တူမီးထီ အပတ်စဉ် (၁၅) မှ ရရှိလာသော ရန်ပုံငွေများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ ပေးအပ်
========================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်တော်လှန်ရေးတွင် ဘဏ္ဍာငွေအားဖြည့်ရန် ဖွင့်လှစ်ထားသည့် တူမီးထီ အပတ်စဉ် (၁၅) မှ ရန်ပုံငွေများကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) သို့ ပေးပို့ခဲ့ကြောင်း ဩဂုတ်လ ၃ရက်နေ့တွင် ထုတ်ပြန်သည်။
အပတ်စဉ် (၁၅) တွင် ထီအစောင်ရေ ၁၇၆စောင်ရောင်းရပြီး ဒေါ်လာ ၈၈၀ ရရှိကာ ဆုကြေးငွေ ဒေါ်လာ ၂၅၀နှင့် အေးဂျင့်အတွက် ဒေါ်လာ ၃၀ အသုံးပြုခဲ့သဖြင့် လက်ကျန် ဒေါ်လာ ၆၀၀ နှင့်ညီမျှသော ကျပ် ၁,၈၀၀,၀၀၀ ကို ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“ဒီတော်လှန်ရေးမှာ ထောက်ပို့ကဏ္ဍက အလွန်းအရေးပါပါတယ် ။ ထောက်ပို့ဟာ တော်လှန်ရေးခန္ဓာရဲ့ အစိတ်အပိုင်းလို့ ပြောလို့ရတယ်။ သူတို့အင်အားကောင်းလေ တော်လှန်ရေးနိုင်ဖို့များလေပဲ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ကျွန်ငိုင်း က မဇ္စျိမ ကိုပြောသည်။
ထိုရန်ပုံငွေများကို အဓိကအားဖြင့် လက်နက်ခဲယမ်း ဖြည့်တင်းရန်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်းဆိုသည်။
တူမီးထီက ရန်ပုံငွေများသည် ချင်းတော်လှန်ရေးအင်အားစု အသီးသီး ထံသို့ စီးဆင်းနေ၍ ပြည်သူများအနေဖြင့် တူမီးထီထိုးပြီး ချင်းတော်လှန်ရေးအင်အားစုများကို အားဖြည့်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
တူမီးထီအပတ်စဉ်(၁၄) မှ ရရှိသော ရန်ပုံငွေများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) CDF – Petletwa သို့ ပေးပို့ခဲ့ပြီး အပတ်စဉ် (၁၆) မှ ရရှိလာမည့် ရန်ပုံငွေများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မရာ) CDF – Mara သို့ ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ရန်ပုံငွေများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များသာမက စစ်ဘေးရှောင် (IDPs) များ၊ ဒဏ်ရာရရှိခဲ့သည့် ရဲဘော်များ ၊ ချင်းပြည်နယ်အတွင်း ပညာရေး ၊ ကျန်းမာရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသူများထံ ပေးပို့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
တူမီးအပတ်စဉ် (၁၆) အတွက် ထီလက်မှတ်တစ်စောင်လျှင် အမေရိကန် ငါးဒေါ်လာဖြင့် ရောင်းချလျက်ရှိပြီး ဆုကြေးငွေ ကန်ဒေါ်လာ ၄၀၀မှစတင်၍ ရောင်းချရမှုအပေါ် မူတည်ပြီး ဆုငွေတိုးမြှင့်သွားဖြစ်ကာ ဩဂုတ်လ ၃၁ရက်နေ့တွင် ကံထူးရှင်ရွေးချယ် သွားမည်ဖြစ်ကြောင်းသိရှိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
ပုံအညွှန်း-CNDF ရဲဘော်များ(ဓာတ်ပုံ-CNDF)
#Mizzima
#တူမီးထီ
#ရန်ပုံငွေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍26😁2
Media is too big
VIEW IN TELEGRAM
အကောင်းမြင်စိတ် | ကျန်းမာသုတ လူမှုဘ၀
Watch more detail - https://youtu.be/nEYGrFmPJ2k
#ကျန်းမာသုတလူမှုဘဝ #အကောင်းမြင်စိတ် #reels #shorts

👍7🤮1🥴1
KNU တပ်မဟာ(၆)နယ်မြေတွင် ဇူလိုင်လအတွင်း တိုက်ပွဲ ၆၆ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၉၅ ဦး သေဆုံး
===================
YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်တွင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၆၆ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်မှ ၉၅ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုမှ ဩဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း KNU တပ်မဟာ(၆)နယ်မြေတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲအကြိမ်ရေ ၆၆ ကြိမ်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(KNDO)၊ PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်၊ ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)တို့အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“တိုက်ပွဲကတော့ နေ့တိုင်းနီးပါး ဖြစ်နေတာပဲ။ အဖြစ်များတဲ့နေရာရယ်လို့ မဟုတ်ဘူး နေရာတိုင်းကိုဖြစ် နေတာ။ ပြီးခဲ့တဲ့လကဆို မြဝတီ လက်ခတ်တောင်က စခန်းသိမ်းတိုက်ပွဲတွေများတယ်” ဟု တပ်မဟာ (၆) မှ ရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတဦး၊ တပ်ခွဲမှူးနှစ်ဦးအပါအဝင် ၉၅ ဦး သေဆုံး ခဲ့ပြီး ဗိုလ်မှူးတဦး၊ ဗိုလ်ကြီးငါးဦး၊ တပ်ခွဲမှူးတဦး အပါအဝင် ၈၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တပ်မဟာ (၆) KNLA ၊ KNDO ၊ PDF ပူးပေါင်းစစ်ကြောင်းဘက်တွင်လည်း ရဲဘော်သုံးဦးကျဆုံးခဲ့ပြီး ၂၆ ဦး ထိခိုက်ဒဏ် ရာရခဲ့ကြောင်း KNU က ဆိုသည်။
“ဒူးပလာယာခရိုင်အတွင်းရှိ အပြစ်မဲ့ပြည်သူလူထုမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ လက် နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ကျေးရွာများအကြား မြေမြှုပ်မိုင်းများလိုက်လံထောင်းထားခြင်းနှင့် မိုးကြီး ရေလျှံခြင်းကြောင့် စိုးရိမ်ထိတ်လန့်စွာဖြင့် အသက်ရှင်နေထိုင်နေကြရသည်” ဟု KNU ၏ ထုတ်ပြန်ချက် ၌ ဖော်ပြထားသည်။
ဇူလိုင်လအတွင်း တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်၏ Mi 35 ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတို့ကြောင့် တပ်မဟာ(၆)နယ်မြေတွင် လေးဦးသေဆုံး၍ ကလေးငယ် နှစ်ဦးအပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ထိခိုက်ပျက်စီးမှုများခဲ့ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးမှုများအပြင် ဘာသာရေး အဆောက်အအုံတခု၊ နေအိမ် ၁၄ လုံး၊ ကားနှစ်စီး၊ ဆိုင်ကယ်တစီးနှင့် နွား ၁၇ ကောင် လက်နက်ကြီး ကျည်ထိမှန် ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။
ဇူလိုင်လအတွင်း KNU တပ်မဟာ (၆) နယ်မြေတွင် လမ်းများနှင့် ကျေးရွာများအနီး မြေမြှုပ်မိုင်းထောင် မှုကြောင့် အဆိုပါ မိုင်းများနင်းမိ၍ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ် ရာရခဲ့ကြောင်းလည်း သိရသည်။
KNU ၏ နယ်မြေသက်မှတ်ချက်အရ တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်တွင် ကရင်ပြည်နယ် မြဝတီ မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ဘုရားသုံးဆူမြို့၊ ကျုံဒိုးမြို့နှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်တို့ ပါဝင်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
ဓါတ်ပုံ( KNU) ပုံအညွှန်း- စစ်ရေးပြနေသော KNLA ရဲဘော်များ
#KNU
#တပ်မဟာ(၆)နယ်မြေ
#ကရင်ပြည်နယ်

👍14😁4👏3❤1
ကသာ ၊ရွှေကူ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာ အချို့ စစ်ကောင်စီ သင်္ဘောများကြောင့် တိမ်းရှောင်နေရ
===================
KMN
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာမြို့နယ်နှင့် ကချင်ပြည်နယ် ရွှေကူမြို့အကြား ဧရာဝတီမြစ် ကြောင်းတွင် စစ်ကောင်စီသင်္ဘောများရောက်ရှိနေပြီး ရမ်းသန်းပစ်ခတ်နေသည့်အတွက် မြစ်ဘေးကျေးရွာခံ အချို့ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီသင်္ဘောများသည် ယမန်နေ့ ဩဂုတ်လ ၅ ရက် ညက ကသာမြို့၊ သဖန်းကိုင်းရွာ သုဿန်အနီးတွင်ရပ်နားထားကြပြီး ၎င်းသင်္ဘောများမှ မြစ်ကမ်းတစ်လျှောက် ကျေးရွာများကို ရမ်းသန်းပစ်ခတ်ခဲ့ကြောင်းသိရသည်။
ထို့အပြင် သင်္ဘောများအတွက် လုံခြုံရေးယူထားသည့် ကုန်းကြောင်းမှ စစ်ကောင်စီတပ်များ ကပါ ကျေးရွာများအတွင်း ဝင်ရောက် စစ်ကြောင်းထိုးနေခြင်းကြောင့် ကသာမြို့နယ်အတွင်း ရှိ အင်းဒရန့်၊ ဘန့်ဘွေကုန်း၊ ပုလွေရွှေ၊ ဒန်းအော့၊ သစ်ဖြူကုန်းနှင့် ကျောက်ထုံးကြီး စသည့် ကျေးရွာဒေသခံများ တိမ်းရှောင်နေရသည်။
ဧရာဝတီမြစ်ကမ်းဘေးတွင် လုံခြုံရေးယူကာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့တွင် ကသာမြို့နယ်၊ ဆင်ကုန်းကျေးရွာ နေအိမ်အချို့ကို မီးရှို့ခဲ့ပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် အင်းဒရန့်ကျေးရွာ၊ ပုလွေရွှေကျေးရွာ ဒေသခံ ငါးဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းတွေ အရသိရသည်။
"ခုထိဘယ်သူမှ မပြန်ရဲကြဘူး ကျန်ခဲ့တဲ့ ပစ္စည်းတွေ စစ်ကြောင်းတွေ မရှိချိန် ရသလောက်ယူနေကြရတာ" ဟု အင်းဒရန့်ကျေးရွာ အနီးတွင်နေထိုင်သူက ပြောသည်။
ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီသင်္ဘောများသည် ကသာမြို့နယ် ၊ သဖန်းကုန်း ဆိပ်ကမ်းမှ ထွက်ခွာသွားပြီး ညနေပိုင်းတွင် ကျောက်ထုံးကြီးရွာသို့ ရောက်ရှိကာ ရွှေကူမြို့နယ် ဘက်သို့ ဆက်လက်သွားလာနေကြောင်းသိရသည်။
"စစ်သင်္ဘောတွေက လာရင် လက်နက်ကြီးနဲ့အရင်လှမ်းပစ်တာ။ ရွှေကူလေး သချိုင်းကုန်းဘက်ကို ပစ်နေကြပါ။ ကမ်းနား တလျှောက်က ရွာတွေ အကုန် သတိထားပြီးနေနေကြတာပေါ့" ဟု ရွှေကူမြို့နယ် ဒေသခံတစ်ဦးကပြောကြားသည်။
စစ်သင်္ဘော သုံးစီးပါဝင်သည့် သင်္ဘောကိုးစီးတန်းသည် မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းမှ ဇူလိုင် ၂၆ ရက်မှစတင်ထွက်ခွာလာပြီး ကချင်ပြည်နယ် ၊ဗန်းမော်မြို့သို့ ဧရာဝတီမြစ် ဆန်တက်သွားလာနေခြင်းဖြစ်သည်။
စစ်ကောင်စီ သင်္ဘော ကိုးစီး တန်းသည် ဧရာဝတီမြစ်ရိုးတစ်လျှောက် ကျေးရွာများအား လက်နက်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့တွင် မတ္တရာမြို့နယ် စိန်ပန်းကုန်းရွာ အနီး နေထိုင်သည့် အသက် ၄ဝ အရွယ်အမျိုးသမီးနှင့်သူ၏ကလေးငယ်တို့ ကျည်ထိမှန်ခဲ့ကြောင်း Wetlet Informational Network က သတင်းထုတ်ပြန်ခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
( ပုံအညွှန်း -ဇူလိုင် ၂၆ ရက်မှာတွေ့ရ သည့် ဧရာဝတီမြစ်တွင်းဆက်တက်နေသည့် စစ်သင်္ဘောများ(ဓာတ်ပုံ - Wetlet Informational Network )
#Mizzima
#သင်္ဘော ကိုးစီးတန်း

😢8👍5🔥3🤬2😁1
အကောင်းမြင်စိတ် | ကျန်းမာသုတ လူမှုဘ၀ Episode - 27
==================
ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်မှာ အကောင်းမြင်စိတ်နဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။
မိုးမရွာလောက်ပါဘူးဆိုပြီး ထီး မဆောင်သွားတာ၊ သေရင်ထားခဲ့ရတာပဲ ဘာလို့ကြိုးစားနေမလဲဆိုတဲ့ အတွေးအခေါ်တွေက မှန်ကန်ရဲ့လား။
အကောင်းမြင်တတ်တဲ့အကျင့်ကို ဘယ်လိုပျိုးထောင်လို့ရမလဲ။ အကောင်းမြင်စိတ်က စိတ်ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်လဲ။
အကောင်းမြင်တတ်စေဖို့ လက်တွေ့ကျင့်သုံးရမယ့်နည်းလမ်းတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။
https://www.youtube.com/watch?v=nEYGrFmPJ2k
#ဒေါက်တာဖြိုးသီဟ
#mizzima
#ကျန်းမာသုတလူမှုဘဝ
#PositiveAttitude

YouTube
အကောင်းမြင်စိတ် | ကျန်းမာသုတ လူမှုဘ၀ Episode - 27
ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်မှာ အကောင်းမြင်စိတ်နဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။
မိုးမရွာလောက်ပါဘူးဆိုပြီး ထီး မဆောင်သွားတာ၊ သေရင်ထားခဲ့ရတာပဲ ဘာလို့ကြိုးစားနေမလဲဆိုတဲ့ အတွေးအခေါ်တွေက မှန်ကန်ရဲ့လား။
အကောင်းမြင်တတ်တဲ့အကျင့်ကို ဘယ်လိုပျိုးထောင်လို့ရမလဲ။…

👍9🔥1🤮1🌭1
ဩဂုတ်လ (၆) ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================
ဒီကနေ့အစီအစဥ်မှာ ...
မလေးရှားမှာ တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသား ၄၀၀ ကျော်ဖမ်းဆီးခံရတဲ့သတင်းနဲ့အတူ
ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား ၈ ဦး ရိုက်နှက်တိုက်ပိတ်ခံရပြီး ထောင်ဝင်စာပို့ခွင့် တလပိတ်ခံထားရတဲ့သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏတွေအနေနဲ့ “အာဏာရူးလို့ ၆လ သက်တမ်းထပ်တိုးတာပါ” ဆိုတဲ့ Vox Pop အစီအစဉ်နဲ့အတူ “နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်” အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/aOfH4WR_F54
#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း…

👍8🔥1😁1
ကျောက်မဲတွင် မြို့နယ် စည်ပင်ဦးစီးမှူး နှင့် လျှပ်စစ်အင်ဂျင်နီယာ ပစ်ခတ်ခံရ၍ သေဆုံး
👍10❤1🔥1
ကျောက်မဲတွင် မြို့နယ် စည်ပင်ဦးစီးမှူး နှင့် လျှပ်စစ်အင်ဂျင်နီယာ ပစ်ခတ်ခံရ၍ သေဆုံး
===================
MTO
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဦးစီးမှူး နှင့် လျှပ်စစ်ဌာနမှ လျှပ်စစ် အင်ဂျင်နီယာ တို့ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ ဩဂုတ်လ ၆ ရက် နေ့လယ် ၁၁ နာရီ ဝန်းကျင်တွင် ကျေက်မဲမြို့ မြို့တော်ခန်းမ အနောက်ဘက်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဘေးကပ်ရပ်ရှိလက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် ဝင်ရောက်ပစ် ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အဲ့ဆိုင်မှာ ကျောက်မဲမြို့ စည်ပင်ဦးစီးမှူး အသစ်ပြောင်း လာတာမကြာသေးဘူး ။ အဲ့လူရယ် နမ္မတူ EPC က လျှပ်စစ်အင်ဂျင်နီယာ ရယ် လက်ဖက်ရည်အတူသောက်နေမှာပေါ့ ။ အဲ့တာကို ဝင်ပစ်သွားတယ် နှစ်ယောက် သေတယ်” ဟု ၎င်းက ပြောသည်။
ပစ်ခတ်မှုအတွင်း စည်ပင်ဦးစီးမှူး၊လျှပ်စစ်အင်ဂျင်နီယာတို့ နေရာတွင် သေဆုံးခဲ့ပြီး ရပ်ကွက် (၁ ) ၏ အုပ်ချုပ်ရေးမှူးလည်း လက်ကို သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။
၎င်းတို့ ပစ်ခတ်ခံခဲ့ရသည့် လက်ဖက်ရည်ဆိုင်သည် မြို့တော်ခန်းမ၏ နောက်တွင် တည်ရှိပြီး စစ်ကောင် စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ လာရောက်လေ့ရှိသည့် ဆိုင်တစ်ခုဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
ပုံအညွှန်း- ကျောက်မဲတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု (ဓာတ်ပုံ-ပေးပို့)
#Mizzima
#စည်ပင်ဦးစီးမှူး
#လျှပ်စစ်အင်ဂျင်နီယာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
MTO
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဦးစီးမှူး နှင့် လျှပ်စစ်ဌာနမှ လျှပ်စစ် အင်ဂျင်နီယာ တို့ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ ဩဂုတ်လ ၆ ရက် နေ့လယ် ၁၁ နာရီ ဝန်းကျင်တွင် ကျေက်မဲမြို့ မြို့တော်ခန်းမ အနောက်ဘက်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဘေးကပ်ရပ်ရှိလက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် ဝင်ရောက်ပစ် ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အဲ့ဆိုင်မှာ ကျောက်မဲမြို့ စည်ပင်ဦးစီးမှူး အသစ်ပြောင်း လာတာမကြာသေးဘူး ။ အဲ့လူရယ် နမ္မတူ EPC က လျှပ်စစ်အင်ဂျင်နီယာ ရယ် လက်ဖက်ရည်အတူသောက်နေမှာပေါ့ ။ အဲ့တာကို ဝင်ပစ်သွားတယ် နှစ်ယောက် သေတယ်” ဟု ၎င်းက ပြောသည်။
ပစ်ခတ်မှုအတွင်း စည်ပင်ဦးစီးမှူး၊လျှပ်စစ်အင်ဂျင်နီယာတို့ နေရာတွင် သေဆုံးခဲ့ပြီး ရပ်ကွက် (၁ ) ၏ အုပ်ချုပ်ရေးမှူးလည်း လက်ကို သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။
၎င်းတို့ ပစ်ခတ်ခံခဲ့ရသည့် လက်ဖက်ရည်ဆိုင်သည် မြို့တော်ခန်းမ၏ နောက်တွင် တည်ရှိပြီး စစ်ကောင် စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ လာရောက်လေ့ရှိသည့် ဆိုင်တစ်ခုဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
ပုံအညွှန်း- ကျောက်မဲတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု (ဓာတ်ပုံ-ပေးပို့)
#Mizzima
#စည်ပင်ဦးစီးမှူး
#လျှပ်စစ်အင်ဂျင်နီယာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏2🔥1🥴1
၂၀၂၃ခုနှစ်ကမ္ဘာ့ငြိမ်းချမ်းရေးအညွှန်းကိန်းအစီရင်ခံစာနဲ့မြန်မာနိုင်ငံအခြေအနေ|CommonGround- Episode(1)
===================
ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။
https://youtu.be/s0PV6dcOlvA
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။
https://youtu.be/s0PV6dcOlvA
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
၂၀၂၃ခုနှစ်ကမ္ဘာ့ငြိမ်းချမ်းရေးအညွှန်းကိန်းအစီရင်ခံစာနဲ့မြန်မာနိုင်ငံအခြေအနေ|CommonGround- Episode(1)
ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။
---------------------------------------…

👍8🔥1🕊1
မိုးရွာသွန်းမှုကြောင့် မြဝတီ - အာရှလမ်းမကြီးပေါ်တွင် တောင်ပြိုမှုဖြစ်ပွား
======================
YT
(မဇ္ဈိမ)။ ။ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ တောနော်ရေတံခွန်အနီး၊ အာရှလမ်းမကြီးပေါ်တွင် တောင်ပြိုမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် ဒေသတွင်းသတင်းရင်းမြစ်ထံက သိရသည်။
" တောနော်ရေတံခွန်နားမှာပေါ့။ မနက် ၆ နာရီနောက်ပိုင်းမှာ ဖြစ်တာပါ။ မိုးရွာတော့ တောင်ကျရေတွေ အစီးများပြီးတော့ တောင်ပြိုတာပေါ့။ ခဏတော့ လမ်းပိတ်သွားပေမယ့် ၁၁ နာရီကျော်ကျော်လောက်မှာ လမ်းပြန်ပွင့်သွားပါတယ်" ဟု မြဝတီမြို့နယ် ဒေသတွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ယနေ့ ဩဂုတ်လ ၆ ရက်နေ့၊ နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်က မြဝတီ- ကော့ကရိတ် သွားရာ အာရှလမ်းမကြီးပေါ်၊ တောနော်ရေတံခွန်အနီးတွင် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းရာမှ တောင်ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အာရှလမ်းပေါ်ကြီးပေါ်အထိ မြေတင်ခဲ့၍ လမ်းပိတ်ဆို့မှု ငါးနာရီနီးပါး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးအား ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်နေပြီဖြစ်သော်လည်း အာရှလမ်းမကြီးပေါ် နေရာအချို့တွင် ရေဖုံးလွှမ်းမှု အနည်းငယ် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြဝတီမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့မှစ၍ မိုးဆက်တိုက် ရွာသွန်းမှု၊ တောင်ကျရေစီးဆင်းမှုများပြီး သောင်ရင်းမြစ်ရေ မြင့်တက်လာမှုကြောင့် သောင်ရင်းမြစ်ကမ်းအနီးရှိ အမှတ် (၅) ရပ်ကွက်၊ သရက်ပင်ဂိတ်အနီးရှိ ရပ်ကွက်တွေ၊ အမှတ် (၁) ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရပ်ကွက်များမှ ဒေသခံများအား ယာယီကယ်ဆယ်ရေးစခန်း ငါးခုဖွင့်ထားကာ ရွှေ့ပြောင်းထားစေကြောင်း သိရသည်။
" ဒီနေ့လည်း မိုးကတော့ ရွာပါတယ်။ဒါပေမဲ့ ချောင်းရေက မတက်လာတော့ပါဘူး။ မိုးရွာတဲ့ တောင်ကျရေတွေကြောင့်ပဲ ရေကြီးနေတာပါ။ကယ်ဆယ်ရေးစခန်းက ငါးခုဖွင့်ထားပါတယ်။ လက်ရှိတော့ လူဦးရေ ၁,၀၀၀ နီးပါးလောက် ရှိပါတယ်" ဟု အဆိုပါ သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ သောင်ရင်းမြစ်ရေသည် ၎င်း၏ စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့် မြင့်တက်နေပြီး အဆိုပါ စိုးရိမ်ရေမှတ်များအတိုင်း လာမည့် ဩဂုတ်လ ၇ ရက်နေ့အထိ ဆက်လက်တည်ရှိနေနိုင်ကြောင်းကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးကားလမ်းအနီး၊ ရသေ့တောင်စခန်းနှင့် ကျီးကန်းပါးစပ်တို့တွင် မိုးနေ့စဉ်ရက်ဆက် ရွာသွန်းမှုကြောင့် တောင်ကျရေစီးဆင်းမှုများပြီး တောင်မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ကျိုက်ထီးရိုးတောင်တက်ကားလမ်းတွင် မြေတင် ပိတ်ဆို့မှု ခေတ္တဖြစ်ပေါ်ခဲ့ပြီး ဒေသခံနေအိမ်အချို့၊ ဈေးဆိုင်အချို့ ပျက်စီးခဲ့ကာ စေတီနှစ်ဆူ ပျက်စီးခဲ့ကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မိုးရွာသွန်း
#မြဝတီ အာရှလမ်းမ

👍7🔥3😢3❤1
Very Ordinary Couple
============
အီဒုန်ဟီးနဲ့ ဂျန်ယောင်းတို့ဟာ ဘဏ်တစ်ခုတည်းက ဝန်ထမ်းတွေဖြစ်ပြီး သူတို့တွဲနေကြတယ်ဆိုတာကို သူတို့ချင်းလမ်းခွဲတော့မှ တစ်ရုံးလုံးသိလိုက်ရတယ်။
လမ်းခွဲပြီး ကိုယ်စီကိုယ်စီ ရည်းစားသစ်ရပြီဆိုမှ တစ်ယောက်ကိုတစ်ယောက်က သဝန်တိုတာတွေ၊ သံယောဇဉ်မပြတ်တာတွေနဲ့ နောက်ဆုံးမှာတော့ ပြန်တွဲဖြစ်သွားကြလေရဲ့။
ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ဆိုတဲ့ သာမန်စုံတွဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတွေကိုအခြေခံထားတာဖြစ်လို့ ပျင်းစရာကောင်းမယ်လို့ထင်ရပေမယ့် အချစ်ဇာတ်မြူး ကားကောင်းလေးပါ။
အချစ်ဆိုတာကို ပျော်စရာ၊ ကြည်နူးစရာတွေနဲ့ပဲ ရေးဖွဲ့သီညွှန်းကြလေ့ရှိပေမယ့် ပြင်ပဘဝက အချစ်ခရီးလမ်းတွေဟာ အမြဲတမ်း ပန်းခင်းလမ်းမဟုတ်ဘဲ အကြိုက်မတူတာတွေ၊ သဘောကွဲလွဲတာတွေ စသဖြင့် ကတောက်ကဆအခြေအနေတွေလည်းအများကြီးပါ။
ဒီဇာတ်ကားမှာ သာမန်ချစ်သူစုံတွဲတို့မှာ ဖြစ်လေ့ဖြစ်ထရှိတာလေးတွေကို ရိုးရိုးရှင်းရှင်းလေး ရိုက်ပြသွားတာဖြစ်လို့ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းမယ့်ဇာတ်ကားကောင်းလေးလို့ ညွှန်းဆိုပါရစေ။
Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။
ပြသမည့်ရက်။ ။ 6.8.2023
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍4😁2
PDF များစျေး၀ယ်ထွက်ခဲ့သည့် မတ္တရာ စကျင်ရွာကို စစ်ကောင်စီ ၀င်စီး၊ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရ
🤬11😁5

=====================
007
(မဇ္ဈိမ)။ ။ PDF များ စျေး၀ယ်ထွက်ခဲ့သည့် စကျင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ သြဂုတ်လ ၆ ရက် မနက်၄ နာရီတွင် ဝင်ရောက်စီးနင်း၍ စကျင်ကျေးရွာနှင့် အနီးရှိကျေးရွာ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေကြရကြောင်း သိရသည်။
မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာကို စစ်ကား ခုနစ်စီးပါသော ယာဥ်တန်းဖြင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး စီးနင်းဝင်ရောက်လာပြီး မွှေနှောက်ရှာဖွေခဲ့ကြောင်း သိရသည်။
“မနက် ၄ နာရီလောက်ကတည်းက စစ်ကားခုနစ်စီးပါတဲ့ ယာဉ်တန်းနဲ့ ဝင်မွှေတယ်။ PDF တွေ မတွေ့တော့ ရွာသား လေး၊ ငါးယောက်ကို ဖမ်းခေါ်သွားတယ်။ စကျင်ရော ။စကျင်အနီးအနားကကျေးရွာတွေရော အခုအကုန်ထွက်ပြေးနေရတယ်” ဟု မတ္တရာမြို့ခံတစ်ဦးက ပြောသည်။
မန္တလေးမြို့နှင့် မိုင်၂၀ ခန့်သာကွာဝေးသော ထိုကျေးရွာသို့ ယမန်နေ့ သြဂုတ်လ ၅ ရက် ညနေပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည့် တောကြီးမြွေပွေးတပ်ဖွဲ့က စျေး၀ယ်ထွက်ခဲ့သည့် ဗီဒီယိုကလစ် တစ်ခုကို ၎င်းအဖွဲ့တာ၀န်ခံဗိုလ်တီက Facebook တွင် တင်ခဲ့သည်။
၎င်းတို့အဖွဲ့သည် စကျင်ကျေးရွာစျေးအတွင်း လိုအပ်သည်များ၀ယ်ယူပြီး စစ်ကောင်စီကို စိန်ခေါ်ကာပြန်ထွက်သွားသည်ကို ထိုဗီဒီယိုတွင် မြင်ရသည်။
“ သေရဲတဲ့ကောင် ထွက်ခဲ့ဆိုလို့ စျေးသွား၀ယ်တာ။ ဆူးကို မဆူးဘူး။ ဘယ်ပြေးကြလဲ မသိဘူး။ PDF ဆိုတာ တောထဲမနေတော့ဘူး ခေါင်းစိမ်းတို့” ဟု ဗိုလ်တီက ဗီဒီယိုတွင် ဆိုသည်။
၎င်းဗီဒီယို လူမှုကွန်ရက်ပေါ် ပြန့်နှံ့သွားပြီးနောက်ပိုင်း စစ်ကောင်စီထောက်ခံသူများက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဖိအားပေးရေးသားဝေဖန်ခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီက စကျင်ကျေးရွာကို ၀င်ရောက်စီးနင်းပြီးနောက် အနီး၀န်းကျင်တွင် စစ်စခန်းဖွင့် အထိုင်ချကာ မတ္တရာတစ်မြို့နယ်လုံးကိုလည်း လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။
“ မြွေပုံကန် ၊ ပို၀ ၊ ညောင်အုပ် အဲဒီဘက်က ကျေးရွာတွေ အကုန်ထွက်ပြေးနေရတယ်။ စကျင်ရွာနဲ့ အနီး၀န်းကျင် ရွာတွေကို စစ်ကောင်စီ ၀င်စီးထားတယ်။ မတ္တရာမြို့ အ၀င်၊ အထွက်ကိုလည်း ပိတ်ဆို့ထားတယ်” ဟု ဒေသခံက ပြောသည်။
ပြီးခဲ့သည့်ဇွန်လက စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ပေါ်စျေးသို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ စျေး၀ယ်ထွက်ခဲ့သည်ကိုအကြောင်းပြုပြီး စစ်ကောင်စီက ဆားတောင်မြို့အနီး ကျေးရွာများအား စီးနင်း၀င်ရောက်ကာ အိမ်ခြေ ၁,၀၀၀ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူငါးဦးထက်မနည်းကိုလည်း သတ်ဖြတ်သွားသည်။
Zero ပြောက်ကျားတပ်ဖွဲ့ စျေး၀ယ်ထွက်ခဲ့သည့် ဗီဒီယိုကို ၎င်းအဖွဲ့ ကပင် Facebook လူမှုကွန်ရက်ပေါ် တင်ခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စကျင်ရွာ
#စစ်ကောင်စီတပ်စီးနင်း
ပုံအညွှန်း - တောကြီးမြွေပွေးတပ် စကျင်ရွာသို့ စျေးဝယ်ထွက်စဥ်( ဓာတ်ပုံ- တောကြီးမြွေပွေးတပ် တင်ခဲ့သည့် ဗီဒီယိုမှ Screenshot ထားခြင်းဖြစ်သည်)

👍21❤13😁4🤬4🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၆ ရက်ထုတ်လွှင့်မှုများ
=========================
https://youtu.be/msNpV2euAAw

#pvtv
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍7😁1🤮1