Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၇၅၇ ရက်မြောက် ချီတက်ဆန္ဒပြ
=================

ကိုခင်မောင် 

(မဇ္ဈိမ)။   ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ သြဂုတ်လ ၉ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

သပိတ်စစ်ကြောင်းသည် ဒေသတွင်းနယ်မြေမငြိမ်သက်မှုကြားမှ “သွေးမအေးတဲ့ ရွှေနွယ်သွေး”စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ၇၅၇ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ခြင်း ဖြစ်သည်။

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ရွှေနွယ်သွေးသပိတ်စစ်ကြောင်း

Website Link - http://www.mizzimaburmese.com/article/131874

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤21👍3😁2🔥1
အမှတ်(၈) လမ်းမကြီးပေါ် ပြည်သူ့ကာကွယ်ရေးအမျိုးသမီးစစ်သည်များလုံခြုံရေးစစ်ဆေး
❤21👍6😁2🔥1
အမှတ်(၈) လမ်းမကြီးပေါ် ပြည်သူ့ကာကွယ်ရေးအမျိုးသမီးစစ်သည်များလုံခြုံရေးစစ်ဆေး
===============

ဂျူချန်း
(မဇ္ဈိမ)။ ။မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းအမှတ်(၈) လမ်းမကြီးတွင် လုံခြုံရေးယူ စစ်ဆေးနေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များတွင် အမျိုးသမီးစစ်သည်များလည်း ပါဝင်ကြောင်း Taung Nyo Column - P29906 တောင်ညိုစစ်ကြောင်းက ထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ်လ ၈ ရက်နေ့က ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ကားများအား တောင်ညိုစစ်ကြောင်းရ လုံခြုံ‌ရေးစစ်ဆေးစဉ် အမျိုးသမီးစစ်သည်များပါဝင်ခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးစစ်သည်များသည် ရှေ့တန်း၌ တာဝန်ထမ်းဆောင်ရန် စိတ်အားထက်သန်နေကြသည်ဟု တောင်ညိုစစ်ကြောင်းမှ ရဲဘော်တဦးက မဇ္ဈိမ ကိုပြောသည်။

" ရဲဘော်တွေအနေနဲ့ ယူနီဖောင်းတွေအခက်တွေ့တဲ့အချိန်ဆိုတော့ ကြုံရာနဲ့ပဲ တက်စစ်ကြရတယ်။ မိန်းကလေးတွေဆို ပိုဆိုးပေါ့။ လိုက်ချင်လို့သာခေါ်နေရတာ၊ ထားခဲ့လည်း မရဘူးလေ” ဟု အထက်ပါ ရဲဘော်က ပြောသည်။

ထိုအမှတ်(၈)လမ်းမကြီးသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာ ယာခရိုင်နှင့် တပ်မဟာ(၄) ရှိ မြိတ်၊ ထားဝယ်ခရိုင်တို့အား ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးဖြစ်သည်။

စစ်ကောင်စီသည် ခရီးသွားပြည်သူများအား အကာအကွယ်ယူကာသွားလာနေ၍ အမှတ် (၈) လမ်းမကြီးအသုံးပြုမည့် ယာဉ်များအား လုံခြုံရေးအရစစ်ဆေးသွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းနောက်ပိုင်း စစ်ကောင်စီတပ်သားများသည် အမှတ်(၈) လမ်းမကြီးကို အသုံးပြုခြင်း နည်းပါးလာကာ လမ်းပိုင်းနေရာအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်ပြီဟု တောင်ညိုစစ်ကြောင်းမှရဲဘော်က ပြောသည်။

တောင်ညိုစစ်ကြောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လက်အောက်တွင် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် မွန်ပြည်နယ်၊သံဖြူဇရပ်နှင့် ရေးမြို့နယ်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည်။

လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးစစ်သည်များ - ဓာတ်ပုံ/တောင်ညိုစစ်ကြောင်
စာတည်း-မောင်ကြီး

#mizzima
#အမျိုးသမီးစစ်သည်များ
#အမှတ်(၈) လမ်းမကြီး
#လုံခြုံရေးစစ်ဆေး
#တောင်ညိုစစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🥰2🔥1😁1
လက်ပံတန်းမြို့နယ် ရင်းတိုက်ကွင်းကျေးရွာတွင် လေပြင်တိုက်ခတ်မှုကြောင့် နေအိမ် ၅၀ ခန့် ပျက်စီး
😢10👍5🔥1
လက်ပံတန်းမြို့နယ် ရင်းတိုက်ကွင်းကျေးရွာတွင် လေပြင်တိုက်ခတ်မှုကြောင့် နေအိမ် ၅၀ ခန့် ပျက်စီး
==================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ နဘဲကွင်းကျေးရွာအုပ်စု ရင်းတိုက်ကွင်းကျေးရွာတွင် ဩဂုတ်လ ၇ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က လေဆင်နှာမောင်းဟုယူဆရသည့် ငါးမိနစ်ခန့် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အိမ်ခြေ ၅၀ ခန့် ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

“ညဘက်ဆိုတော့ မြင်ရတာမျိုးတော့ မရှိဘူး။ လေတိုက်ချိန်က ငါးမိနစ်နဲ့ ၁၀ မိနစ်ကြားပဲရှိတယ်ပြော တယ်။ လေယာဉ်မောင်းသံတွေလို ကြားရပြီးတဲ့နောက်မှာ အိမ်အလုံးလိုက်ကျွတ်သူလည်းကျွတ်၊ ပြိုသူ လည်းပြို ဖြစ်သွားတာ။ အိမ်အုတ်ဖိနပ်ကအစ ကျွတ်ထွက်တဲ့အိမ်တောင်ရှိတယ်။ သစ်ပင်တွေဆိုလည်း အရင်းက ကျွတ်တယ်” ဟု ရင်းတိုက်ကွင်းရွာသို့ သွားရောက်ကူညီပေးနေသူ လက်ပံတန်းမြို့ခံကပြော သည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ရင်းတိုက်ကွင်းကျေးရွာတွင် အိမ်ခြေ ၄၈ အိမ်ထက်မနည်း ပျက်စီးခဲ့ ပြီး လေလမ်းကြောင်းသင့်ရာ ကျေးရွာများဖြစ်သည့် ကိုင်းတောစုကျေးရွာတွင် နေအိမ်ကိုးလုံး၊ အလယ်စု ကျေးရွာတွင် နေအိမ်ခြောက်လုံးနှင့် မီးလောင်ကုန်း(ခေါ်)နီလာကုန်းကျေးရွာတွင် ဘုန်းကြီးကျောင်းတ ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် ယခုသတင်းပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် နေအိမ် ပျက်စီးထားသူများအနေဖြင့် လက်ရှိတွင် မိုးထဲလေထဲ၌ နေထိုင်ရေးအခက်အခဲကြုံတွေ့နေကြရကြောင်း သိရသည်။

“ရွာက ရွာလေးဆိုတော့ တရွာလုံးနီးပါးကုန်သွားတာပါ။ မရှိတဲ့သူတွေကတော့ ဒီနေ့ထိ တော်တော်အခြေ အနေဆိုးပါတယ်။ တာလပတ်လေးမိုးပြီး နေကြရတယ်။ အစားအသောက်တွေကတော့ ဘေးရွာတွေနဲ့ လာကူညီသူတွေက ထမင်းထုတ်တွေ ဝေပေးနေပါတယ်” ဟု ရင်းတိုက်ကွင်းရွာသို့ သွားရောက်ကူညီပေး နေသူ လက်ပံတန်းမြို့ခံကပြောသည်။

ယနေ့ ဩဂုတ်လ ၉ ရက်နေ့တွင်လည်း လက်ပံတန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းနေပြီး လေပြင်းကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများလည်း ပြတ်တောက်သွားကြောင်း ဒေသခံများကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ၀န်ကြီးဌာန(MOHADM)၏ သြဂုတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ မိုးလေ၀သခန့်မှန်းချက်အရ ပဲခူး တိုင်းတွင် ဆက်လက်မိုးရွာသွန်းနိုင်ခြေရှိကြောင်း သိရသည်။

ပုံအညွှန်း - ရင်းတိုက်ကွင်းကျေးရွာမှ ပျက်စီးသွားသည့်နေအိမ်များ
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူတိုင်း
#လက်ပံတန်းမြို့နယ်
#ရင်းတိုက်ကွင်းကျေးရွာ
#လေပြင်းတိုက်ခတ်
#လေဆင်နှာမောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😢9👎1🔥1😁1
​​OUT NOW! This week's issue of #MizzimaWeekly. Grab your copy of this downloadable PDF here - https://bit.ly/3s4sDTv

#Mizzima #Weekly #PDF #MAGAZINE
👍1🔥1
​​Cryano Agency
============

တစ်ဖက်သတ်ချစ်ရတဲ့သူရှိပေမယ့် ချစ်သူဆီက အဖက်လုပ်မခံရလို့ ရည်းစားမရတဲ့သူတွေကို အတွဲ ဖြစ်အောင်လုပ်ပေးတဲ့ ခရိုင်ယန်နို အေဂျင်စီက သူတို့ရဲ့နည်းလမ်းပေါင်းစုံသုံးပြီး ခရက်ရှ်နဲ့ဇာတ်လမ်းပေါင်းစည်းနိုင်အောင်ကြိုးစားပေးသူပါ တစ်နေ့ အီဆန်းယုံတစ်ယောက် သူ့တို့​အေဂျင်စီ ဆီကို ရောက်လာတဲ့ခါ ကိုယ်စားလှယ်ဗြောင်ဟွန်းတစ်ယောက် ခါးခါးသီးသီးငြင်းဆန်ပါတော့တယ် တကယ်တန်း သူ ငြင်းဆန်ရတာ ဘာကြောင့်လဲ အီဆန်းယုံရော သူချစ်ရသူနဲ့ပေါင်းစည်းနိုင်ပါ့မလားဆိုတာ ကြည့်ရှုပေးပါဦး...
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် -
http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၁၀.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍12🔥1
ဩဂုတ်လ (၁၀) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

မြဝတီ-ရန်ကုန်ကားခ ကျပ် ၁၇၀,၀၀၀ အထိရှိနေပြီး အာရှလမ်းမကြီး အသုံးပြုမရသေးဘဲ ယခင်လမ်းဟောင်းကနေသာသွားလာနိုင်တဲ့သတင်းနဲ့အတူ

စစ်တွေအနီးပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တဲ့စက်လှေမှ ရိုဟင်ဂျာရုပ်အလောင်း ၁၅ လောင်း ပြန်လည် တွေ့ရှိခဲ့တဲ့ သတင်းလွှာအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ "နွေဦးခေါ်သံ" အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။

https://youtu.be/0lfV5M7WORM

#Mizzimaradio
#Morningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥4😱2