Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သောင်ရင်းမြစ်နှင့် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ကရင်ပြည်နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွား
😢4🔥2😁1
သောင်ရင်းမြစ်နှင့် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ကရင်ပြည်နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွား
===================

YT
(မဇ္ဈိမ) ။ ။ သောင်ရင်းမြစ်နှင့် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး ကရင်ပြည်နယ်ရှိ မြို့အချို့၏ အနိမ့်ပိုင်းဒေသများ၌သာမက ကားလမ်းမပေါ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များနှင့် လူမှုကူညီကယ်ဆယ်ရေး အသင်းများထံက သိရသည်။

ယနေ့ ဩဂုတ်လ ၅ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန် တိုင်းတာချက်အရ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့် နှင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် နှစ်ပေခွဲခန့် မြင့်တက်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြဝတီမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့မှစ၍ မိုးဆက်တိုက် ရွာသွန်းမှု၊ တောင်ကျရေစီးဆင်းမှုများကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်လာရာ ထိုမြစ်ကမ်းအနီးရှိ အမှတ် (၅) ရပ်ကွက်၊ သရက်ပင်ဂိတ်အနီးရှိ ရပ်ကွက် နှင့် အမှတ် (၁) ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရပ်ကွက်များတွင် နေထိုင်သည့် ဒေသခံများအား နီးစပ်ရာ မြို့တွင်း ဘုန်းကြီးကျောင်းများတွင် ရွှေ့ပြောင်းထားရကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ ၅ ရက်တွင် အဆိုပါ အနိမ့်ပိုင်းရပ်ကွက်များ၌သာမက မြဝတီမြို့အလယ်၊ အာရှလမ်းမကြီးပေါ်အထိပါ ရေဖုံးလွှမ်းမှုများ ဖြစ်ပွားနေသဖြင့် ယာဉ်အသွားအလာအား ကန့်သတ်လိုက်ရကြောင်း မြဝတီမြို့နယ် လူမှုကူညီကယ်ဆယ်ရေးအသင်းတစ်ခု၏ တာဝန်ရှိသူထံက သိရသည်။

"မိန်းလမ်းမကြီး၊ အာရှလမ်းကြီးပေါ်မှာတောင် ရေက ခါးလောက်ထိ ဖြစ်သွားတာ။ မြေနီကုန်းကနေ မြို့ထဲက ကားက မြို့ပြင်ထွက်မရတော့ဘူး" ဟု မြဝတီမြို့နယ် လူမှုကူညီကယ်ဆယ်ရေး အသင်းတစ်ခု၏ တာဝန်ရှိသူထံက သိရသည်။

ထို့အတူ သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ဘားအံမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ် (၅) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက် ၊အမှတ် (၁) ရပ်ကွက် မီးစက်အနောက်ဘက်နှင့် တောင်နန်း၊ ဆယ်အိမ်စု၊ ကိုင်းတော ရပ်ကွက်များတွင် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်မှစ၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး အဆိုပါ ရပ်ကွက်များမှ ဒေသခံများအား ကယ်ဆယ်ရေးစခန်းများတွင် ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။

"ဒီနေ့မိုးလည်း သိပ်မရွာဘူး။ ရေက တက်လာတာမရှိသလို ကျလဲမကျဘူး။ ဒီတိုင်းပဲရှိနေတာ။ ကယ်ဆယ်ရေးစခန်းက အားလုံး လောလောဆယ်ငါးခုဖွင့်ထားပြီးပြီိ။ တချို့က ရေတက်လာတာနဲ့ ရွှေ့လာကြတာ" ဟု ဘားအံမြို့နယ် ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထို့အပြင် မိုးရွာသွန်းမှု၊ တောင်ကျရေစီးဆင်းမှုနှင့် ချောင်းရေလျှံမှုများကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ် (၅) လှိုင်ကွက်သစ်၊ ရေလယ်ကုန်းကျေးရွာ၊ လှိုင်းဘွဲ့မြို့နယ်၊ မြို့မိန်းလမ်းမကြီးပေါ်၊ ရွှေဂွန်းကျေးရွာ၊ ကြာအင်းကျေးရွာ၊ ဒေါ်လန်းကျေးရွာ၊ ကျုံဒိုးမြို့နယ် အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်တို့တွင် နေအိမ်များအတွင်းအထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် အရေးပေါ် ကူညီကယ်ဆယ်မှုများအား ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများ၏ ဖြေကြားချက်အရ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ ဩဂုတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ သောင်ရင်းမြစ်ရေနှင့် သံလွင်မြစ်ရေသည် ယနေ့တိုင်းတာသော စိုးရိမ်ရေမှတ်များအတိုင်း လာမည့် ဩဂုတ်လ ၇ ရက်နေ့အထိ ဆက်လက်တည်ရှိနေနိုင်သဖြင့် ဘားအံမြို့နယ်နှင့် မြဝတီမြို့နယ် အနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် သတိထား နေထိုင်သင့်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ကရင်ပြည်နယ်
#သံလွင်မြစ်
#သောင်ရင်းမြစ်
#မိုးလေဝသ

ဓါတ်ပုံ (မိုးမြင့်ထက်) ပုံအညွှန်း- ယနေ့ ဩဂုတ်လ ၅ ရက်နေ့၊ ဘားအံမြို့နယ်အတွင်း ရေကြီးရေလျှံမှုအခြေအနေ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢6👍5😁2🔥1
​​KNU တပ်မဟာ (၃) တွင် လက်နက်ကြီးကျည်ကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ကလေးငယ်အပါအဝင် ၃ ဦး ဒဏ်ရာရ
==================

YT
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံး၍ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့၊ နံနက် ၄ နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာအနီး၌ တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF၊ ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းရှိပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံး၍ လေးဦး ပြင်းထန်ဒဏ်ရာရထားကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
အဆိုပါတိုက်ပွဲအပြီး၌ စစ်ကောင်စီတပ်က သူဌေးကုန်းကျေးရွာတွင် အထိုင်ချထားသော ခမရ (၂၇၄) စစ်ကောင်စီတပ်စခန်း၊ ပိန်းဇလုပ်အခြေစိုက် ခမရ (၂၆၄) တို့မှ လက်နက်ကြီးများဖြင့် သမင်အင်းကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ်ရှိ မောင်ပိုင်စိုးသူ ဦးခေါင်းတွင် ကျည်စထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း KNU က ဆိုသည်။

ထို့အပြင် ဩဂုတ်လ ၂ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း တုံးတောကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၉၉) ​မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျည်တစ်လုံးသည် မုန်းမြို့နယ်၊ မြွေတွင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU ​၏ ထုတ်ပြန်ချက်အရ သိရသည်။

" တစ်အိမ်တည်းက လူတွေ၊ အိမ်တစ်အိမ်တည်းကို ကျတာ။ အိမ်တော့ တော်တော်ပျက်စီးသွားတယ်။ ဒဏ်ရာရသူတွေက တော်တော်တော့ သက်သာနေကြပါပြီ" ဟု တပ်မဟာ (၃) သတင်းရင်းမြစ်က မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

အဆိုပါ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မုန်းမြို့နယ်၊ မြွေတွင်းကျေးရွာမှ အသက် ၃၇ နှစ်အရွယ် မသီတာအေး သေဆုံးခဲ့ပြီး အသက် ၇၁ နှစ်အရွယ်ရှိ ဦးတင်ဦး၊ အသက် ၃၉ နှစ်အရွယ်ရှိ မဇင်မာဝင်း၊ အသက်ခြောက်နှစ်အရွယ်ရှိ ချစ်ဖုန်းသွယ်တို့ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်၊ မုန်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ ရွှေကျင်မြို့နယ်တို့သည် ကရင်အမျိုးသားအစည်းအရုံး( KNU)​၏ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၃) အုပ်ချုပ်နယ်မြေအတွင်းတည်ရှိပြီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများ၊ အထိုင်ချ စစ်ကောင်စီတပ်စခန်းများ​၏ ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်မှုများကြောင့် အဆိုပါ နယ်မြေအတွင်း ဒေသခံ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတို့ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KNU
#KNLA
#PDF
#ကျောက်တံခါးမြို့နယ်

ဓါတ်ပုံ- (KNU ) ပုံအညွှန်း- စစ်ကောင်စီ​၏ လက်နက်ကြီးထိမှန်၍ ဒဏ်ရာရသူတစ်ဦး

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥3😢3😁1😱1
ရေကြီးရေလျှံမှုများဖြစ်ပွားနေသည့် ဘားအံမြို့တွင်ရေဘေးကယ်ဆယ်ရေးစခန်း ထားရှိကူညီ
=================

YT
(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် ဘားအံမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများကြုံတွေ့နေရ၍ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများက ရေဘေးကယ်ဆယ်‌ရေး စခန်းများ ထားရှိကာ ကူညီနေကြရသည်ဟု သိရသည်။

ဘားအံမြို့ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၅)ရပ်ကွက်၊ အမှတ် (၁) ရပ်ကွက် မီးစက်အနောက်ဘက်နှင့် တောင်နန်း၊ ဆယ်အိမ်စု၊ ကိုင်းတောဘက်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့မှစ၍ ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေရသည်ဟု ကယ်ဆယ်ရေးဆောင်ရွက်နေသူများကပြောသည်။

လက်ရှိ ရေကြီးရေလျှံမှုကြုံတွေ့နေရသည့် ရပ်ကွက်များမှ ဒေသခံများအား ကယ်ဆယ်ရေးစခန်းငါးခုဖွင့်၍ ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးနေရပြီး အိမ်ခြေပေါင်း ၁၆၀ ခန့်က မိသားစုဝင်များက ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေပြီးဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

#ကရင်ပြည်နယ်
#ဘားအံမြို့
#ရေကြီးရေလျှံ

ပုံအညွှန်း- မိုးလုံလေလုံအားကစားရုံ၌ဖွင့်လှစ်ထားသည့်ရေဘေးကူညီကယ်ဆယ်ရေးစခန်း။(ဓာတ်ပုံ-မိုးမြင့်ထက်)

Website Link - http://www.mizzimaburmese.com/article/131709
👍16😢6🔥1👏1
​​6.8.2023 ( Sunday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
====================

Highlight

Korea Movie -Very Ordinary Couple (မနက်- ၁၀ နာရီ)
နှောင်ကြိုးဖွဲ့ ကလဲ့စား (ညနေ - ၇ နာရီ)
India Movie - Kudimahaan (ည- ၈ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
#dailyschedule
👍8🔥1😁1
​​Very Ordinary Couple
==============

အီဒုန်ဟီးနဲ့ ဂျန်ယောင်းတို့ဟာ ဘဏ်တစ်ခုတည်းက ဝန်ထမ်းတွေဖြစ်ပြီး သူတို့တွဲနေကြတယ်ဆိုတာကို သူတို့ချင်းလမ်းခွဲတော့မှ တစ်ရုံးလုံးသိလိုက်ရတယ်...

လမ်းခွဲပြီး ကိုယ်စီကိုယ်စီ ရည်းစားသစ်ရပြီဆိုမှ တစ်ယောက်ကိုတစ်ယောက်က သဝန်တိုတာတွေ၊ သံယောဇဉ်မပြတ်တာတွေနဲ့ နောက်ဆုံးမှာတော့ ပြန်တွဲဖြစ်သွားကြလေရဲ့ ...

ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ဆိုတဲ့ သာမန်စုံတွဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတွေကိုအခြေခံထားတာဖြစ်လို့ ပျင်းစရာကောင်းမယ်လို့ထင်ရပေမယ့် အချစ်ဇာတ်မြူး ကားကောင်းလေးပါ....

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။၆.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍3🔥2😁1
သြဂုတ်လ( ၆ )ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

EU ဥရောပသမဂ္ဂက ပြီးခဲ့တဲ့လက ပိတ်ဆို့အရေးယူလိုက်တဲ့ စစ်ကောင်စီအဖွဲ့ဝင် ခြောက်ဦး နဲ့ စစ်ကောင်စီ ထိန်းချုပ်မှုအောက်လည်ပတ်နေတဲ့ သတ္တုတွင်းလုပ်ငန်းတစ်ခုကို ဆွစ်ဇာလန်နိုင်ငံက ဩဂုတ် ၄ရက်နေ့မှာ ထပ်မံ ပိတ်ဆို့အရေးယူလိုက်တဲ့သတင်းနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG တရားရေးဝန်ကြီးဌာနက တရားစီရင်ရာမှာ ၂၀၂၃ ခုနှစ် ဇွန်လအထိ အမှုပေါင်း ၂၀၀ ကျော်ကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ Weekly Interview အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။ အခုတစ်ခေါက် Weekly Interview အစီအစဉ်မှာ 96 Soldiers - PDF အညာဒေသတပ်ခွဲ(LPDF) ကို ကာကွယ် ‌ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသရုံးက အခြေချနေထိုင်တာနဲ့ ပတ်သက်ပြီး 96 Soldiers - PDFရဲ့ တာဝန်ခံ ကိုဇေယျာလွင်ကို ဆက်သွယ်မေးမြန်းထားတာကိုနားဆင်ရမှာ ဖြစ်ပါတယ်။

https://youtu.be/wfXn7JiTRbY

#Morningradio
#Mizzimaradio
----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍7🔥1😁1
ဩဂုတ် ၆ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
===================

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၆ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေး ထားတာလည်း ဖြစ်ပါတယ်။

https://youtu.be/HG3IaK29rzI

#ရန်ကုန်ခေတ်သစ်
#thisweek
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1😁1
South Asia Today အစီအစဉ်
=====================

ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့

-နီပေါနိုင်ငံသားများအတွက်စွန့်ပစ်အမှိုက် စီမံခန့်ခွဲခြင်းမှစီးပွားရေးတစ်ရပ် ဖြစ်ထွန်းလာ

-PoK ရှိကျောင်းဆရာများမှ အစိုးရရဲ့ လျစ်လျူရှုမှုအတွက် တရားမျှတမှု တောင်းဆို

-ဒဂီရာနာဘုရားကျောင်းသို့ လက်ထပ်ပြီးစ စုံတွဲများ ကောင်းချီးရယူရန် လာရောက်

-ပါကစ္စတန် ထိန်းချုပ်နယ်မြေကက်ရှမီးယားဟာ ဆယ်စုနှစ်များစွာ တစ်မျိုးမဟုတ် တစ်မျိုးခွဲခြားဆက်ဆံမှုတွေနဲ့ ကြုံတွေ့ခဲ့

အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/YXXGMURSSRY

#southasiatoday
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁2
မလေးရှားတွင် တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသား ၄၀၀ ကျော်ဖမ်းဆီးခံရ
👍4😢4🔥1👏1🤬1
မလေးရှားတွင် တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသား ၄၀၀ ကျော်ဖမ်းဆီးခံရ
======================

မဇ္ဈိမ။ ။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ တွင် တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသား ၄၀၀ ကျော် သြဂုတ်လ ၅ ရက်က ဖမ်းဆီးခံရကြောင်း မလေးရှားမြန်မာသတင်းပြန်ကြားရေး (MIM)က သိရသည်။

ထိုနေ့ မနက်အစောပိုင်း ၁ နာရီခွဲခန့်တွင် မလေးရှားရဲများက Taman Len Senဘက်တွင် ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကလေးနှင့် မိခင်များလည်း ဖမ်းဆီးခံခဲ့ရကြောင်း ထိုအဖြစ်အပျက်ကို မြင်တွေ့ခဲ့ရသူ Saya LLက ဆိုသည်။

"‌ဒီမနက်ဖမ်းဆီးခံရတဲ့ တိုက်ခန်း သုံးခုမှာက ချင်းတွေနေတာများတယ်။ ခါတိုင်းတော့ တိုက်တစ်ခု၀င်ရင် ကျန်တာမ၀င်ဘူး။ ဒီတကြိမ်တော့ အကုန်လုံးကို၀င်ပြီး မိသားစုလိုက်ပါ အကုန်ဖမ်းခေါ်သွားတယ်။ ကျွန်တော်တို့နေတဲ့ နေရာမှာတင်ပဲ အယောက်၁၀၀ကျော်လောက်ရှိမယ်။ ကျွန်တော်နေတဲ့ အဆောက်အအုံရဲ့ အောက်ဘက်မှာနေတဲ့ လူတွေလည်း အများကြီးပဲ အဖမ်းခံရတယ်။ သူတို့ကတော့ မြန်မာတွေနဲ့ဘင်္ဂလားတွေပဲ” ဟု ၎င်းကဆိုသည်။

မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်မှုအပြင် Work Permit ထဲတွင် ဖော်ပြထားသည့် အလုပ်နှင့် လက်တွေ့လုပ်နေသည့် အလုပ်မတူလျှင်၊ စက်ရုံအမည်မတူလျှင် မလေးရှားနိုင်ငံ ရဲက ဖမ်းဆီးမည်ဖြစ်သည်။ ဖမ်းဆီးခံရပါက ထောင်ဒဏ် သုံးလမှ ခြောက်လအထိ ချမှတ်ခံရနိုင်ပြီး ထောင်မှလွှတ်လျှင် မလေးရှားနိုင်ငံ လူမှုဝင်မှုကြီးကြပ်ရေး စီစဥ်ထားသည့် နေရာတွင် ခေတ္တနေရာပြီးနောက် သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ခံရသည်။

စာအညွှန်း- မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ တရားမဝင်နေထိုင်မှုကြောင့် ဖမ်းဆီးခံရစဥ် (ဓာတ်ပုံ-CJ)
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မလေးရှားနိုင်ငံ
#တရားမဝင်နေထိုင်သူ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬5👍3👎1🔥1👏1
လန်ဒန်မြို့တွင် ၃၅နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် ဆန္ဒထုတ်ဖော်
=====================

မဇ္ဈိမ။ ။ လန်ဒန်မြို့ရှိ ဗြိတိသျှပါလီမန်ရှေ့နှင့် ဝန်ကြီးချုပ်နေအိမ်ရှေ့တို့တွင် ဩဂုတ်လ ၅ ရက်တွင် ၃၅နှစ်မြောက် ၈၈၈၈(၈ လေးလုံး) အထိမ်းအမှတ်အဖြစ် ဆန္ဒထုတ်ဖော်ကြသည်။

ဖမ်းဆီးထားသော ခေါင်းဆောင်းများနှင့် နိုင်ငံရေးအကျဥ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရေး ပရိသတ် အင်အားရာချီတက်ရောက်ကာ မိုးထဲ၊လေထဲတွင် ဆန္ဒထုတ်ဖော်ကြသည်ဟု သိရသည်။

ဖယ်ဒရယ်ဒီမိုကရေစီ အမြန်ဖော်ဆောင်ရေးနှင့် စစ်ကောင်စီအား ဖိအားပေးအရေးယူဆောင်ရွက်ရန် တောင်းဆိုကြသည်။
ဆန္ဒပြပွဲများအပြီးတွင် Green park ပန်းခြံ၌ ရန်ပုံငွေဈေးရောင်းပွဲ ဆက်လက်ကျင်းပခဲ့ကြသည်ဟု သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ဖယ်ဒရယ်ဒီမိုကရေစီ
#၈လေးလုံး
#ဆန္ဒထုတ်ဖော်

ပုံအညွှန်း-လန်ဒန်မြို့တွင် ၃၅နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်ဆန္ဒထုတ်ဖော်သူများ(ဓာတ်ပုံ- Yebaw Yar)

Website Link - http://www.mizzimaburmese.com/article/131714
👍13❤3😁2🤮1