Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
၆ လအတွင်း စစ်ကောင်စီတပ်စခန်း ၃၀ သိမ်းပိုက်နိုင်ကြောင်း NUG ကာကွယ်ရေးဌာနပြော
======================

001
(မဇ္စျိမ)။ ။၂၀၂၃ ခုနှစ် ပထမခြောက်လတာကာလအတွင်း စစ်ကောင်စီတပ်စခန်း ၃၀ ကို သိမ်းပိုက်နိုင်ခဲ့ ပြီး လေတပ်စခန်းနှင့် စစ်ကောင်စီ၏ တပ်မဌာနချုပ်များကိုလည်း တိုက်ခိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် မဟာမိတ်တပ်ပေါင်းစုများ၏ နွေဦးတော်လှန်ရေးတိုက်ပွဲ အခြေအနေများကို ကာကွယ်ရေးဝန်ကြီးဌာန၏ ဒု-အတွင်းဝန်ဖြစ်သကဲ့သို့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် သည့် ဦးမောင်မောင်ဆွေက ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် ပြည်သူသို့တင်ပြရာ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကရင်နီဒေသတွင် စခန်း ၁၀ ခု၊ စစ်ကိုင်းတိုင်းတွင် ခြောက်ခုနှင့် တောင်ပိုင်းတိုင်းစစ်ဒေသတွင် ၁၄ ခု ရှိခဲ့သည့်အပြင် ရဲစခန်း ၁၅ ခု၊ နယ်ခြားစောင့်တပ် ၁၀ ခုနှင့် ပျူစခန်း၁၄ ခုကိုလည်း အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည့် ကရင်ပြည်နယ် မြဝတီမြို့အနီးရှိလက်ခတ်တောင် တာဝါတိုင်စခန်းကုန်းတိုက်ပွဲသည်လည်း ထူးခြားသည့်တိုက်ပွဲတစ်ခုဖြစ်ပြီး စစ်ကောင်စီဘက်မှ ပြန်လည် သိမ်းပိုက်နိုင်ရန်ကြိုးစားနေသော်လည်း ယနေ့အထိ တောင်ခြေကိုပင်ကပ်နိုင်ခြင်းမရှိဟု ဒုတိယအတွင်း ဝန် ဦးမောင်မောင်ဆွေက ပြောသည်။

“ဒီစခန်းအနေနဲ့လည်း ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ၊ မဟာမိတ်တော်လှန်ရေး အင်အားစုတွေက မလိုအပ်တော့လို့စွန့်မှပဲ သူတို့ ပြန်ပြီးတော့ ထိန်းသိမ်းနိုင်မယ့် သဘောရှိပါတယ်”ဟု ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ တံတားဦးလေတပ်စခန်း၊ မင်္ဂလာဒုံလေတပ်စခန်း၊ မကွေးလေတပ်စခန်း၊ တောင်ငူလေတပ်စခန်းနှင့် ကျောက်ထုလေတပ်စခန်းများကို လက်နက်ကြီးများနှင့် ခုနစ်ကြိမ် ပစ်ခတ်ခဲ့ ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ခြောက်ကြိမ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို တကြိမ်၊ တပ်မ(၄၄)ဌာနချုပ်ကို သုံးကြိမ်၊ တပ်မ (၃၃) ဌာနချုပ်ကို တကြိမ်၊ တပ်မ(၁၀၁) ဌာနချုပ်ကို နှစ် ကြိမ် တိုက်ခိုက်နိုင်ခဲ့ကြောင်းလည်း ဆိုသည်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေကလည်း မကြာမီ သောကာလမှာ ထိုးစစ်ကာလကိုရောက်ရှိလာဖို့ရှိပါတယ်၊ အဲ့ဒီထိုးစစ်ကာလကိုရောက်ရင် စစ်ကောင်စီ တပ်သားတွေနဲ့ ဒီထက်ပိုပြီး ကျရှုံးတော့မှာအမှန်ပဲဆိုတာကို ပြည်သူလူထုကို ထပ်မံပြီး တင်ပြချင်ပါ တယ်” ဟု ဦးမောင်မောင်ဆွေက ပြောသည်။

ယခုနှစ် ပထမခြောက်လတာကာလအတွင်း စစ်ကောင်စီ၏ အဓိက စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံ ခုနစ်ရုံကို ၁၂ ကြိမ် ပစ်ခတ်နိုင်ခဲ့သကဲ့သို့ တိုက်ပွဲပေါင်း ၉၃၅ ကြိမ်တွင် စစ်ကောင်စီတပ်သား ၃,၀၀၀ ကျော်သေဆုံးပြီး ၄,၀၀၀ ကျော်ဒဏ်ရာရခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနဘက်က ပြောသည်။

ထို့ပြင် လက်နက်ငယ် ၂၀၃ လက်၊ ကျည်ပေါင်း ၃၀,၀၀၀ ကျော်၊ ဗုံးသီးပေါင်း ၆၀၀ ကျော်နှင့် မိုင်းအလုံးရေ ၁၇၀ ကျော်ကို PDF နှင့် မဟာမိတ်အဖွဲ့များက သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီဘက်မှ လေကြောင်း တိုက်ခိုက်မှုအကြိမ် ၁၀၀ ပြုလုပ်ခဲ့သလို PDF များဘက်မှလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၂၀၀ ကျော်ပြုလုပ်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏စာရင်းများအရ သိရသည်။

ဓာတ်ပုံ- NUG ကာကွယ်ရေးဌာန၊ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေနှင့် PDF များကို တွေ့ရစဉ်
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#NUG
#စစ်ကောင်စီ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤3😁3👏2
​​ရုရှား-ယူကရိန်းပဋိပက္ခအတွက် အဖြေရှာဖြေရှင်းပေးရန် အိန္ဒိယက ဆန္ဒရှိကြောင်း နိုင်ငံတော်လုံခြုံရေး အကြံပေး ပြောကြား 
=====================

အိန္ဒိယသည် ရုရှားနှင့် ယူကရိန်းနှစ်နိုင်ငံစလုံးကို ပဋိပက္ခအမြင့်ဆုံး အဆင့် စတင်ကတည်းက စေ့စပ်ညှိနှိုင်းမှုများ ပုံမှန်လုပ်ဆောင်နေခဲ့ကြောင်း ဒိုဗယ် က ဆွေးနွေးပွဲအတွင်း ပြောကြားသည်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများတွင် ပြဋ္ဌာန်းထားသည့် အခြေခံမူများကို အခြေခံ၍ ကမ္ဘာလုံးဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကို အိန္ဒိယက ထောက်ခံကြောင်း ၎င်းက ပြောကြားသည်။ “နိုင်ငံအားလုံးအနေဖြင့် အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးအပေါ် လေးစားမှုကို ခြွင်းချက်မရှိ လိုက်နာရမယ်” ​​ဟု ၎င်းက ဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤣11👍5
စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသည့် ရှမ်းတောင်တပ် ဖွဲ့စည်းခြင်း၂နှစ်ပြည့်ပြီ
❤21👍3😁2🔥1
စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသည့် ရှမ်းတောင်တပ် ဖွဲ့စည်းခြင်း၂နှစ်ပြည့်ပြီ
============================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်စပ်‌ဒေသတွင် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းအမှတ်(၁၀၀၅) ရှမ်းတောင်သည် ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း နှစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

ရှမ်းတောင်တပ်ဖွဲ့ကို ၂၀၂၁ခုနှစ် ဩဂုတ်လတွင် ဖွဲ့စည်းခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊အမှတ်(၃) စစ်ဒေသ၏ တပ်ရင်းတစ်ခုဖြစ်သည်။ ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု(USSFU) တပ်ဖွဲ့ဝင်လည်း ဖြစ်သည်။

ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းထိစပ်နေသည့် ဒေသများတွင် ကရင်နီတော်လှန်ရေးအင်အားစုများဖြစ်သည့် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)၊ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတော်လှန်ရေးတပ်ပေါင်းစု(SSLRU)၊ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ရှမ်းတောင်တပ်ဖွဲ့ က ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့အထိ ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာကြားတွင် စစ်ကောင်စီတပ်အား ရှမ်းတောင်တပ်ဖွဲ့အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိတဦးနှင့် တပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း ရှမ်းတောင်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရှမ်းတောင်တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း နှစ်နှစ်ပြည့် အခမ်းအနားကို ယနေ့ ကျင်းပခဲ့ပြီး မှတ်တမ်းဓာတ်ပုံများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဓါတ်ပုံ-အမှတ်(၁၀၀၅)တပ်ရင်း (ရှမ်းတောင်တပ်ဖွဲ့)
စာတည်း - မောင်ကြီး

#mizzima
#ရှမ်းပြည်နယ်တောင်ပိုင်း
#ကရင်နီပြည်
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#တပ်ရင်းအမှတ်(၁၀၀၅)
#နှစ်နှစ်ပြည့်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12👍8😁2🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၇ ဩဂုတ် ၂၀၂၃) 
========================

ရှမ်းမြောက်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ယခုရက်ပိုင်းတိုက်ပွဲအပြင်းအထန်နေရာအနှံ့ ပြင်းထန်စွာ ဖြစ်ပွားလာသည်ကို ကြည့်ခြင်းဖြင့် မင်းအောင်လှိုင် အကူအညီတောင်း၍ တရုတ်၏ စေ့စပ်ညှိနှိုင်းပေးမှု မအောင်မြင်ဟု ဆိုရမည်ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤5😁2🔥1
​​မကြာမီတွင် ထိုးစစ်ကာလရောက်ရှိလာတော့မည်ဟု NUG ကာကွယ်ရေး ဒုတိယအတွင်းဝန်ပြော
===================

မကြာမီတွင် ထိုးစစ်ကာလရောက်ရှိလာတော့မည်ဟု NUG ကာကွယ်ရေး ဒုတိယအတွင်းဝန် ဦး မောင် မောင် ဆွေက ပြောသည်။

" ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေနဲ့ မဟာမိတ်အင်အား စုတွေအနေနဲ့ကလည်း မကြာမီသောကာလမှာ ထိုးစစ်ကာလကို ရောက်ရှိလာတော့မှာ ရှိပါတယ်။ အဲ့ဒီထိုးစစ်ကာလကိုရောက်ရင် စစ်ကောင်စီတပ်သားတွေအနေနဲ့ ဒီ့ထက်ပိုကျရှူံးတော့မှာ အမှန်ပဲ ဆိုတာကို ကျွန်တော် ပြည်သူလူထုကို ထပ်မံတင်ပြချင်ပါတယ်" ဟု ဒုတိယအတွင်းဝန်က ပြောသည်။

ခြောက်လတာ ကာလအတွင်း ထိတွေ့တိုက်ပွဲ ၉၃၅ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀၁၂ ဦး သေဆုံးကာ ၄၀၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုမှာ လက်နက်ငယ် ၂၀၃ လက်၊ ကျည်ဆန် သုံးသောင်းကျော်၊ ဗုံးသီးခြောက်ရာကျော်နှင့် မိုင်း ၁၇၀ ကျော် ရရှိခဲ့သည်ဟု ဒုအတွင်းဝန်ကပြောသည်။
စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့မှု အကြိမ် ၃၀ ရှိပြီး ကရင်နီတွင် ၁၀ ကြိမ်၊ စစ်ကိုင်းတွင် ခြောက်ကြိမ်၊ တောင်ပိုင်းစစ်ဒေသတွင် ၁၄ ကြိမ်ဖြစ်သည်ဟု ဦးမောင်မောင်ဆွေက ပြောသည်။

ရဲစခန်း ၁၅ ခု၊ နယ်ခြားစောင့်တပ် ၁၀ ခု၊ ပျူစောထီးစခန်း ၁၄ ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ၎င်းကပြောသည်။
စစ်ကောင်စီက ခြောက်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ ပြုလုပ်ခဲ့ကြောင်း၊ PDF ဒရုန်းတပ်ဖွဲ့ဘက်မှ စစ်ကောင်စီ၏ ဌာနချုပ်နေရာများကို ၂၅၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဦးမောင်မောင်ဆွေက ပြောသည်။

PDF များအနေဖြင့် ပုံမှန်စစ်ပွဲများကို ဆင်နွှဲလာနိုင်ပြီး ၂၀၂၃ ခုနှစ်အတွင်း ခုခံတော်လှန်စစ်မှာ အဆင့်တစ်ဆင့်သို့ မြင့်တက်သွား ပြီဟု ၎င်းကပြောသည်။

" မဟာမိတ် တပ်သားတွေနဲ့ ပူးပေါင်းပြီးတော့ ခရီးရှည်တိုက်ပွဲ တွေကိုလည်း ဆင်နွှဲနေပါပြီ။ ကြီးမားကျယ်ပြန့်တဲ့ စစ်နယ်တွေမှာ မဟာဗျူဟာကျကျ အချိတ်အဆက်မိမိနဲ့ ကျွန်တော်တို့က အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေကို ချေမှုန်းနိုင်နေပြီ ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

စစ်ကောင်စီကို တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းတို့တွင် ဟန်ချက်ညီညီ တိုက်ပွဲဝင်နေကြောင်း၊ စစ်ကောင်စီမှာ ရှေ့တန်း မဟုတ်သော်လည်း နောက်တန်းဌာနချုပ်များတွင်ပါ ဗုံးခိုကျင်းများ တူးကာ ကာကွယ်နေရသည်ဟု ဦးမောင်မောင်ဆွေက ပြောသည်
" ရှေ့တန်းလိုပဲ ပုန်းလျိုးကွယ်လျှိုး ဗုံးကျင်းတွေ တူးပြီး နေနေရတဲ့ သ ဘောရှိပါတယ်" ဟု ဒုတိယအတွင်းဝန်က ပြောသည်။

ခြောက်လအတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ခြောက်ကြိမ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို တစ်ကြိမ်၊ တပ်မ ၄၄ ဌာနချုပ်အား သုံးကြိမ်၊ တပ်မ ၃၃ ဌာနချုပ်အားတစ်ကြိမ်၊ ၁၀၁ တပ်မဌာနချုပ်ကို နှစ်ကြိမ် အောင်အောင်မြင်မြင် တိုက်ခိုက်နိုင် ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အောင်ပွဲများ ရရှိခြင်းမှာ PDF များနှင့်မဟာမိတ်အဖွဲ့များ၏ စစ်ရေး စွမ်းရည် ပြည့်ဝခြင်းသာမက ပြည်တွင်း ပြည်ပမှထောက်ပို့တပ်သား များ၏ ကဏ္ဍကလည်းအရေးကြီးကြောင်း ဦးမောင်မောင်ဆွေက ပြောသည်။

" ပြည်သူတွေရဲ့ ပံ့ပိုးမှုအပိုင်းတွေကိုလည်း ကာကွယ်ရေးဝန်ကြီး ဌာနက အလေးအနက် ချီးကျူးဂုဏ်ပြုပါတယ်" ဟု ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောသည်။

ဓာတ်ပုံ- လေ့ကျင်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍26❤12😁2🤮1
“၂ သောင်းတန်ကိုင်လို့ အရေးယူရင် အောက်ခြေက ပြည်သူတွေ ဂယက်ရိုက်သွားနိုင်တယ်” (ရုပ်/သံ)
=====================

လင်းသူရိန်
စစ်ကောင်စီက ထုတ်ဝေတဲ့ နှစ်သောင်းကျပ်တန် ငွေစက္ကူတွေကို အသိအမှတ် ပြုမှာ မဟုတ်ကြောင်းနဲ့ တရားမဝင် ငွေစက္ကူတွေအဖြစ် သတ်မှတ်တယ်လို့ NUGရဲ့ ကြားကာလ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က အသိပေးထုတ်ပြန် လာပါတယ်။

NUG ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ အသုံးပြုပါက အရေးယူမှုတွေ ဆောင်ရွက်သွားမယ် ဆိုတာမျိုး ဖော်ပြတာ မတွေ့ရပေမယ့် ထိုသို့ NUG က ကြေညာပြီးနောက် သုံးစွဲရင် အရေးယူမှုတွေပြုလုပ်မယ်လို့ ပြည်သူတွေကို အသိပေးလာတဲ့ တော်လှန်ရေးအဖွဲ့ တချို့လည်း ရှိလာနေတာ ဖြစ်ပါတယ်။

တည်းဖြတ်/တင်ဆက် = လင်းသူရိန်

https://youtu.be/crgYlUdltQU

#၂သောင်းတန်
#အရေးယူမယ်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24😁11❤1
Media is too big
VIEW IN TELEGRAM
Nature Article | တညှင်းသီးက သင့်ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲ?

Watch more detail - https://youtu.be/rYK_yp54K_o

#naturearticle #စကားဝိုင်း #naturearticleshorts #reels
👍6🤮1🌭1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၇ ရက်ထုတ်လွှင့်မှုများ 
================

https://youtu.be/76c9m4rDRV8

#pvtv 
#MizzimaTV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🍌1🖕1
သြဂုတ်လ (၈) ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်း ချင်းတွင်းမြစ်ကြောင်းတလျှောက်မှာ စစ်ကောင်စီတပ်က ကုန်းကြောင်း၊ ရေကြောင်း နှစ်ဖက်ညှပ်ပြီး အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့သတင်းနဲ့အတူ ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အသုံးပြုနေတဲ့ အာရှလမ်းပိုင်း တစ်နေရာဟာ ဒီကနေ့ ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းမှာ မြေပြိုကျပြီး ခရီးသည်တင် ကားတွေ၊ ကုန်တင်ကားတွေ သွားလာလို့မရဘဲ ပိတ်မိနေတဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ် ကဏ္ဍအဖြစ် “Mizzima Editorial Talk” အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/EvGFuuKwLPE

#morningradio 
#mizzimaradio 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁1🤬1😢1🤮1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ သြဂုတ်လ ၈ ရက်၊ ၂၀၂၃ | VOA On Mizzima
==============

ဥတုရာသီပြောင်းလဲမှုကြောင့် လူမှုအသိုင်းအဝိုင်းအပေါ် ရိုက်ခတ်မှုအကြောင်းနဲ့ အနုမြူသတ္တိကြွရေတွေပြန်သန့်စင်မှုအစီအစဉ်ကြောင့် ကုန်သွယ်ရေးထိခိုက်လာတဲ့အကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၈ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/WOaPZsgmz2w

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁3
တညှင်းသီးရဲ့အကျိုးကျေးဇူးများ
 --------------------------------- 

-တညှင်းသီးက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ? 

-တညှင်းသီးမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-တညှင်းသီးမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ? 

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/rYK_yp54K_o

#Nature
#NatureArticle
#VideoNews
#MizzmaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🤮1🌭1
​​8.8.2023 (Tuesday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
=================

✅Highlight ✅

👉နှောင်ကြိုးဖွဲ့ ကလဲ့စား (ညနေ - ၇ နာရီ) 

👉India Movie -Cocktail (ည- ၈ နာရီ) 

👉Korea Movie -High Society (ည- ၁၀ နာရီခွဲ) 

➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ #mizzimatv
👍7😁2