Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ပင်လယ်ပြင်မှ ပလတ်စတစ်များကို ဖက်ရှင်အဝတ်အစားအဖြစ် ပြောင်းလဲပေးနေသည့် တူနီးရှားနိုင်ငံမှ ကုမ္ပဏီ
=================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2❤1
​​ရေမသုံးဘဲ ဆိုလာပြားများကို သန့်ရှင်းပေးနိုင်သည့် စက်ရုပ်သစ်
=================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3❤1😁1
​​KBZ Bank အမည်သုံးကာ ဘဏ်အကောင့်လုံခြုံရေး အန္တရာယ်ရှိနေသည်ဟု ဖုန်းမှ စာတိုပေးပို့ခြင်းများ ရှိနေ
====================

ZZ
(မဇ္ဈိမ) ။ ။KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို(sms)များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း သတိပေးမှုများရှိနေသည်။
ဖုန်းမက်ဆေ့(SMS)တွင် KBZ Bank အမည်ဖြင့် “မင်္ဂလာပါ၊ သင့်အကောင့်ကို အခြားနေရာမှ လော့ဂ်အင် ဝင်ရန်တွေ့ရှိရပြီး ဖြစ်နိုင်ခြေရှိသောအန္တရာယ်ရှိပါသည်။ သင်၏ငွေကြေးလုံခြုံရေးနှင့် ငွေဘေးကင်းမှု အတွက်၊ စာရင်းသွင်းရန်နှင့်ကာကွယ်ရန် လင့်ခ့်ကိုနှိပ်ပါ” ဟုရေးသားထားပြီး လင့်တခုနှင့်တွဲလျက် စာတို ပေးပို့လျက်ရှိသည်။

ထိုအကြောင်း စာတိုပေးပို့ခံရသူများက ဖေ့စ်ဘုတ်တွင် ပုံနှင့်တကွဖော်ပြထားပြီး “အဲဒီလိုရောက်လာရင် Link ကို မနှိပ်လိုက်ပါနဲ့နော် ကိုယ့်ငွေတွေ အကုန်ပါသွားလိမ့်မယ်” ဟု သတိပေးထားသည်။
ထိုသို့ပေးပို့သည့် စာတိုမှာ ပြန်စာရေးသား၍လည်း မရချေ။
စာတိုတွင်ပါဝင်သည့် လင့်သို့ဝင်ရောက်သည့်အခါ Viber အကောင့်တစ်ခုသို့ ရောက်ရှိသွားမည်ဖြစ်သည်။

အဆိုပါ Viber နံပါတ်သည်လည်း လူတစ်ဦးဝင်လျှင် နံပါတ်တခုဖြစ်နေသည်။ နံပါတ်အတည်တကျ မရှိ ချေ။

မဇ္ဈိမ၏ အချက်အလက် စစ်ဆေးသူများမှ ထိုဖုန်းနံပါတ်များကို ဆက်သွယ်ရာတွင်လည်း စက်ပိတ်ထား ကြောင်းတွေ့ရသည်။
ထိုအကြောင်းကို ကမ္ဘောဇဘဏ်၏ တရားဝင်ဖေ့ဘုတ်စာမျက်နှာဖြစ်သော အပြာရောင်အမှတ်အသားပါ “KBZ Bank” ပေ့ချ်ကို ဆက်သွယ်ရာတွင် “အဆိုပါလင့်မှာ အမှန်မဟုတ်ကြောင်း၊ ကမ္ဘောဇဘဏ်နှင့်ပတ် သက်သော သတင်းအချက်အလက်များကို တရားဝင်ပေ့ချ်ဖြစ်သည့် အပြာရောင်အမှတ်အသားပါပေ့ချ်၌ သာဖော်ပြကြောင်း၊ လုံခြုံရေးအရ ဘဏ်အကောင့်များကို တရားဝင်မဟုတ်သည့် ပေ့ချ်၊ မက်ဆေ့နှင့် အက်ပလီကေးရှင်း၊ လင့်များတွင် ဝင်ရောက်ထည့်သွင်းအသုံးပြုခြင်းမပြုရန်” စာဖြင့် ပြန်လည်ဖြေ ကြား သည်။

ထို့ပြင် KBZ Bank ၏ တရားဝင်ပေ့ချ်၌လည်း “တခြားသူများမှ ပေးပို့လာသောလင်ခ့်များမှ အပ်ပလီကေး ရှင်းများကိုဒေါင်းလုဒ်ဆွဲခြင်းနှင့် မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်များကို မယုံကြည်ရတဲ့ အပ်ပလီ ကေးရှင်းတွေပေါ်မှာ ဖြည့်စွက်ခြင်းမှ လုံးဝရှောင်ရှားဖို့ တိုက်တွန်းလိုက်ပါတယ်” ဟု ဗီဒီယိုဖိုင်နှင့်အတူ သတိပေး ဖော်ပြထားသည်။

လင့် - https://bit.ly/45gTda7
ထို့ကြောင့် KBZ Bank အကောင့်လုံခြုံရေးအတွက် ဖုန်းဖြင့် စာတိုပေးပို့နေသည့်လင့်များသည် လင့်အတု များဖြစ်ပြီး မရေရာသည့် Viber အကောင့်များသို့ရောက်ရှိသွားကာ တရားဝင်ဆက်သွယ်ရန် ပေ့ချ် သို့ မဟုတ် မက်ဆေ့သို့‌ရောက်ရှိမည်မဟုတ်ကြောင်း အသိပေးလိုက်ရပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#Kbz_Bank
#Spam_message
#SMS
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁2
​​ဇူကာဘတ်နှင့် အဌဂံဝိုင်းထဲက ထိုးသတ်ပွဲအား X ဆိုရှယ်မီဒီယာပေါ်၌ တိုက်ရိုက်ပြသသွားမည်ဟု အီလွန်မာ့စ်ကြေညာ
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁6👍3❤1
မဇ္ဈိမ (၂၅)နှစ်ပြည့် ငွေရတုအတွက် ပရိသတ်တို့၏ ဆုတောင်း
===================

တင်ဆက်/တည်းဖြတ် − ဂျူချန်း၊လွှမ်းမိုး၊ရွှေနွယ်
၁၉၉၈ ခုနှစ်က အိန္ဒိယနိုင်ငံမှာ စတင်တည်ထောင်ခဲ့တဲ့ Mizzima မီဒီယာဟာ ဒီနှစ်မှာတော့ ၂၅ နှစ် ငွေရတုတိုင်ခဲ့ပါပြီ။

တော်လှန်ရေးထဲကနေပေါက်ဖွားလာတဲ့ Mizzima မီဒီယာဟာ လက်ရှိမှာလည်း စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ပြည်သူတွေနဲ့အတူ တသားတည်းရပ်တည်ပြီး နေ့စဥ်သတင်းတွေကိုတင်ဆက်လျက်ရှိပါတယ်။

Mizzima မီဒီယာဟာ မြန်မာပြည်အနှံ့အပြားကနေ့စဥ်ဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကို TV ဖန်သားပြင်ကတဆင့်လည်းတင်ဆက်လျက်ရှိသလို ရေဒီယိုနဲ့ အင်တာနက်ကနေတဆင့်လည်းနေ့စဥ်ထုတ်လွှင့် တင်ဆက် လျက်ရှိပါတယ်။

သြဂုတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ မဇ္ဈိမရဲ့ ၂၅နှစ်ပြည့်ငွေရတုမှာတော့ မြန်မာနိုင်ငံအဝှမ်းက မဇ္ဈိမပရိသတ်တို့ရဲ့ ဆုတောင်းစကားသံတွေကို မဇ္ဈိမကအခုလိုကြားရပါတယ်။

https://youtu.be/AeR3CN8LAjU

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍8🤮1
​​ဖြူးတွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး၊ ဖြူးအပါအဝင် မြို့ ၃ ခုကို မိုဘိုင်းအင်တာနက်လိုင်း စစ်ကောင်စီဖြတ်တောက်
======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊အုတ်ဖြတ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နှင့် ရိုးမစစ်ကြောင်း (၂) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သား ငါး ဦးသေဆုံးပြီး ခြောက် ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ဖြူးမြို့နယ် အုတ်ဖြတ်ရွာရဲစခန်း၏အနောက်ဘက်တောအုပ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့အား ဒရုန်းဖြင့်ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး သုံး ဦးဒဏ်ရာရရှိခဲ့ကြောင်း ရိုးမစစ်ကြောင်း (၂)တာဝန်ခံက မဇ္ဈိမကိုပြောသည်။နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် အုတ်ဖြတ်စစ်ကောင်စီဂိတ်အား KNLA နှင့် ရိုးမစစ်ကြောင်း (၂) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း သိရသည်။

အုတ်ဖြတ်ရွာရှိ ရဲစခန်းနှင့် စစ်ကောင်စီဂိတ်သည် KNLA နှင့် ရိုးမစစ်ကြောင်း (၂) တပ်ဖွဲ့၏ မကြာခဏတိုက်ခိုက်ခြင်းကိုခံနေရသည်။ပြီးခဲ့သည့် ဩဂုတ် ၅ ရက်နေ့က အုတ်ဖြတ်တံတားထိပ်ရှိ စစ်ကောင်စီဂိတ် တိုက်ခိုက်မှုခံရမှုတွင် စစ်ကောင်စီတပ်သားတဦးသေဆုံးခဲ့သည်။

အုတ်ဖြတ်ကျေးရွာသည် ဖြူးမြို့နယ်၏အရှေ့ဘက် စစ်တောင်းမြစ်ဘေးတွင်တည်ရှိပြီး အုတ်ဖြတ်တံတားသည် စစ်တောင်းမြစ်အားဖြတ်ကျော်၍ ဖြူးမြို့နယ်နှင့် မုန်းမြို့နယ်ကိုဆက်သွယ်ထားသည်။ လက်ရှိတွင် ဒေသတွင်း၌ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်နေသည်ဟု ရိုးမစစ်ကြောင်း (၂)ကဆိုသည်။

"တနေ့လုံး လက်နက်ကြီးတွေနဲ့ နေရာတချို့ကနေ လိုက်ရမ်းပစ်ခဲ့တယ်။ မုန်းကရော ဖြူးဘက်ကရော။ ၁၂၂ မမသုံးတယ်လို့ ယူဆတယ်။ အခုအချိန်အထိ လက်နက်ကြီးတွေနဲ့လှမ်းပစ်နေတုန်းပါပဲ" ဟု ရိုးမစစ်ကြောင်း (၂) ၏ တာဝန်ရှိသူက ယနေ့ ည ၇ နာရီအချိန်ခန့်တွင် မဇ္ဈိမကိုပြောသည်။

စစ်ရေးတင်းမာနေစဉ် ယနေ့ နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီမှ ဖြူးမြို့နယ်၊ မုန်းမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကိုဖြတ်တောက်ခဲ့သည်ဟု ရိုးမစစ်ကြောင်း (၂) တာဝန်ရှိသူနှင့် ကျောက်တံခါးမြို့နယ် မြေပြင်သတင်းရင်းမြစ်တို့၏ပြောဆိုချက်အရသိရသည်။

"မနက်ပိုင်းမှာ ဖုန်းလိုင်းအင်တာနက်လိုင်းတွေဖြတ်ထားတယ်။ အဲ့ဒီအချိန်မှာ Mytel တော့ရတယ်။ ညနေပိုင်းမှာတော့ ဖုန်းလိုင်းတွေပြန်ရတယ်။ မိုဘိုင်းအင်တာနက်တော့သုံးမရသေးဘူး” ဟု ကျောက်တံခါးမြို့နယ်မှ မြေပြင်သတင်းရင်းမြစ်တဦးကယနေ့ ည ၇ နာရီအချိန်ခန့်တွင်ပြောသည်။

ကျောက်တံခါးမြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီတပ်၏စစ်ကြောင်းထိုးမှုများရှိနေသည်။ နံဇကျေးရွာတွင် စစ်ကောင်စီတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၀၀ ခန့်မီးလောင်ထားသည်ဟု သတင်းရရှိသည်။

ပဲခူးတိုင်းအရှေ့ခြမ်းမှ ဖြူးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ညောင်လေးပင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် KNLA ၊PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည်။

စာတည်း - မောင်ကြီး

#mizzima
#ဖြူးမြို့နယ်
#စစ်ကောင်စီဂိတ်စခန်း
#KNLA
#ရိုးမစစ်ကြောင်း (၂)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🤯2❤1👏1🥱1
"၈၈၈၈" လူထုအရေးတော်ပုံနဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးက ဘာတွေကွာခြားမှုရှိလဲ (VOX POP)
=======================

မဇ္ဈိမ ။ ။ ဒီကနေ့ဟာ "၈၈၈၈" လူထုအရေးတော်ပုံ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ဗကသ ရဲဘော်တွေနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေစုပေါင်းပြီးတောာ့ လွတ်မြောက်နယ်မြေတစ်နေရာမှာ အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

အဆိုပါအခမ်းအနားကိုတော့ တော်လှန်ရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ဗကသရဲဘော်များနှင့် အခြားသော ဖိတ်ကြားထားသူတွေတက်ရောက်ကြပြီး အဲဒီထဲမှ ၈၈ ခုနှစ် လူထုအုံကြွမှုကို ကြုံတွေ့ဖြတ်သန်းခဲ့ရသူတွေကလည်း သူတို့ရဲ့ အမှတ်တရတွေကို ပြန်လည်ပြောပြခဲ့ကြပါတယ်။

ထို့အတူ ပွဲအခမ်းအနားတွင်းမှာတက်ရောက်လာသူတွေရဲ့ "၈၈၈၈" လူထုအရေးတော်ပုံ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အမှတ်တရ၊ "၈၈၈၈" နှင့် နွေဦးတော်လှန်ရေးကွာခြားပုံ၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့ရဲ့ ပြည်သူအပေါ် ရက်စက်ပုံ စတဲ့ စကားသံတွေကို ယခုဗီဒီယိုမှာ မဇ္ဈိမက စုစည်းတင်ဆက်ထားပါတယ်။

ရိုက်ကူး ။ ။ ဂန္ဒမာ
တည်းဖြတ် ။ ။ Su Lay
စာတည်း ။ ။ Alden

https://youtu.be/0zOIOMhbhDA

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤2😁1🤮1
လောင်းလုံးမှာ ၈၈၈၈ အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်‌ရေး ဆန္ဒပြ
==================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သော ၈၈၈၈ အရေးတော်ပုံ’ကြီး (၃၅) နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုလှုပ်ရှားမှုကို “၈၈၈၈ စိတ်ဓါတ် ကိုင်စွဲ ၊ လူထုတော်လှန်ရေး ဆင်နွှဲ” စာသားပါ ဘန်နာကိုင်ဆွဲ ချီတက်ခဲ့ကြပြီး ၈၈၈၈ အရေးတော်ပုံကြီးတွင် ကျဆုံး ဒီမိုကရေစီ သူရဲကောင်း‌များကို ‌အလေးပြု ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

https://youtu.be/pgJCDr60-lU

#ဆန္ဒပြ
#၈၈၈၈
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤15👍7🔥1😁1
လောင်းလုံးမှာ ၈၈၈၈ အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်‌ရေး ဆန္ဒပြ
=====================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သော ၈၈၈၈ အရေးတော်ပုံ’ကြီး (၃၅) နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုလှုပ်ရှားမှုကို “၈၈၈၈ စိတ်ဓါတ် ကိုင်စွဲ ၊ လူထုတော်လှန်ရေး ဆင်နွှဲ” စာသားပါ ဘန်နာကိုင်ဆွဲ ချီတက်ခဲ့ကြပြီး ၈၈၈၈ အရေးတော်ပုံကြီးတွင် ကျဆုံး ဒီမိုကရေစီ သူရဲကောင်း‌များကို ‌အလေးပြု ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

#ဆန္ဒပြ
#၈၈၈၈
#Mizzima

Website Link - http://www.mizzimaburmese.com/article/131836
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤21👍13🔥1😁1
Media is too big
VIEW IN TELEGRAM
ပြည်ပရောက်အလုပ်သမားများ၏ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင်ငွေလွှဲနှုန်းဖြင့် ပြန်ပို့ရမည်ဟု စစ်ကောင်စီညွှန်ကြား

#reels #shorts #businessnews #Mizzima
🤬17👍8😁5🖕2❤1
Media is too big
VIEW IN TELEGRAM
နိုင်ငံ့စီးပွားရေးအပေါ် မူတည်ပြီး Peninsula Yangon ဟိုတယ်စီမံကိန်း ပြန်လည်စတင်ရန်စီစဉ်နေ

#reels #shorts #businessnews #Mizzima
👍6🤯3👏2👎1😁1
Human rights advocates hold a banner with a message of solidarity with the Myanmar 8888 Uprising anniversary during a rally outside the Myanmar embassy in Makati City, Metro Manila, Philippines, 08 August 2023. Protesters called for an end to the military junta in Myanmar to give way for a democratically elected government. The 8888 Uprising, or People Power Uprising, peaked on 08 August 1988 as demonstrations spread in Myanmar to oppose the military regime of General Ne Win. EPA-EFE/ROLEX DELA PENA
❤7👍5😁2
Myanmar demonstrators shout slogans during a protest to commemorate the so-called '8888 Uprising' anniversary and calling on the US to put pressure on the Myanmar military junta, outside the US embassy in Bangkok, Thailand, 08 August 2023. A group of Myanmar people living in Thailand held a demonstration to commemorate the 35th anniversary of the uprising against the military crackdown on 08 August 1988 - dubbed the '8888 Uprising'- and to submit a letter calling the US government to pressure the Myanmar military junta to release political prisoners including detained Myanmar leader Aung San Suu Kyi. The Myanmar military junta is ruling after overthrowing the elected civilian government in the 2021 coup. EPA-EFE/RUNGROJ YONGRIT
❤9👍6😁2