Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဩဂုတ်လ (၁၁) ရက်၊ ညနေ 4 နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
 =================

-မုံရွာမြို့မှာ မီးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ဖြတ်သွားတဲ့သူတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိထားတဲ့သတင်း

-မုန်တိုင်းဒဏ်ကနေ ကင်မ်မျိုးဆက်ရဲ့ပုံတူတွေကို ဦးစားပေးကာကွယ်ဖို့ မြောက်ကိုရီးယားအမိန့်ပေးလိုက်တဲ့သတင်း

-မြန်မာမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ ဆိုးဝါးတဲ့ရာသီဥတုကြောင့် လူသားချင်းစာနာမှုအကူအညီများ ဆက်လက်မြင့်တက်နေတဲ့အကြောင်း

-ဖြူးမြို့နယ်က ညောင်ပင်သာရဲစခန်းတိုက်ခိုက်ခံရပြီး ရဲတပ်သား ၂ ယောက် သေဆုံးခဲ့တဲ့သတင်း စတဲ့ တခြားအရေးကြီးသတင်းတွေနဲ့စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/m5c_INaNwRY

#4pmnews
#Mizzimanewshour
#MizzimaTV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁1
This media is not supported in your browser
VIEW IN TELEGRAM
August - 11 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍1🍌1
​​ကျောက်တံခါးတိုက်ပွဲ၌ သေဆုံးစစ်ကောင်စီရုပ်အလောင်းများ ၂ရက်ကြာသည်အထိ ကောက်ယူနိုင်ခြင်းမရှိသေး
===================

ရွှေနွယ်
(မဇ္ဈိမ) ။ ။တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည့် ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာအနီးတွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ယခင်ရက်က တိုက်ပွဲ၌ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်၏ ရုပ်အလောင်းများအား ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်အထိ လာရောက်ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။

သမင်အင်းကုန်းကျေးရွာတွင် စစ်ကောင်စီ၏ အင်အား ၆၀ ခန့်ပါ ခမရ(၅၈၉)စစ်ကြောင်းနှင့် KNLA၊ ရိုးမစစ်ကြောင်း-၂၊ တပ်ခွဲ(၂) ပူးပေါင်းတပ်ဖွဲ့တို့ ဩဂုတ်လ ၉ ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။စစ်ကောင်စီတပ်ဘက်မှ ၃၀ ကျော်သေဆုံး၍ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၀ရက်ညတွင် ထုတ်ပြန်သည်။စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကို နှစ်ရက်ကြာမြင့်သည်အထိ စစ်ကောင်စီဘက်မှ လာရောက်ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း ကျောက်တံခါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းထံမှသိရသည်။

" ၁၀ ရက်နေ့ ည ၁၁ နာရီခွဲလောက်မှာ သမင်အင်းကုန်းအုပ်စု ကျွဲတလင်းရွာထဲကို စစ်ကောင်စီတပ်သား ၁၀၀ လောက်ရောက်လာပြီးအထိုင်ချနေတယ်။ အလောင်းတွေကတော့ အခုထိ( ယနေ့မွန်းလွဲ ၂နာရီခန့်)လာမကောက်သေးဘူး။ ပုပ်ပွ ပြူးပြဲနံဆော်နေတယ်။ ဒဏ်ရာရသူ ၂၁ ဦးကိုတော့ တောင်ငူဆေးရုံကိုပို့ထားတယ်လို့ကြားပါတယ်" ဟု ကျောက်တံခါးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်
တဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့တွင် ကျောက်တံခါးမြို့နယ်အထွက်၌ အင်အားများ တိုးမြှင့်ချထားပြီး လက်နက်ကြီးများလည်းအထိုင်ချထားကြောင်း သိရသည်။ နှစ်ဘက်တပ်ဆိုင်ထားပြီး အချိန်မရွေးတိုက်ပွဲ​ ဖြစ်ပွားနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။
ဩဂုတ်လ ၉ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီးရော လေကြောင်းပါ အသုံးပြုတိုက်ခိုက်ခဲ့သည်။ ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထူးကွန်မန်ဒိုရဲဘော်တဦးကျဆုံးကာ KNLA ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။စစ်ကောင်စီတပ်ထံမှ သေနတ် ၂၄လက်ထက်မနည်းကိုလည်း KNLA၊ PDFပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီက ယ‌နေ့ညနေအထိ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
သမင်အင်းကုန်းကျေးရွာအုပ်စုသည် ရန်ကုန်− မန္တလေးလမ်းဟောင်းပေါ်ရှိ ကျောက်တံခါးမြို့၏အရှေ့ဘက်သုံးမိုင်ခန့်အကွာတွင်တည်ရှိသည်။

"လမ်းများအားလုံးနေပြည်တော်သို့" စစ်ဆင်ရေး၏ တစိတ်တဒေသအဖြစ် ရန်ကုန်−မန္တလေးလမ်းဟောင်းအား စိုးမိုးနိုင်ရေးကြိုးပမ်းလျက်ရှိကြောင်း တော်လှန်ရေးအင်အားစုများကဇွန်လအတွင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါ လမ်းမပေါ်ရှိ ကျောက်တံခါးနှင့် ဖြူးမြို့နယ်ဧရိယာအတွင်းတိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

စာတည်း-မောင်ကြီး

#mizzima
#ကျောက်တံခါးမြို့နယ်
#သမင်အင်းကုန်းကျေးရွာ
#စစ်ရေးတင်းမာ

ပုံအညွှန်း - တိုက်ပွဲအတွင်းစစ်ကောင်စီထံမှသိမ်းဆည်းရရှိသည့်လက်နက်ခဲယမ်းများ (အထူးကွန်မန်ဒိုတပ်ရင်း-တောင်ပိုင်းတိုင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤4😁1🥱1
​​ဝမ်ပေါင်ကုမ္မဏီက ဒေသခံများ၏ မြေကွက်များကို ခြံခတ်သိမ်းယူဟုဆို
======================

MTO
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအကူအညီဖြင့် ဒေသခံများ၏ မြေကွက်များကို ခြံခတ်သိမ်းယူနေသည်ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခုဟာက စစ်တပ်(စစ်ကောင်စီတပ်ဖွဲ့)ကို လုံခြုံရေးတောင်းပြီးတော့ ဝက်မှေးကံတောရွာဟောင်းက မြေတွေကို သိမ်းယူနေတာ ။ကြိုတင်အသိပေးခြင်း ကြိုတင်ညှိနှိုင်းခြင်း မရှိဘဲ စစ်တပ်နဲ့ ပေါင်းပြီး တစ်ခါတည်း သံဇကာ ခတ်ပစ်လိုက်တာ“ ဟု ၄င်းကပြောသည်။
ဝက်မှေးကံတောရွာဟောင်းရှိ လူနေအိမ်များပါ ခြံခတ်သိမ်းယူလိုက်သည့်အထဲ ပါသွားသည်ဟု ဆိုသည်။

ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ် သိမ်းယူခဲ့သည့် မြေဧရိယာအတွင်း လူနေအိမ် ၃၅ လုံး၊ဘုန်းကြီးကျောင်း တစ်ကျောင်း နှင့် ဘိုးဘွားပိုင်မြေဧကများစွာ ပါဝင်သွားကြောင်း ဆားလင်းကြီးမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

“လတ်တလောမှာ အခြေအနေတွေကြောင့် မြေဧက ဘယ်လောက်အထိ သိမ်းယူသွားတယ်ဆိုတာကတော့ စာရင်းမကောက်နိုင်သေးဘူး “ ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
(ပအဖ)အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် ကန့်ကွက်ပြစ်တင်ကြောင်း စာထုတ်ပြန်ထားပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို တင်ပြပြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် စီမံကိန်းသဘောတူညီ ချက် စာချုပ်ပါ အချက်တစ်ချက်ဖြစ်သည့် ဒေသဖွံ့ဖြိုးရေးနှင့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးရမည့် အချက်ကို အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ လုံး၀ဆောင်ရွက်ပေးခြင်း မရှိတော့ကြောင်း ဒေသခံများထံက သိရသည်။

ဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို အခြေစိုက်စခန်း ဖွင့်ခွင့်ပြုခြင်း ၊ ကုမ္ပဏီပိုင် ကားများဖြင့် အကြိုအပို့ လုပ်ပေးခြင်း၊ စားနပ်ရိက္ခာစီစဉ်ပေးခြင်းများ ပြုလုပ်နေကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#ဝမ်ပေါင်ကုမ္ပဏီ
#စစ်ကောင်စီ

ပုံအညွှန်း-ဝမ်ပေါင်ကုမ္မဏီဆိုင်းဘုတ်။(ဓာတ်ပုံ-CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥11❤2👍1🥰1🤬1
ပလက်ဝမြို့နယ်တွင် မြစ်ရေကြီး၊မြေပြိုမှုကြောင့် အဆောက်အအုံများ ပြိုကျပျက်စီး
🔥6
ပလက်ဝမြို့နယ်တွင် မြစ်ရေကြီး၊မြေပြိုမှုကြောင့် အဆောက်အအုံများ ပြိုကျပျက်စီး
==================

ကိုခင်မောင်
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုလားတန်မြစ်ရေကြီးခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ်ပြီး အဆောက်အအုံ ၁၇လုံးထက်မနည်း ပြိုကျပျက်စီးသွားကြောင်း ပလက်ဝခရစ်ယာန် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီထံက သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၇ ရက်အထိ တစ်ပတ်ကျော်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေကြီးပြီး မြေပြိုမှုများဖြစ်ပွားခဲ့ရာ နေအိမ်ပြိုကျခြင်း၊ မြေထိန်းနံရံပြိုကျခြင်း နှင့် နေအိမ်များရေမြုပ်ခြင်း၊ ရေတိုက်စားခြင်းများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပီအီးစီ ဘော်ဒါဆောင် ၊ ဧဝံဂေလိမက်သဒစ် ဘော်ဒါဆောင် အဆောက်အအုံနှင့် လူနေအိမ်ငါးလုံး ပြိုကျပျက်စီးသည့်အပြင် လူနေအိမ် ၁၁လုံး၏ မြေထိန်းနံရံများ ပြိုကျပျက်စီးခဲ့သည်ဟု ပလက်ဝခရစ်ယာန် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ၏ မှတ်တမ်းများအရ သိရသည်။

“မြေပြိုမှုကြောင့် အိမ်တိုင်တွေပျက်စီးတာ၊ မြေထိန်းနံရံတွေ ပြိုကျတာတွေလည်းရှိတယ်။ အခုကတော့ နေအိမ်ပျက်စီးနေတဲ့ ပြည်သူတွေက အသိမိတ်ဆွေတွေအိမ်မှာ နေကြပါတယ်။ မြစ်ကမ်းနားမှာရှိတဲ့ အိမ်တွေက ရေမြုပ်နေတာကြောင့် ရေဘေးလွတ်တဲ့နေရာမှာ ပြောင်းရွှေ့နေကြတယ်။ မြစ်ကမ်းနားနဲ့ အရမ်းနီးတော့ တချို့က အိမ်ခေါင်မိုးအထိ မြုပ်တာရှိတယ်” ဟု ပလက်ဝမြို့နေ ဒေသခံတစ်ဦးက မဇ္စျိမသို့ ပြောသည်။

မြေပြိုမှုကြောင့် ပလက်ဝမြို့ရှိ ပီအီးစီ ဘော်ဒါဆောင် နှစ်ထပ်ကျောင်းဆောင်လည်း ပျက်စီးသွားပြီး ဘော်ဒါကျောင်းဆောင် မပြိုကျခင်မြေသားအက်ကွဲမှု စတင်ဖြစ်ပွားသည့်အချိန်တွင် ကြိုတင်ပြောင်းရွှေ့နိုင်ခဲ့သည့်အတွက် လူထိခိုက်မှုမရှိကြောင်း ၎င်းဒေသခံထံက သိရသည်။

အဆိုပါမိုးရေကြီးမှုကြောင့် ကုလားတန်မြစ်ရေသည် ပေ ၄၀ ကျော်ခန့် မြင့်တက်လာပြီး ယနေ့ သြဂုတ်လ ၁၁ရက်အထိ ကျောက်တော်-ပလက်ဝ ဆက်သွယ်ထားသော ရေလမ်းကြောင်းမှ စက်လှေများ ရပ်နားထားဆဲဖြစ်ကြောင်း သိရသည်။

ထိုသို့ ပျက်စီးသွားသော နေအိမ်များနှင့် မြေထိန်းနံရံများ ပြန်လည်ပြုပြင် ထိန်းသိမ်းနိုင်ရန်အတွက် အခက်အခဲများ ကြုံတွေ့နေကြရပြီး ကူညီထောက်ပံ့မှုများ ပေးကြပါရန်လည်း ပလက်ဝခရစ်ယာန် လူမှု ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီက တောင်းဆိုထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ချင်းပြည်နယ်
#ပလက်ဝမြို့နယ်
#မိုးလေဝသ
ပုံအညွှန်း။ ။ ပလက်ဝမြို့တွင် ရေကြီးမြေပြို၍ ထိခိုက်ပျက်စီးသွားသောနေအိမ်များ။(ဓာတ်ပုံ-CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢7👍4🔥1
​​လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ
====================

001
(မဇ္စျိမ) ။ ။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် ၊နန်းကွပ်ကျေးရွာဘက်သို့ ဖြတ်သန်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းအား တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးမှုရှိပြီး ခုနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFတပ်ရင်း (၁၄) က ယမန်နေ့ဩဂုတ်လ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFဗျူဟာအမှတ် (၂)တို့ က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သုံးကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကာ ပူးပေါင်းအဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

လွိုင်ကော်မြို့ပတ်လမ်း၊ နန်းကွပ်ရေစီးကွေ့တလျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးခြင်း၊ ယာဉ်တန်းများဖြင့် အင်အားဖြည့်တင်း ဝင်ရောက်ခြင်းတို့ကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် အနီးကပ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNDF က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က လွိုင်ကော်မြို့အတွင်းသို့ အင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေသည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိရှိစွာနေထိုင်သွားလာကြရန်လည်း အသိပေးထားသည်။

လွိုင်ကော်မြို့ စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်မေးမြန်းနိုင်ရန် KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်၍ မရခဲ့ပေ။

ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်အတွင်းကလည်း လွိုင်ကော်မြို့နယ်သို့ ဝင်လာသည့် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းကို ကရင်နီပူးပေါင်းအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကားသုံးစီး ပျက်စီးမှုရှိခဲ့ကြောင်းလည်း သိရသည်။

ကရင်နီပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လ အထိ တိုက်ပွဲပေါင်း ၇၆၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီယာဉ် အစီးရေ ၆၀ ကျော် ပျက်စီးမှုရှိခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFက ဩဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ကရင်နီပြည်နယ်
#လွိုင်ကော်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

ပုံအညွှန်း - KNDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁2❤1👏1
သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
====================

https://youtu.be/8fcMqXRbodI

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
​​စစ်ကောင်စီစစ်ကြောင်းကြောင့် ရွှေကူမြို့နယ်် ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်နေရ
====================

KMN
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ဩဂုတ်လ ၈ ရက်မှစတင်ကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဧရာဝတီမြစ် မြစ်ကမ်းဘေးရှိ ကျေးရွာလေးရွာခန့်မှ ဒေသခံ ၂,၀၀၀ခန့်သည် ဘေးလွတ်ရာတွင် တိမ်းရှောင်‌နေကြရသည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောကိုးစီးသည် ရွှေကူမြို့နယ်တနေရာတွင် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြေပြင်မှ စစ်ကြောင်းထိုးနေခြင်းဟု ဒေသခံများကပြောသည်။

စစ်သင်္ဘောသုံးစီးပါဝင်သည့် သင်္ဘောကိုးစီးအုပ်စုသည် မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းမှ ဇူလိုင် ၂၆ ရက်မှစတင်ထွက်ခွာလာပြီး ဩဂုတ် ၇ ရက်နေ့ ရွှေကူမြို့နယ်သို့ ဝင်ရောက်ချိန်တွင် ကာကွယ်ရေးတပ်များမှ ပစ်ခတ်ခဲ့ရာသင်္ဘောတစီး ထိခိုက်ခဲ့ကြောင်း သိရသည်။ ထိုသင်္ဘောကို ရွှေကူမြို့ဆိပ်ကမ်းတွင် ပြန်လည်ပြုပြင်နေစဉ် ခြေလျင်စစ်ကြောင်းက ဧရာဝတီမြစ်ကမ်းဘေးရှိ ဆင်တပ်၊ရေလဲ၊မိုးစစ်၊သင်္ဘောအင်းစသည့် ကျေးရွာများကို စစ်ကြောင်းထိုးသည်ဟု ဒေသခံများကပြောသည်။

"အဲဘက်ရွာကလူတွေ မြို့ပေါ်မှာ တိန်းရှောင်တာလည်းရှိတယ်။ စစ်ဘေးလွတ်ရာနေရာတွေပြေးနေကြတာလည်းရှိတယ်"ဟုမြို့ခံတဦးကပြောသည်။

လက်တလောစစ်ဘေးရှောင်နေရသူဦးရေသည် ၂,၀၀၀ ခန့် ရှိကြောင်းသိရသည်။စစ်သင်္ဘောများတွင် စစ်ကောင်စီတပ်သား ၃၀၀ ခန့်ပါနိုင်ပြီး မြစ်ကမ်းဘေးတလျှောက် ကျေးရွာနေသူများ ဘေးလွတ်ရာ ရှောင်ရှားကြရန် ဒေသအခြေစိုက်မြို့လှ K-PDF က သတိပေးထားသည်။

ရွှေကူမြို့နယ်တွင် စစ်သင်္ဘောများဖြင့်လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများအပြင် တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀)တပ်ရင်းနှင့် ခမရ(၄၁၅) တပ်ရင်းကလည်း စစ်ကြောင်းထိုးခြင်း၊ ဒေသခံများအားဖမ်းဆီးခြင်း ၊ နေအိမ်များအား မီးရှို့ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မနက်ပိုင်းတွင်လည်း ရွှေကူမြို့နယ်နှင့် စင်းခန်းမြို့နယ်ကြား ဧရာ၀တီဒုတိယမြစ်ကျဉ်းနှင့်နီးကပ်သည့် ဇင်းဘုံရွာအနီးတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။ရွှေကူမြို့ဆိပ်ကမ်းတွင်ရပ်နားထားသည့် သင်္ဘောများ ဗန်းမော်မြို့သို့ ဆန်မတက်မီ လမ်းကြောင်းရှင်းခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ရွှေကူမြို့နယ် စီသာကျေးရွာအုပ်စုရှိ ကျေးရွာ ၁၂ ရွာကို ၁၉ ရက်ကြာ စစ်ကြောင်းထိုးခဲ့သောကြောင့် ဒေသခံပြည်သူအများစုသည် စစ်ဘေးရှောင်နေရဆဲဖြစ်သည်။ ယခုအခါ ရွှေကူမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေသည်။ ဒေသခံများ ရေဘေးသတိပြုနေထိုင်ကြရန် စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက သတိပေးထားချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေပြင်မှစစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

စာတည်း - မောင်ကြီး

#mizzima
#ကချင်ပြည်နယ်
#ရွှေကူမြို့
#စစ်ကောင်စီစစ်ကြောင်းထိုး

ပုံအညွှန်း -ရွှေကူမြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီသင်္ဘောတစီးအား တွေ့ရစဉ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2😢2
​​လူကုန်ကူးခံရမည် စိုး၍ မြန်မာနှင့် ကမ္ဘောဒီးယားကို တရုတ်ဧည့်သည်များ ရှောင်ဖယ်လာ
======================

တရုတ်နိုင်ငံနှင့် ခိုင်မာသော သံတမန်ဆက်ဆံရေး ရှိထားသည့် အရှေ့တောင်အာရှ နှစ်နိုင်ငံဖြစ်သော မြန်မာနှင့် ကမ္ဘောဒီးယားတို့သည် ကပ်ဘေးနောက်ပိုင်း၌ ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်ရေးအတွက် ကြိုးပမ်းမှုအဖြစ် တရုတ်ဧည့်သည်များကို ဦးတည်ချက်ထားသော သီးခြားလုပ်ငန်းစဉ်များကို ဖော်ဆောင်လာကြသည်။ သို့ရာတွင် ရာဇဝတ်မှုနှင့် ဘေးအန္တရာယ်တို့အားဖြင့် နာမည်ကျဆင်းနေခြင်းကြောင့် တရုတ်ဧည့်သည်များ ပြန်လည်ရရှိရေးသည် ခက်ခဲသော လမ်းကြောင်းအဖြစ် ရှိနေနိုင်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥4😁1
နိုင်ငံခြားငွေလဲနှုန်းဂယက်ကြောင့် စက်သုံးဆီဈေး ရုတ်တရက်ခုန်တက် | Business Roundup (11.8.2023)
===================

- အခေါက်ရွှေတစ်ကျပ်သား ၃၇ သိန်းကျော်သွားပြီး ထိုင်းဘတ်ဈေး တဟုန်ထိုးမြင့်တက်လာ

- နိုင်ငံခြားငွေလဲနှုန်းဂယက်ကြောင့် စက်သုံးဆီဈေး ရုတ်တရက်ခုန်တက်

- စစ်အုပ်စုကို ထိရောက်သည့် အရေးယူပိတ်ဆို့မှုများချမှတ်ရေး စင်ကာပူအစိုးရကိုတောင်းဆိုသည့် ကမ်ပိန်း ပြုလုပ်

- စားအုန်းဆီဈေးနှုန်း စံချိန်တင်မြင့်တက်လာပြီး ဆိုင်အချို့ အရောင်းရပ်ထားရ

- အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးများ အဆိပ်သင့်စေကြောင်း WHO ထုတ်ပြန်

https://youtu.be/_dssZbZotE8

#BusinessRoundUp
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🔥2
​​စစ်ကိုင်းမြို့မှ စစ်‌ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်အပါအဝင် ၃ဦးသေဆုံး
====================

(မဇ္ဈိမ) ။ ။စစ်ကိုင်းမြို့နယ်၊တလိုင်းရွာမှ စစ်‌ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အသက် ရှစ်လအရွယ် ကလေးငယ်အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး ၁၅ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

တလိုင်းကျေးရွာရှိ ကန်ဦးကျောင်း စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ယနေ့ ဩဂုတ် ၁၁ ရက်၊နံနက် ၄နာရီ ၁၅မိနစ်ခန့် တွင် ဂျက်ဖိုက်တာဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

" ပစ်တာ ၁၀ မိနစ်လောက်ကြာတယ်။ဝရုန်းသုန်းကား ထွက်ပြေးရတာပဲ။ရွာထဲတော့ ပြန်မဝင်ရဲသေးဘူး။ကျွန်တော်တို့ရွာဘက်မှာက တိုက်ပွဲတွေ ဘာတွေဖြစ်တာမရှိဘဲ အတိုက်ခံရတာပါ”ဟု တလိုင်းရွာသားတဦးကပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် ကလေးငယ်တဦးနှင့်မိခင်ဖြစ်သူ၊ အသက် ၆၀ကျော်အမျိုးသမီးတဦး သေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာရကာ သုံးဦးသည် ဒဏ်ရာပြင်းထန်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ကိုနွေဦးမောင်ကပြောသည်။

ကန်ဦးကျောင်းစစ်ဘေးရှောင်စခန်းကို တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က တလိုင်းကျေးရွာအတွင် ဝင်ရောက်ပြီး ဒေသခံအချို့ကို ဖမ်းဆီးပြီး နေအိမ်များလည်း ဖျက်ဆီးသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် တလိုင်းကျေးရွာအပါအဝင် စစ်ကိုင်းမြို့နယ်မြောက်ခြမ်းတွင် ပြီးခဲ့သည့် နှစ်လခန့်မှစ၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့်ဒေသခံ အများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

စာတည်း - မောင်ကြီး

#mizzima
#စစ်ကိုင်း
#တလိုင်းရွာစစ်‌ဘေးရှောင်စခန်း
#လေကြောင်းမှတိုက်ခိုက်

ပုံအညွှန်း - တလိုင်းရွာမှ စစ်ဘေးရှောင်များ (ပုံဟောင်း)
ဓာတ်ပုံ - Ko Pyay

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍6😢4😁2
Media is too big
VIEW IN TELEGRAM
Aug - 11 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍3😁3
ဩဂုတ်လ (၁၁) ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=========================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

NCA ပျက်ပြယ်သွားပြီလို့ KNU ပြောတဲ့သတင်းနဲ့အတူ

လက်နက်ကိုင်ပြီး ပြည်သူအပေါ် နိုင်ထက်စီးနင်းပြုတဲ့ PDF တွေကို ဖယ်ရှားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး သတိပေးတဲ့သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ အားကစားသတင်းတွေ၊ စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် ရွှေစျေးငွေစျေးနဲ့ ကုန်စျေးနှုန်းတွေကို တင်ဆက်သွားမှာပါ။

အဲ့ဒီနောက်မှာတော့ သတင်းသုံးသပ်ချက်နဲ့အတူ အပတ်စဉ်ကဏ္ဏအစီအစဉ်တစ်ခုဖြစ်တဲ့ “Insight Myanmar” အစီအစဉ်ကို နားဆင်ရပါမယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/8isWLtC9WvI

#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁3