မြောက်ကိုရီးယားက ပြုံယမ်းဂေါက်ရိုက်ပြိုင်ပွဲသို့ နိုင်ငံခြားသားတွေကို ဖိတ်ကြား
================
https://youtu.be/yPUIMwZZgB4
#International
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
မြောက်ကိုရီးယားက ပြုံယမ်းဂေါက်ရိုက်ပြိုင်ပွဲသို့ နိုင်ငံခြားသားတွေကို ဖိတ်ကြား
မြောက်ကိုရီးယားက ပြုံယမ်းဂေါက်ရိုက်ပြိုင်ပွဲသို့ နိုင်ငံခြားသားတွေကို ဖိတ်ကြား
#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

❤3👏1
ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီတပ် ရေယာဉ်များ တိုက်ခိုက်ခံရပြီး ၁ စီး ပျက်စီး
==================
လွှမ်းမိုး
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်း တစ်နေရာတွင် အလုံမင်းဒေါင့် ဆိပ်ကမ်းမှ အထက်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ် ထောက်ပို့ ဖလပ်ရေယာဉ်များကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်စီး စက်ခန်း ထိမှန်ပျက်စီးခဲ့ကြောင်း ၅/99 PDF တပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။
ဩဂုတ်လ ၈ ရက် နံနက် ၁၀ နာရီ အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအရေအတွက်ကို မသိရသေးကြောင်း ၅/99 PDF တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
“ စစ်သင်္ဘာအပါအဝင် ဖလပ်ရေယာဉ် ၁၃ စီးကို ရှေ့ထွက်ပြောင်းတိုက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူ့ ဖလပ်ရေယာဉ် တစ်စီးစက်ခန်းကို ထိမှန်ပြီး ရပ်တန့်သွားချိန်မှာ အခြား စစ်သင်္ဘော တစ်စီးက မိနစ် ၃၀ ခန့်အကြာ ပစ်ကူပေးပြီး အလုံမင်းဒေါင့် ဆိပ်ကမ်းကို ပြန်ဆွဲသွားတာ ဖြစ်တယ်” ဟု ၎င်း ကဆိုသည်။
၅/99 PDF တပ်ဖွဲ့ နှင့် ဒေါင်းညီနောင် တပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ စစ်ကောင်စီတပ်ရေယာဉ် များကြောင့် ကနီမြို့နယ် မြစ်ကြောင်းတစ်လျှောက် ရှိ ကျေးရွာများ စစ်ရှောင်နေရပြီး ယခု အချိန်တွင် ၎င်း ထောက်ပို့ရေယာဉ်များသည် ကနီမြို့ သို့ စိုက်ကပ် ရောက်ရှိနေကြောင်းသိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
https://youtu.be/k4uRgrEQ_T4
#Mizzima
#၅/99 PDF
# စစ်ကောင်စီတပ် ရေယာဉ်

လွှမ်းမိုး (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်း တစ်နေရာတွင် အလုံမင်းဒေါင့် ဆိပ်ကမ်းမှ အထက်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ် ထောက်ပို့ ဖလပ်ရေယာဉ်များကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်စီး စက်ခန်း ထိမှန်ပျက်စီးခဲ့ကြောင်း…
👍15😁2👏1
ပဲခူးတိုင်းရဲ့ စစ်ရေးအရှိန် နေပြည်တော်ကို ခြိမ်းခြောက်နိုင်မှာလား (ဆောင်းပါး)
==================
အာဏာရှင်တော်လှန်ရေး အားကောင်းရာ ပဲခူးတိုင်းအတွင်း တဖြည်းဖြည်း မြင့်တက်လာနေသော စစ်ရေးအရှိန်သည် အာဏာရှင် စစ်ဗိုလ်ချုပ်များ ခြေကုတ်ယူထားရာ နေပြည်တော်ကို ခြိမ်းခြောက်နိုင်မှာလားဆိုသည့် မေးခွန်းက စစ်ရေးအကဲခတ်များအကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်နေသည်။
NUG ကာကွယ်ရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က တစ်နိုင်လုံးအတိုင်း အတာဖြင့် စစ်ဗျူဟာများ ဖွင့်နိုင်ပြီဖြစ်ကြောင်းနှင့် စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်သို့ ဦးတည်တိုက်ခိုက်မည့် “လမ်းအားလုံးနေပြည်တော်သို့” စစ်ဆင်ရေးကိုလည်း စတင်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လအတွင်းက ကြေညာပြီးနောက် စစ်ရေးအကဲခတ်များအကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်လာခြင်း ဖြစ်သည်။
စစ်ကောင်စီသည် နေပြည်တော် ဝင်ပေါက်လမ်းများ၌ လက်နက်ကိုင် အစောင့်စစ်သားများ တိုးမြှင့်ထားပြီး ခံစစ်ကို တင်းတင်းကျပ်ကျပ် ချထားသည်ဟု မြေပြင်တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးလေ့လာသူများက ပြောသည်။
အပြည့်အစုံဖတ်ရန်။ >>>>. http://www.mizzimaburmese.com/article/131892

👍11❤3😁2
This media is not supported in your browser
VIEW IN TELEGRAM
မြောက်ကိုရီးယားက ပြုံယမ်းဂေါက်ရိုက်ပြိုင်ပွဲသို့ နိုင်ငံခြားသားတွေကို ဖိတ်ကြား
#internationalnews #reels #shorts
#internationalnews #reels #shorts
❤3
ဦးနှောက်ထိခိုက်သူတွေဆွဲတဲ့ ပန်းချီ | VOA on Mizzima
===================
ရောဂါကြောင့် ဖြစ်စေ၊ ထိခိုက်မိလို့ဖြစ်စေ၊ ဦးနှောက် ထိခိုက် ဒဏ်သင့်မိသူတွေ ရဲ့ ပန်းချီပြပွဲတစ်ရပ် ကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်မှာ ဩဂုတ်လ ၆ ရက်နေ့အထိ ပြသခဲ့ပါတယ်။ အေပီ သတင်းဆောင်းပါး ကို ဦးတင်မောင်သန်း က တင်ဆက်ထားပါတယ်။
https://www.youtube.com/watch?v=_2AIyBVQFQQ
#VOA
#MizzimaTv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

------------…
#VOA
#MizzimaTv
------------…
😁2👍1
This media is not supported in your browser
VIEW IN TELEGRAM
ဝန်ကြီးချုပ်ဟောင်းမပါတဲ့ ရွေးကောက်ပွဲအတွက် ပါကစ္စတန်ပါလီမန်ကို ဖျက်သိမ်း
#internationalnews #reels #shorts #Pakistan #Election #Mizzima

😁3🔥1
ရခိုင် စစ်ဘေးရှောင်စခန်းများတွင် ရေအနည်းငယ် ပြန်ကျသော်လည်း ပြန်နေ၍မရသေး
==================
ဂျူချန်း
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တို့တွင်ရှိသည့် စစ်ရှောင်စခန်းများ၌ မိုးသည်းထန်သဖြင့် မြစ်ရေတက်လာသောကြောင့် စခန်းရှိ စစ်ဘေးရှောင်များသည် နီးစပ်ရာရေဘေးလွတ်မည့်နေရာသို့ တိမ်းရှောင်နေကြရပြီး လက်ရှိတွင် ရေအနည်းငယ် ပြန်ကျသွားသော်လည်း စခန်းသို့ ပြန်လည်နေထိုင်နိုင်သည့် အနေအထားမရှိသေးကြောင်း စခန်းတာဝန်ရှိသူများနှင့် ဒေသခံများထံမှ သိရသည်။
“ရေကျသွားတယ်၊ ဒါပေမယ့် အိမ်ခန်းတွေပြန်ပြီးမပေါ်သေးဘူး၊ တချို့တွေကတော့ ပေါ်တာပေါ့။ ဒါပေမယ့် အများစုက မြုပ်နေတုန်းပဲ။ လောလောဆယ်တော့ နေလို့မရသေးဘူး။ ရေပြန်ကျသွားရင်တော့ ကိုယ့်အခန်းကို ပြန်ကြမှာပေါ့။ ဒီမှာက နေရတာက ၂၀၀၂ ဘတ်စ်ကားတိုးစီးရသလို စုပြုံနေရတော့ အဆင်မပြေဘူး။ အဲ့တော့ သူတို့အခန်းပဲ သူတို့ပြန်ချင်ကြတယ်” ဟု မြောက်ဦးမြို့ရှိ မြတန်ဆောင်း စစ်ရှောင်စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က မိန့်သည်။
မြောက်ဦးမြို့ မြတန်ဆောင်းစစ်ရှောင်စခန်းတွင် ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်နေ့ ညမှစတင်ကာ မြစ်ရေတက်လာသဖြင့် စခန်းတွင်းရှိ စစ်ဘေးရှောင် ၁,၁၇၅ ဦးသည် မြတန်ဆောင်းဘုန်းတော်ကြီးကျောင်းရှိ ပညာဒါနစာသင်ဆောင်အတွင်းသို့ ပြောင်းရွှေ့ခဲ့ကြရသည်။ ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့အထိ ရေအနည်းငယ်ပြန်ကျသွားသော်လည်း စခန်းအတွင်းသို့ ပြန်လည်နေထိုင်ကြရန် အဆင်မပြေသေးသဖြင့် ဘုန်းကြီးကျောင်းစာသင်စောင်အတွင်းသာ နေထိုင်နေကြရကြောင်း သိရသည်။
ထို့အပြင် မိုးများပြီး ရာသီဥတု အအေးဒဏ်များကြောင့် စခန်းတွင်း စစ်ရှောင် ၃၇ ဦး ဖျားနာနေပြီး လသားအရွယ် ကလေးငယ်များနှင့် ဆယ်နှစ်အောက်ကလေးငယ် အများစုပါဝင်ကြောင်း သိရသည်။
“ကလေးတွေပါတယ်၊ လသားအရွယ်လေးတွေပါတယ်၊ ခုနစ်လသား၊ ခြောက်လသား၊ ဆယ်လသားပါတယ် ကိုးလသားပါတယ်၊ ဖျားနာတယ်ဆိုတာက ရေတက်တယ်၊ ကလေးတွေဘာတွေ ရေထဲမှာ လျှောက်ပြီးတော့ ဆော့ကြတယ်၊ ဖျားနာတယ်၊ တချို့ကလေးတွေကျတော့ ခန္ဓာကိုယ်မှာ အဖုအပိန့်တွေ ပေါက်တဲ့ကလေးတွေလည်း ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။
အလားတူ ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ရှောင်စခန်းသည်လည်း မိုးကြီးပြီး မြစ်ရေတက်လာသဖြင့် စခန်းတစ်ခုလုံးနစ်မြုပ်ကာ စစ်ဘေးရှောင် ၄,၀၀၀ ကျော်သည် နီးစပ်ရာ ရေဘေးလွတ်မည့် ကျေးရွာရှိ အသိဆွေမျိုးများနှင့် ဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့နေထိုင်နေကြရာ ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့အထိ စခန်းသို့ ပြန်နိုင်ခြင်းမရှိသေးကြောင်း နီးစပ်သည့် ဒေသခံထံမှ သိရသည်။
“အခုတော့ မနေ့ကတည်းက ရေကပြန်ကျသွားပြီ။ ဒါပေမယ့် စစ်ရှောင်စခန်းတွေမှာ ပြန်နေလို့ အဆင်မပြေသေးဘူး။ ဘာလို့ဆို ရေပြန်ကျသွားလည်း နွံနစ်တာတွေ ကျန်သေးတယ်လေ။ နေထိုင်လို့ရလောက်တဲ့အနေအထားအထိ (ရေ)မကျသေးဘူး” ဟု ကျောက်တော်ဒေသခံမှ မဇ္ဈိမ ကိုပြောသည်။
ကျောက်တော်မြို့နယ်တွင် သရက်အုပ်ရွာသစ်၊ သရက်အုပ်စုရွာဟောင်း၊ င/တပေါင်းရွာ၊ သင်းဘောကွေ့ရွာ၊ ပုဏ္ဏားရွာ၊ ချောင်းတူးရွာ၊ ဗုဒ္ဓေါရွာ၊ ရွက်ညှိုးတောင်ရွာ စသည့် ကျေးရွာဆယ်ရွာခန့်မှ အိမ်ထောင်စု ၂,၀၀၀ ခန့် ရေနစ်မြုပ်နေပြီး လက်ရှိတွင် ရေအနည်းငယ်ပြန်ကျနေပြီဖြစ်ကြောင်း ဒေသခံက ပြောသည်။
မင်းပြားမြို့ရှိ မင်းတောင်မကျေးရွာ၊ ဒုံးသားကျေးရွာ၊ ကုလားမတောင်ကျေးရွာ၊ မင်းဖူးကျေးရွာ၊ ညောင်ပါလကျေးရွာ စသည့် မင်းပြားမြို့မြောက်ဘက်ခြမ်းရှိ ကျေးရွာဆယ်ရွာခန့်သည် ဩဂုတ်လ ၈ ရက်နေ့မှစတင်က ရေကြီးရေလျှံဖြစ်ပွားနေကြောင်း မင်းပြားမြို့ခံတစ်ဦးထံမှ သိရသည်။
“ကျနော်တို့ ကြားသိရသလောက်ဆိုရင် ရွာ ၁၀ ရွာလောက်ရှိတယ်။ မင်းဖူးကတော့ ရွာလုံးကျွတ်မြုပ်သွားတယ်။ အခုရေအတက်ကတော့ မရှိသေးဘူး၊ နဂိုပုံမှန်အတိုင်းပဲ ရှိနေတယ်၊ မင်းပြားမြို့မှာတော့ ရေကြီးနေတာ သုံးရက်ပဲရှိပါသေးတယ်” ဟု မင်းပြားမြို့နေသူတစ်ဦးက မဇ္ဈိမ ကို ပြောသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ လေးမြို့မြစ်သည် ယမန်နေ့ ဩဂုတ်လ ၉ ရက်နေ့ မွန်းတည့် ၁၂နာရီခွဲအချိန်တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသော်လည်း ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၆နာရီခွဲတွင် တိုင်းတာချက်များအရ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့တို့ကို ဖြတ်သန်းစီးဆင်းနေသည့် ကုလားတန်မြစ်နှင့် လေးမြို့မြစ်တို့ စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းနေပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ထုတ်ပြန်ထားသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့မှစတင်ကာ မိုးအနည်းငယ် လျော့ကျသွားမည်ဖြစ်ပြီး ဩဂုတ်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်၌ မုတ်သုံလေအားကောင်းသဖြင့် ထပ်မံမိုးသည်းထန်လာနိုင်သောကြောင့် ရေကြီးရေလျှံခြင်းကို သတိထားကြရန် အမျိုသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဩဂုတ်လ ၇ ရက်နေ့တွင် သတိပေးထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရခိုင်ပြည်နယ်
#မုတ်သုံလေ
#ရေကြီးရေလျှံ
#စစ်ဘေးရှောင်စခန်း

Facebook
#mizzima – Explore
explore #mizzima at Facebook
👍4🔥3👏1😢1