Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကရင်နီပြည်နယ်တွင် ဇူလိုင်လအတွင်း တိုက်ပွဲ (၃၃) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၈၄ ဦးသေဆုံး
👍24😁3❤2
ကရင်နီပြည်နယ်တွင် ဇူလိုင်လအတွင်း တိုက်ပွဲ (၃၃) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၈၄ ဦးသေဆုံး
==================

002
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်တွင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့်တိုက်ပွဲ ၃၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၈၄ ဦးသေဆုံး ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်သည်။

တိုက်ပွဲများသည် KNDF က အခြားသော အင်အားစုများနှင့် လက်တွဲကာ ပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ဦး သေဆုံးကာ သုံ့ပန်း သုံးဦး ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် လက်နက်ငယ် ရှစ်လက်နှင့် ခဲယမ်းအမြောက်အမြားသိမ်းဆည်းရမိခဲ့သည်ဟု KNDF က ဆိုသည်။

KNDF မှလည်း ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပြီး ကျဆုံးခဲ့သည့် မဟာမိတ်တပ်များမှ ရဲ ဘော်များကိုလည်း အာဇာနည် သူရဲကောင်းများအဖြစ် မှတ်တမ်းတင် အလေးပြုကြောင်း KNDF က ထုတ်ပြန်သည်။
ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု ၄၂ ကြိမ်ပြုလုပ်ခဲ့ရာ ကလေးတစ်ဦး အပါအဝင် ပြည်သူ လေးဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရခဲ့ကြောင်း ၊ ယင်းအပြင် လက်နက်ကြီး ထိမှန်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးကာ၊ ၁၄ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ သတ်ဖြတ်သဖြင့် ပြည်သူ ခုနစ်ဦး သေဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုတို့ကြောင့် လူနေအိမ် ၁၃လုံး၊ဘာသာရေးအဆောက်အအုံ နှစ်လုံး၊ ဆေးပေးခန်း တစ်ခန်း နှင့် စာသင်ကျောင်း နှစ်ကျောင်းတို့လည်း ပျက်စီးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီက မယ်စဲ့မြို့နယ်ရှိ တပ်စခန်းများနှင့် နယ်စပ်စခန်းများအား လက်လွတ်ဆုံးရှုံးခဲ့ပြီးနောက် ဇွန်လအတွင်း စစ်အင်အားဖြည့်တင်းကာ စစ်ဆင်ရေးအရှိန်မြှင့်တင်ရန် လူသူလက်နက်ခဲယမ်းနှင့် ဆက်သွယ်ရေးစက်များပါဝင်သော စစ်ကား အစီး၁၀၀ကျော်ပါ ယာဉ်တန်းကို လွိုင်ကော်မြို့နယ် အတွင်းသို့ ဝင်ရောက်အားဖြည့်ခဲ့သည်ဟု KNDF က ဆိုသည်။

ဇူလိုင်လ တတိယအပတ်မှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမှ ဖယ်ခုံကို ဖြတ်၍ လွိုင်ကော်မြို့နယ်သို့ ဝင်လာသော စစ်ကောင်စီ၏ ထောက်ပို့စစ်ယာဉ်တန်းအား လွိုင်ကော်မြို့ အနီးတွင် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၏ ကားသုံးစီး ပျက်စီးခဲ့ကြောင်း၊ ထို့အတူ အဆိုပါယာဉ်တန်းများအား လုံခြုံရေးယူပေးမည့် လွိုင်ကော်မြို့မှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ၂၀ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား အနီးတွင် မယ်စဲ့မြို့ကို ပြန်လည်သိမ်းယူနိုင်ရေးစစ်ကြောင်းထိုးနေသာ စစ်ကောင်စီတပ်ဖွဲ့နှင့် မယ်စဲ့မြို့နယ်ရှိ ပန်တိန်းနယ်ခြားစောင့်စခန်းတွင် ရဟတ်ယာဉ်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်များကိုလည်း ကရင်နီပူးပေါင်း တပ်ဖွဲ့များက အဆက်မပြတ် တိုက်ခိုက်ခဲ့သည်ဟု KNDF က ထုတ်ပြန်သည်။

ဘောလခဲမြို့နယ်၊ ရွာသစ်မြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ ထိုးစစ်ဆင်လျက်ရှိသဖြင့် ကရင်နီ ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာသစ်မြို့ အတွင်းသို့ ဝင်ရောက် တပ်စွဲကာ အရပ်သားပြည်သူ ၃၀၀ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု KNDF က ထုတ်ပြန်သည်။

ဇူလိုင်လအတွင်း ကရင်ပြည်နယ်၊သံတောင်မြို့နယ် ၊ယာဒိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို မဟာမိတ်တပ်များနှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်၏ အဆမတန် လေကြောင်းပစ်ကူများအသုံးပြုမှုနှင့် အင်အား အမြောက်အများ ဖြည့်တင်းမှုကြောင့် ယာဒိုကျေးရွာနှင့်အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု KNDF က ဆိုသည်။

ကရင်နီပြည်နယ်အတွင်း စစ်မျက်နှာအသီးသီးတွင် စစ်ကောင်စီတပ်ဖွဲ့များ အထိနာလျက်ရှိပြီး လက်နက်၊ခဲယမ်း၊ ရိက္ခာနှင့် တပ်အင်အားဖြည့်တင်းနိုင်ရန် အပြင်းအထန် ကြိုးစားနေသည်ဟု KNDF က ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ကရင်နီပြည်နယ်
#စစ်ကောင်စီတပ်
#KNDF
#တိုက်ပွဲဖြစ်ပွား

ပုံအညွှန်း- ဇူလိုင်လကုန်ပိုင်းက ကရင်နီပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ရရှိသည့် စစ်လက်နက်အသုံးအဆောင်ပစ္စည်းများ။(ဓာတ်ပုံ-KNDF)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👏7😁3
စစ်တပ်ထုတ်ကုန်တွေ မသုံးဖို့ တိုက်တွန်းတဲ့ လောင်းလုံးမြို့လူထုသပိတ်
=====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။လောင်းလုံးမြို့နယ်တွင် စစ်တပ်ထုတ်ကုန်များ မသုံးစွဲရန် တိုက်တွန်းသည့် လူထုသပိတ်နှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်ကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြုလုပ်ခဲ့သည်။

အဆိုပါ လူထုသပိတ်ကို ဩဂုတ်လ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် လောင်းလုံးမြို့ပေါ် နေရာအချို့၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
DDMSC သပိတ်ကော်မတီဝင်များနှင့် ဒေသခံများက “‌‌ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်”စာသားပါ ဘန်ကိုင်ဆွဲပြီးချီတက်ခဲ့ကြသည်။

ဒေသခံပြည်သူများအပါအဝင် ပြည်သူလူထုတရပ်လုံးအနေနှင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများကို လုံးဝ (လုံးဝ) ရောင်းချခြင်း၊ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ကြဘဲ သပိတ်မှောက်သွားကြရန် အလေးအနက်တိုက်တွန်းလိုကြောင်း သပိတ်ဦးဆောင်သူများက တိုက်တွန်းခဲ့ကြသည်။

တနင်္သာရီတိုင်းအတွင်း ယခုရက်ပိုင်းတွင် တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။

စာတည်း - မောင်ကြီး

https://youtu.be/F_nwoNfZPSk

#mizzima
#လောင်းလုံးမြို့နယ်
#စစ်တပ်ထုတ်ကုန်များ
#လူထုသပိတ်
#DDMSC
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤7😁2
​​ပုဂံမှ ဘုရားကိုခြံခတ်ပြီး မြန်မာမဝင်ရဆိုသည်မှာ ဖြစ်စဉ်အဟောင်းသာဖြစ်
=======================

JC
(မဇ္ဈိမ)။ ။ပုဂံတွင် ရှေးဟောင်းဘုရားကိုခြံခတ်ကာ နိုင်ငံခြားသားပိုင် ဟိုတယ်နှင့် စားသောက်ဆိုင်ပြုလုပ် ထားပြီး မြန်မာနိုင်ငံသား ဘုရားဖူးများအား ဝင်ခွင့်ကန့်သတ်ထားသည်ဆိုသောသတင်း လူမှုကွန်ရက် တွင် ပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ ဖြစ်စဉ်အဟောင်းသာဖြစ်သည်။

“Hta Yaw Thar” အမည်ဖြင့် ဖေ့စ်ဘုတ်အသုံးပြုသူက ဩဂုတ်လ ၁ ရက်နေ့တွင် “ဘုရားကို ခြံခတ်ပြီး မြန်မာမဝင်ရဟုဆိုတဲ့ ပုံဂံက နိုင်ငံခြားသားပိုင်ဟိုတယ်” ခေါင်းစဉ်ဖြင့် ရွှေစည်းခုံဘုရားအနီးတွင် နိုင်ငံခြား သားပိုင် Bagan Step ဟိုတယ်သည် ရှေးဟောင်းဘုရားတဆူနှင့် ပုဂံခေတ်ကျောက်တိုင်သုံးခုအား ခြံဝင်း ခတ်ကာ ဘုရားဖူးခရီးသွား မြန်မာနိုင်ငံသားများအား ဝင်ခွင့်မပြု၊ ဓာတ်ပုံရိုက်ခွင့်မပြုကြောင်း ဖြန့်ဝေထား သည်။

၎င်းအား ဖြန့်ဝေမှု ၉၈၇ ခုရှိကာ ပိုစ့်ကို screenshot ရိုက်ကာ ပြန်လည်ဖြန့်ဝေထားမှုများလည်း ဖေ့စ်ဘုတ် တွင် ပျံ့နှံ့လျက်ရှိသည်။

ထိုအကြောင်းအရာကို မဇ္ဈိမမှ အချက်အလက်စစ်ဆေးခဲ့ရာ ၂၀၁၅ ခုနှစ်ကဖြစ်ပွားခဲ့သည့် ဖြစ်စဉ် အဟောင်းကို ပြန်လည်ဖြန့်ဝေထားခြင်းသာဖြစ်ကြောင်း တွေ့ရသည်။

April Maung Maung ဆိုသည့် ဖေ့စ်ဘုတ်အသုံးပြုသူတဦးက ထိုအကြောင်းအရာနှင့် ဓာတ်ပုံများကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင်ဖော်ပြထားခဲ့ပြီး ဖြန့်ဝေမှု ၂၃,၀၀၀ ကျော်ရှိကာ အခြား ဖေ့စ်ဘုတ် သုံးစွဲသူများမှလည်း ဖြန့်ဝေမှုများစွာရှိခဲ့သည်။ မူရင်းရေးသားသူမှာ ကိုဇင်မင်းဆွေဟု စာအဆုံးတွင်ဖော် ပြထားသော်လည်း ၎င်းကို မတွေ့ရတော့ပေ။

၂၀၁၅ ခုနှစ်ဆန်းပိုင်းက ရွှေစည်းခုံဘုရားအနောက်ဘက် မြစ်ကမ်းအနီး၌ ရှေးဟောင်းဘုန်းကြီးကျောင်း ကိုခြံဝင်းခတ်ကာ ခရီးသွားများအားဝင်ခွင့်ကန့်သတ်သည့်ဖြစ်စဉ် ရှိခဲ့ဖူးသော်လည်း လက်ရှိတွင် ထိုလုပ် ငန်းမှာမရှိတော့ကြောင်း ဟိုတယ်လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်) မှ ဦးဇော်ဝိတ် ကပြောသည်။

“အရင်ကတော့ရှိခဲ့ဖူးတယ်၊ အခုတော့ အဲ့ဒါကမရှိတော့ပါဘူး။ အဲ့ဒါကလည်း ရှေးဟောင်းဘုန်းကြီး ကျောင်းမှာ ဝင်းခတ်ထားတာ။ ဘုရားမရှိပါဘူး အဆောက်အဦးကဘုန်းကြီးကျောင်းအပျက်တွေပါ” ဟု ဦးဇော်ဝိတ်က မဇ္ဈိမကိုပြောသည်။

သတင်းတုတွင် ဖော်ပြထားသည့် ဓာတ်ပုံများအနက် မြေပုံ၏နေရာအနီးတဝိုက်အား Google map တွင် ရှာဖွေခဲ့ရာ Bagan Step ဟု ဖော်ပြထားသည့်တည်နေရာတခုကို တွေ့ရသည်။ ထို Bagan Step တည်နေ ရာမှဖော်ပြထားသည့် ဖုန်းနံပါတ်အား မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူမှ ဆက်သွယ်ခဲ့ရာ ဖုန်းမှာ စက် ပိတ်ထားသည်။

ယင်းနေရာအနီးတဝိုက်တွင် ဇောတိပါလပရဟိတကျောင်းတိုက်ရှိပြီး မဇ္ဈိ၏အချက်အလက်စစ်ဆေးသူ က ဆက်သွယ်မေးမြန်းခဲ့ရာ လူမှုကွန်ရက်၌ပျံ့နှံ့နေသည့်အကြောင်းအရာမှာ မှားယွင်းနေပြီး လက်ရှိတွင် အဆိုပါခြံဝင်းကို ၎င်းကစောင့်ရှောက်ထားကြောင်း ဆရာတော်ဥူးဇောတိပါလက မိန့်ကြားသည်။

“ဟိုတယ်တော့ မရှိပါဘူး။ ၂၀၁၅ တုန်းကတင်ထားတဲ့ဟာကို အခု လတ်တလောမှာမှ ရတနာရတနာ ဆိုတဲ့အကောင့်ကလားတော့ မသိပါဘူး ပြန်တင်နေတာ။ အလကားလျှောက်ဖွနေတာ မဟုတ်ပါဘူး။ အမှားကြီးပါ။ အဲဒါက ၂၀၁၅ တုန်းကတည်းက တင်ထားတဲ့ဟာကြီးလေ။ အဲဒါကလည်း ခြံပဲရှိတော့တယ်။ လောလောဆယ် ဘုန်းကြီးပဲ စောင့်ရှောက်နေတယ်”ဟု ဆရာတော်ဥူးဇောတိပါလက မဇ္ဈိမသို့ မိန့်ကြား သည်။

ဘုရားဖူးခရီးသည်များအား ပုဂံ၊ ညောင်ဦးမြို့အတွင်း ဝန်ဆောင်မှုပေးနေသည့် သုံးဘီးဆိုင်ကယ်မောင်းသူ တဦးအား ဆက်သွယ်မေးမြန်းသည့်အခါတွင်လည်း လက်ရှိတွင် သွားလာခွင့်မရသည့်နေရာ မရှိကြောင်း နှင့် ရွှေစည်းခုံစေတီအနီးတဝိုက်တွင် Bagan Step ဆိုသည့် ဟိုတယ်မရှိကြောင်း မဇ္ဈိမကိုပြောသည်။

ထို့ကြောင့် လူမှုကွန်ရက်တွင်လတ်တလောပျံ့နှံ့နေသည့် နိုင်ငံခြားသားဟိုတယ်ပိုင်ရှင်များက ရှေးဟောင်း ဘုရားများအားခြံဝင်းခတ်ကာ မြန်မာနိုင်ငံသားခရီးသွားများအား ဓာတ်ပုံရိုက်ခွင့်မပေးဘဲ သွားလာခွင့် ပိတ်ပင်သည်မှာ ယခင် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဟောင်းအား ယခု ဖြစ်စဉ်ကဲ့သို့ ပြန်လည် ဖြန့်ဝေထားခြင်းသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#dissemination_of_old_processes
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁2❤1
​​ကော်ဘရာစစ်ကြောင်းက ကျပ်သိန်း ၅,၀၀၀ ကမ်ပိန်း ပြုလုပ်
==========================

(မဇ္ဈိမ)။ ။ ကော်ဘရာစစ်ကြောင်းက “လူထုအားလုံးပါဝင်ပေး Cobra စစ်ဆင်ရေး” အမည်ရှိ ကမ်ပိန်းလုပ်ဆောင်နေပြီး ကျပ်သိန်း ၅,၀၀၀ ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။ ကမ်ပိန်းကို သြဂုတ် ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ တစ်လကြာပြုလုပ်မည်ဖြစ်သည်။

" Cobraစစ်ကြောင်းက မြွေဟောက်တွေဆိုတာ ရန်သူအပေါ် ပါးပြင်းထောင် မာန်ချီပြရုံသက်သက် မဟုတ်ဘဲ အဆိပ်ပြင်းပြင်းနဲ့ အစွမ်းပြခဲ့၊ လက်စွမ်းပြနေရုံသာမက ပန်းတိုင်ရောက်သည်အထိဖက်ဆစ်စနစ်၊ ဖက်ဆစ်တပ်ကို ဆုံးခန်းတိုင် အမြစ်ဖြတ် ချေမှုန်းသွားမယ့် ပြည်သူ့တော်လှန်ရေးသမားတွေဆိုတာ အားလုံးအသိပါပဲ။

မြွေဟောက်တွေရဲ့ အဆိပ်ပြင်းတဲ့ စစ်ဆင်ရေး အတွက် လိုအပ်တဲ့ထောက်ပံ့ရေးကဏ္ဍမှာ ပြည်သူလူထု တစ်ရပ်လုံးက ပါဝင်ပေးကြဖို့ နှိုးဆော်ပါတယ်ဗျို့" ဟု ကော်ဘရာစစ်ကြောင်းက အသိပေးထားသည်။

“Cobra Column Fundraising Team ၏ Facebook Page သို့ လှူဒါန်းလိုသူများ ဆက်သွယ်နိုင်ပြီး ပြည်ပရောက်မြန်မာများအနေဖြင့် Fundraising Team များသို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကော်ဘရာစစ်ကြောင်း
#ကမ်ပိန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22❤8🔥1😁1
​​မြန်မာဘဏ် ၂ ခုအား ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားခြင်းကို စတင်လိုက်နာကြရန် အမေရိကန် သတိပေး
==========================

ဇွန်လအတွင်းက အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲ ထည့်သွင်းခဲ့သည့် မြန်မာဘဏ် နှစ်ဘဏ်နှင့် လုပ်ငန်းကိစ္စများ ဆောင်ရွက်ခြင်းများကို စီးပွားရေးလုပ်ငန်းများအနေဖြင့် ဩဂုတ် ၅ ရက် နောက်ဆုံးထားကာ ရပ်တန့်ကြရန် အမေရိကန်က သောကြာနေ့တွင် သတိပေးသည်။
.
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့အား ဇွန် ၂၁ ရက်က နာမည်ပျက်စာရင်း သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်း ဘဏ်နှစ်ဘဏ်သည် စစ်ကောင်စီက လက်နက်နှင့် လောင်စာဆီ ပြည်ပမှ ဝယ်ယူရာတွင် နိုင်ငံခြားငွေ အသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်ပေးနေသကဲ့သို့ ပြည်ပအကောင့်များ အသုံးပြုကာ နိုင်ငံခြားဈေးကွက်များသို့ ဝင်ရောက်နိုင်ရေးတို့ကို ဆောင်ရွက်ပေးနေကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

မြန်မာ့ ရေနံ၊ ဓာတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်မျက်နှင့် အခြားသော နယ်ပယ်များမှ စစ်ကောင်စီ အကျိုးအမြတ် ရရှိရေးကို ယင်း ဘဏ်များက ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ မက်သရူး မီလာက ပြောသည်။

တစစ လုပ်ငန်းလျှော့ချခြင်း လုပ်ဆောင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းကိုင်ငန်းများကို အဆိုပါ MFTB နှင့် MICB ဘဏ်တို့နှင့် ဆက်လက်၍ လုပ်ငန်းလုပ်ကိုင်နိုင်ရန် ခွင့်ပြုသည့် လိုင်စင်တစ်ရပ်ကို ဇွန်လအတွင်းက ချထားပေးခဲ့သော်လည်း အဆိုပါ လိုင်စင်မှာ စနေနေ့ (ဩဂုတ် ၅ ရက်) တွင် သက်တမ်းကုန်ပြီဖြစ်၍ အဆိုပါ ဘဏ်များနှင့် ဆက်လက်၍ လုပ်ငန်းဆောင်ရွက်ခြင်းကို ဘိုင်ဒင်အစိုးရအနေဖြင့် အပြစ်ပေးခြင်း စတင်ဆောင်ရွက်တော့မည် ဖြစ်သည်။

“ဒဏ်ခတ်ပိတ်ဆို့မှု ရည်ရွယ်ချက်နဲ့ အမေရိကန်ရဲ့ မူဝါဒကို ဆန့်ကျင်ဖီလာပြုတဲ့ ရှောင်လွှဲမှုတွေနဲ့ အခြား အမူအကျင့်တွေကို တန်ပြန်သွားဖို့ MFTB နဲ့ MICB တို့နဲ့ လုပ်ငန်းကိစ္စ ပတ်သက်လုပ်ကိုင်မှုတွေကို အမေရိကန်အနေနဲ့ ဂရုတစိုက် စေ့စေ့စပ်စပ် စောင့်ကြည့်သွားမှာ ဖြစ်တယ်၊ ကျွန်တော်တို့အနေနဲ့ သင့်တော်တဲ့အတိုင်း ဥပဒေအရ အရေးယူမှုတွေကို လုပ်ဆောင်မှာ ဖြစ်တယ်”ဟု မီလာက သတိပေးသည်။

“ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး ရှာဖွေနေပြီး နိုင်ငံရဲ့ ဒီမိုကရေစီ အနာဂတ်အတွက် ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူကို ထောက်ပံ့အားပေးသွားရေးမှာ အမေရိကန်ဟာ ယိမ်းယိုင်လိမ့်မှာ မဟုတ်ဘူး၊ စစ်ကောင်စီရဲ့ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်မှာ အသုံးချနိုင်စွမ်း ရှိနေတာကို ထိန်းချုပ်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေ၊ နိုင်ငံတကာ အသိုင်းအဝန်းက မဟာမိတ်တွေနဲ့ ဆက်လက်လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်”ဟု ၎င်းက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)
👍32😁4🥰2👏2❤1
​​"Switch (2023)"
============

မင်းသမီးတွေနဲ့ ထည်လဲတွဲပြီး အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်မင်းသား ဘဝကို ပိုင်ဆိုင်ထားတဲ့ ကိုရီးယားရဲ့ တော့ပ်စတား "ပတ်ခ်ခန်"။ မင်းသားရဲ့ သူငယ်ချင်းလည်းဖြစ် မန်နေဂျာလည်းဖြစ်တဲ့ "ဂျိုယွန်း"ကတော့ မင်းသားရဲ့ အရှုပ်တော်ပုံတွေကို ဒိုင်ခံရှင်းပေးသူပါ။

ဒီလိုနဲ့ ခရစ္စမတ် အကြိုညချမ်းမှာ ရုပ်ရှင်ဆုပေးပွဲ တစ်ခုကအပြန် သူတို ဆိုင်လေးတစ်ဆိုင်မှာ ဝင်သောက်ရင်း "ပတ်ခ်ခန်"တစ်ယောက် တက္ကစီတစ်စီးနဲ့ အိမ်ပြန်လာခဲ့ပါတယ်။ ဒါဟာ သူ့ဘဝအတွက် အချိုးအကွေ့တစ်ခု ဖြစ်လိမ့်မယ်မှန်း သူ မသိခဲ့ပါဘူး။

နောက်တစ်နေ့မနက် အိပ်ရာနိုးချိန်မှာ သူဟာ အတိတ်ကို ပြန်ရောက်နေခဲ့ပြီး၊ နာမည်ကျော်မင်းသား မဟုတ်တော့ဘဲ၊ လွန်ခဲ့တဲ့ ၁၀ နှစ်က သူ လမ်းခွဲခဲ့တဲ့ အချစ်ဦး "ဆိုယွန်း"ရဲ့ ခင်ပွန်းသည် ပြီးတော့ အမြွှာလေးနှစ်ယောက်ရဲ့ ဖခင် ဖြစ်နေခဲ့တာကို သူ သိလိုက်ရပါတယ်။

ဒီဘက်ဘဝမှာ မင်းသား"ဂျိုယွန်း"ရဲ့ မန်နေဂျာအဖြစ်နဲ့ အတိတ်မှာ သူ မရွေးချယ်မိခဲ့တဲ့ ဘဝတစ်ခုကို တစ်ကျော့ပြန် ခံစားခွင့်ရခဲ့တဲ့ "ပတ်ခ်ခန်"။ ဘဝရဲ့ အဓိပ္ပါယ်နဲ့ ပျော်ရွှင်မှု အစစ်အမှန်ကို သူ ရှာတွေ့သွားမလား ဆိုတာကိုတော့ ပရိသတ်ကြီးနဲ့အတူ စောင့်ကြည့်ကြမယ်နော်။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။၅.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍6❤2😁1
ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၇၅၂ ရက်မြောက် ချီတက်ဆန္ဒပြ( ပုံသတင်း)
====================

ကိုခင်မောင်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယမန်နေ့ သြဂုတ်လ ၄ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

သပိတ်စစ်ကြောင်းသည် ဒေသတွင်းနယ်မြေမငြိမ်သက်မှုကြားမှ "သွေးမအေးတဲ့ ရွှေနွယ်သွေး"ဘန်နာကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ၇၅၂ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ရွှေနွယ်သွေး
#သပိတ်စစ်ကြောင်း

website link >>> http://www.mizzimaburmese.com/article/131690

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤15👍8🔥1😁1
"အတွင်းပဋိပက္ခကြောင့် စစ်အာဏာရှင်ကို တိုက်ရမယ့်ရည်ရွယ်ချက်ပိုဝေးကွာစေတယ်" ကိုဇေယျာလွင် (တာဝန်ခံ) 96 Soldiers - PDF အညာဒေသတပ်ခွဲ (အင်တာဗျူး)
===================

မဇ္ဈိမ။ ။ အတွင်းပဋိပက္ခကြောင့် စစ်အာဏာရှင်ကို တိုက်ရမယ့်ရည်ရွယ်ချက်ပိုဝေးကွာစေတယ်လို့ 96 Soldiers - PDF အညာဒေသတပ်ခွဲရဲ့ တာဝန်ခံဖြစ်တဲ့ ကိုဇေယျာလွင်က မဇ္ဈိမရဲ့ Weekly Interview မှာပြောပါတယ်။

ဒီတပတ် Weekly Interview အစီအစဉ်မှာတော့ 96 Soldiers - PDF အညာဒေသတပ်ခွဲ(LPDF) ကို ကာကွယ် ‌ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသရုံးက အခြေချနေထိုင်တာနဲ့ ပတ်သက်ပြီး 96 Soldiers - PDFရဲ့ တာဝန်ခံ ကိုဇေယျာလွင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

တင်ဆက်၊မေးမြန်း၊တည်းဖြတ် - မောင်ခက်နွေ
စာတည်း။ ။ အောင်ကျော်ဖြိုး
.
https://youtu.be/2zwoZST2_Qk

#Mizzima
#Weekly Interview
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😢6😁5
​​KNU တပ်မဟာ (၅) နယ်မြေတွင် ၁ လအတွင်း တိုက်ပွဲ ၁၈၉ ကြိမ်ဖြစ်ပွား
====================

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လ တစ်လအတွင်း တိုက်ပွဲအကြိမ်ရေ ၁၈၉ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်၏ ဩဂုတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

"ဘူးသိုနဲ့ ဒွယ်လိုးမှာက တိုက်ပွဲတွေဖြစ်တာ များပါတယ်။ မဲဝိုင်မှာလည်း တိုက်ပွဲတွေများတယ်" ဟု တပ်မဟာ (၅) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အတွင်း KNU တပ်မဟာ (၅) နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့၊ ၎င်းတို့၏လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအကြိမ်ရေ ၁၈၉ ကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် BGF တို့ဘက်မှ ၁၀၉ ဦးသေဆုံး၍ ၈၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဇူလိုင်လ တစ်လတာ တိုက်ပွဲများအတွင်း တပ်မဟာ (၅) KNLA ဘက်မှလည်း ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လအတွင်း တပ်မဟာ (၅) KNLA က စစ်ကောင်စီတပ်၏ ရုံးအဆောက်အအုံသုံးလုံးနှင့် စစ်ကောင်စီတပ်က ပိုင်ဆိုင်သည့် ရိက္ခာတင်ကား VIGO အမျိုးအစား ကားတစ်စီးအား ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ အသုံးပြုသည့် မြင်း၊ လား ၄၁ ကောင် သေဆုံးခဲ့ကာ အကောင်ရေ ၃၀ ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

"တပ်မဟာ(၅) ဒေသက တော၊ တောင်တွေ ထူထပ်တော့ တချို့ဒေသတွေက ကားလမ်း မပေါက်လို့ သယ်ယူရေးအတွက် မြင်း၊ လား အသုံးပြုရတာပါ" ဟု တပ်မဟာ (၅) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

တိုက်ပွဲဖြစ်စဉ်များအပြင် ဇူလိုင်လအတွင်း KNU တပ်မဟာ (၅) နယ်မြေအတွင်းရှိ ဒေသခံများနေထိုင်ရာ ကျေးရွာများနှင့် တောင်ယာလုပ်ငန်းခွင်များသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် ဒေသခံရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း၌လည်း တပ်မဟာ (၅) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း ၁၇၀ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်တွင် ဒု-တပ်ကြပ်တစ်ဦးအပါအဝင် ၁၄၆ ဦး သေဆုံးခဲ့ကာ ၄၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
ဓါတ်ပုံ (KNU-မူတြော်သတင်းစဉ်) ပုံအညွှန်း- ရှေ့တန်းနယ်မြေမှ တပ်မဟာ (၅) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ

#ကရင်ပြည်နယ်
#ဖာပွန်ခရိုင်
#KNU
#တိုက်ပွဲဖြစ်ပွား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👏4❤1🔥1
Chef Eve's Easy Thai Cooking Show | Episode (25) Promo
======================

ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ ငရုတ်သီးပွ အဆာသွတ်ကြော် နဲ့ ကြက်သားသုပ် ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ငရုတ်သီးပွ အဆာသွတ်ကြော် နဲ့ ကြက်သားသုပ် ကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့် သြဂုတ်လ ၅ ရက်၊ စနေနေ့ ညနေ (၆) နာရီမှာ Mizzima + Channel ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/L2wQUrOHLhY

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁2