Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ပထမဆုံးအဖြစ် ထိုင်းဘုရင့်သားတော် နိုင်ငံသို့အလည်အပတ်ရောက်ရှိ
====================

https://youtu.be/7fZ5dP7fZUM

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2😁1
ဝေဝေဝါးဝါး မြန်မာ့ပညာရေး ယန္တရား
==============

သားသားက တက္ကသိုလ်ဘွဲ့ရလျှင် ဧည့်လမ်းညွှန် တိုးဂိုက်ဖြစ်ချင်ခဲ့သော်လည်း ယခုအခါ မဲဆောက်တွင် စားပွဲထိုးလုပ်နေသည်။
လုံခြုံရေးအရ နာမည်ရင်းမပြောဘဲ "သားသား"လို့သာ ပြောသော အသက် ၂၁ အရွယ် အမျိုးသမီးငယ်သည် ထိုင်းနယ်စပ်မြို့လေးကို မရောက်ခင် တနည်းအားဖြင့် မြန်မာပြည်မှာ အာဏာမသိမ်းခင်က တက္ကသိုလ်ဝင်တန်းကျောင်းသူ ဖြစ်ခဲ့သည်။

၂၀၂၁ခုနှစ် အရပ်သားနိုင်ငံရေးခေါင်းဆောင်များကို စစ်တပ်က ဖမ်းဆီးပြီးသည့်အချိန်ကစပြီး စစ်ကောင်စီ အောက်ရောက်သွားသည့် ပညာရေးစနစ်ကိုသပိတ်မှောက်ပြီး အခုချိန်ထိ CDMပြုလုပ်နေသူတဦးလည်း ဖြစ်သည်။

"အာဏာသိမ်းတာကို လုဲံးဝလက်မခံတာမို့လို့ ။ မတရားကြီးအာဏာသိမ်းခံလိုက်ရတာမို့လုံးဝလက်မခံဘူး။ ပြီးတော့ သူတို့ရဲ့ ကျွန်စနစ်ကြီးမှာ မတက်ချင်ဘူးပေါ့နော်"ဟု သားသားက မဇ္ဈိမကို ပြောသည်။

သပိတ်လှုပ်ရှားမှုများတွင်ပါဝင်ခဲ့ရာက အဖမ်းခံရနိုင်သည့် အခြေအနေတွင် ရန်ကုန်ကိုကျောခိုင်းခဲ့ရသည်။

Website Link >>>>>> http://www.mizzimaburmese.com/article/131944
👍10😢2
လူကြည့်အများဆုံး Barbie ရုပ်ရှင် “Pop Culture” | VOA On Mizzima
  ==================

https://youtu.be/1z_MfzMBS5Y
  
#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5
Media is too big
VIEW IN TELEGRAM
ထိုင်းရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးအနိုင်ရပါတီက ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ တစ်စတစ်စနီးကပ်လာ

#InternationalNews #reels #shorts #Thailand #Mizzima
NCA အပစ်ရပ်စာချုပ်ကို လိုက်နာစရာ လိုက်နာစရာအကြောင်းမရှိဘူးလို့ KNU ပြော
=====================

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)မှာ ပါဝင်လက်မှတ်ရေး ထိုးထားပေမယ့် စစ်ကောင်စီရဲ့ စာချုပ်စည်းကမ်းဖောက်ဖျက်မှုကြောင့် လိုက်နာစရာအကြောင်းမရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောကြားလိုက်ပါတယ်။

သြဂုတ် ၁၀ ရက်နေ့က ပြုလုပ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြားသွားတာဖြစ်ပါတယ်။

NCA ရဲ့ အခန်း (၁) အခြေခံမူဟာ NCA တစ်ခုလုံးရဲ့ နှလုံးသားဖြစ်ပြီး ဒါကို စစ်တပ်က ဖျက်ဆီးလိုက်တဲ့အတွက် ဒီစာချုပ်ဟာ မရှိတော့ဘူးလို့ သူကပြောပါတယ်။

ဒါ့ကြောင့် NCA ကိုအသုံးပြုပြီး နိုင်ငံတကာကို လှည့်စားတာဖြစ်စေ၊ ပြည်သူလူထုကို လှည့်စားတာဖြစ်စေ လုပ်တဲ့ကိစ္စတွေမှာ ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ဘာမှမဆိုင်ဘူးလို့ ပဒိုစောတာဒိုမှူးက ပြောပါတယ်။

NCA စာချုပ်ရဲ့ အခန်း ၁ အခြေခံမူမှာတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့ဖြေရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်နိုင်ရေး ၊တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ထူထောင်ရေး စတာတွေ အပါအဝင် အချက် ၁၁ ချက် ပါဝင်ပါတယ်။

ဒါ့အပြင် ပြည်သူတစ်ရပ်လုံးရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေးနဲ့ ပြည်သူ့ဘဝမြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားဖို့ဆိုတဲ့ အခြေခံမူလည်း ပါဝင်နေပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က တချို့သော EAO တွေအနေနဲ့ NCA စာချုပ်သဘောတူညီချက်တွေကို လိုက်နာတာမရှိဘဲ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်နေတာကြောင့် PDF အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပိုမိုဆိုးရွားလာခဲ့တယ်လို့ စွပ်စွဲအပြစ်ဖို့ထားတာပါ။

ဒီအတွက်ကြောင့် အချို့ဒေသတွေမှာ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့တယ်လို့ စစ်ခေါင်းဆောင် မင်းအောင် လှိုင်က ဩဂုတ် ၇ ရက်နေ့မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်က သူ့ရဲ့ နိုင်ငံရေးဦးတည်ချက်မှာ “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး” လို့ ချမှတ်ထားတာတွေ့ရပါတယ်။
စစ်ခေါင်းဆောင်က အပစ်ရပ်စာချုပ်ကို အလေးထားတယ်လို့ ပြောဆိုနေပေမဲ့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းပြီးတဲ့နောက် ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲပေါင်းရာချီ ဖြစ်ခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးကတည်းက ကရင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၄၈၀ ကျော် ရှိနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
KNU ဟာ အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးတုန်းကရော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပါ တက်တက်ကြွကြွပါဝင်ခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ PDF တွေကို ကူညီနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

အခုနှစ် ပထမ ၆ လတာအတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း အကြိမ် ၂၀၀၀ ကျော်အထိ ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

https://youtu.be/TnJmUFLTkug
 
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11
Media is too big
VIEW IN TELEGRAM
ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ပထမဆုံးအဖြစ် ထိုင်းဘုရင့်သားတော် နိုင်ငံသို့အလည်အပတ်ရောက်ရှိ

#InternationalNews #reels #shorts #Thailand #Mizzima
မြောက်ဘက်ဆီရွေ့လျားလာနေတဲ့ မုန်တိုင်းအတွက် ဂျပန်နဲ့တောင်ကိုရီးယားမှာ သတိပေးချက်ထုတ်ပြန်ထား
=====================

https://youtu.be/K1z7j0lKzaY

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1
ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၇၅၈ ရက်မြောက် ချီတက်ဆန္ဒပြ (ပုံသတင်း)
=======================

ကိုခင်မောင်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယမန်နေ့ သြဂုတ်လ ၁၀ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

သပိတ်စစ်ကြောင်းသည် ဒေသတွင်းနယ်မြေမငြိမ်သက်မှုကြားမှ “သွေးမအေးတဲ့ ရွှေနွယ်သွေး”စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ၇၅၈ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ခြင်း ဖြစ်သည်။

ပုံစာ။ ။ ရွှေနွယ်သွေးသပိတ်စစ်ကြောင်း
#Mizzima
#ရွှေနွယ်သွေးသပိတ်
#ပုံသတင်း

website link >>> http://www.mizzimaburmese.com/article/131948

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6👍1
​​NCA ပြတ်ပြယ်သွားပြီဟု KNU ပြော
==================

YT
(မဇ္ဈိမ)။ ။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သည် စစ်ကောင်စီ​၏ အာဏာသိမ်းမှုကြောင့် ပျက်စီးသွားပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောသည်။

ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့တွင် KNU က (၁၇) ကြိမ်မြောက် ကွန်ဂရက်ပြီးနောက် "First 100 Days: KNU In New Era" အမည်ဖြင့် ပထမဆုံးအကြိမ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌
ပဒိုစောတာဒိုမူးက " ဒီစစ်အာဏာသိမ်းမှုကြောင့်ပဲ Nationwide Ceasefire Agreement (NCA) လည်း ပြတ်ပြတ်သွားပြီဆိုတာကို ပြောကြားလိုပါတယ်" ဟု ဆိုသည်။

KNU က NCA နှင့်ပတ်သက်၍ လိုက်နာစရာအကြောင်းမရှိတော့ကြောင်းနှင့် စစ်ကောင်စီက NCA ကို အသုံးချ၍ လှည့်ဖျားမှုများ ပြုလုပ်နေကြောင်း သတင်းထောက်များကို ပဒိုစောတာဒိုမူးက ပြောကြားသွားသည်။

"NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း(၁) အခြေခံမူကို နင်းခြေ ဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် ဒီ NCA ရဲ့ အခန်း(၁) က NCA တစ်ခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်။ အဲဒီနှလုံးသားကို ဖျက်ဆီးလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာ မရှိတော့ဘူး။ အဲဒီအတွက်ကြောင့် ဒီ NCA ကို အသုံးပြုပြီးတော့ နိုင်ငံတကာကို လှည့်စားခြင်းသော်လည်းကောင်း ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်း လုပ်တဲ့ ကိစ္စတွေကတော့ ကျနော်တို့နဲ့ ဘာမှ မဆိုင်ဘူးဆိုတာ ပြောကြားချင်ပါတယ်”ဟု ပဒိုစောတာဒိုမူးက ပြောသည်။

NCA ​၏ အခန်း (၁) အပိုဒ် (၁) အခြေခံမူများတွင် ( ခ) မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာ ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများအဆုံးသတ်နိုင်ရန်၊ နိုင်ငံရေးပြဿနာအား စစ်ရေးဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ရပ် ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်နိုင်ရန် ဟူသည့် အချက်အပြင် အခြားသဘောတူညီချက် ၁၁ ချက်ပါဝင်ပြီး စစ်ကောင်စီက အဆိုပါ NCA ​၏ အခန်း(၁) အား ဖောက်ဖျက်ခဲ့ခြင်းဖြစ်သည်ဟု KNU ကဆိုသည်။

လက်ရှိ၌ KNU သာမက မြန်မာနိုင်ငံအဝှမ်းရှိ ပြည်သူများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအသစ်၊ အခြေခံဥပဒေအသစ်ရေးဆွဲနိုင်ရေးအတွက် တိုက်ပွဲဝင်နေကြခြင်းသာဖြစ်ကြောင်း၊ KNU အနေဖြင့် ၎င်းတို့နှင့် ဗဟိုရည်မှန်းချက်တူသည့် NUG၊ NUCC တို့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပူးပေါင်းလုပ်ဆောင်မှုများရှိနေကြောင်း ပဒိုစောတာဒိုမူးက ဆိုသည်။

NCA စာချုပ်အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ ( KNU/KNLA- PC)၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) နှင့် ချင်းအမျိုးသား တပ်ဦး (CNF) စသည့် အဖွဲ့အစည်းရှစ်ခုဖြင့် လက်မှတ်ထိုးခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့က NCA တွင် ထပ်မံပါဝင်လာခဲ့သည်။

စာတည်း - မောင်ကြီး
ဓါတ်ပုံ- KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး

#mizzima
#NCA
#ပျက်စီး
#KNU
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15
Media is too big
VIEW IN TELEGRAM
လက်နက်ကိုင်ပြီး ပြည်သူအပေါ် နိုင်ထက်စီးနင်းပြုတဲ့ PDF တွေကို ဖယ်ရှားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး သတိပေး

Watch more detail - https://youtu.be/ipqBd_jHNwE

#PoliticalNews
#reels
#shorts
#MizzimaTV
👍8👏2
Media is too big
VIEW IN TELEGRAM
NCA အပစ်ရပ်စာချုပ်ကို လိုက်နာစရာ လိုက်နာစရာအကြောင်းမရှိဘူးလို့ KNU ပြော

Watch more detail - https://youtu.be/TnJmUFLTkug

#PoliticalNews #reels #shorts #MizzimaTV
👍13
နယ်မြေစိုးမိုးမှုရထားသည့် ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းတွင် တော်လှန်ရေးအင်အားစု ရှောင်တခင် စစ်ဆေး
👍15👏1