ပုလောတွင် စစ်ကောင်စီတပ်က လက်နက်ကြီး အကြောင်းမဲ့ပစ်ခတ်၍ အသက် ၇ နှစ် အရွယ်ကလေး ထိခိုက်ဒဏ်ရာရ
====================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ပုလောမြို့နယ်တွင် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လက္ကူကျေးရွာမှ အသက် ၇ နှစ် အရွယ်ကလေးငယ် တဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မှော်ကြောင်းရွာတွင် ဆက်သွယ်ရေးစခန်းအဖြစ် တပ်စွဲထား သည့် စစ်ကောင်စီတပ်က လက်နက်ကြီးလေးလုံးထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်တလုံးအား ကျည်ထိမှန်ကာ အသက် ၇ နှစ် အရွယ်ကလေးတဦး ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“တိုက်ပွဲ ဖြစ်တာမျိုးမရှိပါဘူး၊ စစ်တပ်က တမင်သက်သက်ပစ်တာ။ နာရီဝက်တခါပစ်ဆိုတော့ လူတွေ ကကြောက်ပြီး အကာအကွယ်ယူ ပုန်းနေကြရတယ်”ဟု လက္ကူရွာမှ အမျိုးသားတဦးက ပြောသည်။
ထို့အတူ ယင်းနေ့မွန်းလွဲပိုင်းတွင် ပုလောမြို့နယ် မီးလောင်ချောင်းနှင့် ဇရပ်ဆိပ်ကျေးရွာများဘက်သို့ ပလ မြို့အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများကပြောသည်။
“မနေ့က စစ်တပ်ကလက်နက်ကြီးနဲ့ထုတော့ ရွာခံတွေ ထွက်ပြေးရတာပေါ့။ ညနေပိုင်းမှာတော့ ပုံမှန်အ တိုင်းပြန်ဖြစ်သွားလို့ ရွာထဲပြန်ဝင်နေကြပြီ” ဒေသခံတဦးကပြောသည်။
ပုလောမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့်မြို့နယ်ဖြစ်ပြီး စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသလည်းဖြစ်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
ပုံအညွှန်း-လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် လက္ကူကျေးရွာ
#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#လက်နက်ကြီး
#အကြောင်းမဲ့ပစ်ခတ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

🤬4😢3🔥1
Media is too big
VIEW IN TELEGRAM
EAO နဲ့ PDF တွေကြောင့် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတည်ဆောက်ရာမှာ အနှောင့်အယှက်ဖြစ်နေဟု စစ်ခေါင်းဆောင်စွပ်စွဲ
Watch more detail - https://youtu.be/V37rG5WsrJE
#PoliticalNews
#reels
#shorts
#MizzimaTV

😁18👏1
သြဂုတ်လ ၉ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================
-AA တပ် ချင်းပြည်နယ် တောင်ပိုင်း ဝင်ရောက်မှု ဒေသခံတွေ စိုးရိမ်တဲ့သတင်း
-EAO နဲ့ PDF တွေကြောင့် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတည်ဆောက်ရာမှာ
အနှောင့်အယှက်ဖြစ်နေတယ်လို့ စစ်ခေါင်းဆောင်စွပ်စွဲတဲ့သတင်း
-ပုလောမှာ စစ်ကောင်စီတပ်က လက်နက်ကြီး အကြောင်းမဲ့ပစ်ခတ်လို့ အသက် ၇ နှစ် အရွယ်ကလေး ထိခိုက်ဒဏ်ရာရတဲ့သတင်း
-လျှပ်တပြက်ရေကြီးမှုနဲ့ မြေပြိုမှုများကြောင့် ဗီယက်နမ်မြောက်ပိုင်းမှာ လူ ၈ ဦးထက်မနည်းသေဆုံးတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/nKV3w-0SL3E
#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
သြဂုတ်လ ၉ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:03-AA တပ် ချင်းပြည်နယ် တောင်ပိုင်း ဝင်ရောက်မှု ဒေသခံတွေ စိုးရိမ်တဲ့သတင်း
02:33-EAO နဲ့ PDF တွေကြောင့် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတည်ဆောက်ရာမှာ
အနှောင့်အယှက်ဖြစ်နေတယ်လို့ စစ်ခေါင်းဆောင်စွပ်စွဲတဲ့သတင်း
05:06-ပုလောမှာ စစ်ကောင်စီတပ်က…

👍11🤮1
ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ
===================
ဂျူချန်း
(မဇ္ဈိမ)။ ။ ယနေ့ ဩဂုတ်လ ၉ ရက်နေ့တွင်ကျရောက်သည့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားကို နယ်စပ်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnIC) မှ ဖော်ပြထားသည်။
၎င်းအခမ်းအနားသို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)၊ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnIC) တို့မှ သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
“တိုင်းရင်းသားပြည်သူများအတွက် အာမခံချက်မရှိမခြင်း မိမိတို့ကရင်နီအမျိုးသားခုခံတော်လှန်ရေးတာဝန်တွေ ပြီးဆုံးသွားမှာ မဟုတ်ဘဲ ဆက်လက်တွန်းလှန်တိုက်ထုတ်သွားရမည်” ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnIC) ၏ ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ ဂုဏ်ပြု သဝဏ်လွှာတွင် ဖော်ပြထားသည်။
အမျိုးသားခုခံတော်လှန်ရေးတိုက်ပွဲသည် လက်ရှိအချိန်အထိ မပြီးဆုံးသေးဘဲ အာဏာရှင်စနစ်မှန်သမျှချုပ်ငြိမ်းနိုင်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေး၊ ဒီမိုကရေစီရေး၊ ပြန်လည်တည်ထောင်ရေးတို့အတွက် ကရင်နီပြည်နယ်ရှိ တော်လှန်ရေးအလွှာအသီးသီးမှ ဆက်လက်တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ မှ ထုတ်ပြန်သည်။
အလားတူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးတွင် တစ်နိုင်ငံလုံးနည်းတူ ကရင်နီအမျိုးသားများသည်လည်း စစ်အာဏာရှင်ကို ခုခံတော်လှန်လျက်ရှိပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC) မှ ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အတွက် ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။
ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သည် လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ဩဂုတ်လ ၉ ရက်နေ့တွင် ဖဆပလ အစိုးရမှ သီးခြားလွတ်လပ်ခဲ့သည့် ကရင်နီပြည်နယ်ရှိ ကရင်နီအမျိုးသားအစည်းအရုံးဌာနချုပ်ရှိရာ မန်းလား(မြလဲ) ရွာအား လာရောက်တိုက်ခိုက်ခဲ့ရာမှ ကရင်နီတစ်မျိုးသားလုံး ပြန်လည် ခုခံတော်လှန်ခဲ့ကြသဖြင့် ထိုနေ့ကို ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ကြသည်။
စာတည်း - သန့်ဇော်(သန်လျင်)
ဓါတ်ပုံ-KnIC
ပုံစာ-၇၅ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနား
#mizzima
#KSCC
#KnIC
#ဖဆပလ
#KNPP

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍14❤4🔥1
👍1
မြဝတီ-ကော့ကရိတ်လမ်း ပြတ်တောက်သဖြင့် အွန်လိုင်းမှ ထိုင်းကုန်ပစ္စည်း ရောင်းဝယ်သူများ အခက်တွေ့
===============
ဂျူချန်း
(မဇ္ဈ်ိမ)။ ။ အာရှလမ်း အပါအဝင် မြဝတီ-ကော့ကရိတ်လမ်းများ သွားလာ၍ မရသဖြင့် ထိုင်းကုန်ပစ္စည်းများကို အွန်လိုင်းမှ တစ်ဆင့် ရောင်းချနေသူများ အခက်တွေ့နေကြောင်း သိရသည်။ ထိုင်း-မြန်မာ နယ်စပ်ကုန်စည်စီးဆင်းရေးအတွက် အသုံးပြုနေသည့် ထိုလမ်းပိုင်းများတွင် မိုးသည်းထန်သဖြင့် တောင်ကျရေတိုက်စားကာ မြေပြိုမှုတို့ကြောင့် သွားလာ၍ မရတော့ခြင်းဖြစ်သည်။
“လက်ကားရောင်းတဲ့ သူတွေ အတော်ဒုက္ခရောက်တယ်။ ပစ္စည်းပို့မရတော့ ငွေမလွှဲကြဘူး။ အဲ့တော့ဒီဘက်မှာ ထပ်မှာထားတာတွေအတွက် ငွေမလည်ကြတော့ဘူး။ အခုတောင်ဘတ်ဈေးက ၁၀၂၀၊ ၁၀၃၀ ဝန်းကျင် ။ ကားလမ်းပျက်တော့ပိုဆိုးဦးမှာ” ဟု ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများအား မြန်မာနိုင်ငံအတွင်းသို့ တင်ပို့ရောင်းချနေသည့် အွန်လိုင်းရောင်းသူတစ်ဦးက မဇ္ဈ်ိမ ကိုပြောသည်။
လက်ရှိတွင် မြဝတီ-ကော့ကရိတ် လမ်းပိုင်း၌ ကုန်တင်ကားများ သွားလာ၍ မရကြသောကြောင့် ထိုင်းနိုင်ငံမှ မှာယူထားသည့် ပစ္စည်းများသည် လမ်းတွင် ကြန့်ကြာနေသဖြင့် ဝယ်ယူသူများအား တောင်းပန်ကာ ယာယီ အရောင်းရပ်နားထားရကြောင်း အွန်လိုင်းရောင်းဝယ်သူများက ပြောသည်။
ထို့အပြင် လက်ကားဆိုင်အများစုတွင် လက်ဝယ်ထားရှိသည့် ပစ္စည်းများသည်လည်း ကားလမ်းပျက်ခြင်းကြောင့် ပစ္စည်းပြတ်လပ်ကာ ကျန်ရှိနေသည့် ပစ္စည်းများသည်လည်း ဈေးတက်နေပြီး ဆိုင်အချို့မှာ ပစ္စည်းများကို မရောင်းဘဲ ခဏသိမ်းထားခြင်းလည်း ရှိကြောင်းသိရသည်။
“ကမ်းကူးခါနီးဖြစ်သွားတာဆိုတော့ သေချာမသိရသေးဘူး။ ထိုင်းကလာတဲ့ ပစ္စည်းတွေတော့ မြဝတီလမ်းပျက်လို့ဆိုပြီး ဈေးတက်နေပြီ။ ဈေးတွေတက်နေတာကတော့ အစုံပဲ။ သူတို့ပါးစပ်ဈေးဖြစ်နေတာ” ဟု အခြားအွန်လိုင်းရောင်းဝယ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် မြဝတီ-ကော့ကရိတ် ၊အာရှလမ်းမကြီးသည် တောနော်ရေတံခွန်အနီးတွင် တောင်ကျရေတိုက်စားမှုကြောင့် ကားလမ်းပြိုကျသွားခဲ့ပြီး ကုန်သွယ်ရေး ရပ်တန့်သွားခဲ့သည်။ ထို့နောက် မြဝတီ-ကော့ကရိတ်သို့သွားမည့် ကုန်ကားများသည် ဒေါနတောင်လမ်းဟောင်းပိုင်းနှင့် ထို့ကော်ကိုး-နဘူး တောလမ်းတို့အား အသုံးပြုခဲ့ကြသော်လည်း မိုးရွာသွန်း၍ တောင်ကျရေစီးဆင်းမှု ကြောင့် အဆိုပါလမ်းနှစ်လမ်းလုံးမှာလည်း ပျက်စီးနေသဖြင့် ယမန်နေ့ ဩဂုတ်လ ၈ ရက်နေ့တွင် လုံးဝ သွားလာ၍ မရနိုင်တော့ကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
ပုံစာ-တောနော်ရေတံခွန်အနီး ပြိုကျသွားသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး (ဩဂုတ်လ ၇ ရက်)
#Mizzima
#မြဝတီ-ကော့ကရိတ်လမ်း
#အာရှလမ်းမကြီး

👍10🔥2🤯1
India parliament debates no-confidence against Modi over Manipur violence
======================
https://youtu.be/erk82e1JQ6s

India's parliament debates a no-confidence motion against Prime Minister Narendra Modi's government moved by the newly formed alliance of opposition parties called “INDIA” against the ruling government following deadly violence in the northeastern state.…
🔥2👍1
ပြည်ဝင်ခွင့် ပိတ်ပင်ခံရသည့် အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးပေးရန် တရုတ်က ရုရှားကို တောင်းဆို
=====================
ရုရှားနိုင်ငံသို့ ဝင်ရောက်ရန် ငြင်းဆန်ခံခဲ့ရသည့် တရုတ်နိုင်ငံသားများ အား ပြုမူဆက်ဆံမှုအပေါ် ရုရှားရှိ တရုတ်သံရုံးက ပြစ်တင်ဝေဖန်ခဲ့ပြီး အဆိုပါ “အခွင့်အရေးချိုးဖောက်မှု” ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့ကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ရုရှားနိုင်ငံသို့ ဝင်ရောက်ရန် ငြင်းဆန်ခံခဲ့ရသည့် တရုတ်နိုင်ငံသားများ အား ပြုမူဆက်ဆံမှုအပေါ် ရုရှားရှိ တရုတ်သံရုံးက ပြစ်တင်ဝေဖန်ခဲ့ပြီး အဆိုပါ “အခွင့်အရေးချိုးဖောက်မှု” ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့ကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁3
ဒေသအချို့ရေဘေးကြုံနေစဉ် ထပ်မံ မိုးကြီးမည့် သတိပေးချက် ထုတ်ပြန်ထား
=====================
ရောင်နီ
(မဇ္စျိမ)။ ။မုတ်သုံလေဆက်လက်အားကောင်းနေပြီး လတ်တလော ရေဘေးရင်ဆိုင်နေရသော ဒေသများ၌ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုဘေး ဆက်လက်သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။
သြဂုတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ မိုးလေ၀သအခြေအနေကို MOHADM က သတိပေးထားရာ၌ ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးသည်းထန်နိုင်ပြီး ကျန်တိုင်းနှင့် ပြည်နယ်များတွင် မိုးကောင်းနိုင်သည်ဟု ပါဝင်သည်။ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ရေကြီး ရေလျှံမှုနှင့် မြေပြိုမှုဘေးများအတွက် အထူးသတိထား ပြင်ဆင်နေထိုင်ရန် အသိပေးထားသည်။
ဩဂုတ်လဆန်းမှစတင်ကာ မြန်မာနိုင်ငံအနှံအပြားတွင် မိုးကောင်းနေပြီး ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် မြို့နယ်အချို့၍ ရေကြီးနစ် မြုပ်မှုရင်ဆိုင်နေရသည်။ ယင်းဒေသများမှ မြစ်ချောင်းများတွင်လည်း စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်နေသည်။
ရခိုင်ပြည်နယ်တွင် ဩဂုတ်လ ၁၀ရက်နောက်ပိုင်း မိုးအားအနည်းငယ်လျော့နိုင်သော်လည်း သြဂုတ်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် မိုးသည်းထန်နိုင်သည့်အတွက် ဒေသခံများအနေဖြင့် အလေးထားပြင်ဆိုင်နေထိုင်သင့်ကြောင်း MOHADM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ယနေ့ သြဂုတ်လ ၉ ရက် ရာသီဥတုအခြေအနေအရ ရခိုင်ပြည်နယ်၊ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် မိုးကြီးနိုင်သည်ဟု သတိပေးထားသည်။
စာတည်း - မောင်ကြီး
ပုံစာ - ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း ရေကြီးနစ်မြုပ်နေမှုမြင်ကွင်း။ (ပုံ - Soe Maung Than FB)
#mizzima
#မုတ်သုံလေအားကောင်း
#မိုးကြီးနိုင်
#ရေကြီးရေလျှံမှုဘေး
#MOHADM
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
ရောင်နီ
(မဇ္စျိမ)။ ။မုတ်သုံလေဆက်လက်အားကောင်းနေပြီး လတ်တလော ရေဘေးရင်ဆိုင်နေရသော ဒေသများ၌ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုဘေး ဆက်လက်သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။
သြဂုတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ မိုးလေ၀သအခြေအနေကို MOHADM က သတိပေးထားရာ၌ ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးသည်းထန်နိုင်ပြီး ကျန်တိုင်းနှင့် ပြည်နယ်များတွင် မိုးကောင်းနိုင်သည်ဟု ပါဝင်သည်။ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ရေကြီး ရေလျှံမှုနှင့် မြေပြိုမှုဘေးများအတွက် အထူးသတိထား ပြင်ဆင်နေထိုင်ရန် အသိပေးထားသည်။
ဩဂုတ်လဆန်းမှစတင်ကာ မြန်မာနိုင်ငံအနှံအပြားတွင် မိုးကောင်းနေပြီး ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် မြို့နယ်အချို့၍ ရေကြီးနစ် မြုပ်မှုရင်ဆိုင်နေရသည်။ ယင်းဒေသများမှ မြစ်ချောင်းများတွင်လည်း စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်နေသည်။
ရခိုင်ပြည်နယ်တွင် ဩဂုတ်လ ၁၀ရက်နောက်ပိုင်း မိုးအားအနည်းငယ်လျော့နိုင်သော်လည်း သြဂုတ်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် မိုးသည်းထန်နိုင်သည့်အတွက် ဒေသခံများအနေဖြင့် အလေးထားပြင်ဆိုင်နေထိုင်သင့်ကြောင်း MOHADM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ယနေ့ သြဂုတ်လ ၉ ရက် ရာသီဥတုအခြေအနေအရ ရခိုင်ပြည်နယ်၊ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် မိုးကြီးနိုင်သည်ဟု သတိပေးထားသည်။
စာတည်း - မောင်ကြီး
ပုံစာ - ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း ရေကြီးနစ်မြုပ်နေမှုမြင်ကွင်း။ (ပုံ - Soe Maung Than FB)
#mizzima
#မုတ်သုံလေအားကောင်း
#မိုးကြီးနိုင်
#ရေကြီးရေလျှံမှုဘေး
#MOHADM
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😨4👍2😁2😢1
တောင်ကိုရီးယားလက်နက်ပြပွဲ၌ စစ်ကောင်စီခန့် သံအမတ်ကို တက်ခွင့်ပြုမှုအပေါ် စိုးရိမ်ပူပန်ဟု ကုလ သံတမန် ထုတ်ဖော်
======================
ပြီးခဲ့သည့်မေလက တောင်ကိုရီးယားတွင် ပြုလုပ်သည့် လက်နက်ပြပွဲအခမ်းအနားတစ်ခု၌ မြန်မာစစ်ကောင်စီခန့် သံအမတ်ကို တောင်ကိုရီးယားအစိုးရက တက်ခွင့်ပြုခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန်၏ ဩဂုတ် ၉ ရက် စာထဲတွင် ထုတ်ဖော်သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
ပြီးခဲ့သည့်မေလက တောင်ကိုရီးယားတွင် ပြုလုပ်သည့် လက်နက်ပြပွဲအခမ်းအနားတစ်ခု၌ မြန်မာစစ်ကောင်စီခန့် သံအမတ်ကို တောင်ကိုရီးယားအစိုးရက တက်ခွင့်ပြုခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန်၏ ဩဂုတ် ၉ ရက် စာထဲတွင် ထုတ်ဖော်သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12😁3🥰1
KNU တပ်မဟာ(၅)နယ်မြေမှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ တာဝန်မှနုတ်ထွက်ခြင်းမပြုပါက ထိရောက်စွာအရေးယူမည်ဟု သတိပေး
======================
YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း တာဝန်မှနုတ်ထွက်ခြင်းမရှိဘဲ ကျန်ရှိနေသေးသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများအနေဖြင့် တာဝန်မှ အမြန်ဆုံးနုတ်ထွက်ရန် နှင့် မလိုက်နာသူများအား ထိရောက်သည့်အရေးယူမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် အမှတ်(၅)တပ်မဟာဌာနချုပ်က ဩဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန် ထားသည်။
“KNU မူတြော်ခရိုင်၊ အမှတ်(၅)တပ်မဟာ၏ အုပ်ချုပ်ရေးနယ်မြေအတွင်း နိုင်ငံတော်အာဏာကို မတရား သိမ်းယူထားသည့် စစ်အစိုးရ၏ စစ်ရေးကျူးကျော်ဝင်ရောက်မှုများ၊ အုပ်ချုပ်ရေးကျူးကျော်ဝင် ရောက်မှု များသည် ယနေ့ထိ ဆက်လက်ကျူးကျော်နေဆဲ ရှိနေသေးသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
တပ်မဟာ(၅)နယ်မြေအတွင်း အထိုင်ချလျက်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်း များ၊ အုပ်ချုပ်ရေးမှူးကို ၎င်းတို့၏ ရာထူးမှ ၁၀ ရက်အတွင်း နုတ်ထွက်စွန့်ခွာရန် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက ပထမအကြိမ် အသိပေးထုတ်ပြန်ခဲ့သော်လည်း အဆိုပါ ထုတ်ပြန်ချက် အပေါ် လိုက်နာခြင်းမရှိဘဲ စစ်ကောင်စီအကျိုးရှိစေရန် ဆက်လက် အလုပ်လုပ်နေသူများ ကျန်ရှိနေသေး ကြောင်း ဆိုသည်။
ကျန်ရှိသည့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများအနေဖြင့် KNU တပ်မဟာ(၅)၏ ထုတ်ပြန်ချက် အပေါ်လိုက်နာ၍ ၎င်းတို့၏ရာထူးမှ အမြန်ဆုံးနုတ်ထွက်ရန်နှင့် လိုက်နာခြင်းမရှိပါက အမိန့်ဆန့်ကျင်သူ များအဖြစ်သက်မှတ်ကာ ပိုမိုထိရောက်သည့် အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည့်အကြောင်း ဖော်ပြထားသည်။
KNU တပ်မဟာ (၅) နယ်မြေတွင် နေ့စဉ်နှင့်အမျှ စစ်ကောင်စီတပ်၊ ၎င်း၏လက်အောက်ခံ ကရင်နယ်ခြား စောင့်တပ်(BGF)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅)၊ PDF ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီကလည်း နည်းမျိုးစုံသုံးကာ အင်အားတိုးချဲ့ မှုများ ပြုလုပ်နေကြောင်း သိရသည်။
“တိုက်ပွဲက နေ့တိုင်းရှိတယ်။ ရန်သူကလည်း အင်အား ထပ်ထပ်တိုးနေတုန်းပဲ။ ကား၊ လေယာဉ်တွေသုံး ပြီး အင်အားလာချတာတို့ ရိက္ခာလာချတာတို့ လုပ်တယ်။ လမ်းမရှိတဲ့နေရာတွေဆို မြင်းတွေသုံးတယ်"ဟု တပ်မဟာ(၅) သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
ဓါတ်ပုံ (လူမှုကွန်ယက်) ပုံအညွှန်း- ဖာပွန်မြို့အဝင်ဆိုင်းဘုတ်
#ကရင်ပြည်နယ်
#တပ်မဟာ(၅)နယ်မြေ
#ဖာပွန်ခရိုင်

❤11👍5😁3👏2
Jailed ex-Pakistan PM Imran Khan's lawyers file legal challenge
====================
https://youtu.be/tmZZxPdaaEA

Lawyers for former Pakistan prime minister Imran Khan filed an appeal Tuesday against his conviction for graft, as he languished in a small cell in a century-old prison at the start of a three-year jail term.
-----------------------------------------
မဇ္ဈိမကို…

🔥2
စင်ကာပူဘဏ်UOBကမြန်မာနှင့်ဆက်နွယ်မှုဖြတ်တောက်ရန်တင်းကျပ်သည့် အစီအမံချမှတ်|Business Round Up(9.8.2023)
===================
- နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းကိုပင်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
- စင်ကာပူဘဏ် UOB က မြန်မာနှင့် ဆက်နွယ်မှုဖြတ်တောက်ရန် တင်းကျပ်သည့် အစီအမံများ ချမှတ်
- အရန်ဆန်ထုတ်ရောင်းပေမယ့် ဆန်ဈေးအတက်ကြမ်းနေဆဲ
- စင်ကာပူတွင် သူနာပြု ၄,၀၀၀ နီးပါး ခေါ်ယူမည်ဖြစ်ပြီး နေထိုင်ရန် အဆောင်များစီစဉ်ပေးမည်ဟုဆို
https://youtu.be/Y_AEjq3TiPE
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
- နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းကိုပင်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
- စင်ကာပူဘဏ် UOB က မြန်မာနှင့် ဆက်နွယ်မှုဖြတ်တောက်ရန် တင်းကျပ်သည့် အစီအမံများ ချမှတ်
- အရန်ဆန်ထုတ်ရောင်းပေမယ့် ဆန်ဈေးအတက်ကြမ်းနေဆဲ
- စင်ကာပူတွင် သူနာပြု ၄,၀၀၀ နီးပါး ခေါ်ယူမည်ဖြစ်ပြီး နေထိုင်ရန် အဆောင်များစီစဉ်ပေးမည်ဟုဆို
https://youtu.be/Y_AEjq3TiPE
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စင်ကာပူဘဏ်UOBကမြန်မာနှင့်ဆက်နွယ်မှုဖြတ်တောက်ရန်တင်းကျပ်သည့် အစီအမံချမှတ်|Business Round Up(9.8.2023)
- နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းကိုပင်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
- စင်ကာပူဘဏ် UOB က မြန်မာနှင့် ဆက်နွယ်မှုဖြတ်တောက်ရန် တင်းကျပ်သည့် အစီအမံများ ချမှတ်
- အရန်ဆန်ထုတ်ရောင်းပေမယ့် ဆန်ဈေးအတက်ကြမ်းနေဆဲ
…

👍16❤3🔥2