Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်မှာ ဆယ်ကျော်သက်တွေကို စမတ်ဖုန်းနဲ့အင်တာနက်အသုံးပြုခွင့်တားမြစ်

#InternationalNews #reels #shorts #China #SmartPhone #Mizzima
👍5😁4
မော်လမြိုင်မြို့ရှိ ကိုလိုနီခေတ်အမျိုးသားအထက်တန်းကျောင်းမီးလောင်
======================

ဂျူချန်း (မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းပဲတန်းလမ်းက ကိုလိုနီခေတ် ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်းလို့ လူသိများတဲ့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းဟာ ယမန်နေ့ညနက်ပိုင်းမှာ မီးလောင်သွားခဲ့ပါတယ်။

ကျောင်းဝင်းထဲက ပင်မအဆောင်ဖြစ်တဲ့ ဦးသာညှင်းကျောင်းဆောင်ဟာ ဩဂုတ်လ ၃ ရက်နေ့ ည ၁၂လောက်မှာ ကျောင်းအုပ်ကြီးရုံးခန်းက မီးစတင်လောင်ကျွမ်းတာကနေ ကူးစက်ခဲ့တာဖြစ်ပြီး မနက် ၃နာရီလောက်မှာမှ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါ့ဆမီးကြောင့်လို့ ဒေသခံတွေကပြောပြီး မီးလောင်ကျွမ်းရခြင်း အကြောင်းအရာအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ လက်ရှိမှာ ကျောင်းကို ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

အမှတ်(၉) မော်လမြိုင် အထက်တန်းကျောင်းဟာ ကိုလိုနီခေတ် ၁၈၉၉ ခုနှစ်ကတည်းက အမျိုးသားအထက်တန်းကျောင်းအဖြစ် တည်ဆောက်ခဲ့တဲ့ ကျောင်းဆောင်ကြီးဖြစ်ပါတယ်။နှစ်ပေါင်း ၁၂၄နှစ်ရှိပြီဖြစ်တဲ့ မြို့အမွေအနှစ်တခုဖြစ်တာကြောင့် အခုလို မီးလောင်ပျက်စီးသွားရတဲ့အတွက် မြို့နေလူထုက နှမြောတသသဖြစ်နေကြပါတယ်။

https://youtu.be/r3PN8IAgdQ8

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢7🔥4👍2
တနင်္သာရီမြို့တွင် စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံ အချို့ ထိခိုက် ၊ နေအိမ်များ ပျက်စီး
🤬6😢2❤1😁1
တနင်္သာရီမြို့တွင် စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံ အချို့ ထိခိုက် ၊ နေအိမ်များ ပျက်စီး
=====================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီမြို့နယ်ရှိ ခြေလျင်တပ်ရင်း (ခလရ -၅၆၁) က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်၍ ဒေသခံ နှစ်ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်ခြောက်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ ည ၇ နာရီမှ ၁၁ နာရီကျော်အတွင်း ထိုသို့ ပစ်ခတ်ခဲ့၍ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ဗောဓိကမ်းရွာ၊ ခြောက်မိုင်ရွာ၊ ငါးမိုင်ရွာနှင့် ဘန်လောရွာများသို့ လက်နက်ကြီးကျရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ခြောက်မိုင်ရွာခံ တစ်ဦးက“ညက တညလုံး ပစ်နေလို့ ဒေသခံတွေ ကြောက်ပြီး မအိပ်ရဲကြဘူး။ ထွက်ပြေး နေရသူတွေလည်း ရှိတယ်”ဟု ပြောသည်။

အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း နှစ်ဦး ထိခိုက်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ရှိသူက ပြောသော်လည်း ဒေသခံများကမူ နှစ်ဦး သေဆုံးခဲ့ကြောင်းဆိုသည်။ ထိုကွဲလွဲချက်အပေါ် အမှန်အတည်ပြုနိုင်ရန် မဇ္ဈိမက ကြိုးစားနေဆဲဖြစ်သည်။

လက်ရှိ ဩဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်နေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁ ရက်နေ့က တနင်္သာရီမြို့ပေါ်ရှိ နေရာ အချို့ကို PDF အဖွဲ့က ဒရုန်နှင့် သွားရောက် တိုက်ခိုက်ခဲ့သလို မြေပြင် စစ်ကောင်စီ ဂိတ်စခန်းများကိုလည်း ပစ်ခတ်ခဲ့ပြီး နောက် လက်ရှိတွင် မြို့တွင် လုံခြုံရေး အင်အားတိုးချထားကြောင်း မြို့ခံများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#လက်နက်ကြီးဖြင့် ပစ်ခတ်
#ခလရ -၅၆၁

ပုံအညွှန်း- လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ-CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍2🔥2😢2❤1
This media is not supported in your browser
VIEW IN TELEGRAM
မဟာဗျူဟာကျတဲ့ ပင်လယ်ကွေ့ကျွန်းများအနီး အီရန်အစောင့်တပ်တွေ စစ်ရေးလေ့ကျင့်မှုပြုလုပ်

#InternationalNews #reels #shorts #Mizzima
🔥2
​​ထားဝယ်မြို့နယ် လွှတ်တော်အမတ် ကင်ဆာရောဂါဖြင့် ကွယ်လွန်
==================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ထားဝယ်မြို့နယ် လွှတ်တော်အမတ်တဦး ကင်ဆာရောဂါဖြင့် ယနေ့ ဩဂုတ် ၃ ရက်တွင် ရန်ကုန်မြို့၌ဆေးကုသနေရင်း ကွန်လွန်ခဲ့ကြောင်း သိရသည်။
ကွယ်လွန်သူမှာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင်အနိုင်ရထားသည့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၊ ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အသက် ၇၀ နှစ်ကျော်ခန့်ရှိသူ ဦးအောင်ဝင်းဖြစ်ကြောင်း သိရ သည်။

“ ဦး‌အောင်ဝင်းက ပါးစောင်ကင်ဆာရောဂါ နောက်ဆုံးအဆင့်နဲ့ ကွယ်လွန်သွားတာပါ၊ ဒီမတိုင်မီ ဆေးကု သဖို့ စစ်ကောင်စီထံမှာ ခံဝန်လက်မှတ်ထိုးဖို့ပြောကြပေမယ့် လက်မခံဘဲ တိမ်းရှောင်နေရာမှ အခုလိုဖြစ် သွားတာဖြစ်တယ်”ဟု ၎င်းနှင့်နီးစပ်သူက ပြောသည်။
၎င်းသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကလည်း ထားဝယ်မြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်‌တော် ကိုယ် စားလှယ်အဖြစ် အနိုင်ရခဲ့သူဖြစ်ကြောင်းသိရသည်။

ဦးအောင်ဝင်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရဟန်းဝတ်နေသူဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး အတွင်း ၎င်းကဲ့သို့ တိမ်းရှောင်နေရာမှ ကွန်လွန်သူ သုံဦးအထိရှိပြီဖြစ်သည်။

၂၀၂၁ ခုနှစ် သြဂုတ်လတွင် ကျွန်းစုမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီသည် ရန်ကုန်မြို့တွင် နှလုံးရောဂါဖြင့် ဆေးကုသမှု ခံယူနေရာမှ ကွယ်လွန်ခဲ့သည်။

အလားတူ NLD အစိုးရလက်ထက်က တနင်္သာရီတိုင်းဒေသကြီးအစိုးရ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးမြင့်စန်းသည်လည်း ယခုနှစ် မေလ ၁၇ ရက်တွင် ထိုင်းနိုင်ငံတောင်ပိုင်း၌ သရက်ရွက်ကင်ဆာဖြင့် ကွယ်လွန်ခဲ့ သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ကင်ဆာ
#ကွန်လွန်
#ထားဝယ်
#လွှတ်တော်
#အမတ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢15👍7😁1😱1
​​ကျောက်တံခါးတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အသက် ၁၆ နှစ်အရွယ်ကလေး သေဆုံး
=========================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့က စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် သမင်အင်းကုန်းကျေးရွာ၊ ကန်ကြီးဒေါင့်ကွက်သစ်နေ အသက် ၁၆ နှစ်အရွယ်ယောက်ျားလေး စောပိုင်သူ သေဆုံးခဲ့ရသည်ဟု ကျောက်တံခါးမြို့ မြေပြင်သတင်းရင်းမြစ်၏ပြောဆိုချက်အရ သိရသည်။

ကျောက်တံခါးမြို့ သူဌေးကုန်းဘက်မှ စစ်ကောင်စီတပ်သည် ကျောက်တံခါးမြို့အရှေ့ဘက်ကျေးရွာများသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး အဆိုပါလက်နက်ကြီးကျည်သည် သမင်အင်းကုန်းကျေးရွာရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်။
"မနေ့က မနက် ၄ နာရီလောက်မှာ စစ်ကောင်စီဘက်က သမင်အင်းကုန်းရွာထဲကိုဝင်လာတယ်၊ အဲ့တာကို PDF ဘက်ကသတင်းကြိုရပြီး တိုက်ခိုက်လိုက်တာမှာ စစ်ကောင်စီဘက်ကသေတယ်။ အဲ့တာလည်းပြီးရော မကျေနပ်ဖြစ်ပြီးနေမှာပေါ့ ၊ သမင်အင်းကုန်းဘက်ကို သူဌေးကုန်းကနေလက်နက်ကြီးတွေနဲ့ပစ်တာ၊ ကလေးသေတယ်။

အမျိုးသမီးတစ်ယောက်လည်း လက်နက်ကြီးစထိထားတယ်” ဟု ကျောက်တံခါးမြို့မြေပြင်သတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။
ယမန်နေ့ နံနက် ၅ နာရီခန့်မှစတင်ကာ ညပိုင်းအထိ ကျောက်တံခါးမြို့သူဌေးကုန်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပိန်းဇလုပ် ခလရ (၂၆၄) တပ်မှ သမင်အင်းကုန်းကျေးရွာဘက်သို့လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ယနေ့ ဩဂုတ်လ ၄ ရက်နေ့တွင်လည်း ကျောက်တံခါးမြို့၏တောင်ဘက် ဘုရားရွာရွာအနီးရောက်ရှိနေသာ စစ်ကောင်စီတပ်သည် သမင်အင်းကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့်ပစ်ခတ်နေသည်ဟု ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် ကျောက်တခါးမြို့မြေပြင်သတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။

"ရွာထဲက ရွာသားတွေကတော့ စစ်ကြောင်းမရှိရင် ရွာထဲဝင်နေလိုက် စစ်ကြောင်းရှိရင် ပြေးလိုက်နေနေရတာ။ အခုကတော့ အကုန်ပြေးနေရပြီပေါ့" ဟု ကျောက်တခါးမြို့မြေပြင်သတင်းရင်းမြစ်မှ ပြောသည်။

ကျောက်တံခါးမြို့တွင် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေသောကြောင့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာလာခြင်းဖြစ်သည်။

ဇွန်လ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အသက်မပြည့်သေးသူ ကလေးငယ် လေးဦးအပါအဝင် ဒေသခံပြည်သူ ခြောက်ဦးသေဆုံးခဲ့ရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ကျောက်တံခါးမြို့နယ်အတွင်း ဆက်လက်စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး ယနေ့စစ်ကြောင်းတွင် စစ်ကောင်စီတပ်သားများသည် အရပ်ဝတ်အင်္ကျီနှင့် စစ်ဘောင်းဘီများဝတ်ဆင်ထားကြခြင်းဖြစ်ပြီး စစ်လက်နက်အပြည့်အစုံတပ်ဆင်ထားသည်ဟုလည်း ကျောက်တံခါးမြို့မြေပြင်သတင်းရင်းမြစ်မှ ပြောသည်။

ကျောက်တံခါးမြို့နယ်အတွင်း စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်ပြီး ယမန်နေ့နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များကြားတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားထားပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့သည်ဟု ကနဦးသတင်းရရှိထားသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကျောက်တံခါးမြို့နယ်
#စစ်ရေးအခြေအနေ
#လက်နက်ကြီး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9👍2🔥2🤬1👌1
​​နတ်မောက်မြို့နယ် ဒန့်သလွန်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး
===================

ကိုခင်မောင်
(မဇ္စျိမ)။ ။ မကွေးတိုင်း ၊ နတ်မောက်မြို့နယ်၊ ဒန့်သလွန်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒေါင်းတင်သည် ယမန်နေ့ သြဂုတ်လ ၃ ရက် နံနက် ၉ နာရီ ၂၅မိနစ်အချိန်တွင် ပစ်ခတ်ခံရ၍သေဆုံးသွားကြောင်း နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“သူက ဝက်သားဝယ်ရောင်းလုပ်ပါတယ်။ ဝက်သားဝယ်ပြီးပြန်လာချိန်မှာ ရွာအဝင်လမ်းမှာပဲ အဖွဲ့တွေဟာ ကျည် သုံးတောင့်နဲ့ ရှင်းလင်းခဲ့တာပါဗျ။ ဒီရွာနဲ့ခွေး(စစ်ကောင်စီတပ်ဖွဲ့) အုပ်စုဆက်သွယ်ရေးတပ်နဲ့ကနီးတဲ့အတွက် အမြန်ပြန်ထွက်ရပါတယ်” ဟု နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ ဗိုလ်ရာကျော်က မဇ္စျိမသို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှုအား People Defence Force - Natmauk (902 ) တပ်ခွဲ နှင့် AH NYAR MYAY SPECIAL COMMANDO DEFENSE FORCE ( ASCDF ) မဟာမိတ်အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒေါင်းတင်သည် ဇူလိုင်လ ၂၇ရက်တွင် ပျူစောထီးများနေထိုင်သောကျေးရွာရှိ တော်လှန်ရဲဘော်နှစ်ဦး နေထိုင်သည့်နေရာကို စစ်ကောင်စီတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားခဲ့ရာ ထိုရဲဘော်နှစ်ဦး ဖမ်းဆီးခံရ၍ လက်နက် တစ်လက် ဆုံးရှုံးခဲ့ရခြင်း၊ ယင်းနေ့တွင်ပင် ပြည်သူများအား သတင်းပေးတိုင်ကြား၍ ဖမ်းဆီးသောကိစ္စများတွင် ပါဝင်ပတ်သက်ခြင်း၊ CDM ဝန်ထမ်းများ၏လုံခြုံရေးနှင့် တော်လှန်ရဲဘော်များ၏ မိသားစုများအား ခြိမ်းခြောက်ခြင်း၊ ကျေးရွာနေပြည်သူအချို့အား ပျူစောထီးသင်တန်း တက်ရောက်ရန် မဲဆွယ်စည်းရုံးခြင်း စသည့် ပြစ်မှုများကို ကျုးလွန်ကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ရင်ဝတွင် နှစ်ချက်နှင့် နားထင်တွင် တစ်ချက် သေနတ်ကျည်ထိမှန်၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဗိုလ်ရာကျော် ထံမှသိရသည်။

ယခုပစ်ခတ်ရှင်းလင်းမှုကို နတ်မောက်မြို့နယ်ပကဖနှင့် ပြည်သူများထံမှ ရရှိသော အချက်အလက် များကို သေချာစောင့်ကြည့် လေ့လာ၍ မဖြစ်မနေ ရှင်းလင်းမှ ရမည့်ကိစ္စတစ်ရပ် ဖြစ်သောကြောင့် ဆောင်ရွက်ရခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ ၅ရက်တွင်လည်း နတ်မောက်မြို့၊ မြင်းတဲကြီးကျေးရွာရှိ စစ်ကောင်စီတပ် သတင်းပေးဆိုသူ ကိုတင်မောင်ဝင်းကို ကာကွယ်ရေးတပ်ဖွဲ့ အလယ်ပိုင်းတိုင်း စစ်ဒေသကွက်ကဲရေး၊ ဂဠုန်တပ် နတ်မောက် PDF က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
ပုံစာ။ ။ ပစ်ခတ်ခံရ၍ သေဆုံးသွားသော ဦးဒေါင်းတင်

#မကွေးတိုင်း
#နတ်မောက်မြို့နယ်
#အုပ်ချုပ်ရေးမှူး
#ပစ်ခတ်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😁3🔥1🥴1🤣1
This media is not supported in your browser
VIEW IN TELEGRAM
အာဏာသိမ်းမှုအပေါ် နိုင်ငံတကာကရှုတ်ချမှုအတွက် အံ့အားသင့်ရကြောင်း နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်ပြော

#InternationalNews #reels #shorts #Mizzima
🔥3
​​အညာဒေသ စစ်တလင်း၌ စစ်ကောင်စီက နည်းဗျူဟာ ပြောင်းလဲလာ 
==================

လက်နက်ကိုင် တပ်ဖွဲ့သစ်များ ပေါ်ထွက်လာခြင်းကို တန်ပြန်ရန် စစ်ကောင်စီနှင့် ၎င်း၏ ကြိုးဆွဲရာ နောက်လိုက်များက တော်လှန်ရေး၏ အချက်အချာဖြစ်သော မြန်မာနိုင်ငံ အလယ်ပိုင်း အထက်အညာ ခြောက်သွေ့ဒေသ တစ်နံတစ်လျားက ပြည်သူတို့၏ နေအိမ်ပေါင်း ၅၃,၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီးသည်။ သို့ရာတွင် ၂၀၂၃ အစ၌ စစ်ကောင်စီသည် နည်းဗျူဟာ ပြောင်းလဲလာပုံ ရပြီး တော်လှန်ရေးအုပ်စုများကို ပိုပြီး တိုက်ရိုက် တိုက်ခိုက်မှုများ လုပ်ဆောင်လာတော့သည်။ 

၂၀၂၁ ဖေဖော်ဝါရီနှင့် မတ်အတွင်း အာဏာသိမ်းမှု ဆန့်ကျင်သော ဆန္ဒပြမှုများကို မြန်မာစစ်တပ်၏ အကြမ်းဖက် ချေမှုန်းမှုအား တုံ့ပြန်ပြီး ပြည်သူထောင်ပေါင်းများစွာသည် အစုအဖွဲ့ ဖွဲ့ကြကာ နောက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDFs) များအဖြစ် ပေါ်ထွက်လာခဲ့သည်။ PDFs လှုပ်ရှားမှု၏ ဗဟိုချက်သည် ဒေသတော်လှန်ရေးအုပ်စုများ အမြောက်အမြား ရှိနေရာ အလယ်ပိုင်း အထက်အညာ ခြောက်သွေ့ဒေသဖြစ်ပြီး ကနဦး၌ လက်လုပ်ဖောက်ခွဲရေးပစ္စည်းများ (IEDs) နှင့် ကိုယ်တိုင်လုပ် ရိုင်ဖယ်များဖြင့် စစ်ကောင်စီနှင့် ၎င်း၏ နောက်လိုက်များကို တိုက်ခိုက်ကြသည်။ 

အသစ်ထွက်ပေါ်လာသော ထို ခြိမ်းခြောက်မှုအား ရင်ဆိုင်ဖြေရှင်းရန် စစ်ကောင်စီသည် ၂၀၂၁ နှစ်မှ ၂၀၂၃ အစပိုင်းကြား စိတ်ထင်ရာစိုင်း အကြမ်းဖက်ခြင်းနှင့် မီးရှို့ပြာချသည့် နည်းဗျူဟာကို ကနဦး သုံးစွဲခဲ့သည်။ သို့ရာတွင် မကြာသေးသော လများအတွင်း စစ်ကောင်စီသည် စီးနင်းမှုများနှင့် အခြားသော တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်မှု အရှိန်ကို တိုးမြှင့်ခြင်းနှင့်အတူ ပစ်မှတ်များ ခွဲခြားဖော်ထုတ်ကာ ရွေးချယ်တိုက်ခိုက်ခြင်းမျိုး များပြားလာသည်။ 

ထိန်းချုပ်ရန် မအောင်မြင် 
==========

လက်နက်ကိုင် ပုန်ကန်မှု ပထမနှစ်နှစ်အတွင်း ကြီးထွားလာသော PDFs လှုပ်ရှားမှုများအား တန်ပြန်ရာတွင် စစ်ကောင်စီသည် မည်သို့သော အင်အားကြီးမားသည့် တိုက်ခိုက်ရေးတပ်များကိုမျှ အညာဒေသဆီ အားဖြည့်ထည့်သွင်းခြင်း မရှိခဲ့ပေ။ PDFs တိုက်ခိုက်မှုများကို အနီးနား ကျေးရွာများအား စီနင်းခြင်းဖြင့် နည်းနည်းနှင့် ကျဲကျဲဖြင့် တန်ပြန်ပြီး ကျယ်ပြန့်သော ဧရိယာများကို ရှိနှင့်ပြီးသား နည်းပါးသော တပ်အင်အားဖြင့် ကင်းထောက်ရန်သာ ဦးတည်ထားခဲ့သည်။ ထောက်လှမ်းရေးသတင်း ချို့တဲ့ခြင်းနှင့် လမ်းဘေးခြုံခိုတိုက်ခိုက်ခြင်းများ၏ အတောမသတ်သော ခြိမ်းခြောက်မှု ဝန်ထုပ်ဝန်ပိုးနှင့်အတူ စစ်ကောင်စီတပ်များသည် တော်လှန်ရေးတပ်ဖွဲ့သစ်များအား ဖော်ထုတ်ရန်၊ ရှာဖွေရန်နှင့် ဖျက်ဆီးရန်အတွက် မနည်းရုန်းကန်ခဲ့ရသည်။ သို့ရာတွင် ထိုသို့ အရင်းအမြစ် ရရှိမှု နည်းပါးနေသည့် စစ်ကောင်စီ၏ မှားယွင်းသော ခြေလှမ်းမှ PDFs များမှာ အကျိုးအမြတ် မထုတ်ယူနိုင်ခဲ့ဘဲ သွေးထွက်သံယို ချောင်ပိတ်မိခြင်းသို့ ဦးတည်သွားရသည်။  

PDFs များကို တိုက်ရိုက်စစ်ပွဲ ဆင်နွှဲခြင်းအစား စစ်ကောင်စီသည် လက်နက်ကိုင်လှုပ်ရှားမှုအား ထောက်ပံ့နေသည်ဟု ရှုမြင်လျက် အရပ်သား ပြည်သူများအပေါ် ပို၍ ပစ်မှတ်ထားခဲ့သည်။ စစ်ကောင်စီ၏ အားစိုက်ထုတ် လုပ်ဆောင်မှုများ၏ အခရာမှာ အကြီးအကျယ် မီးရှို့ဖျက်ဆီးခြင်းပဲ ဖြစ်သည်။ ၂၀၂၁ မေလမှ ၂၀၂၃ မေလအတွင်း ခြောက်သွေ့ဒေသများ၌ စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏ ကြိုးဆွဲရာ နောက်လိုက်များသည် အညာဒေသအနှံ့ အိမ်ခြေပေါင်း ၅၂,၉၉၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စောင့်ကြည့်ရေးအဖွဲ့ Data for Myanmar အရ သိရသည်။ 

သို့ရာတွင် စစ်ကောင်စီ၏ မီးရှို့လုပ်ငန်းစဉ်သည် လက်နက်ကိုင်ပဋိပက္ခများ တင်းကြမ်းဖြစ်နေရာ မြို့နယ်များတွင် ထပ်တူကျ ကျူးလွန်ခြင်းမျိုး သိပ်မရှိဘဲ အခြားသော ကျေးရွာဒေသများတွင် ကျူးလွန်မှု ပို၍ များပြားခြင်း ဖြစ်သည်။ မည်သည့်အတွက်ကြောင့် PDF များနှင့် ထိပ်တိုက်တွေ့ရာ ဧရိယာများကို ၎င်းတို့၏ မီးရှို့လုပ်ငန်းစဉ်ဖြင့် အပြင်းဒဏ်ဆုံး ဒဏ်ခတ်ရန် အမိန့်ပေးညွှန်ကြားမှု နည်းပါးရပါသနည်း။ PDFs များနှင့် ပူးပေါင်းဆောင်ရွက်သည်ဟု ရှုမြင်သော ကျေးရွာများကိုပဲ အပြစ်ပေးရန် သို့မဟုတ် PDFs များ မဖွဲ့တည်ရသေးသော ကျေးရွာများ၏ ထောက်ပံ့ကူညီမှုများ မရရှိစေရန် ဖျက်ဆီးခြင်း သို့မဟုတ် လူဦးရေ နည်းပါးအောင် ပြုလုပ်ခြင်းဖြင့် မီးရှို့လုပ်ငန်းစဉ်ကို ကျူးလွန်ခြင်းလားဆိုသည်ကိုတော့ အချက်အလက် ရှင်းရှင်းလင်းလင်း မသိရပေ။
👍17🔥2
စစ်ကောင်စီ ကန့်သတ်ချက်တွေကြောင့် ရော်ဘာဈေးကွက် ထိခိုက် | Business Round Up (4.8.2023)
==================

- မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းမှ ဆယ်နှစ်အတွင်း ဓာတ်ငွေ့ ၅၂ ဘီလီယံ ကုဗမီတာ တင်ပို့ခဲ့

- 'ဝ'ဒေသ သံဖြူထုတ်လုပ်မှုရပ်ဆိုင်းလိုက်ခြင်းကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း သံဖြူဈေးမြင့်တက်

- စစ်ကောင်စီ ကန့်သတ်ချက်တွေကြောင့် ရော်ဘာဈေးကွက် ထိခိုက်

- အိန္ဒိယဆန်တင်ပို့မှု ပိတ်ပင်မှုကြောင့်  ဆန်ဈေးနှုန်းများမြင့်တက်

https://youtu.be/HIWOmFK4e0Y
 
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
ရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ
❤9👍5🔥1
ရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ
=================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကို ဩဂုတ်လ ၄ရက် ယနေ့တွင်ချီတက်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “ဖက်ဆစ်စိတ်ဓာတ် အမြစ်ဖြတ်” ဆိုသည့် စာတန်းကို ကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။

“စစ်အာဏာရှင်ဆိုတဲ့ ဝါဒဆိုး စနစ်ဆိုးကိုတော်လှန်နေတာဖြစ်တယ် ၊ အခုလို စနစ်ဆိုး ဝါဒဆိုးကိုတော်လှန်နေချိန်မှာ ဖက်ဆစ်စစ်တပ်သာမကဘဲ ဖက်ဆစ်စိတ်ဓာတ်ကိုပါ တိုက်ထုတ်ရမှာဖြစ်တယ်” ဟု ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ဖက်ဆစ်စစ်တပ်တွင်ရှိသည့် ဖက်ဆစ်စိတ်ဓာတ်သာမက တော်လှန်ရေးအင်အားစုများအတွင်းတွင် မသိစိတ်မှာ သန္ဓေတည်တတ်သည့် ဖက်ဆစ်စိတ်ဓာတ်ကိုလည်း အပြီးတိုင်တော်လှန်ကြရမည်ဖြစ်ကြောင်းဆိုသည်။

ဆက်လက်ပြီးဆန္ဒပြသူများသည် နွေဦးတော်လှန်ရေးနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲများအတွင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းများကို ဦးညွှတ် အလေးပြုခဲ့ကြကြောင်းသိရသည်။

ယနေ့ချီတက်ပွဲသည် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့် ကျင်ရေး ၈၆၅ ရက်မြောက်အဖြစ် ချီတက်ခဲ့ကြခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရွာပေါင်းစုံ
#သပိတ်စစ်ကြောင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤2🔥1