Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သြဂုတ်လ (၈) ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်း ချင်းတွင်းမြစ်ကြောင်းတလျှောက်မှာ စစ်ကောင်စီတပ်က ကုန်းကြောင်း၊ ရေကြောင်း နှစ်ဖက်ညှပ်ပြီး အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့သတင်းနဲ့အတူ ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အသုံးပြုနေတဲ့ အာရှလမ်းပိုင်း တစ်နေရာဟာ ဒီကနေ့ ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းမှာ မြေပြိုကျပြီး ခရီးသည်တင် ကားတွေ၊ ကုန်တင်ကားတွေ သွားလာလို့မရဘဲ ပိတ်မိနေတဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ် ကဏ္ဍအဖြစ် “Mizzima Editorial Talk” အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/EvGFuuKwLPE

#morningradio 
#mizzimaradio 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁1🤬1😢1🤮1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ သြဂုတ်လ ၈ ရက်၊ ၂၀၂၃ | VOA On Mizzima
==============

ဥတုရာသီပြောင်းလဲမှုကြောင့် လူမှုအသိုင်းအဝိုင်းအပေါ် ရိုက်ခတ်မှုအကြောင်းနဲ့ အနုမြူသတ္တိကြွရေတွေပြန်သန့်စင်မှုအစီအစဉ်ကြောင့် ကုန်သွယ်ရေးထိခိုက်လာတဲ့အကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၈ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/WOaPZsgmz2w

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁3
တညှင်းသီးရဲ့အကျိုးကျေးဇူးများ
 --------------------------------- 

-တညှင်းသီးက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ? 

-တညှင်းသီးမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-တညှင်းသီးမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ? 

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/rYK_yp54K_o

#Nature
#NatureArticle
#VideoNews
#MizzmaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🤮1🌭1
​​8.8.2023 (Tuesday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
=================

✅Highlight ✅

👉နှောင်ကြိုးဖွဲ့ ကလဲ့စား (ညနေ - ၇ နာရီ) 

👉India Movie -Cocktail (ည- ၈ နာရီ) 

👉Korea Movie -High Society (ည- ၁၀ နာရီခွဲ) 

➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ #mizzimatv
👍7😁2
ရန်ကုန်မြို့လယ်တွင် ၈၈၈၈ လူထုအရေးတော်ပုံ ၃၅ နှစ်မြောက်အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်
👍16❤6😁3
ရန်ကုန်မြို့လယ်တွင် ၈၈၈၈ လူထုအရေးတော်ပုံ ၃၅ နှစ်မြောက်အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်
==================

မောင်ခက်နွေ

(မဇ္ဈိမ)။ ။စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့လယ်တွင် ၈၈၈၈ လူထုအရေးတော်ပုံ ၃၅ နှစ်မြောက်အထိမ်းအမှတ် လှုပ်ရှားမှုကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)နှင့် လူ့ဘောင်သစ် လူငယ် (YNS)တို့က ယနေ့ ဩဂုတ်လ ၈ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့လယ်၊ ဆူးလေလမ်းမ လူကူးကုန်းကျော်တံတားပေါ်တွင် ၈၈၈၈ စာတန်းပါ အင်္ကျီများချိတ်ဆွဲ ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ပြန်လည်စတင်ခဲ့သော လူထုတော်လှန်ရေးသည် လွန်ခဲ့သော ၃၅ နှစ်က လူထုလူလူတန်းစား အလွှာပေါင်းစုံတော်လှန်ခဲ့သော စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲအဆက် ဖြစ်သည်” ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော် ပြထားသည်။

“ထို့ပြင် ယနေ့အထိ နှစ်ပေါင်းများစွာ ပြည်သူလူထုအား ဖိနှိပ်အနိုင်ကျင့်နေသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး တောင်တန်းမြေပြန့် လူထုလူတန်းစားတရပ်လုံး လွတ်မြောက်ဖို့ ဆက်လက်တိုက်ပွဲ ဝင်သွားကြရန် မိမိတို့အနေဖြင့် လေးနက်စွာ တိုက်တွန်းနိုးဆော်လိုက်ပါသည်” ဟု DPNS ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့သော ၈၈၈၈ အရေးတော်ပုံကြီးသည် မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း လူတန်းစားအလွှာပေါင်းစုံပါဝင်သည့် အကြီးမားဆုံးသော လူထုလှုပ်ရှားမှု တခုအဖြစ် သမိုင်းဝင်ခဲ့သည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ရန်ကုန်မြို့
#ဆူးလေ
#၈၈၈၈
#လှုပ်ရှားမှု

ပုံအညွှန်း - ဆူးလေလမ်းမ လူကူးကုန်းကျော်တံတားပေါ်တွင် ၈၈၈၈ စာတန်းပါ အင်္ကျီများကိုချိတ်ဆွဲ(ဓာတ်ပုံ-DPNS)

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤4😁2
ဥတုရာသီပြောင်းလဲမှုကြောင့် လူမှုအသိုင်းအဝိုင်းအပေါ် ရိုက်ခတ်မှု | VOA On Mizzima
==================

ကမ္ဘာ့လူမှုအသိုင်းဝိုင်းရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးဟာ ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်နိုင်တဲ့အပေါ် အများကြီးမူတည်နေပြီလို့ ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။ ဇွန်လ ၁၃ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပသွားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲမှာလည်း ရာသီဥတုပြောင်းလဲမှုက လူမှုဘဝအပေါ် ဘယ်အတိုင်းအတာထိ ခြိမ်းခြောက်နေပြီဆိုတာ အလေးထားဆွေးနွေးသွားပါတယ်။ နန်းလောင်ဝ်က တင်ပြထားပါတယ်။ 

https://youtu.be/Ml-s2tNAmaw

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV 
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2
ရန်ကုန်မြို့လယ်တွင် "၈၈၈၈ အရေးတော်ပုံ" ထီးအနီရောင် လှုပ်ရှားမှုပြုလုပ်
👍14❤9🔥1😁1