Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
အင်ဒိုနီးရှားအိမ်အကူနှိပ်စက်ခံရမှုဟာ နိုင်ငံရဲ့ တရားဥပဒေအကာအကွယ်မဲ့နေမှုကို မီးမှောင်းထိုးပြနေခြင်းဖြစ်ကြောင်း ဝေဖန်သူတွေပြော

#InternationalNews #reels #shorts #Indonesia #Mizzima
👍8👏1
Media is too big
VIEW IN TELEGRAM
မြန်မာမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ ဆိုးဝါးတဲ့ရာသီဥတုကြောင့် လူသားချင်းစာနာမှုအကူအညီများ ဆက်လက်မြင့်တက်နေ

Watch more detail - https://youtu.be/lrPwC3wE-Oo

#PoliticalNews
#reels
#shorts
#MizzimaTV
👍9❤1
ရွာငံတွင် ချိပ်ပိတ်ခံထားရသည့် နေအိမ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၂ ဦးသေဆုံး
==================

ဂျူချန်း
(မဇ္ဈ်ိမ)။ ။ ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာရှိ ချိပ်ပိတ်ခံထားရသည့် နေအိမ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရ၍ နှစ်ဦးသေဆုံးသွားကြောင်း တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၁ရက်နေ့က နွားဘန်းကြီးကျေးရွာရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်တင်မိ၏ ချိပ်ပိတ်ခံထားရသည့် နေအိမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ကျော်အား မှော်ဘုရင်စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသအတွင်းအရှိ တော်လှန်ရေးသတင်းများကို ရေးသားပေးနေသည့် Voice of Pindaya တွင် ဖော်ပြထားသည်။

“ချိပ်ပိတ်ပြီးတော့ တပ်စွဲထားတဲ့သဘောပါ။ အလစ်ဝင်တိုက်တာ နှစ်ယောက်သေတယ်။ သုံးယောက်ဒဏ်ရာရပြီးတော့ ထွက်ပြေးတယ်” ဟု မှော်ဘုရင်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်ကို ကိုးကား၍ မဇ္ဈိမ၏ သတင်းအရင်းအမြစ်က ပြောသည်။
တော်လှန်ရေးတပ်သားများ လုံခြုံသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ဩဂုတ်လ ၁၀ ရက်တွင်မှ သတင်းထုတ်ပြန်ခြင်းဟုသိရသည်။

အာဏာသိမ်းပြီးနောက် နွားဘန်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခြင်း၊ ဖမ်းဆီးခြင်းများ မကြာခဏ လုပ်ဆောင်လေ့ရှိပြီး တက်ကြွလှုပ်ရှားသူများ၏ နေအိမ် သုံးလုံးထက်မနည်း ချိပ်ပိတ်ခံထားရသည်ဟု သတင်းအရင်းအမြစ်က ပြောသည်။
“မီးရှို့တာတွေ၊ ဖမ်းဆီးတာတွေက နွားဘန်းကြီးမှာ ဖြစ်တာများတယ်။ နွားဘန်းကြီးကလည်း တော်လှန်ရေးမှာ စိတ်အားထက်သန်လို့ ပိုပြီးအဖိခံရတယ်လို့လည်း ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်ဇူလိုင်လ ၃၁ ရက် ညပိုင်းတွင်လည်း ရွာငံမြို့ ပဲယင်းတောင်နှင့် လွှစင်ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်လာကာ နေအိမ်လေးလုံးကို မီးရှို့၍ အရပ်သား သုံးဦးအား ဖမ်းဆီးခဲ့ပြီး ယနေ့အချိန်အထိ ပြန်မလွှတ်သေးကြောင်း သိရသည်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) အား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၇ ရက်၌ ဖွဲ့စည်းခဲ့ကြောင်း ဇူလိုင်လ ၂၉ ရက်တွင် ကြေညာပြီးသည့်နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် ရွာငံနှင့် ပင်းတယတို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့် တင်းကြပ်ထားကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

https://youtube.com/shorts/EhTUQeiVIj0?feature=share

#ရှမ်းပြည်နယ်
#ရွာငံမြို့နယ်
#တိုက်ခိုက်မှု
ဩဂုတ် ၁ ရက်နေ့က တိုက်ခိုက်မှုပြုလုပ်သည့်ကာကွယ်ရေးတပ်ဖွဲ့။(ရုပ်သံ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤3
​​ဖြူးမြို့နယ်ရှိ ညောင်ပင်သာရဲစခန်းတိုက်ခိုက်ခံရ၍ ရဲတပ်သား ၂ ဦးသေဆုံး
=====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရွာရှိ ရဲစခန်းအား ဩဂုတ်လ ၉ ရက် နေ့လယ် ၁ နာရီ ၂၀ မိနစ်အချိန်ခန့်က ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံး၍ လေးဦးဒဏ်ရာရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ညောင်ပင်သာ ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးခန့် ရှိနေသည့်အချိန် ရိုးမ(၁)၊ တပ်ခွဲ(၃)၊ အာဠာဝကစစ်ကြောင်းနှင့် ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းတို့က ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယစစ်ရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

"ဒဏ်ရာရ ရဲတွေကို ဖြူးဆေးရုံကိုတင်ထားတယ်။ ပြင်ပလူနာဝင်ခွင့်တောင် ပိတ်ထားတယ်ကြားတယ်။ ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် လူငယ်တချို့ကိုဖမ်းပြီး ညောင်ပင်သာရဲစခန်းမှာ ထားထားတယ်။ မိသားစုနဲ့ထိတွေ့ခွင့်မရဘူး" ဟု ၎င်းကပြောသည်။

ထိုသို့တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဖြူးမြို့နယ်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ကူများ ရောက်ရှိလာပြီး အ.ထ.က ညောင်ပင်သာနှင့် စက်ရုံကျောင်း(ဘုန်းကြီးကျောင်း) တို့တွင် တပ်စွဲကာ ယမန်‌နေ့ ဩဂုတ်လ ၁၀ ရက် ညပိုင်းတွင် ဒေသခံလေးဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့အပြင် လမ်းသွားလမ်းလာပြည်သူများကိုလည်း ရိုက်နှက်ခြင်းနှင့် စစ်ဆေးမေးမြန်းခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယခုတိုက်ခိုက်ခံရသည့် ညောင်ပင်သာရဲစခန်းသည် ဖြူးမြို့နယ်၊ ရန်ကုန်−မန္တလေး လမ်းဟောင်းအနီးရှိ ညောင်ပင်သာ‌ကျေးရွာတွင် တည်ရှိသည့် ရဲစခန်းဖြစ်သည်။

လက်ရှိတွင် တော်လှန်ရေးအင်အားစုများဘက်မှ "လမ်းများအားလုံးနေပြည်တော်သို့" စစ်ဆင်ရေး၏ တစိတ်တဒေသအဖြစ် ရန်ကုန်−မန္တလေးလမ်းဟောင်းအား နယ်မြေစိုးမိုးမှုရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုမှုများရှိလာပြီးနောက်တွင် ထိုသို့တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖြူးမြို့နယ်၏အရှေ့ဘက် စစ်တောင်းမြစ်ဝှမ်းဘေးကျေးရွာများဖြစ်သည့် အောက်ကြာအင်းရွာနှင့် အုတ်ဖြတ်ကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့များတိုက်ခိုက်ခံရပြီး သေဆုံးမှုများရှိခဲ့သည်။

အောက်ကြာအင်းကျေးရွာအား စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးကာ ဒေသခံ ခုနစ်ဦးကို သတ်ဖြတ်သွားပြီး ဖြူးမြို့နယ်အတွင်း စစ်ရေးတင်းမာလျက်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ပဲခူးတိုင်း
#ဖြူးမြို့နယ်
#ရဲစခန်း
#တိုက်ခိုက်မှု

ပုံအညွှန်း - တိုက်ခိုက်ခံရသည့် ညောင်ပင်သာရဲစခန်း။(ဓာတ်ပုံ-CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤15👍5
သြဂုတ်လ ၁၁ ရက်နေ့၊ မွန်းလွှဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=======================

အခု တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့

00:57- လက်နက်ကိုင်ပြီး ပြည်သူအပေါ် နိုင်ထက်စီးနင်းပြုတဲ့ PDF တွေကို ဖယ်ရှားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး သတိပေးတဲ့သတင်း

03:50- NCA ပြတ်ပြယ်သွားပြီဟု KNU ပြောတဲ့သတင်း

06:43- မြောက်ဘက်ဆီရွေ့လျားလာနေတဲ့ မုန်တိုင်းအတွက် ဂျပန်နဲ့တောင်ကိုရီးယားမှာ သတိပေးချက်ထုတ်ပြန်ထား တဲ့သတင်း

11:38- မြန်မာမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ ဆိုးဝါးတဲ့ရာသီဥတုကြောင့် လူသားချင်းစာနာမှုအကူအညီများ ဆက်လက်မြင့်တက်နေတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/jL2IADXFMiw

#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤2
မြန်မာနိုင်ငံတွင်းက တရုတ် ဆိုင်ဘာလိမ်လည်မှု ကွန်ရက်အတွင်းရှိ နှိပ်စက်ညှင်းပန်းမှုများနှင့် အကြမ်းဖက်မှုများ
====================

ထိုင်းနှင့်နယ်စပ် မြန်မာနိုင်ငံဘက် သောင်ရင်းမြစ်တစ်လျှောက်တွင် ဆိုင်ဘာလိမ်လည်မှုနှင့် ရိုက်စားလုပ်မှုများ အပါအဝင် ရာဇဝတ်ဂိုဏ်းများသည် မိုးဦးကျ မှိုများလို အများအပြား ရှိနေသည်။ တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ဌာနေလက်နက်ကိုင်တပ်များ မဟာမိတ်ပြုပြီး လုပ်ကိုင်နေသော ယင်း လုပ်ငန်းများသည် ဥပဒေလက်တံ အလှမ်းမမှီရာတွင် ရှိနေပြီး လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများလည်း ရောက်ရှိရန် ခဲယဉ်းနေသည်။ အဆိုပါ အလိမ်အညာ လုပ်ငန်းရပ်ဝန်းကြီးသည် ကျယ်ကျယ်ပြန့်ပြန့် လူမှောင်ခိုကုန်ကူးမှုများ၊ အတင်းအကျပ် စေခိုင်းခြင်းများနှင့် နှိပ်စက်ညှင်းပန်းမှုများ ပေါ်ထွက်လာခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်၌ နာမည်ဆိုးဖြင့် ကျော်ကြားလာတော့သည်။

Website Link - http://www.mizzimaburmese.com/article/131954

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
​​မုံရွာမြို့မှ ကိုယ်ဝန်ဆောင်အမျိုးသမီးကိုသတ်ဖြတ်မှု လူ ၆ဦးကို ပလဖဖမ်းဆီး
===============

ပါခွီး

(မဇ္စျိမ) ။ ။ မုံရွာမြို့တွင် ယမန်နေ့ ဩဂုတ်လ ၁၀ ရက်က ဖြစ်ပွားခဲ့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးကိုသတ်ပြီး ဆိုင်ကယ်နှင့် ဖုန်းလုယူသွားသည့် လက်နက်ကိုင်လူစုကို ဖမ်းဆီးစစ်ဆေးနေကြောင်း မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့ (ပလဖ)ခေါင်းဆောင် ကိုအာကူးက မဇ္စျိမကိုပြောသည်။

မုံရွာမြို့ ၊ ထန်းတော ၊အင်းဖြတ်ရပ်ကွက်ရှိ နေအိမ်တလုံးကို ယမန်နေ့ ညနေ ၃နာရီအချိန်တွင် လက်နက်ကိုင်ဆောင်ထားသူတစုက ဝင်ရောက်ပစ်ခတ်ခဲ့ရာ အသက်၂၄နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး မအေးငြိမ်းသူ သေနတ်ကျည်ထိမှန် သေဆုံးခဲ့သည်။မအေးငြိမ်းသူ၏ ယောက္ခမဖြစ်သူလည်း သေနတ်ရှပ်ထိဒဏ်ရာရရှိခဲ့ပြီး အဆိုပါလူအုပ်စုက ဆိုင်ကယ်တစီးနှင့် ဖုန်း နှစ်လုံးယူဆောင်သွားကြောင်း သိရသည်။ ထိုဖြစ်စဉ်ကို ကျူးလွန်ခဲ့သူ ခြောက်ဦးအား ဖမ်းမိထားပြီဟု ကိုအာကူးကပြောသည်။

“ကျူးလွန်တဲ့သူတွေကို ဖမ်းဆီးရမိပြီးပါပြီ။ လောလောဆယ် စစ်ဆေးနေတုန်းပါ။ အသေးစိတ်ဖြစ်စဉ်တွေကို ပြည်သူတွေကို အကုန်ချပြမှာပါ” ဟု ကိုအာကူးက ယနေ့ ဩဂုတ် ၁၁ရက် နံနက်တွင် ပြောသည်။

လူသတ်၊ပစ္စည်းလုယူခဲ့သူ ခြောက်ဦးနှင့် ပတ်သက်၍ အမည်နှင့်တကွ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ၎င်းတို့ကို အမျိုးသားညီညွတ်ရေးအစိုးရထံ လွှဲပြောင်းကာ ဥပဒေအတိုင်း စီရင်သွားမည်ဟုဆိုသည်။

ဖမ်းဆီးထားသူ ခြောက်ဦးအား စစ်ဆေးနေသည့် ရုပ်သံကို ယမန်နေ့ညတွင် ကိုအာကူးက လူမှုကွန်ရက်မှတဆင့် တိုက်ရိုက်ထုတ်လွှင်ခဲ့သည်။ သေနတ်ဖြင့်ပစ်ခတ်ခဲ့သူက ၎င်းအနေဖြင့် ကျူးလွန်မှုကို ဝန်ခံခဲ့ပြီး အသေစား သေပေးမည်ဟု ထွက်ဆိုခဲ့သည်ကို တွေ့ရသည်။ယင်းတိုက်ရိုက်ထုတ်လွှင့်ခြင်းမှာ ပြည်သူကို ပွင့်လင်းမြင်သာစွာချပြလိုခြင်းဖြစ်ပြီး ခိုးဆိုးလုနှိုက်ပြုလုပ်ပြီး ပြည်သူကို ဒုက္ခပေးနေသူများ သိရှိစေရန် ရည်ရွယ်ကြောင်း မုံရွာပလဖ ခေါင်းဆောင်က ဆက်ပြောသည်။ နောက်နာရီအနည်းငယ်အကြာတွင် ထိုရုပ်သံကို ပြန်ဖြုတ်သွားခဲ့ပြီး ဖြစ်စဉ်အား ပြည်သူကိုချပြပြီးဖြစ်သောကြောင့် ပြန်ဖျက်ခြင်းဟု ကိုအာကူးက ရှင်းပြထားသည်။

လက်ရှိ ဖမ်းဆီးထားသူ ခြောက်ဦးမှာ မုံရွာမြို့နယ်အခြေစိုက် တော်လှန်ရေးအင်အားစု လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့မှဖြစ်ကြောင်း ကနဦးသိရပြီး တပ်ဖွဲ့နာမည်နှင့် အသေးစိတ်အခြေအနေကို မဇ္စျိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။ 

မအေးငြိမ်းသူသည် မီးဖွားခါနီး ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်ပြီး ဟင်းအရောင်းဆိုင် ဖွင့်လှစ်ထားကာ အွန်လိုင်းဈေးအရောင်းအဝယ်လည်း ပြုလုပ် ကြောင်း ဒေသခံများထံမှ သိရသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအား သတ်ဖြတ်သွားသည့် လုပ်ရပ်ကို ထိတ်လန့်တုန်လှုပ်ရပြီး ပြစ်တင်ရှုတ်ချကြောင်း မုံရွာမြို့ခံများက ပြောသည်။

စာတည်း - မောင်ကြီး
ဓါတ်ပုံ - ဖေ့ဘုတ် လူမှုကွန်ယက်

#mizzima
#မုံရွာမြို့
#ကိုယ်ဝန်ဆောင်အမျိုးသမီးအသတ်ခံရ
#ဖမ်းဆီး
#မုံရှာပလဖ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22🔥4🥰2
၈၇၂ ရက်မြောက် ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ
=================

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၇၂ ရက်မြောက် ဆန္ဒပြပွဲကို ယနေ့ ဩဂုတ်လ ၁၁ရက်တွင် ချီတက်ကြသည်ဟု သိရသည်။

လူထုသပိတ်စစ်ကြောင်းသည် “လူထုအရေးတော်ပုံမှသည် တော်လှန်ရေးအောင်ပွဲဆီသို့” ဟူသည့် စာတမ်းကို ကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။

သပိတ်စစ်ကြောင်းသည် ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး တော်လှန်တရားများ ဟောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကျဆုံးခဲ့သော အာဇာနည်အပေါင်းကို ဦးညွှတ်အလေးပြုကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြသည်။

ယင်းမာပင်မြို့နယ်နှင့် ဆာလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ

ပုံအညွှန်း-ရွာပေါင်းစုံသပိတ်။(ဓာတ်ပုံ-CJ)
👍14👏1
​​တော့တင်ဟမ်နဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်း ဘိုင်ယန်မြူးနစ်မှာ ဆေးစစ်မှုခံယူဖို့ ရှိ
==================

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ တော့တင်ဟမ်အသင်းမှ ဂျာမနီကို သွားရောက်ခွင့်ပေးခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းမှာ ဆေးစစ်မှုခံယူဖို့ ရှိနေပါတယ်။

မထင်မှတ်ထားတဲ့ ပြဿနာတွေ မရှိစေဘဲ ကိန်းရဲ့ ပြောင်းရွှေ့မှုဟာ လာမယ့်အပတ်မှာ ဘွန်ဒက်လီဂါရာသီ စတင်ချိန် အချိန်မီ ပြီးမြောက်မှာဖြစ်ပါတယ်။

စပါးရဲ့ ဟယ်ရီကိန်းဟာ ဘိုင်ယန်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီသွားခဲ့တာကြောင့် ဂျာမန်မြေကို သွားပြီး ဆေးစစ်မှုခံယူသွားဖို့ဖြစ်လာတာပါ။

ကိန်းရဲ့ ပြောင်းရွှေ့ကြေးမှာ ယူရို သန်း ၁၀၀ အပြင် အပိုဆုကြေး ယူရို သန်း ၂၀ ဖြစ်ပြီး စာချုပ်သက်တမ်း မှာ ၄ နှစ်ဖြစ်ပါတယ်။ သူဟာ ဘိုင်ယန်မှာ ကျောနံပါတ် ၉ ဂျာစီကို ဝတ်ဆင်ကစားသွားမယ်လို့ သိရပါတယ်။

#Mizzima
👍6
​​စစ်တွေမြို့အနီး စက်လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၃၃ ဦးကို ဆက်လက်ရှာဖွေနေ
==================

ရောင်နီ 

(မဇ္စျိမ)။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးရှိ ပင်လယ်ပြင်တွင် စက်လှေနစ်မြုပ်မှုကြောင့် ရိုဟင်ဂျာ ၃၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ဆက်လက်ရှာဖွေနေကြောင်း ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။ 

ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်နေ့က မလေးရှားနိုင်ငံသို့သွားရောက်ရန် ရသေ့တောင်မြို့နယ်မှ ထွက်ခွာလာသော ရိုဟင်ဂျာ ၅၀ ဦး ထက်မနည်း လိုက်ပါလာသည့် စက်လှေသည် စစ်တွေမြို့ ဘာဆာရာကျေးရွာအနီးရှိ ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းသို့ စက်လှေနစ်မြုပ်ခဲ့သည်ကို ဘာဆာရာကျေးရွာ ပင်လယ်ကမ်းစပ်တွင် အသက်ရှင်လျက် မျောပါလာသည့် အမျိုးသား ရှစ်ဦးနှင့် သေဆုံးနေသည့် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းကို ဒေသခံများက တွေ့ရှိရာမှ တဆင့် သိရှိခဲ့ခြင်း ဖြစ်သည်။ 

ထို့ကြောင့် ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်နိုင်ရန် လုပ်ဆောင်ခဲ့ကြပြီး ယနေ့ သြဂုတ််လ ၁၁ ရက်နေ့အထိ ရိုဟင်ဂျာ ရုပ်အလောင်း ၁၇ လောင်းကို ပြန်လည်ဆယ်ယူထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ 

“ဒီနေ့တော့ ထပ်တွေ့တာ မရှိသေးဘူး ။ မနေ့ကအထိ တွေ့ထားတဲ့ ၁၇ လောင်းပဲ ရှိသေးတယ်။ ပျောက်နေတာ စုစုပေါင်း ၃၃ ယောက်ကျန်သေးတယ်” ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး ကိုဗျာလက မဇ္စျိမကို ပြောသည်။ 

စက်လှေနစ်မြုပ်မှုမှ ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည်မှာ ငါးရက်ခန့် ရှိလာပြီ ဖြစ်သည့်အတွက် အသက်ရှင်ရန် မျှော်လင့်ချက် အလွန်နည်းပါးလာကြောင်းလည်း ၄င်းက ဆိုသည်။ 

“ကျန်တဲ့သူတွေက မတွေ့တာ ငါးရက်လောက်ရှိပြီ။ ရေထဲမှာ နစ်တဲ့ အခါကျ ဘယ်ကမ်းမှာတင်ပြီး ဘယ်သောင်မှာကပ်မလဲ သေချာမသိဘူး။ ဖြစ်ဖို့များတာက ဆုံးပါးဖို့ ပိုများတယ်။ တပတ်ပြည့်တော့မှာဆိုတော့လေ။ အသက်ရှင်ရင်တော့ ဒီကြားထဲ အဆက်အသွယ်ရမှာပါ။ ကျွန်တော်တို့ အဖွဲ့သယ်တာတော့ ၁၇ လောင်းရှိပြီ ။ ကျန်တဲ့အဖွဲ့တွေ သယ်တာတော့ သတင်းလည်း မကြားမိဘူး တွေ့လည်း မတွေ့ဘူး ” ဟု ကိုဗျာလက ဆက်ပြောသည်။ 

စက်လှေနစ်မြုပ်မှုအတွင်း အသက်ရှင်လျက် လွတ်မြောက်လာသူ အမျိုးသားရှစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားသည့်အတွက် စက်လှေနစ်မြုပ်စဥ်က လှေပေါ်တွင် လိုက်ပါလာသူများ၏ အသေးစိတ် အခြေအနေကို မသိရှိရကြောင်းလည်း ၄င်းက ဆိုသည်။ 

လှိုင်းကြီးမှုကြောင့် နစ်မြုပ်ခဲ့သည်ဟုဆိုသည့် ရိုဟင်ဂျာများ လိုက်ပါလာသော စက်လှေမှ ပျောက်ဆုံးနေသူများအနက် အမျိုးသမီး ဆယ်ဦးနှင့် အမျိုးသား ခုနစ်ဦး၏ ရုပ်အလောင်းကို ကူညီကယ်ဆယ်ရေးအဖွဲ့က စစ်တွေမြို့ရှိ ဗေဒါရွာ၊ သဲခုံရွာအပါအ၀င် ပင်လယ်ကမ်းစပ်အနီးရှိ ကျေးရွာများတွင် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ 
 
လက်ရှိအချိန်တွင်လည်း ကျန်ရှိပျောက်ဆုံးနေသူများကို စစ်တွေမြို့ရှိ ပင်လယ်ကမ်းစပ်ကျေးရွာများနှင့် ပင်လယ်ပြင်တွင် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ 

“ကမ်းနားတ၀ိုက်ကို ပတ်ရှာတာရှိတယ်။ တစ်ခါတလေ ရေပြင်ထဲမှာ ကျွန်တော်တို့အသင်းပိုင်တဲ့ Speed Boat နဲ့ ပတ်ရှာတာရှိပါတယ်။ ရှာဖွေရေးကိုတော့ လုံး၀ရပ်လိုက်မှာ မဟုတ်ပါဘူး အကုန်တွေ့မှ ရပ်မှာပါ။ ရှာဖွေရေးအဖွဲ့တစ်ဖွဲ့လည်း သီးသန့် လွှတ်ထားပါတယ်။ ကူညီကယ်ဆယ်ရေးသွားတဲ့အခါတိုင်းလည်း ကြုံရင်ကြုံသလို ရှာဖို့ အဖွဲ့တွေကို တိုက်တွန်းထားပါတယ်” ဟု ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး ကိုဗျာလက ပြောသည်။ 

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများသည် စား၀တ်နေရေးအခက်အခဲကြောင့် ပြည်ပ အိမ်နီးချင်းနိုင်ငံများသို့ တရားမ၀င် ရေလမ်းမှတဆင့် စက်လှေများဖြင့် သွားရောက်လေ့ရှိပြီး ပင်လယ်လှိုင်းဒဏ်ကြောင့် စက်လှေနစ်မြုပ်မှုများအတွင်း မကြာခဏ အသက်ဆုံးရှုံးမှုများလည်း ကြုံတွေ့နေကြရသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#Mizzima
#ရိုဟင်ဂျာ
##ရခိုင်ပြည်နယ်
#စစ်တွေမြို့

ပုံအညွှန်း- စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသွားသည့် ရုပ်အလောင်းကို သယ်ယူနေစဥ်။ (ဓာတ်ပုံ-ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁2
​​တရုတ်က ဗြိတိန်ကို လျှပ်စစ်ကားများမှတစ်ဆင့် လျှို့ဝှက်ထောက်လှမ်းလာနိုင်ကြောင်း ဝန်ကြီးများ သတိပေး 
===================

တရုတ်နိုင်ငံမှ တင်သွင်းလာသော လျှပ်စစ်ကားများသည် ဗြိတိန်နိုင်ငံအား လျှို့ဝှက်ထောက်လှမ်းရာတွင် တရုတ်ကို အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးများက သတိပေးပြောကြားလိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁2😱1😭1
ဩဂုတ်လ (၁၁) ရက်၊ ညနေ 4 နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
 =================

-မုံရွာမြို့မှာ မီးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ဖြတ်သွားတဲ့သူတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိထားတဲ့သတင်း

-မုန်တိုင်းဒဏ်ကနေ ကင်မ်မျိုးဆက်ရဲ့ပုံတူတွေကို ဦးစားပေးကာကွယ်ဖို့ မြောက်ကိုရီးယားအမိန့်ပေးလိုက်တဲ့သတင်း

-မြန်မာမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ ဆိုးဝါးတဲ့ရာသီဥတုကြောင့် လူသားချင်းစာနာမှုအကူအညီများ ဆက်လက်မြင့်တက်နေတဲ့အကြောင်း

-ဖြူးမြို့နယ်က ညောင်ပင်သာရဲစခန်းတိုက်ခိုက်ခံရပြီး ရဲတပ်သား ၂ ယောက် သေဆုံးခဲ့တဲ့သတင်း စတဲ့ တခြားအရေးကြီးသတင်းတွေနဲ့စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/m5c_INaNwRY

#4pmnews
#Mizzimanewshour
#MizzimaTV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁1
This media is not supported in your browser
VIEW IN TELEGRAM
August - 11 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍1🍌1
​​ကျောက်တံခါးတိုက်ပွဲ၌ သေဆုံးစစ်ကောင်စီရုပ်အလောင်းများ ၂ရက်ကြာသည်အထိ ကောက်ယူနိုင်ခြင်းမရှိသေး
===================

ရွှေနွယ်
(မဇ္ဈိမ) ။ ။တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည့် ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာအနီးတွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ယခင်ရက်က တိုက်ပွဲ၌ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်၏ ရုပ်အလောင်းများအား ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်အထိ လာရောက်ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။

သမင်အင်းကုန်းကျေးရွာတွင် စစ်ကောင်စီ၏ အင်အား ၆၀ ခန့်ပါ ခမရ(၅၈၉)စစ်ကြောင်းနှင့် KNLA၊ ရိုးမစစ်ကြောင်း-၂၊ တပ်ခွဲ(၂) ပူးပေါင်းတပ်ဖွဲ့တို့ ဩဂုတ်လ ၉ ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။စစ်ကောင်စီတပ်ဘက်မှ ၃၀ ကျော်သေဆုံး၍ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၀ရက်ညတွင် ထုတ်ပြန်သည်။စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကို နှစ်ရက်ကြာမြင့်သည်အထိ စစ်ကောင်စီဘက်မှ လာရောက်ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း ကျောက်တံခါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းထံမှသိရသည်။

" ၁၀ ရက်နေ့ ည ၁၁ နာရီခွဲလောက်မှာ သမင်အင်းကုန်းအုပ်စု ကျွဲတလင်းရွာထဲကို စစ်ကောင်စီတပ်သား ၁၀၀ လောက်ရောက်လာပြီးအထိုင်ချနေတယ်။ အလောင်းတွေကတော့ အခုထိ( ယနေ့မွန်းလွဲ ၂နာရီခန့်)လာမကောက်သေးဘူး။ ပုပ်ပွ ပြူးပြဲနံဆော်နေတယ်။ ဒဏ်ရာရသူ ၂၁ ဦးကိုတော့ တောင်ငူဆေးရုံကိုပို့ထားတယ်လို့ကြားပါတယ်" ဟု ကျောက်တံခါးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်
တဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့တွင် ကျောက်တံခါးမြို့နယ်အထွက်၌ အင်အားများ တိုးမြှင့်ချထားပြီး လက်နက်ကြီးများလည်းအထိုင်ချထားကြောင်း သိရသည်။ နှစ်ဘက်တပ်ဆိုင်ထားပြီး အချိန်မရွေးတိုက်ပွဲ​ ဖြစ်ပွားနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။
ဩဂုတ်လ ၉ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီးရော လေကြောင်းပါ အသုံးပြုတိုက်ခိုက်ခဲ့သည်။ ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထူးကွန်မန်ဒိုရဲဘော်တဦးကျဆုံးကာ KNLA ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။စစ်ကောင်စီတပ်ထံမှ သေနတ် ၂၄လက်ထက်မနည်းကိုလည်း KNLA၊ PDFပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီက ယ‌နေ့ညနေအထိ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
သမင်အင်းကုန်းကျေးရွာအုပ်စုသည် ရန်ကုန်− မန္တလေးလမ်းဟောင်းပေါ်ရှိ ကျောက်တံခါးမြို့၏အရှေ့ဘက်သုံးမိုင်ခန့်အကွာတွင်တည်ရှိသည်။

"လမ်းများအားလုံးနေပြည်တော်သို့" စစ်ဆင်ရေး၏ တစိတ်တဒေသအဖြစ် ရန်ကုန်−မန္တလေးလမ်းဟောင်းအား စိုးမိုးနိုင်ရေးကြိုးပမ်းလျက်ရှိကြောင်း တော်လှန်ရေးအင်အားစုများကဇွန်လအတွင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါ လမ်းမပေါ်ရှိ ကျောက်တံခါးနှင့် ဖြူးမြို့နယ်ဧရိယာအတွင်းတိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

စာတည်း-မောင်ကြီး

#mizzima
#ကျောက်တံခါးမြို့နယ်
#သမင်အင်းကုန်းကျေးရွာ
#စစ်ရေးတင်းမာ

ပုံအညွှန်း - တိုက်ပွဲအတွင်းစစ်ကောင်စီထံမှသိမ်းဆည်းရရှိသည့်လက်နက်ခဲယမ်းများ (အထူးကွန်မန်ဒိုတပ်ရင်း-တောင်ပိုင်းတိုင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤4😁1🥱1
​​ဝမ်ပေါင်ကုမ္မဏီက ဒေသခံများ၏ မြေကွက်များကို ခြံခတ်သိမ်းယူဟုဆို
======================

MTO
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအကူအညီဖြင့် ဒေသခံများ၏ မြေကွက်များကို ခြံခတ်သိမ်းယူနေသည်ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခုဟာက စစ်တပ်(စစ်ကောင်စီတပ်ဖွဲ့)ကို လုံခြုံရေးတောင်းပြီးတော့ ဝက်မှေးကံတောရွာဟောင်းက မြေတွေကို သိမ်းယူနေတာ ။ကြိုတင်အသိပေးခြင်း ကြိုတင်ညှိနှိုင်းခြင်း မရှိဘဲ စစ်တပ်နဲ့ ပေါင်းပြီး တစ်ခါတည်း သံဇကာ ခတ်ပစ်လိုက်တာ“ ဟု ၄င်းကပြောသည်။
ဝက်မှေးကံတောရွာဟောင်းရှိ လူနေအိမ်များပါ ခြံခတ်သိမ်းယူလိုက်သည့်အထဲ ပါသွားသည်ဟု ဆိုသည်။

ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ် သိမ်းယူခဲ့သည့် မြေဧရိယာအတွင်း လူနေအိမ် ၃၅ လုံး၊ဘုန်းကြီးကျောင်း တစ်ကျောင်း နှင့် ဘိုးဘွားပိုင်မြေဧကများစွာ ပါဝင်သွားကြောင်း ဆားလင်းကြီးမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

“လတ်တလောမှာ အခြေအနေတွေကြောင့် မြေဧက ဘယ်လောက်အထိ သိမ်းယူသွားတယ်ဆိုတာကတော့ စာရင်းမကောက်နိုင်သေးဘူး “ ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
(ပအဖ)အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် ကန့်ကွက်ပြစ်တင်ကြောင်း စာထုတ်ပြန်ထားပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို တင်ပြပြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် စီမံကိန်းသဘောတူညီ ချက် စာချုပ်ပါ အချက်တစ်ချက်ဖြစ်သည့် ဒေသဖွံ့ဖြိုးရေးနှင့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးရမည့် အချက်ကို အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ လုံး၀ဆောင်ရွက်ပေးခြင်း မရှိတော့ကြောင်း ဒေသခံများထံက သိရသည်။

ဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို အခြေစိုက်စခန်း ဖွင့်ခွင့်ပြုခြင်း ၊ ကုမ္ပဏီပိုင် ကားများဖြင့် အကြိုအပို့ လုပ်ပေးခြင်း၊ စားနပ်ရိက္ခာစီစဉ်ပေးခြင်းများ ပြုလုပ်နေကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#ဝမ်ပေါင်ကုမ္ပဏီ
#စစ်ကောင်စီ

ပုံအညွှန်း-ဝမ်ပေါင်ကုမ္မဏီဆိုင်းဘုတ်။(ဓာတ်ပုံ-CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥11❤2👍1🥰1🤬1