Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Myanmar demonstrators shout slogans during a protest to commemorate the so-called '8888 Uprising' anniversary and calling on the US to put pressure on the Myanmar military junta, outside the US embassy in Bangkok, Thailand, 08 August 2023. A group of Myanmar people living in Thailand held a demonstration to commemorate the 35th anniversary of the uprising against the military crackdown on 08 August 1988 - dubbed the '8888 Uprising'- and to submit a letter calling the US government to pressure the Myanmar military junta to release political prisoners including detained Myanmar leader Aung San Suu Kyi. The Myanmar military junta is ruling after overthrowing the elected civilian government in the 2021 coup. EPA-EFE/RUNGROJ YONGRIT
❤9👍6😁2
Media is too big
VIEW IN TELEGRAM
နိုင်ငံရေးရှုပ်ထွေးမှုများကြောင့် ထိုင်းရှိ မြန်မာလုပ်သားများ လုပ်ငန်းခွင် အပြောင်းအလဲ မပြုလုပ်ကြရန် သတိပေး

#reels #shorts #businessnews #Mizzima
👍12😁3
သြဂုတ်လ (၉) ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ဩဂုတ်လ ၈ ရက်နေ့ နဲ့ ၉ ရက်နေ့တွေမှာ နိုင်ငံအနှံ့မိုးကြီးနိုင်ပြီး အဲဒီနှစ်ရက်အတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တာကြောင့် ရေဘေးနဲ့ မြေပြိုမယ့် အန္တရာယ်ကို အထူးသတိထားကြဖို့အ မျိုးသားညီညွတ်ရေးအစိုးရက သတိပေးထားတဲ့သတင်းနဲ့အတူ ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်အတွင်းမြို့နယ်တွေမှာ တောတွင်း ဝင်ပေါက် ထွက်ပေါက်တွေအားလုံးကို စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀၀ ကျော်နဲ့ ပိတ်ဆို့ထားတဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ် ကဏ္ဍအဖြစ် “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါး နဲ့ “သဘာဝရဲ့လက်ဆောင်” အစီအစဉ်တွေကို နားဆင်ကြရမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/sUuCeD9x9mo

#Mizzimaradio
#Morningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁3
မဂႅလာပါလို့ မဇ္ဈိမမိသားစုမှ နှုတ်ခွန်းဆက်သလိုက်ပါရစေ.

၂၀၂၃ ခုနှစ် သြဂုတ်လ (၈) ရက်နေ့တွင် ပြည်သူများအတွက် သတင်းတင်ဆက်ပေးလာခဲ့သည်မှာ ၂၅ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ စတင်ထုတ်လွှင့်တဲ့ ၁၉၉၈ ခုနှစ်မှ ယနေ့တိုင် အခိုင်အမာအားပေးခဲ့ကြတဲ့ ပရိသတ်များအား မဇ္ဈိမမိသားစုမှ အထူးအလေးအနက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေ။

အထူးကျေးဇူးတင်စွာဖြင့်
မဇ္ဈိမ မိသားစု

https://youtu.be/sVTTj_CwHqQ

#mizzimastatistics2023
#mizzima25anniversary
#mizzimaanniversary
#25thanniversary
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
❤8👍1🔥1🤮1
​​Mood of The Day
=============

အချစ်ကို အလေးမထားဘဲနဲ့ one night stand သဘောမျိုးသာသတ်မှတ်တဲ့ ဘတ်စ်ကတ်ဘော နည်းပြ ဂန်ဂျယ်ဟျွန်း
၁၀နှစ်ကျော်ကြာတွဲလာတဲ့ ချစ်သူရှိပေမယ့် ချစ်သူနဲ့လက်ထပ်ဖို့က မသေချာသေးတဲ့ မွန်းချယ်ဝန်း......

နှစ်ယောက်သား အလုပ်ကိစ္စကြောင့် ဘူဆန်ကိုခရီးသွားရင်း ရထားပေါ်မှာ တွေ့ဆုံကြတဲ့အခါ

One night stand မင်းသားပီပီ One night stand ဖို့ပြောရင်းနဲ့ နှစ်ယော​က်သား ဘယ်လိုအဖြစ်အပျက်လေးတွေကနေ ရင်းနှီးသွားကြမှာလဲဆိုတာ ဆက်လက်ကြည်ရှုပေးပါဦးနော်....

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် -
http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၉.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍3😁2🤡1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( သြဂုတ်လ ၉ ရက်၊ ၂၀၂၃ ) | VOA On Mizzima
======================

မြန်မာနွယ်ဖွား အမေရိကန်ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးစွမ်းဆောင်ရည်က ကောင်းမွန်တဲ့ အခြေအနေမှာ ဆက်လက်ရှိနေကြောင်း သြဂုတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ Indiana ပြည်နယ်အခြေစိုက် မြန်မာ-အမေရိကန် လူမှုရေးအသင်း BACI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရုတ်စီးပွားဆက်ဆံရေး တံခါး အဖွင့်၊ အပိတ် “ပိုလီဂရပ်” နဲ့ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၉ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/jJx41MGOJtU

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁2
စစ်ကောင်စီ ရွှေ့ကွက်တွေရိုးပေမယ့် သတိမထားလို့တော့မရဘူး
===================

အာဏာရူးတစ်သိုက်ဟာ သူတို့ရဲ့လူမဆန်တဲ့လုပ်ရပ်တွေကိုဖုံးကွယ်ပြီး
အာဏာကိုဆက်လက်သိမ်းပိုက်ထားနိုင်ဖို့ တစ်ချိန်ကအသုံးတည့်ခဲ့တဲ့ နည်းလမ်းဟောင်းတချို့ကိုထုတ်သုံးလာတာတွေ့ရပါတယ်။ အနီးစပ်ဆုံးပြန်ကြည့်ရင် ၂၀၀၀ ပြည့်နှစ်အလွန်မှာ နေအိမ်အကျယ်ချုပ်ချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး ၂၀၁၀ မှာ အတုအယောင် ဒီမိုကရေစီလမ်းကြောင်းကို စစ်ဗိုလ်ချုပ်တွေ ပုံဖော်နိုင်ခဲ့သလိုမျိုး တစ်ကျော့ပြန်လျှောက်ဖို့ အာဏာသိမ်း စစ်ကောင်စီက ဆုံးဖြတ်လိုက်ပုံရပါတယ်။

https://youtu.be/Er57p4geHf0

#politics
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15😁5
မြန်မာ B.Tech ဘွဲ့ရ ဂျပန်မှာ အိမ်အကူဘ၀
😢6😁2👍1
မြန်မာ B.Tech ဘွဲ့ရ ဂျပန်မှာ အိမ်အကူဘ၀
================

ကီရာ
​အာဏာမသိမ်းခင်က B.Tech ဘွဲ့ရ မရိုစီသည် ရန်ကုန်ရှိ မားကက်တင်းအေဂျင်စီတခုတွင် Account Executive ရာထူးဖြင့် အလုပ်လုပ်ခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်တွင် အိမ်အကူဖြစ်လာသည့်နောက် ဆိုးရွားသောအတွေ့အကြုံများကြုံခဲ့ရသည်။

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းမှုနောက် ရန်ကုန်ရှိ သူ၏ကုမ္ပဏီအလုပ်ရပ်သွားခဲ့သည်။ သူလည်း ဇာတိမြေ ကရင်နီပြည်နယ် မိုးဗြဲမြို့သို့ပြန်ကာ လအတန်ကြာ မုန့်ပဲသရေစာများရောင်းချသော အိမ်ဆိုင်လေးဖွင့်ခဲ့သည်။ ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်လာခြင်းနှင့် အလုပ်အကိုင်ရှားပါးခြင်းကြောင့် နိုင်ငံခြားထွက် အလုပ်လုပ်ရန် ဆုံးဖြတ်ကာ ရန်ကုန်သို့ပြန်လာသည်။

အသိမိတ်ဆွေတဦး မိတ်ဆက်ပေးမှုဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းက ရန်ကုန်မြို့ရှိ ဆွန်ဆွန်ဆိုသော အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီနှင့် ချိတ်ဆက်မိခဲ့သည်။ အဆိုပါ အေဂျင်စီက ချိတ်ဆက်မှုဖြင့် စင်ကာပူရှိ အေဂျင်စီတခုနှင့် ထပ်ဆင့်ချိတ်ဆက်မိသည်။
သို့သော် ဖေဖော်ဝါရီလ ၂၀၂၃ ခုနှစ်တွင် သူရောက်သွားခဲ့သည်က စင်္ကာပူမဟုတ် ဂျပန်နိုင်ငံတိုကျိုမြို့သို့ဖြစ်သည်။

အခကြေးငွေမကုန်ဘဲ ဂျပန်သို့ရောက်သွားခဲ့သော်လည်း မြန်မာအေဂျင်စီအတွက် ဝန်ဆောင်ခ စင်္ကာပူဒေါ်လာ ၃,၀၀၀ ကို မရိုစီ၏ လုပ်အားခဝင်ငွေမှ အရစ်ကျပေးရန် နှုတ်အားဖြင့် သဘောတူညီခဲ့ကြသည်။

ဂျပန်တွင်အလုပ်ရှင်ဖြစ်လာခဲ့သူ မစ္စ ခနမိ အယအိ ဘက်မှ ပြင်ဆင်ပေးပြီး ဂျပန်လူဝင်မှုကြီးကြပ်ရေးသို့တင်ပြသည့် စာချုပ်တွင် မရိုစီကို မစ္စ ခနမိ ၏ AMICO ကုမ္ပဏီ၏ အလုပ်သမားအဖြစ် ခေါ်ယူခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာချုပ်တွင် မရိုစီကို ကုမ္ပဏီ၏ ပြည်တွင်းနှင့် နိုင်ငံခြားအရောင်းဝန်ထမ်းဟူသော ရာထူးနှင့် လစာအဖြစ် တလလျှင် ဒေါ်လာ ၁,၅၀၀ ပေးမည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

သို့သော် ကုမ္ပဏီဝန်ထမ်းအဖြစ်ဟန်ပြစာချုပ်ချုပ်ကာ သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သော်လည်း သူ တကယ်လုပ်ရသည်က အိမ်ကူအလုပ်နှင့် အသက် ၁၀နှစ်ကျော်အရွယ်ကလေးတဦးကို ထိန်းကျောင်းရခြင်းဖြစ်သည်။

" စစ်က အမတို့နေတဲ့နေရာမှာ တဖြည်းဖြည်းကူးလာတော့ စစ်ဖြစ်ရင် စစ်ရှောင်ရပြီး အခြေအနေငြိမ်ရင် အလုပ်ပြန်လုပ်မျိုးပေါ့နော်။ ကြာလာတော့ ဘယ်လိုမှအဆင်မပြေနိုင်ဘူးရယ်။

အဲ့ကြားထဲမှာ အမတို့နားက ရွာတရွာက အခုချိန်ထိ သူတို့ရွာထဲ ပြန်ဝင်လို့မရသေးတဲ့အခြေနေနဲ့မျိုးပေါ့နော်။ ဒါပေမယ့် သူတို့ရွာပျက်တဲ့အချိန် သူတို့သားသမီးနိုင်ငံခြားမှာရှိတဲ့မိဘတွေက အများကြီးခံသာနေတာတွေ့ရတယ်။ အဲဒါကြောင့် အမတို့ရွာလည်း သူတို့ရွာလိုအခြေအနေအချိန်မရွေးဆိုးလာနိုင်တာကြောင့် အမနိုင်ငံခြားအမြန်ထွက်ရရင် အနောက်မှာ နေတဲ့မိသားစုက ပိုစိတ်အေးမယ် အထင်နဲ့ အိမ်အကူပဲဖြစ်ဖြစ်သွားချင်ခဲ့တယ်" ဟု မရိုစီက ပြောသည်။
👍19😁2😢2
အမေရိကန်ရောက် မြန်မာကျောင်းသား တက္ကသိုလ် တက်နှုန်း များ | VOA On Mizzima
======================

မြန်မာနွယ်ဖွား အမေရိကန်ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးစွမ်းဆောင်ရည်က ကောင်းမွန်တဲ့ အခြေအနေမှာ ဆက်လက်ရှိနေကြောင်း သြဂုတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ Indiana ပြည်နယ်အခြေစိုက် မြန်မာ-အမေရိကန် လူမှုရေးအသင်း BACI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလို ပညာရေးပိုင်း တိုးတက်စေဖို့ အမေရိကန်အစိုးရနဲ့ပါ ပူးပေါင်းလုပ်ဆောင်တဲ့ အစီအစဉ်တွေအကြောင်းကို BACI ရဲ့ အမှုဆောင်ဒါရိုက်တာ Elaisa Vahnie က ရှင်းပြပါတယ်။ မအိသန့်စင်က ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/0VkgvdW8Vw8

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥1😁1