မနီလာပင်လယ်အော်မှာ တရုတ်ရဲ့မြေယာပြန်လည်ဖော်ထုတ်ခြင်းအတွက် စိုးရိမ်ကြောင်းအမေရိကန်ပြော
=============
https://youtu.be/sKWwdNSv5K0
#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
မနီလာပင်လယ်အော်မှာ တရုတ်ရဲ့မြေယာပြန်လည်ဖော်ထုတ်ခြင်းအတွက် စိုးရိမ်ကြောင်းအမေရိကန်ပြော
မနီလာပင်လယ်အော်မှာ တရုတ်ရဲ့မြေယာပြန်လည်ဖော်ထုတ်ခြင်းအတွက် စိုးရိမ်ကြောင်းအမေရိကန်ပြော
#InternationalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍9🔥2
သြဂုတ်လ ၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===============
https://youtu.be/5F_jyUO-YrY
===============
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===============
https://youtu.be/5F_jyUO-YrY
===============
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
သြဂုတ်လ ၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
သြဂုတ်လ ၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်…

🔥2👍1🥰1
KNU တပ်မဟာ(၁) သထုံခရိုင်မှ PDF များ စစ်ကောင်စီထံလက်နက်ချသည့်ဖြစ်စဉ် မရှိ
================
JC
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၁) မှ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၄ ဦး စစ်ကောင်စီ ထံလက်နက်ချကာ လက်နက်နှင့်တကွအလင်းဝင်သွားသည်ဆိုသောသတင်း ပျံ့နှံ့နေသည်။ ယင်းမှာ စစ်ကောင်စီထောက်ခံသူများ ဝါဒဖြန့်ထားသည့် သတင်းမှားသာဖြစ်သည်။
“Saw Ba Maung” တယ်လီဂရမ်ချန်နယ်မှ ဩဂုတ်လ ၄ ရက်နေ့တွင် “KNU တပ်မဟာ(၁) မှ PDF ၁၄ ဦး အလင်းဝင်ရောက်” ဟူသောခေါင်းစဉ်ဖြင့် တပ်မဟာ(၁) PDF တာဝန်ခံ ကိုအေးမင်းထွန်း၏ လက်အောက် မှ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၄ ဦးသည် ဇူလိုင်လ ၂၆ ရက်နေ့တွင် လက်နက်နှင့်တကွ အလင်းဝင်းခဲ့ ကြောင်း လူ ၁၄ ဦးကို မျက်နှာဖုံးကွယ်ထားသည့်ပုံနှင့် လက်နက်ပုံနှစ်ပုံဖြင့် ဖြန့်ဝေထားသည်။
ထိုအကြောင်းအရာကို မှိုင်းဝေ၊ ကိုသက်၊ တပ်ကြပ်ကြီးဖိုးစည်၊ ကျော်စွာ စသည့် စစ်ကောင်စီဝါဒဖြန့် ချန်နယ်များအပါအဝင် တယ်လီဂရမ်ချန်နယ်နှင့် ဂရုပေါင်း ၄၉ တွင် ပျံ့နှံ့လျက်ရှိနေသည်။ ထိုအကြောင်း ကို ကြည့်ရှုသူ ၁၅၀,၀၀၀ ကျော် ရှိနေပြီး ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။
“Yarmanya Times” ဆိုသည့် သတင်းဌာနမှလည်း “ကျိုက်ထိုမြို့နယ် PDF ၁၄ ဦး လက်နက်များနှင့် အတူအလင်းဝင်” ဟု အဆိုပါပုံဓာတ်ပုံများဖြင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF အဖွဲ့ဝင်များဖြစ် ကြောင်း ဖြန့်ဝေထားသည်။
ထိုအကြောင်းအရာနှင့်ပတ်သက်၍ မဇ္ဈိမမှ အချက်အလက်စစ်ဆေးခဲ့ရာ စစ်ကောင်စီမှ ဝါဒဖြန့်ထားသည့် သတင်းမှားသာဖြစ်ကြောင်း တွေ့ရသည်။
“Saw Ba Maung” တယ်လီဂရမ်ချန်နယ်မှ ဖြန့်ဝေထားသည့် အကြောင်းအရာနှင့်ပတ်သက်၍ တပ်မဟာ (၁)သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းအား မဇ္ဈိမမှဆက်သွယ်မေးမြန်းခဲ့ရာ ထိုသတင်းမှာ သတင်း အမှားဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့မှ ထွက်ပြေးလက်နက်ချသူမရှိသကဲ့သို့ လက်နက်ပျောက်ဆုံးခြင်းလည်း မရှိကြောင်း ပြောသည်။
“သူတို့တင်ထားတဲ့ပုံတွေက ကျနော့်တပ်မဟာက မဟုတ်ဘူးဆိုတာတော့ အတိအကျပြောချင်ပါတယ်။ ပုံထဲကလူတွေက သာမာန်ပြည်သူတွေလည်း ဖြစ်နိုင်ပါတယ်။ ခုချိန်ထိ ထွက်ပြေးတဲ့ ရဲဘော်မရှိပါဘူး၊ လက်နက်တွေကလည်း အမှားတွေပါ။ ဘယ်ကပုံတွေကိုယူပြီးတင်လဲမသိဘူး” ဟု ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။
ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံအား အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင်လည်း ဖော်ပြထားသည့် လူ ၁၄ ဦး၏ ပုံစံသည် ၎င်းတို့တပ်ဖွဲ့မှ ရဲဘော်များ မဟုတ်ကြောင်းနှင့် ၎င်းတို့တပ်ဖွဲ့တွင် လက်နက်ချထွက်ပြေးသူမရှိကြောင်း ပြောသည်။
“ဒါက ရယ်စရာကြီးဗျာ။ ကျနော်တို့ ဒီသတင်းတွေ့ကတည်းက အကုန်လုံးထိုင်ရယ်နေတာ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပုံတွေကိုလည်းကြည့်ဦး ဗိုက်ရွှဲရွှဲကြီးတွေနဲ့ လုပ်ယူထားတာ သိသာတယ်။ တကယ် အလင်း ဝင်တယ်ဆိုလည်းရုပ်ကိုပြဗျာ ကျိုက်ထိုသားတွေပဲ သိမှာပေါ့။ အကိုတို့ဆီက ဘယ်သူမှ အလင်းမဝင်ပါ ဘူး။ အားလုံး သူ့နေရာနဲ့သူ ရှိနေကြပါတယ်။ အကိုတို့အနေနဲ့ သတင်းဖုံးထားစရာမရှိပါဘူး” ဟု KRF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကိုပြောသည်။
PDF များ အလင်းဝင်းသွားသည်ဆိုသည့်အကြောင်းကို မည်သည့်သတင်းဌာနတွင်မှ ဖော်ပြထားသည်ကို လည်း မတွေ့ရပေ။
ထို့ကြောင့် KNY တပ်မဟာ(၁) သထုံခရိုင်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၄ ဦး လက်နက်နှင့်တကွ အလင်းဝင် သည်ဆိုသောသတင်းမှာ စစ်ကောင်စီထောက်ခံသူများ လုပ်ကြံဖန်တီးထားသည့် ဝါဒဖြန့် သတင်းတုသာ ဖြစ်သည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#KRF
#Propaganda
---------------------

😁12👍11🔥1
မြန်မာ့အရေးကို မဖြေရှင်းနိုင်ရင် အာဆီယံအဖွဲ့ထဲ မဝင်ရောက်ဘူးလို့ တီမောဝန်ကြီးချုပ်ပြော
================
အာဆီယံအဖွဲ့က မြန်မာ့အရေးကို မဖြေရှင်းနိုင်ရင် တီမောလက်စတေးနိုင်ငံက အာဆီယံအဖွဲ့ကို မဝင် ရောက်ဘူးလို့ ဝန်ကြီးချုပ် ဆာနာနာ ဂက်စ်မားအို (Xanana Gusmão) က ပြောကြားလိုက်ပါတယ်။
အာဆီယံက မြန်မာ့အရေးကို ထိထိရောက်ရောက် ဖြေရှင်းနိုင်စွမ်း မရှိဘူးဆိုရင် ဒီအဖွဲ့အစည်းမျိုးအပေါ် တီမောအနေနဲ့ အပြည့်အဝ ယုံကြည်နိုင်မှာ မဟုတ်ကြောင်း၊ ဒါဟာ အစိုးရရဲ့ တိကျပြတ်သားတဲ့ သဘောထား ရပ်တည်မှုဖြစ်ကြောင်း ဝန်ကြီးချုပ် ဆာနာနာက သမ္မတ အိမ်တော်မှာ အရှေ့တီမော သမ္မတ ရာမို့စ် ဟော်တာနဲ့ တွေ့ဆုံအပြီး ဩဂုတ် ၃ ရက်က ကြေညာခဲ့တာ ဖြစ်ပါတယ်။
“အာဆီယံအဖွဲ့က မြန်မာစစ်ကောင်စီကို နားမချနိုင်ရင် တီမောလက်စတေးနိုင်ငံက အာဆီယံအဖွဲ့ကို အယုံအကြည်မရှိတော့ဘူးလို့ ကျွန်တော် ပြောနိုင်ပါတယ်” လို့ သမ္မတ ရာမို့စ်ဟော်တာနဲ့ တွေ့ဆုံပြီးနောက် ဆာနာ နာက သမ္မတနန်းတော်မှာ ပြောကြားခဲ့ပါတယ်။
အာဆီယံခေါင်းဆောင်တွေဟာ ဒီမိုကရေစီကို လေးစားသမှုရှိဖို့ အာဏာသိမ်းမြန်မာစစ်ကောင်စီကို မ ဖျောင်းဖျနိုင်ခဲ့ဘူးဆိုတဲ့ တီမောလက်စတေးနိုင်ငံရဲ့ ရပ်တည်ချက်ကို ဝန်ကြီးချုပ် ရှာနာနာက ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဆီလည်း အသိပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရှေ့တီမောဟာ ဒီမိုကရေစီ စံနှုန်းတွေ တိုးတက်ရေးအတွက် အစဉ်တစိုက် အားထုတ် ကြိုးစားနေတယ် ဆိုတာကို တစ်ကမ္ဘာလုံး မျက်မြင် သဘောပေါက်အောင် ပြသသွားလိုတယ်လို့လည်း ဆိုပါတယ်။
အရှေ့တီမော အနေနဲ့ ကိုယ်တိုင် နိုင်ငံရေး အရှုပ်အထွေးတွေနဲ့ အတိတ်မျိုးကို ဖြတ်သန်းဖူးတဲ့တိုင် အာဏာသိမ်းတာမျိုးတော့ မကြုံခဲ့ဖူးဘူးလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
ပြီးခဲ့တဲ့လက မြန်မာနိုင်ငံရဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အရှေ့တီမော သမ္မတ ဟော်တာနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေအပေါ် အမြင်ဖလှယ် ဆွေးနွေးခဲ့ပါတယ်။
ဒေါ်ဇင်မာအောင်က မြန်မာနဲ့ အရှေ့တီမောတို့ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရုန်းကန်ရမှုတွေမှာ တူညီတဲ့ အတွေ့အကြုံမျိုးတွေ ရှိနေကြောင်း ပြောခဲ့သလို လတ်တလော မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား အမြောက်အမြား ဖမ်းဆီး ခံထားရတာကိုလည်း ရှင်းပြခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ရွေးကောက်ပွဲကျင်း ပမယ့် မြန်မာစစ်ကောင်စီရဲ့ ကတိကဝတ်ဟာ ဖြစ်မလာနိုင်ဘဲ လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲကျင်း ပမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းကာ အရေးပေါ်အခြေအနေကို သက်တမ်းတိုးခဲ့ပါတယ်။
အရှေ့တီမောဟာ ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်တာနဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေး၊ တရားဥပဒေ စိုးမိုးမှုကို ကာကွယ်ရေး၊ လူ့အခွင့်အရေးကို ထိန်းသိမ်း စောင့်ရှောက်ရေးစတဲ့ ဒီမိုကရေစီ အခြေခံ စံနှုန်းတွေကို လေးစား တန်ဖိုးထားကြောင်းလည်း ဝန်ကြီးချုပ် ဆာနာနာက ပြောကြားခဲ့ပါတယ်။
အရှေ့တီမောနိုင်ငံဟာ ၁၁ နိုင်ငံမြောက် အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများ အသင်းအဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားနေတဲ့နိုင်ငံဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ် အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံအသင်းဝင်နိုင်ငံအဖြစ် လက်ခံဖို့ ကနဦးဆုံးဖြတ်ထားပါတယ်။
အရှေ့တီမောဟာ လက်ရှိမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာရန် အလားအလာကောင်းများ ပိုင်ဆိုင်ထားပြီး မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့လည်း အာဏာသိမ်းစစ်ကောင်စီရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပြစ်တင်ကာ တော်လှန်ရေးအင်အားစုတွေနဲ့အတူ တသားတည်းရပ်တည်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
အာဆီယံအဖွဲ့ကြီးအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီအပေါ် ပြတ်သားစွာ အရေးယူမှုများလုပ်ဆောင်ရန် အရှေ့တီမောသမ္မတ ရာမို့စ်ဟောတာက အကြိမ်ကြိမ်တိုက်တွန်းခဲ့ဖူးပါတယ်။
https://youtu.be/P15dqWnSVTc
#PoliticalNews

အာဆီယံက မြန်မာ့အရေးကို ထိထိရောက်ရောက် ဖြေရှင်းနိုင်စွမ်း မရှိဘူးဆိုရင် ဒီအဖွဲ့အစည်းမျိုးအပေါ်…

👍12👏5❤4🤣4
သြဂုတ်လ (၇)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
==============
- PDF တွေစျေး၀ယ်ထွက်ခဲ့တဲ့ မတ္တရာ စကျင်ရွာကို စစ်ကောင်စီ ၀င်စီး၊ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရတဲ့ သတင်း
- ဇူလိုင်လအတွင်း အမျိုးသမီး ၂၁ ဦးသတ်ဖြတ်ခံရပြီး ၁၉ ဦးဖမ်းဆီးခံရတဲ့သတင်း
- မိုးရွာသွန်းမှုကြောင့် မြဝတီ - အာရှလမ်းမကြီးပေါ်တွင် တောင်ပြိုမှုဖြစ်ပွါးတဲ့ သတင်းနဲ့
- မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/ccBYy-H3v9Q
#12pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==============
- PDF တွေစျေး၀ယ်ထွက်ခဲ့တဲ့ မတ္တရာ စကျင်ရွာကို စစ်ကောင်စီ ၀င်စီး၊ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရတဲ့ သတင်း
- ဇူလိုင်လအတွင်း အမျိုးသမီး ၂၁ ဦးသတ်ဖြတ်ခံရပြီး ၁၉ ဦးဖမ်းဆီးခံရတဲ့သတင်း
- မိုးရွာသွန်းမှုကြောင့် မြဝတီ - အာရှလမ်းမကြီးပေါ်တွင် တောင်ပြိုမှုဖြစ်ပွါးတဲ့ သတင်းနဲ့
- မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/ccBYy-H3v9Q
#12pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
သြဂုတ်လ (၇)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:59 - PDF တွေစျေး၀ယ်ထွက်ခဲ့တဲ့ မတ္တရာ စကျင်ရွာကို စစ်ကောင်စီ ၀င်စီး၊ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရတဲ့ သတင်း
02:34 - ဇူလိုင်လအတွင်း အမျိုးသမီး ၂၁ ဦးသတ်ဖြတ်ခံရပြီး ၁၉ ဦးဖမ်းဆီးခံရတဲ့သတင်း
03:35 - မိုးရွာသွန်းမှုကြောင့် မြဝတီ - အာရှလမ်းမကြီးပေါ်တွင် တေ…

👍6😁2
ဒဏ်ခတ်အရေးယူထားတဲ့ စစ်ကောင်စီဘဏ် နှစ်ခုနဲ့ ပတ်သက်မှုတွေရပ်ဆိုင်းဖို့ အမေရိကန် သတိပေး
=================
အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်အရေးယူမှုခံထားရတဲ့ စစ်ကောင်စီထိန်းချုပ် ဘဏ်နှစ်ခုနဲ့ ငွေကြေးကိစ္စအားလုံးကို စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သြဂုတ်လ ၅ ရက်နေ့နောက်ဆုံးထားပြီး ရပ်ဆိုင်းဖို့ အမေရိကန်အစိုးရက သောကြာနေ့က နောက်ဆုံးအကြိမ် သတိပေးလိုက်ပါတယ်။
စစ်လက်နက်နဲ့ လေယာဉ်ဆီဝယ်ယူရာမှာ ပြည်ပငွေကြေး အသုံးပြုနိုင်အောင်နဲ့ ပြည်ပငွေစာရင်းတွေ အ သုံးပြုပြီး နိုင်ငံတကာမှာ ဝင်ခွင့်ရအောင် လုပ်ဆောင်ပေးတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမည်ပျက်စာရင်းသွင်းကြောင်း အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၁ ရက်မှာ ကြေညာခဲ့ပါတယ်။
အမေရိကန် အစိုးရပြောခွင့်ရှိသူ Matthew Miller က အဲဒီဘဏ် နှစ်ခုဟာ မြန်မာစစ်ကောင်စီကို ရေနံ၊ ဓာတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်မျက်နဲ့ တခြားစက်မှုလုပ်ငန်းတွေကနေ ဝင်ငွေရရှိဖို့ ကူညီနေတဲ့ဘဏ်တွေဖြစ်တယ်လို့ ပြောကြားပါတယ်။
ဒဏ်ခတ်အရေးယူထားတဲ့ MFTB၊ MICB တို့နဲ့ ဆက်လက်ပြီး ငွေကြေးကိစ္စဆောင်ရွက်နိုင်ဖို့ စီးပွားရေး လုပ်ငန်းတွေကို ခွင့်ပြုတဲ့လိုင်စင်ကို ဇွန်လအတွင်း တရားဝင်ချထားခဲ့ပေမယ့် အမေရိကန်အစိုးရက ပြစ်ဒဏ်စ တင်တော့မယ့် သြဂုတ်လ ၅ ရက်မှစပြီး အဆိုပါခွင့်ပြချက်က သက်တမ်းကုန်ဆုံးပြီလို့ သိရပါတယ်။
စီးပွားရေးလုပ်ငန်းတွေက အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ မူဝါဒကို ဆန့်ကျင်ကာ အဆိုပါဘဏ်နှစ်ခုနဲ့ ငွေကြေးကိစ္စ ဆောင်ရွက်မှုရှိ မရှိ အသေအချာ စောင့်ကြည့်မှာဖြစ်ပြီး စည်းမျဉ်းချိုးဖောက်ရင် သင့်တော်သလို အရေးယူမယ်လို့ မီလာက ပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် ကြိုးစားနေကြတဲ့ မြန်မာပြည်သူတွေကို ခိုင်ခိုင်မာမာဆက်လက် အားပေးကူညီမှာဖြစ်ပြီး စစ်ကောင်စီက နိုင်ငံတကာငွေကြေးစနစ်ကို သုံးစွဲပြီး ကိုယ်ကျိုးရှာအမြတ်ထုတ်လို့ မရအောင် မိမိတို့ရဲ့ မဟာမိတ်တွေ၊ လုပ်ဖော်ကိုင်ဖက်နိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှာဖြစ်တယ်လို့လည်း အစိုးရပြောခွင့်ရသူက ထုတ်ပြန်ပြောဆိုပါတယ်။
စစ်တပ် အာဏာသိမ်း ပြီးနောက်အမေရိကန်အစိုးရဟာစစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု များစွာချမှတ်ထားတာဖြစ်ပါတယ်။
https://youtu.be/agrsJaHC9og

စစ်လက်နက်နဲ့ လေယာဉ်ဆီဝယ်ယူရာမှာ…
စစ်လက်နက်နဲ့ လေယာဉ်ဆီဝယ်ယူရာမှာ…
👍15😁3
ဖားကန့် ကသိုင်းတောင်စစ်စခန်းကို KIA၊PDF ပူးပေါင်းတပ် တ်ိုက်ခိုက်သိမ်းပိုက်
==============
အဂမ်
(မဇ္ဈိမ)။ ။ဖားကန့်မြို့ရှိ ကသိုင်းတောင်စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းမြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကို အတည်ပြုသည်။
KIA တပ်မဟာ (၉)၊ တပ်ရင်း (၆) ပါဝင်သည့် KIA၊ PDF ပူးတပ်ဖွဲ့များက ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စတင်တိုက်ခိုက်ပြီး နံနက် ၈နာရီ ခွဲခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဟု သိရသည်။
" စခန်းသိမ်းပြီး ရှင်းလင်းရေးလုပ်ခဲ့ပါတယ်။လက်နက်ခဲယမ်းတွေအများကြီးရတယ်" ဟု သတင်းရင်းမြစ်တဦးက ပြောသည်။
ကသိုင်းတောင်စစ်ကောင်စီတပ်စခန်းသည် နမ့်မှော်- တာမခန်သို့သွားသည့် သွားလမ်းပေါ်တွင်ရှိပြီး စစ်အင်အား ၃၀ နီးပါးဖြင့် တပ်စွဲထားသည့် စခန်းဖြစ်သည်။ စစ်ရေးအရ အချက်အချာကျသည့်နေရာဟု ကေအိုင်အေသတင်းရင်းမြစ်များကပြောသည်။
၃ နာရီကျော်ကြာခဲ့သည့် အဆိုပါတိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိကြောင်း သတင်းများ ထွက်နေပြီး အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။
တိုက်ပွဲဖြစ်ပွားနေချိန်တွင် ကသိုင်းတောင်ဝန်းကျင်အား ဖားကန့်တပ်မကုန်းမှလက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သကဲ့သို့ ယနေ့ မွန်းတည့် ၁၂ နာရီအထိလည်း ဆက်လက်ပစ်ခတ်နေဆဲဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။
ကမ္ဘာကျော် ကျောက်စိမ်းတုံးများ ထွက်ရှိရာ ဒေသဖြစ်သည့် ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်နှင့် KIA၊PDFပူးပေါင်းတပ်ဖွဲ့ကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ် ။ မောင်ကြီး
#Mizzima
#ဖားကန့်
#KIA၊PDFပူးတပ်
#ကသိုင်းတောင်စခန်း
ဓာတ်ပုံ- KIA စစ်သားတစ်ဦးကို တွေ့ရစဉ်

👍10❤9👏3🤣2
မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှု အဆုံးသတ်ရေး အပါအဝင် ရပ်တည်ချက်ခြောက်ရပ် NUCC နဲ့ NUG ထုတ်ပြန်
===============
စစ်တပ်နိုင်ငံရေးမှာ ပါဝင်မှုကို ထာဝရ အဆုံးသတ်ရေး အပါအဝင် နိုင်ငံရေးသဘောထား ရပ်တည်ချက်ခြောက်ချက်ကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က သြဂုတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီရပ်တည်ချက်တွေထဲမှာ လက်နက်ကိုင်တော်လှန်ရေးဟာ အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်စေမယ့် အုပ်ချုပ်သူ အပြောင်းအလဲမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ၊ စစ်အာဏာသိမ်းအလေ့အထနဲ့ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေမှုကို ထာဝရအဆုံးသတ်ချုပ်ငြိမ်းရေး၊ အစိုးရစီမံခန့်ခွဲမှုကို ချွင်းချက်မရှိ လိုက်နာပြီး ပြည်ပရန် ကာကွယ်ရေး တာဝန်ကိုပဲ ထမ်းရွက်မယ့် တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်” တည်ထောင်ရေးတို့ ပါဝင်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ ပါဝင်မှုအခန်းကဏ္ဍနဲ့ အာဏာသိမ်း အလေ့အထ လုံးဝအဆုံးသတ်ချုပ်ငြိမ်းစေရေးကို မဟာမိတ်တပ်ပေါင်းစုအဖွဲ့တွေအနေနဲ့ အခိုင်အမာ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ဖေါ်ပြထားပြီး လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲခံထားရတဲ့ လက်ရှိစစ်တပ်နေရာမှာ တိုင်းရင်းသားလူမျိုးတွေ တန်းတူပါဝင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်နဲ့ ပြောင်းလဲဖွဲ့စည်းတည်ထောင်မှာ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။
စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးတာ အပါအဝင် နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီးနောက် ဇူလိုင်လ ၃၁ ရက်မှာ NUCC နဲ့ NUG တို့အကြား အထူးအစည်းအဝေး ကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးအပြီး အခုလို နိုင်ငံရေးသဘောထားရပ်တည်ချက် ခြောက်ရပ်ကို ပူးတွဲထုတ်ပြန်လိုက်တာပါ။ မျှော်မှန်းထားတဲ့ ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေး ရည်မှန်းချက်စံတန်ဖိုးတွေကို လမ်းလွဲစေမယ့် နိုင်ငံရေးအခင်းအကျင်းတွေကို ပြတ်ပြတ်သားသား ငြင်းပယ်တယ်လို့လည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)က ဆိုထားပါတယ်။
ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ တော်လှန်ရေးမှာပါဝင်နေတဲ့ တိုင်းရင်းသားပြည်သူတွေနဲ့ပါ အတူလက်တွဲပြီး စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ယူမှုပုံစံနဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ ကတိပေးတယ်လို့ NUCC ကထုတ်ပြန်ပြောဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးနိုင်ခြေရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ဇူလိုင်လကုန်ပိုင်းကစလို့ ထွက်ပေါ်လာပြီးတဲ့နောက် NUCC ၊ NUG တို့ အထူးအစည်းအဝေး ကျင်းပခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာလည်း မူမပြောင်းတဲ့အကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထုတ်ပြောထားပါတယ်။
https://youtu.be/KW_0nQMEFQI

ဒီရပ်တည်ချက်တွေထဲမှာ လက်နက်ကိုင်တော်လှန်ရေးဟာ…

❤13👍7👏2😁2🤮1
This media is not supported in your browser
VIEW IN TELEGRAM
အုပ်စုလိုက် ဓားထိုးတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားပြီးနောက် တောင်ကိုရီးယားမှာ လုံခြုံရေးတင်းကြပ်ထား
#InternationalNews#reels #shorts
#InternationalNews#reels #shorts
👍5❤3😁2
7.8.2023 (Monday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
====================
Highlight
နှောင်ကြိုးဖွဲ့ ကလဲ့စား (ညနေ - ၇ နာရီ)
India Movie -Lage Raho Munna Bhai(ည- ၈ နာရီ)
Korea Movie -King Maker(ည- ၁၀ နာရီခွဲ)
Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

🤮1
၈၈၈၈ လုံးအရေးတော်ပုံကြီး (၃၅) နှစ်ပြည့် အကြိုသပိတ် ရန်ကုန်တွင် ပြုလုပ်
=====================
မဇ္စျိမ
ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော တစ်ပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့သည့် ၈၈၈၈ လုံး အရေးတော်ပုံကြီး၊ (၃၅) နှစ်ပြည့်အနေဖြင့် အကြိုသပိတ်ကို ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ တော်လှန်လူငယ်များက ဦးဆောင်ပြီး ပြုလုပ်ခဲ့သည်။
ဩဂုတ်လ ၈ ရက်၊ မနက်ဖြန်သည် ၈၈၈၈ လုံး အရေးတော်ပုံကြီး၏ (၃၅) နှစ်ပြည့် နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။
လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့တစ်နေရာတွင် “ အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်” ဘန်နာကို ချိတ်ဆွဲကာ အကြိုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ ရှေ့ကမျိုးဆက်တွေရဲ့ မပြီးသေးတဲ့လက်ဆင့်ကမ်းတာဝန်ကို ကျနော်တို့ လက်ထက်မှာ အဆုံးသတ်တိုက်ပွဲဝင်ကြဖို့ပါပဲ၊ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ပြီး အာဏာရှင်အမြန်ဆုံးချုပ်ငြိမ်းအောင် အတူတိုက်ပွဲဝင်ကြပါစို့” ဟု တော်လှန်လူငယ်များက ပြည်သူလူထုထံ သတင်းစကားပါးသည်။
အဆိုပါ လှုပ်ရှားမှုကို Kyimyindaing Networks (KMD18) နှင့် Mayangone Democratic Front (MDF) တို့မှ တော်လှန်လူငယ်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့သော ၈၈၈၈ အရေးတော်ပုံကြီးသည် မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း လူတန်းစားအလွှာပေါင်းစုံ ပါဝင်သည့် အကြီးမားဆုံးသော လူထုလှုပ်ရှားမှုတစ်ခုအဖြစ် သမိုင်းဝင်ခဲ့သည်။
ထိုစဉ်က စစ်အစိုးရ၏ ပစ်ခတ်မှုကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ လူပေါင်း ၃,၀၀၀ နှင့် ၁၀,၀၀၀ ကြား သေဆုံးခဲ့သော်လည်း ယင်းအရေအတွက်ကို စစ်အစိုးရက ငြင်းဆိုခဲ့သည်။
စာတည်း။ ။ နောင်နောင်
#ရှစ်လေးလုံး
#၃၅နှစ်ပြည့်

❤11👍9😁4🫡1