တွေ၊ မဟာမိတ်တွေနဲ့ ဆက်လက်ပြီး လက်တွဲဆောင်ရွက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်းဖော်ပြထားပါတယ်။…
👍16👏4❤3😁2
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယနိုင်ငံမြို့တော်အနီးမှာ ဘာသာရေးအဓိကရုဏ်းတွေကြောင့် သေဆုံးသူ ၆ ဦးအထိ မြင့်တက်လာ
#internationalnews #reels #shorts
#internationalnews #reels #shorts
👍5🔥2
ပြစ်ဒဏ်လျှော့ပေါ့ပေးသည့် စစ်ကောင်စီ၏ လုပ်ဆောင်ချက်က “လုံးဝ အဓိပ္ပါယ်မရှိ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ပြော
======================
အကျဉ်းချခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ပြစ်ဒဏ်လျှော့ပေါ့ပေးမှုက “လုံးဝ အဓိပ္ပါယ်မရှိသည့် လုပ်ဆောင်ချက်” သာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက ဩဂုတ် ၂ ရက်တွင် ပြောသည်။
တစ်ဆက်တည်းမှာပင် စစ်ကောင်စီအပေါ် တိုးမြှင့်ဖိအားပေးရေး ယခုထက် ပိုမိုလုပ်ဆောင်ရန် အနောက်အုပ်စုအစိုးရများကို ၎င်းက တိုက်တွန်းသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှု ၁၉ ခုအနက် ငါး ခုကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည့်အတွက် သူမ ချမှတ်ခံထားရသော ထောင်ဒဏ် ၃၃ နှစ်အနက် ပြစ်ဒဏ်ခြောက်နှစ် လျှော့ပေါ့စေခဲ့သည် ဖြစ်သော်လည်း စစ်ကောင်စီ၏ ထိုလုပ်ရပ်သည် ဝါဒဖြန့်ချိသည့် လုပ်ရပ်တစ်ခုနှင့်အတူတူပင် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သည့် ကင်မ် အဲရစ် ခေါ် ကိုထိန်လင်းက ဆိုသည်။
“ဒါက ဘယ်လိုပဲဖြစ်ဖြစ် ဘာမှ သိပ် ထူးထူးခြားခြား ဖြစ်မသွားပါဘူး။ စစ်တပ်ဟာ မကြာခဏဆိုသလို သူတို့ကိုယ်သူတို့ အများအမြင်မှာ ပိုမြင်လို့ကောင်းအောင် လုပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဝါဒဖြန့်တဲ့ ဒီ ကစားကွက်တွေ ကစားခဲ့တယ်ဆိုတာကို တစ်ကမ္ဘာလုံးက သိပါတယ်” ဟု ၎င်းက လန်ဒန်တွင် ရိုက်တာသတင်းဌာနကို ပြောသည်။
“ကျွန်တော့် မိခင်ကို သူတို့က ပြစ်ဒဏ် နှစ်အနည်းငယ် လျှော့ပေါ့ပေးတယ်ဆိုတာက တကယ့်တော့ ဘာမှ အဓိပ္ပါယ်မရှိပါဘူး” ဟု ၎င်းက ပြောသည်။
မြန်မာတွင် ၂၀၂၁ ခုနှစ် အစောပိုင်းက စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီး ထို့နောက် စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သူများအပေါ် ဖြိုခွင်းနှိမ်နင်းခဲ့သည့်အတွက် လူထောင်ချီ အကျဉ်းချခံရ သို့မဟုတ် သတ်ဖြတ်ခံရမှုများနှင့်အတူ နိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေအောက် ကျရောက်ခဲ့ရသည်။

❤16👍13🤣2
This media is not supported in your browser
VIEW IN TELEGRAM
ဘေဂျင်းမှာ နှစ်ပေါင်း ၁၄၀ အတွင်း စံချိန်တင်မိုးရွာသွန်းမှုကြောင့် လမ်းမတွေကမြစ်တွေဖြစ်လာ
#internationalnews #reels #shorts
#internationalnews #reels #shorts
👍3🤯3👏2
သာယာဝတီထောင်တွင် အသက် ၅၀ ကျော်အရွယ် CDM ကျောင်းအုပ်အပါအဝင် နိုင်ကျဉ်းများ တိုက်ပိတ်ခံရ
==================
001
(မဇ္စျိမ)။ ။ ပဲခူးတိုင်း၊ သာယာဝတီထောင်တွင် အသက် ၅၀ ကျော်အရွယ် CDM မူလတန်းကျောင်းအုပ် ဒေါ်ရီရီဆွေအပါအဝင် နိုင်ငံရေးအကျဉ်းသူအမျိုးသမီး ၁၅ ဦးမှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ကစပြီး ယနေ့ ဩဂုတ်လ ၃ ရက်နေ့အထိ နှစ်ပတ်ကျော်ကြာတိုက်ပိတ်ခံထားရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့တွင် ဖဲကြိုးပြားအနက်ရောင် ရင်ဘတ်တွင် တပ်ဆင်သည့် လှုပ်ရှားမှု ဆောင်ရွက်သည်ဟူသောအကြောင်းပြချက်ဖြင့် အဆောင်များမှ အကျဥ်းသူများအား တစ်ဦးချင်း ခေါ်ထုတ်ပြီး တိုက်ပိတ်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကပြောသည်။
တိုက်ပိတ်ခံရသူများမှာ မနှင်းလဲ့နန္ဒာလွင်၊ မရွှန်းအိဖြူ၊ မနီလာစိမ်း၊ မဆုရည်ပိုင်၊ မဝတ်ရည်လွင်၊ မအေးသီတာကျော်၊ မရီရီဆွေ၊ မလွင်လွင်ညွန့် (ခ) အားဂျာ၊ မစန္ဒီညွန့်ဝင်း၊ မအေးသက်စံ၊ မရွှေရည်ညွန့် (ခ) သဲသဲ၊ မယမင်းထက်၊ မထူးထက်ထက်ဝေ၊ မမျိုးသန္တာထွန်းနှင့် မမိုးမြတ်သဇင်တို့ဖြစ်ကြပြီး အသက် ၂၀ ကျော်မှ ၅၀ ကျော်အရွယ်အထိပါဝင်ကြောင်း သိရသည်။
“ရိုက်နှက်ခံထားရတယ်လို့တော့ပြောတယ်။ ဒါပေမဲ့အခုလောလောဆယ်က သူတို့အဲ့ဒီလိုမျိုးပိတ်ထားတဲ့ ကိစ္စနဲ့ အကျဉ်းထောင်မှာရှိနေတဲ့ ထောင်က ရောင်းတဲ့ဈေးဘားတွေကို အမျိုးသမီးတွေက Boycott လုပ်ထားကြတယ်ပြောတယ်။ အမျိုးသားတွေထဲမှာလည်းရိုက်နှက်မှုတွေရှိခဲ့တယ်ပြောတယ်”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
ရိုက်နှက်ခံထားရသူများနှင့် ၎င်းတို့ ကျန်းမာရေးအခြေအနေများကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းဆဲဖြစ်သည်။
လက်ရှိတွင် သာယာဝတီထောင်မှ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများအပြင် နိုင်ငံရေးအကျဉ်းသား အမျိုးသား ၁၆ ဦးခန့်လည်း တိုက်ပိတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ပြောသော်လည်း အသေးစိတ် မသိရသေးပေ။
ထိုသို့ နိုင်ငံရေးအကျဉ်းသူအမျိုးသမီးများ တိုက်ပိတ်ခံရသည့်ဖြစ်စဉ်အပေါ် သာယာဝတီအကျဉ်းထောင်နှင့် နီးစပ်သူနောက်တစ်ဦးကလည်း အတည်ပြုပြီး အမျိုးသားများ တိုက်ပိတ်ခံရမှုအခြေအနေအား စုံစမ်းနေရဆဲဖြစ်ကြောင်း ဆိုသည်။
ပဲခူးတိုင်း သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများကို စစ်ကောင်စီလက်အောက်ခံ ထောင်ဝန်ထမ်းများက ရိုင်းပြစွာဆဲဆိုမှုများ၊ ညှဥ်းပန်းနှိပ်စက်မှုများလည်းရှိကာ ပြစ်ဒဏ်တွင် အလုပ်ကြမ်းမပါသည့် နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းများလည်း ခိုင်းစေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပဲခူးတိုင်း
#သာယာဝတီထောင်
#CDM
#နိုင်ကျဉ်းများ

🤬18👍2👏1😁1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်နဲ့ပဋိပက္ခဖြစ်ရင် ဆိုးရွားတဲ့ရလဒ်တွေဖြစ်လာနိုင်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးပြော
#internationalnews #reels #shorts
#internationalnews #reels #shorts
🔥5👍2
မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လအတွင်း နေအိမ် ၃,၀၀၀ နီးပါး မီးရှို့ခံရ
===================
ရောင်နီ
(မဇ္စျိမ)။ ။ အာဏာသိမ်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေအိမ် ၂,၇၄၁ လုံး ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူ၀င်မှုကြီးကြပ်ရေး၀န်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
ဇူလိုင်လ တစ်လတည်းအတွင်း စစ်ကောင်စီတပ်က တိုင်းဒေသကြီး ငါးခုနှင့် ပြည်နယ် နှစ်ခုမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း NUG မီးသတ်ဦးစီးဌာန၏ သြဂုတ်လ ၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုသို့ မီးရှို့ဖျက်ဆီးမှုတွင် စစ်ကိုင်းတိုင်းသည် အကြိမ်ရေ ၅၅ ကြိမ်ဖြင့် အများဆုံး ဖြစ်ပြီး ဘာသာရေးအဆောက်အအုံ တစ်လုံး၊ စာသင်ကျောင်း တစ်ကျောင်း အပါအ၀င် နေအိမ် ၁,၇၅၀ လုံး မီးရှို့ခံခဲ့ရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ ကိုးဦးကိုလည်း စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်သွားကြောင်း NUG မီးသတ်ဦးစီးဌာနက ဆိုသည်။
ယင်းအပြင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင်လည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၉၉၁ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ဖော်ပြသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်၀ါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇွန်လအထိ မြန်မာနိုင်ငံအနှံ့တွင် နေအိမ်ပေါင်း ၈၁,၈၉၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူ၀ါဒလေ့လာရေးအင်စီကျု (ISP Myanmar) ၏ ပြုစုထားသည့် အချက်အလက်များအရ သိရသည်။
အဆိုပါ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု အားလုံး၏ ၇၂ ရာခိုင်နှုန်းကျော်သည် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့ပြီး ထိုစစ်ကိုင်းတိုင်းအတွင်း နေအိမ် အဆောက်အအုံပေါင်း ၅၉,၂၂၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ISP Myanmar က ဆိုသည်။
လက်ရှိမှာလည်း စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာအများစုတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး သောင်းနှင့်ချီသော ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
https://youtu.be/95OySrqnpTs
#Mizzima
#မီးရှို့ခံရ
#စစ်ကိုင်း

ရောင်နီ (မဇ္စျိမ)။ ။ အာဏာသိမ်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေအိမ် ၂,၇၄၁ လုံး ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူ၀င်မှုကြီးကြပ်ရေး၀န်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ …
😢9👍5🤬3❤1😁1