မလေးရှားတွင် တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသား ၄၀၀ ကျော်ဖမ်းဆီးခံရ
======================
မဇ္ဈိမ။ ။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ တွင် တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသား ၄၀၀ ကျော် သြဂုတ်လ ၅ ရက်က ဖမ်းဆီးခံရကြောင်း မလေးရှားမြန်မာသတင်းပြန်ကြားရေး (MIM)က သိရသည်။
ထိုနေ့ မနက်အစောပိုင်း ၁ နာရီခွဲခန့်တွင် မလေးရှားရဲများက Taman Len Senဘက်တွင် ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကလေးနှင့် မိခင်များလည်း ဖမ်းဆီးခံခဲ့ရကြောင်း ထိုအဖြစ်အပျက်ကို မြင်တွေ့ခဲ့ရသူ Saya LLက ဆိုသည်။
"ဒီမနက်ဖမ်းဆီးခံရတဲ့ တိုက်ခန်း သုံးခုမှာက ချင်းတွေနေတာများတယ်။ ခါတိုင်းတော့ တိုက်တစ်ခု၀င်ရင် ကျန်တာမ၀င်ဘူး။ ဒီတကြိမ်တော့ အကုန်လုံးကို၀င်ပြီး မိသားစုလိုက်ပါ အကုန်ဖမ်းခေါ်သွားတယ်။ ကျွန်တော်တို့နေတဲ့ နေရာမှာတင်ပဲ အယောက်၁၀၀ကျော်လောက်ရှိမယ်။ ကျွန်တော်နေတဲ့ အဆောက်အအုံရဲ့ အောက်ဘက်မှာနေတဲ့ လူတွေလည်း အများကြီးပဲ အဖမ်းခံရတယ်။ သူတို့ကတော့ မြန်မာတွေနဲ့ဘင်္ဂလားတွေပဲ” ဟု ၎င်းကဆိုသည်။
မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်မှုအပြင် Work Permit ထဲတွင် ဖော်ပြထားသည့် အလုပ်နှင့် လက်တွေ့လုပ်နေသည့် အလုပ်မတူလျှင်၊ စက်ရုံအမည်မတူလျှင် မလေးရှားနိုင်ငံ ရဲက ဖမ်းဆီးမည်ဖြစ်သည်။ ဖမ်းဆီးခံရပါက ထောင်ဒဏ် သုံးလမှ ခြောက်လအထိ ချမှတ်ခံရနိုင်ပြီး ထောင်မှလွှတ်လျှင် မလေးရှားနိုင်ငံ လူမှုဝင်မှုကြီးကြပ်ရေး စီစဥ်ထားသည့် နေရာတွင် ခေတ္တနေရာပြီးနောက် သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ခံရသည်။
စာအညွှန်း- မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ တရားမဝင်နေထိုင်မှုကြောင့် ဖမ်းဆီးခံရစဥ် (ဓာတ်ပုံ-CJ)
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မလေးရှားနိုင်ငံ
#တရားမဝင်နေထိုင်သူ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬5👍3👎1🔥1👏1
လန်ဒန်မြို့တွင် ၃၅နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် ဆန္ဒထုတ်ဖော်
=====================
မဇ္ဈိမ။ ။ လန်ဒန်မြို့ရှိ ဗြိတိသျှပါလီမန်ရှေ့နှင့် ဝန်ကြီးချုပ်နေအိမ်ရှေ့တို့တွင် ဩဂုတ်လ ၅ ရက်တွင် ၃၅နှစ်မြောက် ၈၈၈၈(၈ လေးလုံး) အထိမ်းအမှတ်အဖြစ် ဆန္ဒထုတ်ဖော်ကြသည်။
ဖမ်းဆီးထားသော ခေါင်းဆောင်းများနှင့် နိုင်ငံရေးအကျဥ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရေး ပရိသတ် အင်အားရာချီတက်ရောက်ကာ မိုးထဲ၊လေထဲတွင် ဆန္ဒထုတ်ဖော်ကြသည်ဟု သိရသည်။
ဖယ်ဒရယ်ဒီမိုကရေစီ အမြန်ဖော်ဆောင်ရေးနှင့် စစ်ကောင်စီအား ဖိအားပေးအရေးယူဆောင်ရွက်ရန် တောင်းဆိုကြသည်။
ဆန္ဒပြပွဲများအပြီးတွင် Green park ပန်းခြံ၌ ရန်ပုံငွေဈေးရောင်းပွဲ ဆက်လက်ကျင်းပခဲ့ကြသည်ဟု သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ဖယ်ဒရယ်ဒီမိုကရေစီ
#၈လေးလုံး
#ဆန္ဒထုတ်ဖော်
ပုံအညွှန်း-လန်ဒန်မြို့တွင် ၃၅နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်ဆန္ဒထုတ်ဖော်သူများ(ဓာတ်ပုံ- Yebaw Yar)
Website Link - http://www.mizzimaburmese.com/article/131714

👍13❤3😁2🤮1
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ၈၈၈၈ အရေးတော်ပုံ ၃၅ နှစ်ပြည့် အကြိုအခမ်းအနား ကျင်းပ
❤11👍3😁2🤮1