Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
အာဆီယံနိုင်ငံများရဲ့စစ်ရေးလေ့ကျင့်ရေးအစည်းအဝေးကို နိုင်ငံပေါင်း (၁၁) နိုင်ငံတတ်ရောက်ခဲ့

Watch more detail - https://youtu.be/zsxPfpcj_9I

#reels #shorts #politicalnews #Mizzima
🤬13👍2❤1👏1😁1
ရန်ကုန်တိုင်း မြို့နယ်အများစု၌ ဧည့်စာရင်းတိုင်လျင် ဓာတ်ပုံအပြင် ကိုယ်ရေးအချက်အလက်ပါ ဖြည့်စွက် ရ
🔥3👏1😁1
ရန်ကုန်တိုင်း မြို့နယ်အများစု၌ ဧည့်စာရင်းတိုင်လျင် ဓာတ်ပုံအပြင် ကိုယ်ရေးအချက်အလက်ပါ ဖြည့်စွက် ရ
=============

မဇ္ဈိမ။ ။ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစု၌ ယခုရက်ပိုင်းအတွင်း ဧည့်စာရင်းတိုင်ကြားပါက ဧည့်စာရင်းစာအုပ်၌ မိသားစုလိုက် ဓာတ်ပုံများကပ်ထားရသည့်အပြင် တဦးချင်း၏ ကိုယ်ရေးအချက် အလက်များကိုပါ ဖြည့်စွက်နေရကြောင်း သိရသည်။

ဧည့်စာရင်းဖြင့်နေထိုင်သည့် မိသားစုဦးရေကိုဖော်ပြရပြီး စာရွက်တရွက်ချင်းတွင် တယောက်ချင်း ဓာတ်ပုံ ကပ်ထားရပြီး ကိုယ်ရေးအချက်အလက် အပြည့်အစုံဖြည့်သွင်းရသည့်အပြင် အိမ်ရှင်ကိုယ်တိုင်မှလည်း အိမ်ငှား(ဧည့်သည်)များကို တာဝန်ယူကြောင်း ခံဝန်ကတိလက်မှတ်ထိုးရသည်ဟု သိရသည်။

“ကျွန်တော်တို့ ဧည့်စာရင်းစာအုပ်နဲ့နေလာတာကြာပြီ တခါမှဒီလိုမလုပ်ရဘူး။ ဒီတခေါက် ဧည့်စာရင်း သွားတိုင်တော့ စာအုပ်အဝါလေးတအုပ်ဝယ်ရတယ်၊ ဧည့်စာရင်းစာအုပ်ပေါ့။ အဲဒီမှာ အချက်အလက်တွေ ကို ဖြည့်ရတယ်။ မိသားစုပုံအပြင် တယောက်ချင်း အချက်အလက်ဖြည့်ရတယ်။ အရင်က ဘယ်မှာနေတာ၊ ဘာအလုပ်လုပ်တယ်၊ အဲဒါတွေကိုဖြည့်ရတယ်။ နောက်ပြီး ဧည့်စာရင်းစစ်လို့မိရင် အရင်ကလို ဒဏ်ငွေ မဆောင်ခိုင်းဘဲ ပေါ်တာခေါ်မယ်ဆိုပြီးပြောသံကြားတော့ ရပ်ကွက်ရုံးမှာ ဧည့်စာရင်းတိုင်သူတွေ ပြည့်နေ တယ်” ဟု သာကေတမြို့နယ်မှ ဧည့်စာရင်းဖြင့်နေသူတဦးကဆိုသည်။

အိမ်ထောင်စုစာရင်း၊ ဧည့်စာအုပ်များတွင် မိသားစုပုံများကပ်ထားရခြင်းသည် နဝတ/နအဖ စစ်အစိုးရ လက်ထက်ကကျင့်သုံးခဲ့သည့်ပုံစံကို ပြန်လည်ကျင့်သုံးနေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

“အရင်စစ်အစိုးရ လုပ်ပုံနဲ့တပုံတည်းပါပဲ။ ကော်ပီကူးထားတဲ့အတိုင်းပဲ။ အရင်ကဆို အိမ်ရှေ့အပေါက်ဝ လူမြင်ကွင်းမှာ မိသားစုပုံနဲ့ကိုယ်ရေးအချက်လက်တွေကို ပလက်စတစ်လောင်းပြီး ချိတ်ထားရတယ်။ 

မိသားစုဝင်ငါးဦးမှာ နှစ်ယောက်ပျောက်နေရင် ဘယ်သွားတာလဲ၊ ပြည်ပမှာ အလုပ်သွားလုပ်တယ်ဆိုရင် လည်း ပတ်စပို့စ်မိတ္တူစာအုပ်ကိုပါ ပူးတွဲကပ်ထားရတယ်။ ဒါမှမဟုတ် တခြားမှာ အလုပ်သွားလုပ်တယ် ဆိုရင်လည်း ခရီးသွားထောက်ခံစာ တိုင်ကြားထားလား။ အဲဒါတွေကအစ တွဲထားရတယ်။ ကျွန်မတို့ဆိုရင် အစ်ကိုက မလေးရှားမှာအလုပ်သွားလုပ်တယ်၊ တရားဝင်သွားပြီးတော့ လုပ်တာပါ။ တနှစ်စာ ထောက်ခံ ချက်ပေးပါဆိုတာတောင် မရဘူး၊ တလတခါ ခရီးလွန်တိုင်ရတယ်။ အလှူငွေထည့်ရတာ‌ပေါ့။

အခုအဲဒီ‌ ခေတ်ကို ပြန်ရောက်လာပြီ” ဟု သာကေတမြို့နယ်မှအမျိုးသမီးတဦးကလည်း ပြောသည်။
ဧည့်စာရင်းဥပဒေတွင် မည်သူမဆို ဧည့်စာရင်းတိုင်ကြားရန်ပျက်ကွက်ပါက ကျပ် ၁၀,၀၀၀ ထက်မပိုသော ဒဏ်ငွေကို ပေးဆောင်ရမည်ဖြစ်ပြီး၊ ပေးဆောင်ရန်ပျက်ကွက်ပါက ထောင်ဒဏ်ခုနစ်ရက်ထက်မပိုသော ပြစ်ဒဏ်ကို သက်ဆိုင်တရားရုံးက ချမှတ်ရမည်ဟု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်၌ ပြင်ဆင်ထုတ် ပြန်ခဲ့သော စတုတ္ထအကြိမ် ရပ်/ကျေးအုပ်ချုပ်ရေးမှူးဥပဒေတွင် ဖော်ပြထားသော်လည်း ဧည့်စာရင်းစစ်သူ များက ဧည့်စာရင်းမတိုင်သူ၊ ရက်လွန်သူများကို ရုံးသို့ခေါ်ယူခြိမ်းခြောက်ကာ လူအခြေအနေကိုကြည့် ပြီး ကျပ် ၁၀၀,၀၀၀ နှင့်အထက် တောင်းယူမှုများလည်းရှိနေကြောင်း သိရသည်။

ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်က ပယ်ဖျက်ခဲ့သည့်ဧည့်စာရင်းဥပဒေကို စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖွဲ့စည်းပုံအ‌ခြေခံဥ‌ပဒေပုဒ်မ(၄၁၉)အရဟုဆိုကာ ရပ်ကွက်နှင့်ကျေးရွာ များအလိုက် ဧည့်စာရင်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ရန်ကုန်
#ဧည့်စာရင်း
#ရပ်/ကျေးအုပ်ချုပ်ရေးမှူးဥပဒေ

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏4👍3🔥1😁1😢1
​​နိုင်ငံအနှံ့ မိုးများနိုင် ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် ရေဘေးနှင့် မြေပြိုခြင်းကို ပြင်ဆင်ထားရန် NUG သတိပေး
=============

ဂျူချန်း

(မဇ္ဈိမ)။ ။ ဩဂုတ်လ ဒုတိယအပတ်အတွင်း ယနေ့ ဩဂုတ်လ ၈ ရက်နေ့ နှင့် မနက်ဖြန် ဩဂုတ် ၉ ရက်နေ့တို့တွင် နိုင်ငံအနှံ့မိုးကြီးနိုင်ပြီး ထိုနှစ်ရက်အတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သဖြင့် ရေဘေးနှင့် မြေပြိုခြင်းအန္တရာယ်ကို အထူးသတိထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန( MOHADM)မှ သတိပေးထားသည်။

ဩဂုတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း တို့တွင် မိုးရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သဖြင့် ရေဘေးနှင့် မြေပြိုခြင်းအန္တရာယ်ကို အထူးအလေးထားပြင်ဆင်ထားကြရန် NUG- MOHADM မှ ဩဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ လေးမြို့မြစ်ရေသည် စိုးရိမ်ရေမှတ်အောက် သုံးပေခွဲသို့ ရောက်ရှိနေကြောင်းနှင့် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ရွှေကျင်မြစ်ရေသည် စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲခန့်သို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်တစ်ရက်အတွင်း ထိုမြစ်နှစ်ခုသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟု စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ​ယနေ့ ဩဂုတ်လ ၈ ရက်နေ့နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။ ထိုကြောင့် မြောက်ဦးမြို့နယ်နှင့် ရွှေကျင်မြို့နယ်ရှိ မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ဒေသခံများအနေဖြင့် ရေကြီးခြင်းဘေးန္တရာယ်ကို အထူးသတိပြုနေထိုင်ကြရန် မိုးဇလမှ သိပေးထားသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ယမန်နေ့ည တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ယနေ့ နံနက် ၁၁နာရီခွဲအချိန်တွင်မူ မိုးသည်းထန်ခြင်း မရှိသော်လည်း အနည်းငယ် ဆက်လက်ရွာသွန်းနေပြီး မိုးအုံ့ဆိုင်းနေဆဲဖြစ်ရာ အနိမ့်ပိုင်းနေရာများတွင် ရေတက်လာပါက ပြောင်းရွှေ့ရန် အဆင်သင့်ပြင်ဆင်ထားကြောင်း တိမ်ညိုစစ်ရှောင်စခန်း ပြန်ကြားရေးတာဝန်ခံ ဦးစိုးနိုင်က မဇ္ဈိမကို ပြောသည်။

“ရေကတော့ တဖြည်းဖြည်း တိုးတိုးတော့ လာတယ်။ ဒါပေမယ့် အန္တရာယ်ဖြစ်လောက်အောင်တော့ မဖြစ်သေးဘူးပေါ့။ အဲ့ဒါကြောင့် စောင့်ကြည့်နေတဲ့ အနေအထားပေါ့။ ဒီ့ထက်တိုးလာရင်တော့ ပြောင်းရွှေ့ရမယ့် အစီအစဉ်တော့ ရှိပါတယ်ခင်ဗျ။ ညကတော့ တော်တော်ကြီးတယ်။ ည တစ်ညလုံးလိုလို မိုးရွာနေတယ်။ အခုမိုးမကြီးဘူးပေါ့။ မိုးဖွဲဖွဲရွာနေတယ် မိုးတိမ်ကတော့ အုံ့နေတယ်” ဟု တိမ်ညိုစစ်ရှောင်စခန်း ပြန်ကြားရေးတာဝန်ခံ ဦးစိုးနိုင်က ပြောသည်။

ဩဂုတ်လ ၁၀ ရက်နေ့နောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မိုးအနည်းငယ် ပြန်လည်လျော့ကျလာနိုင်ကြောင်း NUG- MOHADM မှ ခန့်မှန်းထားသည်။ သို့သော် ဩဂုတ်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်၌ မိုးထပ်မံ သည်းထန်လာနိုင်ကြောင်း ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြား မိုးရွာသွန်းနေပြီး ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မောင်တောမြို့နယ်များတွင် ရေကြီးရေလျှံ ဖြစ်ပွားနေရာ ဩဂုတ်လ ၇ ရက်နေ့တွင် မင်းပြားမြို့ ပြင်ယောင်းရွာတွင် ငါးနှစ်အရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ရေနစ်သေဆုံးခြင်း ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းဌာနများမှ ဖော်ပြထားကြသည်။

အလားတူ ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့နှင့် မြဝတီမြို့၊ မွန်ပြည်နယ် ကျိုက်မရောမြို့နှင့် ဘီးလင်းမြို့ရှိ မြေနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံ ဖြစ်ပွားနေကြောင်း သိရသည်။ 

ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းကာ တောင်ကျရေတိုက်စားမှုကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးသည် တောနော်ရေတံခွန်အနီးတွင် မြေပြိုကျကာ ကုန်သွယ်မှုပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#နယ်စပ်ကုန်သွယ်ရေးလမ်း
#NUG
#MOHADM

ပုံစာ - ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းကို ဩဂုတ်လ ၇ ရက်နေ့တွင် မြင်တွေ့ရစဉ်

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😢4🔥1
ပုလဲ ကျေးနင်းကြီးရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးဟုဆို
================

လွှမ်းမိုး

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ကျေးနင်းကြီးရွာအနီး ယမန်‌နေ့ နံနက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

အင်အား ၉၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ယင်းမာပင်ခရိုင် အမှတ်(၁၂)တပ်ရင်းနှင့် အမှတ် (၆)တပ်ရင်း၊မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဩဂုတ်လ ၇ ရက် နံနက် ၉ နာရီခန့်တွင်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာက ကွင်းပြင်ကြီးမှာ ဖြစ်ခဲ့တာ ဆိုတော့ ရန်သူ့ အခြေအနေကို အကုန်မြင်နေရတာ ဖြစ်တယ်ဗျ။ စစ်ကောင်စီတပ် ရှေ့ပွိုင့် စစ်သား ငါးဦး အပါအဝင် စစ်သား ၁၀ ဦး လဲကျသွားတာကို တွေ့လိုက်ရတယ်” ဟု MRDA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ကျေးနင်းကြီးကျေးရွာအနီး ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝိုင်းပတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပုလဲမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

စစ်ကောင်စီဘက်မှ သေဆုံးမှုများနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

တိုက်ပွဲသည် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု၁ နာရီခန့်ကြာခဲ့ပြီး မြေပြင်စစ်ကြောင်းကို ဆွဲထုတ်နိုင်ရန်အတွက် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းဦးဇော်ထက်က ပြောသည်။သို့သော် ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဘဲ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်သားများထံမှ လက်နက်ခဲယမ်း အချို့ နှင့် စစ်အသုံးဆောင်ပစ္စည်းအချို့ ရရှိခဲ့သည်ဟု MRDA ကဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့တွင် ကျေးနင်းကြီးရွာအတွင်း တပ်စွဲထားပြီး ပြန်လည်ထွက်ခွာသွားခြင်းမရှိသေးကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။လတ်တလောတွင် ပုလဲမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းများကြောင့် ငှက်ပျောတော၊ ညောင်ပင်သာ၊ ဆင်ရှင်၊ ကြောင်သန်း၊ ကျေးနင်းကြီး၊ သေတ္တရာ၊ မင်းတိုင်ပင်ရွာများမှ ဒေသခံပြည်သူ အများအပြား စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း - မောင်ကြီး

https://youtu.be/GI2QOJ-ZSMM

#mizzima
#ပုလဲမြို့နယ်
#ကျေးနင်းကြီးရွာ
#တိုက်ပွဲ
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤2👏2😁2
မြေပြိုမှုနှင့် တောင်ကျရေစီးဆင်းမှုများကြောင့် မြဝတီ-ကော့ကရိတ် လမ်းပိုင်း ၃ ခုလုံး သွားလာ၍မရ
👍11🔥2😢2
မြေပြိုမှုနှင့် တောင်ကျရေစီးဆင်းမှုများကြောင့် မြဝတီ-ကော့ကရိတ် လမ်းပိုင်း ၃ ခုလုံး သွားလာ၍မရ
==================

YT 

(မဇ္ဈိမ)။ ။ထိုင်း-မြန်မာကုန်စည်စီးဆင်းရေးအတွက် အချက်အခြာကျသည့် မြဝတီ-ကော့ကရိတ်လမ်းပိုင်း သုံးခုလုံးတွင် မိုးရွာသွန်းမှု၊ တောင်ကျရေတိုက်စား၍ မြေပြိုမှု၊ တောင်ကျရေစီးဆင်းမှုတို့ကြောင့် လမ်း ပျက်စီးပြီး သွားလာ၍မရတော့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တောနော်ရေတံခွန်အနီးတွင် ဩဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းက မိုးရွာသွန်း၍ တောင်ကျရေစီးဆင်းတိုက်စားရာမှ မြေပြိုပြီး လမ်းပျက်စီးခဲ့ရာ ကော့ကရိတ်-မြဝတီ လမ်း ပန်းဆက်သွယ်ရေး ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

“တောင်ပေါ်မှာ မြေပြိုတာက အချိန်ယူ ဖယ်လိုက်ရင် ပြန်သွားလာလို့ရတယ်။ အခုက လမ်းပြတ်သွားတဲ့ အတွက် ဘယ်လိုမှ သွားလာလို့မရတော့ဘူး။ ဆိုင်ကယ်တောင် ဖြတ်မောင်းလို့မရတော့ဘူး။ တောင် စောင်းကိုပတ်ပြီး လမ်းခင်းထားတာဆိုတော့ တောင်စောင်းကြီးပြိုကျတော့ လမ်းပြတ်ကျသွားတာပဲ။ အကျယ်က ပေ ၁၀၀ ဝန်းကျင်ရှိတယ်၊ အနက်ကတော့ ပေ ၄၀ လောက်ရှိတယ်” ဟု ကော့ကရိတ်မြို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အာရှလမ်းမကြီးတွင် လမ်းပန်းဆက်သွယ်ရေးရပ်တန့်သွားမှုကြောင့် မြဝတီ-ကော့ကရိတ်သို့ ကူးသန်း သွားလာမည့် ကုန်ကားများ၊ ခရီးသည်ကားများ၊ အိမ်စီးကားများသည် ဒေါနတောင်လမ်းဟောင်းနှင့် ထို့ကော်ကိုး-နဘူး တောလမ်းတို့အား အသုံးပြုခဲ့ကြသော်လည်း မိုးရွာသွန်း၍ တောင်ကျရေစီးဆင်းမှု ကြောင့် အဆိုပါလမ်းနှစ်လမ်းလုံးမှာလည်း ပျက်စီးနေ၍ ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် လုံးဝသွားလာ၍ မရနိုင်တော့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တဦးက ဆိုသည်။

“မနေ့ညပိုင်းအထိ ကားအမြင့်(4 WD)တွေ သွားလို့ရသေးတယ်။ လက်ရှိတော့ ထို့ကော်ကိုးလမ်းပိုင်းမှာ တံတားတစင်းရေတိုက်စားမှုဖြစ်တယ်။ ရေတွေကျော်လာတယ်ပေါ့၊ ရေစီးတော်တော်သန်တယ်။ ပြီးတော့ လမ်းက မြေနီလမ်းများတော့ ကားတွေချော်တာတွေဖြစ်တယ်။ မိုးရွာတာ များတော့လေ” ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် အဆိုပါလမ်းပိုင်းသုံးခုလုံးပျက်စီးနေမှုကြောင့် မြဝတီမှ ကော့ကရိတ်နှင့် ဘားအံသို့ဆင်းမည့် ယာဉ်များလည်းပိတ်မိနေပြီး မြဝတီသို့တက်မည့်ယာဉ်များသည်လည်း ကော့ကရိတ်တွင် ရပ်တန့်ထားရ ကြောင်း ကုန်ကားမောင်းသူတဦးထံမှ သိရသည်။

တောင်ပြို၍ လမ်းပန်းဆက်သွယ်ရေးရပ်တန့်သွားမှုကြောင့် မြဝတီမြို့တွင် ဆန်၊ ဆီ၊ ဆား စားနပ်ရိက္ခာ ဝယ်လိုအားများပြားနေပြီး ဆန် ၁၆ ပြည်တစ်အိတ်လျှင် ကျပ် ၁၅၀,၀၀၀၊ ဆီသုံးပိဿာတပုံးလျှင် ကျပ် ၂၈,၀၀၀ အထိ မြင့်တက်နေကြောင်း မြို့ခံများထံမှသိရသည်။ 

စစ်ကောင်စီ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် ယနေ့ ဩဂုတ်လ ၈ ရက်နေ့ ညနေအထိ နေရာကွက်၍ မိုးကြီးနိုင်ကာ မိုးရွာသွန်းရန် ရာနှုန်းပြည့်ရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#မြဝတီ-ကော့ကရိတ်လမ်း
#မြေပြိုမှု
#တောင်ကျရေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2
သြဂုတ်လ (၈)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===============

- ရန်ကုန်မြို့လယ်မှာ "၈၈၈၈ အရေးတော်ပုံ" လှုပ်ရှားမှုတွေပြုလုပ်တဲ့သတင်း

- မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမြေပြိူမှုများဖြစ်ပေါ်နေတဲ့သတင်း

- ရှမ်း၊ ကချင်၊ ကရင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း တိုက်ပွဲပြင်းထန်နေတဲ့ သတင်း နဲ့

- ပါကစ္စတန်ရထားမတော်တဆမှုအပြီး အပျက်အစီးတွေကို စုံစမ်းစစ်ဆေးသူတွေက ရှာဖွေစစ်ဆေးနေတဲ့ အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။

https://youtu.be/SQPbrOtDwAs

Photo - CJ
#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
​​"၈၈၈၈" စွန့်လွှတ်အနစ်နာခံမှုများကို ပြည်သူများ အမှတ်ရ
==================

ဆယ်စုနှစ်များစွာကြာ စစ်အုပ်ချုပ်ရေးနောက်၌ ၁၉၈၈ ပြည်သူ့တော်လှန်ပုန်ကန်မှု ပေါ်ပေါက်လာခဲ့ရသည်။ မြန်မာနိုင်ငံသည် ၁၉၄၈ လွတ်လပ်ရေး ရချိန်မှစကာ ပြည်တွင်းလက်နက်ကိုင်အုပ်စု ပြဿနာများနှင့် နိုင်ငံရေးပဋိပက္ခများကို ခံစားခဲ့ရသည်။ နိုင်ငံ၏ ဖူးပွင့်စ ဒီမိုကရေစီသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဖက်ဒရယ် တောင်းဆိုသော တိုင်းရင်းသား လူနည်းစုများနှင့် ဖြစ်ပွားသော ပြည်တွင်းစစ်၏ ခြိမ်းခြောက်မှုကိုခံရသည်။ ကွန်မြူနစ် သောင်းကျန်းသူများကလည်း ပါလီမန်ဒီမိုကရေစီကို ဖယ်ရှားရန် တောင်းဆိုခဲ့ကြသည်။

-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11👍1😁1🤮1
​​ရပ်ကွက်ရုံးတိုက်ခိုက်ခံရပြီးနောက် ကျောက်မဲမြို့ကို ညမထွက်ရအမိန့်ထုတ်ပြန်
================

007

(မဇ္စျိမ)။  ။ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ရှိ ရပ်ကွက်ရုံးတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ကျောက်မဲမြို့ကို ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံကသိရသည်။

"ည ၇ နာရီဆို မထွက်ရတော့ဘူး၊ ရပ်ကွက်ရုံးဗုံးပေါက်တဲ့နေ့ ညကစပြီး မာရှယ်လောထုတ်တယ်လို့ လိုက်ကြေညာတယ်၊ ည ၇ နာရီကနေ မနက် ၄ နာရီအတွင်း အပြင်မထွက်ရဘူးလို့ လိုက်အော်တယ်" ဟု ကျောက်မဲဒေသခံသတင်းရင်းမြစ်က ပြောသည်။

ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်တွင်၊ သြဂုတ်လ ၆ ရက်နေ့က ရပ်ကွက်ရုံးအတွင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများ အစည်းအဝေးပြုလုပ်နေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲဲ့သည်။

အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက၊ လက်ပစ်ဗုံးဖြင့် ပစ်ပြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုအတွင်း၊ ကျောက်မဲမြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးအောင်စည်နှင့် နမ္မတူမြို့နယ် လျှပ်စစ်မြို့ပြအင်ဂျင်နီယာ ဦးဉာဏ်ထက်နိုင်တို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦး၀င်းကြိုင်အပါအ၀င်လေးဦးဒဏ်ရာရခဲ့ကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။

"အဲဒီနေ့ညကစပြီး မြို့ကိုမာရှယ်လောထုတ်လိုက်တယ်၊ ဒီမှာ နေ့ဘက်တွေဆိုလည်း တအားအစစ်အဆေးကြမ်းတယ်၊ အဖမ်းအဆီးတွေလည်းရှိတယ်၊ ဂုတ်တွင်းဘက်ကတော့ အစစ်အဆေးအကြမ်းဆုံးပဲ" ဟု နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သြဂုတ်လ ၄ ရက်နေ့ကလည်း၊ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာနှင့်ဂုတ်တွင်းကြားတွင်၊ စစ်ကောင်စီတပ်၏ စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး၊ ဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်းလည်း ဒေသခံနှင့်ကုန်သည် ခရီးသွားများထံမှသိရသည်။

"အခုက ဂုတ်တွင်းဘက်မှာ ကုန်ကားတွေ တစ်နေတယ်၊ မူဆယ်ဘက်ကထွက်လာမယ့်ကားတွေလည်း ထွက်မလာနိုင်သေးဘူး၊ ဒီအတိုင်းဆိုရင် ကုန်စည်စီးဆင်းမှုမှာ ပြဿနာဖြစ်လာနိုင်တယ်" ဟု မူဆယ်မြို့ရောက်မန္တလေးမြို့ကကုန်သည်တစ်ဦးကပြောသည်။

ကျောက်မဲမြို့နယ်တွင်၊ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း၊ တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး၊ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့ကြောင်း၊ TNLA ဘက်က သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ လားရှိုး၊ ကွတ်ခိုင်နှင့်မူဆယ်မြို့တို့တွင်၊ ဇူလိုင်လအတွင်း TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ရှစ်ကြိမ်ထက်မနည်းဖြစ်ခဲ့ရာ၊ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့သလို၊ TNLA ဘက်ကလည်း ထိခိုက်မှုတချို့ရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ လေကြောင်းလက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အရပ်သားလေးဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ ဒေသတွင်းကရရှိသည့် သတင်းအချက်အလက်များအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#TNLA
#ကျောက်မဲမြို့
#မာရှယ်လော

ပုံစာ ကျောက်မဲမြို့တွင်းလမ်းမကြီးအားတွေ့ရစဉ်

-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤1🔥1👏1
​​ထောင် ၁၀ နှစ် ချမှတ်ခံရသော CNDF တပ်သား ဆေးကုသခွင့် မရဘဲ အကျဉ်းထောင်တွင် ကျဆုံး
===============

ပါခွီး

(မဇ္စျိမ) ။    ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) မှ တပ်ဖွဲ့ဝင်တစ်ဦးသည် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှု မရသဖြင့် အသက်သေဆုံးသွားကြောင်း CNDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အကျဉ်းချ ဖမ်းဆီးခံနေရသည့် ရဲဘော် Salai Van Biak Him သည် ကျန်းမာရေးအခြေအနေဆိုးရွားပြီး အကျဉ်းထောင်မှ ကလေးမြို့ဆေးရုံသို့ ပြောင်းရွှေ့ကုသမှု ခံယူခဲ့သော်လည်း ဆေးရုံရောက်ပြီး မိနစ် ၃၀ခန့် အကြာ ဩဂုတ်လ ၆ရက်နေ့ ၊ နံနက်ပိုင်းတွင် အသက်ဆုံးရှုံးသွားခြင်း ဖြစ်သည်။

၎င်းသည် ကလေးအကျဉ်းထောင်အတွင်း လုံလောက်သော ဆေးဝါးကုသမှု မရခဲ့ကြောင်း CNDF ပြောခွင့်ရသူ ဆလိုင်းကျွန်ငိုင်းက မဇ္ဈိမကို ပြောသည်။

“သူ့မှာက နှလုံးရောဂါအခံရှိတယ် ၊ ထောင်ထဲမှာ ဆေးပေးတာက ပါရာနဲ့ ဘာမီတွန် လောက်ပဲပေးတာ ၊ ဘာဖြစ်ဖြစ် အဲဒီနှစ်မျိုးနဲ့ပဲကုတာ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျွန်ငိုင်းက မဇ္စျိမကို ပြောသည်။

အသက်ဆုံးရှုံးသွားသော CNDF တပ်ဖွဲ့ဝင်၏ ရုပ်အလောင်းကို ဇာတိမြေ ဖလမ်းသို့ ပြန်လည်သယ်ယူခွင့်မရရှိဘဲ မိသားစုဝင်အချို့တက်ရောက်ပြီး ကလေးမြို့တွင် သင်္ဂြိုဟ်ခဲ့ရကြောင်း ဆိုသည်။

ရဲဘော် Salai Van Biak Him သည် အကြမ်းမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က) ၊ ပုဒ်မ ၅၀၅ တို့ဖြင့် တရားစွဲဆိုခံထားရပြီး ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံရကာ ၅၀၅ ပုဒ်မနှင့် ကျခံရမည့်အပြစ်ဒဏ်ကို လွတ်ငြိမ်းသက်သာရရှိထားကြောင်း သိရသည်။

၎င်းသည် ၂၀၂၁ ခုနှစ် ဇွန်လတွင် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရသူဖြစ်သည်။

“ထောင်ထဲက ရဲဘော်နှစ်ယောက်ကို ကြည့်မယ်ဆိုရင် ပထမတစ်ယောက်က ထောင်ဖောက်ပြေးဖိုး ကြိုးစားတယ်လို့ဆိုပြီး ပစ်သတ်ခံရတယ် ၊ အခုတစ်ယောက်လည်း ထောင်ထဲမှာ ကုသမပေးလို့ မလိုအပ်ဘဲ အသက်ဆုံးရှုံးရတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

၂၀၂၂ခုနှစ် မတ်လ ၁၅ရက်နေ့ညကလည်း CNDF က ရဲဘော် ဗန်ဒိန်းသည် ကလေးမြို့ အကျဉ်းထောင်ကို ဖောက်ပြီး ထွက်ပြေးရန် ကြံစည်သည်ဟု ထောင်အာဏာပိုင်များက အကြောင်းပြကာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ချင်းအမျိုးသားအဖွဲ့ချုပ်/တပ်မတော် (CNO/CNDF) မှ တပ်ဖွဲ့ဝင် ၁၄ ဦးသည် အာဏာသိမ်းစစ်ကောင်စီ၏ အကျဉ်းထောင်များအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ဓာတ်ပုံ- ကျဆုံးခဲ့သည့် CNDF ရဲဘော် Salai Van Biak Him

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#CNDF
#ကလေးအကျဉ်းထောင်
#Mizzima

-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢14🤬7👍3🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
Aug - 8 [ 2 Pm ] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍4😁1🍌1
ကမ္ဘာဒီးယားဘုရင်က ဟွန်ဆန်ရဲ့သားကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်
====================

https://youtu.be/ICfsAupr_wI

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5👎3❤2😁1
This media is not supported in your browser
VIEW IN TELEGRAM
Aug - 8 [ 4 Pm ] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍5🍌1🖕1
This media is not supported in your browser
VIEW IN TELEGRAM
ကမ္ဘာဒီးယားဘုရင်က ဟွန်ဆန်ရဲ့သားကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်

#InternationalNews#reels #shorts
👎4❤2😁2🔥1