Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​စစ်တွေတွင် စက်လှေ တိမ်းမှောက်မှုကြောင့် လူ ၁၇ ဦး သေဆုံး
=====================

ရခိုင်ပြည်နယ်မှ ထွက်လာသော ရိုဟင်ဂျာဒုက္ခသည်များကို တင်ဆောင်ထားသည့် စက်လှေတစ်စင်းသည် ယခုသီတင်းပတ်အတွင်း ပင်လယ်ပြင်၌ တိမ်းမှောက်ရာမှ လူ ၁၇ ဦး အနည်းဆုံး သေဆုံးကြောင်း ကယ်ဆယ်ရေးသမားများက ဩဂုတ် ၉ ရက်တွင် ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😢3🔥1😁1
ငါန်းဇွန်မြို့နယ်အတွင်း အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
==================

ပါခွီး
(မဇ္စျိမ)။ ။ မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ် ၊ ရေလည်သောင် အနောက် ပျူရွာတွင် အင်အားဖြည့်တင်းလာသည့်တပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း မြင်းမူလင်းယုန်နက်ပြောက်ကျားတပ်ဖွဲ့ (Black Eagle Defence Force )က ဩဂုတ်လ ၁၀ရက် ယနေ့တွင် ထုတ်ပြန်သည်။

အင်အား ၄၀ ဝန်းကျင်ခန့်ပါသော အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်သားများကို ဩဂုတ်လ ၉ရက် နေ့လယ် ၁နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံးသီး လေးလုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“ကျနော် ဗုံးချတိုက်တဲ့အတွက် အိပ်ပျော်နေတဲ့ စစ်ကောင်စီတပ်သား တစ်ယောက် ပွဲချင်းပြီးသေပါတယ် ၊ ဒဏ်ရာရတာ ၂၀လောက်ရှိပြီး အဲဒီအထဲက ဒဏ်ရာပြင်းထန်တဲ့ သူတွေလည်းပါတယ်” ဟု Black Eagle Defence Force တာဝန်ခံ ဗိုလ်စံရှား က မဇ္စျိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Black Eagle Defence Force နှင့်အတူ Black Eagle Drone Force , T.G.R Women Drone Force , T.G.R People’s Defense Force , ကျောက်ဆည်ခရိုင်တပ်ရင်း(၂) ၊ ငါန်းဇွန် မြို့နယ် (ပကဖ) နှင့် ငါန်းဇွန်မီးနဂါး မဟာမိတ်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး စစ်ကောင်စီနှင့် သက်ဆိုင်သောအရာမှန်သမျှ ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် အသိပေးထားသည်။

ဇူလိုင်လ ၂၇ရက်နေ့ကလည်း အင်အား ၅၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို Black Eagle Defence Force က လက္ကာကျေးရွာ မြောက်ဖက်တွင် ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများ သယ်ဆောင်လာသည့်ကားကို မိုင်းဆွဲထပ်မံတိုက်ခိုက်၍ သုံးဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

https://youtu.be/SP9_NlUS_wM

#mizzima
#BlackEagleDefenceForce
#ငါန်းဇွန်မြို့နယ်
#ရေလည်သောင်
#ဒရုန်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5👍3❤1👏1🥱1
​​ရေစကြိုတွင် ၂ ရက်ဆက်တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်မှ ၂ ဦးထက်မနည်းသေဆုံးဟုဆို
===================

MTO
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ရေစကြိုမြို့နယ်တွင် ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်က ဖြစ်ပွားခဲ့သည့် နှစ်ရက်ဆက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင်နှစ်ဦးထက် မနည်းသေဆုံးနိုင်ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြိုပကဖ)က သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ရေစကြိုမြို့ ခလရ ၂၅၆ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်အောင်မိုးလမ်းခွဲအနီးသို့ ကင်းပုန်းဝပ်ရန်လာစဉ် စောင့်ကြိုပစ်ခတ်ရာ နှစ်ဦးသေဆုံးသွားကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတဦးက ပြောသည်။

“ ခုနစ်ယောက်လောက်ရှိတယ်။ အောင်မိုးလမ်းခွဲမှာ ကင်းပုန်းလာဝပ်တာမှာ ကျတော်တို့ ရဲဘော်တွေက အသင့်စောင့်ဆိုင်းနေတာဖြစ်လို့ လက်ဦးမှုရယူပစ်ခတ်နိုင်ခဲ့တယ်” ဟု ၎င်းကပြောသည်။
ထိုနေရာတွင် ၁၅မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ပြန်လည်ဆုတ်ခွာသွားသည်ဟုဆိုသည်။

ဩဂုတ်လ ၉ ရက်နေ့ တွင်လည်း ရေစကြိုမြို့နယ် မြေဖြူကျေးရွာအနီးတွင်ရောက်ရှိနေသည့် အင်အား ၆၀ခန့် ပါ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပကဖက ထုတ်ပြန်သည်။ ရုတ်တရက်တိုက်ခိုက်ခံရမှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ထိုနေရာမှ ပြန်လည်ဆုတ်ခွာပြီး ကျေးရွာအနီးတွင် ပုန်းအောင်းနေခဲ့ကြောင်း၊ နေ့လည် ၂ နာရီတွင် ပြန်လည်စစ်ကြောင်းထိုးလာသည့်အတွက် ဒုတိယအကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

“ နှစ်ကြိမ်စလုံးကျတော်တို့ လက်ဦးမှုရယူတိုက်ခိုက်နိုင်ခဲ့တဲ့ အတွက် ကျတော်တို့ဘက်မှာ အထိအခိုက် မရှိခဲ့ဘူ။ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာမျိုးရှိနိုင်ပေမယ့် အသေးစိတ်တော့မသိရသေးဘူး “ ဟု ဩဂုတ်လ ၉ရက်က တိုက်ပွဲဖြစ်စဉ်ကို ရေစကြိုပကဖက ရှင်းပြသည်။

ရေစကြိုမြို့နယ်တွင်ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များ လိုက်ပါလာသည့် ကားကို ပြည်သူ့ ကာကွယ်ရေးရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး ဒဏ်ရာရရှိသွားကြောင်း ရေစကြိုပကဖကသတင်းထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

#mizzima
#ရေစကြိုမြို့နယ်
#နှစ်ရက်ဆက်တိုက်ခိုက်မှု
#ရေစကြိုပကဖ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁2❤1👏1
စစ်တပ်ပိုင်ကုန်စည် မသုံးစွဲရေး သပိတ်အင်အားစုများ စုပေါင်းတိုက်တွန်း
👍10❤1😁1💩1
စစ်တပ်ပိုင်ကုန်စည် မသုံးစွဲရေး သပိတ်အင်အားစုများ စုပေါင်းတိုက်တွန်း
====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ စစ်‌ေကာင်စီတပ်ပိုင် အရက်၊ ဘီယာ၊ စီးကရက်နှင့် အချိုရည် ကုန်စည်များကို မသုံးစွဲဘဲ ပြတ်ပြတ်သားသား သပိတ်မှောက်(Boycott) ရန် သပိတ်အင်အားစုများက စုပေါင်းတိုက်တွန်းထားသည်။

ထိုအစီအစဉ်တွင် ပြည်တွင်းပြည်ပ ပြည်သူတရပ်လုံး၊ အသက်အရွယ် ၊ ကျား မ မရွေး ပါဝင်ဆင်နွှဲနိုင်ပြီး စစ်‌ေကာင်စီ၏ ဝင်ငွေရင်းမြစ်များကို ဖြတ်တောက် ရိုက်ချိုးရန် ရည်ရွယ်ကြောင်း သိရသည်။

"အဓိက ကတော့ စီးပွားရေး မျက်နှာစာတိုက်ပွဲဖြစ်တယ် ။ စစ်အုပ်စုရဲ့ ပြည်တွင်းဝင်ငွေအရင်းအမြစ်ဖြစ်နေတဲ့ အရက်၊ ဘီယာ၊ ဆေးလိပ် စတဲ့ ထုတ်ကုန်တွေဆီက စီဆင်းနေတဲ့ ဝင်ငွေပမာဏ ဟာအင်မတန်များတဲ့ဝင်ငွေပမာဏ ဖြစ်ပါတယ်။ အဲ့ဒီ့ ဝင်ငွေတွေကနေတဆင့် ပြည်သူကို အကြမ်းဖက် ရမ်းကား သတ်ဖြတ်နေတဲ့ လက်နက်ဖိုး၊ကျည်ဆန်ဖိုးတွေအဖြစ် ဆက်လက်စီးဆင်းနေတယ်လို့ ကျွန်တော်ကတော့နားလည်တယ်" ဟု ရန်ကုန်ရှိ သပိတ်အင်အားစုတစ်ခုမှ ရဲဘော် အိုမီက မဇ္ဈိမ ကို ဖြေကြားသည်။

ပြည်သူများအနေဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ စားသုံးခြင်းမပြုရမည့် စစ်တပ်ပိုင် ကုန်စည်များမှာ မြန်မာ ဘီယာ (Myanmar Beer) ၊ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold) ၊ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon) ၊ မန္တလေး ဘီယာ၊ ရမ် (Mandalay) ၊ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout) ၊ အာမီရမ် (Army Rum)၊ Red Ruby စီးကရက် နှင့် Premium Gold စီးကရက်တို့ဖြစ်ကြောင်း ကြေညာထားသည်။
ကမ်ပိန်းတွင် အချိန် နှစ်လအတွင်း တပ်ပိုင်ကုန်စည်များ လက်ရှိစုစုပေါင်း ရောင်းအား၏ (၇၀%) အထိ ထိုးကျသွားရန် ရည်ရွယ်ကာ “ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲ” ဦးဆုံးခြေလှမ်းကို စတင်မည်ဖြစ်ကြောင်း သိရသည်။

"တော်လှန်ရေးအစကတည်းက စစ်တပ်ထုတ်ကုန်တွေကို Bcပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေ၊ခေါင်းဆောင်တွေက ဆော်ဩခဲ့တာရှိပါတယ်။ အဲ့ဒီ့တုန်းကတည်းက ဒီ အရက်တွေ၊ ဘီယာတွေ၊ဆေးလိပ်တွေ ကိုအဓိက ထားပြီး ဆော်ဩခဲ့တာဖြစ်ပါတယ်။ ယခုအချိန်အထိလည်း ဒီ ထုတ်ကုန် ဒီတံဆိပ်တွေဆီကနေပဲ စစ်အုပ်စုက ဝင်ငွေအမြောက်အမြားရရှိနေတာဖြစ်တဲ့အတွက်ကြောင့် သွေးစွန်းငွေ စီးဆင်းမှုကိုဖြတ်တောက်ဖို့ရာ ပြည်သူလူထုတစ်ရပ်လုံးက စစ်အုပ်စုရဲ့ထုတ်ကုန်တွေကို ထိထိရောက်ရောက် Boycott ပြုလုပ်ကြဖို့လိုပါတယ်" ဟု အိုမီက ဆက်ပြောသည်။

ယခု ကမ်ပိန်းသည် ဘဏ္ဍာရေးတိုက်ပွဲ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ပြည်သူလူထုက ပြတ်ပြတ်သားသား ဆန့်ကျင်၊ သပိတ်မှောက်ကာ စစ်အုပ်စု၏ ဝင်ငွေရင်းမြစ်များကို တခုချင်းစီအလိုက် တဆင့်ပြီးတဆင့် လူထုအားနှင့် လှဲဖြို၊ ဖြတ်တောက်ရန်လိုအပ်ကြောင်း သပိတ်အင်အားစုများက စုပေါင်းတိုက်တွန်းသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စစ်တပ်ပိုင်ကုန်စည်
#ကမ်ပိန်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤3😁1💩1
​​Super 30(2019)
==============

သင်္ချာဘာသာရပ် မှာ တစ်ဖက်ကမ်းခက် ထူးချွန်ပြီး အဲ့ဒီ့ဘာသာရပ်ကို အရမ်းသဘောကျတဲ့ အာနန်းကူးမားလို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်..

အာနန်က သင်္ချာဘာသာရပ်နဲ့ ပက်သက်ပီးတော့အရမ်းရူးသွပ်တဲ့သူဖြစ်တဲ့အတွက် သူတို့ရဲ့ရွာနဲ့ မိုင်တွေအများကြီး ဝေးတဲ့မြို့ကစာကြည့်တိုက်ကိုသွားပြီး နိုင်ငံခြား ဂျာနယ်တွေမှာပါတဲ့ သင်္ချာပုဒ်စာတွေရဲ့ အဖြေတွေကို အမြဲရှာလေ့ရှိတယ်…

ဒါပေမယ့် သူကအဲ့ဒီ့မြို့က ကျောင်းသားမဟုတ်တဲ့ အခါမှာ စာကြည့်တိုက်ထဲကို ဝင်ခွင့်မရပဲနဲ့ မောင်းထုတ်ခံခဲ့ရတယ်
အဲ့လိုမောင်းထုတ်တာကိုမကြည့်ရက်တဲ့ စာကြည့်တိုက်က ဝန်ထမ်းတစ်ယောက်က အာနန့်ကို စာကြည့်တိုက်ထဲ ဝင်ခွင့်ရဖို့အတွက် အကြံတစ်ခုပေးလိုက်တယ်ပေါ့….

အဲ့ဒီ့အကြံက ဘာဖြစ်မလဲ….???
"ညအချိန်မှာ ဘာလုပ်မလဲ… အိမ်မက်မက်ပါတယ်….နေ့အချိန်မှာ ဘာလုပ်လဲ ….အိမ်မက်တွေအမှန်တကယ်ဖြစ်လာအောင် လုပ်ကြပါတယ်"တဲ့ ဒါစကားကိုအာနန့်ရဲ့အဖေက ပြောခဲ့တာပါ….

ဒီစကားလေးဟာ သိပ်ကိုတန်ဖိုးရှိတဲ့ စကားလေးပါ ….အဓိပ္ပာယ်က ရိုးရိုးရှင်းရှင်းလေးနဲ့ပဲ သိပ်ကိုလေးနက်တဲ့ စကားလို့ မြင်ပါတယ်
ဘဝကို ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေရတဲ့ အာနန့်တစ်ယောက်ကိုတော့ ကံကြမ္မာက အခွင့်အရေးဆိုတာကိုမပေးခဲ့ပါဘူး...

သူ့ရဲ့အဖေကလဲ ရုတ်တရက် ဆုံးပါးသွားလို့ သူအရမ်းသဘောကျ ရူးသွပ်ခဲ့တဲ့ သင်္ချာကို စွန့်လွှတ်ပီး သူဘာတွေဆက်လုပ်မလဲ……

လူတစ်ယောက်ရဲ့စီးပွားရေးဆန်ဆန်စကားလုံးတွေ ခေါင်းထဲကိုရိုက်သွင်းခံခဲ့ရတဲ့ အာနန်ရဲ့ဘဝဟာ အပြောင်းလဲကြီးပြောင်းလဲသွားမလားဆိုတာကိုတော့ Mizzima+ Channel မှာထုတ်လွှင့်ပြသသွားမယ့် Super30 ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာ ပရိတ်သတ်တွေက စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ...

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၁၀.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၁.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍10👏2😁1
​​ဘိုင်ယန်ဟာ ကိန်းကို ခေါ်ယူဖို့ စပါးအသင်းနဲ့ သဘောတူညီမှု ရရှိ
====================

ဘိုင်ယန်မြူးနစ်အသင်းဟာ တော့တင်ဟမ်အသင်းမှ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ဘွန်ဒက်လီဂါအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ (အမေရိကန်ဒေါ်လာ သန်း ၁၁၀)ကျော်ဖြင့် ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ကြာသပတေးနေ့မှာ သတင်းတွေက ဖော်ပြပါတယ်။

တော့တင်ဟမ်ဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်းက ကိန်းဟာ စာချုပ်သက်တမ်းကုန်ဆုံးချိန် ၂၀၂၄ မှာ အလွတ်ဖြင့် ထွက်ခွာနိုင်တာကို သတိပြုပြီး မြင့်မားတဲ့ ကြေးဖြင့် တွန်းတင်ခဲ့တာကြောင့် ကလပ်အသင်းနှစ်သင်းကြား ဆွေးနွေးပွဲတွေ ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့ရတာပါ။

ဘိုင်ယန်ဟာ အသက် ၃၀ အရွယ် တိုက်စစ်မှူးအတွက် နောက်ဆုံး ကမ်းလှမ်းမှု တင်ပြခဲ့ပြီး ယူရို သန်း ၁၀၀ တန် အတားအဆီးကို ပထမဆုံးအကြိမ် ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ကလပ်နှစ်သင်းကြားက သဘောတူညီမှုကို Athletic က ပထမဆုံး သတင်းဖော်ပြခဲ့ပြီး Sky Sports နဲ့ အခြားဗြိတိသျှသတင်းဌာနတွေနဲ့ ဂျာမန်မီဒီယာအချို့က နောက်ကလိုက်ပြီး ဖော်ပြခဲ့ပါတယ်။
ဥရောပချန်ပီယံ ခြောက်ကြိမ်ရ ဘိုင်ယန်ဟာ သူတို့ရဲ့ ဥရောပပြိုင်ဘက်တွေထက် အပြောင်းအရွှေ့စရိတ်တွေမှာ ကြီးကြီးမားမားသုံးစွဲဖို့ သမိုင်းကြောင်းအရ ပိုမိုတွန့်ဆုတ်နေခဲ့တဲ့ အသင်းပါ။
ပြင်သစ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်အတွက် ၂၀၁၉ က ပေးချေခဲ့တဲ့ သူတို့ကလပ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၈၀ ကို ယူရိုသန်း ၁၀၀ ကျော်ပမာဏက ကောင်းကောင်းပဲ ကျော်ဖြတ်သွားခဲ့ပါတယ်။ ဟာနန်ဒက်ဇ်ဟာ ၂၀၂၃ မှာ ဘိုင်ယန်ကနေ ပီအက်စ်ဂျီကို ယူရို ၄၅ သန်းဖြင့် ထွက်ခွာခဲ့ပါတယ်။

ဘိုင်ယန်ဟာ ၂၀၂၁-၂၂ ရာသီကုန်မှာ ကြယ်ပွင့်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးရဲ့ ဘာစီလိုနာဆီ ထွက်ခွာသွားကတည်းက တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေခဲ့တာပါ။

ဘိုင်ယန်ဟာ မြူးနစ်မှာ လီဝန်ဒေါစကီးရဲ့ ၈ ရာသီတိုင်းမှာ ဘွန်ဒက်လီဂါကို ဆွတ်ခူးခဲ့ပြီး ပိုလန်သားဟာ ၃၇၅ ပွဲကစား ၃၄၄ ဂိုး သွင်းယူပါတယ်။

ဘာဗေးရီးယန်းတွေဟာ ပြီးခဲ့တဲ့ရာသီက လီဝန်ဒေါစကီး မရှိတော့တဲ့အတွက် ရုန်းကန်ခဲ့ရပါတယ်။

လီဝန်ဒေါစကီးဟာ မြူးနစ်မှာ သူ့ရဲ့ ၈ နှစ်တာကာလအတွင်း တစ်ရာသီလျှင် ပျမ်းမျှ ဂိုး ၃၀ သွင်းနိုင်ခဲ့ပါတယ်။ ၂၀၂၂-၂၃ မှာ ဘိုင်ယန်မြူးနစ်ကစားသမားတစ်ယောက်ကမှ လိဂ်သွင်းဂိုး ၁၅ ဂိုးထိ မသွင်းနိုင်ခဲ့ပါဘူး။

သူတို့ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ နောက်ဆုံးချန်ပီယံ မန်ချက်စတာစီးတီးတို့ရဲ့ ဖယ်ရှားတာခံရပြီး ဘွန်ဒက်လီဂါမှာလည်း ဒေါ့မွန်ကို ဂိုးကွာခြားချက်ဖြင့်သာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ကိန်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၉ ရာသီအတွင်း ၃ ကြိမ်ကလွဲလို့ လိဂ်ဂိုး ၂၀ ကျော် သွင်းယူခဲ့ကာ ရွှေဖိနပ်ဆု ၃ ကြိမ် ရရှိခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဟာလန်း (၃၆) ဂိုးနဲ့နောက် ပရီးမီးယားလိဂ် ဂိုးသွင်းဇယားမှာ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပေမယ့်လည်း ကိန်းဟာ ၂၀၂၂-၂၃ အတွင်း လိဂ်ဂိုး ၃၀ သွင်းယူခဲ့ပြီး သူ့ရဲ့အကောင်းဆုံးမှတ်ကျောက်နဲ့ တူညီခဲ့ပါတယ်။
👍9❤2🔥1
Media is too big
VIEW IN TELEGRAM
Aug - 10 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
🍌1🖕1
​​ယူကေ၏ ပထမဆုံး ဒရုန်းချောပို့စနစ်အား အော့ခ်နီးကျွန်းစု၌ စတင်ခဲ့သည့် Royal Mail ကုမ္ပဏီ
=======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2
​​အင်ဒိုနီးရှား၏ မြိုတော်က ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့အဖြစ် သတ်မှတ်ခံရ
=====================

အင်ဒိုနီးရှား၏ မြို့တော် ဂျကာတာသည် ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့အဖြစ် ဩဂုတ် ၉ ရက်က သတ်မှတ်ခံရပြီး အဆိုပါမြို့သည် မေလကတည်းက ကမ္ဘာတစ်ဝန်း လေထုအညစ်ညမ်းဆုံးသော မြို့ ၁၀ မြို့တွင် ဆက်တိုက်ပါဝင်နေခဲ့ကြောင်း ဆွစ်ဇာလန် လေထုအရည်အသွေး နည်းပညာကုမ္ပဏီ( IQAir )၏ ဒေတာအချက်အလက်များအရ သိရသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1😁1
​​နတ်တလင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၄ ဦးသေဆုံး
========================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်တွင် ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် ခန့်က ကြက်မနက်ကျေးရွာစခန်းကုန်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကာကွယ်ရေး တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့သည်ဟု Phoenix DF တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဂျူပီတာက မဇ္ဈိမကိုပြောသည်။

အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ် ရေးတပ်ရင်း ၃၈၀၁ တပ်ခွဲ (၂) Phoenix DF တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားလေးဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိပြီး အလောင်းနှင့် ဒဏ်ရာရသူများအားသယ်ဆောင်ကာ ကြက်မနက်ကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ထို့နောက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပျဉ်းမခေါင်ကျေးရွာကို စစ်ကောင်စီ တပ်ကမီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

“ပျဉ်းမခေါင်ရွာမီးရှို့ခံရတာ ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီ တပ်သားတွေက ရွာထဲမှာရှိနေဆဲဖြစ်တဲ့ အတွက်ပါ” ဟု Phoenix DF တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဂျူပီတာကပြောသည်။

မိုင်းဆွဲခံရသဖြင့်သေဆုံးသော စစ်ကောင်စီတပ်သားဦးရေနှင့်ပတ်သက်၍ မြေပြင်ဒေသခံများ၏ ပြောဆို ချက်အားကိုးကားပြီး သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏တာဝန်ရှိသူမှလည်း အတည်ပြု သည်။

“လေးဦးသေဆုံးက ဒေသခံတွေရဲ့ပြောဆိုချက်အရ ကျွန်တော်တို့အတည်ပြုပါတယ်။ ဟိုရက်ကလည်း ကြက်မနက်မှာပဲ MRF က မိုင်းဆွဲလို့ စစ်ကောင်စီတပ်သား သေဆုံးမှုဖြစ်ခဲ့ပါသေးတယ်။ ပျဉ်းမခေါင်ရွာက တော့ မီးရှို့ခံရတာ ဒီအကြိမ်က ပထမဆုံးမဟုတ်ပါဘူး” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏တာဝန်ရှိသူက ဆိုသည်။

ဩဂုတ်လ ၄ ရက်နေ့ကလည်း ကြက်မနက်ကျေးရွာဘက်မှ ပျဉ်းမခေါင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်ကို MRF-Nattalin တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲမှ ထုတ်ပြန်ထားသည်။

တိုက်ခိုက်ခံနေရသော စစ်ကောင်စီစစ်ကြောင်းသည် အင်းမမြို့အခြေစိုက် တပ်မ(၆၆)လက်အောက်ခံ တပ်ဖွဲ့တစ်ခုဖြစ်ကာ ဗိုလ်ကြီးနေမျိုးအောင် စစ်ကြောင်းမှူးအဖြစ် ဦးဆောင်လာခြင်းဖြစ်ကြောင်းသိရ သည်။

တိုက်ပွဲဖြစ်ပွားရာ ကြက်မနက်ကျေးရွာနှင့် မီးရှို့ခံရသည့် ပျဉ်းမခေါင်ကျေးရွာတို့သည် နတ်တလင်းမြို့ အရှေ့ဘက် တောင်ညိုဆည်အထက် ပဲခူးရိုးမအတွင်း၌ တည်ရှိသည်။

ပျဉ်းမခေါင်ကျေးရွာသည် အိမ်ခြေ ၅၀ ဝန်းကျင်ခန့်သာရှိသည်ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်က ရွာမှ ဖယ်ရှားရန် ဖိအားပေးမှုနှင့်အတူ မကြာခဏမီးရှို့ခြင်းခံနေရသောကြောင့် ရွာခံများသည် ပေါင်းတည်မြို့ ဘက်သို့ ရှောင်တိမ်းနေကြရပြီး မကြာသေးမီကမှ ရွာသို့ပြန်လည်ရောက်လာသူများလည်းရှိကြောင်း သိရ သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်းအနောက်ခြမ်း
#နတ်တလင်းမြို့နယ်
#Phoenix_DF

ပုံအညွှန်း - ပျဥ်းမခေါင်ကျေးရွာမှနေအိမ်ဖျက်ဆီးခံထားရပုံ (ပုံဟောင်း)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏10👍2😁2
​​စစ်ကောင်စီ ကျဉ်းထဲကျပ်ထဲ အခက်တွေ့နေပြီး ကျဆုံးတော့မည်ဟု KIO ‌ပြော
===================

အဂမ်
(မဇ္ဈိမ) ။ ။ မြန်မာပြည်တစ်ဝန်း စစ်မျက်နှာဖွင့်ထားရသော စစ်ကောင်စီသည် တစ်နေ့ထက်တစ်နေ့ ကျဆုံးနေပြီဖြစ်၍ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၏ မျှော်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်တော့မည်ဖြစ်ကြောင်း KIO ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင်က ပြောသည်။

ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ ကျရောက်သည့် ကချင်အာဇာနည်နေ့မိန့်ခွန်းတွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လအစား KIO ဒုဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင်က ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

လက်ရှိမှာ စစ်ကောင်စီကို မြန်မာပြည်သူအားလုံးကလည်း တစ်ပြိုင်နက်တည်း ခုခံတော်လှန်နေကြစဉ် ဗမာပြည်သူများ ကိုယ်တိုင်ကလည်း လက်နက်ကိုင် အဖွဲ့အစည်းများ ဖွဲ့စည်းပြီး တော်လှန်တိုက်ပွဲဝင်နေကြ သကဲ့သို့ KIO အနေဖြင့်လည်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သော အဖွဲ့များအစည်းများဖြင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် ပြည်တွင်းစစ်သည် စစ်ကောင်စီနှင့် ပြည်သူများအကြား ဖြစ်ပွားနေသည့် စစ်ပွဲဖြစ်၍ စစ်ကောင်စီက ပြည်သူ့ဘက်ကို စစ်မျက်နှာဖွင့်ပြီး လက်နက်မဲ့ အရပ်သားပြည်သူများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များကိုပါမကျန် နှိပ်စက်၊ သတ်ဖြတ်ချေမှုန်း၊ ဖျက်ဆီးနေသည့် စစ်ရာဇဝတ်မှု (War Crime) ကို ပေါ်ပေါ်တင်တင် ကျူးလွန်နေကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ယခုအခါမှာ စစ်ကောင်စီက ကျဉ်းထဲကျပ်ထဲရောက်နေပြီး အခက်တွေ့ကာ ကျဆုံးလာနေချိန် အဖွဲ့အစည်းအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့၏ ကိုယ်ကျိုးအတွက်ပဲ စစ်ကောင်စီကို ထောက်ခံအားပေးသည့် လုပ်ရပ်ကြောင့် နိုင်ငံရေးထွက်ပေါက် ရသွားမည့် စစ်ကောင်စီ၏ ခြေလှမ်းကို သတိထားကြရန်လည်း ပြောသည်။

KIO/KIA အမှုထမ်းများနှင့် ပြည်သူများအနေဖြင့် KIO ချမှတ်ထားသည့် နိုင်ငံရေးလမ်းစဉ်ကို ယုံကြည်မှုရှိရှိနှင့် ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန် KIO ဒုဥက္ကဋ္ဌကြီးက တိုက်တွန်းထားသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကို စတင်တည်ထောင်ခဲ့သော ဥက္ကဋ္ဌ GOC Lahtaw Zau Seng သည် ထိုင်းနိုင်ငံမြောက်ပိုင်း Htang Ngawp Bum တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ၁၉၇၅ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ကို ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ကချင်အာဇာနည်နေ့
#KIO
#KIA
#စစ်ကောင်စီကျဆုံး
#Mizzima

Photo - KIO ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင်

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤8😁2🤮1
ဩဂုတ်လ (၁၀) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=======================

- မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ထားဆဲဖြစ်တယ်လို့ တောင်ကိုရီးယားပြောလိုက်တဲ့သတင်း

- သံလွင်မြစ်အပါအဝင် မြစ် ၉ စင်း စိုးရိမ်ရေမှတ်အထက်ကို မြင့်တက်နေတဲ့အကြောင်း

- စစ်တွေမှာ စက်လှေနစ်မြုပ်ခဲ့တဲ့ ရိုဟင်ဂျာ ၁၇ ယောက်ရဲ့ ရုပ်အလောင်းတွေ ပြန်လည်တွေ့ရှိထားပြီး ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေတဲ့သတင်း

- ကျောက်တံခါးတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တဲ့သတင်း

- IS တိုက်ခိုက်မှုတွေထဲမှာ ပါကစ္စတန်နိုင်ငံသားတွေ ဒါဇင်နဲ့ချီပါဝင်နေတယ်လို့ အာဖဂန်တာလီဘန်တွေပြောတဲ့အကြောင်း

- မန္တလေးမှာ ယာဉ်ထိန်းရဲလိုင်းခန်း ဒုတိယအကြိမ် ဗုံးပစ်တိုက်ခိုက်ခံရတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/mW6mI1JZpIQ?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13🍌1
"တရားဥပဒေ အရ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရကပဲ ရွေးကောက်ပွဲလုပ်လို့ရတယ် "
=====================

မဇ္ဈိမ။ ။ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဩဂုတ်လ ၇ရက်နေ့ သူရဲ့ အစိုးရဖွဲ့နဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ ဥပဒေနဲ့ အညီလွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ထည့်သွင်းပြောဆိုပါတယ်။

မဲမသမာမှုရှိတယ်ဆိုပြီး အာဏာသိမ်းမှုကိုကျူးလွန်ခဲ့တဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲတစ်ခုပြုလုပ်ပြီး ပေါ်လာမယ့်အစိုးရအဖွဲ့ကို အာဏာပြန်လွှဲမယ်လို့ပြောဆိုနေတာပါ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးကတော့ ရွေးကောက်ပွဲဆိုတာ တရားဝင်အစိုးကသာလျှင်ပြုလုပ်ရတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

၂၀၀၈ဖွဲ့စည်းပုံအရ လွှတ်တော်ခေါ်ယူဖို့ လွှတ်တော်ကိုယ်စားလှယ် ၅၀ရာခိုင်နှုန်းအထက်သာလိုအပ်တာဖြစ်လို့ တပ်မတော်သား၂၅ရာခိုင်နှုန်းနဲ့ပေါင်းရင် အဆင်ပြေသလိုရွေးကောက်ပွဲလုပ်ပြီး အချိန်မရွေးလွှတ်တော်ခေါ်နိုင်တဲ့ သဘောကို စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ကာလုံမှာပြောခဲ့ပါတယ်။

ရိုက်ကူး/တည်းဖြတ်။ ။လင်းသူရိန်
စာတည်း။ ။အောင်ကျော်ဖြိုး

https://youtu.be/gGoUgUW8M78

#Mizzima
#ရွေးကောက်ပွဲ
#စစ်ကောင်စီ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🎉1
ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီကြောင့် ၂ ပတ်အတွင်း ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးဟု SHRFထုတ်ပြန်
🤬7🔥2
ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီကြောင့် ၂ ပတ်အတွင်း ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးဟု SHRFထုတ်ပြန်
======================

001
(မဇ္စျိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် စစ်ကောင်စီကြောင့် နှစ်ပတ်အတွင်း အသက် ကိုးနှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား ငါးဦးသေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်( SHRF )က ဩဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ သေဆုံးသူများမှာ အသက် ၂၅ နှစ်အရွယ်မှ အသက် ၆၀ အရွယ်အထိ ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူများတွင် အသက် ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။

ယခု ၂၀၂၃ ခုနှစ် ဇူလိုင်လ နောက်ဆုံးအပတ်နှင့် ဩဂုတ်လ ပထမပတ်တို့တွင် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ ရိုက်နှက်မှုနှင့် အုပ်စုဖွဲ့အဓမ္မကျင့်မှုပြုလုပ်ခဲ့ကြောင်း SHRF က ပြောသည်။

သေဆုံးသူများထဲမှ မူဆယ်မြို့နယ်၊ ဆိုင်းခေါင်ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဦးအိုက်လောနှင့် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည့် မန်ဟိုင်းကျေးရွာအုပ်စု တီးမကျေးရွာ ကချင်နှစ်ခြင်းအသင်းတော်မှ တူးဂျာနှင့် ဘရန်အောင်တို့၏ ရုပ်အလောင်းများကို စစ်ကောင်စီက TNLA တပ်ဖွဲ့ ယူနီဖောင်းများ ဝတ်ဆင်ပေးကာ ဓာတ်ပုံရိုက်ပြီး ၎င်းတို့၏ ဝါဒဖြန့် လူမှုကွန်ရက်များတွင် TNLAတပ်သားသုံးဦးကို အသေဖမ်းမိကြောင်း ဖော်ပြခဲ့သည်ဟု SHRFက ဆိုထားသည်။

ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီ၏ ခမရ (၅၆၉) တပ်မှ စစ်ကြောင်းသည် ကွတ်ခိုင်မြို့နယ်ရှိ ဆွန်လုံကျေးရွာသို့ ရောက်ရှိလာပြီး ညပိုင်းတွင် အဆိုပါ စစ်ကြောင်းမှ တပ်သားလေးဦးမှာ ကျေးရွာအတွင်းသို့ နှစ်ဦးစီအုပ်စုခွဲကာ ဝင်ရောက်ခဲ့ပြီး အမျိုးသမီးနှစ်ဦးကို မဖွယ်မရာ ပြုလုပ်ခြင်းနှင့် အဓမ္မပြုကျင့်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း SHRFကဖော်ပြထားသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးတွင် တစ်ဦးမှာ ကိုယ်ဝန်သုံးလရှိသည့် အသက် ၂၀ အရွယ် အမျိုးသမီးဖြစ်ပြီး ကျန်တစ်ဦးမှာ ကလေးနှစ်ဦးရှိသည့် အသက် ၃၁နှစ်အရွယ် မိခင်တစ်ဦးဖြစ်ကြောင်း သိရသည်။
“သိရသလောက်ကတော့ အဲ့ဒီစစ်သားတွေကို ရွာရှေ့မှာ လူရှေ့မှာ ထိုးကြိတ်တာတွေရှိတယ်ပေါ့။ အဲ့လို ထိုးကြိတ်ပြီးနောက်ပိုင်း ဘာမှဆက်ပြီး မလုပ်ဘူး။ ထိုးကြိတ်ပြီးသူတို့ (စစ်​ကောင်စီ စစ်​ကြောင်းမှူးနှင့်အဖွဲ့)ပြန်ခေါ်သွားတယ်။ အဲ့တာကလွဲရင် ဘာမှအရေးယူမှုမရှိဘူးလို့သိရတယ်။ ကျွန်မတို့အနေနဲ့ ပြောချင်တာကတော့ တချိန်ကျရင် စစ်ကောင်စီရဲ့ ဒီရာဇဝတ်မှုတွေ ဒီလိုမျိုးရှမ်းပြည်ထဲမှာဖြစ်ဖြစ် စစ်တပ်ရဲ့ ရာဇဝတ်မှုတွေ ကျွန်မတို့မှတ်တမ်းတင်ထားတယ်။ ဒီကာလတွေ လွန်မြောက်သွားရင် သေချာပေါက် စစ်ကောင်စီရဲ့ ကျူးလွန်ခဲ့တဲ့ လူတွေကို အရေးယူနိုင်ဖို့ ကျွန်မတို့ကြိုးစားသွားပါ့မယ်”ဟု SHRF၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်ကပြောသည်။

စစ်ကောင်စီတပ်သားများမှာ အဆိုပါ ကျေးရွာမှ ပြန်လည်မထွက်ခွာမီ ရွာလူကြီးအား အဓမ္မပြုကျင့်မှုဖြစ်စဉ်ကို သတင်းမီဒီယာများထံပြောကြားပါက ရွာကိုလက်နက်ကြီးဖြင့် ပစ်မည်ဟုခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အမျိုးသမီးနှစ်ဦး အဓမ္မပြုကျင့်ခံရမှုအပါအဝင် အရပ်သား သေဆုံး၊ ဒဏ်ရာရမှုအချက်အလက်များကို ယုံကြည်စိတ်ချရသည့် ဒေသခံများထံက ကောက်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း SHRFမှ ယိင်းလျန်းဟန်က ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး ကျေးရွာများတွင် KIAနှင့်TNLAတပ်ဖွဲ့ဝင်များရောက်ရှိနေသည်ဟုဆိုကာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု ၊ လေကြောင်းတိုက်ခိုက်မှုတို့ကို ပြုလုပ်ခဲ့ကြောင်း SHRFက ဖော်ပြထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#SHRF
#စစ်ရာဇဝတ်မှု

ပုံအညွှန်း- စစ်ကောင်စီတပ် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် နေရာများ (ဓာတ်ပုံ-SHRF)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🤬5🔥1😁1
​​ဥရောပတိုက်၏ အပူလှိုင်းကပ်ဘေးကို တားဆီးပေးခဲ့သည့် ဆိုလာစွမ်းအင်ထုတ်လုပ်ရေးစနစ်
========================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7