Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မြန်မာ ၁၀၀ ကျော် အပါအဝင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၄၂၅ ဦး မလေးရှားတွင် ဖမ်းဆီးခံရ
======================

မလေးရှား လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများသည် ကွာလာလမ်ပူမြို့တော်အနီးရှိ Cheras မြို့နယ်ရှိ တိုက်ခန်းအိမ်ရာတစ်ခုကို ဩဂုတ် ၅ ရက်နေ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ မြန်မာ ၁၀၀ ကျော် အပါအဝင် တရားမဝင် နေထိုင်သူ နိုင်ငံခြားသား ၄၂၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ ထို စီးနင်းမှုအတွင်း မလေးရှားတာဝန်ရှိသူများသည် ဗီရိုများ၊ အမှိုက်ပုံးများအတွင်း ဝင်ပုန်းနေသူတချို့ကိုလည်း‌ ရှာတွေ့ဖမ်းဆီးခဲ့သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1👏1😢1
This media is not supported in your browser
VIEW IN TELEGRAM
မနီလာပင်လယ်အော်မှာ တရုတ်ရဲ့မြေယာပြန်လည်ဖော်ထုတ်ခြင်းအတွက် စိုးရိမ်ကြောင်းအမေရိကန်ပြော

#InternationalNews#reels #shorts
🔥2👏1
​​နိုင်ငံရေးလမ်းစဉ်များချမှတ်နိုင်ရန် ပြည်တွင်းပြည်ပအင်အားစုများစုပေါင်းပြီး ချင်းအမျိုးသားကောင်စီ (မင်းတပ်) ဖွဲ့စည်း
=================

ပါခွီး
(မဇ္စျိမ)။ ။အနာဂတ်ချင်းလူမျိုးများအတွက် နိုင်ငံရေးလမ်းစဉ်များချမှတ်နိုင်ရန် ပြည်တွင်းပြည်ပ အင်အား စုများစုပေါင်းပြီး ချင်းအမျိုးသားကောင်စီ (မင်းတပ်) Chin National Council (Mindat)ကို ဖွဲ့စည်း ကြောင်း ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

မူဝါဒလမ်းစဉ်များကို ရေးဆွဲချမှတ်အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းပြည်ပ တော် လှန်ရေးအင်အားစုများစုပေါင်း၍ ဒေသတွင်း အမြင့်ဆုံးအာဏာကျင်သုံးမည့် ကောင်စီကိုဖွဲ့စည်း ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေး အတိုင်းအတာတခုအထိ အောင်အောင်မြင်မြင် ခရီးပေါက်လာ သည့်အပြင် အနာဂတ် ချင်းလူမျိုးများအတွက် မူဝါဒလုပ်ငန်းစဉ်များရေးဆွဲချမှတ်အကောင်အထည်ဖော် မည့် နိုင်ငံရေးဦးဆောင်အဖွဲ့ အရေးတကြီးလိုအပ်သောကြောင့် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဆိုသည်။

ချင်းလူမျိုးများအတွက် နိုင်ငံရေးလမ်းစဉ်၊ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေး၊ တန်းတူရေး၊ အခြေခံလူ့အခွင့်အရေးတို့ကိုအာမခံချက်ပေးသည့် မူဝါဒလမ်းစဉ်များ ရေးဆွဲသွားမည်ဖြစ် ကြောင်း သိရသည်။

“နိုင်ငံရေး ဦးဆောင်မှုပေးဖို့၊ ဖက်ဒရယ်ရေးအတွက် အနာဂတ်နိုင်ငံရေးလမ်းစဉ်တွေ ချမှတ်ဖို့အတွက်ပါ။ အုပ်ချုပ်ရေး၊ ကာကွယ်ရေးက အကောင်အထည်ဖော်ဆောင်တဲ့ implementation body ပဲဖြစ်ပြီး မူဝါဒ လမ်းစဉ်ချမှတ်ဖို့ Policy making body တဖြစ်လဲ Political Wing ကိုဖွဲ့စည်းခြင်း ဖြစ်ပါတယ်” ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဆလိုင်ယောမန်က မဇ္စျိမကို ပြောသည်။

CNC(Mindat)တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(မင်းတပ်)တို့အပြင် ပြည်ပရောက် မင်းတပ်အဖွဲ့အစည်းများပါဝင်ကြပြီး ပါဝင်သည့်အဖွဲ့အစည်းများကို မကြာခင်ထုတ်ပြန် သွားရန်ရှိကြောင်း ဆိုသည်။

မင်းတပ်မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေးနှင့် လူသားချင်းစာနာ ထောက်ထားရေးစသည့် လုပ်ငန်းစဉ်များကို စည်းစည်းလုံးလုံး စနစ်တကျ အကောင်အထည်ဖော်နိုင် သည်မှာ ပြည်တွင်းပြည်ပတော်လှန်ရေးအင်အားစုများ၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်ကြောင်းဆိုသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်သည် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတိုက်ပွဲတွင် တော်လှန်ရေးတပ်ဦးမှ ကိုယ်ကျိုးမငဲ့ ရွပ်ရွပ်ချွံချွံပါဝင်တော်လှန်ခဲ့သည်မှာ နှစ်နှစ်တာကာလ ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ထုတ် ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်
#မင်းတပ်မြို့နယ်
#ချင်းအမျိုးသားကောင်စီ(မင်းတပ်)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁2
Media is too big
VIEW IN TELEGRAM
ပုဂံမှာ ဘုရားကိုခြံခတ်ပြီး မြန်မာနိုင်ငံသားတွေကို ဝင်ခွင့်မပြုဘူးဆိုတဲ့သတင်း လူမှုကွန်ရက်မှာ ပျံ့နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် - https://bit.ly/3YmZz5A

#Misinformation_Buster #Fake_News #Shorts #Reels #Bagan #ရှေးဟောင်းဘုရား #ပုဂံ
🤔2🔥1🍌1
This media is not supported in your browser
VIEW IN TELEGRAM
Aug - 7 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍1🍌1🖕1
​​Lage Raho Munna Bhai
=============

မင်းသားကြီး ဆန်ဂျေးဒတ် ပါဝင်သရုပ်ဆောင်ထားပြီး ဘောလိဝုဒ် ဟာသ ဟိန္ဒီရုပ်ရှင်သည် အမျိုးသားရုပ်ရှင် ဆုပေါင်း ၁၇ ဆု ရရှိခဲ့သည့် ဇာတ်ကားလေးပါ။

လူမိုက်ခေါင်းဆောင်မူလီသည် ရေဒီယို တင်ဆက်သူကောင်မလေး ဂျန်ဗီ ကို "မင်္ဂလာနံနက်ခင်းပါ မိုဘိုင်း" ဆိုသည့်ရေဒီယိုအစီအစဥ်ကို အမြဲနားထောင်ရင်း ချစ်မြတ်နိုးနေခဲ့ပြီး သူ့အိပ်မက်သည်ကောင်မလေးကို လက်ထပ်ရန်ဖြစ်လာခဲ့ပါသည်။

မမျှော်လင့်သောအကြောင်းကြောင်းများကြောင့် မူလီ ဂျန်ဗီအား သမိုင်းပါမောက္ခဟုလိမ်ညာခဲ့ရာ ဂျန်ဗီကသူ့၏မိသားစုများနှင့်သူငယ်ချင်းများအား သမိုင်းအကြောင်းဟောပြောရန် မူလီအား ဖိတ်ခေါ်ခဲ့သည်။

ပညာတွေအရမ်းမတက်ပေမယ့် စိတ်ထားကောင်းတဲ့ မူလီဘယ်လိုဒီပြသာနကို ဖြေရှင်းနိုင်မလဲ? ဂျန်ဗီကရော မူလီကို သူထင်သလို ပါမောက္ခ မဟုတ်ပဲ သူ့ကိုလိမ်ညာနေတာတွေသိသွားရင် ဆက်ပြီးလက်ခံနိုင်မလားဆိုတာ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ 7.8.2023
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ 8.8.2023
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍4🔥2
Media is too big
VIEW IN TELEGRAM
မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှု အဆုံးသတ်ရေး အပါအဝင် ရပ်တည်ချက်ခြောက်ရပ် NUCC နဲ့ NUG ထုတ်ပြန်

Watch more detail - https://youtu.be/KW_0nQMEFQI

#PoliticalNews #reels #shorts #MizzimaTV
👍14😁2🤮2
Media is too big
VIEW IN TELEGRAM
ဝန်ကြီးချုပ်ဟောင်းသက်ဆင်က ထိုင်းနိုင်ငံသို့ပြန်မယ့်ရက်ကို ဆိုင်းငံ့ထား

#InternationalNews #reels #shorts
😁4👍3❤1🔥1
သြဂုတ်လ (၇)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

00:59 − ဖားကန့်မှာ စစ်တပ်စခန်းတစ်ခုကို ကေအိုင်အေက သိမ်းပိုက်လိုက်တဲ့သတင်း

01:06 − မြန်မာ့အရေးကို မဖြေရှင်းနိုင်ရင် အာဆီယံအဖွဲ့ထဲ မဝင်ရောက်ဘူးလို့ တီမောဝန်ကြီးချုပ်ပြောကြားလိုက်တဲ့သတင်း

05:13 − ဒဏ်ခတ်အရေးယူထားတဲ့ စစ်ကောင်စီဘဏ် နှစ်ခုနဲ့ ပတ်သက်မှုတွေရပ်ဆိုင်းဖို့ အမေရိကန် သတိပေးလိုက်တဲ့သတင်းနဲ့

10:59 − ဝန်ကြီးချုပ်ဟောင်းသက်ဆင်က ထိုင်းနိုင်ငံသို့ပြန်မယ့်ရက်ကို ဆိုင်းငံ့ထားတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/3XmQe2dF-uY

#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥1🍌1
Media is too big
VIEW IN TELEGRAM
မြန်မာ့အရေးကို မဖြေရှင်းနိုင်ရင် အာဆီယံအဖွဲ့ထဲ မဝင်ရောက်ဘူးလို့ တီမောဝန်ကြီးချုပ်ပြော

Watch more detail - https://youtu.be/P15dqWnSVTc

#PoliticalNews #reels #shorts #MizzimaTV
👍14😁4🤯1🤮1
ကြာအင်းဆိပ်ကြီးတွင် ဇမိမြစ်ရေတက်လာမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဖြစ်
👍4😢3🔥2😁1
ကြာအင်းဆိပ်ကြီးတွင် ဇမိမြစ်ရေတက်လာမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဖြစ်
==================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် မိုးဆက်တိုက်ရွာသွန်းပြီး ဇမိမြစ်ရေတက်လာခြင်း ကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျံမှုဖြစ်ပွားနေကြောင်း ပရဟိတအသင်းအဖွဲ့များထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့တွင် ဇူလိုင်လ ၃၀ ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး ဇမိမြစ်ရေ မြင့် တက်လာမှုကြောင့် လက်ရှိ ဩဂုတ်လ ၇ ရက်နေ့အထိ ရေဘေးဒုက္ခသည် ၅၀၀ ကျော်ပြောင်းရွှေ့ထားရ ကာ ဆိုင်ကလုံးစင်တာနှင့် မူကြိုကျောင်းတို့၌ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့ ကျန်းမာရေးပရဟိတအဖွဲ့၏ တာဝန်ရှိသူတဦးက “မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ ချောင်းဖျားရေ၊ တောင်ကျရေတို့ကြောင့် ရေကဆက်ကြီးနိုင်ပါတယ်။ အခု ရပ်ကွက်(၆)က လုံး၀နီးပါးမြုပ် သွားလို့ အကုန်ပြောင်းရွှေ့ထားရပြီး အခြားရပ်ကွက်တွေမှာလည်း ရေစဝင်နေပြီ”ဟု ပြောသည်။

နှစ်စဉ် မိုးရာသီ၌ ကြာအင်းဆိပ်ကြီးမြို့၏ ရပ်ကွက် (၃)၊ (၄)၊ (၅)၊ (၆) တို့တွင် ပုံမှန် ရေကြီးရေလျှံမှု ဖြစ် ပွားလေ့ရှိပြီး လက်ရှိတွင် မြေနိမ့်ပိုင်းရှိ ရပ်ကွက်(၆)မှာ ရွှေ့ပြောင်းထားရကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့တွင် ဇမိမြစ်ရေမှာ ဩဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းအချိန် တိုင်းထွာချက်အရ ၃၀ ပေ ခုနစ်လက်မရှိနေပြီး စိုးရိမ်ရေ အမှတ်မှာ ၃၅ ပေ ဖြစ်သည်။

“လက်ရှိကတော့ ရေဘေးဒုက္ခသည်တွေကို အလှူရှင်တွေ လာရောက်လှူဒါန်းပေးနေတာမျိုးတော့ ရှိပါ တယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးနေပေမယ့် လုံလောက် မှုတော့ မရှိသေးဘူး။ အရင်လိုအနေအထားမဟုတ်တော့ ဘယ်သူမှအသံမထွက်ရဲဘူးဖြစ်နေတယ်”ဟု ရေဘေးကယ်ဆယ်ရေး ကူညီပေးနေသူတဦးကပြောသည်။

လက်ရှိတွင် ဇမိမြစ်ရေမြင့်တက်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့တွင် အိမ်ထောင်စု ၁၅၆ စု၊ လူဦးရေ ၅၆၁ ဦးသည် ဆိုင်ကလုံးစင်တာနှင့် ဘေးလွတ်ရာနေရာများကို ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#ကြာအင်းဆိပ်ကြီးမြို့နယ်
#ဇမိမြစ်
#ရေကြီးရေလျှံမှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2😢2😁1😱1
Media is too big
VIEW IN TELEGRAM
ဒဏ်ခတ်အရေးယူထားတဲ့ စစ်ကောင်စီဘဏ် နှစ်ခုနဲ့ ပတ်သက်မှုတွေရပ်ဆိုင်းဖို့ အမေရိကန် သတိပေး

Watch more detail - https://youtu.be/agrsJaHC9og

#PoliticalNews #reels #shorts #MizzimaTV
👍9👏2😁2
စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာပေါင်းစုံသပိတ် ၈၆၈ ရက်မြောက် ချီတက်ဆန္ဒပြ
=====================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဩဂုတ်လ ၇ ရက် ယနေ့ ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်” စာတမ်း ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။
“ဘဏ္ဍာရေးတိုက်ပွဲဆိုတာ ရန်သူဖက်ဆစ်တပ်ရဲ့ ငွေအိတ်ကို “ဟောင်းလောင်း” ဖြစ်အောင်လုပ်ကြဖို့နဲ့ တော်လှန်ရေးအတွက် ငွေအိတ်ကို “ဖောင်း” လာအောင် လုပ်ကြဖို့ပါပဲ” ဟု ဆန္ဒပြပွဲဦးဆောင်သူတဦးက ပြောကြားသည်။

ယနေ့ချီတက်ပွဲသည် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၆၈ ရက် မြောက် ချီတက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်နှင့်ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
👍13😁2🔥1😢1
​​စစ်ကောင်စီရေတပ်နှင့် ဆက်နွယ်ပတ်သက်မှုအတွက် MAN Energy Solutions ကုမ္ပဏီကို ဂျာမနီ စုံစမ်းစစ်ဆေး
=========================

မြန်မာအာဏာသိမ်းစစ်အုပ်စု၏ စစ်ရေယာဉ် မုတ္တမအတွက် အဓိက ပစ္စည်းအစိတ်အပိုင်းများ ပေးသွင်းရောင်းချခဲ့သည့် MAN Energy Solutions ကုမ္ပဏီကို ဂျာမနီနိုင်ငံ၊ အော့စ်ဘာ့ဂ်မြို့ အစိုးရရှေ့နေက ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ထားကြောင်း NGO အဖွဲ့တစ်ခုဖြစ်သည့် Justice for Myanmar က ပြီးခဲ့သည့်သီတင်းပတ် သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁3💩1