မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ထားဆဲဖြစ်ကြောင်း တောင်ကိုရီးယားပြော
===================
မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ထားဆဲဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရက ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီ ခန့်အပ်ထားတဲ့ သံတမန်ကို လက်နက်ပြပွဲ ဖိတ်ကြားခဲ့တဲ့အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်လာချိန်မှာပဲ မြန်မာ စစ်တပ်ထံ လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ထားဆဲဖြစ်ကြောင်း တောင်ကိုရီးယားက ပြောလိုက်တာဖြစ်ပါတယ်။
တောင်ကိုရီးယားအစိုးရက သူ့နိုင်ငံမှာကျင်းပတဲ့ လက်နက်အရောင်းပြပွဲ တက်ရောက်ဖို့ မြန်မာစစ်ကောင်စီသံတမန်တစ်ဦးကို ဖိတ်ကြားခဲ့တာဟာ "အလွန်စိုးရိမ်စရာ" ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအန်ဒရူးက ဇွန်လ ၆ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ခဲ့ပြီးနောက် တောင်ကိုရီးယား အစိုးရက တုံ့ပြန်လိုက်တာပါ။
သံအမတ်ကြီးရဲ့ တက်ရောက်မှုဟာ တရားဝင်မှုမရှိတဲ့ စစ်ကောင်စီကို အသိအမှတ်ပြုရာ ရောက်သလို၊ တောင်ကိုရီးယားရဲ့ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု တားမြစ်ချက်အပေါ် သံသယဖြစ်ရတယ်လို့လည်း ဂျနီဗာမှာရှိတဲ့ တောင်ကိုရီးယားသံရုံးကို ပေးပို့တဲ့စာမှာ အထူးကိုယ်စားလှယ်က ရေးသားခဲ့တာပါ။
တောင်ကိုရီးယား နိုင်ငံခြားရေးဌာနကတော့ မြန်မာနိုင်ငံအပေါ် စစ်လက်နက် တင်ပို့မှု တားမြစ်ချက်ကို တင်းတင်းကြပ်ကြပ် ဆက်လက်ကျင့်သုံးနေကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ဖိတ်ကြားချက်ဟာလည်း မြန်မာနိုင်ငံ အပါအဝင် အာဆီယံအသင်းဝင်နိုင်ငံတွေထံ ပေးပို့ခဲ့တာသာ ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကတော့ မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုဖို့နဲ့ ဖိအားပေးတာတွေ တိုးမြှင့်ဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ခရီးစဉ်အပြီးမှာလည်း တိုက်တွန်းခဲ့ဖူးပါတယ်။
ဒီလိုဖိတ်တာဟာ တရားမဝင် အကြမ်းဖက်စစ်တပ်ကို အသိအမှတ်ပြုရာရောက်သလို အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ကို တောင်ကိုရီးယားရဲ့ လက်နက်တင်ပို့မှုဟာ သံသယဖြစ်စေတယ်လို့ မစ္စတာအန်ဒရူးကပြောထားပါတယ်။
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံအပေါ် စစ်လက်နက်တင်ပို့မှုပိတ်ဆို့ရေး အပါအဝင် အရေးယူမှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေဆဲဖြစ်ပြီး၊ မြန်မာသံအမတ်ကို ဖိတ်ခဲ့တာဟာလည်း အာဆီယံ ၁ဝ နိုင်ငံကို ဖိတ်ကြားခဲ့တာသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားအစိုးရအနေနဲ့ မြန်မာပြည်ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ပိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအန်ဒရူးက တိုက်တွန်းထားပါတယ်။
ဆိုးလ်မြို့အရှေ့မြောက်ဘက် ၅၂ ကီလိုမီတာအကွာ Pocheon မှာ မေလ၂ ရက်နေ့က လုပ်တဲ့ စစ်လက်နက် အခမ်းအနားကို နိုင်ငံပေါင်း ၁၈ နိုင်ငံက နိုင်ငံခြားသံတမန်တွေ တက်ရောက်ခဲ့ကြပြီး၊ မြန်မာသံအမတ်ကြီး ဦးသန့်စင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
စစ်လက်နက်ပြပွဲမှာတော့ တင့်ကားတွေအပါအဝင် အခြားစစ်လက်နက်ပစ္စည်းတွေကို ပြသခဲ့တယ်လို့ သိရပါတယ်။
https://youtu.be/x_4E6EJ2ZfM
#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ထားဆဲဖြစ်ကြောင်း တောင်ကိုရီးယားပြော
မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ထားဆဲဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရက ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီ ခန့်အပ်ထားတဲ့ သံတမန်ကို လက်နက်ပြပွဲ ဖိတ်ကြားခဲ့တဲ့အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်လာချိန်မှာပဲ မြန်မာ စစ်တပ်ထံ လက်နက်တင်ပို့ ရောင်းချမှု ပိ…

👍17🔥3👎1
မြန်မာထံ လက်နက်ရောင်းချမှု ပိတ်ပင်ချက်က ပုံမှန်အတိုင်း ဆက်ရှိနေဆဲဟု တောင်ကိုရီးယား ပြော
================
လက်နက်အရောင်းပြပွဲတစ်ခုသို့ မြန်မာစစ်ကောင်စီခန့် သံအမတ်တစ်ဦးကို ဖိတ်ကြားခဲ့သော်ငြား မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှု ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ဩဂုတ် ၉ ရက်တွင် ပြောသည်။
ပြီးခဲ့သည့်မေလက တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံပြုလုပ်သော ပွဲအခမ်းအနား၌ မြန်မာစစ်ကောင်စီခန့် သံအမတ် ဦးသန့်စင် တက်ရောက်ခဲ့မှုအပေါ် “အလွန်တရာ စိုးရိမ်” မိကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ သောမတ်စ် အန်ဒရူးစ်က ထုတ်ဖော်ခဲ့သည်။
စစ်ကောင်စီခန့် သံအမတ်ကို ထိုအခမ်းအနား တက်ခွင့်ပြုခြင်းက မြန်မာအာဏာသိမ်းစစ်အုပ်စုကို တရားဝင်မှုပေးရာ ရောက်သလို မြန်မာစစ်တပ်ထံ လက်နက် လွှဲပြောင်းရောင်းချမှုအပေါ် တောင်ကိုရီးယား၏ ပိတ်ပင်ချက်နှင့်ပတ်သက်၍လည်း သံသယများကို ဖြစ်စေကြောင်း အန်ဒရူးစ်က ပြောသည်။
မြန်မာတွင် ၂၀၂၁ ခုနှစ်က နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အစိုးရတစ်ရပ်ကို စစ်တပ်က ဖြုတ်ချ၊ အာဏာသိမ်းပြီးကတည်းက နိုင်ငံသည် အကျပ်အတည်းအောက် ကျရောက်နေခဲ့သည်။ အနောက်အုပ်စု အစိုးရအများစုက မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများကို သီးခြားအဆက်ဖြတ်၊ ဒဏ်ခတ်ပိတ်ဆို့ခဲ့သလို လက်နက်ရောင်းချမှုများအပေါ် ပိတ်ဆို့ထားခဲ့ကြသည်။ သို့သော် ရုရှားနှင့် တရုတ်အပါအဝင် အခြားနိုင်ငံတချို့က မြန်မာစစ်တပ်နှင့် နီးနီးကပ်ကပ် ဆက်လက် ဆက်ဆံနေဆဲဖြစ်သည်။
“မြန်မာမှာ စစ်အာဏာသိမ်းမှုကြောင့် အကျပ်အတည်း ပေါ်ပေါက်ပြီးနောက် မကြာမီက ထုတ်ဖော်ကြေညာခဲ့တဲ့ စစ်ဖက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေ တင်ပို့မှုအပေါ် ပိတ်ပင်ချက်တစ်ရပ်အပါအဝင် မြန်မာအပေါ် ချမှတ်တဲ့ တန်ပြန်အစီအမံတွေကို မိမိတို့ အစိုးရဘက်က ဆက်လက်ပြီး တင်းတင်းကျပ်ကျပ် ဖော်ဆောင်လျက် ရှိနေဆဲပါ။ ဒီ ရပ်တည်ချက်မှာ အပြောင်းအလဲ မရှိပါဘူး” ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။
တောင်ကိုရီးယားလက်နက်ပြပွဲ၌ မြန်မာစစ်ကောင်စီခန့် သံအမတ် ပါဝင်ခြင်းက တရားမဝင်သော၊ လူမဆန်သော မြန်မာစစ်အုပ်စုကို တရားဝင်မှု ပေးရာ ရောက်သလို ဖြစ်သည်ဟု အန်ဒရူးစ်က ဂျီနီဗာရှိ တောင်ကိုရီးယား သံတမန်မစ်ရှင်အဖွဲ့သို့ ပေးစာထဲတွင် ပြောသည်။
အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများအတွက် မြန်မာစစ်အုပ်စုတွင် တာဝန်ရှိနေချိန် သံအမတ် ဦးသန့်စင်ကို ဖိတ်ကြားခြင်းက မြန်မာထံ လက်နက်တင်ပို့မှုအပေါ် တောင်ကိုရီးယား၏ ပိတ်ပင်ချက်နှင့်ပတ်သက်ပြီး သံသယများ ဖြစ်ပေါ်စေသလို ယင်းက လက်နက်ရောင်းချမှုတို့ကို ခွင့်ပြုနိုင်သည့် ရည်ရွယ်ချက်ကို သွယ်ဝိုက် ညွှန်းဆိုရာ ရောက်နိုင်သည်ဟု အန်ဒရူးစ်က ပြောသည်။
စစ်ကောင်စီခန့် သံအမတ်ကို ဖိတ်ကြားခြင်းသည် ထူထောင်ထားသည့် လုပ်ထုံးလုပ်နည်းအရ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံစလုံးကို ဖိတ်ကြားခြင်းသာ ဖြစ်ကြောင်းနှင့် ယင်းသည် မြန်မာစစ်တပ်အပေါ် ထားသည့် တောင်ကိုရီးယား၏ မူဝါဒနှင့် လုံးဝ မသက်ဆိုင်ဟု တောင်ကိုရီးယား၏ ဂျီနီဗာအခြေစိုက် သံတမန်အဖွဲ့က ပြီးခဲ့သည့်လက ပြောသည်။
အမေရိကန်၏ အနီးကပ် မဟာမိတ်ဖြစ်သည့် တောင်ကိုရီးယားသည် ၂၀၁၉ ခုနှစ်ကတည်းက မြန်မာနှင့် မည်သည့် လက်နက်အရောင်းအဝယ်ကိုမှ လုပ်ဆောင်ထားခြင်း မရှိသော်လည်း မြန်မာတွင် အဓိက ဖွံ့ဖြိုးရေး ပရောဂျက်များကို လုပ်ဆောင်ထားခဲ့သည်။
မြန်မာစစ်အုပ်စုကို တရားဝင်မှု ငြင်းဆန်ပိတ်ပင်ရန်နှင့် အကျပ်အတည်းကို ကူညီဖြေရှင်းရန် ပိုမို အားကောင်းသည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရေး အန်ဒရူးစ်က နိုဝင်ဘာလ တောင်ကိုရီးယားခရီးစဉ်အပြီး တိုက်တွန်းခဲ့သည်။

👍14😁4❤1👏1
မဏိပူရ်က သွေးထွက်သံယိုမှုများအတွက် မြန်မာက မတည်ငြိမ်မှုများကို အိန္ဒိယဝန်ကြီး အပြစ်ဆို
==================
အိန္ဒိယ အရှေ့မြောက်ပိုင်း မဏိပူရ်က တိုင်းရင်းသားပဋိပက္ခများအတွက် အိမ်နီးချင်း မြန်မာနိုင်ငံမှ မတည်ငြိမ်မှုများကို အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အမ်မစ်ရှားက ဗုဒ္ဓဟူးနေ့တွင် အပြစ်တင်လိုက်ပြီး မဏိပူရ်၌ အငြင်းပွားမှုများကို ဆွေးနွေးပွဲများမှတစ်ဆင့် ဖြေရှင်းရန် တိုက်တွန်းသည်။
မြန်မာနိုင်ငံက နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စိမ့်ဝင်နိုင်သော နယ်စပ်မှ မဏိပူရ်ပြည်နယ်ထဲ ဒုက္ခသည် ထောင်ပေါင်းများစွာ ဖြတ်ကျော်ဝင်ရောက်လာကြောင်း ရှားက လွှတ်တော်သို့ ပြောသည်။
မဏိပူရ်တွင် မေလမှစ၍ တိုင်းရင်းသား ပဋိပက္ခကြောင့် လူပေါင်း ၁၈၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ရာပေါင်းများစွာ ရှိကာ အိုးအိမ်မဲ့သူ ထောင်ပေါင်းများစွာ ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ၌ စစ်အာဏာသိမ်းချိန်မှစကာ အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံအနှံ့က ဒီမိုကရေစီ လိုလားသော အင်အားစုများကို တိုက်ခိုက်လျက် ရှိနေသည်။ မြန်မာမြောက်ပိုင်းမှ ချင်းနှင့် မဏိပူရ်က ကူကီးတို့သည် တိုင်းရင်းမျိုးနွယ်စုတူများ ဖြစ်ကြသည်။
မဏိပူတွင် ကသည်းနှင့် ကူကီးတို့ကြား အများစုဖြစ်သော တိုင်းရင်းသား ပဋိပက္ခကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖော်ဆောင်ရန်နှင့် ပြဿနာကို စေ့စပ်ညှိနှိုင်းမှုဖြင့် ဖြေရှင်းရန် ရှားက တိုက်တွန်းသည်။
တောင်ကုန်းဒေသများတွင် နေထိုင်ကြပြီး စီးပွားရေး အကျိုးအမြတ်နှင့် အစိုးရအလုပ်အကိုင်နှင့် ပညာရေးတို့ ရရှိနေသော ကူကီးများနှင့် မြေနိမ့်ဒေသတွင် နေထိုင်သော ကသည်းလူမျိုးများကြား မကျေချမ်းမှုများသည် မေ ၃ ရက်၌ ထိပ်တိုက်တွေ့မှုများသို့ ဖြစ်ပွားပေါ်ပေါက်သည်။
မဏိပူရ်ပြည်နယ် လူဦးရေ၏ ၁၆ ရာခိုင်နှုန်း ရှိသော ကူကီးလူမျိုးများကို အများစု လူဦးရေဖြစ်သော ကသည်းများနှင့်အတူ အထူးအခွင့်အရေး ပေးရန် ဖေဖော်ဝါရီလအတွင်း တရားရုံးတစ်ရုံးက အကြံပြုရာမှ ပဋိပက္ခများ စတင်သည်။
မြန်မာမှ ဒုက္ခသည်များ စီးဝင်ခြင်းသည် ကသည်းများကြား “မလုံခြုံမှုများ” ကို ခံစားရကြောင်း ရှားက ပြောသည်။ ထိုပြင် ဖေဖော်ဝါရီလက တရားရုံး စီရင်ချက်သည် “မီး ပိုထိုးပေးရာ ရောက်သည်”ဟုလည်း ၎င်းက ဆိုသည်။
အကြမ်းဖက်မှုများသည် နှေးကွေးစွာ ကျဆင်းလာပြီး ပြည်နယ်၌ စစ်တပ်နှင့် လက်ရုံးတပ် ၃၆,၀၀၀ နီးပါး ဖြန့်ကြက်ထားကြောင်း ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ အစိုးရအား အယုံအကြည်မရှိ အဆိုတင်သွင်းစဉ်၌ ရှားက ပြောခြင်း ဖြစ်သည်။
ကသည်းနှင့် ကူကီးအသိုင်းအဝိုင်းသို့လည်း မေတ္တာရပ်ခံရာတွင် “ကျေးဇူးပြုပြီး အကြမ်းဖက်မှုတွေကို စွန့်ပစ်ပါ၊ အိန္ဒိယဆီ လာပြီး ဆွေးနွေးပါ၊ ကျွန်တော်တို့နဲ့ အတူလာပြီး ဆွေးနွေးပါ”ဟု ပြောဆိုသွားခဲ့သည်။

🔥5🤮3💩1
စစ်တပ်ပိုင်ထုတ်ကုန်များ ရောင်းအား၇၀ရာခိုင်နှုန်းအထိ ထိုးကျမည့် ဘဏ္ဍာရေးနှင့် စီးပွားရေးတိုက်ပွဲ သပိတ် စတင်
==================
အာဏာသိမ်းစစ်တပ်ပိုင် ထုတ်ကုန်ဖြစ်သည့် အရက်၊ ဘီယာ၊ စီးကရက်များ၏ ရောင်းအား အချိန် (၂)လအတွင်း ၇၀ ရာခိုင်နှုန်းအထိ ထိုးကျသွားရန်အတွက် ပြည်သူတစ်ရပ်လုံး ပါဝင်ပေးကြရန် တော်လှန်ရေးအင်အားစုများက ယနေ့ (သြဂုတ် ၉) တိုက်တွန်းလိုက်သည်။
စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ စီးကရက် အပါအဝင် စားသောက်ကုန် ၈ မျိုးကို ဝင်ငွေ ၇၀ ရာခိုင်နှုန်းအထိ ထိုးချမည့် ဘဏ္ဍာရေးနှင့် စီးပွားရေးတိုက်ပွဲ သပိတ် စတင်လိုက်ပြီဖြစ်ကြောင်း သပိတ်အင်အားစု ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာဆန်းက ပြောကြားထားသည်။
တော်လှန်ရေးကြီးအတွက် ကိုယ့်အသက်ကို အရင်းတည်ပြီး ပါဝင်တိုက်ပွဲဝင်နေကြသူ PDF၊ EROs စစ်သည်တော် သူရဲကောင်းပေါင်းများစွာ ရှိပြီး ကိုယ့်အနေနဲ့ အဲ့လိုအခန်းကဏ္ဍကနေ မပါဝင်နိုင်ဘူးဆိုရင်တောင် တိုက်ပွဲဝင်ရဲဘော်တွေကို စစ်အုပ်စုက ပစ်မယ့် လက်နက်ဖိုး၊ ကျည်ဆန်ဖိုး၊ လေယာဉ်ဆီဖိုးတွေ မပေးမိကြဖို့ လိုနေပါပြီ လို့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာဆန်းကပြောသည်။
ဒါ့ကြောင့် စစ်တပ်ရဲ့ ဝင်ငွေရေသောက်မြစ်အားလုံးကို လူထုအားနဲ့ ဖြတ်တောက်ရိုက်ချိုးပစ်မယ့် ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲ စစ်မျက်နှာစာကြီးကို အမြင့်မားဆုံး ဖော်ဆောင်ဆင်နွှဲကြဖို့ အချိန်ရောက်လာပါပြီဖြစ်ကြောင်း၊ စစ်တပ်ပိုင်တဲ့ စီးပွါးရေးလုပ်ငန်းတွေ၊ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ပြည်သူလူထုက ပြတ်ပြတ်သားသား ဆန့်ကျင်၊ သပိတ်မှောက်ကြရမှာ ဖြစ်ပါကြောင်း တိုက်တွန်းထားသည်။
အခု ပြည်တွင်း၊ပြည်ပ ပြည်သူတစ်ရပ်လုံး၊ အသက်အရွယ် ကျား၊မ မရွေး ပါဝင်ဆင်နွှဲကြရမယ့် ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲ ရဲ့ ဗွေဆော်ဦးခြေလှမ်းလာပြီးဖြစ်ကြောင်း ဒီပထမအဆင့်မှာ ဦးတည်ပြီး ဖြတ်တောက်၊ ရိုက်ချိုးမယ့် စစ်အုပ်စုရဲ့ ဝင်ငွေရင်းမြစ် ကုန်စည်တွေကတော့ စစ်တပ်ပိုင် အရက်ဘီယာနဲ့ စီးကရက်အုပ်စုပဲ ဖြစ်တယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB)က ဆိုသည်။
စစ်တပ်ပိုင် အရက်၊ ဘီယာ၊ အချိုရည် တံဆိပ်များမှာ မြန်မာဘီယာ ၊ Andama တံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ ဒဂုံတံဆိပ် အရက် ဘီယာ၊ အချိုရည်၊ မန္တလေးဘီယာ၊ ရမ်၊ Black Shield Stout ဘီယာ ၊ Army Rum၊ Red Ruby စီးကရက်၊ Premium Gold စီးကရက်တို့ဖြစ်ကြောင်း GSCB က ဖော်ပြခဲ့သည်။
လာမည့် အချိန် ၂ လအတွင်း စစ်တပ်၏ ထုတ်ကုန် ၈ မျိုး၏ လက်ရှိစုစုပေါင်း ရောင်းအား ၏ ၇၀ ရာခိုင်နှုန်း အထိ ထိုးကျသွားစေရန် ဦးတည်ကြောင်း၊ အဆိုပါ ကုန်စည် ၈ မျိုးကို ဝယ်ယူစားသုံးပါက လက်နက်ဖိုး၊ ကျည်ဆန်ဖိုး၊ လေယာဉ် ဆီဖိုး ဖြစ်သွားမည်ဖြစ်၍ မသုံးစွဲကြရန် GSCB တိုက်တွန်း ထားသည်။
ဖက်ဆစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်အားလုံးကို တခုချင်းစီအလိုက် တဆင့်ပြီးတဆင့် လူထုအားနဲ့ လှဲဖြို၊ ဖြတ်တောက်ကြဖို့ ဘဏ္ဍာရေးတိုက်ပွဲ၊ ပြည်သူတရပ်လုံး ဆင်နွှဲကြဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB က တိုက် တွန်းထားသည်။
https://youtu.be/AJheo9NcxL4

စစ်တပ်ပိုင်ထုတ်ကုန်များရောင်းအား၇၀ရာခိုင်နှုန်းအထိထိုးကျမည့်ဘဏ္ဍာရေးနှင့်စီးပွားရေးတိုက်ပွဲသပိတ်စတင်
အာဏာသိမ်းစစ်တပ်ပိုင် ထုတ်ကုန်ဖြစ်သည့် အရက်၊ ဘီယာ၊ စီးကရက်များ၏ ရောင်းအား အချိန် (၂)လအတွင်း ၇၀ ရာခိုင်နှုန်းအထိ ထိုးကျသွားရန်အတွက် ပြည်သူတစ်ရပ်လုံး ပါဝင်ပေးကြရန် တော်လှန်ရေးအင်အားစုများက ယနေ့ (သြဂုတ် ၉) တိုက်တွန်းလိုက်သည်။
စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ စီးကရက်…
စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ စီးကရက်…
👍18❤5😁2
မြန်မာ ဒုက္ခသည်ကလေးငယ် ၆,၀၀၀ ကျော် အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ကျောင်းများ၌ ကျောင်းအပ်နှံ တက်ရောက်
==================
မြန်မာ ဒုက္ခသည်ကလေးငယ် ၆,၀၀၀ ကျော်သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အစိုးရကျောင်းများ၌ ကျောင်းအပ်နှံ တက်ရောက်လျက် ရှိကြောင်း ပြည်နယ်ပညာရေးဝန်ကြီး လယ်ချ်ဟန်ဒါမာ ရယ်လ်တီက ဩဂုတ် ၉ ရက်တွင် ပြောသည်။
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့မှ ရောက်လာသော ဒုက္ခသည်ကလေးငယ် ၈,၁၀၀ ကျော်သည် မီဇိုရမ်ပြည်နယ်၏ အစိုးရကျောင်းများတွင် ကျောင်းအပ်နှံထားကြခြင်း ဖြစ်ကြောင်း ရယ်လ်တီက ပြောသည်။
စစ်အာဏာသိမ်းမှု ဖြစ်ခဲ့သော မြန်မာနိုင်ငံမှ ဒုက္ခသည် ၃၅,၀၀၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်၏ ပဋိပက္ခသင့် စစ်တကောင်းတောင်တန်းဒေသမှ ဒုက္ခသည် ၁,၀၀၀ ကျော်နှင့် လူမျိုးစုရေး အကြမ်းဖက်မှုဒဏ်သင့် မဏိပူရ်ပြည်နယ်မှ လာသော ပြည်တွင်းနေရပ်စွန့်ခွာရသူ (IDPs) ၁၂,၆၀၀ ကျော်သည် လက်ရှိတွင် မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေကြသည်။
မီဇိုရမ်ရှိ ကျောင်းများတွင် ကျောင်းအပ်နှံထားကြသည့် ကျောင်းသား ၈,၁၁၉ ဦးအနက် ၆,၃၆၆ ဦးသည် မြန်မာနိုင်ငံမှ ဖြစ်ပြီး ၂၅၀ ဦးသည် ဘင်္ဂလားဒေ့ရှ် နှင့် ၁,၅၀၃ ဦးသည် မဏိပူရ်မှ လာသော ကျောင်းသားများဖြစ်သည်ဟု မစ္စတာ ရယ်လ်တီက ပြောသည်။
ဇို မျိုးနွယ်စုများမှ ဖြစ်သော ယခုကလေးငယ်များကို ပညာသင်ကြားခွင့်ပေးအပ်ရန် မီဇိုရမ်အစိုးရက စိတ်ပိုင်းဖြတ် ကတိပြုကြောင်းနှင့် ထိုကျောင်းသားများကို ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဖတ်စာအုပ်များ အခမဲ့ ပေးထားသလို ဒေသခံ ကျောင်းသားများကဲ့သို့ပင် နေ့လယ်စာများ ကျွေးမွေးပေးလျက် ရှိကြောင်း ၎င်းက ပြောသည်။
မြန်မာတွင် ၂၀၂၁ ၊ ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် ကလေးများနှင့် အမျိုးသမီးများအပါအဝင် မြန်မာနိုင်ငံသား ၃၅,၀၀၀ ခန့်သည် အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်၌ ရောက်ရှိခိုလှုံနေကြသည်။

👍10😁2❤1
မီဇိုရမ်ပြည်နယ် မြန်မာစစ်ဘေးရှောင်စခန်းကို ချင်းရေးရာအဖွဲ့ချုပ်က ရိက္ခာ လှူဒါန်း
👍11🔥1🥰1😁1
မီဇိုရမ်ပြည်နယ် မြန်မာစစ်ဘေးရှောင်စခန်းကို ချင်းရေးရာအဖွဲ့ချုပ်က ရိက္ခာ လှူဒါန်း
==============
ပါခွီး
(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်စခန်း တစ်ခုတွင် ရိက္ခာပြတ်လပ်၍ အကူအညီတောင်းသဖြင့် ဆန် ၊ဆီ နှင့် ပဲများ သွားရောက်ကူညီလှူဒါန်းခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဩဂုတ်လ ၁၀ရက် ယနေ့တွင်ထုတ်ပြန်သည်။
မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောလ်ခရိုင် ၊ Tuirial မြန်မာစစ်ဘေးရှောင်စခန်းရှိ အိမ်ခြေ ၂၄ အိမ်တွင် ကလေး ၊ အမျိုးသမီးနှင့် သက်ကြီးအများစုရှိပြီးလူဦးရေ ၈၀ကျော် နေထိုင်သော စခန်းအား ကာလတန်ဖိုး ရူပီး ၃၀,၀၀၀ ကျော်ကို ဩဂုတ်လ ၈ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
“စခန်းထဲမှာ အထူးသဖြင့် စားဝတ်နေရေးနဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီးထိရောက်တဲ့ အကူအညီပေးနိုင်ဖို့ အရမ်းလိုအပ်နေပါတယ် ၊ အခုစခန်းမှာ သူတို့စားစရာမရှိတော့တဲ့အကြောင်း အကူအညီတောင်းလာလို့ တတ်နိုင်သလောက်လေး သွားကူညီ ပေးရတာပါ ၊ Tuirial မှာက နေထိုင်ခွင့်ပဲပေးထားတာ သီးပင်စားပင် လုံးဝစိုက်ခွင့်မရကြဘူး၊ အဲဒါကြောင့် ပိုပြီးခက်ခဲတဲ့အနေအထားမှာရှိတာ” ဟု ICA လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံ က မဇ္စျိမ ကို ပြောသည်။
Tuirial စစ်ဘေးရှောင်စခန်းရှိ နေထိုင်သူများသည် ပုံမှန်အလုပ်အကိုင်အခွင်လမ်းမရှိခြင်း ၊ ပုံမှန်ထောက်ပံ့ပေးသော NGO ၊ INGO နှင့် ဒေသခံ အဖွဲ့အစည်းများ လုံလောက်စွာမရှိခြင်းကြောင့် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုခက်ခဲလာကြောင်း ဆိုသည်။
စားဝတ်နေရေးအပြင် ဆေးဝါးကုသမှုနှင့် ယခင်ကတည်းက စိတ်ဒဏ်ရာမျိုးစုံနှင့် လာရောက်သူများဖြစ်သဖြင့် Mental Support ပိုင်းတွင် အကူအညီလို အပ်နေကြောင်း အလုပ်အကိုင်ရှားပါးသောကြောင့် ဝင်ငွေမရှိသဖြင့် ဆေးရုံ ၊ ဆေးခန်းများသို့ သွားရောက်ပြသမကုသနိုင်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး က ဆက်ပြောသည်။
မီဇိုရမ်အစိုးရက မြန်မာစစ်ဘေးရှောင်ကလေးများကို အခြေခံပညာသင်ကြားနိုင်ရေး တရားဝင်လက်ခံထားသဖြင့် ကျောင်းတက်နိုင်ကြသော်လည်း ဘာသာစကားပိုင်းတွင် အခက်အခဲရှိသဖြင့် တတ်နိုင်သူများအနေနှင့် မြန်မာ ၊ မီဇိုးစာများကို အချိန်ပို သင်ပေးနိုင်ပါက ယခုထက်အဆင်ပြေနိုင်ကြောင်း ဆိုသည်။
မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအားလုံးတွင် အလုပ်အကိုင်အခွင့်အလမ်းမရှိသော အခက်အခဲကို ရင်ဆိုင်နေရပြီး ပြင်ပထောက်ပံ့အကူအညီမှာလည်း ပုံမှန်မရှိဘဲ ရံဖန်ရံခါသာ ရရှိကြသဖြင့် ရေရှည်အတွက် ပိုမိုခက်ခဲလာနိုင်ကြောင်း သိရသည်။
“ရေရှည်အတွက်ဆို၊ ဥပမာ ရက်ကန်းလိုဟာမျိုးပေါ့ ၊ ကန်မ့်တစ်ခုမှာ ရက်ကန်း ငါးစင် လောက် ထောင်ပေးနိုင်ရင် တစ်နိုင်တစ်ပိုင် စခန်းနေသူတွေအတွက် ဝင်ငွေရနိုင်မဲ့ နည်းလမ်းမျိုးတွေကို လုပ်ပေးဖို့လိုပါတယ်” ဟု ဆလိုင်း ဗန်ဆွီးစံ က အကြံပြု ပြောကြားသည်။
ရေရှည်ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ သင်ကြားထူထောင်ပေးခြင်းအားဖြင့် စစ်ဘေးရှောင်များ ဝင်ငွေ ရရှိနိုင်ပြီး စားဝတ်နေရေးအတွက် အဆင်ပြေလာနိုင်ကြောင်းနှင့် တစ်ဖက်တစ်လမ်းမှ စိတ်ပိုင်းဆိုင်ရာများကိုလည်း ကူညီကုသပြီးဖြစ်ကြောင်း ဆိုသည်။
ICA အဖွဲ့ချုပ်အနေဖြင့် ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်း ငါးခုရှိ ပြည်သူများထံသို့ ဆန် ၊ ဆီ နှင့် ပဲများသွားရောက်လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ဘေးရှောင်ပြည်သူများထံသို့ လိုအပ်သော စားနပ်ရိက္ခာများ လှူဒါန်းခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် ပူးပေါင်းလှူဒါန်းလိုသူများအနေဖြင့် ဆက်သွယ်နိုင်ကြောင်း ချင်းရေးရာအဖွဲ့အချုပ်က အသိပေးထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
ဓါတ်ပုံ (ICA) ရိက္ခာသွားရောက်လှူဒါန်းသည့် ICA အဖွဲ့
#mizzima
#ဖလမ်းမြို့နယ်
#ICA
#မီဇိုရမ်ပြည်နယ်
#Tuirial

👍13❤3🔥1😁1
ကမ္မမြို့နယ်ရဲစခန်းကို အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(WFP) ဝင်ရောက်ပစ်ခတ်
=================
MTO
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ ကမ္မမြို့နယ်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ဝင်ရောက်ပစ် ခတ်ခဲ့ရာ ရဲနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးထိခိုက်သေဆုံးနိုင်ကြောင်း အနောက်လွင်ပြင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(WFP)ထံမှ သိရသည်။
ဩဂုတ်လ ၉ ရက်နေ့ ညနေပိုင်းတွင် ကမ္မမြို့ပေါ်ရဲစခန်းကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပစ်ခတ်မှုကြောင့် စစ်ကောင်စီဖက်မှနှစ်ဦးအထိသေဆုံးနိုင်ကြောင်း အနောက်လွင်ပြင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုတေဇက ပြောသည်။
“ ကမ္မရဲစခန်းရှေ့ ဘန်ကာထဲက ရဲနဲ့စစ်ကောင်စီတပ်သားတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကျတော်တို့က အလစ်အငိုက်မှာ ရိုင်ဖယ်နဲ့ စပစ်ပြီးတော့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာ နှစ်ဦးလဲကျ သွားတာ မြင်ခဲ့ရတယ်၊ သေဆုံးကတော့ စီစစ်ဆဲပဲ” ဟု ၎င်းကပြောသည်။
ကမ္မမြို့ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်ရှိပြီး ပခုက္ကူ-မင်းတပ်လမ်းပိုင်း တွင်တည်ရှိကာ ခရီးသွားပြည်သူများအား စစ်ဆေးခြင်း၊ ငွေတောင်းခံခြင်းများ မကြာခဏပြုလုပ်လေ့ရှိ၍ ဘန်ကာရှေ့မှ သွားရောက်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။
ပစ်ခတ်မှုအပြီးနောက် ကာကွယ်ရေးတပ်များ ချက်ခြင်း ပြန်လည်ဆုတ်ခွာစဉ် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ကိုတေဇကပြောသည်။
“ကျနော်တို့ ပြန်အဆုတ်မှာ သူတို့က ၄၀ မမ နဲ့ ရမ်းပစ်တာမျိုးတွေရှိတယ်။ လက်နက်ငယ်တွေနဲ့ ရမ်းပစ် တာမျိုးတွေရှိတယ်။ ကျနော်တို့ဘက်မှာတော့ ထိခိုက်မှုမရှိပါဘူး “ ဟု ၎င်းကဆိုသည်။
ယခုတိုက်ခိုက်မှုကို အနောက်လွင်ပြင် LDF ၊ ပခုက္ကူခရိုင်တပ်ရင်း ၁၃ ၊ ပခုက္ကူ (ပ.က.ဖ)၊ တပ်ရင်း (၁)၊ တပ်ခွဲ(၁)၊ Kamma Underground PDF ၊ မြိုင် ပ.က.ဖတပ်ရင်း(၁)၊ တပ်ခွဲ (၂) ဂဠုန်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ၊ Scorpion People Defense Force – Myaing ၊ Myaing Underground PDF ၊ တော်ဝင် ကျားတပ်ဖွဲ့၊ BLY (ပကဖ)၊ ဧရာအနောက် ပြောက်ကျားတပ်တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စာတည်း။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
https://youtube.com/shorts/1R8O5lzS-GI?feature=share
#ကမ္မမြို့ရဲစခန်း
#ပခုက္ကူ မင်းတပ်လမ်းပိုင်း
#တိုက်ခိုက်
#ဘန်ကာ

MTO (မဇ္ဈိမ)။ ။မကွေးတိုင်း၊ ကမ္မမြို့နယ်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ဝင်ရောက်ပစ် ခတ်ခဲ့ရာ ရဲနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးထိခိုက်သေဆုံး...
👍15🔥2🥰1👏1😁1
သံလွင်မြစ်အပါအဝင် မြစ် ၉ စင်း စိုးရိမ်ရေမှတ်အထက်မြင့်တက်နေ
==================
မဇ္စျိမ။ ။မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် တိုင်းနှင့်ပြည်နယ် ခြောက်ခုမှ မြစ်ကိုးစင်းသည် စိုးရိမ်ရေမှတ်အထက်၌ မြင့်တက်နေကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင်လလယ်မှစတင်ကာ မြန်မာနိုင်ငံဒေသအများစု မိုးဆက်တိုက်ရွာသွန်းပြီးနောက် မြစ်ရေများမြင့်တက်လာခြင်း ဖြစ်သည်။
ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေသည် ဘားအံမြို့၊ သောင်းရင်းမြစ်ရေသည် မြ၀တီမြို့၊ကချင်ပြည်နယ်၌ နန့်ယင်းနှင့် နန့်ကောင်းမြစ်သည် မိုးညှင်းနှင့် မိုးကောင်းမြို့၊ ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၊ လေးမြို့မြစ်ရေသည် ရခိုင်ပြည်နယ်၊မြောက်ဦးမြို့၊ဘီးလင်းမြစ်ရေသည် မွန်ပြည်နယ် ဘီးလင်းမြို့၌ စိုးရိမ်ရေမှတ်အထက် တပေမှ ငါးပေခန့်အထိ မြင့်တက်နေသည်ဟု မိုးဇလက ယနေ့ ဩဂုတ် ၁၀ရက်တွင် ထုတ်ပြန်ထားသည်။ထို့အပြင် ပဲခူးမြစ်ရေသည် ဇောင်းတူနှင့် ပဲခူးမြို့တွင် လည်းကောင်း၊ စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်မြို့တွင်လည်းကောင်း စိုးရိမ်ရေမှတ်အထက်တွင်ရှိနေသည်ဟု သတိပေးထားသည်။
“ အဓိက သတိထားရမှာက မြစ်ရေက ဆက်တက်နိုင််သေးတာလား၊ ပြန်ကျနိုင်သလားဆိုတဲ့ မြစ်ရေအခြေအနေသတင်းကို သတိပြုနားထောင်ပြီးတော့ နေထိုင်သင့်တယ်။ ဆက်ပြီး ရေတက်မယ်ဆိုရင်တော့ ကိုယ့်နေရာက မလုံခြုံတော့ရင် ကယ်ဆယ်ရေးစခန်းတို့၊ ဘာတို့ လွတ်တဲ့နေရာတွေမှာ ပြောင်းရွေ့နေထိုင်သင့်တယ် ” ဟု မိုးဇလဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက မဇ္စျိမကို ပြောသည်။
အထက်ပါ မြစ်အများစုသည် စိုးရိမ်ရေမှတ်အထက်၌ ဆက်လက်မြင့်တက်နေနိုင်ကြောင်း မိုးဇလက ယနေ့ ထုတ်ပြန်ထားသည်။ ထို့အပြင် ဧရာဝတီမြစ်ရေလည်း မြင့်တက်လာနေပြီးကချင်ပြည်နယ်၊ ရွှေကူမြို့၏ စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေပြီဟု သတိပေးထားသည်။
လတ်တလောတွင် ရခိုင်ပြည်နယ်၌ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားမြို့နယ်၊ ကရင်ပြည်နယ်တွင် မြဝတီ၊ကော့ကရိတ်၊ဘားအံနှင့် လှိုင်းဘွဲ့မြို့နယ်၊ မွန်ပြည်နယ်တွင် ဘီးလင်းမြို့နှင့် ပဲခူးတိုင်းတွင် ပဲခူးမြို့နယ်၌ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေသည်။
ယခုရက်ပိုင်းရာသီဥတုအခြေအနေအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘဂ်လားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေဆဲဖြစ်ပြီး မြန်မာနိုင်ငံအနှံ့ မိုးရွာနိုင်ကာ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်သည်
ဟု မိုးဇလက ထုတ်ပြန်ထားသည်။
လတ်တလော ရေဘေးရင်ဆိုင်နေရသော ဒေသများ၌ မိုးဆက်ကောင်းနိုင်သောကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေး ဆက်လက်သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတိပေးထား သည်။
စာတည်း-မောင်ကြီး
#mizzima
#မြစ်၉စင်း
#စိုးရိမ်ရေမှတ်
#ရေဘေးသတိပေး
ပုံစာ - လေးမြို့မြစ်ရေကြီးမှုကြောင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ကျေးရွာများမှ လူနေအိမ်အချို့ ရေကြီးနစ်မြုပ်နေမှုမြင်ကွင်း။ (ပုံ-လူမှုကွန်ရက်)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍12🔥1😁1
သြဂုတ်လ ၁၀ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=============================
-ထိုင်း-မြန်မာကုန်သွယ်ရေးလမ်း ပြတ်တောက်မှုကြောင့် ကုန်စည် စီးဆင်းမှုရပ်တန့်နေပြီး
ကုန်ဈေးနှုန်းတွေ မြင့်တတ်နေတဲ့သတင်း
-ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းမှာ စစ်ကောင်စီတပ် ရေယာဉ်တွေတိုက်ခိုက်ခံရပြီး ၁ စီး ပျက်စီးတဲ့သတင်း
- ရေဖြူမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံ ၅ ဦး ပြန်မလွတ်သေးတဲ့သတင်း
-ပဲခူးမြို့ပေါ် ရပ်ကွက်တွေမှာ ရေဝင်ရောက်နေလို့ ရေဘေးစခန်း ၁၀ ခုကျော် ဖွင့်လှစ်ထားတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/Htzf_d6xCdM
#4pmnews
#Mizzimanewshour
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=============================
-ထိုင်း-မြန်မာကုန်သွယ်ရေးလမ်း ပြတ်တောက်မှုကြောင့် ကုန်စည် စီးဆင်းမှုရပ်တန့်နေပြီး
ကုန်ဈေးနှုန်းတွေ မြင့်တတ်နေတဲ့သတင်း
-ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းမှာ စစ်ကောင်စီတပ် ရေယာဉ်တွေတိုက်ခိုက်ခံရပြီး ၁ စီး ပျက်စီးတဲ့သတင်း
- ရေဖြူမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံ ၅ ဦး ပြန်မလွတ်သေးတဲ့သတင်း
-ပဲခူးမြို့ပေါ် ရပ်ကွက်တွေမှာ ရေဝင်ရောက်နေလို့ ရေဘေးစခန်း ၁၀ ခုကျော် ဖွင့်လှစ်ထားတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/Htzf_d6xCdM
#4pmnews
#Mizzimanewshour
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
သြဂုတ်လ ၁၀ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:03-ထိုင်း-မြန်မာကုန်သွယ်ရေးလမ်း ပြတ်တောက်မှုကြောင့် ကုန်စည် စီးဆင်းမှုရပ်တန့်နေပြီး ကုန်ဈေးနှုန်းတွေ မြင့်တတ်နေတဲ့သတင်း
04:34-ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းမှာ စစ်ကောင်စီတပ် ရေယာဉ်တွေတိုက်ခိုက်ခံရပြီး ၁ စီး ပျက်စီးတဲ့သတင်း
05:46- ရေဖြူမှာ စစ်ကောင်စီတပ်က…

Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ထားဆဲဖြစ်ကြောင်း တောင်ကိုရီးယားပြော
Watch more detail - https://youtu.be/x_4E6EJ2ZfM
#မြန်မာနိုင်ငံ#လက်နက်#တောင်ကိုရီးယား#VideoNews #shorts #reels

👍9😁3
Heavy flooding damages villages and IDP camps in Rakhine
==================
https://youtu.be/sjMVZzXWcKw

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
Subscribe now and join the Mizzima TV family…

👍2🔥2
ဖျူထိုင်းပါတီက အစိုးရဖွဲ့နိုင်ရေးအတွက် ပါတီများကို စည်းရုံး
=====================
ထိုင်းနိုင်ငံတွင် မေ ၁၄ ရက် ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေး လိပ်ခဲတည်းလည်း ဖြစ်နေမှုအား ကျော်လွှားရန်အတွက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာ ကျောထောက်နောက်ခံရှိသော ဖျူထိုင်းပါတီက ညွန့်ပေါင်းအဖွဲ့အတွင်းသို့ ပါတီများကို စည်းရုံးလျက် ရှိနေသည်။
ရွေးကောက်ပွဲတွင် ဒုတိယနှင့် တတိယအနိုင်ရရှိသော ဖျူထိုင်းပါတီ (၁၄၁ နေရာ) နှင့် Bhumjaithai Party (၇၁ နေရာ) တို့ ထူထောင်သည့် ညွန့်ပေါင်းအဖွဲ့သို့ ပါတီငယ် ခြောက်ပါတီ ယခု သီတင်းပတ်အစောပိုင်းတွင် ပါဝင်မည်ဖြစ်ကြောင်း ဖျူထိုင်းပါတီ၏ ခေါင်းဆောင် ချိုနန် ဆရီကောက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အဆိုပါ ခြောက်ပါတီ၏ စုစုပေါင်း အမတ်နေရာသည် ၁၆ နေရာ ရှိမည်ဖြစ်၍ ညွန့်ပေါင်းဖွဲ့သည့်အခါ စုစုပေါင်း ၂၂၈ နေရာ ရှိမည် ဖြစ်သည်။
သို့ရာတွင် အောက်လွှတ်တော် အမတ် ၅၀၀ ၌ အများစု နေရာရရှိရေး လိုအပ်နေသေးဆဲဖြစ်ရာ ထိုင်းနိုင်ငံ၏ နောက်တက်မည့် ဝန်ကြီးချုပ်အား လွှတ်တော်အမတ်များ မဲပေးမည့် လာမည့် လွှတ်တော်အစည်းအဝေး၌ ထောက်ခံမှု ရရှိရေးအတွက် ဖျူထိုင်းပါတီက ဆက်လက်ကြိုးပမ်းရဦးမည် ဖြစ်သည်။
ညွန့်ပေါင်းအဖွဲ့သို့ ပါဝင်မည့် ပါတီသစ်များမှာ Prachachat၊ Seri Ruam Thai၊ Plung Sungkom Mai၊ Party of Thai Counties၊ Pue Thai Rumphlang နှင့် Chartpattana Kla တို့ ဖြစ်ကြသည်။
နိုင်ငံရေး သောင်မတင်ရေမကျ အခြေအနေကို ဖျူထိုင်းပါတီက ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ချိုနန်က ပြောပြီး ပါတီ၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း အသက် ၆၀ ရှိ အိမ်ခြံမြေလုပ်ငန်းရှင် ဆရတ်သာ သာဗီဆင်းကို မဲပေးမှုအတွင်း ရွေးကောက်တင်မြှောက်ရန် လွှတ်တော်အမတ်များအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုအတွက် တောင်းဆိုသွားခဲ့သည်။

👍5😁2🔥1
စစ်တပ်ကအာဏာသိမ်းပြီးနောက် မြိတ်မြို့တွင် အနုကြမ်းစီးလုယက်မှုများ မကြာခဏဖြစ်ပွားနေ
❤3👍2🔥2😱1