Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသည့် ရှမ်းတောင်တပ် ဖွဲ့စည်းခြင်း၂နှစ်ပြည့်ပြီ
❤21👍3😁2🔥1
စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသည့် ရှမ်းတောင်တပ် ဖွဲ့စည်းခြင်း၂နှစ်ပြည့်ပြီ
============================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်စပ်‌ဒေသတွင် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းအမှတ်(၁၀၀၅) ရှမ်းတောင်သည် ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း နှစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

ရှမ်းတောင်တပ်ဖွဲ့ကို ၂၀၂၁ခုနှစ် ဩဂုတ်လတွင် ဖွဲ့စည်းခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊အမှတ်(၃) စစ်ဒေသ၏ တပ်ရင်းတစ်ခုဖြစ်သည်။ ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု(USSFU) တပ်ဖွဲ့ဝင်လည်း ဖြစ်သည်။

ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းထိစပ်နေသည့် ဒေသများတွင် ကရင်နီတော်လှန်ရေးအင်အားစုများဖြစ်သည့် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)၊ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတော်လှန်ရေးတပ်ပေါင်းစု(SSLRU)၊ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ရှမ်းတောင်တပ်ဖွဲ့ က ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့အထိ ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာကြားတွင် စစ်ကောင်စီတပ်အား ရှမ်းတောင်တပ်ဖွဲ့အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိတဦးနှင့် တပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း ရှမ်းတောင်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရှမ်းတောင်တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း နှစ်နှစ်ပြည့် အခမ်းအနားကို ယနေ့ ကျင်းပခဲ့ပြီး မှတ်တမ်းဓာတ်ပုံများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဓါတ်ပုံ-အမှတ်(၁၀၀၅)တပ်ရင်း (ရှမ်းတောင်တပ်ဖွဲ့)
စာတည်း - မောင်ကြီး

#mizzima
#ရှမ်းပြည်နယ်တောင်ပိုင်း
#ကရင်နီပြည်
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#တပ်ရင်းအမှတ်(၁၀၀၅)
#နှစ်နှစ်ပြည့်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12👍8😁2🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၇ ဩဂုတ် ၂၀၂၃) 
========================

ရှမ်းမြောက်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ယခုရက်ပိုင်းတိုက်ပွဲအပြင်းအထန်နေရာအနှံ့ ပြင်းထန်စွာ ဖြစ်ပွားလာသည်ကို ကြည့်ခြင်းဖြင့် မင်းအောင်လှိုင် အကူအညီတောင်း၍ တရုတ်၏ စေ့စပ်ညှိနှိုင်းပေးမှု မအောင်မြင်ဟု ဆိုရမည်ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤5😁2🔥1
​​မကြာမီတွင် ထိုးစစ်ကာလရောက်ရှိလာတော့မည်ဟု NUG ကာကွယ်ရေး ဒုတိယအတွင်းဝန်ပြော
===================

မကြာမီတွင် ထိုးစစ်ကာလရောက်ရှိလာတော့မည်ဟု NUG ကာကွယ်ရေး ဒုတိယအတွင်းဝန် ဦး မောင် မောင် ဆွေက ပြောသည်။

" ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေနဲ့ မဟာမိတ်အင်အား စုတွေအနေနဲ့ကလည်း မကြာမီသောကာလမှာ ထိုးစစ်ကာလကို ရောက်ရှိလာတော့မှာ ရှိပါတယ်။ အဲ့ဒီထိုးစစ်ကာလကိုရောက်ရင် စစ်ကောင်စီတပ်သားတွေအနေနဲ့ ဒီ့ထက်ပိုကျရှူံးတော့မှာ အမှန်ပဲ ဆိုတာကို ကျွန်တော် ပြည်သူလူထုကို ထပ်မံတင်ပြချင်ပါတယ်" ဟု ဒုတိယအတွင်းဝန်က ပြောသည်။

ခြောက်လတာ ကာလအတွင်း ထိတွေ့တိုက်ပွဲ ၉၃၅ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀၁၂ ဦး သေဆုံးကာ ၄၀၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုမှာ လက်နက်ငယ် ၂၀၃ လက်၊ ကျည်ဆန် သုံးသောင်းကျော်၊ ဗုံးသီးခြောက်ရာကျော်နှင့် မိုင်း ၁၇၀ ကျော် ရရှိခဲ့သည်ဟု ဒုအတွင်းဝန်ကပြောသည်။
စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့မှု အကြိမ် ၃၀ ရှိပြီး ကရင်နီတွင် ၁၀ ကြိမ်၊ စစ်ကိုင်းတွင် ခြောက်ကြိမ်၊ တောင်ပိုင်းစစ်ဒေသတွင် ၁၄ ကြိမ်ဖြစ်သည်ဟု ဦးမောင်မောင်ဆွေက ပြောသည်။

ရဲစခန်း ၁၅ ခု၊ နယ်ခြားစောင့်တပ် ၁၀ ခု၊ ပျူစောထီးစခန်း ၁၄ ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ၎င်းကပြောသည်။
စစ်ကောင်စီက ခြောက်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ ပြုလုပ်ခဲ့ကြောင်း၊ PDF ဒရုန်းတပ်ဖွဲ့ဘက်မှ စစ်ကောင်စီ၏ ဌာနချုပ်နေရာများကို ၂၅၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဦးမောင်မောင်ဆွေက ပြောသည်။

PDF များအနေဖြင့် ပုံမှန်စစ်ပွဲများကို ဆင်နွှဲလာနိုင်ပြီး ၂၀၂၃ ခုနှစ်အတွင်း ခုခံတော်လှန်စစ်မှာ အဆင့်တစ်ဆင့်သို့ မြင့်တက်သွား ပြီဟု ၎င်းကပြောသည်။

" မဟာမိတ် တပ်သားတွေနဲ့ ပူးပေါင်းပြီးတော့ ခရီးရှည်တိုက်ပွဲ တွေကိုလည်း ဆင်နွှဲနေပါပြီ။ ကြီးမားကျယ်ပြန့်တဲ့ စစ်နယ်တွေမှာ မဟာဗျူဟာကျကျ အချိတ်အဆက်မိမိနဲ့ ကျွန်တော်တို့က အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေကို ချေမှုန်းနိုင်နေပြီ ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

စစ်ကောင်စီကို တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းတို့တွင် ဟန်ချက်ညီညီ တိုက်ပွဲဝင်နေကြောင်း၊ စစ်ကောင်စီမှာ ရှေ့တန်း မဟုတ်သော်လည်း နောက်တန်းဌာနချုပ်များတွင်ပါ ဗုံးခိုကျင်းများ တူးကာ ကာကွယ်နေရသည်ဟု ဦးမောင်မောင်ဆွေက ပြောသည်
" ရှေ့တန်းလိုပဲ ပုန်းလျိုးကွယ်လျှိုး ဗုံးကျင်းတွေ တူးပြီး နေနေရတဲ့ သ ဘောရှိပါတယ်" ဟု ဒုတိယအတွင်းဝန်က ပြောသည်။

ခြောက်လအတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ခြောက်ကြိမ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို တစ်ကြိမ်၊ တပ်မ ၄၄ ဌာနချုပ်အား သုံးကြိမ်၊ တပ်မ ၃၃ ဌာနချုပ်အားတစ်ကြိမ်၊ ၁၀၁ တပ်မဌာနချုပ်ကို နှစ်ကြိမ် အောင်အောင်မြင်မြင် တိုက်ခိုက်နိုင် ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အောင်ပွဲများ ရရှိခြင်းမှာ PDF များနှင့်မဟာမိတ်အဖွဲ့များ၏ စစ်ရေး စွမ်းရည် ပြည့်ဝခြင်းသာမက ပြည်တွင်း ပြည်ပမှထောက်ပို့တပ်သား များ၏ ကဏ္ဍကလည်းအရေးကြီးကြောင်း ဦးမောင်မောင်ဆွေက ပြောသည်။

" ပြည်သူတွေရဲ့ ပံ့ပိုးမှုအပိုင်းတွေကိုလည်း ကာကွယ်ရေးဝန်ကြီး ဌာနက အလေးအနက် ချီးကျူးဂုဏ်ပြုပါတယ်" ဟု ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောသည်။

ဓာတ်ပုံ- လေ့ကျင်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍26❤12😁2🤮1
“၂ သောင်းတန်ကိုင်လို့ အရေးယူရင် အောက်ခြေက ပြည်သူတွေ ဂယက်ရိုက်သွားနိုင်တယ်” (ရုပ်/သံ)
=====================

လင်းသူရိန်
စစ်ကောင်စီက ထုတ်ဝေတဲ့ နှစ်သောင်းကျပ်တန် ငွေစက္ကူတွေကို အသိအမှတ် ပြုမှာ မဟုတ်ကြောင်းနဲ့ တရားမဝင် ငွေစက္ကူတွေအဖြစ် သတ်မှတ်တယ်လို့ NUGရဲ့ ကြားကာလ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က အသိပေးထုတ်ပြန် လာပါတယ်။

NUG ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ အသုံးပြုပါက အရေးယူမှုတွေ ဆောင်ရွက်သွားမယ် ဆိုတာမျိုး ဖော်ပြတာ မတွေ့ရပေမယ့် ထိုသို့ NUG က ကြေညာပြီးနောက် သုံးစွဲရင် အရေးယူမှုတွေပြုလုပ်မယ်လို့ ပြည်သူတွေကို အသိပေးလာတဲ့ တော်လှန်ရေးအဖွဲ့ တချို့လည်း ရှိလာနေတာ ဖြစ်ပါတယ်။

တည်းဖြတ်/တင်ဆက် = လင်းသူရိန်

https://youtu.be/crgYlUdltQU

#၂သောင်းတန်
#အရေးယူမယ်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24😁11❤1
Media is too big
VIEW IN TELEGRAM
Nature Article | တညှင်းသီးက သင့်ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲ?

Watch more detail - https://youtu.be/rYK_yp54K_o

#naturearticle #စကားဝိုင်း #naturearticleshorts #reels
👍6🤮1🌭1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၇ ရက်ထုတ်လွှင့်မှုများ 
================

https://youtu.be/76c9m4rDRV8

#pvtv 
#MizzimaTV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🍌1🖕1
သြဂုတ်လ (၈) ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်း ချင်းတွင်းမြစ်ကြောင်းတလျှောက်မှာ စစ်ကောင်စီတပ်က ကုန်းကြောင်း၊ ရေကြောင်း နှစ်ဖက်ညှပ်ပြီး အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့သတင်းနဲ့အတူ ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အသုံးပြုနေတဲ့ အာရှလမ်းပိုင်း တစ်နေရာဟာ ဒီကနေ့ ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းမှာ မြေပြိုကျပြီး ခရီးသည်တင် ကားတွေ၊ ကုန်တင်ကားတွေ သွားလာလို့မရဘဲ ပိတ်မိနေတဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ် ကဏ္ဍအဖြစ် “Mizzima Editorial Talk” အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/EvGFuuKwLPE

#morningradio 
#mizzimaradio 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁1🤬1😢1🤮1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ သြဂုတ်လ ၈ ရက်၊ ၂၀၂၃ | VOA On Mizzima
==============

ဥတုရာသီပြောင်းလဲမှုကြောင့် လူမှုအသိုင်းအဝိုင်းအပေါ် ရိုက်ခတ်မှုအကြောင်းနဲ့ အနုမြူသတ္တိကြွရေတွေပြန်သန့်စင်မှုအစီအစဉ်ကြောင့် ကုန်သွယ်ရေးထိခိုက်လာတဲ့အကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၈ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/WOaPZsgmz2w

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁3
တညှင်းသီးရဲ့အကျိုးကျေးဇူးများ
 --------------------------------- 

-တညှင်းသီးက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ? 

-တညှင်းသီးမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-တညှင်းသီးမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ? 

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/rYK_yp54K_o

#Nature
#NatureArticle
#VideoNews
#MizzmaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🤮1🌭1
​​8.8.2023 (Tuesday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
=================

✅Highlight ✅

👉နှောင်ကြိုးဖွဲ့ ကလဲ့စား (ညနေ - ၇ နာရီ) 

👉India Movie -Cocktail (ည- ၈ နာရီ) 

👉Korea Movie -High Society (ည- ၁၀ နာရီခွဲ) 

➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ #mizzimatv
👍7😁2
ရန်ကုန်မြို့လယ်တွင် ၈၈၈၈ လူထုအရေးတော်ပုံ ၃၅ နှစ်မြောက်အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်
👍16❤6😁3
ရန်ကုန်မြို့လယ်တွင် ၈၈၈၈ လူထုအရေးတော်ပုံ ၃၅ နှစ်မြောက်အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်
==================

မောင်ခက်နွေ

(မဇ္ဈိမ)။ ။စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့လယ်တွင် ၈၈၈၈ လူထုအရေးတော်ပုံ ၃၅ နှစ်မြောက်အထိမ်းအမှတ် လှုပ်ရှားမှုကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)နှင့် လူ့ဘောင်သစ် လူငယ် (YNS)တို့က ယနေ့ ဩဂုတ်လ ၈ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့လယ်၊ ဆူးလေလမ်းမ လူကူးကုန်းကျော်တံတားပေါ်တွင် ၈၈၈၈ စာတန်းပါ အင်္ကျီများချိတ်ဆွဲ ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ပြန်လည်စတင်ခဲ့သော လူထုတော်လှန်ရေးသည် လွန်ခဲ့သော ၃၅ နှစ်က လူထုလူလူတန်းစား အလွှာပေါင်းစုံတော်လှန်ခဲ့သော စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲအဆက် ဖြစ်သည်” ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော် ပြထားသည်။

“ထို့ပြင် ယနေ့အထိ နှစ်ပေါင်းများစွာ ပြည်သူလူထုအား ဖိနှိပ်အနိုင်ကျင့်နေသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး တောင်တန်းမြေပြန့် လူထုလူတန်းစားတရပ်လုံး လွတ်မြောက်ဖို့ ဆက်လက်တိုက်ပွဲ ဝင်သွားကြရန် မိမိတို့အနေဖြင့် လေးနက်စွာ တိုက်တွန်းနိုးဆော်လိုက်ပါသည်” ဟု DPNS ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့သော ၈၈၈၈ အရေးတော်ပုံကြီးသည် မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း လူတန်းစားအလွှာပေါင်းစုံပါဝင်သည့် အကြီးမားဆုံးသော လူထုလှုပ်ရှားမှု တခုအဖြစ် သမိုင်းဝင်ခဲ့သည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ရန်ကုန်မြို့
#ဆူးလေ
#၈၈၈၈
#လှုပ်ရှားမှု

ပုံအညွှန်း - ဆူးလေလမ်းမ လူကူးကုန်းကျော်တံတားပေါ်တွင် ၈၈၈၈ စာတန်းပါ အင်္ကျီများကိုချိတ်ဆွဲ(ဓာတ်ပုံ-DPNS)

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤4😁2
ဥတုရာသီပြောင်းလဲမှုကြောင့် လူမှုအသိုင်းအဝိုင်းအပေါ် ရိုက်ခတ်မှု | VOA On Mizzima
==================

ကမ္ဘာ့လူမှုအသိုင်းဝိုင်းရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးဟာ ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်နိုင်တဲ့အပေါ် အများကြီးမူတည်နေပြီလို့ ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။ ဇွန်လ ၁၃ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပသွားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲမှာလည်း ရာသီဥတုပြောင်းလဲမှုက လူမှုဘဝအပေါ် ဘယ်အတိုင်းအတာထိ ခြိမ်းခြောက်နေပြီဆိုတာ အလေးထားဆွေးနွေးသွားပါတယ်။ နန်းလောင်ဝ်က တင်ပြထားပါတယ်။ 

https://youtu.be/Ml-s2tNAmaw

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV 
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2