Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖလမ်းမြို့ တိုက်ပွဲတွင် ကာကွယ်ရေး တပ်ဖွဲ့ဝင်ကျဆုံး၊ စစ်ကောင်စီကြောင့် ၉ နှစ်အရွယ် ကလေးငယ် အပါ ဒေသခံ ၁၀ ဦး ထိခိုက်ဒဏ်ရာရ
=======================


ကိုခင်မောင်
(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ခလရ(၂၆၈) တပ်ရင်းကို ယနေ့ဩဂုတ် ၁၂ ရက် နံနက် ၁ နာရီခန့်တွင် CNA နှင့် CDF- KKG တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ CDF KKG မှ ရဲဘော်တစ်ဦးကျဆုံးသွားခဲ့ကြောင်း CNA ရဲဘော်သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုအခြေအနေကို ဆက်လက်ဆုံစမ်းနေဆဲဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီကြာဖြစ်ပွားခဲ့ကြောင်း CNA ရဲဘော်သတင်းရင်းမြစ်က ဆိုသည်။
ထိုတိုက်ပွဲအပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှု နှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကိုး နှစ်အရွယ် ကလေးငယ် အပါ ဒေသခံ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ခလရ (၂၆၈) တပ်ကုန်းမှ ယနေ့ နံနက် ၈နာရီအချိန်ခန့်တွင် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ရာ ဆွန်တလာကျေးရွာအတွင်းသို့ ကျရောက်ခဲ့ပြီး ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုပစ်ခတ်မှုကြောင့် ဆွန်တလာရွာမှ အသက် ၄၀ အရွယ် အမျိုးသမီး Pi Hrang Lian Hluai ခြေထောက်တွင် ဒဏ်ရာရှိထားပြီး အသက် ၁၈ နှစ်အရွယ် Biak Thawng Mang သည် ကျောပြင်ထိ လက်နက်စထိမှန်ကာ အသက် ကိုးနှစ်အရွယ် Ram Tluan Par သည်လည်း ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိထားပြီး ဒဏ်ရာများသည် အခြေအနေ မစိုးရိမ်ရကြောင်း Chin National Defense Force တပ်မဟာ( ၂) က သတင်းထုတ်ပြန်ထားသည်။

“ ဒီမနက်က CNA တွေက ဖလမ်းတပ်ကုန်းကို သွားပစ်တာကြောင့် ဖြစ်မယ်ဗျ။ မနက်က ၁ နာရီခွဲလောက်က မနက်အစောကြီး သူတို့က သွားပစ်ကြတယ်လို့ ပြောတယ်။ ဆိုတော့ ဒီနေ့မနက်မှာ တပ်ကုန်းကနေ ရမ်းသန်းပစ်ခတ်တာကြောင့် ဆွန်တလာရွာ အိမ်တစ်အိမ်နားမှာ လက်နက်ကြီးကျရောက်တော့ မိသားစုဝင်သုံးဦးဒဏ်ရာရသွားတာဗျ။ သူတို့အိမ်နားမှာ လက်နက်ကြီးကျတာဆိုတော့ အိမ်လည်းပျက်စီးတယ်လို့ပြောတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ကျူံးငိုင်းက မဇ္စျိမသို့ပြောသည်။

ဆွန်တလာရွာသည် ဖလမ်းမြို့ရှိ ခလရ ၂၆၈ တပ်ကုန်းအောက်ဘက်တွင်တည်ရှိပြီး ဖလမ်းမြို့မှ လေးမိုင်ခန့် ကွာဝေးသော ကျေးရွာဖြစ်သည်။

ထို့အပြင် ယနေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်ကဖလမ်း-ဟားခါး ကားလမ်းမပေါ်ရှိ ရမ်ထလိုကျေးရွာကို ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ အမျိုးသမီးလေးဦး၊ အမျိုးသား သုံးဦး စုစုပေါင်း ခုနစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ကျူံးငိုင်းထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဖလမ်းမြို့
#CDF- KKG
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁4😢4👍2🔥1
Media is too big
VIEW IN TELEGRAM
ဝက်သားပြားမုန့်တီသုပ် | Chef Eve's Easy Thai Cooking Show | Ep - 25

Watch more detail- https://youtu.be/Id9dUR0TtZ4

#reels #shorts #ဝက်သား #မုန့်တီသုပ် #ChefEve’s
👍4🍌3
​​ငြိမ်းချမ်းရေး အခြေအနေကို သုံးသပ်ရန် မြန်မာနိုင်ငံသို့ အာဆီယံကော်မတီတစ်ရပ် လာရောက်ရန် ရှိ
====================

ငြိမ်းချမ်းရေး အခြေအနေအား သုံးသပ်ရန်အတွက် မြန်မာနိုင်ငံဆီ အာဆီယံ လွှတ်တော်ရေးရာ မူဝါဒကော်မတီ( AIPA )က လာရောက်ရန် စီစဉ်လျက် ရှိသည်ဟု အင်ဒိုနီးရှားလွှတ်တော်၏ လွှတ်တော်ရေးရာ ပူးပေါင်းဆောင်ရွက်ရေးဌာန (BKSAP) ၏ ဥက္ကဋ္ဌ ဖာဒီဇွန်က ပြောသည်။

“မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ ပကတိမြင်ရဖို့အတွက် နောက်ပိုင်းမှာ ကျွန်တော်တို့ သွားရောက်ဖြစ်ဖို့ ရှိပါတယ်၊ လွှတ်တော်ရေးရာက အထူးသံတမန်အဆင့်မျိုးနဲ့ သွားရောက်မှာပါ”ဟု သောကြာနေ့က ထုတ်ပြန်ချက်၌ ၎င်းက ဆိုသည်။

ဂျကာတာတွင် ကျင်းပခဲ့သော AIPA ၏ အစည်းအဝေးတွင် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေး အပါအဝင် မြန်မာနိုင်ငံက ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုများကို စောင့်ကြည့်မည့် အဖွဲ့တစ်ရပ် ဖွဲ့စည်းရေးကို သဘောတူခဲ့သည်ဟု ဇွန်က မှတ်ချက်ပြုသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံ အထူးသံတမန်များ စေလွှတ်ခြင်းသည် ရုရှ-ယူကရိန်း ပဋိပက္ခ၌ နှစ်နိုင်ငံစလုံးက ပြည်သူများအပေါ် သက်ရောက်သည့် အခြေအနေများအား စောင့်ကြည့်သည့် လွှတ်တော်ရေးရာ သမဂ္ဂ (IPU) က လုပ်ငန်းစဉ်အဖွဲ့ စေလွှတ်ခြင်းနှင့် အလားသဏ္ဍာန်တူကြောင်း ၎င်းက ရှင်းပြသည်။

သို့ရာတွင် မြန်မာနိုင်ငံဆီ AIPA မှ အထူးသံတမန်များ စေလွှတ်ခြင်းကို AIPA အဖွဲ့ဝင်များကြား ဆွေးနွေးဆဲ ဖြစ်သဖြင့် တရားဝင် ဆုံးဖြတ်ချက် မချရသေးကြောင်း ၎င်းက မှတ်ချက်ပြုထားသည်။

မြန်မာနိုင်ငံတွင်းက ပြန်လည်ရင်ကြားစေ့ရေးအတွက် ကျယ်ပြန့်သော စေ့စပ်ဆွေးနွေးမှုများကို ထောက်ခံအားပေးရန် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေခြင်းကြောင့် အထူးသံတမန်များ စေလွှတ်ရေးကို AIPA အနေဖြင့် သဘောတူလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။

အထူးသံတမန်များ စေလွှတ်ခြင်းအားဖြင့် နိုင်ငံ၏ ပကတိ ပဋိပက္ခမှ သက်ရောက်မှုများကို မြင်သိနိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံတွင်းက ပဋိပက္ခအား ဖြေရှင်းရေး၌ နောက်ထပ် ပါဝင်မှုအဖြစ် AIPA အနေဖြင့် ရှုမြင်နိုင်ဖြစ်သည်ဟုလည်း BKSAP ဥက္ကဋ္ဌက ဆိုသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဆောင်ကြဉ်းရေးအတွက် စောင့်ကြည့်ရေးအဖွဲ့တစ်ရပ် ဖွဲ့စည်းခြင်းအပြင် AIPA သည် အင်ဒိုနီးရှားက အဆိုပြုသည့် အချက်နှစ်ချက်အပါအဝင် ဆုံးဖြတ်ချက်မူကြမ်း ခြောက်ရပ်ကို ချမှတ်ထားသည်။

ပထမ ဆုံးဖြတ်ချက်မှာ “ဆွေးနွေးပွဲများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများမှတစ်ဆင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အား ထိန်းသိမ်းရန်နှင့် ဒုတိယ ဆုံးဖြတ်ချက်မှာ “မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး တည်တံ့ရေးအတွက် လွှတ်တော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး” ပဲ ဖြစ်သည်။

၄၄ ကြိမ်မြောက် AIPA အထွေထွေ ညီလာခံအား ဂျကာတာတွင် ဩဂုတ် ၇ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)
👏9👍5😁1🍌1
​​Sardar Udham
==============

ဗြိတိသျှနယ်ချဲ့လက်အောက်မှာ အိန္ဒိယနိုင်ငံသားတွေ ဖိနှိပ်ချုပ်ခြယ်ခံနေရတဲ့ ၁၉၁၉ ခုနှစ်မှာ ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ လူအစုလိုက်အပြုံလိုက် အသတ်ခံရမှုဖြစ်ခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ်၊ အမ်ရစ်ဆာမြို့မှာဖြစ်ခဲ့တဲ့ ဂျယ်လီယန်ဝါလာဘတ်က ဒီဖြစ်ရပ်ဆိုးမှာ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြနေတဲ့ပရိသတ်ထဲကို ဗြိတိသျှတွေက ပစ်ခတ်လို့ လူ ၄၀၀ နီးပါး သေဆုံးခဲ့ပြီး လူထောင်ချီ ဒဏ်ရာရခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ သတိလုံးဝမပေးဘဲ လူထုကို ပစ်ခတ်ဖို့အမိန့်ပေးခဲ့သူက ဗိုလ်ချုပ်ဒိုင်ယာဖြစ်ပြီး ဒီလိုလုပ်ဖို့ သူ့ကိုညွှန်ကြားခဲ့သူက ပန်ဂျပ်ပြည်နယ် လက်ထောက်ဘုရင်ခံ အိုဒေါ်ယာပါ။

ဒီအဖြစ်ဆိုးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ လူငယ်လေး အူဒမ်ဆင်းဟာ ဒီကိစ္စမှာ တာဝန်အရှိဆုံးဖြစ်တဲ့ အိုဒေါ်ယာကိုလုပ်ကြံသတ်ဖြတ်ခြင်းနဲ့ လက်စားချေဖို့ အင်္ဂလန်အထိ လိုက်သွားပါတော့တယ်။

အိုဒေါ်ယာကိုလုပ်ကြံဖို့အတွက် အူဒမ်ဆင်း နှစ်တွေဘယ်လောက်ကြာအောင် စောင့်ခဲ့ရသလဲ၊ ဘယ်လိုအခက်အခဲတွေ တွေ့ခဲ့ရလဲ၊ ဗြိတိသျှ ထောက်လှမ်းရေးတွေ မရိပ်မိအောင် ရှောင်ရှားရင်း ဒီလုပ်ကြံမှုကို ဘယ်လိုစီစဉ်ခဲ့လဲ စတာတွေကို စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှုရမှာပါ။

၁၉၁၉ ခုနှစ် ပန်ဂျပ်ပြည်နယ်မှာ အမှန်တကယ် ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားက သဲထိတ်ရင်ဖို ရသကိုရော၊ ဒရမ်မာ ရသကိုပါ ပေးစွမ်းနိုင်မှာဖြစ်လို့ ကြည့်ရှုရကျိုးနပ်မယ့် ဇာတ်လမ်းကောင်းတစ်ခုပါ။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ 12.8.2023
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ 13.8.2023
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👏9👍4🤯3
ယင်းမာပင်မြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ (ပုံသတင်း)
====================

ကိုခင်မောင်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယမန်နေ့ သြဂုတ်လ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြသည်။

သပိတ်စစ်ကြောင်းသည် ဒေသတွင်းနယ်မြေမငြိမ်သက်မှုကြားမှ “သွေးမအေးတဲ့ ရွှေနွယ်သွေး”စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး (၇၅၉) ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ခြင်း ဖြစ်သည်။

#သပိတ်
#စစ်အာဏာရှင်
#Mizzima

http://www.mizzimaburmese.com/article/131985

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤2🔥2😁1
"ပြည်သူတွေ ဝန်ထုတ်ဝန်ပိုး မဖြစ်စေဖို့ စိုက်ပျိုးရေးတပ်စု ဖွဲ့လိုက်တာပါ"
====================

KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်မှာ စစ်ရေးလူပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ကျားသစ်နက်တပ်မတော်ကနေ စိုက်ပျိုးရေးတပ်စု တစ်စုဖွဲ့ပြီး ကိုယ်တိုင် စိုက်ပျိုးမှုတွေလုပ်ဆောင်နေပါတယ်။

ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာ ကျည်ဖိုး ယမ်းဖိုးလှူဒါန်းနေရပြီး စားနပ်ရိက္ခာအတွက် ထပ်မံငွေကြေးကုန်ကျမှုတွေ မဖြစ်စေဖို့ ဝန်ထုတ်ဝန်ပိုးလျှော့ချတဲ့ အနေနဲ့ စိုက်ပျိုးခြင်းဖြစ်တယ်လို့ ကျားသစ်နက်တပ်မတော် တာဝန်ခံကပြောပါတယ်။

စိုက်ပျိုးရေးတပ်စု မှာပါဝင်တဲ့ အမျိုးသမီး တပ်ဖွဲ့ဝင်တစ်ဦး ကလည်း စားနပ်ရိက္ခာဖူလုံဖို့ အတွက် စပါး၊နှမ်း၊ခဝဲသီး၊ပဲ နဲ့ ကန်စွန်းခင်းစတဲ့ သီးနှံမျိုးစုံ စိုက်ဧကတွေ စိုက်ပျိုးနေတယ်လို့ ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

https://youtu.be/E-dGhV5W-70

#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤10👍7😁2
​​စစ်ကောင်စီ​သည် လက်ရှိစစ်ရေးတွင် ခံစစ်ဘက် ရောက်ရှိဟု KNLA သုံးသပ်
======================

YT
(မဇ္ဈိမ)။ ။ စစ်ရေးအနေအထားအရ ကြည့်မည်ဆိုပါက စစ်ကောင်စီတပ်​၏ လက်ရှိစစ်ရေးအခြေအနေသည် ထိုးစစ်ဆင်နိုင်ခြင်းမရှိဘဲ ခံစစ်ကိုသာ ပြုလုပ်နေရကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် "First 100 Days: KNU In New Era" သတင်းစာရှင်းလင်းပွဲ၌ စစ်ရေးအခြေအနေများ ရှင်းလင်းတင်ပြချက်တွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

" စစ်ကောင်စီရဲ့ လက်ရှိအနေအထားက သေနင်္ဂဗျူဟာအရဆို ခံစစ်အနေအထားကို ရောက်နေပြီလို့ပြောလို့ရပါတယ်။ နည်းဗျူဟာအရရော၊ နည်းပရိယာယ်အရရော ထိုးစစ်ကိုမလုပ်နိုင်ဘဲနဲ့ အဲ့ဒီအစား လေယာဉ်နဲ့လက်နက်ကြီးကို အစားထိုးအသုံးပြုနေရပါတယ်။ အဲ့ဒီလိုပစ်ခတ်တာမှာလည်း ပြည်သူလူထုကို အဓိကပစ်မှတ်ထားတာ တွေ့ရပါတယ်" ဟု ဗိုလ်မှူးချုပ် စောတာမလာသောက ပြောသည်။
လက်ရှိအနေအထားအရ စစ်ကောင်စီသည် ထိုးစစ်မပြုလုပ်နိုင်သည့်အပြင် ၎င်းတို့​၏ ခြေကုတ်တပ်စခန်းများကိုသာ ကာကွယ်နေရကြောင်း၊ နယ်မြေရှင်းလင်းရေးကိုလည်း အင်အားအနည်းငယ်ဖြင့်သာ ပြုလုပ်နေရပြီး တပ်လဲလှယ်ရေးများလည်း မလုပ်နိုင်တော့ဘဲ တပ်တွင်းထောက်ပို့ရေးကိုပင် လေကြောင်းမှပြုလုပ်နေရကြောင်း သိရသည်။

" နောက်တစ်ခုက မြို့နဲ့မဝေးတဲ့နေရာမှာ လုံခြုံရေးအရ ခြိမ်းခြောက်ခံနေရတဲ့အတွက်ကြောင့် မြို့အဝင်လမ်းမှာ ဆိုင်ကယ်တို့ကားတို့ မသွားနိုင်အောင် လမ်းကို ဘက်ဟိုးနဲ့ ဖြတ်တောက်ထားတာ တွေ့ရပါတယ်" ဟု ဗိုလ်မှူးချုပ် စောတာမလာသောက ဆက်လက်ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကို အများအပြား ပြုလုပ်လာပြီး ထိုသို့ပစ်ခတ်ရာတွင်လည်း အဓိကအားဖြင့် ပြည်သူကို ပစ်မှတ်ထားလေ့ရှိပြီး ထိုသို့ပစ်ခတ်ခံရမှုကြောင့် KNU နယ်မြေများတွင် စစ်ဘေးရှောင်ဦးရေ ၆၀၀,၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ စစ်ကောင်စီတပ်တွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် စစ်သားများအား တိုင်းရင်းသားပြည်သူလူထုနှင့်အတူ ရပ်တည်၍ ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် KNLA က ဖိတ်ခေါ်ကြောင်း ပြောဆိုခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ​၏ စစ်ရေးအခြေအနေအပြင် KNU၊ KNLA ​၏ နယ်မြေများသည် စစ်ရေးအရ အရေးပါသော နယ်မြေများဖြစ်ကြောင်းနှင့် ၎င်းတို့​၏ထိန်းချုပ်နိုင်ပုံများကိုလည်း ဗိုလ်မှူးချုပ် စောတာမလာသောက ဆက်လက်တင်ပြခဲ့သည်။

" လက်ရှိစစ်ရေးအခြေအနေကတော့ KNU ရဲ့ နယ်မြေဒေသမြောက်ဘက်မှာဆိုရင် စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို စစ်ရေးဆင်နိုင်သလို တောင်ဘက်မှာဆိုလည်း ရေး၊ ထားဝယ်ကားလမ်းဘက်မှာလည်း စစ်ဆင်ရေးတွေ လုပ်နိုင်ပါတယ်။ အဲ့ဒီလိုပဲ တပ်မဟာ ၁ သထုံ၊ ဘီးလင်း၊ ကျိူက်ထို ကားလမ်းမကြီးမှာလည်း စစ်ဆင်ရေးလုပ်နိုင်ပါတယ်။ KNLA က နယ်မြေ ပိုမိုထိန်းချုပ်လာနိုင်တယ်" ဟု ပြောသည်။

ထို့အပြင် တော်လှန်ရေးအဆုံးသတ်ကောင်းရေးအတွက် တော်လှန်ရေးပြီးပါက လက်နက်ပြန့်ကြဲမှု၊ တပ်ဖွဲ့များ ပြန်ကြဲနေမှု အခြေအနေများအား ထိန်းချုပ်ရန်လိုအပ်ကြောင်း တင်ပြခဲ့သည်။
KNU အုပ်ချုပ်နယ်မြေများတွင် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် စစ်ကောင်စီတပ်​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် KNU နယ်မြေများတွင် စစ်ဘေးရှောင်ဦးရေ ၆၀၀,၀၀၀ ကျော်ရှိပြီး ဒေသခံသေဆုံးထိခိုက်ဒဏ်ရာရမှုများအပြင် ဘာသာရေးအဆောက်အအုံ၊ နေအိမ် ပျက်စီးမှုများလည်း အများအပြားရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#KNLA
#စစ်ရေးအခြေအနေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15👏4😁2
Mizzima Weekly Sports အစီအစဉ်
=================

တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။

-------------

ဒီတပတ်မှာတော့ .....

- ဆော်ဒီလိဂ် စပြီ။

- မန်ချက်စတာစီးတီး - ဖလားသုံးလုံး အောင်မြင်မှုကို ထပ်ခါတလဲလဲလုပ်ဖို့ 'မဖြစ်နိုင်ဘူး'လို့ ပက်ဂွာဒီယိုလာ ပြော

- ဥရောပပွဲမစခင် ရိုမေးနီးယားနိုင်ငံသား ၇ ဦးကို လက်နက်လက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးခဲ့

- တော့တင်ဟမ်နဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်း ဘိုင်ယန်မြူးနစ်မှာ ဆေးစစ်မှုခံယူဖို့ ရှိနေ စတဲ့အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/o9WJjGx1dMA

#weeklysports
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁2
People on a boat make their way through floodwater in Bago, Myanmar, 11 August 2023. Thousands of people have been affected in Myanmar as heavy rains continue to cause flooding in Kayin, Rakhine, Mon and Bago areas. EPA-EFE/NYEIN CHAN NAING
🔥3