Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
ဝန်ကြီးချုပ်ဟောင်းသက်ဆင်က ထိုင်းနိုင်ငံသို့ပြန်မယ့်ရက်ကို ဆိုင်းငံ့ထား

#InternationalNews #reels #shorts
😁4👍3❤1🔥1
သြဂုတ်လ (၇)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

00:59 − ဖားကန့်မှာ စစ်တပ်စခန်းတစ်ခုကို ကေအိုင်အေက သိမ်းပိုက်လိုက်တဲ့သတင်း

01:06 − မြန်မာ့အရေးကို မဖြေရှင်းနိုင်ရင် အာဆီယံအဖွဲ့ထဲ မဝင်ရောက်ဘူးလို့ တီမောဝန်ကြီးချုပ်ပြောကြားလိုက်တဲ့သတင်း

05:13 − ဒဏ်ခတ်အရေးယူထားတဲ့ စစ်ကောင်စီဘဏ် နှစ်ခုနဲ့ ပတ်သက်မှုတွေရပ်ဆိုင်းဖို့ အမေရိကန် သတိပေးလိုက်တဲ့သတင်းနဲ့

10:59 − ဝန်ကြီးချုပ်ဟောင်းသက်ဆင်က ထိုင်းနိုင်ငံသို့ပြန်မယ့်ရက်ကို ဆိုင်းငံ့ထားတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/3XmQe2dF-uY

#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥1🍌1
Media is too big
VIEW IN TELEGRAM
မြန်မာ့အရေးကို မဖြေရှင်းနိုင်ရင် အာဆီယံအဖွဲ့ထဲ မဝင်ရောက်ဘူးလို့ တီမောဝန်ကြီးချုပ်ပြော

Watch more detail - https://youtu.be/P15dqWnSVTc

#PoliticalNews #reels #shorts #MizzimaTV
👍14😁4🤯1🤮1
ကြာအင်းဆိပ်ကြီးတွင် ဇမိမြစ်ရေတက်လာမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဖြစ်
👍4😢3🔥2😁1
ကြာအင်းဆိပ်ကြီးတွင် ဇမိမြစ်ရေတက်လာမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဖြစ်
==================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် မိုးဆက်တိုက်ရွာသွန်းပြီး ဇမိမြစ်ရေတက်လာခြင်း ကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျံမှုဖြစ်ပွားနေကြောင်း ပရဟိတအသင်းအဖွဲ့များထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့တွင် ဇူလိုင်လ ၃၀ ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး ဇမိမြစ်ရေ မြင့် တက်လာမှုကြောင့် လက်ရှိ ဩဂုတ်လ ၇ ရက်နေ့အထိ ရေဘေးဒုက္ခသည် ၅၀၀ ကျော်ပြောင်းရွှေ့ထားရ ကာ ဆိုင်ကလုံးစင်တာနှင့် မူကြိုကျောင်းတို့၌ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့ ကျန်းမာရေးပရဟိတအဖွဲ့၏ တာဝန်ရှိသူတဦးက “မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ ချောင်းဖျားရေ၊ တောင်ကျရေတို့ကြောင့် ရေကဆက်ကြီးနိုင်ပါတယ်။ အခု ရပ်ကွက်(၆)က လုံး၀နီးပါးမြုပ် သွားလို့ အကုန်ပြောင်းရွှေ့ထားရပြီး အခြားရပ်ကွက်တွေမှာလည်း ရေစဝင်နေပြီ”ဟု ပြောသည်။

နှစ်စဉ် မိုးရာသီ၌ ကြာအင်းဆိပ်ကြီးမြို့၏ ရပ်ကွက် (၃)၊ (၄)၊ (၅)၊ (၆) တို့တွင် ပုံမှန် ရေကြီးရေလျှံမှု ဖြစ် ပွားလေ့ရှိပြီး လက်ရှိတွင် မြေနိမ့်ပိုင်းရှိ ရပ်ကွက်(၆)မှာ ရွှေ့ပြောင်းထားရကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့တွင် ဇမိမြစ်ရေမှာ ဩဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းအချိန် တိုင်းထွာချက်အရ ၃၀ ပေ ခုနစ်လက်မရှိနေပြီး စိုးရိမ်ရေ အမှတ်မှာ ၃၅ ပေ ဖြစ်သည်။

“လက်ရှိကတော့ ရေဘေးဒုက္ခသည်တွေကို အလှူရှင်တွေ လာရောက်လှူဒါန်းပေးနေတာမျိုးတော့ ရှိပါ တယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးနေပေမယ့် လုံလောက် မှုတော့ မရှိသေးဘူး။ အရင်လိုအနေအထားမဟုတ်တော့ ဘယ်သူမှအသံမထွက်ရဲဘူးဖြစ်နေတယ်”ဟု ရေဘေးကယ်ဆယ်ရေး ကူညီပေးနေသူတဦးကပြောသည်။

လက်ရှိတွင် ဇမိမြစ်ရေမြင့်တက်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့တွင် အိမ်ထောင်စု ၁၅၆ စု၊ လူဦးရေ ၅၆၁ ဦးသည် ဆိုင်ကလုံးစင်တာနှင့် ဘေးလွတ်ရာနေရာများကို ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#ကြာအင်းဆိပ်ကြီးမြို့နယ်
#ဇမိမြစ်
#ရေကြီးရေလျှံမှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2😢2😁1😱1
Media is too big
VIEW IN TELEGRAM
ဒဏ်ခတ်အရေးယူထားတဲ့ စစ်ကောင်စီဘဏ် နှစ်ခုနဲ့ ပတ်သက်မှုတွေရပ်ဆိုင်းဖို့ အမေရိကန် သတိပေး

Watch more detail - https://youtu.be/agrsJaHC9og

#PoliticalNews #reels #shorts #MizzimaTV
👍9👏2😁2
စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာပေါင်းစုံသပိတ် ၈၆၈ ရက်မြောက် ချီတက်ဆန္ဒပြ
=====================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဩဂုတ်လ ၇ ရက် ယနေ့ ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်” စာတမ်း ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။
“ဘဏ္ဍာရေးတိုက်ပွဲဆိုတာ ရန်သူဖက်ဆစ်တပ်ရဲ့ ငွေအိတ်ကို “ဟောင်းလောင်း” ဖြစ်အောင်လုပ်ကြဖို့နဲ့ တော်လှန်ရေးအတွက် ငွေအိတ်ကို “ဖောင်း” လာအောင် လုပ်ကြဖို့ပါပဲ” ဟု ဆန္ဒပြပွဲဦးဆောင်သူတဦးက ပြောကြားသည်။

ယနေ့ချီတက်ပွဲသည် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၆၈ ရက် မြောက် ချီတက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်နှင့်ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
👍13😁2🔥1😢1
​​စစ်ကောင်စီရေတပ်နှင့် ဆက်နွယ်ပတ်သက်မှုအတွက် MAN Energy Solutions ကုမ္ပဏီကို ဂျာမနီ စုံစမ်းစစ်ဆေး
=========================

မြန်မာအာဏာသိမ်းစစ်အုပ်စု၏ စစ်ရေယာဉ် မုတ္တမအတွက် အဓိက ပစ္စည်းအစိတ်အပိုင်းများ ပေးသွင်းရောင်းချခဲ့သည့် MAN Energy Solutions ကုမ္ပဏီကို ဂျာမနီနိုင်ငံ၊ အော့စ်ဘာ့ဂ်မြို့ အစိုးရရှေ့နေက ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ထားကြောင်း NGO အဖွဲ့တစ်ခုဖြစ်သည့် Justice for Myanmar က ပြီးခဲ့သည့်သီတင်းပတ် သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁3💩1
ထိုင်း-မြန်မာ ကုန်သွယ်နေသည့် အာရှကားလမ်းပိုင်း ပြိုကျမှု ဖြစ်ပွား
😢3🔥2
ထိုင်း-မြန်မာ ကုန်သွယ်နေသည့် အာရှကားလမ်းပိုင်း ပြိုကျမှု ဖြစ်ပွား
=================

မဇ္ဈိမ
ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အသုံးပြုနေသည့် အာရှလမ်းပိုင်း တစ်နေရာသည် ယနေ့ ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မြေပြိုကျမှု ဖြစ်ပွားနေ၍ ခရီးသည်တင် ကားများ၊ ကုန်တင်ကားများ သွားလာ၍ မရဘဲ ပိတ်မိနေကြောင်း ကားသမားများနှင့် မြဝတီမြို့ခံ များက မဇ္ဈိမကို ပြောသည်။

မြဝတီမြို့နှင့် ကော့ကရိတ်မြို့ကြားရှိ တောနော်ရေတံခွန်အနီး အာရှလမ်းပိုင်း ပြိုကျမှုသည် ဩဂုတ်လ ၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းကာ တောင်ကျရေ ပြင်းထန်စွာ တိုက်စားပြီးနောက် အာရှလမ်းပိုင်း ပြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ‌မြဝတီမြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“လမ်းပြိုတာ တောနော်ရေတံအနီးအနားမှာပါ၊ တောင်ကျရေ တအားထိုးဆင်း ပြီးတော့ ကားလမ်းပါ တစ်ခါတည်း ပြတ်သွားတာပေါ့” ဟု မြဝတီမြို့ ဒေသခံ တစ်ဦးက ပြောသည်။

ခန့်မှန်းခြေ ပေ ၄၀ အကွာအဝေးခန့် ပြတ်တောက်သွားသော အာရှလမ်းပိုင်း‌ မြေပြိုမှုသည် ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာ၊ တောနော်ရေတံခွန်အနီးတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

“ကော့ကရိတ်~မြဝတီ အာရှလမ်း၊ တောနော်ရေတံခွန်အနီး လမ်းမကြီး မြေပြိုပြီး မည်သည့်ယာဉ်မှ သွားလာမရပါ” ဟု ကော့ကရိတ်မြို့ရှိ လူမှုကူညီ ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးကလည်း ဖေ့စ်ဘွတ် လူမှုကွန်ရက်တွင် ရေးသားထားသည်။

လက်ရှိမှာ ကော့ကရိတ်မှ မြဝတီမြို့၊ မြဝတီမှ ကော့ကရိတ်မြို့သို့ ထွက်ခွာ လာ သော ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ကားများသည် လမ်းခုလတ်တွင် ပိတ်မိနေ ကြပြီး အချို့မှာ မြဝတီ- ရန်ကုန် လမ်းဟောင်းအတိုင်း ကွေ့ပတ်သွားလာရန် ပြင်နေကြကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တစ်ဘက်ကမ်းရှိ မြဝတီမြို့တွင်လည်း မြဝတီမြို့ အမှတ် (၁) ၊ အမှတ် ရပ်ကွက် (၅) အနိမ့်ပိုင်းတွင် ရေဝင်ရောက်မှုများ ရှိနေကြောင်း မြို့ခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်

#အာရှလမ်းမြေပြို
#မြဝတီ
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2😢1
Media is too big
VIEW IN TELEGRAM
တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ပြင်းအား ၅.၄ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၂၁ ဦးဒဏ်ရာရရှိ

#InternationalNews #reels #shorts #China #Mizzima
👏4👍3😁3😢1