Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၀ ဩဂုတ် ၂၀၂၃)
========================

အကြမ်းဖက်မင်းအောင်လှိုင်မှ စီးပွားရေးမြှင့်တင်ရေး အရှိန်အဟုန်နှင့်ဆောင်ရွက်ရန် ၎င်းခန့်ထားသည့် ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များကို ပြောဆိုပြီးနောက် မြန်မာငွေတန်ဖိုးထိုးကျသွားသလို အခေါက်ရွှေဈေးနှုန်းများလည်း တက်သွားသည်ကိုတွေ့ရသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁2
ရခိုင်မှာ မိုခါကြောင့် နလန်မထူနိုင်သေးချိန် ရေဘေးနဲ့ပါ ထပ်ကြုံနေရ (ရုပ်/သံ)
====================

မဇ္ဈိမ
ဖျက်အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် စီးပွားရေးနဲ့ စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ နလန်မထူထောင် နိုင်သေးတဲ့ ရခိုင်ပြည်နယ်မှာ လက်ရှိ ရေဘေးနဲ့ပါ ထပ်မံကြုံတွေ့ နေရပါတယ်။

မြောက်ဦးမြို့ မြတန်ဆောင်းစစ်ရှောင်စခန်းမှာ မြစ်ရေဝင်ရောက်လာလို့ စခန်းတွင်းရှိ စစ်ဘေးရှောင် ၁,၂၀၀ ဝန်းကျင်ကို မြတန်ဆောင်းဘုန်းတော်ကြီးကျောင်းရှိ ပညာဒါန စာသင်ဆောင်အတွင်းကို ရွှေ့ပြောင်းခဲ့ရတယ်လို့ မြတန်ဆောင်း ဆရာတော်က မဇ္ဈိမကို မိန့်ပါတယ်။

https://youtu.be/5oHjmp-02Hw

#ရခိုင်ရေဘေး
#postmocha
#ep6
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😢2🔥1
​​အင်္ဂါဂြိုဟ်ပေါ်၌ အခက်ခဲဆုံး တောင်တက်ခရီးကို ကျော်ဖြတ်နိုင်ခဲ့သည့် “ကျူရီယိုစီတီ” စူးစမ်းလေ့လာရေးယာဉ်�
=================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8
​​ကမ္ဘာပေါ်က အဆိပ်ရှိမြွေအားလုံးထက် အစွယ်ပိုရှည်သည့် ဧရာမမြွေပွေးကြီး
===================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤8😱4❤‍🔥1
မြိုင်မြို့အထွက် စစ်ဆေးရေးဂိတ်များကို တိုက်ခိုက် စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိ
=========================

MTO
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ မြိုင်မြို့နယ်မှ မန္တလေးဘက်အထွက် စစ်ဆေးရေးဂိတ်များနှင့် ပခုက္ကူမြို့ဘက်သို့အထွက် စစ်ဆေးရေးဂိတ်များကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ဩဂုတ်လ ၈ ရက်နေ့တွင် မြို့အထွက် စစ်ဆေးရေးဂိတ်များကို ၈၀ မမ ၊ ရှော့တိုက် ၁၂၀ အဖူးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်လည်းအနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ မှ ဗိုလ် Cross က ပြောသည်။

၎င်းက “ လက်နက်ကြီးအချက်ရေ ၅၀ ကျော်လောက် ပစ်ခတ်ခဲ့တယ်၊ လက်နက်ငယ်တွေ အနီးကပ် ပစ်ခတ်တာကတော့ ၁၅ မိနစ် လောက်ပဲ ပစ်ခတ်နိုင်တယ်၊ ကျည်အင်အားမလုံလောက်လို့ ဂိတ် နှစ်ခုပေါင်း သုံး ယောက် ထိတယ်လို့ သိထားတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်ဘက်ကလည်း စက်လက်နက်များ၊ ၈၀မမ ၆၀ မမ၊ စသည့် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် ထိခိုက်မှုမရှိကြောင်း မြိုင် ပကဖ အဖွဲ့က ဆိုသည်။

ယခုစစ်ဆင်ရေးသည် အညာဒေသ မဟာဗျူဟာကြီးကြပ်ရေးအဖွဲ့ (Anyar Region Strategic & Military Command- ARSC ) အဖွဲ့၏ လမ်းညွှန်မှုဖြင့် ပထမဆုံး ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ခုဖြစ်ကြောင်း မြိုင် ပကဖ အဖွဲ့က ဆိုသည်။

အညာဒေသမဟာဗျူဟာကြီးကြပ်ရေးအဖွဲ့ (Anyar Region Strategic & Military Command - ARSC ) သည် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ များ Local PDF အဖွဲ့များ သည့် အဖွဲ့ပေါင်း ၉၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ တစ်ခုဖြစ်ပြီး အညာဒေသက စစ်ဆင်ရေးများကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေးဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဗိုလ် Cross က ဆိုသည်။

ယခုတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်အတူ ဗိုလ်လင်းမြွေ/ခရိုင်တပ်ရင်း (၁၃)၊ ဗိုလ်လင်းယုန် အဖွဲ့ ၊ MVP၊ မဟူရာအလင်းတန်း၊ ဇာမဏီ၊ M ဒေါင်းနီ၊ တုတ်ကြီး နှင့် DMG တို့ ပူးပေါင်း ပါဝင်ခဲ့ပါသည်။

စာတည်း -သန့်ဇော်(သန်လျင်)

https://youtu.be/2s1zMnO05o8

#mizzima
#ARSC
#မြိုင်မြို့နယ်
#စစ်ဆေးရေးဂိတ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👏2😁1
​​Cryano Agency
=============

တစ်ဖက်သတ်ချစ်ရတဲ့သူရှိပေမယ့် ချစ်သူဆီက အဖက်လုပ်မခံရလို့ ရည်းစားမရတဲ့သူတွေကို အတွဲ ဖြစ်အောင်လုပ်ပေးတဲ့ ခရိုင်ယန်နို အေဂျင်စီက သူတို့ရဲ့နည်းလမ်းပေါင်းစုံသုံးပြီး ခရက်ရှ်နဲ့ဇာတ်လမ်းပေါင်းစည်းနိုင်အောင်ကြိုးစားပေးသူပါ တစ်နေ့ အီဆန်းယုံတစ်ယောက် သူ့တို့​အေဂျင်စီ ဆီကို ရောက်လာတဲ့ခါ ကိုယ်စားလှယ်ဗြောင်ဟွန်းတစ်ယောက် ခါးခါးသီးသီးငြင်းဆန်ပါတော့တယ် တကယ်တန်း သူ ငြင်းဆန်ရတာ ဘာကြောင့်လဲ အီဆန်းယုံရော သူချစ်ရသူနဲ့ပေါင်းစည်းနိုင်ပါ့မလားဆိုတာ ကြည့်ရှုပေးပါဦး...

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် -
http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ 10.8.2023
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U" #kdrama
👍3😁3
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၀ ရက်ထုတ်လွှင့်မှုများ
=====================

https://youtu.be/D20ZdLsNbak

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤14👍8
This media is not supported in your browser
VIEW IN TELEGRAM
Nature Article | သင်္ဘောကသစ်က သင့်ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲ?

Watch more detail - https://youtu.be/23HzAHGJfLE

#naturearticle #စကားဝိုင်း #naturearticleshorts #reels
👍6🔥1🌭1
​​Wonderful Nightmare
==============

ငယ်စဥ်ကတည်းက အဖေဖြစ်သူက သင်္ဘောလိုက်ရင်းဆုံးပါးသွားတဲ့ အီယွန်းဝူတစ်ယောက် အဖေမျက်နှာကိုတောင်မမှတ်မိတော့တဲ့အပြင် အမေဖြစ်သူကပါ အဖေကို လွမ်းဆွေးပြီးဆုံးပါးသွားတာကြောင့် ယောကျာ်းတွေ အချစ်ဆိုတာကို စိတ်နာနေတဲ့သူပါ
ဘယ်သူမှအမှီအခိုမှယူစရာမလိုတဲ့သူဖြစ်အောင်လုပ်မယ်ဆိုပြီး ကြိုးစားခဲ့ရာကနေ နာမည်ကြီးရှေ့နေဖြစ်လာသလို စီးပွားရေးလုပ်ငန်းရှင်တွေအားကိုးရတဲ့ရှေ့နေတစ်ယောက်ပေါ့


တစ်နေ့ ကားမတော်တဆမှုဖြစ်ပွားရာကနေ သေမင်းရဲ့လွဲမှားမှုကြောင့် သေဆုံးသွားတဲ့အီယွန်းဝူဟာဆိုရင် မှားယွင်းသေဆုံးမှုကနေ ပြန်ရှင်သန်ချင်ရင် ဂန်ဆူယွန်းဆိုတဲ့ အမျိုးသမီးဘဝမှာ တစ်လတာကိုယ်စား နေထိုင်ရမှာဖြစ်ပါတယ်


ကဲ ထက်ထက်မြတ်မြတ် အမျိုးသမီးဖြစ်တဲ့ အီယွန်းဝူတစ်ယောက် ဂန်ဆူယွန်းဘဝမှာနေထိုင်တဲ့ချိန် ဘယ်လိုတွေဆက်ဖြစ်မှာလဲ


ယွန်းဝူရဲ့ အမြင်တွေရော ပြောင်းလဲသွားမှာလား ဂန်ဆူယွန်းဘဝမှာရော ဘယ်လိုအကြောင်းအရာတွေ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုပေးပါဦးနော်

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် -
http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၁၁.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍5😁2❤1
​​ဥရောပပွဲမစခင် ရိုမေးနီးယားနိုင်ငံသား ၇ ဦးကို လက်နက်လက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးခဲ့
=======================

ဂရိဘောလုံးပရိသတ်တစ်ဦး ဓားဖြင့် ထိုးခံရမှုကို ရဲတွေက ဆက်လက်စုံစမ်းနေချိန်မှာ ဂရိနဲ့ ဘူလ်ဂေးရီးယားကြား နယ်စပ်မှာ လက်နက်တွေ လက်ဝယ်ထားရှိမှုဖြင့် ရိုမေးနီးယားနိုင်ငံသား ခုနစ်ဦးကို ဖမ်းဆီးထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

AEK အေသင်နဲ့ ခရိုအေးရှားကလပ် ဒိုင်နမို ဇာဂရက်ဘ်တို့ရဲ့ ချန်ပီယံလိဂ် ခြေစစ်ပွဲမကစားခင်မှာ အင်္ဂါနေ့က အေသင်မြို့ဆင်ခြေဖုံးမှာ ပြိုင်ဘက်အသင်းအားပေးသူများကြား ရန်ဖြစ်မှုအတွင်း ဂရိပရိသတ်တစ်ဦး ဓားထိုးခံခဲ့ရပြီး သေဆုံးခဲ့ရတာပါ။
“နိုင်ငံခြားသား ၇ ဦးကို လက်နက်လက်ဝယ်ထားရှိမှုအတွက် ဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးထားပါတယ်”လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။

"ဓားနှစ်ချောင်း၊ ဆွစ်ဇာလန်စစ်တပ်သုံး ဓားတစ်လက်၊ မျက်နှာဖုံးတစ်ခု၊ လက်ဝှေ့သုံးပစ္စည်း၊ ဂျာစီတစ်ထည်နဲ့ နိုင်ငံခြားအားကစားကလပ်တစ်ခုရဲ့ လိုဂိုပါတဲ့ ပဝါတစ်ထည်"တို့ကို လက်ဝယ်တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရိုမေးနီးယားနိုင်ငံသား ခုနစ်ဦးစလုံးဟာ ဂရိကလပ် အိုလံပီယာကို့စ်နဲ့ ဘယ်လ်ဂျီယံကလပ် ဂျန့်ခ်တို့ကြား ကြာသပတေးနေ့ရဲ့ ယူရိုပါလိဂ်ခြေစစ်ပွဲကို လာရောက်ဖို့ သူတို့ရဲ့ လမ်းးပေါ်ရှိခဲ့ကြောင်း ရဲသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒိုင်နမို ဇာဂရက်ဘ်ကို အားပေးတဲ့ အစွန်းရောက် ဂိုဏ်းအဖွဲ့ Bad Blue Boys နဲ့ ဆက်နွှယ်တယ်လို့ သံသယရှိသူ Croats အုပ်စု ၉၄ ဦးအပါအဝင် လူ ၁၀၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီးဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေကို သောကြာနေ့မှ စတင်ကာ ရုံးထုတ်မှာဖြစ်ပါတယ်။
👍8🔥2
သင်္ဘောကသစ်ရဲ့အကျိုးကျေးဇူးများ
================

-သင်္ဘောကသစ်က သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-သင်္ဘောကသစ်မှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-သင်္ဘောကသစ်မှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://www.youtube.com/watch?v=23HzAHGJfLE

#Nature
#NatureArticle
#VideoNews
#MizzmaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🌭2
​​အိန္ဒိယက အာဆီယံသို့ ခြေဆန့်နိုင်ရန် မြန်မာနှင့် ရထားလမ်းချိတ်ဆက်မှု တိုးမြှင့်ဆောင်ရွက်နေ
==================

မြန်မာနိုင်ငံတွင် မျှော်လင့်တကြီး စောင့်စားခဲ့ရသည့် စစ်တွေဆိပ်ကမ်းကို ဖွင့်လှစ်ပြီးနောက် အိန္ဒိယ မီးရထားဌာနက မြန်မာနိုင်ငံနှင့် မီဇိုရမ်ပြည်နယ်ကို ချိတ်ဆက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ မြန်မာနယ်စပ်အနီး မီဇိုရမ်ပြည်နယ်ရှိ အိုက်ဇောမှ ဟဘစ်ချူဝါးအထိ ၂၂၃ ကီလိုမီတာရှည်သည့် ရထားလမ်းအတွက် အပြီးသတ် တည်နေရာတိုင်းတာမှုကို အတည်ပြုခဲ့သည်။ ယင်းစီမံကိန်း ပြီးစီးသည်နှင့်တပြိုင်နက် ကုန်းတွင်းပိတ် နီပေါနိုင်ငံနှင့် ဘူတန်နိုင်ငံတို့အတွက်လည်း အကျိုးရှိလာနိုင်ကြောင်း သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။

အဆိုပါ ရထားလမ်းသစ်သည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးတွဲဖော်ဆောင်လျက်ရှိသော ရည်မှန်းချက်ကြီးသည့် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း(KMTTP)နှင့် ချိတ်ဆက်သွားမည် ဖြစ်သည်။

ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း(KMTTP)သည် အိန္ဒိယနိုင်ငံရှိ ကုန်းတွင်းပိတ် အရှေ့မြောက်ပိုင်း ဒေသကို မြန်မာနိုင်ငံရှိ စစ်တွေဆိပ်ကမ်းနှင့် ချိတ်ဆက်ရန်နှင့် ကာလကတ္တားအပေါ် မှီခိုအားထားနေရမှုကို လျှော့ချရန် ရည်ရွယ်ချက်ဖြင့် ကြံစည်ဖော်ဆောင်နေခြင်းဖြစ်သည်။ ၎င်းဆိပ်ကမ်းသည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှ မီဇိုရမ်ပြည်နယ်သို့ စီးဆင်းလျက်ရှိပြီး နောက်ဆုံးတွင် ဘင်္ဂလားပင်လယ်အော် အတွင်းသို့ စီးဝင်သွားသည့် ကုလားတန်မြစ်ဝတွင် တည်ရှိသည်။

ထိုအကြံအစည်သည် အာဆီယံသို့ ခြေဆန့်နိုင်ရန် ရည်ရွယ်ပြီး ၆၂၃ ကီလိုမီတာ ရှည်သည့် အိန္ဒိယ-မြန်မာ ကုန်းမြေနယ်နိမိတ်နှင့် ဘင်္ဂလားပင်လယ်အော်ရှိ ၇၂၅ ကီလိုမီတာရှည်သည့် နှစ်နိုင်ငံ ရေကြောင်းနယ်နိမိတ်တို့ကို ထိန်းချုပ်ရန် ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းဦးစားပေးမူဝါဒနှင့် အရှေ့မျှော်မူဝါဒနှစ်ခုစလုံးတွင် အကျုံးဝင်သော တစ်ခုတည်းသော နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင် အိန္ဒိယ၏ ဒေသတွင်းသံခင်းတမန်ခင်း ဖော်ဆောင်ရာတွင် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တောင်အာရှနှင့် အရှေ့တောင်အာရှတို့ကို ကုန်းမြေတံတားတစ်ခုကဲ့သို့ ချိတ်ဆက်ပေးလျက်ရှိကြောင်း The Diplomat သတင်းတွင် အစောပိုင်းက ဖော်ပြခဲ့သည်။
👍7🤮3👏2
​​မန်ချက်စတာစီးတီး - ဖလားသုံးလုံး အောင်မြင်မှုကို ထပ်ခါတလဲလဲလုပ်ဖို့ 'မဖြစ်နိုင်ဘူး'လို့ ပက်ဂွာဒီယိုလာ ပြော
=======================

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာက ပြီးခဲ့တဲ့ရာသီရဲ့ ဖလားသုံးလုံး အောင်မြင်မှုကို ထပ်မံရယူဖို့ သူ့အသင်းအတွက် "မဖြစ်နိုင်ဘူး"လို့ ပြောပါတယ်။

စီးတီးဟာ ၂၀၂၂-၂၃ ရာသီမှာ အဓိကဆုဖလား သုံးလုံးဖြင့် ပြီးဆုံးခဲ့ပြီး တန်းတက်အသင်းသစ်ဖြစ်တဲ့ ဘန်လေနဲ့ သောကြာနေ့မှာ ဒီနှစ် ပရီးမီးယားလိဂ်ရာသီကို စတင်မှာဖြစ်ပါတယ်။

ဂွာဒီယိုလာက “ဒါက တစ်သက်မှာ တစ်ခါပဲရှိတာပါ။ ပြီးခဲ့တဲ့ရာသီက ကျနော်တို့လုပ်ခဲ့တဲ့အတိုင်း လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။"လို့ ပြောပါတယ်။

စီးတီးဟာ အင်္ဂလိပ် ထိပ်တန်းအဆင့် ချန်ပီယံဆု လေးကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်တဲ့ သမိုင်းတစ်လျှောက် ပထမဆုံး အသင်း ဖြစ်လာဖို့ ကြိုးပမ်းနေပါတယ်။

ဒါပေမယ့် ဂွာဒီယိုလာက လိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားကို ထပ်မံရယူဖို့ဆိုတာ ခက်ခဲလွန်းတယ်လို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့နှစ်ရာသီက အမြင့်ဆုံးတောင်ကို ကျနော်တို့ တက်ခဲ့ကြပေမယ့် ပြီးခဲ့တဲ့ နှစ်ရက်လောက်ကမှ အဲဒီကနေ ကျနော်တို့ ဆင်းလာပြီး အခု ကျနော်တို့ ပြန်စတယ်”လို့ သူက ပြောပါတယ်။

"လူတိုင်းက တူညီတဲ့ ရည်ရွယ်ချက်နဲ့ တောင်ကို တက်နိုင်သမျှ မြင့်အောင်တက်ဖို့ အခက်အခဲတွေ အများကြီးရှိလိမ့်မယ်။ ရာသီက ဘယ်လိုဖြစ်မလဲဆိုတာကို ကျနော်တို့ရဲ့ ဘောလုံး၊ အဆင့်အတန်း၊ ကျနော်တို့ရဲ့ စိတ်ဓာတ်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။"

Turf Moor ကွင်းမှာ အသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့် ကွန်ပနီရဲ့ ဘန်လေအသင်းနဲ့ ရင်ဆိုင်ရတဲ့အခါ အသင်စ်ခေါ်ယူထားတဲ့ ဂါဗာဒီယော့နဲ့ ကိုဗာဆစ်တို့ဟာ စီးတီးကို အားဖြည့်ပေးပါလိမ့်မယ်။
👍9
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( သြဂုတ်လ ၁၁ ရက်၊ ၂၀၂၃ ) | VOA On Mizzima
=======================

ရုရှားကျုးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းနိုင်ငံနဲ့ စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ မြန်မာနိုင်ငံဒီမိုကရေစီ လှုပ်ရှားမှုအကြား တူညီချက် ကွဲလွဲချက်တွေ ဘာတွေရှိပါလဲ။ သုံးသပ်နှိုင်းယှဉ်ချက်၊ နောက် အမေရိကန်ပြည်ထောင်စုမှာ လူကြည့်အများဆုံး ဖြစ်နေတဲ့ Barbie ရုပ်ရှင်ကားအကြောင်း ခေတ်ရေစီး Pop Culture သတင်း၊ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ သောကြာမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/vhME0RnqUdI

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7
သြဂုတ်လ (၁၁)ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
======================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) သဘောတူညီချက် အခြေခံမူကို အာဏာသိမ်းစစ်ကောင်စီက ချိုးဖောက်လိုက်တဲ့အတွက် NCA မရှိတော့ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောဆို လိုက်တဲ့သတင်းနဲ့အတူ အာဏာသိမ်းစစ်တပ်ပိုင် ထုတ်ကုန်ဖြစ်တဲ့ အရက်၊ ဘီယာ၊ စီးကရက်တွေရဲ့ ရောင်းအား အချိန် (၂)လအတွင်း ၇၀ ရာခိုင်နှုန်းအထိ ထိုးကျသွားဖို့ ပြည်သူတစ်ရပ်လုံး ပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းလိုက်တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍတွေအဖြစ် “ကျန်းမာသုတလူမှုဘဝ” နဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရတဲ့ ရခိုင်ပြည်နယ်ရဲ့ နောက်ဆက်တွဲအခြေအနေတွေအကြောင်းတွေကို နားဆင်ကြရမှာဖြစ်ပါတယ််။

https://youtu.be/sgb28394EXI
 
#Mizzimaradio
#Morningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁2
ယူကရိန်းနဲ့ မြန်မာ လွတ်လပ်ရေးတိုက်ပွဲများ | VOA On Mizzima
====================

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် တစ်နှစ်အကျော်မှာ ပေါ်ပေါက်လာခဲ့တဲ့ ယူကရိန်းကို ရှရှားရဲ့  ကျူးကျော်စစ်ပွဲနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို တွန်းလှန်တဲ့ စစ်ပွဲ ဘယ်လို ကွဲလွဲချက်တွေရှိသလဲ ဆိုတာကို ဟောင်ဆာက နိုင်ငံရေးလေ့လာသူတွေကို မေးမြန်းတင်ပြထားပါတယ်။ 

https://youtu.be/ILaTox_pPKg
  
#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🥴4🔥1💩1
​​11.8.2023 (Friday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
==================

Highlight

နှောင်ကြိုးဖွဲ့ ကလဲ့စား (ညနေ - ၇ နာရီ)
India Movie - Badhaai Do(ည- ၈ နာရီ)
Korea Movie -Wonderful Nightmare (ည- ၁၀ နာရီခွဲ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
ဝမ်ပေါင်
===============

ဝမ်ပေါင်နဲ့ ယမ်စီကုမ္ပဏီတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ရပ်တန့်ဖို့ သပိတ် အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။

တရုတ် ဝမ်ပေါင်ကုမ္ပဏီဟာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ အဆိုပါကုမ္ပဏီတွေရဲ့ စီမံကိန်း ဧရိယာတွေမှာ စခန်းချ၊ ကုမ္ပဏီ ကားတွေကို အသုံးပြုပြီး အနီးအနားက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့အပြင် ညအချိန်မှာ ကုမ္ပဏီဝင်းထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

https://youtu.be/Pf86gjy4eyw

#politics
#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬6😁4❤2👍2🔥2
ထိုင်းရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးအနိုင်ရပါတီက ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ တစ်စတစ်စနီးကပ်လာ
===================

https://youtu.be/stNMNnWEHXw

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6👏1
သြဂုတ်လ ၁၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===================

https://youtu.be/X275RwWsMPg

——————————-
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6