၈၇၂ ရက်မြောက် ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ
=================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၇၂ ရက်မြောက် ဆန္ဒပြပွဲကို ယနေ့ ဩဂုတ်လ ၁၁ရက်တွင် ချီတက်ကြသည်ဟု သိရသည်။
လူထုသပိတ်စစ်ကြောင်းသည် “လူထုအရေးတော်ပုံမှသည် တော်လှန်ရေးအောင်ပွဲဆီသို့” ဟူသည့် စာတမ်းကို ကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။
သပိတ်စစ်ကြောင်းသည် ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး တော်လှန်တရားများ ဟောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျဆုံးခဲ့သော အာဇာနည်အပေါင်းကို ဦးညွှတ်အလေးပြုကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြသည်။
ယင်းမာပင်မြို့နယ်နှင့် ဆာလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ
ပုံအညွှန်း-ရွာပေါင်းစုံသပိတ်။(ဓာတ်ပုံ-CJ)

👍14👏1
တော့တင်ဟမ်နဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်း ဘိုင်ယန်မြူးနစ်မှာ ဆေးစစ်မှုခံယူဖို့ ရှိ
==================
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ တော့တင်ဟမ်အသင်းမှ ဂျာမနီကို သွားရောက်ခွင့်ပေးခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းမှာ ဆေးစစ်မှုခံယူဖို့ ရှိနေပါတယ်။
မထင်မှတ်ထားတဲ့ ပြဿနာတွေ မရှိစေဘဲ ကိန်းရဲ့ ပြောင်းရွှေ့မှုဟာ လာမယ့်အပတ်မှာ ဘွန်ဒက်လီဂါရာသီ စတင်ချိန် အချိန်မီ ပြီးမြောက်မှာဖြစ်ပါတယ်။
စပါးရဲ့ ဟယ်ရီကိန်းဟာ ဘိုင်ယန်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီသွားခဲ့တာကြောင့် ဂျာမန်မြေကို သွားပြီး ဆေးစစ်မှုခံယူသွားဖို့ဖြစ်လာတာပါ။
ကိန်းရဲ့ ပြောင်းရွှေ့ကြေးမှာ ယူရို သန်း ၁၀၀ အပြင် အပိုဆုကြေး ယူရို သန်း ၂၀ ဖြစ်ပြီး စာချုပ်သက်တမ်း မှာ ၄ နှစ်ဖြစ်ပါတယ်။ သူဟာ ဘိုင်ယန်မှာ ကျောနံပါတ် ၉ ဂျာစီကို ဝတ်ဆင်ကစားသွားမယ်လို့ သိရပါတယ်။
#Mizzima

👍6
စစ်တွေမြို့အနီး စက်လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ၃၃ ဦးကို ဆက်လက်ရှာဖွေနေ
==================
ရောင်နီ
(မဇ္စျိမ)။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးရှိ ပင်လယ်ပြင်တွင် စက်လှေနစ်မြုပ်မှုကြောင့် ရိုဟင်ဂျာ ၃၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ဆက်လက်ရှာဖွေနေကြောင်း ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်နေ့က မလေးရှားနိုင်ငံသို့သွားရောက်ရန် ရသေ့တောင်မြို့နယ်မှ ထွက်ခွာလာသော ရိုဟင်ဂျာ ၅၀ ဦး ထက်မနည်း လိုက်ပါလာသည့် စက်လှေသည် စစ်တွေမြို့ ဘာဆာရာကျေးရွာအနီးရှိ ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ စက်လှေနစ်မြုပ်ခဲ့သည်ကို ဘာဆာရာကျေးရွာ ပင်လယ်ကမ်းစပ်တွင် အသက်ရှင်လျက် မျောပါလာသည့် အမျိုးသား ရှစ်ဦးနှင့် သေဆုံးနေသည့် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းကို ဒေသခံများက တွေ့ရှိရာမှ တဆင့် သိရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်နိုင်ရန် လုပ်ဆောင်ခဲ့ကြပြီး ယနေ့ သြဂုတ််လ ၁၁ ရက်နေ့အထိ ရိုဟင်ဂျာ ရုပ်အလောင်း ၁၇ လောင်းကို ပြန်လည်ဆယ်ယူထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
“ဒီနေ့တော့ ထပ်တွေ့တာ မရှိသေးဘူး ။ မနေ့ကအထိ တွေ့ထားတဲ့ ၁၇ လောင်းပဲ ရှိသေးတယ်။ ပျောက်နေတာ စုစုပေါင်း ၃၃ ယောက်ကျန်သေးတယ်” ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး ကိုဗျာလက မဇ္စျိမကို ပြောသည်။
စက်လှေနစ်မြုပ်မှုမှ ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည်မှာ ငါးရက်ခန့် ရှိလာပြီ ဖြစ်သည့်အတွက် အသက်ရှင်ရန် မျှော်လင့်ချက် အလွန်နည်းပါးလာကြောင်းလည်း ၄င်းက ဆိုသည်။
“ကျန်တဲ့သူတွေက မတွေ့တာ ငါးရက်လောက်ရှိပြီ။ ရေထဲမှာ နစ်တဲ့ အခါကျ ဘယ်ကမ်းမှာတင်ပြီး ဘယ်သောင်မှာကပ်မလဲ သေချာမသိဘူး။ ဖြစ်ဖို့များတာက ဆုံးပါးဖို့ ပိုများတယ်။ တပတ်ပြည့်တော့မှာဆိုတော့လေ။ အသက်ရှင်ရင်တော့ ဒီကြားထဲ အဆက်အသွယ်ရမှာပါ။ ကျွန်တော်တို့ အဖွဲ့သယ်တာတော့ ၁၇ လောင်းရှိပြီ ။ ကျန်တဲ့အဖွဲ့တွေ သယ်တာတော့ သတင်းလည်း မကြားမိဘူး တွေ့လည်း မတွေ့ဘူး ” ဟု ကိုဗျာလက ဆက်ပြောသည်။
စက်လှေနစ်မြုပ်မှုအတွင်း အသက်ရှင်လျက် လွတ်မြောက်လာသူ အမျိုးသားရှစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားသည့်အတွက် စက်လှေနစ်မြုပ်စဥ်က လှေပေါ်တွင် လိုက်ပါလာသူများ၏ အသေးစိတ် အခြေအနေကို မသိရှိရကြောင်းလည်း ၄င်းက ဆိုသည်။
လှိုင်းကြီးမှုကြောင့် နစ်မြုပ်ခဲ့သည်ဟုဆိုသည့် ရိုဟင်ဂျာများ လိုက်ပါလာသော စက်လှေမှ ပျောက်ဆုံးနေသူများအနက် အမျိုးသမီး ဆယ်ဦးနှင့် အမျိုးသား ခုနစ်ဦး၏ ရုပ်အလောင်းကို ကူညီကယ်ဆယ်ရေးအဖွဲ့က စစ်တွေမြို့ရှိ ဗေဒါရွာ၊ သဲခုံရွာအပါအ၀င် ပင်လယ်ကမ်းစပ်အနီးရှိ ကျေးရွာများတွင် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင်လည်း ကျန်ရှိပျောက်ဆုံးနေသူများကို စစ်တွေမြို့ရှိ ပင်လယ်ကမ်းစပ်ကျေးရွာများနှင့် ပင်လယ်ပြင်တွင် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
“ကမ်းနားတ၀ိုက်ကို ပတ်ရှာတာရှိတယ်။ တစ်ခါတလေ ရေပြင်ထဲမှာ ကျွန်တော်တို့အသင်းပိုင်တဲ့ Speed Boat နဲ့ ပတ်ရှာတာရှိပါတယ်။ ရှာဖွေရေးကိုတော့ လုံး၀ရပ်လိုက်မှာ မဟုတ်ပါဘူး အကုန်တွေ့မှ ရပ်မှာပါ။ ရှာဖွေရေးအဖွဲ့တစ်ဖွဲ့လည်း သီးသန့် လွှတ်ထားပါတယ်။ ကူညီကယ်ဆယ်ရေးသွားတဲ့အခါတိုင်းလည်း ကြုံရင်ကြုံသလို ရှာဖို့ အဖွဲ့တွေကို တိုက်တွန်းထားပါတယ်” ဟု ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး ကိုဗျာလက ပြောသည်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများသည် စား၀တ်နေရေးအခက်အခဲကြောင့် ပြည်ပ အိမ်နီးချင်းနိုင်ငံများသို့ တရားမ၀င် ရေလမ်းမှတဆင့် စက်လှေများဖြင့် သွားရောက်လေ့ရှိပြီး ပင်လယ်လှိုင်းဒဏ်ကြောင့် စက်လှေနစ်မြုပ်မှုများအတွင်း မကြာခဏ အသက်ဆုံးရှုံးမှုများလည်း ကြုံတွေ့နေကြရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#Mizzima
#ရိုဟင်ဂျာ
##ရခိုင်ပြည်နယ်
#စစ်တွေမြို့
ပုံအညွှန်း- စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသွားသည့် ရုပ်အလောင်းကို သယ်ယူနေစဥ်။ (ဓာတ်ပုံ-ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍10😁2
တရုတ်က ဗြိတိန်ကို လျှပ်စစ်ကားများမှတစ်ဆင့် လျှို့ဝှက်ထောက်လှမ်းလာနိုင်ကြောင်း ဝန်ကြီးများ သတိပေး
===================
တရုတ်နိုင်ငံမှ တင်သွင်းလာသော လျှပ်စစ်ကားများသည် ဗြိတိန်နိုင်ငံအား လျှို့ဝှက်ထောက်လှမ်းရာတွင် တရုတ်ကို အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးများက သတိပေးပြောကြားလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
တရုတ်နိုင်ငံမှ တင်သွင်းလာသော လျှပ်စစ်ကားများသည် ဗြိတိန်နိုင်ငံအား လျှို့ဝှက်ထောက်လှမ်းရာတွင် တရုတ်ကို အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးများက သတိပေးပြောကြားလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁2😱1😭1
ဩဂုတ်လ (၁၁) ရက်၊ ညနေ 4 နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=================
-မုံရွာမြို့မှာ မီးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ဖြတ်သွားတဲ့သူတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိထားတဲ့သတင်း
-မုန်တိုင်းဒဏ်ကနေ ကင်မ်မျိုးဆက်ရဲ့ပုံတူတွေကို ဦးစားပေးကာကွယ်ဖို့ မြောက်ကိုရီးယားအမိန့်ပေးလိုက်တဲ့သတင်း
-မြန်မာမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ ဆိုးဝါးတဲ့ရာသီဥတုကြောင့် လူသားချင်းစာနာမှုအကူအညီများ ဆက်လက်မြင့်တက်နေတဲ့အကြောင်း
-ဖြူးမြို့နယ်က ညောင်ပင်သာရဲစခန်းတိုက်ခိုက်ခံရပြီး ရဲတပ်သား ၂ ယောက် သေဆုံးခဲ့တဲ့သတင်း စတဲ့ တခြားအရေးကြီးသတင်းတွေနဲ့စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါ။
https://youtu.be/m5c_INaNwRY
#4pmnews
#Mizzimanewshour
#MizzimaTV

YouTube
ဩဂုတ်လ (၁၁) ရက်၊ ညနေ 4 နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:00-မုံရွာမြို့မှာ မီးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ဖြတ်သွားတဲ့သူတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိထားတဲ့သတင်း
02:08 -မုန်တိုင်းဒဏ်ကနေ ကင်မ်မျိုးဆက်ရဲ့ပုံတူတွေကို ဦးစားပေးကာကွယ်ဖို့ မြောက်ကိုရီးယားအမိန့်ပေးလိုက်တဲ့သတင်း
06:15-မြန်မာမှာ လက…

👍7😁1
ကျောက်တံခါးတိုက်ပွဲ၌ သေဆုံးစစ်ကောင်စီရုပ်အလောင်းများ ၂ရက်ကြာသည်အထိ ကောက်ယူနိုင်ခြင်းမရှိသေး
===================
ရွှေနွယ်
(မဇ္ဈိမ) ။ ။တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည့် ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာအနီးတွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ယခင်ရက်က တိုက်ပွဲ၌ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်၏ ရုပ်အလောင်းများအား ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်အထိ လာရောက်ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။
သမင်အင်းကုန်းကျေးရွာတွင် စစ်ကောင်စီ၏ အင်အား ၆၀ ခန့်ပါ ခမရ(၅၈၉)စစ်ကြောင်းနှင့် KNLA၊ ရိုးမစစ်ကြောင်း-၂၊ တပ်ခွဲ(၂) ပူးပေါင်းတပ်ဖွဲ့တို့ ဩဂုတ်လ ၉ ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။စစ်ကောင်စီတပ်ဘက်မှ ၃၀ ကျော်သေဆုံး၍ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၀ရက်ညတွင် ထုတ်ပြန်သည်။စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကို နှစ်ရက်ကြာမြင့်သည်အထိ စစ်ကောင်စီဘက်မှ လာရောက်ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း ကျောက်တံခါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းထံမှသိရသည်။
" ၁၀ ရက်နေ့ ည ၁၁ နာရီခွဲလောက်မှာ သမင်အင်းကုန်းအုပ်စု ကျွဲတလင်းရွာထဲကို စစ်ကောင်စီတပ်သား ၁၀၀ လောက်ရောက်လာပြီးအထိုင်ချနေတယ်။ အလောင်းတွေကတော့ အခုထိ( ယနေ့မွန်းလွဲ ၂နာရီခန့်)လာမကောက်သေးဘူး။ ပုပ်ပွ ပြူးပြဲနံဆော်နေတယ်။ ဒဏ်ရာရသူ ၂၁ ဦးကိုတော့ တောင်ငူဆေးရုံကိုပို့ထားတယ်လို့ကြားပါတယ်" ဟု ကျောက်တံခါးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်
တဦးက မဇ္ဈိမကိုပြောသည်။
စစ်ကောင်စီတပ်သည် ယနေ့တွင် ကျောက်တံခါးမြို့နယ်အထွက်၌ အင်အားများ တိုးမြှင့်ချထားပြီး လက်နက်ကြီးများလည်းအထိုင်ချထားကြောင်း သိရသည်။ နှစ်ဘက်တပ်ဆိုင်ထားပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။
ဩဂုတ်လ ၉ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီးရော လေကြောင်းပါ အသုံးပြုတိုက်ခိုက်ခဲ့သည်။ ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထူးကွန်မန်ဒိုရဲဘော်တဦးကျဆုံးကာ KNLA ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။စစ်ကောင်စီတပ်ထံမှ သေနတ် ၂၄လက်ထက်မနည်းကိုလည်း KNLA၊ PDFပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီက ယနေ့ညနေအထိ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
သမင်အင်းကုန်းကျေးရွာအုပ်စုသည် ရန်ကုန်− မန္တလေးလမ်းဟောင်းပေါ်ရှိ ကျောက်တံခါးမြို့၏အရှေ့ဘက်သုံးမိုင်ခန့်အကွာတွင်တည်ရှိသည်။
"လမ်းများအားလုံးနေပြည်တော်သို့" စစ်ဆင်ရေး၏ တစိတ်တဒေသအဖြစ် ရန်ကုန်−မန္တလေးလမ်းဟောင်းအား စိုးမိုးနိုင်ရေးကြိုးပမ်းလျက်ရှိကြောင်း တော်လှန်ရေးအင်အားစုများကဇွန်လအတွင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါ လမ်းမပေါ်ရှိ ကျောက်တံခါးနှင့် ဖြူးမြို့နယ်ဧရိယာအတွင်းတိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
စာတည်း-မောင်ကြီး
#mizzima
#ကျောက်တံခါးမြို့နယ်
#သမင်အင်းကုန်းကျေးရွာ
#စစ်ရေးတင်းမာ
ပုံအညွှန်း - တိုက်ပွဲအတွင်းစစ်ကောင်စီထံမှသိမ်းဆည်းရရှိသည့်လက်နက်ခဲယမ်းများ (အထူးကွန်မန်ဒိုတပ်ရင်း-တောင်ပိုင်းတိုင်း)

👍15❤4😁1🥱1
ဝမ်ပေါင်ကုမ္မဏီက ဒေသခံများ၏ မြေကွက်များကို ခြံခတ်သိမ်းယူဟုဆို
======================
MTO
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအကူအညီဖြင့် ဒေသခံများ၏ မြေကွက်များကို ခြံခတ်သိမ်းယူနေသည်ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အခုဟာက စစ်တပ်(စစ်ကောင်စီတပ်ဖွဲ့)ကို လုံခြုံရေးတောင်းပြီးတော့ ဝက်မှေးကံတောရွာဟောင်းက မြေတွေကို သိမ်းယူနေတာ ။ကြိုတင်အသိပေးခြင်း ကြိုတင်ညှိနှိုင်းခြင်း မရှိဘဲ စစ်တပ်နဲ့ ပေါင်းပြီး တစ်ခါတည်း သံဇကာ ခတ်ပစ်လိုက်တာ“ ဟု ၄င်းကပြောသည်။
ဝက်မှေးကံတောရွာဟောင်းရှိ လူနေအိမ်များပါ ခြံခတ်သိမ်းယူလိုက်သည့်အထဲ ပါသွားသည်ဟု ဆိုသည်။
ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ် သိမ်းယူခဲ့သည့် မြေဧရိယာအတွင်း လူနေအိမ် ၃၅ လုံး၊ဘုန်းကြီးကျောင်း တစ်ကျောင်း နှင့် ဘိုးဘွားပိုင်မြေဧကများစွာ ပါဝင်သွားကြောင်း ဆားလင်းကြီးမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
“လတ်တလောမှာ အခြေအနေတွေကြောင့် မြေဧက ဘယ်လောက်အထိ သိမ်းယူသွားတယ်ဆိုတာကတော့ စာရင်းမကောက်နိုင်သေးဘူး “ ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
(ပအဖ)အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် ကန့်ကွက်ပြစ်တင်ကြောင်း စာထုတ်ပြန်ထားပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို တင်ပြပြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် စီမံကိန်းသဘောတူညီ ချက် စာချုပ်ပါ အချက်တစ်ချက်ဖြစ်သည့် ဒေသဖွံ့ဖြိုးရေးနှင့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးရမည့် အချက်ကို အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ လုံး၀ဆောင်ရွက်ပေးခြင်း မရှိတော့ကြောင်း ဒေသခံများထံက သိရသည်။
ဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို အခြေစိုက်စခန်း ဖွင့်ခွင့်ပြုခြင်း ၊ ကုမ္ပဏီပိုင် ကားများဖြင့် အကြိုအပို့ လုပ်ပေးခြင်း၊ စားနပ်ရိက္ခာစီစဉ်ပေးခြင်းများ ပြုလုပ်နေကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#ဝမ်ပေါင်ကုမ္ပဏီ
#စစ်ကောင်စီ
ပုံအညွှန်း-ဝမ်ပေါင်ကုမ္မဏီဆိုင်းဘုတ်။(ဓာတ်ပုံ-CJ)

🔥11❤2👍1🥰1🤬1
ပလက်ဝမြို့နယ်တွင် မြစ်ရေကြီး၊မြေပြိုမှုကြောင့် အဆောက်အအုံများ ပြိုကျပျက်စီး
==================
ကိုခင်မောင်
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုလားတန်မြစ်ရေကြီးခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ်ပြီး အဆောက်အအုံ ၁၇လုံးထက်မနည်း ပြိုကျပျက်စီးသွားကြောင်း ပလက်ဝခရစ်ယာန် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၇ ရက်အထိ တစ်ပတ်ကျော်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေကြီးပြီး မြေပြိုမှုများဖြစ်ပွားခဲ့ရာ နေအိမ်ပြိုကျခြင်း၊ မြေထိန်းနံရံပြိုကျခြင်း နှင့် နေအိမ်များရေမြုပ်ခြင်း၊ ရေတိုက်စားခြင်းများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပီအီးစီ ဘော်ဒါဆောင် ၊ ဧဝံဂေလိမက်သဒစ် ဘော်ဒါဆောင် အဆောက်အအုံနှင့် လူနေအိမ်ငါးလုံး ပြိုကျပျက်စီးသည့်အပြင် လူနေအိမ် ၁၁လုံး၏ မြေထိန်းနံရံများ ပြိုကျပျက်စီးခဲ့သည်ဟု ပလက်ဝခရစ်ယာန် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ၏ မှတ်တမ်းများအရ သိရသည်။
“မြေပြိုမှုကြောင့် အိမ်တိုင်တွေပျက်စီးတာ၊ မြေထိန်းနံရံတွေ ပြိုကျတာတွေလည်းရှိတယ်။ အခုကတော့ နေအိမ်ပျက်စီးနေတဲ့ ပြည်သူတွေက အသိမိတ်ဆွေတွေအိမ်မှာ နေကြပါတယ်။ မြစ်ကမ်းနားမှာရှိတဲ့ အိမ်တွေက ရေမြုပ်နေတာကြောင့် ရေဘေးလွတ်တဲ့နေရာမှာ ပြောင်းရွှေ့နေကြတယ်။ မြစ်ကမ်းနားနဲ့ အရမ်းနီးတော့ တချို့က အိမ်ခေါင်မိုးအထိ မြုပ်တာရှိတယ်” ဟု ပလက်ဝမြို့နေ ဒေသခံတစ်ဦးက မဇ္စျိမသို့ ပြောသည်။
မြေပြိုမှုကြောင့် ပလက်ဝမြို့ရှိ ပီအီးစီ ဘော်ဒါဆောင် နှစ်ထပ်ကျောင်းဆောင်လည်း ပျက်စီးသွားပြီး ဘော်ဒါကျောင်းဆောင် မပြိုကျခင်မြေသားအက်ကွဲမှု စတင်ဖြစ်ပွားသည့်အချိန်တွင် ကြိုတင်ပြောင်းရွှေ့နိုင်ခဲ့သည့်အတွက် လူထိခိုက်မှုမရှိကြောင်း ၎င်းဒေသခံထံက သိရသည်။
အဆိုပါမိုးရေကြီးမှုကြောင့် ကုလားတန်မြစ်ရေသည် ပေ ၄၀ ကျော်ခန့် မြင့်တက်လာပြီး ယနေ့ သြဂုတ်လ ၁၁ရက်အထိ ကျောက်တော်-ပလက်ဝ ဆက်သွယ်ထားသော ရေလမ်းကြောင်းမှ စက်လှေများ ရပ်နားထားဆဲဖြစ်ကြောင်း သိရသည်။
ထိုသို့ ပျက်စီးသွားသော နေအိမ်များနှင့် မြေထိန်းနံရံများ ပြန်လည်ပြုပြင် ထိန်းသိမ်းနိုင်ရန်အတွက် အခက်အခဲများ ကြုံတွေ့နေကြရပြီး ကူညီထောက်ပံ့မှုများ ပေးကြပါရန်လည်း ပလက်ဝခရစ်ယာန် လူမှု ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီက တောင်းဆိုထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ချင်းပြည်နယ်
#ပလက်ဝမြို့နယ်
#မိုးလေဝသ
ပုံအညွှန်း။ ။ ပလက်ဝမြို့တွင် ရေကြီးမြေပြို၍ ထိခိုက်ပျက်စီးသွားသောနေအိမ်များ။(ဓာတ်ပုံ-CJ)

😢7👍4🔥1
လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ
====================
001
(မဇ္စျိမ) ။ ။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် ၊နန်းကွပ်ကျေးရွာဘက်သို့ ဖြတ်သန်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းအား တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးမှုရှိပြီး ခုနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFတပ်ရင်း (၁၄) က ယမန်နေ့ဩဂုတ်လ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFဗျူဟာအမှတ် (၂)တို့ က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သုံးကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကာ ပူးပေါင်းအဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။
လွိုင်ကော်မြို့ပတ်လမ်း၊ နန်းကွပ်ရေစီးကွေ့တလျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးခြင်း၊ ယာဉ်တန်းများဖြင့် အင်အားဖြည့်တင်း ဝင်ရောက်ခြင်းတို့ကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် အနီးကပ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNDF က ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့က လွိုင်ကော်မြို့အတွင်းသို့ အင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေသည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိရှိစွာနေထိုင်သွားလာကြရန်လည်း အသိပေးထားသည်။
လွိုင်ကော်မြို့ စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်မေးမြန်းနိုင်ရန် KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်၍ မရခဲ့ပေ။
ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်အတွင်းကလည်း လွိုင်ကော်မြို့နယ်သို့ ဝင်လာသည့် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းကို ကရင်နီပူးပေါင်းအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကားသုံးစီး ပျက်စီးမှုရှိခဲ့ကြောင်းလည်း သိရသည်။
ကရင်နီပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လ အထိ တိုက်ပွဲပေါင်း ၇၆၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီယာဉ် အစီးရေ ၆၀ ကျော် ပျက်စီးမှုရှိခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFက ဩဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ကရင်နီပြည်နယ်
#လွိုင်ကော်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
ပုံအညွှန်း - KNDF

👍14😁2❤1👏1
သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
====================
https://youtu.be/8fcMqXRbodI

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍4🔥2