Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ရေးပဋိပက္ခတွေကြောင့် နှစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်တိုးလာ
=====================

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ နှစ်ပတ် အတွင်းမှာပဲ နိုင်ငံရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းအရှေ့ခြမ်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူဦးရေ နှစ်သောင်း နှစ်ထောင်ကျော်ထိ တိုးလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UN OCHA) က ဩဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် နိုင်ငံ့အရှေ့မြောက်နဲ့ အနောက်မြောက်ပိုင်းတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တာကြောင့် လူသားချင်းစာနာမှု အကူအညီဆိုင်ရာလိုအပ်ချက်တွေ များပြားနေဆဲလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက နမ်ဆန်ယန်ကျေးရွာအနီးမှာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်(KIA) တို့ကြားက တိုက်ပွဲတွေပြင်းထန်နေတယ်လို့ UNOCHA ရဲ့အစီရင်ခံစာမှာ အဓိကဖော်ပြထားသလို ဇူလိုင်လ ၂၆ ရက်နေ့အထိဆိုရင် ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်ထဲက ကျေးရွာတွေက ဒေသခံ ၇၀၀ ဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းမြို့နယ်မှာတော့ စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုတွေကြောင့် ရွာပေါင်း ၂၀ လောက်က ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဩဂုတ်လ ၂ ရက်မှာ ဒေသခံတွေက ပြောထားပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ဖလံအိုရွာမှာလည်း ဩဂုတ်လ ၂ ရက်၊ မနက်ပိုင်း ကစပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ အင်အား ခုနစ်ဆယ်ခန့် စီးနင်းဝင်ရောက် မီးရှို့ခဲ့တာကြောင့် တစ်ရွာလုံး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ပခုက္ကူမြို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းတဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ ဒီနေ့အထိ ကယားပြည်နယ်မှာ တိုက်ပွဲတွေကြား နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် နှစ်သိန်းသုံးသောင်းကျော် ရှိတယ်လို့လည်း ဆိုပါတယ်။
ကယားပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ဒေသခံကိုးထောင်ကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေရတယ်လို့ အကူအညီပေးနေသူတွေကပြောပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့TNLA ကြားတိုက်ပွဲတွေဖြစ်ပွားနေကာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာဆိုရင် ရင်ဆိုင်ဖြစ်ပွားတဲ့တိုက်ပွဲတွေထက် လက်နက်ကြီးနဲ့ အထိုင်စခန်းတွေကနေ ပစ်ခတ်နေတာကြောင့် အရပ်သားထိခိုက်မှုတွေ များလာနေသလို အိုးအိမ်စွန့်ခွာထွက်ပြေးသူ နှစ်ထောင်ခန့်အထိရှိတယ်လို့သိရပါတယ်။

ယခု ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်း ဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီ ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့လည်းဆိုပါတယ်။

https://youtu.be/gippN7r7d0E

#PoliticalNews
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😢4🔥1😁1
Media is too big
VIEW IN TELEGRAM
“ကျောက်ကြီး ရွှေကျင် မုန်းဒေသ စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့” ဆိုတဲ့ ဖေ့စ်ဘုတ်ပေ့ချ်ဟာ အလှူငွေလိမ်လည်ကောက်ခံနေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် -https://www.mizzimaburmese.com/article/131468?fbclid=IwAR0Qdnhxx6smt0BO_0FzfcLK-2NpPOp8Arbwcie9Pd9Tv4UkHinOGngKa0U

#Misinformation_Buster #Fake_News #Shorts #Reels #လူလိမ် #ကျောက်ကြီး #ရွှေကျင် #မုန်း #စစ်ဘေးရှောင်
👍7😁3
စစ်ကောင်စီကိုလက်နက်ခဲယမ်းတရားမဝင်ထောက်ပံ့နေတဲ့ခရိုနီတွေကို အရေးယူပေးဖို့စင်္ကာပူအစိုးရကိုတောင်းဆို
====================

စင်္ကာပူနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများမှတဆင့် စစ်ကောင်စီကို လက်နက်ခဲယမ်း၊ ကုန်ကြမ်းပစ္စည်းတွေနဲ့ ရန်ပုံငွေတွေကို တရားမဝင် ထောက်ပံ့ပေးနေကြတဲ့ ထူးအုပ်စုကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇ အပါအဝင် စစ်ကောင်စီကိုကျောထောက်နောက်ခံပေးနေတဲ့ ခရိုနီသူဌေးတွေကို အရေးယူဖို့ Justice For Myanmar (JFM) အဖွဲ့က စင်္ကာပူအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ထူးအုပ်စုကုမ္ပဏီ ဥက္ကဋ္ဌဦးတေဇ၊ Myanmar Chemical & Machinery ( MCM ) ကုမ္ပဏီဥက္ကဋ္ဌ ဦးအောင်လှိုင်ဦး၊ International Gateways ကုမ္ပဏီဥက္ကဋ္ဌ ဦးနိုင်ထွဋ်အောင်တို့ဟာ စင်ကာပူစီးပွားရေးလုပ်ငန်းကွန်ရက်ကို အသုံးပြုပြီး မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေတယ်လို့ JFM အဖွဲ့ရဲ့တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။

စစ်လက်နက်တွေ၊ စစ်ကောင်စီ လေကြောင်းသုံး တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ရဟတ်ယာဉ်အစိတ်အပိုင်းတွေကို စင်ကာပူကနေတစ်ဆင့် ထောက်ပို့နေတာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီအတွက် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးကုန်ပစ္စည်းများ၊ နည်းပညာများကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပြီး လွှဲပြောင်း ပေးနေသည်များကို ပိတ်ဆို့အရေးယူပေးဖို့၊ စစ်ကောင်စီရဲ့ ဘဏ်များ အပါအဝင် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့များကတဆင့် စင်ကာပူရဲ့ ဘဏ္ဍာရေးစနစ်အတွင်း စစ်ကောင် စီ ဝင်ရောက်ခွင့်ကိုပိတ်ဆို့ပေးဖို့၊ အခုလို စစ်ကောင်စီအတွက်ပံ့ပိုးပေးနေသည့် စင်ကာပူ ကုမ္ပဏီများကို အများပြည်သူသိရှိစေနိုင်မယ့် ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့် လုပ်ဆောင်ပေးဖို့ စတဲ့ အချက်များကို Justice For Myanmar က အဓိက တောင်းဆိုထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် အရက်ဘက် စစ်ဘက်မခွဲခြားဘဲ ကျေးရွာများအပေါ် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်တာ၊ မတရားဖမ်း ဆီးညှဉ်းပန်းနှိပ်စက်မှုများတွင် အသုံးပြုနေသည့် လက်နက်၊ စက်ပစ္စည်းကိရိယာများနှင့် ရန်ပုံငွေများရ ယူနိုင်ဖို့ ကူညီပေးနေတာမှာ စင်ကာပူနိုင်ငံကကုမ္ပဏီတွေပဲဖြစ်ကြောင်း Justice For Myanmar က ဆို ထားပါတယ်။

ဦးတေဇနဲ့ ဦးနိုင်ထွဋ်အောင်ဟာ စင်ကာပူနိုင်ငံမှာ နေထိုင်နေကြတယ်လို့လည်း JFM က ဖော်ထုတ်ထားပါတယ်။
မြန်မာစစ်တပ်အတွက် စစ်လက်နက်ထောက်ပံ့ပေးတာဟာ မြန်မာစစ်တပ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေမှာ ပူးပေါင်းပါဝင်တာပဲလို့ JFM က သတိပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းအပြီး စစ်ကောင်စီထံသို့ လက်နက်နှင့်ပစ္စည်းကိရိယာများကို ဆက်လက်ထောက်ပံ့ ပေးနေသည့် စင်ကာပူစီးပွားရေးလုပ်ငန်း ၁၃၈ ခုတို့ ပါဝင်ကြောင်း မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက် ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောထားကြောင်းလည်း ဖော်ပြထားပါတယ်။

စင်ကာပူအစိုးရကတော့ သူတို့ဆီကနေ မြန်မာနိုင်ငံကို လက်နက်တင်ပို့တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
 
https://youtu.be/UQyVnqbHZM4
 
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍21😁2
Media is too big
VIEW IN TELEGRAM
စစ်ရေးပဋိပက္ခတွေကြောင့် နှစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်တိုးလာ

Watch more detail - https://youtu.be/gippN7r7d0E

#PoliticalNews
#reels
#shorts
#MizzimaTV
😢5🔥1😁1
ဖြူးမြို့နယ် ကွန်းချောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ
👍5🤬4🔥1
ဖြူးမြို့နယ် ကွန်းချောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ
==================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ဖြူးမြို့နယ် သစ်ဖြူဆိပ်ကျေးရွာအနီးရှိ ကွန်းချောင်းတံတားအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA )မှ ယနေ့ ဩဂုတ်လ ၄ ရက် နံနက် ၂ နာရီအချိန်ခန့်တွင် မိုင်းခွဲဖျက်ဆီးလိုက်သည်ဟု ဒေသခံ၏ပြောဆိုချက်အရ သိရသည်။

အဆိုပါ တံတားအနီးတွင် စစ်ကောင်စီတပ်ဖွဲ့မှ ကင်းချလေ့ရှိပြီး KNLA တပ်ဖွဲ့အား ခြုံခိုတိုက်ခိုက်လေ့ရှိသည့် နေရာဖြစ်သောကြောင့် KNLA ဘက်မှ မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်နိုင်ကြောင်း အဆိုပါ ဒေသခံမှပြောသည်။

"တံတားအနီးမှာ စစ်ကောင်စီဘက်ကနေ ခြုံခိုပြီး တိုက်ခိုက်တာတွေရှိတော့ တံတားကိုဖျက်ဆီးလိုက်ပုံပေါ်တယ်။ လက်ရှိမှာ နယ်မြေစိုးမိုးမှုအခြေအနေကတော့ မြင်ရသလောက် ၅၀/၅၀ ပါပဲ” ဟု ဒေသခံမှပြောသည်။

ထို့ပြင် အဆိုပါတံတားတွင် စစ်ကောင်စီတပ်ဘက်မှ ထောက်ပို့ယာဉ်များဖြတ်သန်းမှုလည်းရှိကြောင်း ဒေသခံ၏ပြောဆိုချက်အရသိရသည်။

အဆိုပါ တံတားဖျက်ဆီးမှုနှင့်ပတ်သက်၍ ဖြူးမြို့နယ်ရှိ KNLA တပ်ဖွဲ့ဝင်တစ်ဦးမှလည်း အတည်ပြုပြီး ဖြစ်စဉ်အသေးစိတ်နှင့် နောက်ဆက်တွဲအခြေအနေများကိုမူ စစ်ရေးအခြေအနေများအရ ဖြေဆိုရန်ငြင်းဆိုသည်။

အဆိုပါ ကွန်းချောင်းတံတားသည် အရှည် ၁၆၀ ပေ ၊အကျယ် ၁၂ ပေရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ဖြူးမြို့နယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီမှထောက်ပို့အတွက်အသုံးပြုနေသော သရက်ကုန်းတံတားကို ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ မိုင်းခွဲဖျက်ဆီးခဲ့သေးသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ဖြူးမြို့နယ်
#KNLA
#ကွန်းချောင်းတံတား

ပုံစာ - မိုင်းခွဲဖျက်ဆီးခံရသည့် ကွန်းချောင်းတံတား

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1🥴1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီကို လက်နက်ခဲယမ်း တရားမဝင် ထောက်ပံ့ပေးနေတဲ့ ခရိုနီတွေကို အရေးယူပေးဖို့ စင်္ကာပူအစိုးရကို တောင်းဆို

Watch more detail - https://youtu.be/UQyVnqbHZM4

#PoliticalNews
#reels
#shorts
#MizzimaTV
👍13😁2
​​စစ်ကောင်စီတပ်က ကျူးလွန်သည့် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုံခြုံရေးကောင်စီက အရေးယူနိုင်ခြင်းမရှိသေးဟု ဦးကျော်မိုးထွန်း ပြော
====================

002
(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ် ကျူးလွန်သည့် စစ်ရာဇဝတ်မှု၊ နိုင်ငံကာ ပြစ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုံခြုံရေးကောင်စီက အရေးယူနိုင်ခြင်းမရှိသေးဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် “ငတ်မွတ်မှုဘေး အန္တရာယ်နှင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာ”ဆွေးနွေးပွဲတွင် ဦးကျော်မိုးထွန်းက ပြောသည်။

ဦးကျော်မိုးထွန်းက သြဂုတ်လ ၃ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာ့အရေး လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၂,၆၆၉ ချက် အပါအဝင် တိုက်တွန်းတောင်းဆို မှုများကို ချမှတ်ရန်
တိုက်တွန်းခဲ့သည်။

စစ်ကောင်စီက လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးအပ်သည်များကို ငြင်းဆန်မှု နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအား ချိုးဖောက်မှုတို့အပေါ် တာဝန်ယူ၊ တာဝန်ခံမှု ရှိစေရန်လည်း လုံခြုံရေးကောင်စီက မလုပ်ဆောင်နိုင်သေးကြောင်း ၎င်းက ပြောသည်။

လုံခြုံရေးကောင်စီ၏ တိကျပြတ်သားခိုင်မာသော ဆုံးဖြတ်ချက်သည် မြန်မာပြည်သူတစ်ရပ်လုံး ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အတားအဆီးမရှိ ပေးအပ်နိုင်ရေးဟူသော လုံခြုံရေး ကောင်စီ၏ တောင်းဆိုမှုများကို ထိရောက်စွာ ဖော်ဆောင်နိုင်မည့် လုပ်ဆောင်ချက်များကို ချမှတ်ရန် တိုက်တွန်းကြောင်း၊ လက်ရှိအချိန်သည် ဆုံးဖြတ်ချက်အဆိုချမှတ်နိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများကို စတင်ရမည့် အကောင်းမွန်ဆုံးအချိန်ပင် ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြသည်။

မြန်မာစစ်တပ်က လူသားချင်းစာနာမှုအကူအညီများကို ငြင်းဆန်ကန့်သတ်ခြင်းများ ပြုလုပ်နေပြီး ဖြတ်လေးဖြတ် အစီအစဉ်ကြောင့် မြန်မာပြည်သူများ ငတ်မွတ်ခေါင်းပါးမှုကို ခံစား နေရသည်ဟု ဦးကျော်မိုးထွန်းက ပြောသည်။

၁၅.၂ သန်းသော ပြည်သူများမှာ စားနပ်ရိက္ခာမလုံလောက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ပြင် ၁.၉ သန်းခန့်သော ပြည်သူများမှာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ဖြစ်လာရကြောင်း၊ WFP အချက်အလက်များအရ အသက်ငါးနှစ်အောက် ကလေးငယ် သုံးဦးလျှင် တစ်ဦးနှုန်းဖြင့် ဖွံ့ဖြိုးမှုနှေးကွေးမှု ရင်ဆိုင်နေရ ကြောင်း၊ ခုနစ်ရာခိုင်နှုန်းမှာ အာဟာရချို့တဲ့လာကြောင်း ၎င်းက ဆိုသည်။

အစည်းအဝေးကို သြဂုတ်လအတွက် လုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အမေရိကန်က ကြီးမှူးစီစဉ်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၈၀ ကျော်မှ ကိုယ်စားလှယ်များ မိန့်ခွန်းများ ပြောကြားခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#လုံခြုံရေးကောင်စီ

ကွန်းချောင်းတံတား
စာညွှန်း- ချင်းတွင်းမြစ် အနောက်ဘက်ကမ်းသပိတ် က ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်စဥ်
(ဓာတ်ပုံ -AungKhantZaw)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22😁2❤1
ပခုက္ကူ ကျပ်ထိုးရဲစခန်းတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးဟုဆို
=====================

MTO
(မဇ္ဈိမ)။ ။ပခုက္ကူမြို့၊ကျပ်ထိုးကျေးရွာနယ်‌မြေရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များကပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၀ ဦးခန့်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ယင်းမာပင်ခရိုင်ရင်း၂၇ (ဘာမရှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က သတင်းထုတ်ပြန်သည်။
ကျပ်ထိုးကျေးရွာနယ်‌မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် ၁၈ဖွဲ့ထက်မနည်းက ဩဂုတ်လ ၁ ရက်နေ့ ညနေတွင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

“ တိုက်ပွဲကြာချိန်က ၁ နာရီကျော်လောက်ပဲကြာတယ်။ စခန်းကို သိမ်းနိုင်လောက်တဲ့ အခြေအနေအထိ ရောက်ခဲ့တယ်။ ကျည်အင်အားမလုံလောက်တာရယ်၊သူတို့ဘက်က စစ်ကူကလည်း လာနေလို့ ပြန်ဆုတ်ခဲ့တာ။ သူတို့ဘက်က ၁၀ ယောက်လောက်ကျတယ်။ တချို့ သေဆုံးအလာင်းတွေကို မျက်စိနဲ့ မြင်ခဲ့ရတယ်” ဟုဘာမရှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်‌ကိုမှန်ကြီးက ပြောသည်။

ကျပ်ထိုးရဲစခန်းတွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်စုစုပေါင်းအင်အား ၄၀ ခန့် ရှိပြီး ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများ၏ စားသောက်ကုန်များကို အဓမ္မယူဆောင်လေ့ရှိကြောင်း ၎င်းက ပြောသည်။

ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ များသည် စစ်ကြောင်းထိုးခြင်းမျိုး သိပ်မရှိဘဲ အထိုင်စခန်းများကို အခိုင်အမာပြင်ဆင်ထားပြီး ခံစစ်ပြင်ထားသည့်ပုံစံဟု ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

ကျပ်ထိုးကျေးရွာနယ်‌မြေရဲစခန်းတိုက်ခိုက်မှုကို
ယင်းမာပင်ခရိုင်ရင်း၂၇(ဘာမရှောင်ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၃) ယင်းမာပင်ခရိုင်ရင်း၂၇တပ်ခွဲ၁၊ ရိုးမရာဇာ(နယ်စည်းမခြား)အပါအဝင် ဒေသတွင်းကာကွယ်ရေးအဖွဲ့ ၁၈ဖွဲ့ထက်မနည်းက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။ စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မဇ္ဈိမအနေဖြင့် သီခြားအတည်မပြုနိုင်သေးပေ။

စာတည်း - မောင်ကြီး

https://youtu.be/gsAolt5OVhY

#mizzima
#ပခုက္ကူမြို့
#ကျပ်ထိုးရဲစခန်း
#ယင်းမာပင်ခရိုင်ရင်း၂၇
#ဘာမရှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22😁2
​​Beast
=========

ဒီဇာတ်ကားကတော့ 2022 ခုနှစ်အတွင်းထွက်ခဲ့တဲ့ မင်းသားကြီး ဗီဂျေးရဲ့ အက်ရှင်ဇာတ်ကားကောင်းပဲဖြစ်ပါတယ် ဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကိုလုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက် အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့ သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်...

တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကို စိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကို အကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့ မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ် ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက် အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး ကယ်လို့မရဘူးဖြစ်နေတယ်...

အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာသိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ် ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာ တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေအများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦး....

Mizzima + HDတွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက်။ ။ 4.8.2023
ပြသမည့် အချိန် ။ ။ည (၈:၀၀ )နာရီ
ပြန်လည်ပြသမည့်ရက်။ ။5.8.2023
အချိန်။ ။နေ့လည် ၂နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + HD တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
#indiamovie #bollywood #indiareview
👍6🔥2
ဇူလိုင်လ (၄)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

00:59 - စစ်ရေးပဋိပက္ခတွေကြောင့် နှစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်တိုးလာတဲ့သတင်း

03:56 - ကာလုံအစည်းအဝေးတက်တဲ့ ဦးဟင်နရီဗန်ထီးယူကို အရေးယူမယ်လို့ NLD ပြောတဲ့သတင်း

06:03 - သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးမိုးရွာသွန်းမှုအပြီး တရုတ်နိုင်ငံရဲ့ ဒေသအများအပြားရေနစ်မြုပ်တဲ့သတင်း

11:37 - စစ်ကောင်စီကို လက်နက်ခဲယမ်း တရားမဝင် ထောက်ပံ့ပေးနေတဲ့ ခရိုနီတွေကို အရေးယူပေးဖို့ စင်္ကာပူအစိုးရကို တောင်းဆိုတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/mcSLSVhyn8I

#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁1🌭1
​​သပိတ်မှောက်ခံထားရသည့် မြန်မာပလာဇာ ရုပ်ရှင်ပရိုမိုးရှင်းများဖြင့် ပြန်လည်စည်ကား
=======================

ကီရာ
(မဇ္ဈိမ)။ ။ သပိတ်မှောက်ခံထားရသည့် စျေးဝယ်စင်တာ တစ်ခုဖြစ်သော မြန်မာပလာဇာသည် ယခုရက်ပိုင်းအတွင်း မြန်မာရုပ်သံဇာတ်လမ်းတွဲများ၏ အကြောင်းအရာရှင်းလင်းပွဲ( Press Show )၊ ပရိသတ်တွေ့ဆုံပွဲများ( Fan Meeting ) ဖြင့် ပြန်လည်စည်ကားလာနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ရက် နေ့လယ် ၁နာရီမှ ၅နာရီအထိ MRTV4 မြန်မာရုပ်သံဇာတ်လမ်းတွဲများ၏ Press Show ၊ Fan Meetingကို ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် MRTV-4 ၌ထုတ်လွှင့်ပြသခဲ့သော ရောင်စုံခြယ်မြို့ကလေးနှင့် အဖြူရောင်သက္ကရာဇ် ဇာတ်လမ်းတွဲမှ အနုပညာရှင်များက Fan Meeting လုပ်ဆောင်ခဲ့ကြပြီး လတ်တလော ပြသနေသော အဆိပ်လိုအချစ်နှင့် ပန်းထောင်ခြောက်မှ အနုပညာရှင်များက Press Showအနေဖြင့် လာရောက်ခဲ့ကြကြောင်း သိရသည်။

ထိုနေ့က မြန်မာပလာဇာဝန်းအတွင်း လူများပြည့်ကျပ်လျက်ရှိကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူက ပြောသည်။
“ အဲ့နေ့က စနေနေ့လည်း ဖြစ်တော့ အဲ့ပွဲမှာ လူတော်တော်များတယ် ။ ပရိုမိုးရှင်းဧရိယာမှာကော ၊ အပေါ်ထပ်တွေမှာကော လူတွေကအပြည့်ပဲ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်၂၂ရက်နှင့် ဇူလိုင် ၂၃ရက်တွင်လည်း Mobile Legends ပွဲတစ်ခုဖြစ်သည့် MLBB Fan Match ကိုလည်း မြန်မာပလာဇာတွင် ပြုလုပ်ခဲ့သေးသည်။

လက်ရှိတွင် ရုပ်သံဇာတ်လမ်းများက ပရိုမိုးရှင်းများ၊ ပရိသတ်တွေ့ဆုံခြင်းများကို မြန်မာပလာဇာတွင် ဆက်တိုက် လုပ်ဆောင်ခဲ့ကြပြီး စစ်တပ်ထောက်ခံသူများကလည်း ထိုသို့ပြန်လည်စည်ကားလာသည်အပေါ် ၎င်းတို့၏ လူမှုကွန်ရက်တွင် လှောင်ပြောင်ပြောဆိုနေကြသည်။

“ မြန်မာပလာဇာကို လူဘယ်လောက်ခြောက်ကပ်နေတယ်၊ ဘာညာပြောနေတဲ့ဟာတွေ လာကြည့်ကြပါဦး ။ နင်တို့ မျက်နှာတွေကို ကြည့်ပြီး ငါတို့က ရယ်ချင်လို့ပါ။ နင်တို့ရဲ့ သူရဲကောင်းတွေကသာ ဘယ်ချောင်ရောက်နေပြီလဲ။ ကြည့်လိုက်။ မြန်မာပလာဇာကတော့ အေးဆေးပဲနော် “ဟု စစ်တပ်ထောက်ခံသူတစ်ဦးက ၎င်း၏လူမှုကွန်ရက်တွင် ယခုလို ရေးသားထားသည်ကို တွေ့ရသည်။

လက်ရှိတွင် မြန်မာပလာဇာသည် ဈေးဝယ်သူများ အဆင်ပြေစေရန်အတွက် Free Car Parking အစီအစဉ်ကို ဩဂုတ်လအထိ ထပ်မံတိုးမြှင့်ပေးထားကြောင်း ၎င်း၏ အင်တာနက်စာမျက်နှာမှတဆင့် ကြေညာထားခဲ့သည်။

စစ်ကောင်စီ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သည့် ဆန္ဒပြလူငယ်များကို မြန်မာပလာဇာလုံခြုံရေး ဝန်ထမ်းများက ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၂၅ရက်တွင် ရိုက်နှက်ဖမ်းဆီးခဲ့၍ ပြည်သူလူထုက မြန်မာပလာဇာသို့ သွားရောက် စျေးဝယ်ခြင်းမပြုရန် သပိတ်မှောက်ထားကြခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြန်မာပလာဇာ
#ရုပ်ရှင်ဇာတ်လမ်းတွဲများ

စာအညွှန်း- မြန်မာပလာဇာ စျေးဝယ်စင်တာ အတွင်းပုံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
💩14👍7🤣4😢2
This media is not supported in your browser
VIEW IN TELEGRAM
Aug - 4 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍4🌭1🍌1
​​စစ်တပ် အသွင်ပြောင်း YCDC ဌာနမှူးများနှင့် ဒု ဌာနမှူးကို NUG အမည်ပျက်စာရင်းသွင်း
========================

KMN
(မဇ္စိုမ)။ ။စစ်တပ်ဘက်မှအရပ်ဘက် အသွင်ပြောင်းထားသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) ဌာနမှူး ၁၄ ဦး ၊ ကော်မတီရုံး ရုံးအဖွဲ့မှူးတစ်ဦး နှင့် ဒုဌာနမှူးများပါဝင်သည့် လူပုဂ္ဂိုလ် ၄၉ ဦးအား အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အမိန့်အမှတ် (၄၅/၂၀၂၃) ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း ၄၉ ဦး သည် CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်းများပြုလုပ်နေကြောင်း သိရသည်။

ထို့အပြင် ဥပေဒနှင့်အညီ ပြန်ဆပ်ရန်မလိုတော့သည့် လစာချေးငွေများအား အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်ကောင်စီ၏ စီမံချက်မှန်သမျှအားလုံးအား ပုံဖော်ဆောင်ရွက်ပေးနေခြင်းကြောင့် ယခုကဲ့သို့ အမည်ပျက်စာရင်းသွင်းကာ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အမည်ပျက်စာရင်းသွင်းကာ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss)ခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီစာရင်းတွင် တပ်မှအရပ်ဘက်အသွင်ပြောင်းထားသည့် စီမံရေးရာ ဌာနမှူး ဦးကျော်မင်း ၊ အင်ဂျင်နီယာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှူး ဦးချိုထွန်းအောင်၊ ရာပြတ်ဌာနမှူး ဦးသစ္စာ ၊ အင်ဂျင်နီယာ ရေနှင့်သန့်ရှင်းမှု ဌာနမှူး ဦးမြင့်ဇော်သန်း ၊ အင်ဂျင်နီယာ လမ်းနှင့်တံတား ဗဟိုပစ္စည်းထိန်းဌာနမှူး ဦးလင်းခိုင်၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှူး ဦးညီညီဦး ၊ အင်ဂျင်နီယာ အဆောက်အအုံ ဌာနမှူး ဦးတင်မောင်ကြည်၊ ပန်းဥယာဉ်နှင့် အားကစားကွင်းများဌာနမှူး ဦးကိုကိုလင်းတို့ပါဝင်သည်။

၎င်းအပြင် တပ်မှအရပ်ဘက်အသွင်ပြောင်းထားသည့် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာနမှူး ဦးတိုးအောင် ၊ တိရစ္ဆာန်ဆေးကုနှင့်ထုန်လုပ်ရေး ဌာနမှူး ဦးစောလင်း၊ ဈေးများနှင့်ကုန်စည်ပွဲရုံများ ဌာနမှူး ဦးသန်းထိုက် ၊အခွန်ဌာနမှူး ဦးနေမျိုးဦး ၊ စစ်ဆေးရေး ညှိနိူင်းဆောင် ရွက်ရေးဌာနမှူး ဦးကျော်မိုး၊ ပြည်သူ့ကျန်းမာရေး ဌာနမှူး ဒေါက်တာမြင့်သန်းထွန်း၊ ကော်မတီရုံးရုံးအဖွဲ့မှူး ဦးဉာဏ်လင်းစိုး တို့ပါဝင်သလို အရပ်ဘက်ဌာနမှူး နှစ်ဦးဖြစ်သည့် ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာနမှူး ဒေါ်နီနီအေး ၊ မြို့ပြစီမံကိန်းဌာနမှူး ဒေါ်တင်တင်ကြည် တို့လည်းပါဝင်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးသည် ၂၀၂၁ အောက်တိုဘာလမှ စတင်၍ အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့ကြသည့် ဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းသူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံ ဘေးကင်းရေးနှင့် ဖိအားကင်းစင်ရေးတို့အတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျာ်ဖြိုး

#Mizzima
#YCDC
#အမည်ပျက်စာရင်း
Photo - Mizzima / Archive
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😁5
မူဆယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
👍15❤2😁2
မူဆယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
========================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ စယ်လန့်ကျေးရွာအုပ်စု နာထန်နှင့် ဂေါင်ရာကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထံမှ သိရသည်။

“စစ်တပ်ဘက်က ပြန်ဆုတ်တဲ့အချိန်မှာ အလောင်းတွေ၊ စစ်လက်နက် ပစ္စည်းတွေကို ကျမတို့က သိမ်းဆည်းရမိပါတယ်။ ကိုယ်လွတ်ပြေး တပ်ဆုတ်တဲ့ သဘောပါ” လို့ TNLA ပြောရေးဆိုခွင့်ရုံးက တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့တွင် နာထန်နှင့် ဂေါင်ရာကျေးရွာအနီး၌ ခလရ(၂၆၁) နှင့် မြို့မ(၂)ပြည်သူ့စစ်များပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် TNLA တပ်ရှိရာသို့ စစ်ကြောင်းထိုးလာသောကြောင့် နံနက် ၁၀နာရီမှ ညနေ ၄နာရီခွဲအထိ တိုက်ပွဲပြင်းထန်ခဲ့သည်။ ထိုတိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း မြေပြင်တပ်ဖွဲ့မှ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရုံးမှ တာဝန်ရှိသူက ပြောသည်။

မူဆယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ RPG တစ်လက်၊ RPG-7 ဗုံးသီး ၂၀ လုံး၊ MA-1 သေနတ် တစ်လက်၊ AK-81 သေနတ် တစ်လက်၊ ၆၀ မမ ထောင့် တစ်ထောင့်၊ ၈၁ မမ ထောင့် တစ်ထောင့်၊ ၈၁ မမ ဗုံးသီး ၄၀ လုံး၊ စက်လတ် တစ်လက်၊ကျည်ဆန် ၅,၀၀၀ တောင့်၊ ဆက်သွယ်ရေးစက်ကြီး တစ်လုံးနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း TNLA မှ ဩဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုဩဂုတ်လ ၂ ရက်နေ့ တစ်ရက်တည်းတွင် လားရှိုးမြို့နယ်၊ တောင်တလောင်ကျေးရွာအနီးတွင်လည်း TNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲမှ ထိခိုက်သေဆုံးမှုများကို မသိရသေးကြောင်း ဆိုသည်။

ထို့အပြင် ဇူလိုင်လ ၂၃ ရက်နေ့မှ ဩဂုတ်လ၂ ရက်နေ့အထိ ၁၀ ရက်တာအတွင်း TNLA နှင့် မြန်မာ့စစ်တပ်အကြား တိုက်ပွဲ ကိုးကြိမ် ဖြစ်ပွားခဲ့ရာ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ် ပူးပေါင်းတပ်မှ ၂၅ဦးသေဆုံးကာ ၂၇ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးကို အရှင်ဖမ်းမိထားကြောင်း TNLA မှ ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၊ လားရှိုးမြို့နှင့် ကျောက်မဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ကြား ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ တိုက်ပွဲများ ခပ်စိတ်စိတ် ပြန်လည်ဖြစ်ပွားနေခဲ့ပြီးနောက် စစ်ကောင်စီမှ ဩဂုတ်လ ၁ ရက်နေ့တွင် TNLA တပ်သား ၁၆ ဦးကို ငြိမ်းချမ်းရေးအကြောင်းပြကာ လွှတ်ပေးခဲ့သော်လည်း လက်ရှိအချိန်အထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ဖမ်းဆီးအကျဉ်းချခံထားရသည့် TNLA တပ်သားများအား ငြိမ်းချမ်းရေးအကြောင်းပြကာ ပြန်လွှတ်ပေးသည်ဟု ကြေညာသော်လည်း TNLA မှ စစ်ကောင်စီ၏ သဘောထားအမှန်ကို သတိကြီးစွာထားကာ စောင့်ကြည့်နေမည်ဟု TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က မဇ္ဈိမ ကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၏ ညှိနှိုင်းမှုအရ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့(NSPNC)နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ မိုင်းလားမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး မည်သည့်သဘော တူညီချက်မျှမရဘဲ သတ်မှတ်ရက်မတိုင်မီ ပြီးဆုံးသွားခဲ့သည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်လာခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည့်သူများမှ သုံးသပ်ထားကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီတပ်
#တိုင်းရင်းသားလက်နက်ကိုင်
#မူဆယ်တိုက်ပွဲ

ဓါတ်ပုံ- TNLA
ပုံစာ - ဩဂုတ် ၂ ရက်နေ့ မူဆယ်တိုက်ပွဲအတွင်းသိမ်းဆည်းရမိသည့် လက်နက်များ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁1🥴1
ပုလဲမြို့နယ် တနယ်ကျေးရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး
🤬10😢2❤1👍1😁1