Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကရင်ပြည်နယ် မြ၀တီမြို့တွင် လူနေအိမ်များထဲရေဝင်ခြင်းနှင့် ကားလမ်းများရေမြုပ်သွားပြီး ယာဉ်အသွားအလာနှောင့်နှေးမှုဖြစ်ပွားနေသည်ကို ယနေ့ (ဩဂုတ် ၅ ရက်) တွင် တွေ့ရစဉ်။
=====================

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကရင်ပြည်နယ် မြ၀တီမြို့တွင် လူနေအိမ်များထဲရေဝင်ခြင်းနှင့် ကားလမ်းများရေမြုပ်သွားပြီး ယာဉ်အသွားအလာနှောင့်နှေးမှုဖြစ်ပွားနေသည်ကို ယနေ့ (ဩဂုတ် ၅ ရက်) တွင် တွေ့ရစဉ်။ မြ၀တီသည် ထိုင်းနိုင်ငံမှတင်သွင်းသော ကုန်စည်များ ဖြတ်သန်းစီးဆင်းရာ အဓိကမြို့တမြို့လည်းဖြစ်သည်။

ဓါတ်ပုံ- KT

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥6😢2
Media is too big
VIEW IN TELEGRAM
ငရုတ်သီးပွ အဆာသွတ်ကြော် | Chef Eve's Easy Thai Cooking Show | Ep - 25

Watch more detail- https://youtu.be/ihhoXNgjAEw

#reels #shorts #Mizzima #ChefEve’s
🔥4👍1
​​ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က နိုင်ငံရင်း ပြန်ရန်ကို ရွှေ့ဆိုင်း 
========================

ထိုင်းနိုင်ငံတွင် မေလ အထွေထွေရွေးကောက်ပွဲ၌ စစ်တပ်နောက်ခံသည့် ပါတီများ၏ အတိုက်အခံတို့ အနိုင်ရပြီးနောက် နိုင်ငံရေး သောင်မတင် ရေမကျ အခြေအနေကို ကျောလွှားနိုင်ရေး ရုန်းကန်နေရစဉ် ကိုယ်တိုင်ပြည်ပြေးသူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာက ထိုင်းနိုင်ငံသို့ ပြန်လာမည့် အစီအစဉ်အား ရွှေ့ဆိုင်းကြောင်း စနေနေ့တွင် ပြောသည်။ 

ဆက်သွယ်ရေးလုပ်ငန်းရှင်ဟောင်း သက်ဆင်သည် ၂၀၀၁ ခုနှစ်က ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် စစ်တပ်၏ ဖြုတ်ချခြင်း ခံခဲ့ရသူ ဖြစ်သည်. အာဏာအလွဲသုံးစားမှု ပြစ်ဒဏ်ကို ရှောင်လွှဲရန်အတွက် ၎င်းသည် ၂၀၀၈ ခုနှစ်ကတည်းက ပြည်ပသို့ ကိုယ်တိုင် ထွက်ပြေးခဲ့သူဖြစ်သော်လည်း ထိုင်းနိုင်ငံရေးတွင် အရိပ်လွှမ်းဆဲ ဖြစ်သည်။ ၎င်းအပေါ် စွဲဆိုသော ပြစ်ဒဏ်သည် ၂၀၀၆ ခုနှစ် အာဏာသိမ်းမှု၌ ၎င်း၏ အစိုးရကို ဖြုတ်လိုက်ပြီးနောက် နိုင်ငံရေးစေ့ဆော်မှုအရ ဖြစ်သည်ဟု သက်ဆင်က ဆိုသည်။ 

မိမိအနေဖြင့် ကျန်းမာရေး စစ်ဆေးရန် လိုအပ်နေပြီး မူလက ဩဂုတ် ၁၀ ရက်၌ ထိုင်းသို့ ပြန်မည့်အစီအစဉ်ကို သီတင်းပတ်အတန်ကြာအထိ နှောင့်နှေးထားရမည်ဖြစ်ကြောင်း တွစ်တာဟု ယခင်က သိခဲ့သည့် လူမှုမီဒီယာပလက်ဖောင်း X တွင် စနေနေ့၌ သက်ဆင်က ပို့စ်တင် ပြောဆိုသည်။ 

သက်ဆင်သည် မေရွေးကောက်ပွဲ၌ တိုးတက်ရေးပါတီ ရှေ့သို့ချီပါတီနောက် ဒုတိယအနိုင်ရသည့် ဖျူထိုင်းပါတီကို ကျောထောက်နောက်ခံ ပြုထားသည်။ 

အဆိုပါ အနိုင်ရ ပါတီနှစ်ရပ်သည် စိတ်သဘောထား တူညီသည့် မိတ်ဖက် ခြောက်ပါတီနှင့်အတူ အစိုးရဖွဲ့နိုင်ရေး ကြိုးပမ်းလျက် ရှိသော်လည်း စစ်တပ်ခန့်အပ်သည့် အမတ်များနှင့် ကွန်ဆာဗေးတစ်များ ကြီးစိုးသော ဆီးနိတ်လွှတ်တော်၌ ပိတ်ဆို့ခံထားရသည်။ 

ယခု သီတင်းပတ်အစောပိုင်းတွင် ရှေ့သို့ချီပါတီ မပါဘဲ အစိုးရဖွဲ့နိုင်ရေးအတွက် ဖျူထိုင်းပါတီက ဦးဆောင် ကြိုးပမ်းလာခဲ့သည်။ ရှေ့သို့ချီပါတီမှာ ၎င်း၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် စစ်တပ်လိုလားသော ကွန်ဆာဗေးတစ်များ၏ အတိုက်အခံပြုမှုကြောင့် အရာမထင် ရှိနေခဲ့သည်။ 

စစ်အုပ်ချုပ်ရေး၌ ရေးဆွဲသော ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်အား မဲပေးရွေးကောက်ရန် ရွေးကောက်ခံ အောက်လွှတ်တော်နှင့် ခန့်အပ်ခံ ဆီးနိတ်လွှတ်တော်တို့မှ ပူးတွဲမဲပေးရန် လိုအပ်ခြင်း ဖြစ်သည်။ 
ရွေးကောက်ပွဲ၌ မဲအများဆုံး အနိုင်ရသည့် ရှေ့သို့ချီပါတီသည် အကြီးအကဲ ဖိထာ လင်ဂျာရွန်ရတ်အား ဝန်ကြီးချုပ်အဖြစ် အတည်ပြုရေး နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့သော်လည်း နှစ်ကြိမ်စလုံး ပိတ်ဆို့ခံရသည်။ 

ဖျူထိုင်းပါတီက အိမ်ခြံမြေလုပ်ငန်းရှင် ဆရတ်သာ သာဝီဆင်းကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းမည်ဟု ယခု သီတင်းပတ်အစောပိုင်းက ပြောထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။)
👍6🔥5
​​တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား ၉,၀၀၀ ကျော် ထိုင်းဘက်၌ ခိုလှုံ
====================

မကြာသေးခင်က တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား ၉,၀၀၀ ကျော်ထက်မနည်းသည် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆန်ပြည်နယ်တွင် ခိုလှုံနေရလျက် ရှိနေချိန် ပြီးခဲ့သည့်ရက်၌ ကရင်နီပြည်နယ်တွင် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားသည်။

မယ်ဟောင်ဆန်ပြည်နယ် နယ်စပ်၌ စစ်ဆင်နေသော ကရင်နီတပ်တော်( KA )မှ တိုက်ခိုက်ရေးသမားများနှင့် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်တို့ကြား ယမန်နေ့က တိုက်ပွဲများ ဖြစ်ပွားသည်ဟု KA အဆင့်မြင့် သတင်းရင်းမြစ်အရ သိရသည်။

မယ်ဟောင်ဆန်ပြည်နယ်၏ တစ်ဖက်ခြမ်း ထိုင်း-မြန်မာနယ်စပ်မှ ငါးကီလိုမီတာ အကွာခန့်ရှိ စစ်အခြေစိုက်စခန်းများသို့ မြန်မာစစ်တပ်က စစ်ကူဖြည့်တင်းသည့်နောက်၌ တိုက်ပွဲများ ဖြစ်ပွားခြင်း ဖြစ်သည်ဟု ယင်း သတင်းရင်းမြစ်က ဆိုသည်။

တိုက်ပွဲများအတွင်း မော်တာကျည် ပစ်ခတ်မှုများ၊ ဒရုန်းတိုက်ခိုက်မှုများအပြင် တိုက်လေယာဉ်တစ်စင်းဖြင့် ပစ်ခတ်ခြင်းများပါ ရှိသည်ဟု သတင်းရင်းမြစ်အရ သိရသည်။

KA ၏ တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်က လက်နက်နှင့် ရိက္ခာ ပေးပို့ရာတွင် အသုံးပြုသည့် ထရပ်ကား သုံးစင်း ပျက်စီးသည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။ မြန်မာနိုင်ငံတွင်းက တိုက်ပွဲများမှ ဘေးလွတ်ရာ ခိုလှုံရန် ကြိုးစားလာသူ ၉,၀၃၃ ဦးကို မယ်ဟောင်ဆန်ပြည်နယ်ရှိ ယာယီခိုလှုံရေးစခန်း ငါးခုတွင် လက်ခံထားသည်။

ခိုလှုံရေးစခန်း သုံးခုမှာ မယ်ဟောင်ဆန်ခရိုင်တွင် တည်ရှိပြီး ခွန်ယုအမ်းနှင့် မောင်းခရိုင်တို့တွင် တစ်ခုစီ တည်ရှိသည်။
😢7👍5🔥3😁1
​​OUT NOW! This week's issue of #MizzimaWeekly. Grab your copy of this downloadable PDF here - https://bit.ly/3OKPs7I

#Mizzima #Weekly #PDF #MAGAZINE
❤4🔥1🤮1💯1
Media is too big
VIEW IN TELEGRAM
ကြက်သားသုပ် | Chef Eve's Easy Thai Cooking Show | Ep - 25

Watch more detail- https://youtu.be/ihhoXNgjAEw

#reels #shorts #Mizzima #ChefEve’s
👍2🤮1
​​Ek Villain Returns (2022)
==============

တွေးစရာ ပဟေဠိတွေအပြည့်၊ အလှည့်အပြောင်းတွေ အပြည့်နဲ့ မှုခင်းအက်ရှင် ဇာတ်လမ်းမျိုးကိုမှ နှစ်သက်သူတွေအတွက် ဒီဇာတ်ကားလေးကို ညွှန်းပေးချင်ပါတယ်။

ဘဝမှာ လိုတိုင်းတရနိုင်တဲ့ Rich Kid တစ်ယောက်ပီပီအရှုံးပေးလိုက်မယ့်အစား အသေပဲခံလိုက်မယ်ဆိုတဲ့ သူဌေးသားလေး ဂေါ်တမ်မယ်ရာ။

အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ဖို့ အိပ်မက်အကြီးကြီး မက်နေတဲ့ မထင်မရှားအဆိုတော်မလေး အာဗီ။

အာဗီနာမည်ကြီးလာအောင်ကူညီခဲ့သလို တကယ်လည်းချစ်ခဲ့ပေမယ့် လက်စားချေချင်တဲ့စိတ်နဲ့ အရှက်ခွဲမိခဲ့တဲ့အခါ ဂေါ်တမ်ရော၊ အာဗီအတွက်ပါ ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။
တစ်ဖက်မှာလည်း စည်းစိမ်ဥစ္စာ မက်မောပြီး အလိုရမ္မက်ကြီးတဲ့ အရောင်းစာရေးမလေး ရာစီကာနဲ့ ရိုးသားတဲ့ တက္ကစီယာဉ်မောင်းဘိုင်ရပ်တို့ရဲ့ တစ်ဖက်သတ် အချစ်ဇာတ်လမ်းကလည်း လျှို့ဝှက်နက်နဲမှုတွေနဲ့ ပြည့်နေတယ်။

အာဗီအပါအဝင် မိန်းကလေး ၁၅ ယောက်ဟာ ရုတ်တရက် ပျောက်ဆုံးပြီး ရက်ရက်စက်စက် အသတ်ခံရတာဟာ မွမ်ဘိုင်းမှာ အလှုပ်ခတ်ဆုံး သတင်းဖြစ်လာခဲ့ပြီး ရဲတွေလည်း အလုပ်ရှုပ်ရတော့တယ်။

လူသတ်သမားက တစ်ယောက်တည်းဖြစ်နေသလို အသတ်ခံရတဲ့ မိန်းကလေးတွေကလည်း ရည်းစားရှိကြသူတွေချည်းပဲမို့ ဒီအမှုဟာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက်လာတော့တယ်။
မင်းသားနှစ်လက်က အမိုက်စား၊ အကြမ်းစား၊ မင်းသမီးနှစ်လက်ကလည်း ချောပေ့လှပေ့မို့ မှုခင်းဆန်တဲ့ အက်ရှင်ဇာတ်လမ်းတွေကိုမှ သဘောကျတဲ့ ပရိသတ်တွေအတွက် ဒီဇာတ်ကားက ကြည့်ရကျိုးနပ်မှာ အသေအချာပါပဲ။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၅.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၆.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍6❤1🔥1
Media is too big
VIEW IN TELEGRAM
“ဒီကနေ့အညာနဲ့ အနာဂတ် မျှော်ရည်ချက်” | ချစ်သောအညာမြေ Episode-21

Watch more detail -https://youtu.be/53TQfj9iNOs

#ချစ်သောအညာမြေ #စကားဝိုင်း #shorts #reels #Mizzima
🔥3👍1
ငရုတ်သီးပွ အဆာသွတ်ကြော် နဲ့ ကြက်သားသုပ် | Chef Eve's Easy Thai Cooking Show | Ep - 25
==================

ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့
ငရုတ်သီးပွ အဆာသွတ်ကြော် နဲ့ ကြက်သားသုပ် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

Easy Thai Cooking Show အစီအစဉ်မှာထိုင်း စားဖိုမှူး Chef Eve ကနေရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + Channel ကနေ ကြည့်ရှုနိုင်ပါပြီ။

တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/ihhoXNgjAEw

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#thaifood
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍2🔥1
​​မဏိပူရတွင် ဖြစ်ပွားသော အကြမ်းဖက်မှုများသည် ဘာသာရေး ပြသနာ မဟုတ်ဘဲ လူမျိုးရေး ပဋိပက္ခသာ ဖြစ် 
=====================

အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ မဏိပူရပြည်နယ်သည် ဧရိယာ ၂၂၃၂၇ စတုရန်းကီလိုမီတာ ကျယ်ဝန်း၍ ခန့်မှန်းခြေအားဖြင့် လူဦးရေ ၃ သန်းခန့် နေထိုင်ကြပြီး အိန္ဒိယ၏ “အရှေ့တံခါးပေါက်” ဟု ရည်ညွှန်းလေ့ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2🤔1😢1
ခါမ်းပါတ်မြို့တွင် စစ်ကောင်စီတပ်မှ အိမ်ခြေ ၁၄လုံး မီးရှို့ဖျက်ဆီး
🤬4😁3❤1👍1
ခါမ်းပါတ်မြို့တွင် စစ်ကောင်စီတပ်မှ အိမ်ခြေ ၁၄လုံး မီးရှို့ဖျက်ဆီး
=====================

ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့နေဒေသခံများသည် ဇူလိုင်လ၂၃ရက်မှစ၍ မြို့လုံးကျွတ် စစ်ဘေးရှောင်နေကြစဥ် စစ်ကောင်စီတပ်မှ လူနေအိမ် ၁၄လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း မြို့နေဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ခါမ်းပါတ်မြို့ အမှတ် (၁) ရပ်ကွက်မှ လူနေအိမ်များ မီးရှို့ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီအတိုင်းကြုံရာကို မီးရှို့တာဖြစ်နိုင်တယ်၊မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်ထဲမှာ အိမ်ကြီးအိမ်ကောင်းတွေနဲ့ ဆောက်လက်စ အိမ်တွေလည်းပါဝင်ပါတယ်။ “ ဟု ခါမ်းပါတ်မြို့နေဒေသခံတစ်ဦးက မဇ္စျိမသို့ ပြောသည်။

စစ်ကောင်စီတပ်သားများသည် ခါမ်းပါတ် မြို့ပေါ်က လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည့်အပြင် လူနေအိမ်များအား ဖောက်ထွင်းပြီး တန်ဖိုးကြီး ပစ္စည်းများ၊ ဖုန်းဆိုင်များရှိ လက်ကိုင်ဖုန်းများကိုလည်း ခိုးယူခဲ့ကြသည်ဟု ၎င်းဒေသခံထံမှ သိရသည်။

ယခုလက်ရှိအချိန်တွင် ခမ်းပတ်မြို့မှ နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသော စစ်ဘေးရှောင် ဒေသခံများအနေဖြင့် ဩဂုတ်လ ၃ရက်မှစ၍ မိမိတို့နေရပ်သို့ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ပြီဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂ရက်နေ့တွင် ခါမ်းပါတ်ခရစ်ယာန်များအသင်း(KCC)မှ သိက္ခာတော်ရဆရာများမှ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား ကြားဝင်ညှိနှိုင်းပြီး သဘောတူညီမှု ရရှိပြီးနောက် ယခုကဲ့သို့ နေရပ်ပြန်လာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ခါမ်းပါတ်မြို့မှ ဒေသခံ ၁၀,၀၀၀ ကျော်သည် ဇူလိုင်လ ၂၃ရက်မှ စ၍ အိန္ဒိယနယ်စပ်နှင့် ကလေးမြို့ဘက်သို့ စစ်ဘေးတိမ်းရှောင်နေကြခြင်းဖြစ်ပြီး သြဂုတ်လ ၃ရက်နေ့ စစ်ဘေးရှောင်ရက် ၁၂ရက်အကြာတွင် မြို့ပေါ်သို့ ပြန်လည်ဝင်ရောက်နေခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ခါမ်းပါတ်မြို့
#စစ်ကောင်စီတပ်
#KCC
#စစ်ဘေးတိမ်းရှောင်

ပုံစာ။ ။ ခမ်းပတ်မြို့က မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6👍5❤1🥰1😁1
သြဂုတ်လ( ၅ )ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ရေစကြိုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုကြောင့် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ မြင်းခြံခရိုင်တပ်ရင်း(၅) ဒုတပ်ရင်းမှူးသေဆုံးသွားတဲ့သတင်းနဲ့အတူ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းတွေကြားမှာရှိတဲ့ပဋိပက္ခတွေကို ထိန်းညှိဖြေရှင်းပေးနိုင်ဖို့ တိုင်ကြားမှုများဆိုင်ရာကော်မတီ ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်း တွေကို နားဆင်ကြရပါမယ်။

သတင်းတွေအပြီးမှာတော့ Weekly Interview အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။ အခုတစ်ခေါက် Weekly Interview အစီအစဉ်မှာ 96 Soldiers - PDF အညာဒေသတပ်ခွဲ(LPDF) ကို ကာကွယ် ‌ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသရုံးက အခြေချနေထိုင်တာနဲ့ ပတ်သက်ပြီး 96 Soldiers - PDFရဲ့ တာဝန်ခံ ကိုဇေယျာလွင်ကို ဆက်သွယ်မေးမြန်းထားတာကိုနားဆင်ရမှာ ဖြစ်ပါတယ်။

https://youtu.be/rFAQd6YZfS0

#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🔥1😁1