တောင်ကျရေကြောင့် အာရှလမ်းမကြီးနေရာအချို့ မြေပြို၊ မိုးကြီးမည့်သတိပေးချက် ဆက်ရှိနေ
😢5🔥3👍1

===================
မဇ္ဈိမ။ ။ကရင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ၏အဓိက လမ်းပိုင်းဖြစ်သည့် အာရှလမ်းမကြီးနေရာအချို့၌ တောင်ကျရေဆင်းပြီး မြေပြိုကာ လမ်းပန်း ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်နေသည်။
ယနေ့ ဩဂုတ်လ ၇ရက် နံနက်အစောပိုင်းကမြဝတီ-ကော့ကရိတ်ဆက်သွယ်ထားသည့် အာရှလမ်းမကြီး တောနောရေတံခွန်အနီးတွင် လမ်းအလျားလိုက်အတိုင်း ပေ ၁၀၀ ခန့်အထိ မြေပြိုကျသွားကြောင်း ယင်းနေရာသို့ရောက်ရှိနေသည့် ခရီးသွားပြည်သူတဦးကပြောသည်။
“တောနောရေတံခွန်မရောက်ခင်ကွေ့မှာ လမ်းက ပြိုကျသွားတာ။ အကျယ်ဆုံးနေရာက ပေ ၁၀၀ ကျော် တယ်။ အကျဉ်းဆုံးနေရာတောင် ပေ ၆၀ ခန့်ရှိတယ်။ အနက်က ပေ ၃၀ မကဘူး။ အခြေအနေတော်တော် ဆိုးတယ်” ဟု ၎င်းကပြောသည်။
လမ်းကိုပြင်ဆင်ရန် မြေသယ်ကားများ၊ မြေတူးကားများ ရောက်ရှိနေသော်လည်း မိုးသည်းထန်စွာရွာသွန်း နေ၍ ပြင်ဆင်၍မရကြောင်း ဒေသခံများကပြောသည်။
လက်ရှိတွင် အာရှလမ်းမကြီး၊ တောနောရေတံခွန်အနီး၌ လမ်းပြတ်တောက်သည်အထိ မြေပြိုနေသလို ယင်းနေရာနှင့် မလှမ်းမကမ်းတွင် မြေပြိုပြီး လမ်းပိတ်နေသည်ဟု သိရသည်။
ကရင်ပြည်နယ်တွင် ဩဂုတ်လဆန်းကတည်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ယနေ့ ဩဂုတ်လ ၇ ရက် အထိ မိုးဆက်ရွာနေသည်ဟု သိရသည်။
“မိုးက တရက်မှ မပြတ်တာ။ အခုဆိုရင် လမ်းထဲမှာ စီးနေတဲ့ရေက ရွှံ့ရေတွေဖြစ်နေပြီ" ဟု ကော့ကရိတ် မြို့ခံတဦးကပြောသည်။
ယခုအခါ ကရင်ပြည်နယ်အတွင်း၌ သံလွင်မြစ်နှင့် သောင်ရင်းမြစ် စိုးရိမ်ရေမှတ်အထက်၌ မြင့်တက်နေပြီး ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ မြဝတီမြို့တို့တွင် ဒေသခံများ ရေကြီးနစ်မြုပ်မှုနှင့် ရင်ဆိုင်နေရသည်။
ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် အမှတ် (၅) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက် ၊အမှတ် (၁) ရပ်ကွက်အပါအဝင် ရပ်ကွက်ငါးခုထက်မနည်း ရေကြီးနစ်မြုပ်နေပြီး ကယ်ဆယ်ရေးစခန်း ၁၄ ခုဖွင့်ထား ရသည်ဟု ဒေသခံလူမှုကူညီရေးအဖွဲ့များကပြောသည်။
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မြဝတီမြို့တွင်လည်း သောင်းရင်းမြစ်ရေမြင့်တက်နေ၍ အမှတ် (၅) ရပ် ကွက်နှင့်အမှတ်(၁)ရပ်ကွက်တို့တွင် ရေဘေးကြုံတွေ့နေပြီးဒေသခံအချို့ကို ဘုန်းကြီးကျောင်းများတွင် ရွှေ့ပြောင်းထားရကြောင်း သိရသည်။
လတ်တလောရာသီဥတုအခြေအနေအရ ကမ်းရိုးတန်းနှင့် ကုန်းတွင်းဒေသအချို့တွင် မိုးဆက်လက်ပိုနေ နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က ယနေ့ သတင်းထုတ်ပြန်ထားသည်။
အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်း မိုးသည်းထန်နိုင်သည်ဟု MOHADM က သတိပေးထား သည်။
စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနကလည်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ယခုရက်ပိုင်း မိုးကြီးနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။ ထို့ပြင် ကရင်ပြည်နယ်အတွင်း သံလွင်မြစ်နှင့် သောင်ရင်းမြစ်သည် စိုးရိမ်ရေမှတ်အထက်၌ နှစ်ပေခန့်မြင့်တက်နေကြောင်း ယနေ့ မွန်းလွဲပိုင်းတွင် သတိပေးချက်ထုတ်ပြန် ထားသည်။
ဓာတ်ပုံ- မြေပြိုကျမှု ဖြစ်ပွားခဲ့သော အာရှလမ်းပိုင်း မြင်ကွင်း (CJ)
စာတည်း - မောင်ကြီး
စာမူတည်းဖြတ်။ ။စောဖေ
#mizzima
#မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး
#အာရှလမ်းမကြီး
#တောင်ကျရေ
#မြေပြို
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍11🔥2😁1😢1
This media is not supported in your browser
VIEW IN TELEGRAM
KNU တပ်မဟာ (၁) က PDF ၁၄ ဦး စစ်ကောင်စီထံကို လက်နက်နဲ့တကွ လက်နက်ချ အလင်းဝင်သွားတယ် ဆိုတဲ့ သတင်းတု ပျံ့နှံ့နေပါတယ်။
#Misinformation_Buster #Fake_News #Shorts #Reels #အလင်းဝင် #KNU #KRF #PDF #လက်နက်ချ #KNU #propaganda
သတင်းအပြည့်အစုံဖတ်ရန် - t.ly/NED2Y

😁6🍌1
တောကြီးမြွေပွေးအဖွဲ့ ဈေးလာဝယ်သည့် စကျင်ကျေးရွာ၌ စစ်ကောင်စီတပ် လာရောက်တပ်စွဲ
=======================
007
(မဇ္ဈိမ)။ ။ ရွှေဘိုခရိုင်တပ်ရင်း-၁၇ တောကြီးမြွေပွေးအဖွဲ့ လာရောက်ဈေးဝယ်ခဲ့သော မတ္တရာမြို့နယ် စကျင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် အထိုင်ချတပ်စွဲလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
သြဂုတ်လ ၅ ရက်နေ့ ညနေပိုင်းက အိမ်ခြေ ၅,၀၀၀ ကျော်ရှိသော စကျင်ကျေးရွာသို့ ရွှေဘိုခရိုင်တပ်ရင်း-၁၇ တောကြီးမြွေပွေးအဖွဲ့က ဈေးဝယ်လာရောက်ခဲ့သည်။
ဈေးဝယ်လာသည့် ဗီဒီယိုကလစ်တစ်ခုကို ၎င်းအဖွဲ့က လူမှုကွန်ရက်ပေါ်တင်ခဲ့ရာ စစ်ကောင်စီထောက်ခံ သူများ၏တယ်လီဂရမ်ချန်နယ်များ၌ဖော်ပြခဲ့ပြီးနောက် စစ်ကောင်စီတပ်က စကျင်ကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်သည်။
“မနေ့ကမနက်လင်းအားကြီးအချိန်မှာ ရွာကိုဝင်စီးပြီး၊ အခြေအနေကြည့်တယ်ထင်တယ်။ ဒီမနက်တော့ ရွာမြောက်ပိုင်းက ဘုရားကြီးဆိပ်မှာစခန်းချလိုက်ပြီ၊ တပ်စွဲလိုက်တဲ့သဘောပေါ့။
ရွာနီးချုပ်စပ်ကပြေး နိုင်သမျှလူတွေ အကုန်ထွက်ပြေးနေကြပြီ၊ စကျင်ရွာကတော့ ပိတ်မိနေတယ်”ဟု မတ္တရာဒေသခံတဦး ကပြောသည်။
ကျေးရွာအတွင်းတပ်စွဲလိုက်သော စစ်ကောင်စီတပ်နှင့်အတူ ပျူစောထီးများလည်းပါဝင်ပြီး စုစုပေါင်း အင်အား ၅၀ ခန့်ရှိနိုင်ကြောင်းလည်း ဒေသခံများကဆိုသည်။
စကျင်ဒေသတွင် တိုက်ပွဲမဖြစ်ဘဲ လေကြောင်းမှဗုံးကြဲခံရမည်ကို စိုးရိမ်နေကြသူများလည်းရှိပြီး ဒေသခံ ၁,၀၀၀ ကျော်မှာ ယမန်နေ့ကတည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
“စစ်ကားခုနစ်စီးမှာ နှစ်စီးသုံးစီးလောက်က ပြန်ထွက်သွားကြပြီ။ စစ်ကားတွေဝင်လာတုန်းက ပြေးနိုင်တဲ့ လူတွေပဲလွတ်တယ်၊ အခြေအနေစောင့်ကြည့်သူတွေ အကုန်ပိတ်မိနေတယ်”ဟု မန္တလေးမြို့ဘက်သို့ စစ်ဘေးရှောင်လာသူတဦးကပြောသည်။
ယခုနောက်ဆုံးရရှိသတင်းများအရ ဈေးဝယ်ထွက်ခဲ့သည့် တောကြီးမြွေပွေးအဖွဲ့မှ တပ်ဖွဲ့ဝင်သုံးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ တောကြီးမြွေပွေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ် မရ သေးပေ။
ပြီးခဲ့သည့်ဇွန်လကလည်း စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ပေါ်ဈေးသို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ လာရောက်ဈေးဝယ်ခဲ့သည်ကို အကြောင်းပြုပြီး စစ်ကောင်စီတပ်က ဆားတောင်မြို့အနီးမှကျေးရွာများ အား စီးနင်းဝင်ရောက်ကာ အိမ်ခြေ ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူငါးဦးထက်မနည်းကို သတ် ဖြတ်သွားခဲ့သည်။
Photo CJ/Myanmar Military
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မတ္တရာမြို့နယ်
#စကျင်ကျေးရွာ
#တောကြီးမြွေပွေးအဖွဲ့

👍10😁3🔥2😱2
လွိုင်ကော်-မိုးဗြဲလမ်းမကြီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြန်ဖြစ်
========================
001
(မဇ္စျိမ)။ ။ ကရင်နီပြည်နယ်၊ လွိုင်ကော်- မိုးဗြဲလမ်းမကြီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့ တို့ ဩဂုတ်လ ၆ ရက်နေ့က တိုက်ပွဲပြန်ဖြစ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၂)မှ ထုတ်ပြန်သည်။
လွိုင်ကော်-မိုးဗြဲလမ်းမကြီးတလျှောက်ရှိ ကျေးရွာအချို့တွင် ဩဂုတ်လ ၄ ရက်နေ့မှစပြီး စစ်ကောင်စီတပ် မှ စစ်ရေးလှုပ်ရှားနေကြောင်းနှင့် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်ကြောင်း ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်ရှိတပ်စွဲထားရာနေရာများအနီးတွင် ပြည်သူများအနေဖြင့် စစ်ရေး သတိပြု ပြီးရှောင်ရှားသွားလာကြရန် ကရင်နီပူးပေါင်းအဖွဲ့ဘက်မှ အသိပေးသည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းနိုင်ရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ရှိသူများထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက် အခဲကြောင့် ဆက်သွယ်၍ မရခဲ့ပေ။
ကရင်နီပြည်နယ်သို့ အဓိက ဝင်၊ ထွက်နိုင်သည့်လမ်းမကြီးဖြစ်သည့် လွိုင်ကော်-မိုးဗြဲ လမ်းတလျှောက် တွင် ဇူလိုင်လအတွင်းကလည်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးခြင်း၊ စစ်ယာဉ်တန်းများဖြင့် အင်အား ဖြည့်ဝင်ရောက်ခြင်းတို့ပြုလုပ်ခဲ့သည့်အတွက် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ဖူးသည်။
စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းသည့် အခြေအနေများကြောင့် ကရင်နီပူးပေါင်းအဖွဲ့များဘက်မှ လွိုင်ကော်-မိုးဗြဲလမ်းမကြီးနှင့် လွိုင်ကော်-ဆီဆိုင် လမ်းမကြီးတလျှောက် ဖြတ်သန်းသွားလာခွင့်ကို ဇူလိုင် လ ၁၈ ရက်က စတင်တားမြစ်ခဲ့ပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြန်လည်ခွင့်ပြုခဲ့သည်။
“လက်ရှိ မိုးဗြဲလမ်းကတော့ ပြည်သူလူထု အသွားအလာတော့ရှိပါတယ်။ Express ကားကြီးမျိုး အသွား အလာရှိတယ်။ နောက် ကားငယ်လည်းရှိပါတယ်။ စစ်ရေးကတော့တင်းမာနေတယ်။ သူတို့ စစ်ကြောင်း ထိုးလာတာနဲ့ ကျွန်တော်တို့က ပစ်ဖို့တော့ အဆင်သင့်ပဲ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
လွိုင်ကော်-မိုးဗြဲလမ်းမကြီးပေါ်တွင် ဇူလိုင်လနောက်ဆုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNDF မှ ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်နီ
#လွိုင်ကော်
#မိုးဗြဲ
#စစ်ရေးတင်းမာ

👍11👏3🔥1
Media is too big
VIEW IN TELEGRAM
Aug - 7 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

👍5🖕2🍌1
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တိုက်ခိုက်
======================
MTO (မဇ္ဈိမ)။ ။ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဉ် သုံးစီးကို ဆားလင်းကြီးမြို့နယ်မြစ်ကမ်းဘေးမှနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
စစ်လက်နက်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ တင်ဆောင်သည့် စစ်ကောင်စီရေယာဉ် သုံးစီးကို ဩဂုတ်လ ၅ ရက်နေ့ နေ့လယ်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု BDF-Yinmarbin အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
" သူတို့(စစ်ကောင်စီ) ဘက်မှာ ထိခိုက်မှုတွေရှိတယ်။ အတိအကျတော့ မသိရဘူး” ဟု ၎င်းကပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်များဘက်တွင် ထိခိုက်မှုမရှိဟု BDF-Yinmarbin အဖွဲ့ က တာဝန်ရှိသူက ဆိုသည်။အဆိုပါ စစ်ရေယာဉ်များကို BDF-Yinmarbin အပြင် Chindwin Fighter Group နှင့်မဟာမိတ် အဖွဲ့များကလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီရေယာဉ်တန်းသည် ချင်းတွင်းမြစ်အတိုင်း အထက်သို့ဆန်တက်ပါက ကနီ၊မင်းကင်းနှင့် ကလေးဝမြို့များသို့ ရောက်မည်ဖြစ်သည်။ ထို့ကြောင့် ဒေသခံပြည်သူများ သတိပြုကြရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
လတ်တလောတွင် စစ်ကိုင်းတိုင်းအတွင်း ဆာလင်းကြီးမြို့အပြင် ယင်းမာပင်မြို့နယ်တွင်လည်း စစ်ကောင်စီရေယာဉ်အုပ်စုရှိနေသည်။
စာတည်း - မောင်ကြီး
https://youtu.be/XfiaPxOVPS8
#mizzima
#ဆားလင်းကြီးမြို့နယ်
#ချင်းတွင်းမြစ်ကမ်းဘေး
#BDF-Yinmarbin
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တိုက်ခိုက်
MTO (မဇ္ဈိမ)။ ။ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဉ် သုံးစီးကို ဆားလင်းကြီးမြို့နယ်မြစ်ကမ်းဘေးမှနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
စစ်လက်နက်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ တင်ဆောင်သည့် စစ်ကောင်စီရေယာဉ် သုံးစီးကို…

👍6😁6👏2❤1👎1
လောင်းလုံးမြို့နယ်တွင် စစ်တပ်ထုတ်ကုန်များ ဝယ်ယူ၊ ရောင်းချခြင်းမပြုလုပ်ရန် အသိပေးတိုက်တွန်း
==================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် စစ်တပ်ထုတ်ကုန်များ ဝယ်ယူသုံးစွဲ၊ ရောင်းချခြင်းမပြုကြရန် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ လှုပ်ရှား မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့ ဩဂုတ်လ ၇ ရက်တွင် စစ်တပ်ထုတ်ကုန်များဖြစ်သော အရက်၊ ဘီယာ၊ အချိုရည်၊ စီးကရက်များကို ဝယ်ယူသုံးစွဲခြင်း၊ ရောင်းချခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ကြရန် အသိပေးတိုက်တွန်းခဲ့ခြင်းဖြစ် သည်။
အဆိုပါလှုပ်ရှားမှုကို လောင်းလုံးမြို့အတွင်းရှိ စျေးဆိုင်များအပြင် လမ်းပိုင်းအချို့မှ ခရီးသည်တင်ယာဉ် များသို့ သွားရောက်ကာ အသိတိုက်တွန်းခဲ့ကြကြောင်း ဆိုသည်။
ထို့ပြင် ကုန်တင်၊ ကုန်ချကားများ သုံးဘီးဆိုင်ကယ်များကိုလည်း စစ်တပ်ထုတ်ကုန်များအား သယ်ယူပို့ ဆောင်ခြင်းမလုပ်ကြဘဲ သပိတ်မှောက်ဆန့်ကျင်ကြရန် အသိပေးခဲ့ကြကြောင်းလည်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#လောင်းလုံး
#စစ်တပ်ထုတ်ကုန်
#ရောင်ချ
#သယ်ယူပို့ဆောင်'
Website Link - http://www.mizzimaburmese.com/article/131773

👍12❤2🔥1😁1
သြဂုတ်လ (၇) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
========================
- ထိုင်း-မြန်မာ ကုန်သွယ်နေတဲ့ အာရှကားလမ်းပိုင်း ပြိုကျမှု ဖြစ်ပွားတဲ့သတင်း
- ဖားကန့်ရှိ ကသိုင်းတောင် စစ်စခန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်တဲ့သတင်း
- လဲချားမြို့နယ်က တပ်စခန်း ၁၀ ခု ဆုတ်ခွာပေးဖို့ငြင်းဆန်ပြီးနောက် စစ်ကောင်စီတပ်နဲ့ SSPP တို့ တိုက်ပွဲဖြစ်နေတဲ့သတင်း
- မြန်မာ့အရေးကို မဖြေရှင်းနိုင်ရင် အာဆီယံအဖွဲ့ထဲ မဝင်ရောက်ဘူးလို့ တီမောဝန်ကြီးချုပ်ပြောကြားလိုက်တဲ့သတင်း
- ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမတိုင်မီ နယူးဒေလီမှာ လမ်းဘေးခွေးတွေကို ရှင်းလင်းနေတဲ့သတင်းနဲ့
- စစ်ကောင်စီလက်ထက် တရုတ်နှင့် တရားမဝင်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါးရှိခဲ့တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/asLKl_kj4Cc?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
========================
- ထိုင်း-မြန်မာ ကုန်သွယ်နေတဲ့ အာရှကားလမ်းပိုင်း ပြိုကျမှု ဖြစ်ပွားတဲ့သတင်း
- ဖားကန့်ရှိ ကသိုင်းတောင် စစ်စခန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်တဲ့သတင်း
- လဲချားမြို့နယ်က တပ်စခန်း ၁၀ ခု ဆုတ်ခွာပေးဖို့ငြင်းဆန်ပြီးနောက် စစ်ကောင်စီတပ်နဲ့ SSPP တို့ တိုက်ပွဲဖြစ်နေတဲ့သတင်း
- မြန်မာ့အရေးကို မဖြေရှင်းနိုင်ရင် အာဆီယံအဖွဲ့ထဲ မဝင်ရောက်ဘူးလို့ တီမောဝန်ကြီးချုပ်ပြောကြားလိုက်တဲ့သတင်း
- ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမတိုင်မီ နယူးဒေလီမှာ လမ်းဘေးခွေးတွေကို ရှင်းလင်းနေတဲ့သတင်းနဲ့
- စစ်ကောင်စီလက်ထက် တရုတ်နှင့် တရားမဝင်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါးရှိခဲ့တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/asLKl_kj4Cc?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
သြဂုတ်လ (၇) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
- ထိုင်း-မြန်မာ ကုန်သွယ်နေတဲ့ အာရှကားလမ်းပိုင်း ပြိုကျမှု ဖြစ်ပွားတဲ့သတင်း
- ဖားကန့်ရှိ ကသိုင်းတောင် စစ်စခန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်တဲ့သတင်း
- လဲချားမြို့နယ်က တပ်စခန်း ၁၀ ခု ဆုတ်ခွာပေးဖို့ငြင်းဆန်ပြီးနောက် စစ်ကောင်စီတပ်နဲ့ SSPP တို့…

👍9😁2🍌1
Lage Raho Munna Bhai (2006)
================
မင်းသားကြီး ဆန်ဂျေးဒတ် ပါဝင်သရုပ်ဆောင်ထားပြီး ဘောလိဝုဒ် ဟာသ ဟိန္ဒီရုပ်ရှင်သည် အမျိုးသားရုပ်ရှင် ဆုပေါင်း ၁၇ ဆု ရရှိခဲ့သည့် ဇာတ်ကားလေးပါ။
လူမိုက်ခေါင်းဆောင်မူလီသည် ရေဒီယို တင်ဆက်သူကောင်မလေး ဂျန်ဗီ ကို "မင်္ဂလာနံနက်ခင်းပါ မိုဘိုင်း" ဆိုသည့်ရေဒီယိုအစီအစဥ်ကို အမြဲနားထောင်ရင်း ချစ်မြတ်နိုးနေခဲ့ပြီး သူ့အိပ်မက်သည်ကောင်မလေးကို လက်ထပ်ရန်ဖြစ်လာခဲ့ပါသည်။
မမျှော်လင့်သောအကြောင်းကြောင်းများကြောင့် မူလီ ဂျန်ဗီအား သမိုင်းပါမောက္ခဟုလိမ်ညာခဲ့ရာ ဂျန်ဗီကသူ့၏မိသားစုများနှင့်သူငယ်ချင်းများအား သမိုင်းအကြောင်းဟောပြောရန် မူလီအား ဖိတ်ခေါ်ခဲ့သည်။
ပညာတွေအရမ်းမတက်ပေမယ့် စိတ်ထားကောင်းတဲ့ မူလီဘယ်လိုဒီပြသာနကို ဖြေရှင်းနိုင်မလဲ? ဂျန်ဗီကရော မူလီကို သူထင်သလို ပါမောက္ခ မဟုတ်ပဲ သူ့ကိုလိမ်ညာနေတာတွေသိသွားရင် ဆက်ပြီးလက်ခံနိုင်မလားဆိုတာ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak
#New ပြသမည့်ရက်။ ။ ၇.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၈.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
မင်းသားကြီး ဆန်ဂျေးဒတ် ပါဝင်သရုပ်ဆောင်ထားပြီး ဘောလိဝုဒ် ဟာသ ဟိန္ဒီရုပ်ရှင်သည် အမျိုးသားရုပ်ရှင် ဆုပေါင်း ၁၇ ဆု ရရှိခဲ့သည့် ဇာတ်ကားလေးပါ။
လူမိုက်ခေါင်းဆောင်မူလီသည် ရေဒီယို တင်ဆက်သူကောင်မလေး ဂျန်ဗီ ကို "မင်္ဂလာနံနက်ခင်းပါ မိုဘိုင်း" ဆိုသည့်ရေဒီယိုအစီအစဥ်ကို အမြဲနားထောင်ရင်း ချစ်မြတ်နိုးနေခဲ့ပြီး သူ့အိပ်မက်သည်ကောင်မလေးကို လက်ထပ်ရန်ဖြစ်လာခဲ့ပါသည်။
မမျှော်လင့်သောအကြောင်းကြောင်းများကြောင့် မူလီ ဂျန်ဗီအား သမိုင်းပါမောက္ခဟုလိမ်ညာခဲ့ရာ ဂျန်ဗီကသူ့၏မိသားစုများနှင့်သူငယ်ချင်းများအား သမိုင်းအကြောင်းဟောပြောရန် မူလီအား ဖိတ်ခေါ်ခဲ့သည်။
ပညာတွေအရမ်းမတက်ပေမယ့် စိတ်ထားကောင်းတဲ့ မူလီဘယ်လိုဒီပြသာနကို ဖြေရှင်းနိုင်မလဲ? ဂျန်ဗီကရော မူလီကို သူထင်သလို ပါမောက္ခ မဟုတ်ပဲ သူ့ကိုလိမ်ညာနေတာတွေသိသွားရင် ဆက်ပြီးလက်ခံနိုင်မလားဆိုတာ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak
#New ပြသမည့်ရက်။ ။ ၇.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၈.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1🤔1
ရေအောက်၌ ၄ မိုင်ကျော်မောင်းနှင်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့သည့် လျှပ်စစ်ကား
==================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5❤1🔥1
သက်ရှိများနေထိုင်နိုင်သည့် ဂြိုဟ်ပေါင်းသောင်းချီ ရှာဖွေပေးနိုင်မည့် ပလေတိုမစ်ရှင်