Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြစ်ရေစိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး မိုးဆက်လက်ရွာသွန်း ရေကြီးရေလျှံမှုများဖြစ်ပေါ်
😢9🔥2👍1
မြစ်ရေစိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး မိုးဆက်လက်ရွာသွန်း ရေကြီးရေလျှံမှုများဖြစ်ပေါ်
=======================

YT
(မဇ္ဈိမ)။ ။ဘီးလင်းမြစ်နှင့် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် မြင့်တက်လာမှု၊ မိုးဆက်လက်ရွာသွန်းနေမှုတို့ကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်များနှင့် မွန်ပြည်နယ်၊ ဘီးလင်းမြိို့နယ်နှင့် သထုံမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအသင်းများထံက သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန​၏ ယနေ့ ဩဂုတ်လ ၃ ရက်နေ့၊ နေ့လယ် ၂ နာရီ ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့နယ်တွင် စိုးရိမ်ရေမှတ်ထက် တစ်ပေခန့် ကျော်လွန်နေပြီး ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ပေဝက်ခန့် မြင့်တက်နေကြောင်း သိရသည်။

သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် မြင့်တက်မှု၊ မိုးရွာသွန်းမှုတို့ကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ် (၂) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၁) ရပ်ကွက် မီးစက်အနောက်ဘက်နှင့် တောင်နန်း၊ ဆယ်အိမ်စု၊ ကိုင်တောဘက်တွင် နေအိမ်များအတွင်းအထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း၊ စိုးရိမ်ရသော အနေအထားမရှိသေးကြောင်း သိရသည်။

" နောက်ဆုံးတိုင်းထားတဲ့ အခြေအနေအရ ၇၈၄ စင်တီမီတာအထိ တက်နေပြီဗျ။ အထက် မိုးကောင်းရင်တော့ ကမ်းနားလမ်းတစ်လျှောက်လုံးပါ မြုပ်ဖို့ အလားအလာရှိပါတယ်၊ အခုတော့ စိုးရိမ်ရတဲ့အခြေအနေမျိုးတော့ မရှိသေးပါဘူး၊ ရေက တရိပ်ရိပ်တက်လာတဲ့သဘောပါပဲ။ မနက်ဖြန်မှ ခေါင်ရေတက်မှာဖြစ်တဲ့အတွက် မနက်ဖြန်ကို အဓိကထား စောင့်ကြည့်ရမှာဖြစ်ပါတယ်" ဟု ဘားအံမြို့နယ်တွင်းရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

သို့သော်လည်း လာမည့် ဩဂုတ်လ ၄ ရက်နေ့တွင် ခေါင်ရေတက်မည်ဖြစ်သဖြင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများအနေဖြင့် အဆိုပါ အနိမ့်ပိုင်းဒေသများရှိ ဒေသခံများအား လိုအပ်သော ကူညီကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန် အသင့်အနေအထား ပြင်ဆင်ထားရကြောင်း သိရသည်။

ထို့အတူ ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် မြင့်တက်နေမှု၊ မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်း၍ တောင်ကျရေစီးဆင်းမှုတို့ကြောင့် ပြီးခဲ့သည့်ဩဂုတ်လ ၁ ရက်နေ့မှစ၍ ယနေ့ ဩဂုတ်လ ၃ ရက်နေ့အထိ ဘီးလင်းမြစ်ကမ်းနားဘေးရှိ ရွှေလှေကျေးရွာ၊ နှင်းပုလဲကျေးရွာ၊ သစ်တိုကျွန်းကျေးရွာ၊ အနိုင်းပွန်ကျေးရွာ၊ ဒေါက်ရပ်ကျေးရွာ၊ အလူးလေးကျေးရွာ၊ အလူးကြီးကျေးရွာ၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာနှင့် အစူးချောင်းကျေးရွာတို့တွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။

တို့အတူ ဘီးလင်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဖိုးလှကြီးရပ်ကွက်၊ ဖိုးရာဇာရပ်ကွက်၊ ကန်သာယာရပ်ကွက် (၆)၊ ရပ်ကွက် (၇)၊ ရပ်ကွက် (၈)တို့တွင်လည်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။

" မနက်ကတော့ စိုးရိမ်ရေမှတ်အထက် နည်းနည်းလျော့လာပေမယ့် ဒီညနေစောင်းမှာတော့ မိုးရွာတော့ နည်းနည်း ရေအမှတ် ပြန်တိုးလာတယ်။ ရေဘေးသင့်ပြည်သူတွေကိုတော့ ဒေသအလိုက် ဒီမှာရှိတဲ့အဖွဲ့တွေကတော့ နီးစပ်ရာတွေကို ကူညီကြတာပေါ့။ ရွှေ့ပြောင်းရတာတွေ ကူညီပေးတယ်။ နီးစပ်ရာ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့ကို ရွှေ့ကြတာ များပါတယ်။ အစားအသောက်တို့ ရေတို့ကိုက တက်ကြွတဲ့ လူငယ်တွေက လိုက်စုပေးပြီးတော့ လိုက်လှူပေးတာ ရှိပါတယ်" ဟု ဘီးလင်းမြို့နယ် လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ဘီးလင်းမြို့နယ်နှင့် သခုံမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်နေသည့် ပြည်သူများအား နီးစပ်ရာ အမြင့်ပိုင်းရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့တွင် ပြောင်းရွှေ့ထားကြပြီး အဆိုပါ ပြည်သူများအတွက် အစားအသောက်၊ ရေတို့အား လူမှုကူညီရေးအသင်းများ၊ ဒေသအတွင်း ပရဟိတလူငယ်များမှ စုစည်းလှူဒါန်းပေးနေကြကြောင်း သိရသည်။

ဘားအံမြို့နယ်၌ သံလွင်မြစ်ရေသည် ဩဂုတ်လ ၄ ရက်နေ့တွင် လက်ရှိ ရေမှတ်အနေအထားထက် ပေဝက်ခန့် ထပ်မံ မြင့်တက်နိုင်ခြေရှိသဖြင့် ဘားအံမြို့နယ် မြေအနိမ့်ပိုင်းနှင့် မြစ်ကမ်းနားတွင် နေထိုင်ကြသူများ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန​က ယနေ့ ဩဂုတ်လ ၃ ရက်နေ့၊ နေ့လယ် ၂ နာရီ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဘားအံမြို့နယ်
#သံလွင်မြစ်ရေ
#မိုးလေဝသ
#ရေဘေးသင့်

ဓါတ်ပုံ- ယနေ့ ဩဂုတ်လ ၃ ရက်နေ့၊ ဘားအံမြို့နယ်၌ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်လာမှုမြင်ကွင်း ( ဓါတ်ပုံ- မိုးမြင့်ထက်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍6🔥2😢1🕊1
​​Masquerade
===========

ဂျိုဆွန်းတိုင်းပြည်ရဲ့၁၅ဆက်မြောက်ဘုရင် ဂွမ်ဟယ်ဟာ သူ့ကို ပုန်ကန်သူရှိတယ်ဆိုတဲ့ သတင်းကြောင့် ကြောက်လန့်ပြီးတော့ သူ့နေရာမှာ တစ်ယောက်ယောက်ကို အစားထိုး နေထိုင်စေဖို့အတွက် အမှုထမ်းတွေကို တိတ်တဆိတ် အမိန့်ပေးခဲ့ပါတယ်

တစ်နေ့မှာ အပျိုမယ်ဂေဟာမှာ မျက်ဖုံးတပ်ပြီး ညစ်ညမ်းပုံပြင်တွေ ပြောတဲ့သူကို တွေ့သွားပြီးတော့ မင်းကြီးအတုအဖြစ် ဟန်ဆောင်ခိုင်းပါတော့တယ် ..
တစ်နေ့ မင်းကြီးတစ်ယောက် အဆိပ်မိရာကနေ မင်းကြီးအတုက အစစ်အယောင်ဆောင်ရာမှာ ဘာတွေဆက်ဖြစ်မှာလဲ...

ဘယ်လိုအလွဲလွဲချော်ချော်တွေဖြစ်မှာလဲ... နောက်ဆုံးမှာ သူအတုဆိုတာ သိသွားကြမှာလားဆိုတာ ဆက်လက် ကြည့်ရှုပေးကြပါဦး

ပြသမည့်ရက်။ ။ 3.8.2023
#New
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + HD တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
👍3❤2😁2
ဘူးသီးတောင်က ရိုဟင်ဂျာကျေးရွာတွေမှာ မိုခါကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်မပြုပြင်နိုင်သေး (ရုပ်/သံ)
=================

မဇ္ဈိမ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာကျေးရွာတွေမှာ မိုခါကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေ အများစုကို ပြန်မပြုနိုင်ကြသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်ထဲက မောင်နှမ ရိုဟင်ဂျာကျေးရွာအုပ်စုမှာ အိမ်ခြေ ၅၀ လောက် လုံးဝပျက်စီးသွားပြီး အိမ်အမိုးတွေ လွှင့်စင်ထွက်သွားတာက အိမ်ခြေ ၃၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

https://youtu.be/HgctFUikMxw

#postmocha
#Mizzima
#ဘူးသီးတောင်
#ရိုဟင်ဂျာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥3😁2🕊1
ဖက်ဒရယ် နိုင်ငံရေးစနစ်၊ အစိုးရဘဏ္ဍာနဲ့ fiscal federalism| Beyond Panglong Oath Ep-14
======================

မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။ နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်၀င်းတို့က ဆွေးနွေးတင်ဆက်သွားမှာဖြစ်လို့ Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/NQuMc65VtIw

#ပင်လုံသစ္စာ
#ဖက်ဒရယ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍7😁2
​​သာယာဝတီထောင်တွင် နိုင်ကျဥ်းများ တိုက်ပိတ် ညှဥ်းပန်းနှိပ်စက်ခံနေရ၊ အမျိုးသား ၁ ဦး ဦးခေါင်းသွေးခဲ၍သတိမရ
===================

ရွှေနွယ်
မဇ္ဈိမ။ ။ ပဲခူးတိုင်း သာယာဝတီထောင်တွင် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဖဲကြိုးအနက်ရောင်တပ်ဆင်သော လှုပ်ရှားမှုပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသူ ၃၁ ဦးအား ဇူလိုင်လ ၁၉ ရက်နေ့မှ စတင်ကာ တိုက်ပိတ်ထားသည်ဟု သာယာဝတီအကျဉ်းထောင်သတင်းရင်းမြစ်မှမဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် အာဇာနည်နေ့တွင် သာယာဝတီထောင်မှ နိုင်ငံရေးအကျဉ်းသားများသည် ရင်ဘတ်တွင် ဖဲကြိုးအနက်ရောင်တပ်ဆင်သည့်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီးနောက် အဆိုပါနေ့မှစတင်ကာ ယနေ့ ဩဂုတ်လ ၃ ရက်နေ့အထိ လှုပ်ရှားမှုတွင်ပါဝင်သူများအား တိုက်ပိတ်ကာ ရိုက်နှက်နေခြင်းဖြစ်ကြောင်း သာယာဝတီထောင်သတင်းရင်းမြစ်မှ ပြောသည်။

တိုက်ပိတ်ခံထားရသည်မှာ အကျဉ်းသား ၁၆ ဦးနှင့် အကျဉ်းသူ ၁၅ ဦး စုစုပေါင်း ၃၁ ဦးဖြစ်သည်ဟု သတင်းရရှိထားပြီး ရိုက်နှက်နှိပ်စက်ခံထားရသည့်အတွက် အကျဉ်းသား ငါးဦးမှာ သတိမေ့မျောကာ ထောင်တွင်းဆေးရုံသို့ ပို့ဆောင်ထားရကြောင်းသိရသည်။

"ထောင်တွင်းဓမ္မာရုံမှာရိုက်တယ်။ အဲ့နေ့ပဲ သန်းတိုးအောင်ကဆေးရုံတင်လိုက်ရတယ်။ သတိမရဘူး။ ပြန်လည်း သတိလည်းရလာရော ပုံစံ (၄)(၅) ထုတ်မောင်းတယ်။ ပြီးတော့ တိုက်ထဲကိုခေါ်သွင်းတယ်။ ပြီးတော့အရေးပေါ်အရေးပေါ်ဆိုပြီး ခေါ်သွားတယ်။ တိုက်ထဲကဆရာဝန်က ခေါင်းသွေးခဲ့သွားတာလို့ပြောတယ်။ ဆေးရုံမှဒီတိုင်းပစ်ထားတယ်။ ဆေးကုသခွင့်မရဘူး။ သတိရတစ်ချက်မရတစ်ချက်ပဲ။ သန်းတိုးအောင်ကတော့ နေ့တွင်းချင်းပေါ့။ နောက် လေးယောက်ကတော့ နောက်ရက်မှာ ဆေးရုံထပ်တက်ရတယ်” ဟု သာယာဝတီထောင်သတင်းရင်းမြစ်မှ ပြောသည်။

ထိုသို့ထောင်ဆေးရုံသို့ပို့ဆောင်ခံရသည့် ငါးဦးမှာလည်း နောက်တစ်ရက်တွင် သက်သာသည့်အချိန်၌ ပုံစံထပ်၍ အမောင်းခံရကြောင်း သိရသည်။

၎င်းတို့အား သစ်သားတုတ်များဖြင့် ရိုက်နှက်နေခြင်းဖြစ်ကြောင်းသိရှိရပြီး ကိုသန်းတိုးအောင်မှာ လက်ရှိအချိန်အထိ သတိကောင်းစွာပြန်မလည်လာသေးကြောင်း သိရသည်။

ကိုသန်းတိုးအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့မှ စည်းရုံးရေးမှူးဖြစ်ကြောင်း NLD ပါတီအသိုင်းအဝိုင်းထံမှသိရသည်။
ဖဲကြိုးနက်လှုပ်ရှားမှုကြောင့် တိုက်ပိတ်ခံရသူများမှာ ကိုသန်းတိုးအောင်၊ ကိုရန်နိုင်စိုး၊ ဦးလှစိုး၊ စုတ်ဖွားကြီး(အမည်အရင်းမသိရှိရသေးပါ)၊ ကိုဇွဲ(ခေါ်) ကိုခင်မောင်ကျော်၊ CDM ဗိုလ်ကြီးတစ်ဦး၊ လက်ပံတန်းမြို့မှနိုင်ကျဉ်းအမျိုးသားတစ်ဦး၊ မနှင်းလဲ့နန္ဒာလွင်၊ မရွှန်းအိဖြူ၊ မနီလာစိမ်း၊ မဆုရည်ပိုင်၊ မဝတ်ရည်လွင်၊ မအေးသီတာကျော်၊ မရီရီဆွေ၊ မလွင်လွင်ညွန့် (ခ) အားဂျာ၊ မစန္ဒီညွန့်ဝင်း၊ မအေးသက်စံ၊ မရွှေရည်ညွန့် (ခ) သဲသဲ၊ မယမင်းထက်၊ မထူးထက်ထက်ဝေ၊ မမျိုးသန္တာထွန်း၊ မမိုးမြတ်သဇင်နှင့် ကျန်အမည်မသိရှိရသေးသူ ကိုးဦးတို့ဖြစ်ကြောင်းသိရသည်။

သာယာဝတီအကျဉ်းထောင်အတွင်းတွင် ယခုလိုညှဥ်းပန်းနှိပ်စက်မှုများသာမက အခြားသော လူအခွင့်အရေးချိုးဖောက်မှုများနှင့် ညှဥ်းပန်းနှိပ်စက်မှုများစွာကို အကျဉ်းသားများမှာ နေ့စဉ်ရင်ဆိုင်နေရကြောင်းကိုလည်း ထောင်မှ လွတ်ငြိမ်းဖြင့်လွတ်လာခဲ့သူများနှင့်အတူ အကျဉ်းထောင်သတင်းရင်းမြစ်များ၏ပြောဆိုချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သာယာဝတီအကျဉ်းထောင်
#ညှဥ်းပန်းနှိပ်စက်မှု
#နိုင်ကျဥ်းများ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢11👍4🔥3👏2😁1
​​စစ်​ကောင်စီ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးတချို့ ​နေ​ရာ​ပြောင်း​ရွှေ့ခံရ
===================

001
မဇ္စျိမ။ ။ စစ်ကောင်စီအဖွဲ့ကို ယမန်နေ့ကစပြီးအပြောင်းအလဲ ပြုလုပ်နေရာ လစ်လပ်သွားသည့် ဝန်ကြီးနေရာအချို့တွင် အစားထိုးခန့်အပ်မှုများနှင့် ပြည်ထောင်စုဝန်ကြီးနေရာ အပြောင်းအရွှေ့ထပ်မံပြုလုပ်မှုများကို စစ်ကောင်စီက ယနေ့ ဩဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ ဝန်ကြီးနေရာ အပြောင်းအလဲ ပြုလုပ်ခံရသည်ကို တွေ့ရသည်။

ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ်ကြီး မြထွန်းဦးမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်လာပြီး ယခင်က ပို့၊ဆက် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှာ ကာကွယ်ရေးဝန်ကြီးဖြစ်လာသည်။

ထို့အတူပင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်မှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်လာပြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)သို့ ပြောင်းရွှေ့ခံရသည်။
ယမန်နေ့က လစ်လပ်သွားသည့် လျှပ်စစ်စွမ်းအား ဝန်ကြီးနေရာတွင် ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးနေရာတွင် ဦးကိုကိုလွင်၊ အလုပ်သမားဝန်ကြီးနေရာတွင် ဦးမြင့်နောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးနေရာတွင် ဦးတင်ဦးလွင်တို့ကို အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။

ထို့ပြင် အနားပေးခံလိုက်ရသည့် ပြည်​ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနေရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေးကိုခန့်အပ်ပြီး ဦးသာဌေး၏ နေရာတွင် ဦးအောင်ဇော်သိန်းကို အစားထိုးခန့်အပ်လိုက်သည်ကို တွေ့ရသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစစ်အေးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဖြစ်လာပြီး စာရင်းစစ်ချုပ်အဖြစ် ​ဒေါက်တာခင်နိုင်ဦး၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦး​​ပေါ်လွင်စိန်၊၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌအဖြစ် ဦးသန်းထွန်းဦး နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌအဖြစ် ဟိုတယ်၊ ခရီးဝန်ကြီး ဦး​​အောင်​သော်တို့ ခန့်အပ်ခံရသည်။
ထို့
ပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်အား လစ်လပ်သွားသည့် ဟိုတယ်နှင့် ခရီးဝန်ကြီးဖြစ်လာပြီး ဒေါ်သက်သက်ခိုင်၏ နေရာတွင် ဒေါက်တာစိုးဝင်းကို ခန့်အပ်လိုက်သည်ကို တွေ့ရသည်။

စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်နေ့တွင် အရေးပေါ်ကာလ ခြောက်လသက်တမ်းထပ်တိုးခဲ့ကာ ဩဂုတ်လ ၂ ရက်နေ့မှစကာ စစ်ကောင်စီအဖွဲ့ကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ယနေ့ ဩဂုတ်လ ၃ ရက်နေ့တွင် စစ်ကောင်စီဗိုလ်ချုပ်ကြီးတချို့ကို အပြောင်းအလဲပြုလုပ်ခြင်း၊ လစ်လပ်သွားသည့်နေရာများတွင် အစားထိုးခန့်အပ်ခြင်း၊ စစ်ကောင်စီရုံးနှင့် ဝန်ကြီးဌာနနှစ်ခုတွင် ဒုဝန်ကြီးအသစ်များခန့်အပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ပုဒ်မ ၄၁၉ တွင် နိုင်ငံတော် အာဏာလွှဲအပ်ခြင်းခံရသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဥပဒေပြုရေး အာဏာ ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးဆောင်ရွက်ခွင့် ရှိသည်။

တပ်မတော် ဦးစီးချုပ်သည် ဥပဒေပြုရေးအာဏာကို မိမိကိုယ်တိုင်ဖြစ် စေ၊ မိမိကိုယ်တိုင်ပါဝင်သည့် အဖွဲ့အစည်း တစ်ရပ်ဖွဲ့စည်း၍ ဖြစ်စေ ကျင့်သုံးဆောင်ရွက်နိုင်သည်။​ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို သင့်လျော်သည့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ဖွဲ့စည်း၍ ဖြစ်စေ၊ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ လွှဲအပ်ကျင့်သုံးဆောင်ရွက်စေနိုင်သည်ဟု ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီ
#ပြည်ထောင်စုအစိုးရအဖွဲ့
#ပြင်ဆင်ဖွဲ့စည်း

စာအညွှန်း- ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁25👍11💩7❤1👏1
တည်သီးရဲ့အကျိုးကျေးဇူးများ
================

-တည်သီးက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-တည်သီးမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-တည်သီးမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/yxobEslRhUM

#Nature
#NatureArticle
#VideoNews
#MizzmaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🥰1🤮1🌭1
သြဂုတ်လ (၄)ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
===================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့
အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာ နေအိမ် ၂,၇၄၁ လုံး ပျက်စီးခဲ့တဲ့သတင်းနဲ့အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အမေရိကန်နိုင်ငံက ဆောင်ရွက်မှာဖြစ်ပြီး ဒီကာလအတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေ အပါအဝင် နိုင်ငံတကာက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အလေးပေးဆောင်ရွက်သွားမယ်လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီးကပြောဆိုလိုက်တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို လူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအကြောင်းပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/7V0HRSR6vFQ

#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2👎1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( သြဂုတ်လ ၄ ရက်၊ ၂၀၂၃ ) | VOA On Mizzima
=====================

အပူဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်မှု ကုလသတိပေးနေတဲ့အကြောင်းနဲ့ လူမှုကွန်ယက်ပေါ်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုများ၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၄ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/dq3lx9ArdxI

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1😁1
Media is too big
VIEW IN TELEGRAM
Nature Article |တည်သီးက သင့်ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲ?

Watch more detail - https://youtu.be/yxobEslRhUM

#naturearticle #စကားဝိုင်း #naturearticleshorts #reels
👍6🌭1🍌1
အပူဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်မှု ကုလသတိပေး | VOA On Mizzima
=====================

ဇူလိုင်နဲ့ သြဂုတ်လတို့ဟာ အပူလှိုင်းဒဏ် အဆိုးဆုံး လတွေ ဖြစ်နေတဲ့တချိန်တည်းမှာပဲ လူထု ကျန်းမာရေး အပေါ် ပြင်းပြင်းထန်ထန် သက်ရောက်နိုင်ကြောင်း ကုလသမဂ္ဂက ကမ္ဘာ့တလွှားနိုင်ငံတွေကို သတိပေးနေပါတယ်။ ကမ္ဘာ့မြောက်ပိုင်းမှာ အပူလှိုင်း ဆက်တိုက် ကြီးထွားလာမှုဟာဆိုရင် ၁၉၈၀ ပြည့်လွန်နှစ်များ နောက်ပိုင်း ၆ ဆ တိုးလာတာ ဖြစ်ကြောင်းလည်း ကုလသမဂ္ဂ ဌာနက ပြောပါတယ်။ AP သတင်းဆောင်းပါးကို မသိင်္ဂီထိုက် တင်ဆက်ထားပါတယ်။

https://youtu.be/72MwdZa1T4Q

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12🔥2
အချိန်မရွေး စစ်ငွေ့စစ်ရိပ် သန်းလာနိုင်တဲ့ ပြည်နယ်နှစ်ခု (ဆောင်းပါး)
===================

နွေဦးတော်လှန်ရေးကာလမှာ စစ်ကောင်စီအနေနဲ့ KIA ကလွဲပြီး ကျန်မြောက်ပိုင်းအဖွဲ့တွေနဲ့ အပစ်ရပ်ထားနိုင်ခဲ့ တာက အတော်လေး ကံကောင်းမှုဖြစ်နေပါတယ်။ မြောက်ပိုင်းအဖွဲ့တွေသာ KIA ၊ KNU တို့နည်းတူ နွေဦးတော် လှန်ရေးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာခဲ့မယ်ဆိုရင် စစ်ကောင်စီအတွက် မတွေးဝံ့စရာအခြေအနေတစ်ရပ်ကို ရောက်သွားနိုင်ပါတယ်။ လက်ရှိအခြေအနေမှာတောင် စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဟန်မ ပျက်မနည်းရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒါကြောင့်လည်း စစ်ကောင်စီဟာ တရုတ်အကူအညီယူပြီး မြောက်ပိုင်း အဖွဲ့တွေကို ကြိုးရှည်ရှည်နဲ့ လှန်ထားနိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

https://youtu.be/OJOjNqN14ss

#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19🔥2👏1😁1
လူမှုကွန်ယက်ပေါ်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုများ | VOA On Mizzima
=========================

အမေရိကန်စစ်သားတဦး တောင်ကိုရီးယားနိုင်ငံထဲကနေ မြောက်ကိုရီးယားနိုင်ငံစည်းထဲ ဝင်ပြေးသွားခဲ့တဲ့ ကိစ္စ အမေရိကန်တာဝန်ရှိသူတွေ ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လက်ဖဝါးဖြန့်လိုက်တာနဲ့ လက္ခဏာကို စက်နဲ့ဖတ်ပြီး ငွေချေနိုင်မယ့်စနစ် အမေဇုံ အွန်လိုင်းအရောင်းကုမ္ပဏီက မိတ်ဆက်လိုက်ပါတယ်။ ဒီလို လူမှုကွန်ယက်ပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။

https://youtu.be/eN8sWhuzcZI

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁4👍3💩2🤔1
သြဂုတ်လ ၄ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
==================

https://youtu.be/MO0q9UUjd-8

——————————-
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥3
အကျပ်အတည်းကိုတာရှည်စေမယ့်စီရင်ချက်အဖြစ် ထိုင်းဝန်ကြီးချုပ်နေရာမဲခွဲဆုံးဖြတ်မှုကို ပါလီမန်ရွှေ့ဆိုင်း
================

https://youtu.be/UJJClq1FvBQ

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥3
ကာလုံအစည်းအဝေးတက်တဲ့ ဦးဟင်နရီဗန်ထီးယူကို အရေးယူမယ်လို့ NLD ပြော
===================

မိုးသောက်

စစ်ကောင်စီရဲ့ ၂၀၂၃ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ကာလုံအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီက ပြောလိုက်ပါတယ်။

ဗိုလ်မှူးဟောင်း ဦးဟင်နရီဗန်ထီးယူဟာ စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီကို ကိုယ်စားပြုပြီး ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရခဲ့သူပါ။ 

ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းတာ မခံရတဲ့ ရှားပါးတဲ့ အရပ်သား ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။

https://youtu.be/-lkooGD-W-A

#ဟင်နရီဗန်ထီးယူ
#ကာလုံ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🤣3😁2💩2
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ရွေးကောက်ပွဲဝေဖန်သူတွေကို ပြစ်တင်ပြောဆို
================

https://youtu.be/ql2Cdp0yWu0

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5🔥2👏2