Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လက်ပံတန်းမြို့နယ် ရင်းတိုက်ကွင်းကျေးရွာတွင် လေပြင်တိုက်ခတ်မှုကြောင့် နေအိမ် ၅၀ ခန့် ပျက်စီး
😢10👍5🔥1
လက်ပံတန်းမြို့နယ် ရင်းတိုက်ကွင်းကျေးရွာတွင် လေပြင်တိုက်ခတ်မှုကြောင့် နေအိမ် ၅၀ ခန့် ပျက်စီး
==================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ နဘဲကွင်းကျေးရွာအုပ်စု ရင်းတိုက်ကွင်းကျေးရွာတွင် ဩဂုတ်လ ၇ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က လေဆင်နှာမောင်းဟုယူဆရသည့် ငါးမိနစ်ခန့် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အိမ်ခြေ ၅၀ ခန့် ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

“ညဘက်ဆိုတော့ မြင်ရတာမျိုးတော့ မရှိဘူး။ လေတိုက်ချိန်က ငါးမိနစ်နဲ့ ၁၀ မိနစ်ကြားပဲရှိတယ်ပြော တယ်။ လေယာဉ်မောင်းသံတွေလို ကြားရပြီးတဲ့နောက်မှာ အိမ်အလုံးလိုက်ကျွတ်သူလည်းကျွတ်၊ ပြိုသူ လည်းပြို ဖြစ်သွားတာ။ အိမ်အုတ်ဖိနပ်ကအစ ကျွတ်ထွက်တဲ့အိမ်တောင်ရှိတယ်။ သစ်ပင်တွေဆိုလည်း အရင်းက ကျွတ်တယ်” ဟု ရင်းတိုက်ကွင်းရွာသို့ သွားရောက်ကူညီပေးနေသူ လက်ပံတန်းမြို့ခံကပြော သည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ရင်းတိုက်ကွင်းကျေးရွာတွင် အိမ်ခြေ ၄၈ အိမ်ထက်မနည်း ပျက်စီးခဲ့ ပြီး လေလမ်းကြောင်းသင့်ရာ ကျေးရွာများဖြစ်သည့် ကိုင်းတောစုကျေးရွာတွင် နေအိမ်ကိုးလုံး၊ အလယ်စု ကျေးရွာတွင် နေအိမ်ခြောက်လုံးနှင့် မီးလောင်ကုန်း(ခေါ်)နီလာကုန်းကျေးရွာတွင် ဘုန်းကြီးကျောင်းတ ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် ယခုသတင်းပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် နေအိမ် ပျက်စီးထားသူများအနေဖြင့် လက်ရှိတွင် မိုးထဲလေထဲ၌ နေထိုင်ရေးအခက်အခဲကြုံတွေ့နေကြရကြောင်း သိရသည်။

“ရွာက ရွာလေးဆိုတော့ တရွာလုံးနီးပါးကုန်သွားတာပါ။ မရှိတဲ့သူတွေကတော့ ဒီနေ့ထိ တော်တော်အခြေ အနေဆိုးပါတယ်။ တာလပတ်လေးမိုးပြီး နေကြရတယ်။ အစားအသောက်တွေကတော့ ဘေးရွာတွေနဲ့ လာကူညီသူတွေက ထမင်းထုတ်တွေ ဝေပေးနေပါတယ်” ဟု ရင်းတိုက်ကွင်းရွာသို့ သွားရောက်ကူညီပေး နေသူ လက်ပံတန်းမြို့ခံကပြောသည်။

ယနေ့ ဩဂုတ်လ ၉ ရက်နေ့တွင်လည်း လက်ပံတန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းနေပြီး လေပြင်းကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများလည်း ပြတ်တောက်သွားကြောင်း ဒေသခံများကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ၀န်ကြီးဌာန(MOHADM)၏ သြဂုတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ မိုးလေ၀သခန့်မှန်းချက်အရ ပဲခူး တိုင်းတွင် ဆက်လက်မိုးရွာသွန်းနိုင်ခြေရှိကြောင်း သိရသည်။

ပုံအညွှန်း - ရင်းတိုက်ကွင်းကျေးရွာမှ ပျက်စီးသွားသည့်နေအိမ်များ
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူတိုင်း
#လက်ပံတန်းမြို့နယ်
#ရင်းတိုက်ကွင်းကျေးရွာ
#လေပြင်းတိုက်ခတ်
#လေဆင်နှာမောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😢9👎1🔥1😁1
​​OUT NOW! This week's issue of #MizzimaWeekly. Grab your copy of this downloadable PDF here - https://bit.ly/3s4sDTv

#Mizzima #Weekly #PDF #MAGAZINE
👍1🔥1
​​Cryano Agency
============

တစ်ဖက်သတ်ချစ်ရတဲ့သူရှိပေမယ့် ချစ်သူဆီက အဖက်လုပ်မခံရလို့ ရည်းစားမရတဲ့သူတွေကို အတွဲ ဖြစ်အောင်လုပ်ပေးတဲ့ ခရိုင်ယန်နို အေဂျင်စီက သူတို့ရဲ့နည်းလမ်းပေါင်းစုံသုံးပြီး ခရက်ရှ်နဲ့ဇာတ်လမ်းပေါင်းစည်းနိုင်အောင်ကြိုးစားပေးသူပါ တစ်နေ့ အီဆန်းယုံတစ်ယောက် သူ့တို့​အေဂျင်စီ ဆီကို ရောက်လာတဲ့ခါ ကိုယ်စားလှယ်ဗြောင်ဟွန်းတစ်ယောက် ခါးခါးသီးသီးငြင်းဆန်ပါတော့တယ် တကယ်တန်း သူ ငြင်းဆန်ရတာ ဘာကြောင့်လဲ အီဆန်းယုံရော သူချစ်ရသူနဲ့ပေါင်းစည်းနိုင်ပါ့မလားဆိုတာ ကြည့်ရှုပေးပါဦး...
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် -
http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၁၀.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍12🔥1
ဩဂုတ်လ (၁၀) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

မြဝတီ-ရန်ကုန်ကားခ ကျပ် ၁၇၀,၀၀၀ အထိရှိနေပြီး အာရှလမ်းမကြီး အသုံးပြုမရသေးဘဲ ယခင်လမ်းဟောင်းကနေသာသွားလာနိုင်တဲ့သတင်းနဲ့အတူ

စစ်တွေအနီးပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တဲ့စက်လှေမှ ရိုဟင်ဂျာရုပ်အလောင်း ၁၅ လောင်း ပြန်လည် တွေ့ရှိခဲ့တဲ့ သတင်းလွှာအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ "နွေဦးခေါ်သံ" အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။

https://youtu.be/0lfV5M7WORM

#Mizzimaradio
#Morningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥4😱2
​​ဘာစီလိုနာနဲ့ စပိန်ကွင်းလယ်ကစားသမားဟောင်း အန်ဒရက်စ် အင်နီယေစတာ ယူအေအီးရှိ အမ်းမရိတ်စ်ကလပ်နဲ့ စာချုပ်
====================

ဘာစီလိုနာ ကွင်းလယ်ကစားသမားဟောင်း အန်ဒရက်စ် အင်နီယေစတာဟာ UAE ပရိုလိဂ်ကလပ် အမ်းမရိတ်စ်ကလပ်နဲ့ စာချုပ်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

စပိန်ကစားသမားကြီးဟာ ဂျေလိဂ်ရာသီဝက် ဇူလိုင် ၁ ရက်နေ့က ဂျပန်ကလပ် ဗစ်ဆယ်ကိုဘေးကနေ ထွက်ခွာခဲ့တာပါ။
အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ ဂျပန်ကလပ်အတွက် ၁၃၄ ပွဲကစားကာ ၂၀၁၉ မှာ ပြည်တွင်း အင်ပါယာဖလားနဲ့ နောက်နှစ်မှာ ဂျပန်စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက UAE ထိပ်တန်းအဆင့်ကို တန်းတက်ခွင့်ရခဲ့တဲ့ အမ်းမရိတ်စ်ကလပ်က "ကြိုဆိုပါတယ် အင်နီယေစတာ"လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးတင်ခဲ့ပါတယ်။

အင်နီယေစတာဟာ ၂၂ နှစ်ကြာ ကစားခဲ့တဲ့ ဘာစီလိုနာအသင်းမှာ ဆုဖလား ၃၂ လုံး ဆွတ်ခူးပြီး စီနီယာပွဲပေါင်း ၆၇၄ ပွဲ ပါဝင်ခဲ့ပြီးနောက် ဂျပန်ကို ပြောင်းရွှေ့ခဲ့တာပါ။

ဂျပန်ကလပ် ဗစ်ဆယ်ကိုဘေးကနေ အင်နီယေစတာ ထွက်ခွာမှာဖြစ်ပေမယ့် ဆက်လက်ကစားဖို့ ဆုံးဖြတ်ခဲ့
သူဟာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ၁၃၃ ပွဲကစားကာ နိုင်ငံအသင်းကို ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၀၈ နဲ့ ၂၀၁၂ တို့မှာ ဥရောပချန်ပီယံရှစ်ကို ဆွတ်ခူးနိုင်စေဖို့ ကူညီပေးခဲ့ပါတယ်။
သူ့ရဲ့အသင်းသစ်ဟာ သြဂုတ်လ ၁၉ ရက်နေ့မှာ Al-Wasl နဲ့ သူတို့ရဲ့ရာသီသစ်ကို စတင်မှာဖြစ်ပါတယ်။
👍9😁2
ချင်းတွင်းမြစ်ကမ်းဘေးက စစ်ရှောင်တွေရဲ့ အခက်အခဲ (ရုပ်သံ)
===================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းကနေ စစ်ကောင်စီစစ်သင်္ဘောတွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၆,၀၀၀ ကျော်ဟာ ဇူလိုင်လ ၈ ရက်နေ့ကစပြီး နေရပ်စွန့်ခွာထွက်‌ပြေးနေရပါတယ်။

လက်ရှိမှာ ဒေသခံပြည်သူတွေဟာ နီးစပ်ရာတောတောင်တွေထဲမှာ စစ်ရှောင်နေရပြီး ဖြစ်သလိုနေထိုင်စားသောက်နေရတာကြောင့် စားဝတ်နေရေး အခက်အခဲများစွာရှိနေပါတယ်။ဒါ့အပြင် စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးရန်ကိုလည်း ကြောက်လန့်နေရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်းအနောက်ဘက်လွင်ပြင်ဒေသဖြစ်တဲ့ ကနီ၊ ပုလဲ၊ ယင်းမာပင်စတဲ့ မြို့နယ်တွေကို စစ်ကောင်စီတပ်က ဆက်တိုက်စစ်ကြောင်းထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ လက်ရှိအချိန်အထိ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရပါတယ်။

တင်ဆက်၊ ရုပ်သံတည်းဖြတ်-ဂျူချန်း

https://youtu.be/Baa8a2iIO_U

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8🙏3😁2👍1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (သြဂုတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်) | VOA On Mizzima)
=====================

အကြွေးတိုးတဲ့ ပါကစ္စတန်နဲ့ တရုတ် စီးပွားရေး စင်္ကြန်အကြောင်းနဲ့ ဦးနှောက်ထိခိုက်သူတွေဆွဲတဲ့ ပန်းချီပြပွဲအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/ou51f1-48ek

#VOA
#MizzimaTv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🔥2
This media is not supported in your browser
VIEW IN TELEGRAM
အကြွေးတိုးတဲ့ ပါကစ္စတန်နဲ့ တရုတ် စီးပွားရေး စင်္ကြန် _ VOA on Mizzima

Watch more detail - https://youtu.be/PscZvlk12_U

#voa # ပါကစ္စတန်#တရုတ် #Mizzima #shorts #reels
😁5🔥1
အမေရိကန် လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဖြစ်လာချိန် စစ်ကောင်စီကို ဖိအားပိုပေးနိုင်မလား(ဆောင်းပါး)
======================

လာမယ့် ဩဂုတ် ၂၁ ရက်မှာ ကုလလုံခြုံရေးကောင်စီအစည်းအဝေးကို ကျင်းပသွားဖို့ရှိနေပါတယ်။

ဒီတစ်ကြိမ် ဩဂုတ်လအတွက် ကုလလုံခြုံရေးကောင်စီဥက္ကဋ္ဌတာဝန်ကို အမေရိကန်က တာဝန်ယူသွားရမှာဖြစ်ပါတယ်။ မြန်မာ့အရေးမှာ အာဏာသိမ်း စစ်ကောင်စီကိုရှုတ်ချပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်ခဲ့တဲ့အမေရိကန် အနေနဲ့ အခုလိုကာလမျိုးမှာ
လုံခြုံရေးကောင်စီဥက္ကဋ္ဌတာဝန်ယူဖို့ အချိန်ကျလာတာဟာ စိတ်ဝင်စားဖို့ကောင်း နေပါတယ်။

အမေရိကန်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပါအဝင် စစ်ဗိုလ်ချုပ်တွေနဲ့ စီးပွားရေးအရ ဆက်နွယ်သူတွေကိုပါ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ထားခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။

https://youtu.be/80ZnOMJcH8A

#politics
#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤2😁2👏1
Media is too big
VIEW IN TELEGRAM
ဦးနှောက်ထိခိုက်သူတွေဆွဲတဲ့ ပန်းချီ | VOA on Mizzima

Watch more detail - https://youtu.be/_2AIyBVQFQQ

#VOA #ဦးနှောက်ထိခိုက်သူ #ပန်းချီ #Mizzima #shorts #reels
🔥4❤1👍1
ဆွစ်ဇာလန် နပန်းပွဲများ၌ သာတူညီမျှရှိရေး အမျိုးသမီး နပန်းသမားများ တိုက်ပွဲဝင်
👍2🔥2😁1
ဆွစ်ဇာလန် နပန်းပွဲများ၌ သာတူညီမျှရှိရေး အမျိုးသမီး နပန်းသမားများ တိုက်ပွဲဝင်
========================

ဂျာမနီတွင် ရှာဝင်ဂန်ဟု သိထားကြသော ဆွစ်ဇာလန်ရိုးရာ နပန်းပွဲများသည် ရာစုနှစ်များစွာတိုင်အောင် အမျိုးသားများအတွက်သာ ဖြစ်နေခဲ့ပြီး အယ်လ်ပိုင်းဒေသက အမျိုးသားထုအတွက် ယောက်ကျားသားစွမ်းရည်ကို အဆုံးစွန်သော စမ်းသပ်ရာ ဖြစ်ခဲ့သည်။

သို့ရာတွင် အချို့သော အမျိုးသားများ ကန့်ကွက်သည့်ကြားမှပင် ဆွစ်ဇာလန်၏ ထိပ်တန်း ကိုယ်ပိုင်အားကစားဖြစ်သော ယင်း နပန်းပွဲများ၌ ကိုယ်ပိုင်လမ်းကြောင်းဖောက်ကာ ယှဉ်ပြိုင်ကစားကြသည့် အမျိုးသမီးဦးရေက တိုးများလာခဲ့သည်။

ရှာဝင်ဂန်နပန်းပွဲသည် တုတ်ခိုင်သော နပန်းသမားနှစ်ဦးက ပွယောင်းသော ဘောင်းဘီတိုတို့ကို ဝတ်ဆင်ကာ အချင်းချင်း တစ်ဦးနှင့် တစ်ဦး ဘောင်းဘီခါးနေရာမှ ဆုပ်ကိုင်ကာ တွန်းလှဲကြရခြင်း ဖြစ်သည်။

လွှစာမှုန်များ ဖုံးလွှမ်းထားသော ကွင်းအတွင်း ယှဉ်ပြိုင်ကာ ပြိုင်ဘက်၏ ပုခုံးများ မြေနှင့် ထိကပ်မိအောင် ဖိချုပ်တွန်းလှဲပြီး အနိုင်ယူရခြင်း ဖြစ်သည်။

ရှာဝင်ဂန်ကလပ်များတွင် အမျိုးသားပေါင်း ၆,၀၀၀ နီးပါး မှတ်ပုံတင်ထားသော်လည်း “ဘောင်းဘီမှ ပင့်မလှဲချခြင်း” ဟုလည်း သိထားကြသော ယင်း အားကစား၌ ပါဝင်ထားသည့် အမျိုးသမီးနှင့် မိန်းကလေးဦးရေမှာ ၂၀၀ ခန့်သာ ရှိသည်။

အမြစ်တွယ်နေသည့် အမျိုးသားများ၏ အတိုက်အခံပြုမှုကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ရင်း အမျိုးသမီးများသည် ၁၉၉၂ ခုနှစ်၌ ၎င်းတို့ကိုယ်ပိုင် အားကစားအဖွဲ့ချုပ်ကို ထူထောင်ကာ ကိုယ်ပိုင်လမ်းကြောင်းဖြင့် ယင်း အားကစားအား ယှဉ်ပြိုင်ကစားလာခဲ့ကြခြင်း ဖြစ်သည်။

သို့ရာတွင် ထိုသို့ သီးသန့်လမ်းကြောင်းဖောက်ကာ ယှဉ်ပြိုင်ကစားကြခြင်း ဖြစ်သော်လည်း အမျိုးသားရော အမျိုးသမီးပါ ရှာဝင်ဂန် နပန်းပွဲများ၌ ဒိုင်လူကြီးများနှင့် ကျင်းပသည့် နေရာများကို အတူတူပင် အသုံးပြုနေရခြင်း ဖြစ်ပြီး အချို့ကတော့ အချိန်ကြာလာလျှင် ယခုကဲ့သို့ သီးသန့်ဖြစ်နေခြင်း မရှိတော့ဘဲ ပေါင်းစည်းကျင်းပဖြစ်မည်ဟု မျှော်လင့်ကြသည်။

အမျိုးသမီးနပန်းသမားများကို အမျိုးသားများကြား လက်မခံသေးဘဲ တစ်ခုတည်းသော အဖွဲ့ချုပ်မှာလည်း လက်မခံသေးကြောင်း ရိုမန်ဒီနပန်းပွဲတော် ကျင်းပရေး ကော်မတီ အကြီးအကဲ အန်နီ ကာဒီနက်စ်က အေအက်ဖ်ပီသို့ ပြောသည်။

“ဒါပေမဲ့ တစ်နေ့နေ့မှာ အတူတူ ဖြစ်လာဖို့ သူတို့ ကြိုးပမ်းသွားရလိမ့်မှာ ဖြစ်တယ်”ဟု ၎င်းက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)
👍7🔥1😁1
"ချစ်သော ရိုစီ" (Trailer)
=========

တစ်သက်လုံး မခွဲဘဲ လက်တွဲခဲ့ကြတဲ့အမျိုးသမီးချင်း လက်တွဲဖော် နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း တစ်သက်လုံး အတူ ရုန်းကန် ကျော်ဖြတ်လာခဲ့ရာက တစ်ယောက် ကွယ်လွန်သွားချိန်မှာ ကျန်ခဲ့တဲ့ တစ်ယောက်အတွက် တစ်သက်လုံးရှာဖွေခဲ့တဲ့ ပိုင်ဆိုင်မှုတွေ ဘာဖြစ်သွားခဲ့ပါသလဲ။ လိင်တူချင်း လက်ထပ်ခွင့် လိုအပ်ပါသလား။

ဘာလိုလို့လဲ ဇာတ်လမ်းတွဲက နောက်ထပ် ဇာတ်လမ်းတိုတပုဒ်ပါ။
သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ် အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima ရဲ့ ရုပ်သံတီဗွီမှာကြည့်ရှုနိုင်ပါတယ်။

အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၁း၃၀ နာရီ နဲ့ ည ၉း၄၅ နာရီ အပြင် ဗုဒ္ဓဟူးနေ့ မွန်းလွှဲ ၁း၁၅ နာရီ အချိန်တို့တွင်လည်း ပြန်လည်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။


https://www.youtube.com/watch?v=I_10w49mpJI
❤4👍1😁1