Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကျောက်တံခါးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံး လက်နက်ခဲယမ်းများရရှိ
=======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာတွင် ဩဂုတ်လ ၉ ရက်နေ့က ဖြစ်ပွားသောတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးကာ ယနေ့နံနက်အထိ အလောင်းများလာရောက်ကောက်ယူခြင်းမရှိသေးကြောင်း ကျောက်တံခါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်သည်။

တိုက်ပွဲသည် နံနက် ၄ နာရီမှ စတင်ကာ နေ့လယ်ပိုင်းအထိ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ အထိနာကာ လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

"မနေ့ညဘက်ကတော့ ကျောက်တံခါး သူဌေးကုန်းဘက်နဲ့ ပိန်းဇလုပ်ဘက်က စစ်ကောင်စီတပ်တွေက သမင်အင်းကုန်းဘက်ကို လက်နက်ကြီးတွေနဲ့ ဝိုင်းပစ်နေကြတယ်။ အလောင်းတွေ လာမကောက်သေးကြောင်း ဒေသခံတွေလည်းပြောပါတယ်” ဟု ကျောက်တံခါးမြို့နယ်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ရေးတင်းမာနေရာ သမင်အင်းကုန်းကျေးရွာတွင် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ပြည်သူများသွားလာခြင်းမပြုရန်၊ သမင်အင်းကုန်းမှ ကျောက်တံခါးကားလမ်းမများပေါ်သို့ သွားလာခြင်းမပြုရန်၊ သမင်အင်းကုန်းမှ သူဌေးကုန်းကားလမ်းမပေါ်သို့သွားလာခြင်းမပြုရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် မှ ယမန်နေ့ ဩဂုတ်လ ၉ ရက်နေ့နံနက်ပိုင်းက အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားသည်။

ကျောက်တံခါးမြို့နယ်အတွင်း စစ်ကောင်စီမှ မိုဘိုင်းအင်တာနက်လိုင်းများကိုလည်းဖြတ်တောက်ထားကြောင်းသိရပြီး နောက်ဆက်တွဲစစ်ရေးအခြေအနေများကို မဇ္ဈိမမှ ဆက်လက်စုံစမ်းနေသည်။

စာတည်း - သန့်ဇော်(သန်လျင်)
ပုံအညွှန်း - သမင်အင်းကုန်းရွာတိုက်ပွဲတွင်စစ်ကောင်စီဘက်မှသိမ်းဆည်းရရှိသည့်လက်နက်ခဲယမ်းများ

#mizzima
#ကျောက်တံခါးမြို့နယ်
#စစ်ကောင်စီ
#လက်နက်ခဲယမ်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤15👍6🥰1🥱1
အကြွေးတိုးတဲ့ ပါကစ္စတန်နဲ့ တရုတ် စီးပွားရေး စင်္ကြန် | VOA on Mizzima
=====================

တရုတ် အစိုးရရဲ့ ခါးပတ်လမ်း စီမံကိန်းရဲ့ အချက်အချာတခု ဖြစ်တဲ့ တရုတ်- ပါကစ္စတန် စီးပွါးရေး စင်္ကြန် တည်ဆောက်မှု ၁၀ နှစ်တာ ပြည့်မြောက်မှုအတွက် ပါကစ္စတန်နဲ့ တရုတ်တို့ အောင်ပွဲခံနေကြပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှု စီမံကိန်းက ဒေါ်လာ ၆၀ ဘီလျံကျော် ရှိပြီး ပါကစ္စတန်အတွက် အရေးပါတဲ့ အခြေခံ ဖြစ်ပေမယ့် နိုင်ငံရဲ့ အကြွေးပိုပြီး တိုးသွားစေပါတယ်။ ဗွီအိုအေ ရဲ့ ပါကစ္စတန် ဗျူရို အကြီးအကဲ Sarah Zaman ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် တင်ဆက်ထားပါတယ်။

https://www.youtube.com/watch?v=PscZvlk12_U


#VOA
#MizzimaTv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2🔥2😁1
သြဂုတ်လ ၁၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===================

https://youtu.be/-rfcQIkXLRg

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥3
​​10.8.2023 (Thursday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
====================

Highlight

နှောင်ကြိုးဖွဲ့ ကလဲ့စား (ညနေ - ၇ နာရီ)
India Movie - Super 30 (ည- ၈ နာရီ)
Korea Movie - Cyrano Agency (ည- ၁၀ နာရီခွဲ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍4🔥1
ဗြိတိန် ဝန်ကြီးချုပ်ထံ စုပေါင်းလက်မှတ်ထိုးထားသည့် ပန်ကြားလွှာ ပေးအပ်
👍10😁2
ဗြိတိန် ဝန်ကြီးချုပ်ထံ စုပေါင်းလက်မှတ်ထိုးထားသည့် ပန်ကြားလွှာ ပေးအပ်
===============

(မဇ္ဈိမ)။ ။ ဗြိတိန်ဝန်ကြီးချုပ် Mr.Rishi Sunak ထံ စုပေါင်းလက်မှတ်ထိုးထားသည့် ပန်ကြားလွှာ တစ်စောင်ကို မြန်မာအရေး လှုပ်ရှားသူများက သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 ပြီးခဲ့သည့် သြဂုတ်လ ၈ ရက် (၃၅ ) နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည်နေ့တွင်  ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နှင့်အတူ မတရား ဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေး တောင်းဆိုထားသည့် ပန်ကြားလွှာ သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ပန်ကြားလွှာတွင် လက်မှတ်ပေါင်း ၇,၄၉၈ ခု ရေးထိုးထားသည်။ ဗြိတိန်ဝန်ကြီးချုပ်နေထိုင်ရာ North Yorkshire ပြည်နယ်ရှိ အမှတ် ၁၀ ဒေါင်းနင်းလမ်းသည် ကမ္ဘာကျော် နေရာတစ်ခုဖြစ်သည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး
ဓာတ်ပုံ-Vote NLD

#Mizzima
#၈၈၈၈
#Mr.Rishi Sunak
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁2
အိန္ဒိယနိုင်ငံမဏိပူရအကြမ်းဖက်မှုတွေအတွက် အစိုးရရဲ့ပျက်ကွက်မှုကို အတိုက်အခံခေါင်းဆောင် ဂန္ဒီရှုတ်ချ
===============

https://youtu.be/JveDPIY-mzA

#International
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2
This media is not supported in your browser
VIEW IN TELEGRAM
August - 10 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews
#mizzimanewshour
#reels
#shorts
👍2😁2
သြဂုတ်လ ၁၀ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
==========================

- မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ထားဆဲဖြစ်ကြောင်း တောင်ကိုရီးယားပြောတဲ့သတင်း 

-လက်ပံတန်းမြို့နယ် ရင်းတိုက်ကွင်းကျေးရွာမှာ လေပြင်တိုက်ခတ်မှုကြောင့် နေအိမ် ၅၀ ခန့် ပျက်စီးတဲ့သတင်း 

-အမှတ်(၈) လမ်းမကြီးပေါ် မှာ ပြည်သူ့ကာကွယ်ရေးအမျိုးသမီးစစ်သည်တွေ လုံခြုံရေးစစ်ဆေးတဲ့သတင်း 

-စစ်တွေအနီးပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တဲ့ စက်လှေမှ ရိုဟင်ဂျာရုပ်အလောင်း ၁၅ လောင်း ပြန်လည် တွေ့ရှိတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/5syV2BLDVSA

#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
မြောက်ကိုရီးယားက ပြုံယမ်းဂေါက်ရိုက်ပြိုင်ပွဲသို့ နိုင်ငံခြားသားတွေကို ဖိတ်ကြား
================

https://youtu.be/yPUIMwZZgB4

#International
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤3👏1
ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီတပ် ရေယာဉ်များ တိုက်ခိုက်ခံရပြီး ၁ စီး ပျက်စီး
==================

လွှမ်းမိုး

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်း တစ်နေရာတွင် အလုံမင်းဒေါင့် ဆိပ်ကမ်းမှ အထက်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ် ထောက်ပို့ ဖလပ်ရေယာဉ်များကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်စီး စက်ခန်း ထိမှန်ပျက်စီးခဲ့ကြောင်း ၅/99 PDF တပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။

 ဩဂုတ်လ ၈ ရက် နံနက် ၁၀ နာရီ အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအရေအတွက်ကို မသိရသေးကြောင်း ၅/99 PDF တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“ စစ်သင်္ဘာအပါအဝင် ဖလပ်ရေယာဉ် ၁၃ စီးကို ရှေ့ထွက်ပြောင်းတိုက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူ့ ဖလပ်ရေယာဉ် တစ်စီးစက်ခန်းကို ထိမှန်ပြီး ရပ်တန့်သွားချိန်မှာ အခြား စစ်သင်္ဘော တစ်စီးက မိနစ် ၃၀ ခန့်အကြာ ပစ်ကူပေးပြီး အလုံမင်းဒေါင့် ဆိပ်ကမ်းကို ပြန်ဆွဲသွားတာ ဖြစ်တယ်” ဟု ၎င်း ကဆိုသည်။

 ၅/99 PDF တပ်ဖွဲ့ နှင့် ဒေါင်းညီနောင် တပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ စစ်ကောင်စီတပ်ရေယာဉ် များကြောင့် ကနီမြို့နယ် မြစ်ကြောင်းတစ်လျှောက် ရှိ ကျေးရွာများ စစ်ရှောင်နေရပြီး ယခု အချိန်တွင် ၎င်း ထောက်ပို့ရေယာဉ်များသည် ကနီမြို့ သို့ စိုက်ကပ် ရောက်ရှိနေကြောင်းသိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

https://youtu.be/k4uRgrEQ_T4

#Mizzima
#၅/99 PDF 
# စစ်ကောင်စီတပ် ရေယာဉ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁2👏1
ပဲခူးတိုင်းရဲ့ စစ်ရေးအရှိန် နေပြည်တော်ကို ခြိမ်းခြောက်နိုင်မှာလား (ဆောင်းပါး)
==================

အာဏာရှင်တော်လှန်ရေး အားကောင်းရာ ပဲခူးတိုင်းအတွင်း တဖြည်းဖြည်း မြင့်တက်လာနေသော စစ်ရေးအရှိန်သည် အာဏာရှင် စစ်ဗိုလ်ချုပ်များ ခြေကုတ်ယူထားရာ နေပြည်တော်ကို ခြိမ်းခြောက်နိုင်မှာလားဆိုသည့် မေးခွန်းက စစ်ရေးအကဲခတ်များအကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်နေသည်။

NUG ကာကွယ်ရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က တစ်နိုင်လုံးအတိုင်း အတာဖြင့် စစ်ဗျူဟာများ ဖွင့်နိုင်ပြီဖြစ်ကြောင်းနှင့် စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်သို့ ဦးတည်တိုက်ခိုက်မည့် “လမ်းအားလုံးနေပြည်တော်သို့” စစ်ဆင်ရေးကိုလည်း စတင်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လအတွင်းက ကြေညာပြီးနောက် စစ်ရေးအကဲခတ်များအကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်လာခြင်း ဖြစ်သည်။

စစ်ကောင်စီသည် နေပြည်တော် ဝင်ပေါက်လမ်းများ၌ လက်နက်ကိုင် အစောင့်စစ်သားများ တိုးမြှင့်ထားပြီး ခံစစ်ကို တင်းတင်းကျပ်ကျပ် ချထားသည်ဟု မြေပြင်တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးလေ့လာသူများက ပြောသည်။

အပြည့်အစုံဖတ်ရန်။ >>>>. http://www.mizzimaburmese.com/article/131892
👍11❤3😁2
This media is not supported in your browser
VIEW IN TELEGRAM
မြောက်ကိုရီးယားက ပြုံယမ်းဂေါက်ရိုက်ပြိုင်ပွဲသို့ နိုင်ငံခြားသားတွေကို ဖိတ်ကြား

#internationalnews #reels #shorts
❤3
ဦးနှောက်ထိခိုက်သူတွေဆွဲတဲ့ ပန်းချီ | VOA on Mizzima
===================

ရောဂါကြောင့် ဖြစ်စေ၊ ထိခိုက်မိလို့ဖြစ်စေ၊ ဦးနှောက် ထိခိုက် ဒဏ်သင့်မိသူတွေ ရဲ့ ပန်းချီပြပွဲတစ်ရပ် ကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်မှာ ဩဂုတ်လ ၆ ရက်နေ့အထိ ပြသခဲ့ပါတယ်။ အေပီ သတင်းဆောင်းပါး ကို ဦးတင်မောင်သန်း က တင်ဆက်ထားပါတယ်။

https://www.youtube.com/watch?v=_2AIyBVQFQQ

#VOA
#MizzimaTv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁2👍1