Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ယင်းမာပင်မြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ (ပုံသတင်း)
====================

ကိုခင်မောင်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယမန်နေ့ သြဂုတ်လ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြသည်။

သပိတ်စစ်ကြောင်းသည် ဒေသတွင်းနယ်မြေမငြိမ်သက်မှုကြားမှ “သွေးမအေးတဲ့ ရွှေနွယ်သွေး”စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး (၇၅၉) ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ခြင်း ဖြစ်သည်။

#သပိတ်
#စစ်အာဏာရှင်
#Mizzima

http://www.mizzimaburmese.com/article/131985

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤2🔥2😁1
"ပြည်သူတွေ ဝန်ထုတ်ဝန်ပိုး မဖြစ်စေဖို့ စိုက်ပျိုးရေးတပ်စု ဖွဲ့လိုက်တာပါ"
====================

KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်မှာ စစ်ရေးလူပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ကျားသစ်နက်တပ်မတော်ကနေ စိုက်ပျိုးရေးတပ်စု တစ်စုဖွဲ့ပြီး ကိုယ်တိုင် စိုက်ပျိုးမှုတွေလုပ်ဆောင်နေပါတယ်။

ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာ ကျည်ဖိုး ယမ်းဖိုးလှူဒါန်းနေရပြီး စားနပ်ရိက္ခာအတွက် ထပ်မံငွေကြေးကုန်ကျမှုတွေ မဖြစ်စေဖို့ ဝန်ထုတ်ဝန်ပိုးလျှော့ချတဲ့ အနေနဲ့ စိုက်ပျိုးခြင်းဖြစ်တယ်လို့ ကျားသစ်နက်တပ်မတော် တာဝန်ခံကပြောပါတယ်။

စိုက်ပျိုးရေးတပ်စု မှာပါဝင်တဲ့ အမျိုးသမီး တပ်ဖွဲ့ဝင်တစ်ဦး ကလည်း စားနပ်ရိက္ခာဖူလုံဖို့ အတွက် စပါး၊နှမ်း၊ခဝဲသီး၊ပဲ နဲ့ ကန်စွန်းခင်းစတဲ့ သီးနှံမျိုးစုံ စိုက်ဧကတွေ စိုက်ပျိုးနေတယ်လို့ ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

https://youtu.be/E-dGhV5W-70

#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤10👍7😁2
​​စစ်ကောင်စီ​သည် လက်ရှိစစ်ရေးတွင် ခံစစ်ဘက် ရောက်ရှိဟု KNLA သုံးသပ်
======================

YT
(မဇ္ဈိမ)။ ။ စစ်ရေးအနေအထားအရ ကြည့်မည်ဆိုပါက စစ်ကောင်စီတပ်​၏ လက်ရှိစစ်ရေးအခြေအနေသည် ထိုးစစ်ဆင်နိုင်ခြင်းမရှိဘဲ ခံစစ်ကိုသာ ပြုလုပ်နေရကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် "First 100 Days: KNU In New Era" သတင်းစာရှင်းလင်းပွဲ၌ စစ်ရေးအခြေအနေများ ရှင်းလင်းတင်ပြချက်တွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

" စစ်ကောင်စီရဲ့ လက်ရှိအနေအထားက သေနင်္ဂဗျူဟာအရဆို ခံစစ်အနေအထားကို ရောက်နေပြီလို့ပြောလို့ရပါတယ်။ နည်းဗျူဟာအရရော၊ နည်းပရိယာယ်အရရော ထိုးစစ်ကိုမလုပ်နိုင်ဘဲနဲ့ အဲ့ဒီအစား လေယာဉ်နဲ့လက်နက်ကြီးကို အစားထိုးအသုံးပြုနေရပါတယ်။ အဲ့ဒီလိုပစ်ခတ်တာမှာလည်း ပြည်သူလူထုကို အဓိကပစ်မှတ်ထားတာ တွေ့ရပါတယ်" ဟု ဗိုလ်မှူးချုပ် စောတာမလာသောက ပြောသည်။
လက်ရှိအနေအထားအရ စစ်ကောင်စီသည် ထိုးစစ်မပြုလုပ်နိုင်သည့်အပြင် ၎င်းတို့​၏ ခြေကုတ်တပ်စခန်းများကိုသာ ကာကွယ်နေရကြောင်း၊ နယ်မြေရှင်းလင်းရေးကိုလည်း အင်အားအနည်းငယ်ဖြင့်သာ ပြုလုပ်နေရပြီး တပ်လဲလှယ်ရေးများလည်း မလုပ်နိုင်တော့ဘဲ တပ်တွင်းထောက်ပို့ရေးကိုပင် လေကြောင်းမှပြုလုပ်နေရကြောင်း သိရသည်။

" နောက်တစ်ခုက မြို့နဲ့မဝေးတဲ့နေရာမှာ လုံခြုံရေးအရ ခြိမ်းခြောက်ခံနေရတဲ့အတွက်ကြောင့် မြို့အဝင်လမ်းမှာ ဆိုင်ကယ်တို့ကားတို့ မသွားနိုင်အောင် လမ်းကို ဘက်ဟိုးနဲ့ ဖြတ်တောက်ထားတာ တွေ့ရပါတယ်" ဟု ဗိုလ်မှူးချုပ် စောတာမလာသောက ဆက်လက်ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကို အများအပြား ပြုလုပ်လာပြီး ထိုသို့ပစ်ခတ်ရာတွင်လည်း အဓိကအားဖြင့် ပြည်သူကို ပစ်မှတ်ထားလေ့ရှိပြီး ထိုသို့ပစ်ခတ်ခံရမှုကြောင့် KNU နယ်မြေများတွင် စစ်ဘေးရှောင်ဦးရေ ၆၀၀,၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ စစ်ကောင်စီတပ်တွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် စစ်သားများအား တိုင်းရင်းသားပြည်သူလူထုနှင့်အတူ ရပ်တည်၍ ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် KNLA က ဖိတ်ခေါ်ကြောင်း ပြောဆိုခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ​၏ စစ်ရေးအခြေအနေအပြင် KNU၊ KNLA ​၏ နယ်မြေများသည် စစ်ရေးအရ အရေးပါသော နယ်မြေများဖြစ်ကြောင်းနှင့် ၎င်းတို့​၏ထိန်းချုပ်နိုင်ပုံများကိုလည်း ဗိုလ်မှူးချုပ် စောတာမလာသောက ဆက်လက်တင်ပြခဲ့သည်။

" လက်ရှိစစ်ရေးအခြေအနေကတော့ KNU ရဲ့ နယ်မြေဒေသမြောက်ဘက်မှာဆိုရင် စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို စစ်ရေးဆင်နိုင်သလို တောင်ဘက်မှာဆိုလည်း ရေး၊ ထားဝယ်ကားလမ်းဘက်မှာလည်း စစ်ဆင်ရေးတွေ လုပ်နိုင်ပါတယ်။ အဲ့ဒီလိုပဲ တပ်မဟာ ၁ သထုံ၊ ဘီးလင်း၊ ကျိူက်ထို ကားလမ်းမကြီးမှာလည်း စစ်ဆင်ရေးလုပ်နိုင်ပါတယ်။ KNLA က နယ်မြေ ပိုမိုထိန်းချုပ်လာနိုင်တယ်" ဟု ပြောသည်။

ထို့အပြင် တော်လှန်ရေးအဆုံးသတ်ကောင်းရေးအတွက် တော်လှန်ရေးပြီးပါက လက်နက်ပြန့်ကြဲမှု၊ တပ်ဖွဲ့များ ပြန်ကြဲနေမှု အခြေအနေများအား ထိန်းချုပ်ရန်လိုအပ်ကြောင်း တင်ပြခဲ့သည်။
KNU အုပ်ချုပ်နယ်မြေများတွင် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် စစ်ကောင်စီတပ်​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် KNU နယ်မြေများတွင် စစ်ဘေးရှောင်ဦးရေ ၆၀၀,၀၀၀ ကျော်ရှိပြီး ဒေသခံသေဆုံးထိခိုက်ဒဏ်ရာရမှုများအပြင် ဘာသာရေးအဆောက်အအုံ၊ နေအိမ် ပျက်စီးမှုများလည်း အများအပြားရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#KNLA
#စစ်ရေးအခြေအနေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15👏4😁2
Mizzima Weekly Sports အစီအစဉ်
=================

တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။

-------------

ဒီတပတ်မှာတော့ .....

- ဆော်ဒီလိဂ် စပြီ။

- မန်ချက်စတာစီးတီး - ဖလားသုံးလုံး အောင်မြင်မှုကို ထပ်ခါတလဲလဲလုပ်ဖို့ 'မဖြစ်နိုင်ဘူး'လို့ ပက်ဂွာဒီယိုလာ ပြော

- ဥရောပပွဲမစခင် ရိုမေးနီးယားနိုင်ငံသား ၇ ဦးကို လက်နက်လက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးခဲ့

- တော့တင်ဟမ်နဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်း ဘိုင်ယန်မြူးနစ်မှာ ဆေးစစ်မှုခံယူဖို့ ရှိနေ စတဲ့အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/o9WJjGx1dMA

#weeklysports
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁2
People on a boat make their way through floodwater in Bago, Myanmar, 11 August 2023. Thousands of people have been affected in Myanmar as heavy rains continue to cause flooding in Kayin, Rakhine, Mon and Bago areas. EPA-EFE/NYEIN CHAN NAING
🔥3
Residents wade through a flooded street following monsoon rains in Bago township, Bago region, on August 11, 2023. Floods and landslides caused by monsoon rains have killed five people and forced the evacuation of around 40,000 others in Myanmar, officials said on August 11. (Photo by Sai Aung Main / AFP)

Hauses are seen partially submerged in a flooded area following monsoon rains in Bago township, Bago region, on August 11, 2023. Floods and landslides caused by monsoon rains have killed five people and forced the evacuation of around 40,000 others in Myanmar, officials said on August 11. (Photo by Sai Aung Main / AFP)

A man sits on the his wooden boat on a flooded street in Bilin township, in Myanmar's Mon state, on August 11, 2023. Floods and landslides caused by monsoon rains have killed five people and forced the evacuation of around 40,000 others in Myanmar, officials said on August 11, 2023. (Photo by SAI Aung MAIN / AFP)
👍5🔥2
​​တလိုင်းကံဦးဘုန်းကြီးကျောင်းကို တိုက်လေယာဉ်ဖြင့်ပစ်ခတ်မှု သံဃာ ၁ ပါး အပါအဝင် ၄ ဦးသေဆုံး
=====================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မြောက်ခြမ်း ၊ တလိုင်းကျေးရွာရှိ တလိုင်းကံဦး ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်ဖြင့်လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် သံဃာတော် တပါး ၊ ရှစ်လသား အရွယ်ကလေး တဦးနှင့် အမျိုးသမီး နှစ်ဦးတို့ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၁ ရက် နံနက်အစောပိုင်းအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း Sagaing District Medical Team မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လက်ရှိမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဆဲဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ခြေလျင်စစ် ကြောင်းဖြင့်ပါ ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူအချို့ကို ဖမ်းဆီးခဲ့ရာ ရွာသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

“မြေပြင်စစ်ကြောင်းက ဖမ်းသွားတာ‌ကြောင့် နောက်ထပ် တလိုင်းရွာသားတစ်ဦး သေဆုံးပါတယ်။ နောက်ထပ် ဆယ်ယောက်ကျော်ဖမ်းပြီး ၀က်လက်မြို့နယ်ဘက်ကို ထွက်သွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တလိုင်းကျေးရွာ မှ ဒေသခံများကို ဖမ်းဆီးသွားသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေကြောင်း Wetlet Information Network က ဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#စစ်ကိုင်းမြို့နယ်
#ဘုန်းကြီးကျောင်း
#လေကြောင်းတိုက်ခိုက်

ဓါတ်ပုံ-Wetlet Information Network

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢6👍4❤1😁1🤬1