Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မန္တလေးတွင် ယူနီဖောင်းအပြည့်ဝတ် စစ်‌ကောင်စီတပ်သားများက လူမြင်ကွင်း၌ လူဖမ်းပြသည့် ရုပ်သံ လုပ်ကြံရိုက်ကူးဖြန့်‌ဝေခြင်းဟု မြို့ခံများ ဝေဖန်
=======================

007
(မဇ္စျိမ) ။ ။မန္တလေးမြို့မှ စားသောက်ဆိုင်နှစ်ခုကို လက်နက်နှင့်ယူနီဖောင်းအပြည့်အစုံဝတ်စစ်သားများက၀င်စီးပြီး လူငါးဦးအား ရိုက်နှက်ဖမ်းဆီးသွားသည့် ဗီဒီယိုရုပ်သံသည် လူထုနှင့် PDFအား ခြိမ်း‌ခြောက်ရန် စစ်ကောင်စီက တမင်လုပ်ကြံရိုက်ကူးဖြန့်‌ဝေခြင်းဖြစ်ကြောင်း မြို့နေလူထုနှင့် တော်လှန်ရေးအင်အားစုများက ဝေဖန်သည်။

“လုပ်ကြံဇာတ်လမ်းတခုလို့ပဲမြင်တယ်။ သူတို့ဘာကိုရည်ရွယ်ချင်တာလဲသုံးသပ်ကြည့်တဲ့အခါမှာ သေချာတာတခုကတော့ သူတို့ အလုပ်လုပ်ကြတယ်ဆိုတာကို သူတို့အဘတွေကိုပြချင်တာဖြစ်မယ်။ နောက်တခုက ပြည်သူနဲ့ PDF တွေကိုခြမ်းခြောက်ချင်တာဖြစ်မယ်။အဖမ်းအဆီးတွေမှာ SSF(အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့)တွေကိုပါ အသုံးပြုလာပြီဆိုတဲ့မက်ဆေ့ပေးချင်တာဖြစ်နိုင်တယ်” ဟု ဒေသတွင်းစစ်ရေးအခြေအနေစောင့်ကြည့်လေ့လာသူတဦးကပြောသည်။

ယမန်နေ့ သြဂုတ်လ ၁၀ ရက်နေ့က ချမ်းမြသာစည်မြို့နယ် လမ်း ၁၂၀၊ ၄၉ လမ်းနှင့် လမ်း ၅၀ ကြားမှ စစားသောက်ဆိုင်တဆိုင်နှင့် သြဂုတ်လ ၉ ရက်နေ့တွင် အောင်မြေသာစံမြို့နယ်၊ ၁၉ လမ်းမှ စားသောက်ဆိုင်တဆိုင်တွင်သို့ စစ်၀တ်စုံအပြည့်၀တ်ဆင်ထားသူများက စစ်သုံး Double Cup လေးစီးဖြင့်ရောက်လာပြီး အ၀တ်အစားသပ်သပ်ရပ်ရပ်၀တ်ဆင်ထားသူငါးဦးအား ရိုက်နှက်ကန်ကျောက်ဖမ်းဆီးသွားသည့် ရုပ်သံ ဗီဒီယိုနှစ်ခုကို စစ်တပ်ထောက်ခံသူများက ၎င်းတို့၏တယ်လီဂရမ်ချန်နယ်များတွင် တင်ခဲ့သည်။

ထိုလုပ်ရပ်သည် ပြည်သူလူထုနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဟိတ်ဟန်ပြ၍ ခြိမ်းခြောက်ရန်ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်းနှင့် စစ်အုပ်စုထောက်ခံသူများအချင်းချင်း အားတက်စေရန်ရည်ရွယ်ချက်ရှိပုံရကြောင်း မြို့ခံလူထုက သုံးသပ်သည်။

အဆိုပါ ရုပ်သံနှစ်ခုသည် စစ်ကောင်စီထောက်ခံသောတယ်လီဂရမ်ချန်နယ်များမှတဆင့် Facebook လူမှုကွန်ရက်ပေါ်သို့ပျံ့နှံ့လာပြီးနောက် ရုပ်ရှင်ဆန်ဆန်ကြိုတင်ဇာတ်လမ်းဆင်ရိုက်ကူးထားခြင်းသာဖြစ်ကြောင်း အွန်လိုင်းအသုံးပြုသူများက ဝေဖန်နေကြသည်။

“သူတို့ရည်ရွယ်ချက်ကဒီဗီဒီယိုဖိုင်တွေကို သတင်းမီဒီယာကြီးတွေမှာဖော်ပြစေချင်ကြတာလို့ သုံးသပ်မိတယ်။ ဘာလို့လဲဆိုတော့ ပထမတခါ(သြဂုတ် ၉ ရက်) မင်းသီဟလက်ဖက်ရည်ဆိုင်မှာ၀င်စီးတဲ့ဖိုင်တွေတင်တယ်။ သိပ်မပျံ့တော့နောက်ရက်(သြဂုတ် ၁၀ ရက်)မှာ မြို့သစ်ဘီယာဆိုင်တခုမှာထပ်ရိုက်ပြီး ထပ်တင်လိုက်တယ်။ အခုအထိတော့ သိပ်မပြန့်သေးဘူး” ဟု မြို့ခံတဦးကဆိုသည်။

အမှန်တကယ်ဖမ်းဆီးခြင်းအဖြစ်အပျက်ဟုတ်မဟုတ်နှင့်ပတ်သက်၍ မဇ္စျိမကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။အဆိုပါ သတင်းနှင့် ရုပ်သံဖိုင်ဖြစ်စဉ်ကို စစ်ကောင်စီ၏သတင်းများ ဦးစားပေးဖော်ပြလေ့ရှိသည့် နာမည်ကြီးသတင်းဌာနပေ့ခ်ျအချ်ို့တွင် ဖော်ပြခြင်းမရှိသေးပေ။လူငါးဦးအားဖမ်းဆီးသွားကြောင်း စစ်ကောင်စီထောက်ခံသောတယ်လီဂရမ်ချန်နယ်များက ဖော်ပြခဲ့သော်လည်း မည်သို့အရေးယူထားသည်ကို ယနေ့သြဂုတ်လ ၁၁ရက်ညနေအထိ နောက်ဆက်တွဲ ဖော်ပြထားခြင်းမရှိပေ။

“မနှစ်ကလည်း ဒါမျိုး နှစ်ခါလောက်ရိုက်ပြသေးတယ်။ အခုလိုပဲ လက်ဖက်ရည်ဆိုင်ထဲ PDF တွေ၀င်ဖမ်းတယ်ဆိုတဲ့ဇာတ်လမ်းနဲ့။ နောက်တခုက ရှမ်းခေါက်ဆွဲဆိုင်ထင်တယ်။ နှစ်ခါလုပ်ပြဖူးတယ်။ နောက်တစ်ခုက အခိုက်အတန့်ငြိမ်ခဲ့တဲ့ဖောက်ခွဲမှုတွေ မန္တလေးမှာ ဒီလထဲပြန်ဖြစ်လာတယ်။ အဲဒါနဲ့ပတ်သက်ပြီးတုံ့ပြန်မှုတခုလို့လည်း သုံးသပ်မိတယ်” ဟု စစ်ရေးသတင်းများအား စောင့်ကြည့်လေ့လာသူတဦးကပြောသည်။

ပြီးခဲ့သည့်ဧပြီလလယ်ခန့်မှစ၍ဖောက်ခွဲတိုက်ခိုက်မှုများ ငြိမ်သက်နေသည့် မန္တလေးမြို့တွင် ယခုလသြဂုတ်လ ၁ရက်မှ ၁၁ရက်အတွင်း မန္တလေးနန်းတွင်းအပါအ၀င် စစ်ကောင်စီ၏နေရာရှစ်ခုထက်မနည်း တိုက်ခိုက်ခံထားရသည်။

စာတည်း - မောင်ကြီး

#mizzima
#မန္တလေးမြို့
#ယူနီဖောင်းအပြည့်အစုံဝတ်စစ်သားများ
#ဗီဒီယိုရုပ်သံ
စာအညွှန်း-စစ်ကောင်စီတပ်က မန္တလေးတွင် ဝင်ရောက်ဖမ်းဆီးစဉ်(ဓာတ်ပုံ-စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်မှ screenshot ထားသည့်ပုံများ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁17👍12
​​ပုသိမ်မြို့ပေါ်တွင် စစ်ကောင်စီ လုံခြုံရေးတင်းကျပ်ထား
===================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ နံနက်မှစတင်ကာ မြို့ပေါ်နေရာအနှံ့ အပြား၌ စစ်ကောင်စီတပ်ဖွဲ့များ လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံများထံမှသိရသည်။
ပုသိမ်မြို့ပေါ် လမ်းဆုံလမ်းခွများအပြင် ပုသိမ်တံတား အမှတ်(၁)နှင့် ကမ်းနားလမ်းတလျှောက်တွင် ထွေအုပ်ဝန်ထမ်းများ၊ ရဲများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေပြီး ဧရာဝတီတိုင်းအစိုးရရုံး ပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်၏ စနိုက်ပါသမားများနေရာယူထားကြောင်း မြို့ခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကပြောသည်။

"ကျန်ခဲ့တဲ့ နှစ်ရက်လောက်တည်းက ပုံမှန်ထက်ပိုတဲ့ စစ်သားနဲ့ရဲတွေကို မြို့ပေါ်မှာတွေ့နေရတာပါ။ဒီနေ့တော့ အများဆုံးတွေ့ရတာပေါ့။သွားတာလာတာ သိထားနေရတယ်"ဟု၎င်းကဆိုသည်။

စစ်ကောင်စီတပ်၏ ထိပ်ပိုင်းအရာရှ်ိတဦး
ပုသိမ်မြို့သို့ ရောက်ရှိနေခြင်းကြောင့် လုံခြုံရေးတင်းကျပ်ထားခြင်းဖြစ်နိုင်ကြောင်း ပုသိမ်မြို့ပြပျောက်ကျားအဖွဲ့ တာဝန်ရှိသူတဦးကပြောသည်။

"အကောင်ကြီးကြီးရောက်နေတာတော့ဟုတ်တယ်။မင်းအောင်လှိုင်လား ၊ရေတပ်ချုပ်လား တယောက်ယောက်ပဲ။အတိအကျကိုတော့ ကျွန်တော်တို့လည်း စုံစမ်းတုန်းပါ"ဟု ၎င်းကပြောသည်။
အမည်မဖော်လိုသည့် ရုံးဝန်ထမ်းတစ်ဦးက စစ်ကောင်စီဥက္ကဋ္ဌ ‌ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုသိမ်မြို့သို့ရောက်ရှိနေသည့်အတွက် လုံခြုံရေးတင်းကျပ်ထားခြင်းဖြစ်သည်ဟုပြောသည်။ ထိုပြောဆိုချက်အပေါ် မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

လက်ရှိတွင် ပုသိမ်မြို့ပေါ်နေရာအနှံ့အပြား၌ စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများ လုံခြုံရေးတင်းကျပ်ထားဆဲဟုသိရပြီး စစ်ကောင်စီတပ်၏ ယာဥ်တန်းများ သာပေါင်းမြို့နယ်ဘက်သို့ထွက်ခွာမည်ဟု သတင်းထွက်နေကြောင်းမြို့ခံ တက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးအင်အားစုများ၏ပြောပြချက်အရသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၇ က ပုသိမ်မြို့၊ ကမ်းနားလမ်း ထုံးဖိုအရပ်ရှိ ရေတပ်စခန်း(အကူစစ်ရေယာဥ်အုပ်)သို့ စစ်ကောင်စီအကြီးအကဲများပါရှိသည့် ကား ၁၇ စီး လာရောက်ခဲ့သေးသည်ဟုသိရသည်။
စာတည်း - မောင်ကြီး

#mizzima
#ဧရာဝတီတိုင်း
#ပုသိမ်မြို့
#စစ်ကောင်စီတပ်
#လုံခြုံရေးတင်းကျပ်

ဓာတ်ပုံ - ပုသိမ်မြို့ပေါ်တနေရာ၌ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့(ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁4🤬2❤1🥰1
​​မဒေါက်မြို့ ရဲစခန်းမှ နယ်ထိန်းကို တော်ဝင်ဒေါင်းစစ်ကြောင်း ဖမ်းဆီးထိန်းသိမ်း
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ ရဲစခန်းမှ နယ်ထိန်းရဲ အောင်ကိုကိုနိုင်ဆိုသူကို ရွှေကျင်-ညောင်လေးပင် လမ်းပိုင်းတစ်နေရာတွင် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်ဟု Royal Peacock Column မှ ယနေ့ ဩဂုတ်လ ၁၁ ရက် ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

ဖရဲသီး(အတွင်းသတင်းပေး)၏ သတင်းပေးပို့ချက်အရ အမှတ်(၂)စစ်ဒေသခွဲ၊တောင်ပိုင်းတိုင်းစစ်ဒေသ၏ ရိုးမဗျူဟာ စစ်ကြောင်းများဖြစ်သော Royal Peacock Column၊ Spring Warriors Columnနှင့် တပ်ရင်း (၃၇၀၂)တို့က ရှောင်တခင်စီးနင်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် ဖမ်းဆီးလာနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ကျန်တဲ့အသေးစိတ်တွေကိုတော့ နောက်ပိုင်းမှာ ဆက်လက်ထုတ်ပြန်သွားမှာပါ။ အခြေအနေတွေက ပြောင်းလဲသွားနိုင်တာ ဖြစ်တဲ့အတွက် လက်ရှိက ထုတ်ပြောလို့ရတဲ့အခြေအနေ မဟုတ်သေးတဲ့အတွက်ပါ" ဟုနောက်ဆက်တွဲ ဖမ်းဆီးထိန်းသိမ်းထားမှု၊ အရေးယူဆောင်ရွက်မှုများနှင့် ပတ်သက်၍ တော်ဝင်ဒေါင်းစစ်ကြောင်း Royal Peacock Column ၏ သတင်းနှင့်ပြန်ကြားရေးက မဇ္ဈိမကိုပြောသည်။

အဆိုပါနယ်ထိန်းရဲ၏ ထွက်ဆိုချက်များနှင့် ၎င်း၏ဖုန်းထဲရှိ အချက်အလက်များအရ ၎င်းသည် ပြည်သူများအား ခြိမ်းခြောက်၍ သတင်းပေးများ လုပ်ခိုင်းခြင်း ၊ ငွေညှစ်ခြင်း၊ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအား ထောင်ချောက်ဆင် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းကိုလည်း စီစစ်တွေ့ရှိရသည်ဟု Royal Peacock Column ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်-ညောင်လေးပင်လမ်းပိုင်း၏ ၇၀ ရာနှုန်းခန့်ကို တောင်ပိုင်းတိုင်းစစ်ဒေသခွဲ၏ တပ်ရင်းတပ်ဖွဲ့များက နယ်မြေစိုးမိုးမှု ရရှိထားပြီးဖြစ်သည်ဟု Royal Peacock Column ၏ သတင်းနှင့်ပြန်ကြားရေးက မဇ္ဈိမကို ပြောသည်။

မကြာသေးမီရက်ပိုင်းကလည်း အဆိုပါ ညောင်လေးပင်−ရွှေကျင်လမ်းပိုင်းတွင် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်အတွင်းတွင် ပဲခူးတိုင်းစစ်ဒေသခွဲတပ်ရင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်များအား ထိုးစစ်များ ဆက်တိုက်ဆင်နွှဲလျက်ရှိပြီး နယ်မြေစိုးမိုးမှုများနှင့် စစ်ရေးအသာစီးရရှိမှုများလည်း ရှိနေကြောင်း မြေပြင်သတင်းအချက်အလက်များအရ သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ပဲခူးတိုင်း
#ညောင်လေးပင်မြို့နယ်
#နယ်ထိန်းရဲ
#ဖမ်းဆီးမှု

ပုံအညွှန်း - မဒေါက်ရဲစခန်းမှ နယ်ထိန်းရဲ အောင်ကိုကိုနိုင်(ဓာတ်ပုံ-Royal Peacock Column)
👍20👏4😁1🥱1
စစ်ကောင်စီရဲ့စစ်ရာဇဝတ်မှု သက်သေတွေဟာ တချိန်မှာ စကားပြောလာမှာပါလား

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေပိုများပိုဆိုးဝါးလာပြီး သက်သေအထောက်အထားတွေလည်း ရထားတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားက အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ကျူးလွန်နေတယ်လို့လည်း ဖော်ပြထားပြီး စစ်ကိုင်းတာတိုင်ကျေးရွာ၊ ရေဦးမုန်တိုင်ပင်ရွာနဲ့ ထန်းတပင်ညောင်ပင်သာရွာ အစုလိုက်အပြုံလိုက်လူသတ်မှုတွေကို အမည်တပ်ဖော်ပြသွားပါတယ်။
သူတို့ဆီမှာရှိထားတဲ့သက်သေတွေဟာ တချိန်မှာစကားပြောလာမှာပါလား။

ကိုသိမ်းမြတ်သုံးသပ်တင်ပြထားပါတယ်။

https://www.youtube.com/watch?v=Ok7MXPfBLPc

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🤣3
​​Wonderful Nightmare
============

ငယ်စဥ်ကတည်းက အဖေဖြစ်သူက သင်္ဘောလိုက်ရင်းဆုံးပါးသွားတဲ့ အီယွန်းဝူတစ်ယောက် အဖေမျက်နှာကိုတောင်မမှတ်မိတော့တဲ့အပြင် အမေဖြစ်သူကပါ အဖေကို လွမ်းဆွေးပြီးဆုံးပါးသွားတာကြောင့် ယောကျာ်းတွေ အချစ်ဆိုတာကို စိတ်နာနေတဲ့သူပါ
ဘယ်သူမှအမှီအခိုမှယူစရာမလိုတဲ့သူဖြစ်အောင်လုပ်မယ်ဆိုပြီး ကြိုးစားခဲ့ရာကနေ နာမည်ကြီးရှေ့နေဖြစ်လာသလို စီးပွားရေးလုပ်ငန်းရှင်တွေအားကိုးရတဲ့ရှေ့နေတစ်ယောက်ပေါ့


တစ်နေ့ ကားမတော်တဆမှုဖြစ်ပွားရာကနေ သေမင်းရဲ့လွဲမှားမှုကြောင့် သေဆုံးသွားတဲ့အီယွန်းဝူဟာဆိုရင် မှားယွင်းသေဆုံးမှုကနေ ပြန်ရှင်သန်ချင်ရင် ဂန်ဆူယွန်းဆိုတဲ့ အမျိုးသမီးဘဝမှာ တစ်လတာကိုယ်စား နေထိုင်ရမှာဖြစ်ပါတယ်

ကဲ ထက်ထက်မြတ်မြတ် အမျိုးသမီးဖြစ်တဲ့ အီယွန်းဝူတစ်ယောက် ဂန်ဆူယွန်းဘဝမှာနေထိုင်တဲ့ချိန် ဘယ်လိုတွေဆက်ဖြစ်မှာလဲ


ယွန်းဝူရဲ့ အမြင်တွေရော ပြောင်းလဲသွားမှာလား ဂန်ဆူယွန်းဘဝမှာရော ဘယ်လိုအကြောင်းအရာတွေ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုပေးပါဦးနော်


Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။
ပြသမည့်ရက်။ ။ 11.8.2023

#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ

#Mizzima+
#MizzimaApp
#LiveStreaming

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2❤1
​​မန္တလေးတွင် ရပ်ကွက်ရုံးဗုံးပစ်ခံရ၊ ကား၁စီးပျက်စီးပြီး လူထိခိုက်မှုရှိနိုင်ဟုဆို
=====================

007
(မဇ္စျိမ) ။ ။မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြားရှိ မဟာနွယ်စဉ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force-NMD အဖွဲ့က သတင်းထုတ်ပြန်သည်။

မဟာနွယ်စဉ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့ သြဂုတ်လ ၁၀ ရက်နေ့၊ ညနေ ၄ နာရီခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်ပျူစောထီး များစုဝေးနေချိန်၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တိုက်ခိုက်ချိန်မှာ အုပ်ကြီး ပျူဒလန်တွေရှိတယ်။ကားတစီးလည်းရပ်ထားတယ်။ စကစရဲ့အုပ်ချုပ်ရေးတွေကို ဦးတည်ပြီးတိုက်ခိုက်တာပါ” ဟု NMD အဖွဲ့တာ၀န်ရှိသူကပြောသည်။

တိုက်ခိုက်မှုအတွင်း ရုံးအရှေ့၌ရပ်ထားသောကားတစီးပျက်စီးပြီး မိနစ်အနည်းငယ်အကြာတွင်ဆေးရုံကားတစီး‌လည်း ရောက်လာခြင်းကြောင့်လူထိခိုက်မှုရှိနိုင်ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

အသေးစိတ်ကို မသိရသေးပေ။

တိုက်ခိုက်မှုကို NMD နှင့်အတူ မဟာမိတ်များဖြစ်ကြသော ဂဠုန်ဝါတပ်ဖွဲ့၊ Demon Revolution Army အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။NMD အဖွဲ့သည် သြဂုတ်လ ၉ ရက်နေ့ကလည်း အောင်မြေသာစံမြို့နယ်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့၀န်ထမ်းလိုင်းခန်းနှင့်သြဂုတ်လ ၁ ရက်နေ့တွင် မန္တလေးနန်းတွင်းနှင့် အမရပူရမြို့နယ် ထောက်လှမ်းရေး(၁၆)စစ်တပ်၀င်းကိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီပစ်မှတ်နေရာများအား ဆက်လက်တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရုံးဌာနများ၊ကင်းစခန်းများနှင့် ဝေးဝေးနေကြရန် NMD အဖွဲ့ကအသိပေးထားပြီး မြို့ခံများအနေဖြင့် CCTV များအား လမ်းဘက်သို့လှည့်မထားခြင်းဖြင့် ကူညီပေးကြရန်လည်း မေတ္တာရပ်ခံတောင်းဆိုထားသည်။

စာတည်း - မောင်ကြီး

#mizzima
#မဟာအောင်မြေမြို့နယ်
#မဟာနွယ်စဉ်ရပ်ကွက်ရုံး
#ပစ်ခတ်တိုက်ခိုက်
#nmd

ပုံအညွှန်း - မဟာအောင်မြေမြို့နယ်မှ ဌာနဆိုင်ရာရုံးတရုံးအနီး စစ်ကောင်စီ လုံခြုံရေးယူထားစဉ်(ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၁ ဩဂုတ် ၂၀၂၃) 
========================

ရန်ကုန်တွင် စစ်ကောင်စီက ဆန် နှင့် ဆီများ ရောင်ပေးမည်ဟု ပြောနေသော်လည်း တစ်ဖက် တွင် ကုန်ဈေးနှုန်း မြင့်တက်နေမှုများ အပါအဝင် ဒေါ်လာ ရွှေ စက်သုံးဆီဈေး မြင့်တက် နေမှုများကို မထိန်းချုပ်နိုင်သေးသည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1😁1
​​လားရှိုး နမ့်လောင်းရွာအနီး နှစ်ရက်ဆက်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက်ဟု TNLA ထုတ်ပြန်
===================

ဂျူချန်း
(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊မိုင်းယော်တိုက်နယ်၊ နမ့်လောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

နမ့်လောင်းကျေးရွာအနီးတွင် ဩဂုတ်လ ၉ ရက်နှင့် ဩဂုတ်လ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီသည် အထိအခိုက်ရှိသဖြင့် လေကြောင်းသုံးတိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

“၉ရက်နေ့မှာ ဖြစ်တယ်။ ပြီးတော့ ၁၀ ရက်နေ့မှာ တခါ လေယာဉ်နဲ့တိုက်တယ်။ နေ့လယ် ၂နာရီခွဲမှာ သူတို့ မြေပြင်ကနေ ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် တိုက်ပွဲထပ်ဖြစ်တာပါ” ဟု TNLA ပြန်ကြားရေးဌာနမှတာဝန်ရှိသူတဦးက မဇ္ဈိမ ကိုပြောသည်။

သြဂုတ်လ ၉ရက်တွင် နမ့်လောင်းကျေးရွာအနီးရှိ TNLA တပ်စခန်းရှိသည့်နေရာသို့ စစ်ကောင်စီ၏ ခမရ(၁၆)၊ ခလရ (၆၈) ကစစ်ကြောင်းထိုးလာသဖြင့် နေ့ခင်း ၁နာရီခွဲမှ ညနေ ၅နာရီအထိ တိုက်ပွဲပြဖြစ်ပွားခဲ့ကြောင်း သိရသည်။ဩဂုတ်လ ၁၀ ရက်နေ့ နေ့ခင်း ၂ နာရီခန့်တွင် MI35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးလာသဖြင့် ညနေ ၆နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။
နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အထိအခိုက်ရှိနိုင်ပြီး TNLA တပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA ပြန်ကြားရေးဌာနတာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်နှင့် TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဇူလိုင်လ ၂၃ ရက်မှ ဩဂုတ်လ ၁၀ ရက်နေ့အထိ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ ကျောက်မဲတို့တွင် တိုက်ပွဲ ၁၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ၂၅ ဦးသေဆုံးကာ ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

#mizzima
#လားရှိုးမြို့
#နမ့်လောင်းကျေးရွာ
#စစ်ကောင်စီတပ်
#tnagar

ဓါတ်ပုံ- PSLF/TNLA
ပုံစာ-လာရောက်တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ တိုက်ခိုက်ရေး ရဟတ်ယာဉ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2👏2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၁ ရက်ထုတ်လွှင့်မှုများ
==================

https://youtu.be/sQiCzYg8rM4

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤮1🍌1
​​Jung_E (2023)
============

Sci-fi ရုပ်ရှင် ကြိုက်နှစ်သက်သူများ သဘောတွေ့စေမဲ့ ကိုရီးယားဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းကိုတော့ ၂၂ ရာစုအတွင်းမှာ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ပျက်စီး ယိုယွင်းလာတဲ့ ကမ္ဘာကြီးကို လူသားတွေ စွန့်ခွာခဲ့ပြီး အာကာသစခန်းတွေမှာ နေထိုင်ကြ ပြီးတဲ့နောက်ပိုင်း အဖြစ်အပျက်တွေကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။

အာကာသစခန်းပေါင်း ၈၀ဝန်းကျင် ရှိတဲ့အနက် စခန်း၃ခုက ကိုယ်ပိုင်ပြည်ထောင်စုအဖြစ် တည်ထောင်ပြီး ကမ္ဘာမြေနဲ့ အခြားစခန်းတွေကို ပုန်ကန်တိုက်ခိုက်ခဲ့ပါတယ်။

ကပ္ပတိန် ယွန်းဂျန်ရီဟာ မဟာမိတ်တပ်ဖွဲ့တွေရဲ့ အတော်ဆုံး တိုက်ခိုက်ရေး စစ်သားတစ်ဦးဖြစ်ပြီး မစ်ရှင်ပေါင်းများစွာကို အောင်မြင်ခဲ့ပါတယ်။

သူမရဲ့ သမီးဖြစ်သူ ယွန်းဆိုဟွန်းဟာ ကင်ဆာရောဂါကို ခံစားနေရတဲ့အတွက် ခွဲစိတ်မှု လုပ်ဆောင်နိုင်ဖို့ ယွန်းဂျန်ရီဟာ ကြေးစားစစ်သားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဆိုဟွန်း ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့နေ့မှာပဲ ယွန်းဂျန်ရီဟာ နောက်ဆုံးမစ်ရှင်ကို ကျရှုံးခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာတွေနဲ့ ကိုမာဝင်သွားခဲ့တဲ့ ယွန်းဂျန်ရီကို ခရွန်နွိုက်ဆိုတဲ့ နည်းပညာ ကုမ္ပဏီကြီး တစ်ခုက အကုန်အကျခံ ကုသပေးပြီး သူမရဲ့ မှတ်ဥာဏ်တွေနဲ့ တိုက်ခိုက်ရေး စက်ရုပ်တွေ ထုတ်လုပ်ဖို့ ပြင်ဆင်ခဲ့ပါတော့တယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းလေး ကြည့်ရှုခံစား ကြည့်လိုက်ပါနော်...
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၁၂.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
😁5👍3
​​12.8.2023 (Saturday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
===================

Highlight

Cele City ( ညနေ- ၄ နာရီခွဲ)
India Movie -Sardar Udham (ည- ၈ နာရီ)
Korea Movie -June-E(ည- ၁၀ နာရီခွဲ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
😁2
ဩဂုတ်လ (၁၂) ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ဝမ်ပေါင်ကုမ္မဏီက ဒေသခံတွေရဲ့ မြေကွက်တွေကို ခြံခတ်သိမ်းယူနေတယ်ဆိုတဲ့သတင်းနဲ့အတူ

ပလက်ဝမြို့နယ်မှာ မြစ်ရေကြီး၊မြေပြိုမှုကြောင့် အဆောက်အဦးတွေ ပြိုကျပျက်စီးတဲ့ သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအဖြစ် “Insight Myanmar" အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။

https://youtu.be/9fuxiVoxV8A

#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁2
ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာ
=============

-ဟိန္ဒူဘာသာဝင်တွေက ကမ္ဘာမြေပေါ်သို့ သန့်စင်တဲ့မြစ် ဆင်းသက်လာခြင်းအထိမ်းအမှတ်ဖြစ်တဲ့ Ganga Dussehra ပွဲတော်ကို ကျင်းပဆင်နွှဲတဲ့အနေနဲ့ ရေချိုးသန့်စင်ခြင်း၊ဆုတောင်းခြင်းများ ပြုလုပ်ဖို့ ဂင်္ဂါမြစ်ကမ်းတစ်လျှောက်က လှေဆိပ်တွေကို စုရုံးရောက်ရှိ

-ဘောလိဝုဒ်သရုပ်ဆောင် အမီးရ်ခန်းက မကြာခင်ထွက်ရှိတော့မယ့် ပြည်တွင်းရုပ်ရှင် Cary on Jatta 3ကို အိန္ဒိယရဲ့ ရုပ်ရှင်မြို့တော် မွမ်ဘိုင်းမှာ လာရောက်မိတ်ဆက်ပေးခဲ့

-ခေတ်ဟောင်းကင်မရာ ၂၅၀၀ကျော်ဖြင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်း Gurugram မြို့ရှိ ပြတိုက်တစ်ခုမှာ ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ခြင်း၏ ဆင့်ကဲဖြစ်စဉ်ကို ဧည့်သည်များအား နားလည်စေရန် ကူညီပေးလျက်ရှိ

-အဝေးရောက် တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းတောင်ကုန်းမြို့ Dharamsala တွင် တိဗက်ကျောင်းသူကျောင်းသားများအား အဓိကထားတဲ့ တရားဒေသနာ ဟောကြားပေးသည့် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့

-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ

အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

https://youtu.be/ZKbhEvCyrb0

#myindia 
#Mizzima 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1
​​KNU ခေါင်းဆောင်အချို့ လောင်းကစားမှုများနှင့် ဆက်နွှယ်မှုရှိ ၊ မရှိ စစ်ဆေးမည့် ကော်မတီဖွဲ့စည်း
================
YT 

(မဇ္ဈိမ)။     ။ တရားမဝင်လောင်းကစားမှုများနှင့် ဆက်နွှယ်နေသည့် တရုတ်စီမံကိန်းများတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဗဟိုခေါင်းဆောင်အချို့ ပါဝင်ပတ်သက်ခြင်းရှိ၊မရှိ ကိစ္စရပ်များအား စစ်ဆေးမည့် စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းပြီးကြောင်း KNU ခေါင်းဆောင်များက "First 100 Days: KNU In New Era" သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။ 

"ကွန်ဂရက်အပြီး ပထမဆုံးကျင်းပတဲ့ ဗဟိုကော်မတီမှာ ကွန်ဂရက်ဆုံးဖြတ်ချက်အရ ဒါတွေကို စစ်ဆေးပြီးတော့ အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် တက်လာမယ့် ဗဟိုကော်မတီအသစ်က တာဝန်ယူရမှာဖြစ်တဲ့အတွက်ကြောင့် ဗဟိုကော်မတီစည်းဝေးပွဲ ပထမအကြိမ်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကျွန်တော်တို့ဖွဲ့စည်းခဲ့ပါတယ်။ ကျွန်တော်တို့ KNU ရဲ့ ဒု- ဥက္ကဌ၊ ကာကွယ်ရေးဌာန တာဝန်ခံလည်းဖြစ်တဲ့ ပဒိုစောဆဲဂေကနေ ဦးဆောင်ပြီးတော့ ခရိုင်က ကိုယ်စားလှယ်၊ ပြီးတော့ တတ်သိကျွမ်းကျင်တဲ့ ပညာရှင်တွေ ၊ဘက်မလိုက်တဲ့ အဖွဲ့ဝင်တွေ ပါလာဖို့အတွက် ကျွန်တော်တို့ ဖွဲ့စည်းခဲ့ပါတယ်" ဟု KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။ 

KNU ဒု- ဥက္ကဌ ပဒိုစောဆဲဂေ ဦးဆောင်ကာ KNU ခရိုင်ခုနစ်ခုမှ အဖွဲ့ဝင်တဦးစီပါဝင်သည့် ကျွမ်းကျင်ပညာရှင်များနှင့် စုစုပေါင်း အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မတီ ( Investigation Committee) အား (၁၇) ကြိမ်မြောက် ကွန်ဂရက်အပြီး ပထမဆုံးအကြိမ် ပြုလုပ်သည့် ဗဟိုအမြဲတမ်းကော်မတီဝင် အစည်းအဝေးတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မတီအနေဖြင့် ၎င်းတို့ စုံစမ်းရှာဖွေ တွေ့ရှိချက်များအား တနှစ်တကြိမ် ကျင်းပသည့် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးတွင် တင်ပြအစီရင်ခံမည်ဖြစ်ပြီး အကယ်၍ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ဗဟိုအလုပ်မှုဆောင် ကော်မတီအဆင့်အထိ အရေးပေါ်အစည်းအဝေး ခေါ်ယူကာ ဆုံးဖြတ်ချက်ချနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ယခုကဲ့သို့ စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းပြီး၍ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သော်လည်း နောက်ဆုံးအဆင့် ကောက်ချက်ချနိုင်သည့်အဆင့် မရရှိသေးကြောင်း KNU ဥက္ကဌက ဆက်လက်ပြောဆိုခဲ့သည်။ 

စုံစမ်းစစ်ဆေးရေးကော်မတီတွင် ပဒိုစောဆဲဂေအပြင် အခြားမည်သည့်ခေါင်းဆောင်များ၊ မည်သည့်ခရိုင်ကိုယ်စားလှယ်များ ပါဝင်သည်ကို မဇ္ဈိမအနေဖြင့် အသေးစိတ် စုံစမ်းနေဆဲဖြစ်သည်။

KNU ထိပ်ပိုင်းခေါင်းဆောင်အချို့ တရားမဝင်လောင်းကစားမှုများနှင့် ဆက်နွှယ်နေသည့် ဟွမ်ယာတရုတ်မြို့သစ်စီမံကိန်း၊ KK Park တို့တွင် ပါဝင်ပတ်သက်မှု ရှိနေသည်ဟူသော အကြောင်းအရာသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က KNU ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်များ နှုတ်ထွက်ပေးရန် တောင်းဆိုသည့် အရပ်ဘက်ကရင်အဖွဲ့အစည်း ၆၈ ဖွဲ့၏ အိတ်ဖွင့်စာတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ အိတ်ဖွင့်စာတွင် KNU နယ်မြေ၊ မော်ထိုတလေးရှိ ဟွမ်ယာ တရုတ်မြို့သစ်စီမံကိန်း၊ KK Park တို့တွင် KNU ထိပ်ပိုင်းခေါင်းဆောင်အချို့ ပါဝင်ပတ်သက်နေမှုရှိပြီး ဤစီမံကိန်းများသည် KNU ၏ မူဝါဒ၊ စည်းကမ်းများနှင့် ဆန့်ကျင်နေကာ စည်းကမ်းချိုးဖောက်နေသော ထိပ်ပိုင်းခေါင်းဆောင်များအား အရေးမယူသည့်အပြင် KNU ၏ (၁၇) ကြိမ်မြောက် ကွန်ဂရက်တွင် ပါဝင်အရွေးခံခွင့် ပေးထားကြောင်း စသည်တို့ကို ထောက်ပြထားသည်။ 

ထိုအိတ်ဖွင့်စာပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် KNU က ထုတ်ပြန်ချက်တစ်စောင်ထုတ်ခဲ့ပြီး စည်းကမ်းချိုးဖောက်ခဲ့သော KNU ဗဟိုကော်မတီအဖွဲ့ဝင်များအား ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ဖြစ်ပေါ်နေသော အကျပ်အတည်းများနှင့် စိန်ခေါ်မှုများအား ကွန်ဂရက်မှတစ်ဆင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

ဩဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် " First 100 Days: KNU In New Era" သတင်းစာရှင်းလင်းပွဲတွင် (၁၇) ကြိမ်မြောက် ကွန်ဂရက်အပြီး KNU ၏ အုပ်ချုပ်ရေး၊ စစ်ရေးအခြေအနေများ၊ KNU အဖွဲ့အစည်းအတွင်း ပြောင်းလဲမှုများ၊ အမျိုးသမီးများ ပါဝင်နိုင်မှု၊ ပညာရေးအခြေအနေများအား KNU၊ KNLA ထိပ်ပိုင်းခေါင်းဆောင်များက ရှင်းလင်းတင်ပြကြသည်။

စာတည်း။  ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#KNU
#စုံစမ်းစစ်ဆေးရေးကော်မတီ
#လောင်းကစားမှု

ပုံအညွှန်း- စုံစမ်းစစ်ဆေးရေးကော်မတီ ခေါင်းဆောင် KNU ဒု-ဥက္ကဌ ပဒိုစောဆဲဂေ (ဓါတ်ပုံ- KNU)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁3
​​ဘုတလင်မီးသတ်ဦးစီးမှူးနှင့်၀န်ထမ်းများကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမည်ဟု ဘုတလင် ပကဖ ပြော
================

007

(မဇ္စျိမ)။   ။ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသော ဘုတလင်မြို့နယ် မီးသတ်ဦးစီးမှူးနှင့် ၀န်ထမ်းများအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူသွား မည်ဖြစ်ကြောင်း ဘုတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Btl-PDF ထံက သိရသည်။

“အကြမ်းဖက်စကစ(စစ်ကောင်စီတပ်ဖွဲ့)နဲ့ ပူးပေါင်းပြီး မီးရှို့မှုများမှာ မီးငြှိမ်းပေးဖို့ ဘုတလင်မီးသတ်ကို ချိတ်ဆက်အကူအညီတောင်းရာမှာ ငြှိမ်းမပေးတဲ့ အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်” ဟု Btl-PDF ပြန်ကြားရေး တာ၀န်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ် မီးသတ်တပ်ဖွဲ့ရုံးမှ မီးသတ်ဦးစီးမှူး အပါအ၀င် ၀န်ထမ်း ၁၂ ဦးနှင့် ၎င်းတို့၏မိသားစု၀င် ကိုးဦးတို့ကို သြဂုတ်လ ၇ ရက် နေ့လယ်ပိုင်းတွင် ဘုတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ပြည်သူကိုအနိုင်ကျင့်သည့် စစ်ကောင်စီ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါ၀င်ခြင်း၊ မီးရှို့ခံရသော နေအိမ်များအား မီးငြှိမ်းသတ်ရန် ပျက်ကွက် ခြင်းတို့ကြောင့် ဥပဒေအရ အရေးယူရန် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မီဒီယာများသို့ ပြောဆိုထားသည်။

ဖမ်းဆီးထိန်းသိမ်းထားသူများနှင့် ပတ်သက်၍ လူ့အခွင့်အရေးနှင့်အညီ စနစ်တကျ ထိန်းသိမ်းထားကာ စစ်ကောင်စီနှင့်ပူးပေါင်းသည့် ၀န်ထမ်းများကိုသာ ဥပဒေအရ အရေးယူမည်ဖြစ်ပြီး မိသားစု၀င်များအား ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ဆိုသည်။

“အထက်အမိန့်အရ ဖမ်းရတာပါဗျ။ စနစ်တကျထိန်းသိမ်းထားပါတယ်” ဟု Btl-PDF ပြန်ကြားရေးတာ၀န်ရှိသူက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ ဘုတလင်မြို့နယ် မီးသတ်တပ်ဖွဲ့ရုံး ၀န်ထမ်းများဖြစ်ကြသော ဦးကျော်စိုးပိုင်(မီးသတ်ဦးစီးမှူး)၊ ဦးစိုးမြတ်မင်း(လက်ထောက်မီးသတ် ဦးစီးမှူး)၊ ဦးစိုးသူ၀င်း(တပ်ကြပ်ကြီး)၊ ဦးရန်မျိုးနိုင်(တပ်ကြပ်ကြီး)၊ ဦးမြင့်နိုင်ထွန်း(တပ်ကြပ်ကြီး)၊ ဦးခင်စောဦး(တပ်ကြပ်ကြီး)၊ ဦးကျော်စန်း၀င်း(တပ်ကြပ်ကြီး)၊ ဦးဟိန်းထက်စိုး(တပ်ကြပ်ကြီး)၊ ဦးအောင်သူဌေး(တပ်ကြပ်ကြီး)၊ ဦးဇော်၀င်းမြင့်(တပ်ကြပ်)၊ ဦး၀င်းမင်းထွေး(ဒုတပ်ကြပ်)နှင့် မြို့နယ်ပညာရေး လက်ထောက်ဦးစီးမှူး ဦးဆယ်ဟိန်း(Non CDM) တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ ဦးချစ်ဆွေ၊ ဒေါ်မြင့်မြင်အေး၊ မအေးစန္ဒာထွန်း၊ ဒုတပ်ကြပ်၀င်းမင်းထွေး၏ဇနီး(အမည်စိစစ်ဆဲ)၊ မမြင့်မြင့်လင်း၊ ဦးတင်ထွန်းလင်း၊ မောင်နေရှင်းသန့်၊ မစုရီမွန်နဲ့ မောင်ထက်ဝေယံ တို့ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းများကို ဖော်ပြပေးနေသည့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။

လက်ရှိတွင် ဘုတလင်မြို့အနောက်ဘက်ခြမ်းကျေးရွာများအား၊ စစ်ကောင်စီက အင်အား ၆၀ ခန့်ဖြင့် နယ်မြေရှင်းလင်းရေး ပြုလုပ်နေပြီး စစ်ကြောင်းများ ထိုး‌နေခြင်းကြောင့် စီပါကျေးရွာ၊ ကျွဲသေချောင်းကျေးရွာ၊ ဆည်ကုန်းကျေးရွာ၊ ငပရင်းကျေးရွာ၊ ဆယ်ဝကျေးရွာတို့မှ ဒေသခံ ၃၀၀၀ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း သိရသည်။

စာတည်း ။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ဘုတလင်မြို့နယ်
#မီးသတ်

ပုံအညွှန်း-ဘုတလင်မြို့နယ်မီးသတ်တပ်ဖွဲ့ရုံး။(ဓာတ်ပုံ- CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25🥴3
"စစ်ကောင်စီ အကျပ်တည်းဖြစ်နေချိန် ပြည်သူတွေအနေနဲ့ ဘဏ္ဍာရေး တိုက်ပွဲ အလံကို အမြင့်ဆုံးလွှင့်ထူကြဖို့ လိုအပ်" 
=================

မောင်ခက်နွေ

(မဇ္ဈိမ)။  ။ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီ အကျပ်တည်း ဖြစ်နေချိန်မှာ ပြည်သူတွေအနေနဲ့ ဘဏ္ဍာရေးတိုက်ပွဲအလံကို အမြင့်ဆုံး လွှင့်ထူကြဖို့ လိုအပ်တယ်လို့ မန္တလေးမြို့သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက မဇ္ဈိမရဲ့ Weekly Interview မှာ ပြောပါတယ်။
ဒီတပတ် Weekly Interview အစီအစဉ်မှာတော့ “ဖက်စစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ ဘဏ္ဍာတည်ဆောက်” ဆိုတဲ့ ဘဏ္ဍာရေးတိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒေါက်တာတေဇာဆန်းကို မဇ္ဈိမ သတင်းထောက် မောင်ခက်နွေက ဆက်သွယ်မေးမြန်း ထားပါတယ်။ 

တည်းဖြတ် - မောင်ခက်နွေ 

https://youtu.be/ozrVXQY9UY0

#weeklyinterviews
#ဘဏ္ဍာရေးတိုက်ပွဲ
#Mizzima 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😁2❤1
​​ရခိုင်နှင့် ပဲခူးတွင် မုတ်သုံ ရေလွှမ်းမိုးမှုများကြောင့် လူ ၅ ဦး သေဆုံးကာ ၄၀,၀၀၀ ခန့် ရွှေ့ပြောင်း
=================

မြန်မာနိုင်ငံတွင် မုတ်သုံမိုးကြောင့် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားရာတွင် လူ ငါးဦး သေဆုံးပြီး လူ ၄၀,၀၀၀ ဝန်းကျင်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းရကြောင်း တာဝန်ရှိသူများက သောကြာနေ့တွင် ပြောသည်။

မေလအတွင်းက မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် သင့်ခဲ့သည့် ရခိုင်ပြည်နယ်က ဗီဒီယိုပုံရိပ်များတွင် ကျေးရွာဧရိယာ တော်တော်များများနှင့် လယ်မြေများတွင် ရေလွှမ်းမိုးနေသည်ကို မြင်တွေ့ရသည်။

ယခု ကာလပတ်ဝန်းကျင်၌ မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း မိုးကြီးလေ့ ရှိသော်လည်း မကြာသေးသော် သီတင်းပတ်များအတွင်း ကမ္ဘာတစ်လွှားတွင် ဆိုးဝါးသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်ကာ ထိုသို့ ရာသီဥတု ဆိုးဝါးခြင်းက ရာသီဥတု ပြောင်းလဲလာမှုကြောင့် ပို၍ ဆိုးရခြင်း ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။

ရန်ကုန် အရှေ့မြောက်ဘက် ပဲခူးတွင် အစောပိုင်းက ဒေသခံအချို့ ဘေးလွတ်ရာ ရွှေ့ပြောင်းကြသော်လည်း ရေတဟုန်ထိုး မြင့်တက်လာခြင်းကြောင့် ကျန်သူများမှာ ပိတ်မိနေသည်။

“ပဲခူးမှာ နှစ်တိုင်း ရေကြီးပါတယ်၊ ဒါပေမဲ့ အခုကတော့ အဆိုးဆုံးပဲ၊ ပုံမှန်ဆိုရင် မိုးရာသီမှာ ဒူးလောက်၊ ပေါင်လောက်အထိ ရေလွှမ်းလေ့ရှိတယ်”ဟု အသက် ၂၃ နှစ်အရွယ် ပဲခူးမြို့ခံ ကိုစိုးမင်းအောင်က အေအက်ဖ်ပီသို့ ပြောပြီး ၎င်းတို့ မိသားစုအနေဖြင့် လှေဝယ်ရန် ကြိုးပမ်းနေကြောင်း ဖြည့်စွက်ဆိုသည်။

“တချို့မိသားစုတွေတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းဆီ ရွှေ့ပြောင်းကြတယ်၊ အခြားသူတွေက ရေအရမ်း မြင့်တက်မှာ မဟုတ်ဘူးဆိုပြီး နေမြဲနေကြတယ်၊ အချို့ ရပ်ကွက်တွေမှာဆိုရင် ရေက ကျွန်တော့်အရပ်ရဲ့ နှစ်ဆကျော်အထိ မြင့်တက်တယ်”ဟု ၎င်းက ပြောသည်။

သောကြာနေ့ညက ပဲခူးရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းဆီ လူပေါင်း ၈၇၀ ကျော် ရွှေ့ပြောင်းကြပြီး ဘုန်းကြီးများက လှူဒါန်းထားသော အစားအစာများကို ပေးခဲ့သည်။

“သူတို့တွေ နေရေးထိုင်ရေးအတွက် ကျွန်တော်တို့ စီစဉ်ပေးတယ်”ဟု ဒေသတာဝန်ရှိသူ ဦးခင်မောင်က ပြောသည်။

အသက် ၆၆ နှစ်အရွယ် ဦးမင်းသော်က သူ၏ နှစ်ထပ်တိုက်၏ မြေညီထပ်သည် ရေလွှမ်းမိုးနေပြီး အပေါ်ထပ်မှာပင် မိသားစုက နေနေရသည်ဟု ပြောသည်။

“ပဲခူးမှာ ခုနစ်နှစ်၊ ရှစ်နှစ်အတွင်း အသည်းထန်ဆုံး မိုးရွာသွန်းတာလို့ ကျွန်တော် ထင်တယ်”ဟု ၎င်းက ဆိုသည်။

-ရွှေ့ပြောင်းခြင်း-

လူ ငါးဦး သေဆုံးသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လေးရွှေဇင်ဦးက ပြောပြီး သောကြာနေ့အထိ နိုင်ငံတစ်ဝန်း ဘေးလွတ်ရာ ရွှေ့ပြောင်းသူဦးရေမှာ ၄၀,၀၀၀ အထိ ရှိသည်ဟု သိရသည်။

“ကျွန်မတို့ ဌာနက ယာယီစခန်းတွေမှာ ရွှေ့ပြောင်းနေကြရတဲ့ အိမ်ထောင်စုတွေအတွက် လိုအပ်ရာ ပစ္စည်းတွေ ပေးအပ်နေပါတယ်”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

ဩဂုတ်လမှစတင်ကာ မုတ်သုံမိုး သည်းထန်ခြင်းနှင့် မြစ်ချောင်းများ မြစ်ရေမြင့်တက်မှုကို မြန်မာပြည်သူ ၅၀,၀၀၀ ဝန်းကျင် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရုံးက ခန့်မှန်းသည်။

“မွန်နဲ့ ကရင်ပြည်နယ်တွေမှာ မုတ်သုံကောက်ပဲသီးနှံတွေ အကြီးအကျယ် ပျက်စီးမှု ရှိနေတယ်”ဟု ယင်းရုံးက ထုတ်ပြန်ချက်၌ ဆိုပြီ ပဲခူး၊ ဘီလင်းနှင့် သံလွင်မြစ်ရေက လက်ရှိတွင် ပြန်ကျနေပြီဟု ထပ်လောင်းပြောသည်။
ဇူလိုင်နှောင်းပိုင်းမှ စတင်သော ရေကြီးရေလွှမ်းမှုများသည် ရခိုင်၊ ကချင်၊ ကရင်၊ မွန်နှင့် ချင်းတို့အပါအဝင် နိုင်ငံ၏ တိုင်းနှင့် ပြည်နယ် ကိုးခုတွင် ကြုံတွေ့နေရသည်။

ကရင်ပြည်နယ်တွင် ထိုင်းနိုင်ငံနှင့် နယ်စပ် မြို့တစ်မြို့ဆီ သွားသော အရေးပါသည် အဝေးပြေးလမ်းတွင် မြေပြိုမှု ဖြစ်ပြီး ယာယီတံတား ထိုးရန် အချိန်တစ်လ ယူရမည်ဟု စစ်ကောင်စီက ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ဖေဖော်ဝါရီလက အာဏာသိမ်းချိန်မှစကာ အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် လက်နက်ကိုင်တပ်များကြား ပြည်တွင်းစစ် ဖြစ်ပွားလျက် ရှိသည်။
အာဏာသိမ်းချိန်မှစပြီး သတ်ဖြတ်ခံရသူပေါင်း ၃,၈၀၀ ကျော် ရှိသည်ဟု ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့တစ်ရပ်က ပြောသည်။

လူပေါင်း ၁၄၈ ဦး သေဆုံးပြီး အိမ်ခြေများစွာ ပျက်စီးသည့် ဆိုင်ကလုန်းမိုခါမုန်တိုင်းနောက် စစ်ကောင်စီ၏ ကိုင်တွယ်ဖြေရှင်းမှုကို ကုလသမဂ္ဂက အတိအလင်း ဝေဖန်ထားသည်။
👍11😢6🔥2🥰1
​​ဖလမ်းမြို့ တိုက်ပွဲတွင် ကာကွယ်ရေး တပ်ဖွဲ့ဝင်ကျဆုံး၊ စစ်ကောင်စီကြောင့် ၉ နှစ်အရွယ် ကလေးငယ် အပါ ဒေသခံ ၁၀ ဦး ထိခိုက်ဒဏ်ရာရ
====================

ကိုခင်မောင်
(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ခလရ(၂၆၈) တပ်ရင်းကို ယနေ့ဩဂုတ် ၁၂ ရက် နံနက် ၁ နာရီခန့်တွင် CNA နှင့် CDF- KKG တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ CDF KKG မှ ရဲဘော်တစ်ဦးကျဆုံးသွားခဲ့ကြောင်း CNA ရဲဘော်သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုအခြေအနေကို ဆက်လက်ဆုံစမ်းနေဆဲဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီကြာဖြစ်ပွားခဲ့ကြောင်း CNA ရဲဘော်သတင်းရင်းမြစ်က ဆိုသည်။
ထိုတိုက်ပွဲအပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှု နှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကိုး နှစ်အရွယ် ကလေးငယ် အပါ ဒေသခံ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ခလရ (၂၆၈) တပ်ကုန်းမှ ယနေ့ နံနက် ၈နာရီအချိန်ခန့်တွင် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ရာ ဆွန်တလာကျေးရွာအတွင်းသို့ ကျရောက်ခဲ့ပြီး ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုပစ်ခတ်မှုကြောင့် ဆွန်တလာရွာမှ အသက် ၄၀ အရွယ် အမျိုးသမီး Pi Hrang Lian Hluai ခြေထောက်တွင် ဒဏ်ရာရှိထားပြီး အသက် ၁၈ နှစ်အရွယ် Biak Thawng Mang သည် ကျောပြင်ထိ လက်နက်စထိမှန်ကာ အသက် ကိုးနှစ်အရွယ် Ram Tluan Par သည်လည်း ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိထားပြီး ဒဏ်ရာများသည် အခြေအနေ မစိုးရိမ်ရကြောင်း Chin National Defense Force တပ်မဟာ( ၂) က သတင်းထုတ်ပြန်ထားသည်။

“ ဒီမနက်က CNA တွေက ဖလမ်းတပ်ကုန်းကို သွားပစ်တာကြောင့် ဖြစ်မယ်ဗျ။ မနက်က ၁ နာရီခွဲလောက်က မနက်အစောကြီး သူတို့က သွားပစ်ကြတယ်လို့ ပြောတယ်။ ဆိုတော့ ဒီနေ့မနက်မှာ တပ်ကုန်းကနေ ရမ်းသန်းပစ်ခတ်တာကြောင့် ဆွန်တလာရွာ အိမ်တစ်အိမ်နားမှာ လက်နက်ကြီးကျရောက်တော့ မိသားစုဝင်သုံးဦးဒဏ်ရာရသွားတာဗျ။ သူတို့အိမ်နားမှာ လက်နက်ကြီးကျတာဆိုတော့ အိမ်လည်းပျက်စီးတယ်လို့ပြောတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ကျူံးငိုင်းက မဇ္စျိမသို့ပြောသည်။

ဆွန်တလာရွာသည် ဖလမ်းမြို့ရှိ ခလရ ၂၆၈ တပ်ကုန်းအောက်ဘက်တွင်တည်ရှိပြီး ဖလမ်းမြို့မှ လေးမိုင်ခန့် ကွာဝေးသော ကျေးရွာဖြစ်သည်။

ထို့အပြင် ယနေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်ကဖလမ်း-ဟားခါး ကားလမ်းမပေါ်ရှိ ရမ်ထလိုကျေးရွာကို ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ အမျိုးသမီးလေးဦး၊ အမျိုးသား သုံးဦး စုစုပေါင်း ခုနစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ကျူံးငိုင်းထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဖလမ်းမြို့
#CDF- KKG
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢16👍4😁2
​​လူကုန်ကူးခံရမည် စိုး၍ မြန်မာနှင့် ကမ္ဘောဒီးယားကို တရုတ်ဧည့်သည်များ ရှောင်ဖယ်လာ
========================

တရုတ်နိုင်ငံနှင့် ခိုင်မာသော သံတမန်ဆက်ဆံရေး ရှိထားသည့် အရှေ့တောင်အာရှ နှစ်နိုင်ငံဖြစ်သော မြန်မာနှင့် ကမ္ဘောဒီးယားတို့သည် ကပ်ဘေးနောက်ပိုင်း၌ ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်ရေးအတွက် ကြိုးပမ်းမှုအဖြစ် တရုတ်ဧည့်သည်များကို ဦးတည်ချက်ထားသော သီးခြားလုပ်ငန်းစဉ်များကို ဖော်ဆောင်လာကြသည်။ သို့ရာတွင် ရာဇဝတ်မှုနှင့် ဘေးအန္တရာယ်တို့အားဖြင့် နာမည်ကျဆင်းနေခြင်းကြောင့် တရုတ်ဧည့်သည်များ ပြန်လည်ရရှိရေးသည် ခက်ခဲသော လမ်းကြောင်းအဖြစ် ရှိနေနိုင်သည်။

ဩဂုတ် ၄ ရက်က ကမ္ဘောဒီးယား ခရီးသွားဝန်ကြီးဌာနသည် တစ်နိုင်ငံလုံး စီမံချက်တစ်ရပ်ဖြစ်သော “တရုတ်အသင့်” ဆိုသည့် စီမံချက်ကို ဖော်ဆောင်လာသည်။ ဟိုတယ်၊ စားသောက်ဆိုင်၊ ခရီးသွားဧည့်လမ်းညွှန်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်တို့အပါအဝင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းအမျိုးအစား ခုနစ်မျိုးတွင် တရုတ်စကားပြော တိုးတက်ရေးအတွက် ရည်မှန်းသည် စီမံချက်တစ်ရပ် ဖြစ်သည်။ စီမံကိန်း၏ ပန်းတိုင်မှာ “စားသုံးဝယ်ယူသူ ဖောက်သည်များနှင့် ဆက်ဆံရသော အလုပ်သမားများ တရုတ်စကား ပြောတတ်ရန်” နှင့် “တရုတ်ဧည့်သည်များအတွက် ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်ရန်” ဖြစ်ကြောင်း ကမ္ဘောဒီးယား အစိုးရအရ သိရသည်။

ကပ်ဘေးမတိုင်ခင်က ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘောဒီးယားသို့ ရောက်ရှိသည့် ဧည့်သည် ၆ ဒသမ ၆ သန်းကျော်တွင် တရုတ်ဧည့်သည်က ၃၅ ရာခိုင်နှုန်းကျော် ရှိသည်။ ထိုနှစ်၌ လူပေါင်း ၆၀၀,၀၀၀ ကျော် ဝင်ရောက်လုပ်ကိုင်နေသော ကမ္ဘောဒီးယား၏ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၂ ဘီလီယံ ရှိခဲ့ပြီး နိုင်ငံ ဂျီဒီပီ၏ ၁၂ ရာခိုင်နှုန်းခန့် ရှိခဲ့ခြင်း ဖြစ်သည်

၂၀၂၀ တွင်မူ ကမ္ဘောဒီးယားသို့ ဧည့်သည်လာရောက်မှုက ၁ ဒသမ ၃၁ သန်းသာ ရှိပြီး တမန်နှစ်ကထက် ၈၀ ရာခိုင်နှုန်း ကျဆင်းသွားခြင်း ဖြစ်သည်။ ၂၀၂၁ တွင် နိုင်ငံတကာ ဧည့်သည် ဝင်ရောက်မှု ပို၍ ဆိုးဝါးကာ ၁၉၆,၄၀၀ သာလျှင် ရှိခဲ့သည်။

၂၀၂၁ နိုဝင်ဘာတွင် ကမ္ဘောဒီးယား၌ COVID-19 ကာကွယ်ဆေး ထိုးပြီးသူ ဧည့်သည်များအနေဖြင့် ကွာရန်တိုင်း ဝင်ရခြင်း မရှိတော့ဘဲ လာရောက်ခွင့် ခွင့်ပြုလိုက်သည်။ ပြီးခဲ့သည့်နှစ်၌ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော လုပ်ငန်းအများစုသည် ပုံမှန်အခြေသို့ ပြန်ရောက်ပြီး ဧည့်သည် ၂ ဒသမ ၂၇ သန်း ရောက်ရှိရာ ယခင်နှစ်က ဧည့်ဦးရေထက် ၆၆၉ ရာခိုင်နှုန်း ခုန်တက်ကာ အားကောင်းစွာ ဦးမော့ခြင်းပဲ ဖြစ်သည်။

သို့ရာတွင် တရုတ်ဧည့်သည်များအား ဆွဲဆောင်နိုင်မှုမှာမူ ကပ်ဘေးမတိုင်ခင်နှုန်းနားမှာပင် ရှိနေသေးသည်။ ၂၀၂၂ အတွင်း တရုတ်ဧည့်သည် ၁၀၆,၀၀၀ သာလျှင် လာရောက်ခဲ့သည်။ “တရုတ်အသင့်” စီမံချက်နှင့်အကူ ကမ္ဘောဒီးယားအနေဖြင့် နှစ်ကုန်၌ တရုတ်ဧည့်သည် ၈၀၀,၀၀၀ အနည်းဆုံး လာရောက်ရန် မျှော်လင့်ထားသည်။

ကမ္ဘောဒီးယားကဲ့သို့ပင် တရုတ်ဧည့်သည် ဆုံးရှုံးနေသော မြန်မာနိုင်ငံ၌လည်း တရုတ် အရှေ့မြောက်ပိုင်းက လူဦးရေ ၂၃ ဒသမ ၄ သန်းနေထိုင်ရာ ကျိလင်းပြည်နယ်အပေါ် မျှော်လင့်ချက် ထားနေသည်။ ပြီးခဲ့သည့် ဧပြီတွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်ဖွင့်ခဲ့သည့် မြန်မာနိုင်ငံနှင့် ကျိလင်းပြည်နယ် တာဝန်ရှိသူများကြား နားလည်မှု စာချွှန်လွှာတစ်ရပ်ကို လက်မှတ်ထိုးခဲ့ပြီး အပြန်အလှန် ခရီးသွားမြှင့်တင်ရေးကို စိတ်ပိုင်းဖြတ်ခဲ့ကြသည်။

ထိုကဲ့သို့ ကမ္ဘောဒီးယားနှင့် မြန်မာတို့က တရုတ်ဧည့်သည် ရရှိရေး ဖော်ဆောင်နေကြသော်လည်း တရုတ်က အင်တာနက်လိုင်းပေါ်တွင် သံသယများ၊ မကောင်းရှုမြင်ခြင်းများဖြင့် တုံ့ပြန်ကြသည်။ ကျိလင်း-မြန်မာ မိတ်ဖက်ပြုမှုအပေါ်လည်း ဝေဖန်မှုများ ရှိနေသည်။
သံသယဖြင့် ထောက်ပြသူ တော်တော်များများက အဓိက စိုးရိမ်စရာ ရင်းမြစ်အဖြစ် ကမ္ဘောဒီးယားနှင့် မြန်မာတို့သည် လူမှောင်ခိုကူးသူများအတွက် ကွန်းခိုရာအရပ်အဖြစ် နာမည်ကျော်နေခြင်းကို ထောက်ပြကြသည်။ အာရှတလွှားက အလုပ်အကိုင် လိမ်လည်မှုများ လုပ်ဆောင်နေသည်ဟု သိရသော ဒေသရာဇဝတ်ကွန်ရက်များကြောင့် မြန်မာနှင့် ကမ္ဘောဒီးယားတို့သည် မကြာသေးသော နှစ်များအတွင်း သတင်းခေါင်းကြီးဖြစ်လာခဲ့သည်။ ပြည်ပတွင် အလုပ်အကိုင် ရရှိမည်ဟု ကြော်ငြာမက်လုံးပေး ဆွဲဆောင်ပြီး လိမ်လည်မှုဂိုဏ်းများက လူမှောင်ခိုကူးခြင်းများ လုပ်ဆောင်ကြသည်။ တရုတ်မှ လူငယ်ထောင်ပေါင်းများစွာသည် ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနိုင်ငံများသို့ မှောင်ခိုကူးခံရပြီး အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအတွင်း အတင်းအကျပ် စေခိုင်းခံရသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

ကမ္ဘောဒီးယား ရဲများက ကယ်ဆယ်ရေးနှင့် မှောင်ခိုကူးခံရသူများအတွက် အရေးပေါ်ဖုန်းလိုင်း ထားရှိခြင်းများဖြင့် ဥပဒေသက်ဝင်အောင် လုပ်ဆောင်လာသော်လည်း လူမှောင်ခိုကူးသည့် ကပ်ဘေးသမျှ ပြဿနာက မကြာမတင် လျော့နည်းသွားရန် မရှိပေ။
👍9😁6👏1
ဖလမ်းမြို့ တိုက်ပွဲတွင် ကာကွယ်ရေး တပ်ဖွဲ့ဝင်ကျဆုံး၊ စစ်ကောင်စီကြောင့် ၉ နှစ်အရွယ် ကလေးငယ် အပါ ဒေသခံ ၁၀ ဦး ထိခိုက်ဒဏ်ရာရ
😁7🤬4👍2👏2🔥1