စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေဖို့ မဟာမိတ်တွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ အမေရိကန်ပြော
==================
စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေမယ့် နိုင်ငံရေးနဲ့ စီးပွားရေးနည်းလမ်းတွေ အသုံးချနိုင်ဖို့ အမေရိကန်နိုင်ငံက မိတ်ဖက်တွေ၊ မဟာမိတ်တွေနဲ့ ဆက်လက်ပြီး လက်တွဲဆောင်ရွက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်းဖော်ပြထားပါတယ်။
မတရား ထိန်းသိမ်းခံရသူတွေကို လွှတ် ပေးရေး၊ အကြမ်းဖက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးသတ်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရေး၊ အသက်ရှင်ကျန်ရစ်သူတွေအ တွက် တရားမျှတမှုရရှိရေးနဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသော ဒီမိုကရေစီအနာဂတ် ဖော်ဆောင်ဖို့ သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ အမေရိကန်နိုင်ငံက ဆက်လက် တောင်းဆိုမယ်လို့ အဆိုပါထုတ်ပြန်ချက်က ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီမျှော်မှန်းချက်ကို ပမာမ ခန့်ပြုမှုက ပဋိပက္ခကို တာရှည်စေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
လွန်ခဲ့သောနှစ်နှစ်ခွဲကျော်က ဒီမိုကရေစီနည်းကျ အစိုးရတစ်ရပ်ကို ဖြုတ်ချပြီးနောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီဟာ ရာနဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ကာ ထောင်ပေါင်းများစွာသော နေအိမ်များကို မီးရှို့ခဲ့ပြီး ပြည်သူ ၁ ဒသမ ၆ သန်းကို အိုးအိမ်စွန့်ခွာစေခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
မြန်မာနိုင်ငံက အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေ ပိုဖြစ်လာချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အရေး ပေါ်အခြေအနေ ခြောက်လသက်တမ်းတိုးတာနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်တယ်လို့လည်း အမေရိကန်နိုင်ငံက ပြောပါတယ်။
ဖမ်းဆီးထောင်ချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နှစ်အနည်းငယ် လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တာကြောင့်တော့ မြန်မာနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်မှု ပြောင်းလဲလာစရာမရှိပဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးခံရသူအားလုံး ကို အမြန်ဆုံးပြန်လွှတ်ဖို့ တောင်းဆိုတယ်လို့ အမေရိကန်ပြည်ထောင်စုက တုန့်ပြန်ထားပါတယ်။
ဒါကိုတော့ အမေရိကန်နိုင်ငံခြားဝန်ကြီးရေးဌာန ပြောခွင့်ရသူ Matthew Miller က အင်္ဂါနေ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားတာပါ။
စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်ဖို့၊ လူသားချင်းစာနာကူညီမှုတွေ ခွင့်ပြုဖို့၊ နစ်နာခံစားရသူတွေအတွက် တရားမျှတမှုရှာဖွေဖို့၊ ငြိမ်းချမ်းပြီး တရားမျှတတဲ့ အနာဂတ် ဒီမိုကရက်တစ် မြန်မာနိုင်ငံအတွက် အစုအဖွဲ့အားလုံး ထိစပ်ညှိုနှိုင်းဆောင်ရွက်ဖို့ ဆက်ပြီးတိုက်တွန်းသွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကတည်းက မတည်ငြိမ်မှုတွေ၊ လက်နက်ကိုင်ပုန်ကန်မှုတွေ အခုအချိန်အထိ ရှိနေပါတယ်။
စစ်ကောင်စီဟာ နိုင်ငံအတွင်း အကြမ်းဖက်သတ်ဖြတ်တာတွေ ပိုဆိုးလာနေတယ်၊ လုံခြုံရေးဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းအရေးပေါ်ကာလကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နောက်ထပ် ခြောက်လထပ်တိုးခဲ့တာဖြစ်ပါတယ်။
https://youtu.be/pF-teMATwdM
#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
စစ်ကောင်စီကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ခံစေဖို့မဟာမိတ်တွေနဲ့လက်တွဲဆောင်ရွက်မယ်လို့အမေရိကန်ပြော
စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေမယ့် နိုင်ငံရေးနဲ့ စီးပွားရေးနည်းလမ်းတွေ အသုံးချနိုင်ဖို့ အမေရိကန်နိုင်ငံက မိတ်ဖက်တွေ၊ မဟာမိတ်တွေနဲ့ ဆက်လက်ပြီး လက်တွဲဆောင်ရွက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်းဖော်ပြထားပါတယ်။…
👍16👏4❤3😁2
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယနိုင်ငံမြို့တော်အနီးမှာ ဘာသာရေးအဓိကရုဏ်းတွေကြောင့် သေဆုံးသူ ၆ ဦးအထိ မြင့်တက်လာ
#internationalnews #reels #shorts
#internationalnews #reels #shorts
👍5🔥2
ပြစ်ဒဏ်လျှော့ပေါ့ပေးသည့် စစ်ကောင်စီ၏ လုပ်ဆောင်ချက်က “လုံးဝ အဓိပ္ပါယ်မရှိ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ပြော
======================
အကျဉ်းချခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ပြစ်ဒဏ်လျှော့ပေါ့ပေးမှုက “လုံးဝ အဓိပ္ပါယ်မရှိသည့် လုပ်ဆောင်ချက်” သာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက ဩဂုတ် ၂ ရက်တွင် ပြောသည်။
တစ်ဆက်တည်းမှာပင် စစ်ကောင်စီအပေါ် တိုးမြှင့်ဖိအားပေးရေး ယခုထက် ပိုမိုလုပ်ဆောင်ရန် အနောက်အုပ်စုအစိုးရများကို ၎င်းက တိုက်တွန်းသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှု ၁၉ ခုအနက် ငါး ခုကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည့်အတွက် သူမ ချမှတ်ခံထားရသော ထောင်ဒဏ် ၃၃ နှစ်အနက် ပြစ်ဒဏ်ခြောက်နှစ် လျှော့ပေါ့စေခဲ့သည် ဖြစ်သော်လည်း စစ်ကောင်စီ၏ ထိုလုပ်ရပ်သည် ဝါဒဖြန့်ချိသည့် လုပ်ရပ်တစ်ခုနှင့်အတူတူပင် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သည့် ကင်မ် အဲရစ် ခေါ် ကိုထိန်လင်းက ဆိုသည်။
“ဒါက ဘယ်လိုပဲဖြစ်ဖြစ် ဘာမှ သိပ် ထူးထူးခြားခြား ဖြစ်မသွားပါဘူး။ စစ်တပ်ဟာ မကြာခဏဆိုသလို သူတို့ကိုယ်သူတို့ အများအမြင်မှာ ပိုမြင်လို့ကောင်းအောင် လုပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဝါဒဖြန့်တဲ့ ဒီ ကစားကွက်တွေ ကစားခဲ့တယ်ဆိုတာကို တစ်ကမ္ဘာလုံးက သိပါတယ်” ဟု ၎င်းက လန်ဒန်တွင် ရိုက်တာသတင်းဌာနကို ပြောသည်။
“ကျွန်တော့် မိခင်ကို သူတို့က ပြစ်ဒဏ် နှစ်အနည်းငယ် လျှော့ပေါ့ပေးတယ်ဆိုတာက တကယ့်တော့ ဘာမှ အဓိပ္ပါယ်မရှိပါဘူး” ဟု ၎င်းက ပြောသည်။
မြန်မာတွင် ၂၀၂၁ ခုနှစ် အစောပိုင်းက စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီး ထို့နောက် စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သူများအပေါ် ဖြိုခွင်းနှိမ်နင်းခဲ့သည့်အတွက် လူထောင်ချီ အကျဉ်းချခံရ သို့မဟုတ် သတ်ဖြတ်ခံရမှုများနှင့်အတူ နိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေအောက် ကျရောက်ခဲ့ရသည်။

❤16👍13🤣2
This media is not supported in your browser
VIEW IN TELEGRAM
ဘေဂျင်းမှာ နှစ်ပေါင်း ၁၄၀ အတွင်း စံချိန်တင်မိုးရွာသွန်းမှုကြောင့် လမ်းမတွေကမြစ်တွေဖြစ်လာ
#internationalnews #reels #shorts
#internationalnews #reels #shorts
👍3🤯3👏2
သာယာဝတီထောင်တွင် အသက် ၅၀ ကျော်အရွယ် CDM ကျောင်းအုပ်အပါအဝင် နိုင်ကျဉ်းများ တိုက်ပိတ်ခံရ
==================
001
(မဇ္စျိမ)။ ။ ပဲခူးတိုင်း၊ သာယာဝတီထောင်တွင် အသက် ၅၀ ကျော်အရွယ် CDM မူလတန်းကျောင်းအုပ် ဒေါ်ရီရီဆွေအပါအဝင် နိုင်ငံရေးအကျဉ်းသူအမျိုးသမီး ၁၅ ဦးမှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ကစပြီး ယနေ့ ဩဂုတ်လ ၃ ရက်နေ့အထိ နှစ်ပတ်ကျော်ကြာတိုက်ပိတ်ခံထားရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့တွင် ဖဲကြိုးပြားအနက်ရောင် ရင်ဘတ်တွင် တပ်ဆင်သည့် လှုပ်ရှားမှု ဆောင်ရွက်သည်ဟူသောအကြောင်းပြချက်ဖြင့် အဆောင်များမှ အကျဥ်းသူများအား တစ်ဦးချင်း ခေါ်ထုတ်ပြီး တိုက်ပိတ်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကပြောသည်။
တိုက်ပိတ်ခံရသူများမှာ မနှင်းလဲ့နန္ဒာလွင်၊ မရွှန်းအိဖြူ၊ မနီလာစိမ်း၊ မဆုရည်ပိုင်၊ မဝတ်ရည်လွင်၊ မအေးသီတာကျော်၊ မရီရီဆွေ၊ မလွင်လွင်ညွန့် (ခ) အားဂျာ၊ မစန္ဒီညွန့်ဝင်း၊ မအေးသက်စံ၊ မရွှေရည်ညွန့် (ခ) သဲသဲ၊ မယမင်းထက်၊ မထူးထက်ထက်ဝေ၊ မမျိုးသန္တာထွန်းနှင့် မမိုးမြတ်သဇင်တို့ဖြစ်ကြပြီး အသက် ၂၀ ကျော်မှ ၅၀ ကျော်အရွယ်အထိပါဝင်ကြောင်း သိရသည်။
“ရိုက်နှက်ခံထားရတယ်လို့တော့ပြောတယ်။ ဒါပေမဲ့အခုလောလောဆယ်က သူတို့အဲ့ဒီလိုမျိုးပိတ်ထားတဲ့ ကိစ္စနဲ့ အကျဉ်းထောင်မှာရှိနေတဲ့ ထောင်က ရောင်းတဲ့ဈေးဘားတွေကို အမျိုးသမီးတွေက Boycott လုပ်ထားကြတယ်ပြောတယ်။ အမျိုးသားတွေထဲမှာလည်းရိုက်နှက်မှုတွေရှိခဲ့တယ်ပြောတယ်”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
ရိုက်နှက်ခံထားရသူများနှင့် ၎င်းတို့ ကျန်းမာရေးအခြေအနေများကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းဆဲဖြစ်သည်။
လက်ရှိတွင် သာယာဝတီထောင်မှ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများအပြင် နိုင်ငံရေးအကျဉ်းသား အမျိုးသား ၁၆ ဦးခန့်လည်း တိုက်ပိတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ပြောသော်လည်း အသေးစိတ် မသိရသေးပေ။
ထိုသို့ နိုင်ငံရေးအကျဉ်းသူအမျိုးသမီးများ တိုက်ပိတ်ခံရသည့်ဖြစ်စဉ်အပေါ် သာယာဝတီအကျဉ်းထောင်နှင့် နီးစပ်သူနောက်တစ်ဦးကလည်း အတည်ပြုပြီး အမျိုးသားများ တိုက်ပိတ်ခံရမှုအခြေအနေအား စုံစမ်းနေရဆဲဖြစ်ကြောင်း ဆိုသည်။
ပဲခူးတိုင်း သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများကို စစ်ကောင်စီလက်အောက်ခံ ထောင်ဝန်ထမ်းများက ရိုင်းပြစွာဆဲဆိုမှုများ၊ ညှဥ်းပန်းနှိပ်စက်မှုများလည်းရှိကာ ပြစ်ဒဏ်တွင် အလုပ်ကြမ်းမပါသည့် နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းများလည်း ခိုင်းစေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပဲခူးတိုင်း
#သာယာဝတီထောင်
#CDM
#နိုင်ကျဉ်းများ

🤬18👍2👏1😁1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်နဲ့ပဋိပက္ခဖြစ်ရင် ဆိုးရွားတဲ့ရလဒ်တွေဖြစ်လာနိုင်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးပြော
#internationalnews #reels #shorts
#internationalnews #reels #shorts
🔥5👍2
မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လအတွင်း နေအိမ် ၃,၀၀၀ နီးပါး မီးရှို့ခံရ
===================
ရောင်နီ
(မဇ္စျိမ)။ ။ အာဏာသိမ်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေအိမ် ၂,၇၄၁ လုံး ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူ၀င်မှုကြီးကြပ်ရေး၀န်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
ဇူလိုင်လ တစ်လတည်းအတွင်း စစ်ကောင်စီတပ်က တိုင်းဒေသကြီး ငါးခုနှင့် ပြည်နယ် နှစ်ခုမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း NUG မီးသတ်ဦးစီးဌာန၏ သြဂုတ်လ ၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုသို့ မီးရှို့ဖျက်ဆီးမှုတွင် စစ်ကိုင်းတိုင်းသည် အကြိမ်ရေ ၅၅ ကြိမ်ဖြင့် အများဆုံး ဖြစ်ပြီး ဘာသာရေးအဆောက်အအုံ တစ်လုံး၊ စာသင်ကျောင်း တစ်ကျောင်း အပါအ၀င် နေအိမ် ၁,၇၅၀ လုံး မီးရှို့ခံခဲ့ရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ ကိုးဦးကိုလည်း စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်သွားကြောင်း NUG မီးသတ်ဦးစီးဌာနက ဆိုသည်။
ယင်းအပြင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင်လည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၉၉၁ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ဖော်ပြသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်၀ါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇွန်လအထိ မြန်မာနိုင်ငံအနှံ့တွင် နေအိမ်ပေါင်း ၈၁,၈၉၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူ၀ါဒလေ့လာရေးအင်စီကျု (ISP Myanmar) ၏ ပြုစုထားသည့် အချက်အလက်များအရ သိရသည်။
အဆိုပါ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု အားလုံး၏ ၇၂ ရာခိုင်နှုန်းကျော်သည် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့ပြီး ထိုစစ်ကိုင်းတိုင်းအတွင်း နေအိမ် အဆောက်အအုံပေါင်း ၅၉,၂၂၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ISP Myanmar က ဆိုသည်။
လက်ရှိမှာလည်း စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာအများစုတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး သောင်းနှင့်ချီသော ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
https://youtu.be/95OySrqnpTs
#Mizzima
#မီးရှို့ခံရ
#စစ်ကိုင်း

ရောင်နီ (မဇ္စျိမ)။ ။ အာဏာသိမ်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေအိမ် ၂,၇၄၁ လုံး ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူ၀င်မှုကြီးကြပ်ရေး၀န်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ …
😢9👍5🤬3❤1😁1
မူးယစ်ဆေး ကုန်ကူးမှုအတွက် ယခုနှစ်အတွင်း ၅ ဦးမြောက် အကျဉ်းသားကို စင်္ကာပူ ကွပ်မျက်
=================
စင်္ကာပူတွင် ဘိန်းဖြူ တရားမဝင် ကုန်ကူးမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသည့် အသက် ၃၉ နှစ်ရှိ အမျိုးသားတစ်ဦးကို သေဒဏ်စီရင် ကွပ်မျက်လိုက်ကြောင်း အာဏာပိုင်တို့က ဩဂုတ် ၃ ရက်တွင် ပြောသည်။ ယင်းသည် နိုင်ငံတွင် ယခုနှစ်အတွင်း ပဉ္စမမြောက် ကြိုးပေးကွပ်မျက်မှု ဖြစ်သလို သီတင်းတစ်ပတ်ကျော်အတွင်းမှာပင် တတိယမြောက်အဖြစ် အကျဉ်းသားတစ်ဦးကို ကွပ်မျက်ခြင်းလည်း ဖြစ်သည်။
မိုဟာမက် ရှာလေ အက်ဒူ လတ်တစ်ဖ် သည် ၂၀၁၉ ခုနှစ်က တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ရည်ရွယ်ချက်ဖြင့် ဘိန်းဖြူ ၅၅ ဂရမ် လက်ဝယ်ပိုင်ဆိုင်မှုအတွက် သေဒဏ်ချမှတ်ခံခဲ့ရသည်။
၎င်းအား သေဒဏ်စီရင်မှုကို ကြာသပတေးနေ့တွင် လုပ်ဆောင်ခဲ့ကြောင်း ဗဟိုမူးယစ်ဆေးဝါးဗျူရို (CNB) က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။
တရားရုံး စာရွက်စာတမ်းများအရ မိုဟာမက် ရှာလေသည် ၂၀၁၆ ခုနှစ်က ၎င်းအဖမ်းမခံရခင်က ပစ္စည်းပို့ကားမောင်းသမားတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့သည်ဟု သိရသည်။ တရားရုံး စစ်ဆေးမှုအတွင်း သူသည် ပိုက်ဆံအကြွေးဆပ်စရာရှိသည့် သူငယ်ချင်းတစ်ဦးထံ တရားမဝင် တင်သွင်းထားသည့် စီးကရက်များ ပို့ဆောင်ပေးခဲ့ရသည်ဟု ထင်မြင်ယူဆခဲ့ကြောင်း ပြောခဲ့သည်ဟု သိရသည်။
စင်္ကာပူတွင် COVID-19 ကပ်ရောဂါကာလအတွင်း သေဒဏ်စီရင်မှုများ မပြုလုပ်ဘဲ နှစ်နှစ်ကြာ ရပ်နားထားပြီးနောက် ၂၀၂၂ မတ်လတွင် အစိုးရက သေဒဏ်စီရင်မှုများ ပြန်လည်စတင်လုပ်ဆောင်ပြီးနောက်တွင် မိုဟာမက် ရှာလေသည် သေဒဏ်စီရင်ခြင်းခံရသည့် ၁၆ ဦးမြောက် အကျဉ်းသား ဖြစ်လာခဲ့သည်။
၎င်းအား သေဒဏ်စီရင်မှု မတိုင်မီ ပြီးခဲ့သည့် ရက်ပိုင်းကလည်း စင်္ကာပူအာဏာပိုင်တို့သည် လူ့အခွင့်အရေးအဖွဲ့များ၏ ပြစ်တင်ဝေဖန်မှုများရှိနေသည့်ကြားမှ နှစ် ၂၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးကို မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုအတွက် သေဒဏ်စီရင်ခဲ့သေးသည်။
အသက် ၄၅ နှစ်ရှိ ဆာရီဒီဝီ ဘင်တဲလ် ဂျမာနီသည် ဘိန်းဖြူ ၃၀ ဂရမ် ခန့် ကုန်ကူးမှုအတွက် ပြီးခဲ့သည့် သောကြာနေ့က ကွပ်မျက်ခြင်းခံခဲ့ရသည်။
ထိုမတိုင်မီ အစောပိုင်းနှစ်ရက်ကလည်း အသက် ၅၇ နှစ်ရှိ မိုဟ် အဇစ် ဘင် ဟူစိန် အမည်ရှိ စင်္ကာပူနိုင်ငံသားတစ်ဦးလည်း ဘိန်းဖြူ ၅၀ ဂရမ် ရောင်းဝယ်ဖောက်ကားမှုအတွက် သေဒဏ်စီရင်ခံခဲ့ရသည်။
ထိုကဲ့သို့ ကွပ်မျက်ခြင်းများအပေါ် ကုလသမဂ္ဂက ပြီးခဲ့သည့်အပတ်က ပြင်းပြင်းထန်ထန် ရှုတ်ချပြီး သေဒဏ်ပြစ်ဒဏ်ပေးမှုကို တရားဝင် ဆိုင်းငံ့ထားရေး စင်္ကာပူအာဏာပိုင်တို့ကို တောင်းဆိုခဲ့သည်။

👍8🔥3😁1🤯1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေဖို့ မဟာမိတ်တွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ အမေရိကန်ပြော
Watch more detail - https://youtu.be/pF-teMATwdM
#ရာဇဝတ်မှု#စစ်ကောင်စီ #အမေရိကန်#VideoNews #shorts #reels

👍14😁2❤1🤯1
စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်ပွားရာ ကုန်သွယ်ရေးဇုန်အကြား ယာဉ်အသွားအလာများ ရပ်တန့် | Business Round Up (3.8.2023)
====================
- စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်ပွားရာ ကုန်သွယ်ရေးဇုန်အကြား ယာဉ်အသွားအလာများ ရပ်တန့်
- မုန်တိုင်းငယ်အရှိန်ကြောင့် မိုးဆက်တိုက်ရွာသွန်းကာ ရေကြီးမှုများဖြစ်ပေါ်
- ပြည်တွင်း အခေါက်ရွှေဈေးနှုန်း ၃၆ သိန်းကျပ်ဝန်းကျင်အထိဖြစ်လာ
- ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အရန်များထုတ်ရောင်းပေမယ့် ဆန်ဈေး အမြင့်ဆုံးသို့ ရောက်ရှိနေ
- ကမ္ဘောဒီးယား ဗဟိုဘဏ်က ဒေါ်လာ အသုံးပြုမှု လျှော့ချရေး ဦးစားပေး ဆက်လက်လုပ်ဆောင်မည်ဟုဆို
https://youtu.be/ed3ISH4gCx8
#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
- စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်ပွားရာ ကုန်သွယ်ရေးဇုန်အကြား ယာဉ်အသွားအလာများ ရပ်တန့်
- မုန်တိုင်းငယ်အရှိန်ကြောင့် မိုးဆက်တိုက်ရွာသွန်းကာ ရေကြီးမှုများဖြစ်ပေါ်
- ပြည်တွင်း အခေါက်ရွှေဈေးနှုန်း ၃၆ သိန်းကျပ်ဝန်းကျင်အထိဖြစ်လာ
- ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အရန်များထုတ်ရောင်းပေမယ့် ဆန်ဈေး အမြင့်ဆုံးသို့ ရောက်ရှိနေ
- ကမ္ဘောဒီးယား ဗဟိုဘဏ်က ဒေါ်လာ အသုံးပြုမှု လျှော့ချရေး ဦးစားပေး ဆက်လက်လုပ်ဆောင်မည်ဟုဆို
https://youtu.be/ed3ISH4gCx8
#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
စကစနှင့်TNLAတိုက်ပွဲဖြစ်ပွားရာကုန်သွယ်ရေးဇုန်အကြားယာဉ်အသွားအလာများ ရပ်တန့်|BusinessRoundUp(3.8.2023)
- စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်ပွားရာ ကုန်သွယ်ရေးဇုန်အကြား ယာဉ်အသွားအလာများ ရပ်တန့်
- မုန်တိုင်းငယ်အရှိန်ကြောင့် မိုးဆက်တိုက်ရွာသွန်းကာ ရေကြီးမှုများဖြစ်ပေါ်
- ပြည်တွင်း အခေါက်ရွှေဈေးနှုန်း ၃၆ သိန်းကျပ်ဝန်းကျင်အထိဖြစ်လာ
- ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက်…

👍3😢3🔥2
Media is too big
VIEW IN TELEGRAM
ရုရှားနှင့်မြန်မာစစ်တပ်ဦးဆောင်ကာ အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် ဆွေးနွေးပွဲလုပ်
Watch more detail - https://youtu.be/bWyFSTlAo5I
#ရုရှား#မြန်မာစစ်တပ်#စစ်ရေးလေ့ကျင့်မှု#VideoNews #shorts #reels

🤮6💩3👎2❤1👏1
သြဂုတ်လ ၃ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================
01:04-TNLA တပ်သား ၁၆ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ပေမယ့်လည်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဆက်လက်ပြင်းထန်တဲ့သတင်း
03:07-အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ်ကို စစ်ကောင်စီအင်အားသုံးချိပ်ပိတ်တဲ့သတင်း
04:39-စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေဖို့ မဟာမိတ်တွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ အမေရိကန်ပြောတဲ့သတင်း
07:30-တနင်္သာရီမြို့နယ်မှာ PDF အဖွဲ့တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲကာ ဒေသခံ ၂ ဦးကို စစ်ကောင်စီဖမ်းဆီးတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/1E4pyOMpHik
#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

04:39-စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေဖို့…

👍7😁1🍌1
Media is too big
VIEW IN TELEGRAM
အရှက်တကွဲအဆုံးသတ်ခဲ့ရတဲ့ ကမ္ဘာ့ဖလားအပြီး ပြိုင်ဘက်တွေကြားအဆင့်ကွာလွန်းကြောင်း တရုတ်နည်းပြပြော
#internationalnews #reels #shorts
#internationalnews #reels #shorts
👍5🤯2
ရုရှားနှင့်မြန်မာစစ်တပ်ဦးဆောင်ကာ အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် ဆွေးနွေးပွဲလုပ်
==================
အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ရုရှားတို့ဦးဆောင်ကာ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံ များရဲ့ ကာကွယ်ရေးဝန်ကြီးများဆွေးနွေးပွဲ ADMM-Plus ရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာဆွေးနွေးပွဲကို နေပြည်တော်မှာ ဩဂုတ်လ ၂ရက်နေ့က စတင်ကာ ကျင်းပပြုလုပ်နေတယ်လို့ သိရပါတယ်။
လာမယ့် စက်တင်ဘာလအတွင်း ရုရှားမှာပြုလုပ်မယ့် မြေပြင်စစ်ရေးလေ့ကျင့်ခန်း မတိုင်မီ နေ ပြည်တော်မှာ သက်ဆိုင်ရာနိုင်ငံများမှ စစ်ရေးဆိုင်ရာကျွမ်းကျင်သူများ အကြိုတွေ့ဆုံဆွေးနွေးခြင်း ဖြစ်ကာ မြန်မာနဲ့ရုရှားဟာ ADMM-Plus ရဲ့ ပူးတွဲသဘာပတိအဖြစ် ၂၀၂၁ ခုနှစ်ကတည်းက တာဝန်ယူထားတာလည်းဖြစ်ပါတယ်။
အာဆီယံအသင်းဝင် နိုင်ငံတွေရဲ့ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေမှာ စစ်ကောင်စီကို ဖယ်ကြဉ်ထားဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ APHR က ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်တွန်းထားပါတယ်။
အခု သြဂုတ်လနဲ့ လာမယ့် စက်တင်ဘာလတွေမှာ မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ ကျင်းပဖို့ စီစဉ်နေချိန်မှာပဲ ဒီစစ်ရေးလေ့ကျင့်မှုတွေမှာ အာဏာသိမ်း မြန်မာစစ်ကောင်စီကို ပါဝင်ခွင့် မပြုဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (APHR) က တိုက်တွန်းလိုက်တာပါ။
မြန်မာစစ်တပ်နဲ့ရုရှားဦးဆောင်သော အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ဆွေးနွေးပွဲတွေမှာ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းပါဝင်နေပေမယ့်လည်း ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီး ယားနဲ့ အမေရိကန်တို့က ပြီးခဲ့တဲ့နှစ်ကတည်းက ဆန့်ကျင်သပိတ်မှောက်ထားတာဖြစ်ပါတယ်။
မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမယ့် လိုက်နာဖို့ ပျက်ကွက်နေတဲ့ စစ်ကောင်စီကို ဒေသတွင်း ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေမှာ လက်ခံတာဟာ အဓိပ္ပါယ် မရှိဘူးလို့ဆိုပြီး မြန်မာကို ဖယ်ကြဉ်ဖို့ APHR အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ အင်ဒိုနီးရှား အောက်လွှတ်တော် အမတ်လည်းဖြစ်တဲ့ Mercy Barends ကလည်း ထောက်ပြထားတာပါ။
အာဏာသိမ်းစစ်ကောင်စီဟာ ဒီမိုကရေစီရွေးကောက်ခံ NUG၊ CRPH၊ PDF နဲ့ အခြားဒီမိုကရေစီအဖွဲ့အ စည်းတွေကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ပြီး တန်ပြန်အကြမ်းဖက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဒီစစ်ရေး လေ့ကျင့်မှုတွေမှာ ပါဝင်တာလို့ ဆိုပါတယ်။
တိုက်ပွဲဝင်အတွေ့အကြုံသာမက နိုင်ငံရေးအရဆန့်ကျင်သူများကို အကြမ်း ဖက်နှိမ်နင်းရာမှာ ဒေသတွင်းနိုင်ငံများရဲ့ ထောက်ခံမှုရရှိရေး မြန်မာစစ်တပ်က ADMM-Plus ပူးတွဲ ဥက္ကဋ္ဌလုပ်ပိုင်ခွင့်ဖြင့် အသုံးချနေခြင်းဖြစ်တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ထောက်ပြထားပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်အထိ ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝှမ်း ပြည်တွင်း နေရပ် စွန့်ခွာသူဦးရေ ၁.၉ သန်းကျော် ရှိလာခဲ့ပြီး လူဦးရေ ၁.၆ သန်းဟာ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နေရပ် စွန်ခွာထွက်ပြေးတိမ်းရှောင်နေရသူများဖြစ်ကြောင်း သိရပါတယ်။
https://youtu.be/bWyFSTlAo5I
#politicalnews

လာမယ့်…
လာမယ့်…
👍9🤮7❤2👏1😁1
ကနီမြို့ ရဲစခန်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ၊ စခန်းမှူးနှင့် နယ်ထိန်းသေဆုံး
======================
လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့ပေါ် ၊ ရဲစခန်းဝန်း အတွင်း စခန်းမှူး မွေးနေ့ပွဲ ပြုလုပ်နေစဉ် ဒေသကာကွယ်ရေး တပ်ဖွဲ့များက Shar Htoo Waw Dron နည်းပညာဖြင့် ပြုလုပ်ထားသည့် မောင်းသူမဲ့ ဒရုန်းလေယာဉ်ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါသည်။
ဩဂုတ်လ ၃ ရက် နံနက်ပိုင်း ၈ နာရီက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းမှူး ထွန်းမြင့် နှင့် နယ်ထိန်း ဆန်းဌေး ဆိုသူ နှစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း KLG PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ AT က မဇ္ဈိမကို ပြောသည်။
“ 1Kg ဗုံးသီး တစ်လုံးစီ တပ်ထားတဲ့ ဒရုန်း နှစ်စီး နဲ့ နှစ်ကြိမ်တိုင် အသုံးပြုတိုက်ခဲ့တာ ဖြစ်ပါတယ်။ စခန်းမှူး ထွန်းမြင့် နှင့် နယ်ထိန်းရဲ ဆန်းဌေးကတော့ နေရာတင် သေဆုံးသွားတယ်။ မြို့နယ်မှူး ၊ ဒုရဲမှူးသား နှင့် ရဲမေ တစ်ဦးကတော့ အပြင်းအထန်ဒဏ်ရာရပြီး ကနီဆေးရုံမှာ တင်ထားရတယ်။ အတွင်းသတင်းပေးအရ ထိခိုက်သူတွေ နဲ့ သေဆုံးသွားတဲ့ သူတွေပါ ဆေးရုံမှာပဲ ရှိသေးတယ်” ဟု ၎င်း ကဆိုသည်။
တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ်-( ၂၁ )၊ (၂၂) နှင့် (၂၃ ) (KLG) တပ်ရင်းများ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေး ရဲဘော်များဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) အနေဖြင့် Shar Htoo Waw နည်းပညာသုံး မောင်းသူမဲ့ ဒရုန်းလေယာဉ်များ ဆက်လက် ထုတ်လုပ်နိုင်ရေး အတွက်ငွေကြေး အခတ်အခဲ များစွာ ရှိနေကြောင်း KLG PDF တာဝန်ရှိသူများက ဆိုသည်။
ထိုမောင်းသူမဲ့ ဒရုန်းလေယာဉ်များဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လကလည်း ရေလည်ကျွန်း နှင့် ဘန့်ဘွေး ပျူစခန်းများကို နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မောင်းသူမဲ့ ဒရုန်းလေယာဥ်
#စခန်းမှူးသေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့ပေါ် ၊ ရဲစခန်းဝန်း အတွင်း စခန်းမှူး မွေးနေ့ပွဲ ပြုလုပ်နေစဉ် ဒေသကာကွယ်ရေး တပ်ဖွဲ့များက Shar Htoo Waw Dron နည်းပညာဖြင့် ပြုလုပ်ထားသည့် မောင်းသူမဲ့ ဒရုန်းလေယာဉ်ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါသည်။
ဩဂုတ်လ ၃ ရက် နံနက်ပိုင်း ၈ နာရီက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းမှူး ထွန်းမြင့် နှင့် နယ်ထိန်း ဆန်းဌေး ဆိုသူ နှစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း KLG PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ AT က မဇ္ဈိမကို ပြောသည်။
“ 1Kg ဗုံးသီး တစ်လုံးစီ တပ်ထားတဲ့ ဒရုန်း နှစ်စီး နဲ့ နှစ်ကြိမ်တိုင် အသုံးပြုတိုက်ခဲ့တာ ဖြစ်ပါတယ်။ စခန်းမှူး ထွန်းမြင့် နှင့် နယ်ထိန်းရဲ ဆန်းဌေးကတော့ နေရာတင် သေဆုံးသွားတယ်။ မြို့နယ်မှူး ၊ ဒုရဲမှူးသား နှင့် ရဲမေ တစ်ဦးကတော့ အပြင်းအထန်ဒဏ်ရာရပြီး ကနီဆေးရုံမှာ တင်ထားရတယ်။ အတွင်းသတင်းပေးအရ ထိခိုက်သူတွေ နဲ့ သေဆုံးသွားတဲ့ သူတွေပါ ဆေးရုံမှာပဲ ရှိသေးတယ်” ဟု ၎င်း ကဆိုသည်။
တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ်-( ၂၁ )၊ (၂၂) နှင့် (၂၃ ) (KLG) တပ်ရင်းများ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေး ရဲဘော်များဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) အနေဖြင့် Shar Htoo Waw နည်းပညာသုံး မောင်းသူမဲ့ ဒရုန်းလေယာဉ်များ ဆက်လက် ထုတ်လုပ်နိုင်ရေး အတွက်ငွေကြေး အခတ်အခဲ များစွာ ရှိနေကြောင်း KLG PDF တာဝန်ရှိသူများက ဆိုသည်။
ထိုမောင်းသူမဲ့ ဒရုန်းလေယာဉ်များဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လကလည်း ရေလည်ကျွန်း နှင့် ဘန့်ဘွေး ပျူစခန်းများကို နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မောင်းသူမဲ့ ဒရုန်းလေယာဥ်
#စခန်းမှူးသေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏12👍6😁1🥱1
Media is too big
VIEW IN TELEGRAM
ဂျီ-၂၀ ရဲ့ရာသီဥတုဆိုင်ရာညှိနှိုင်းမှုကို အဟန့်အတားဖြစ်စေခဲ့တာမဟုတ်ကြောင်း တရုတ်ကငြင်းဆို
#internationalnews #reels #shorts
#internationalnews #reels #shorts
😁3🤔3👍1
ဂျမူး-ကက်ရှ်မီးယား ဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေ ပုဒ်မ ၃၇၀ ဖျက်သိမ်း ပြီးနောက် တိုးတက်ပြောင်းလဲ လာကြောင်း အိန္ဒိယအစိုးရ ပြောကြား
====================
ဂျမူး နှင့် ကက်ရှ်မီးယား ဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေ ပုဒ်မ ၃၇၀ ကို တရားဝင် ဖျက်သိမ်းလိုက်ပြီးနောက် ကဏ္ဍအသီးသီး တွင် ထူးထူးခြားခြား အသွင်ကူးပြောင်းမှုများ ပြုလုပ်ခဲ့ပြီး အခွင့်အလမ်းသစ်များနှင့် တိုးတက်မှုများဖြစ်စေခဲ့သည်။
ဒေသတွင်းရှိ ပညာရေးအဖွဲ့အစည်းများသည် အနှောင့်အယှက်မရှိ လည်ပတ်နေသလို လွယ်ကူ ချောမွေ့သော အင်တာနက် ဝန်ဆောင်မှုများရရှိနိုင်မှုက ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ရန် အထောက်အကူတစ်ခု ဖြစ်လာသည်။
နယ်စပ်ခရီးသွားလာမှု တိုးတက် လာသဖြင့် နိုင်ငံအနှံ့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု များပြားလာကာ ဒေသ အသီးသီးတွင် ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှု မြင့်တက်လာခဲ့သည်။ အဆိုပါ ပြောင်းလဲမှုများ၏ ဘက်စုံအကျိုးသက်ရောက်မှုများကို လေ့လာကြည့်လျှင် ပုဒ်မ ၃၇၀ ဖျက်သိမ်းပြီးနောက်တွင် ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းရှင်များသည် ၎င်းတို့၏ အတွေ့အကြုံများနှင့် သိရှိနိုင်မှုများကို မျှဝေကြ သောကြောင့် ဖြစ်သည်။
ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ အဆင်ပြေ ချောမွေ့စွာ လည်ပတ်နေမှုသည် ပုဒ်မ ၃၇၀ အလွန် အသွင်ကူးပြောင်းခြင်း၏ အထင်ရှားဆုံး အပြုသဘောဆောင်သည့် ရလဒ်များထဲမှ တစ်ခုဖြစ်သည်။ အကူးအပြောင်းကာလတွင် စိန်ခေါ်မှုများရှိနေသော်လည်း ကျောင်းများနှင့် ကောလိပ်များသည် ကျောင်းသားများအား တည်ငြိမ်ပြီး အနှောက်အယှက်ကင်းသော သင်ကြားရေးပတ်ဝန်းကျင်ကို ပံ့ပိုးပေးလျက်ရှိပါသည်။

👍4🔥2
Media is too big
VIEW IN TELEGRAM
ဆီနီဂေါမှာ ဘတ်စ်ကားတစ်စီးကို ဓါတ်ဆီဗုံးနဲ့တိုက်ခိုက်မှုအတွင်း လူ ၂ ဦးသေဆုံး
#internationalnews #reels #shorts
#internationalnews #reels #shorts
👍6🤯2🔥1